သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “သုံးပါးတစ်ဆူ တည်ရှိပါသလော” | ကောက်နုတ်ချက် ၂၉၉ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “သုံးပါးတစ်ဆူ တည်ရှိပါသလော” | ကောက်နုတ်ချက် ၂၉၉ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကို ရှာဖွေသင့်သည်” | ကောက်နုတ်ချက် ၂၉၅ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကို ရှာဖွေသင့်သည်” | ကောက်နုတ်ချက် ၂၉၅ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “မိမိ၏ အယူအဆများထဲတွင် ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားမှာ ဘုရားသခင်၏ ဗျာဒိတ်တော်များကို အဘယ်သို့ လက်ခံရရှိနိုင်မည်နည်း” | ကောက်နုတ်ချက် ၂၈၅ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “မိမိ၏ အယူအဆများထဲတွင် ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားမှာ ဘုရားသခင်၏ ဗျာဒိတ်တော်များကို အဘယ်သို့ လက်ခံရရှိနိုင်မည်နည်း” | ကောက်နုတ်ချက် ၂၈၅ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “သုံးပါးတစ်ဆူ တည်ရှိပါသလော” | ကောက်နုတ်ချက် ၂၉၆ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “သုံးပါးတစ်ဆူ တည်ရှိပါသလော” | ကောက်နုတ်ချက် ၂၉၆ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်” | ကောက်နုတ်ချက် ၂၈၆ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်” | ကောက်နုတ်ချက် ၂၈၆

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “သုံးပါးတစ်ဆူ တည်ရှိပါသလော” | ကောက်နုတ်ချက် ၂၉၆

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ   86  

မိတ်ဆက်ခြင်း

ယေရှု၏ လူ့ဇာတိခံယူသော သမ္မာတရားသည် ဖြစ်တည်လာပြီးနောက်ပိုင်းတွင်မှ လူသည် ဤသို့နားလည် လာသည်မှာ ကောင်းကင်ဘုံ၌ ခမည်းတော် တစ်ပါးတည်းသာ ရှိသည်မဟုတ်၊ သူ၏ သားတော်လည်း ရှိပြီး၊ ဝိညာဉ်တော်ပါ ရှိသေးသည် ဟူ၍ဖြစ်သည်။ ကောင်းကင်ဘုံ၌ ဤသို့သော ဘုရားသခင် တစ်ပါး (သုံးပါးတစ်ဆူဖြစ်သည့် ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်) ရှိသည်ဆိုသည်မှာ လူကိုင်စွဲထားသော သမားရိုးကျ အယူအဆပင်ဖြစ်သည်။ လူသားမျိုးနွယ် အားလုံးတွင် ဤအယူအဆရှိသည် (ဘုရားသခင်သည် တစ်ဆူတည်း ဖြစ်သော်လည်း အပိုင်းသုံးပိုင်းနှင့် ဖွဲ့စည်းထားသည်၊ သမားရိုးကျ အယူအဆများတွင် အလွန်အမင်းခိုင်မာစွာ အမြစ်တွယ်နေသော အရာမှာ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်) ဟူ၍ပင် ဖြစ်သည်။ ထိုအပိုင်း သုံးပိုင်းပေါင်း၍ တစ်ပါး ဖြစ်ခြင်းသည် ဘုရားသခင်၏ အလုံးစုံပင်ဖြစ်သည်။ သန့်ရှင်းသော ခမည်းတော်မပါပဲနှင့်၊ ဘုရားသခင်သည် တစ်လုံးတစ်ဝတည်း မဖြစ်နိုင်။ အလားတူ၊ သားတော် သို့မဟုတ် သန့်ရှင်းသော ဝိညာဥ်တော် မပါပဲနှင့်လည်း ဘုရားသခင်သည် တစ်လုံးတစ်ဝတည်း မဖြစ်နိုင်။ သူတို့၏ အယူအဆများထဲတွင် ခမည်းတော်တစ်ပါးတည်း သို့တည်းမဟုတ် သားတော်တစ်ပါးတည်းဆိုလျှင် ဘုရားသခင်ဟု သတ်မှတ်၍ မရဟု သူတို့ ယုံကြည်ကြ သည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဥ်တော် အတူတကွဖြစ်မှသာလျှင် ဘုရားသခင် ကိုယ်တိုင် ဖြစ်သည်ဟု မှတ်ယူသည်။ ယခုတွင် သင်တို့အထဲမှ နောက်လိုက်သူများ အယောက်ချင်းစီတိုင်း အပါအဝင်၊ ဘာသာရေး ယုံကြည်သူ အားလုံးတို့သည် ဤယုံကြည်ချက်ကို စွဲကိုင်ထားကြသည်။ သို့သော်လည်း ဤယုံကြည်ချက်မှာ မှန်ကန်ခြင်း ရှိ၊ မရှိဟူသည့် အရာကိုမူ၊ မည်သူမျှ ရှင်းမပြနိုင်ကြပေ၊ အကြောင်းမှာ သင်တို့သည် ဘုရားသခင်ကိုယ်တိုင်နှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် မရေရာ ရှုပ်ထွေးမှု မြူမှိုင်းထဲ၌ အမြဲရှိနေသော ကြောင့်ဖြစ်သည်။ သင်တို့သည် ဘာသာရေး အယူအဆများ၏ ကြီးလေးစွာ ညစ်ညူးခြင်းကို ခံထားရသဖြင့်၊ ဤအရာများသည် အယူအဆများသာ ဖြစ်သော်လည်း၊ သင်တို့ကမူ ၎င်းတို့ မှန်၏၊ မှား၏ ဆိုသည်ကိုပင် မသိချေ။ သင်တို့သည် ဤသမားရိုးကျ ဘာသာရေး အယူအဆများကို အလွန် နက်နက်ရှိုင်းရှိုင်းပင် လက်ခံထားပြီး၊ ဤအဆိပ်အတောက်သည် သင်တို့အထဲတွင် အလွန် နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဤကိစ္စတွင်လည်း သင်တို့သည် အန္တရာယ်ကြီးမားလှသော