ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည်” | ကောက်နုတ်ချက် ၁၂၂

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည်” | ကောက်နုတ်ချက် ၁၂၂

115 |20.07.2020

ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်၏ ကနဦးအမှုကို ဝိညာဉ်တော်မှ တိုက်ရိုက်လုပ်ဆောင်ပြီး ဇာတိခန္ဓာမှ လုပ်ဆောင်ခြင်းမဟုတ်ပါ။ ဘုရားသခင်အမှု၏ အဆင့်သုံးဆင့်၏ နောက်ဆုံးအမှုကိုမူ လူ့ဇာတိခံယူသော ဘုရားသခင်မှ လုပ်ဆောင်ပြီး ဝိညာဉ်တော်မှ တိုက်ရိုက်လုပ်ဆောင်ခြင်းမဟုတ်ပါ။ အလယ်အဆင့်၏ ရွေးနုတ်ခြင်းအမှုကိုလည်း ဘုရားသခင်က ဇာတိခန္ဓာအားဖြင့် လုပ်ဆောင်သည်။ စီမံခန့်ခွဲမှု အမှုအလုံးစုံတစ်လျှောက်တွင် အရေးအကြီးဆုံးအမှုမှာ စာတန်၏လွှမ်းမိုးမှုမှ လူသားကိုကယ်တင်ရန်ဖြစ်သည်။ အဓိကလုပ်ငန်းမှာ ဖောက်ပြန်ပျက်စီးနေသော လူသားကို လုံးဝသိမ်းပိုက်ခြင်းဖြစ်သည်။ သို့မှသာ သိမ်းပိုက်ခြင်းခံရသော လူသား၏နှလုံးသားထဲတွင် ဘုရားသခင်အပေါ် မူလ ရိုသေလေးမြတ်မှုကို နဂိုအတိုင်း ပြန်ဖြစ်စေကာ၊ လူသားကို သူ၏ပုံမှန်အသက်တာ၊ ဆိုလိုသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါ၏ မူလအသက်တာကို ရယူခွင့်ပေးမည်ဖြစ်သည်။ ဤအမှုသည်အရေးကြီးပြီး၊ စီမံခန့်ခွဲမှုအမှု၏ ဗဟိုချက်ဖြစ်သည်။ ကယ်တင်ခြင်းအမှု၏ အဆင့်သုံးဆင့်အတွင်းတွင် ပညတ်တော်နှင့် သက်ဆိုင်သော ပထမအဆင့်သည် စီမံခန့်ခွဲမှု အမှု၏ဗဟိုချက်နှင့် အလွန်ကွာဝေးလှသည်။ ကယ်တင်ခြင်းအမှု၏အသွင် အနည်းငယ်သာရှိပြီး စာတန်အုပ်စိုးမှုမှ လူသားကိုကယ်တင်သည့် ဘုရားသခင်၏ အမှု၏အစမဟုတ်ပေ။ အမှု၏ပထမအဆင့်ကို ပညတ်တော်အောက်တွင် ဝိညာဉ်တော်မှ တိုက်ရိုက်လုပ်ဆောင်သည်။ အကြောင်းမှာ လူသားသည် ပညတ်တော်ကိုသာ လိုက်နာရန်သိရှိကြပြီး သမ္မာတရားများများစားစား မရှိကြပေ။ စာတန် အုပ်စိုးမှုမှ လူသားကို ကယ်တင်သည့်အမှုနှင့်ပတ်သက်ရန် မဆိုနှင့် ပညတ်တော်ခေတ်၏ အမှုအတွင်းတွင် လူသား၏ စိတ်သဘောထား ပြောင်းလဲခြင်းများပါဝင်မှု မရှိသလောက်ဖြစ်သောကြောင့် ဖြစ်သည်။ ဤနည်းဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် လူသား၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်မပတ်သက်သော အလွန်ရိုးရှင်းသည့် ထိအမှုအဆင့်ကို လုပ်ဆောင်ပြီးစီးခဲ့သည်။ ဤအမှုအဆင့်သည် စီမံခန့်ခွဲမှုဗဟိုချက်နှင့် ပတ်သက်မှုအလွန်နည်းပြီး၊ လူသားကို ကယ်တင်ရန်တရားဝင်အမှုနှင့် ဆက်စပ်မှုကြီးကြီးမားမားမရှိသဖြင့် ဘုရားသခင်အနေဖြင့် သူ၏အမှုကို လုပ်ဆောင်ရန် ကိုယ်တိုင် လူ့ဇာတိခံယူရန် မလိုအပ်ခဲ့ပေ။ ဝိညာဉ်တော်မှလုပ်ဆောင်သော အမှုသည် သွယ်ဝိုက်ညွှန်းဆိုရာကျပြီး၊ နားလည်ရန်ခက်ခဲလွန်းလှသည်။ ယင်းသည် လူသားအတွက် ကြောက်မက်ဖွယ်ကောင်းပြီး