(ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း) သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် အဘယ်ကြောင့် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ပြစ်ဒဏ်ချမှတ်ကြသနည်း - အပိုင်း (၇)
24.11.2019
အဘယ့်ကြောင့် သင်းအုပ်ဆရာများနှင့် ဘာသာရေးလောကမှ အကြီးအကဲများ သည် အနန္တတန်ခိုးရှင် ဘုရားသခင်အား ဆန့်ကျင်ပြီး၊ ပြစ်ဒဏ်ချ မှတ်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် သူတို့သည် လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်ဖော်ပြသော သမ္မာတရားအား မုန်းတီးကာ ရန်လိုကြပြီး လက်မခံနိုင်ခြင်းကြခြင်းကြောင့်ဖြစ်သည်။ ဤသည်မှာ ခရစ်တော်ကို သူတို့ ငြင်းပယ်၊ ပြစ်ဒဏ်ချမှတ်ပြီး ဆန့်ကျင်ကြသည့် အကြောင်းရင်းဖြစ်သည်။ ဤအရာကသမ္မာတရားကို မုန်းတီးသော သူတို့တွင်ရှိသည့် ဆိုးယုတ်သည့်အနှစ်သာရကို ထုတ်ဖော် ပြသသည်။ ခရစ်တော် ဖော်ပြသော သမ္မာတရားသည် အလွန်တရာ တန်ခိုးကြီးမားပြီး၊ သြဇာအာဏာရှိပေသည်။ ၎င်းသည် လူသားမျိုးနွယ်အား နိုးထစေနိုင်ပြီး၊ ကယ်တင်နိုင်သကဲ့သို့ လူတို့အား စာတန်၏ စွမ်းအားများမှ ထွက်ပြေးလွတ်မြောက်ကာ ဘုရားသခင်ထံ ပြန်လှည့်လာစေနိုင်သည်။ ထို့ကြောင့်ပင်၊ သူတို့၏ ကိုယ်ပိုင်ကျော်ကြားမှုများ၊ အကျိုးအမြတ်များနှင့် ဂုဏ်အဆင့်အတန်းများကို ကာကွယ်ရန်အတွက်၊ ဘာသာရေးလောကမှ ခေါင်းဆောင်များ သည်၊ ခရစ်တော်အား နောက်တကြိမ်၊ကားတိုင်တင် သံရိုက်စီရင်ကြခြင်းဖြစ်သည်။ ဤအရာများ သည် မှန်ကန်သော အချက်အလက် ဖြစ်ပြီး ဘုရားသခင်အား အစေခံသော်လည်း၊ တပြိုင်နက်ထဲ ခုခံနေသော ဘာသာရေး ခေါင်းဆောင်များ၏ အနှစ်သာရပင်ဖြစ်သည်။
အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ပေါ်ပေါက်လာခြင်း နှင့် လုပ်ဆောင်မှု၊ သခင်ယေရှုဘုရား၏ ဒုတိယအကြိမ်ကြွလာခြင်း၊ နောက်ဆုံးသောကာလရှိ ခရစ်တော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဖြစ်သည့် အရှေ့အရပ်မှ လျှပ်စီးကို ဖန်တီးခဲ့ပါသည်။ နောက်ဆုံးသောကာလများတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လုပ်ဆောင်မှုများကိုလက်ခံသည့်သူများအားလုံး နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်စိုးမိုးပြီး ကယ်တင်ခြင်းခံရသောသူများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်ကိုယ်တိုင် အားလုံးကိုတည်ထောင်ခြင်းဖြစ်ပြီး သိုးထိန်းကဲ့သို့သူကိုယ်တိုင်ဦးဆောင်ခဲ့သည်။ လူသားတဦးအားဖြင့် ဖန်တီးခဲ့ခြင်း လုံးဝမဟုတ်ပါ။ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ဘုရားသခင်၏ သိုးများသည် ဘုရားသခင်၏ အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်နေသရွေ့ ဘုရားသခင်သည် ပေါ်ထွန်းခဲ့ကြောင်း သင်သိရှိရလိမ့်မည်။
အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။ါ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