ဤလွှမ်းမိုး မှုကို လက်လျှော့ခံယူပြီးသား ဖြစ်သည်၊ အကြောင်းမှာ သုံးပါးတစ်ဆူသည် အကယ်ပင် မရှိပေ။ ဆိုလိုသည်မှာ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဥ်တော်ဟူသည့် သုံးပါးတစ်ဆူ အကယ်မရှိ။ ဤအရာ အားလုံးသည် လူ၏ သမားရိုးကျ အယူအဆများသာဖြစ်ပြီး၊ လူ၏ မှားယွင်းနေသော ယုံကြည်ချက်များပင် ဖြစ်သည်။ များစွာသော ရာစုနှစ်များ တစ်လျှောက်တွင်၊ လူ၏စိတ်ထဲမှ အယူအဆများဖြင့် ရုပ်လုံး ဖော်ထားသော၊ လူမှ လုပ်ကြံဖန်တီးထားသော၊ လူသည် ယခင်က တစ်ခါမျှ မမြင်ဖူးသော ဤသုံးပါးတစ်ဆူကို လူမှ ယုံကြည်နေခဲ့သည်။ ဤများစွာသော နှစ်များတစ်လျှောက်တွင် သုံးပါးတစ်ဆူ၏ “စစ်မှန်သော အဓိပ္ပာယ်” ကို ရှင်းပြခဲ့သည့် ဝိညာဥ်ရေးရာ ပုဂ္ဂိုလ်ကြီးများ များစွာရှိခဲ့သော်လည်း၊ ယင်းကဲ့သို့ ကွဲပြားသည့် ပေါင်းစည်းထားသော ပုဂ္ဂိုလ်သုံးဦးအဖြစ် သုံးပါးတစ်ဆူအား ရှင်းပြချက်များသည် မရေရာ၊ မရှင်းလင်းခဲ့ပဲ အားလုံးတို့သည် ဘုရားသခင်၏ “ဖွဲ့စည်း တည်ဆောက်ပုံ” နှင့်ပတ်သက်၍ စိတ်ရှုပ်ထွေး ခဲ့ကြသည်။ မည်သည့် ပုဂ္ဂိုလ်ကြီးများမှ ရှင်းလင်းစေ့စပ်သော ရှင်းပြချက်များ ပေးနိုင်ခြင်း မရှိခဲ့ကြ၊ ရှင်းပြချက် အများစုသည် ကျိုးကြောင်းသင့် တွေးခေါ်ခြင်းနှင့် စာရွက်ပေါ်တွင်တော့ လက်ခံနိုင်လောက်သော်လည်း၊ မည်သည့် လူတစ်ဦးတစ်ယောက်မျှ ယင်း၏ အဓိပ္ပာယ်အား ပြည့်ဝရှင်းလင်းစွာ နားလည်ခြင်း မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် လူ၏ နှလုံးသားထဲတွင် စွဲကိုင်ထားသော ဤမဟာ သုံးပါးတစ်ဆူဆိုသည်မှာ အကယ် မရှိသောကြောင့်ပင် ဖြစ်သည်။ အကြောင်းမှာ မည်သူကမျှ ဘုရားသခင်၏ စစ်မှန်သော မျက်နှာကို မမြင်ဖူးကြ၊ သို့မဟုတ် ဘုရားသခင်၏ ကိန်းဝပ်ရာသို့ အလည်အပတ်အနေနှင့် ကံကောင်းထောက်မစွာ တက်ရောက်ခွင့်ရရှိကာ ဘုရားသခင် ကျိန်းဝပ်သောနေရာတွင် အဘယ်အရာများ ရှိသည်ကို ဆန်းစစ်ရန်၊ “ဘုရားသခင်၏ အိမ်တော်” တွင် မျိုးဆက်များ ကုဋေကုဋာပေါင်း မည်မျှရှိသည်ကို အတိအကျ ဆုံးဖြတ်ရန် သို့မဟုတ် ဘုရားသခင်၏ ပင်ကိုယ်ဖွဲ့စည်း တည်ဆောက်ပုံတွင် အစိတ်အပိုင်း