Myanmar Gospel Music Video 2020 - ဖာရိရှဲတို့ ယေရှုကို ဆန့်ကျင်ရခြင်းအကြောင်းရင်း

Myanmar Gospel Music Video 2020 - ဖာရိရှဲတို့ ယေရှုကို ဆန့်ကျင်ရခြင်းအကြောင်းရင်း

679 |22.05.2020

ဖာရိရှဲတို့ ယေရှုကို ဘာကြောင့် ဆန့်ကျင်လဲ သိ လား

ဖာရိရှဲတို့ သဘောသဘာဝကို သိချင်လား

သူတို့သည် မေရှိယအကြောင်းစိတ်ကူးယဉ်မှုများနဲ့ပြည့်နှက်ခဲ့ကြ

ဘဝ အမှန်တရားကို မရှာ၊ သူ၏ကြွလာခြင်းကိုသာ ယုံကြည်

ထို့ကြောင့် သူတို့သည် ယနေ့တိုင်မေရှိယကို စောင့်နေဆဲဖြစ်၏။

ထိုသူတို့သည် အသက်လမ်းကို မသိ၊

သမ္မာတရားလမ်းကိုလည်း မသိသောကြောင့် ဖြစ်၏။

ထိုသို့ မိုက်မဲ ခေါင်းမာပညာမဲ့သော လူတို့

ဘုရားကောင်းကြီး မည်သို့ ရနိုင်မလဲ

သူတို့ ကယ်တင်ရှင်ကို မြင်ဖို့ ဘယ်လို ဖြစ်နိုင်မလဲ

ထိုသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုဦးတည်ရာကို မသိသဖြင့် ယေရှုကို ဆန့်ကျင်ခဲ့ကြသည်။

ဤသည်မှာ ယေရှုပြောသည့် သမ္မာတရားလမ်းကိုသူတို့မသိသောကြောင့်ဖြစ်၏။

ထို့အပြင် ထိုသူတို့သည် မေရှိယကိုနားမလည်ခဲ့သောကြောင့်လည်း ဖြစ်၏။

ထို့အပြင် ထိုသူတို့သည် မေရှိယကိုမည်သည့်အခါမျှ မြင်ဖူးခြင်းမရှိ၊

မေရှိယနှင့်အတူ မည်သည့်အခါမျှ အဖော်ပြုခြင်းမရှိခြင်းတို့ကြောင့် မေရှိယ၏

အနှစ်သာရကို ဖြစ်နိုင်သမျှ နည်းမျိုးစုံဖြင့်ဆန့်ကျင်နေစဉ်အခါပင်

မေရှိယ၏ နာမအပေါ် အချည်းနှီး

ဖက်တွယ်နေခြင်းဟူသည့် အမှားကို ပြုခဲ့ကြ၏။

ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာ၍ ဝင့်ဝါပြီးသမ္မာတရားကို နာခံခြင်းမရှိကြ။

ထိုသူတို့ ဘုရားသခင်ကို ယုံကြည်ခြင်း၏အခြေခံသဘောတရားမှာ

ကိုယ်တော်၏တရားတော် မည်မျှပင် လေးနက်သည်ဖြစ်စေ၊

ကိုယ်တော်၏သြဇာအာဏာ မည်မျှပင် မြင့်မားသည်ဖြစ်စေ၊

မေရှိယဟု သတ်မှတ်မခံရလျှင် ကိုယ်တော်သည်ခရစ်တော်မဟုတ် ဟူ၍ဖြစ်သည်။

ဤအမြင်များသည် ကြီးကျယ်လွန်း၍ရယ်ဖွယ်ကောင်းသည် မဟုတ်လော။

သင်တို့သည် ယေရှုကို အနည်းငယ်မျှပင်နားမလည်သည့်အတွက်

ရှေးအကျဆုံးသော ဖာရိရှဲတို့၏ အမှားများကို သင်တို့ကျူးလွန်ရန် အလွန် မလွယ်ကူပေသလောဟု

သင်သည် သမ္မာတရားလမ်းကို သိမြင်နိုင်သလော။

သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်မဟုတ်ဟုအမှန်တကယ် အာမခံနိုင်သလော။

သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏အမှုတော်နောက် လိုက်နိုင်မည်လော။

သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်၊မဆန့်ကျင်မည်ကို မသိပါက

သင်သည် သေခြင်း၏ချောက်ကမ်းပါးတွင်နေလျက်ရှိနေပြီဟု ဘုရားပြောသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

နောက်ထပ်ပြပါ။
သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်