မည်မျှပါဝင်သည်ကို စူးစမ်း ရှာဖွေခွင့်ရရှိသူ တစ်စုံတစ်ယောက်မျှ မရှိသောကြောင့် ဖြစ်သည်။ အဓိကအားဖြင့် ဆန်းစစ်ရန် လိုသည့်အရာမှာ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဥ်တော်၏ သက်တမ်း၊ တစ်ပါးချင်းစီတိုင်း၏ သက်ဆိုင်ရာ အသွင်အပြင်၊ သူတို့၏ ခွဲခွာပုံ အတိအကျနှင့် သူတို့ တစ်ဆူတည်းဖြစ်သည်မှာ မည်ကဲ့သို့နည်း စသည်တို့ပင် ဖြစ်သည်။ အကြောင်းမလှစွာပင်၊ ဤနှစ်များစွာအတွင်း ယင်းကိစ္စရပ်များ၏ သမ္မာတရားကို ပိုင်းဖြတ်နိုင်ရန် မည်သူ တစ်ဦးတစ်ယောက်ကမျှ မတတ်နိုင်ခဲ့ကြပါ။ ယင်းတို့အားလုံးသည် မှန်းဆခြင်းမျှသာ ဖြစ်သည်၊ အကြောင်းမှာ ကောင်းကင်ဘုံသို့ အလည်အပတ်အဖြစ် တက်သွားခဲ့ပြီး လူသားမျိုးနွယ် အားလုံးအတွက် “စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ” ဖြင့် သုံးပါးတစ်ဆူနှင့် ပတ်သက်သော အကြောင်းအရာ၏ သမ္မာတရားကို ထက်သန် ကိုင်းရှိုင်းသော ဘာသာရေး ယုံကြည်သူများအား အစီရင်ခံတင်ပြရန် အလို့ငှာ ပြန်လာခဲ့သူ တစ်ဦး တစ်ယောက်မျှ မရှိသောကြောင့်ပင် ဖြစ်သည်။ ထိုကဲ့သို့သော အယူအဆများ ထုတ်ကြသည့် လူအပေါ် အပြစ်ဖို့၍ မရသည်မှာ မှန်ပါသည်၊ အကြောင်းမှာ ခမည်းတော် ယေဟောဝါသည် သူ့ လူသားမျိုးနွယ်ကို ဖန်ဆင်းချိန်တွင် အဘယ့်ကြောင့် သားတော် ယေရှုနှင့်အတူ မတွဲဖက်ခဲ့သနည်း။ အကယ်၍ အစအဦး၌ အရာအားလုံးကို ယေဟောဝါအမည်နှင့်သာ လုပ်ခဲ့ပါက ပို၍ကောင်းခဲ့ပေလိမ့်မည်။ အကယ်၍ အပြစ်ဖို့ရမည် ဆိုပါက၊ ဖန်ဆင်းခြင်းအချိန်တွင် သားတော်နှင့် သန့်ရှင်းသော ဝိညာဥ်တော်အား သူ၏ ရှေ့မှောက်သို့ မခေါ်ခဲ့ပဲ ထိုအစား သူ၏အလုပ်ကို တစ်ဦးတည်း လုပ်ဆောင်ခဲ့သော ယေဟောဝါ ဘုရားသခင်၏ တဒင်္ဂ သတိ လက်လွတ် ဖြစ်သွားခြင်းအပေါ် အပြစ်ဖို့ပါလေ့စေ။ အကယ်၍ သူတို့အားလုံးသည် တစ်ပြိုင်တည်း အလုပ် လုပ်ခဲ့ပါက၊ သူတို့သည် တစ်ဆူတည်း ဖြစ်လာခဲ့လိမ့်မည် မဟုတ်လော။ အကယ်၍များသာ အစအဦးမှ နိဂုံးအဆုံးတိုင်အောင် ယေဟောဝါ၏ အမည်တစ်ခုသာရှိခဲ့ပြီး၊ ကျေးဇူးတော်ခေတ်မှ ယေရှုအမည် မရှိခဲ့ပါက၊ သို့မဟုတ် ယင်းခေတ်တွင်ပင် သူ့အား ယေဟောဝါဟူ၍သာ ခေါ်ဆိုသေးမည် ဆိုပါက၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဤကဲ့သို့သော ပိုင်းစိတ်ခြင်းဒဏ်မှ ချမ်းသာရာရခဲ့လိမ့်မည် မဟုတ်လော။ ယေဟောဝါမှာ ဤအရာအားလုံးအတွက် မြည်တမ်း၍ မရသည်မှာ သေချာပါသည်၊ အပြစ်ဖို့ရမည် ဆိုပါက သန့်ရှင်းသော ဝိညာဉ်တော်ကိုပင် အပြစ်ဖို့ပါလေ့စေ။ အဘယ်ကြောင့်ဆိုသော် နှစ်ထောင်ပေါင်း များစွာကြာအောင် သူ၏ အလုပ်အား ယေဟောဝါ၏ အမည်၊ ယေရှု၏ အမည်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် အမည်နှင့်ပင် ဆက်လက်လုပ်ဆောင်ခဲ့ပြီး လူအား ဘုရားသခင်မှာ မည်သူဖြစ်သည် ဟူ၍ အတိအကျ မသိနိုင်အောင် စိတ်ရှုပ်ထွေးစေသော ကြောင့်ပင်ဖြစ်သည်။ အကယ်၍ သန့်ရှင်းသော ဝိညာဉ်တော် ကိုယ်တိုင်သည် အဆင်းသဏ္ဌာန် သို့မဟုတ် ပုံရိပ်မပါပဲနှင့် အလုပ် လုပ်ခဲ့မည်ဆိုပါက၊ ထို့အပြင် ယေရှုကဲ့သို့သော အမည်မပါဘဲနှင့် လုပ်ခဲ့မည်ဆိုပါက၊ လူသည် သူ့အား ထိတွေ့၍မရ၊ မမြင်ရဘဲ၊ မိုးချုန်းသံများကိုသာ ကြားရမည်ဆိုပါက၊ ဤကဲ့သို့သော အလုပ်မျိုးသည် လူသား မျိုးနွယ်အတွက် သာ၍ အကျိုးဖြစ်ထွန်းစေခဲ့မည် မဟုတ်လော။ ယခု၌မူ မည်သည်ကို လုပ်၍ရနိုင်သနည်း။ လူ၏ အယူအဆများ မြောက်မြားလှပုံမှာ တောင်ကဲ့သို့ မြင့်မားပြီး ပင်လယ်ကဲ့သို့ ကျယ်ပြန့်လှသည်၊ ယနေ့ကာလ ဘုရားသခင်မှပင် သည်းမခံနိုင်တော့သည့် အတိုင်းအတာထိ ရောက်နေပြီး အကြွင်းမဲ့ လမ်းစ ပျောက်နေ၏။ ယေဟောဝါ၊ ယေရှုနှင့် ထိုနှစ်ပါးကြား သန့်ရှင်းသော ဝိညာဥ်တော်သာ ရှိသော အတိတ်ကာလ တွင်ပင်၊ လူသည် မည်သို့ရင်ဆိုင် နားလည်ရမည်ဆိုသည်အား လမ်းစပျောက်နေပြီးသား ဖြစ်၏၊ ယခုတွင်မူ ထပ်တိုးအနေနှင့် မိမိကိုယ်ကို ဘုရားသခင်၏ တစ်ဌာနဖြစ်သည်ဟူသော အနန္တတန်ခိုးရှင်ပါ ရှိလာသည်။ သူသည် မည်သူဖြစ်သည်နှင့် သုံးပါးတစ်ဆူ၏ မည်သည့်အပါးထဲတွင် နှစ်ပေါင်းမည်မျှကြာအောင် ရောယှက် နေခဲ့သည် သို့မဟုတ် သိုဝှက်နေခဲ့သည်ကို မည်သူသိမည်နည်း။ လူသည် ဤအရာကို မည်သို့ ခံယူနိုင် မည်နည်း။ သုံးပါးတစ်ဆူ တစ်ခုတည်းကို ရှင်းပြရန် လူသည် တစ်ဘဝစာ အချိန်ယူခဲ့ရသည်၊ ယခုတွင်မူ “လေးပါးတစ်ဆူ” ရှိလာပေပြီ။ ဤအရာကို မည်ကဲ့သို့ ရှင်းပြနိုင်မည်နည်း။ သင်ရှင်းပြနိုင်သလော။ ညီအစ်ကို မောင်နှမတို့။ ထိုကဲ့သို့သော ဘုရားသခင်ကို သင်တို့ ယနေ့အချိန်ထိ မည်ကဲ့သို့ ယုံကြည်ခဲ့ကြသနည်း။ ငါသင်တို့ကို ချီးကျူးပါသည်။ သုံးပါးတစ်ဆူကိုပင် မနည်းခံယူခဲ့ရသည်၊ သို့သော်ငြားလည်း ယခုသင်တို့သည် ဤလေးပါးတစ်ဆူအားလည်း ယင်းကဲ့သို့ မယိမ်းယိုင်သော ယုံကြည်ခြင်းမျိုး ဆက်လက်ထားရှိသည်။ သင်တို့အား ထွက်သွားရန် တိုက်တွန်းခြင်းခံရသော်လည်း၊ သင်တို့ ငြင်းဆို၏။ စိတ်ကူး၍ပင် မရနိုင်လောက် အောင်ပင်တည်း။ သင်တို့သည် အကယ်ပင် တမူထူးသော သူများဖြစ်ကြ၏။ လူတစ်ဦးသည် လေးပါးတစ်ဆူ အထိပင် ယုံကြည်နိုင်သော်လည်း ထိုအရာအား နားမလည်၊ ဤအချက်သည် နိမိတ်လက္ခဏာ တစ်ခုပင် ဖြစ်သည်ဟု သင်တို့ မထင်သလော။ သင်တို့သည် ယင်းကဲ့သို့သော နိမိတ်လက္ခဏာကြီးကို ပြုနိုင်စွမ်းရှိသည် ဆိုခြင်းကို ငါနားမလည်ခဲ့။ ငါသင်တို့ကို ပြောပါရစေ၊ အမှန်စင်စစ်တွင်၊ သုံးပါးတစ်ဆူသည် ဤစကြဝဠာ ကြီးထဲ မည်သည့်နေရာတွင်မျှ တည်ရှိမနေ။ ဘုရားသခင်၌ ခမည်းတော်နှင့် သားတော်တို့ ပူးပေါင်း အသုံးပြုသော ကိရိယာ တန်ဆာပလာ တစ်ခုဆိုသည့် အယူဝါဒဖြစ်သော သန့်ရှင်းသော ဝိညာဥ်တော်ရှိရန် မဆိုထားနှင့် ခမည်းတော်နှင့် သားတော်ပါ မရှိချေ။ ဤအရာအားလုံးသည် အကြီးကျယ်ဆုံးသော ယုတ္တိအမှား ဖြစ်ပြီး ဤလောကကြီးထဲတွင် အမှန်တည်ရှိမနေပါ။ သို့သော်ငြားလည်း ထိုကဲ့သို့သော ယုတ္တိအမှားတွင်ပင် ယင်း၏ မူလရင်းမြစ်ရှိပြီး အခြေအမြစ် လုံးဝမဲ့နေခြင်းကား မဟုတ်ပါ၊ အကြောင်းမှာ သင်တို့၏ စိတ်များသည် ရိုးစင်းလွန်းသည် မဟုတ်ပဲ၊ သင်တို့၏ အတွေးအခေါ်များသည်လည်း ကျိုးကြောင်းမဲ့ခြင်းကား မဟုတ်သောကြောင့်ပင်။ ထိုအစား ယင်းတို့မှာ အတော်အတန် သင့်လျော်ပြီး ထူးခြား ပြောင်မြောက်သည့် အတွက် ၎င်းတို့အား မည်သည့် စာတန်မျှပင် မထိုးဖောက်နိုင်။ သနားဖွယ်ကောင်းသည်မှာ ဤအတွေး အခေါ်များ အားလုံးသည် ယုတ္တိအမှားများသာဖြစ်ပြီး အမှန်တည်ရှိမနေခြင်းပင် ဖြစ်သည်။ သင်တို့သည် စစ်မှန်သော သမ္မာတရားကို လုံးဝမမြင်ဖူး၊ သင်တို့သည် ရုပ်လုံးဖော်ခြင်းများနှင့် အယူအဆများကိုသာ ပြုနေကြခြင်း ဖြစ်ပြီး၊ ယင်းအယူအဆများ အားလုံးကို အကြောင်းအရာ တစ်ခုအဖြစ်သို့ ဖန်တီး၍ အခြားသူများ၏ ယုံကြည်မှုကို စဥ်းလဲစွာရယူရန်နှင့် ထက်သန်သော ဉာဏ်သို့မဟုတ် ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်း မရှိသော ထိုမိုက်မဲသည့် လူများအပေါ် လွှမ်းမိုးမှုရယူရန် လုပ်ကြံဖန်တီးကြသည်။ ထိုမှတစ်ဆင့် သင်၏ ကြီးကျယ်၍ ကျော်ကြားသော “ကျွမ်းကျင် သွန်သင်ချက်များ” ကို ၎င်းတို့ ယုံကြည်လာကြစေရန် ဖြစ်သည်။ ဤအရာသည် သမ္မာတရား ပင်လော။ ဤအရာသည် လူမှ လက်ခံရရှိသင့်သည့် အသက်၏ လမ်းခရီးပင်လော။ ယင်းတို့ အားလုံးသည် ယုတ္တိမရှိသော အရာများပင် ဖြစ်သည်။ စကားလုံးတစ်လုံးမျှပင် သင့်လျော်ခြင်းမရှိပေ။ ဤနှစ်များစွာ တစ်လျှောက်တွင်၊ ဘုရားသခင်သည် သင်တို့၏ ဤကဲ့သို့သော ပိုင်းစိတ်ခြင်းကို ခံနေခဲ့ရသည်၊ မျိုးဆက်အသီးသီး၏ ပိုကောင်း သည်ထက် ကောင်းအောင် ပိုင်းစိတ်ခြင်း၊ ဘုရားသခင် တစ်ပါးတည်းမှ ဘုရားသခင် သုံးပါး ဖြစ်သွားသည့် အတိုင်းအတာအထိ ပွင့်လင်းစွာ ပိုင်းစိတ်ခြင်းကို ခံနေခဲ့ရသည်။ ယခုတွင်မူ ဘုရားသခင်အား တစ်ပါးတည်း အဖြစ်သို့ ပြန်လည် ပေါင်းစပ်ရန်ဆိုသည်မှာ လူအတွက် အကယ်ပင် မဖြစ်နိုင်တော့ပေ၊ အကြောင်းမှာ သင်တို့သည် သူ့အား အလွန့်အလွန် ခမ်းနားစွာ ပိုင်းစိတ်ထားပြီး ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ငါ၏ အလွန် နောက်မကျခင် ချက်ချင်း လုပ်ဆောင်ခြင်းကြောင့်သာ မဟုတ်လျှင်၊ သင်တို့သည် ဤလမ်းအတိုင်း ရဲရဲ တင်းတင်းနှင့် မည်မျှကြာရှည်စွာ ဆက်လိုက်နေကြဦးမည်ကို ပြောရန် ခက်သည်။ ဘုရားသခင်အား ဤလမ်း အတိုင်းပင် ဆက်၍ ပိုင်းစိတ်နေလျှင်၊ သူသည် သင်တို့၏ဘုရားသခင်အဖြစ် မည်ကဲ့သို့ ဆက်ရှိနေနိုင်မည်နည်း။ သင်တို့သည် ဘုရားသခင်အား အသိအမှတ် ပြုကြဦးမည်လော။ သင်တို့သည် သူ့ထံသို့ လှည့်ပြန်ကြဦး မည်လော။ ငါသည် အနည်းငယ်သာ နောက်ကျ၍ ရောက်လာခဲ့မည် ဆိုပါက၊ သင်တို့သည် “ခမည်းတော်နှင့် သားတော်”၊ ယေဟောဝါနှင့် ယေရှုကို ဣသရေလသို့ ပြန်ပို့ပြီး၊ သင်တို့ကိုယ်သင်တို့ ဘုရားသခင်၏ တစ်ဌာန ဖြစ်သည်ဟု အခိုင်အမာ ပြောဆိုကြဖွယ် ရှိသည်။ ဝမ်းသာစရာမှာ ယခုသည် နောက်ဆုံးသော ကာလဖြစ်၏။ နောက်ဆုံးတွင် ငါရှည်ကြာစွာ စောင့်ခဲ့ရသော ဤနေ့ရက်သည် ရောက်လာခဲ့ပြီ၊ အလုပ်၏ ဤအဆင့်ကို ငါ၏လက်နှင့် ငါကိုယ်တိုင် ထမ်းဆောင်ပြီးစီးသည့် နောက်ပိုင်းတွင်မှ သင်တို့၏ ဘုရားသခင် ကိုယ်တိုင်အား ပိုင်းစိတ်ခြင်းသည် ရပ်တန့်သွားမည်ဖြစ်သည်။ ဤအတွက်ကြောင့်သာ မဟုတ်လျှင်၊ သင်တို့သည် သာ၍ ပြင်းထန်လာပြီး၊ သင်တို့အထဲမှ စာတန်များ အားလုံးကိုပင် ဝတ်ပြုကိုးကွယ်ရန် ယဇ်ပလ္လင်များအပေါ် နေရာ ပေးထားကြလောက်သည်။ ဤသည်မှာ သင်တို့၏ လှည့်ဖြားမှုပင်ဖြစ်သည်။ ဘုရားသခင်အား ပိုင်းစိတ်သော သင်တို့၏ နည်းလမ်းပင်တကား။ ယခုတွင် သင်တို့သည် ယင်းကဲ့သို့ ဆက်လုပ်ဦးမည်လော။ သင်တို့အား ငါမေးပါရစေ၊ ဘုရားသခင် ဘယ်နှစ်ပါးရှိသနည်း။ အဘယ်ဘုရားသခင်သည် သင့်အား ကယ်တင်ခြင်းကို ယူလာပေးမည်နည်း။ ယင်းသည် သင်တို့ အမြဲ ဆုတောင်းလေ့ရှိသော ပထမ ဘုရားသခင်လော၊ ဒုတိယလော သို့မဟုတ် တတိယလော။ ယင်းတို့ထဲမှ မည်သူကို သင်တို့ အမြဲယုံကြည်သနည်း။ ယင်းမှာ ခမည်းတော်လော။ သို့မဟုတ် သားတော်လော။ သို့မဟုတ် ဝိညာဥ်တော်လော။ သင်ယုံကြည်သောသူမှာ အဘယ်သူဖြစ်သည်ကို ငါ့အားပြောပြပါ။ ဘုရားသခင်အား ယုံကြည်သည်ဟု စကားလုံးတိုင်းတွင် သင်ပြောသော်ငြားလည်း၊ သင်တို့ အမှန်ယုံကြည်သောအရာမှာ သင်၏ ကိုယ်ပိုင် ဦးနှောက် ကိုပင်ဖြစ်သည်။ သင်တို့၏ နှလုံးသား ထဲတွင် ဘုရားသခင် အကယ်ပင်မရှိ။ သို့သော်ငြားလည်း သင်တို့၏ စိတ်များထဲတွင်တော့ ထိုကဲ့သို့သော “သုံးပါးတစ်ဆူများ” အတော်များများ ရှိကြ၏။ သင်တို့ သဘောမတူသလော။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

အပလီကေးရှင်းကို အခမဲ့ ဒေါင်းလုတ်ဆွဲပါ

အံ့သြဖွယ်ဗီဒီယိုများသည် သင့်အား ဘုရားသခင်၏ အမှုတော်ကို နားလည်ရန်အတွက် လမ်းပြပေးသည်

အပလီကေးရှင်းကို အခမဲ့ ဒေါင်းလုတ်ဆွဲပါ

အံ့သြဖွယ်ဗီဒီယိုများသည် သင့်အား ဘုရားသခင်၏ အမှုတော်ကို နားလည်ရန်အတွက် လမ်းပြပေးသည်

အခြားအခန်းဆက်များရှိ အသစ်ဆုံး ဗွီဒီယိုများ