ချဉ်းကပ်ရန်ခက်ခဲသည်။ ဝိညာဉ်တော်သည် ကယ်တင်ခြင်းအမှုကို တိုက်ရိုက် လုပ်ဆောင်ရန် မသင့်တော်ပေ။ လူသားထံ အသက်ကို တိုက်ရိုက်ထောက်ပံ့ပေးရန်လည်း မသင့်တော်ပေ။ လူသားအတွက် အသင့်တော်ဆုံးမှာ ဝိညာဉ်တော်၏အမှုကို လူသားနှင့် နီးစပ်သည့် နည်းလမ်းသို့ အသွင်ပြောင်းလိုက်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ လူသားအတွက် အသင့်လျော်ဆုံးအရာမှာ ဘုရားသခင်သည် သူ၏အမှုကိုလုပ်ဆောင်ရန် သာမန်၊ ပုံမှန်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန်ပေတည်း။ ယင်းသို့ပြုရန် ဝိညာဉ်တော်၏ အမှုကိုအစားထိုးခြင်းငှာ ဘုရားသခင်သည် လူ့ဇာတိခံယူရန်လိုအပ်သည်။ ဘုရားသခင်အမှုပြုရန် ထိုထက်ပို၍ သင့်တော်သော နည်းလမ်းမရှိတော့ပေ။ ဤအမှု၏ အဆင့်သုံးဆင့်အတွင်းတွင် အဆင့်နှစ်ဆင့်ကို ဇာတိခန္ဓာနှင့် လုပ်ဆောင်ပြီး၊ ဤအဆင့်နှစ်ဆင့်သည် စီမံခန့်ခွဲမှု အမှု၏ အဓိကသော့ချက်အဆင့်များ ဖြစ်သည်။ လူ့ဇာတိခံယူမှုနှစ်ခုသည် အချင်းချင်း လိုက်ဖက်ညီကာ အချင်းချင်း စုံလင်စေသည်။ ဘုရားသခင်လူ့ဇာတိခံယူမှု၏ ပထမအဆင့်သည် ဒုတိယအဆင့်အတွက် အခြေခံအုတ်မြစ်ကိုခင်းပေးသည်၊ ဘုရားသခင်၏ လူ့ဇာတိခံယူမှု နှစ်ခုသည် တစ်လုံးတစ်ဝတည်းဖြစ်ပြီး၊ အချင်းချင်း သဟဇာတဖြစ်သည်ဟု ဆိုနိုင်သည်။ ဘုရားသခင့် အမှု၏ အဆင့်နှစ်ဆင့်ကို ဘုရားသခင်သည် သူ၏လူ့ဇာတိခံယူမှု သွင်ပြင်လက္ခဏာတွင် လုပ်ဆောင်ခဲ့သည်။ အကြောင်းမှာ ထိုအဆင့်တို့သည် စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံးအတွက် အလွန်အရေးကြီးသောကြောင့်တည်း။ ဘုရားသခင်၏ လူ့ဇာတိခံယူမှုနှစ်ခု၏ လုပ်ဆောင်ချက် မပါဝင်ပါက စီမံခန့်ခွဲခြင်း အမှုအလုံးစုံသည် ရပ်တန့်သွားနိုင်ပြီး လူသားမျိုးနွယ်ကို ကယ်တင်သည့် အမှုသည် အနှစ်မဲ့သည့် စကားကဲ့သို့ ဘာမှမဟုတ်သည့်အရာ ဖြစ်သွားမည်ဟု ပြောနိုင်လောက်သည်။ ဤအမှုတော် အရေးကြီး၊ မကြီးသည် လူသားမျိုးနွယ်၏ လိုအပ်ချက်များအပေါ် အခြေခံပြီး၊ လူသားမျိုးနွယ်၏ စာရိတ္တပျက်ပြားခြင်း အစစ်အမှန်နှင့် စာတန်၏ မနာခံမှု မည်မျှပြင်းထန်သည်နှင့် စာတန်၏ အမှုကို နှောင့်ယှက်ခြင်းတို့အပေါ်တွင် အခြေခံနေပါသည်။ ဤအမှုကို လုပ်ဆောင်နိုင်သည့် မှန်ကန်သောသူသည် သူ၏ အမှုသဘာဝနှင့် အမှု၏ အရေးပါမှုတို့အပေါ်တွင် အခြေခံသည်။ ဤအမှု၏အရေးကြီးမှုနှင့် ပတ်သက်လာလျှင်၊ မည်သည့် အမှုပြုနည်းကို ရွေးချယ်မည်ဆိုခြင်းနှင့် ပတ်သက်လာလျှင်၊ ဝိညာဉ်တော်မှ တိုက်ရိုက်လုပ်ဆောင်သော အမှု၊ သို့မဟုတ် လူ့ဇာတိခံယူသည့် ဘုရားသခင်မှ လုပ်ဆောင်သော အမှု၊ သို့မဟုတ် လူသားမှတဆင့် လုပ်ဆောင်သော အမှု အစရှိသည်တို့ထဲမှ ပထမဆုံး ဖယ်ထုတ်ရမည်မှာ လူသားမှတဆင့် လုပ်ဆောင်သော အမှုဖြစ်သည်၊ ထို့အပြင် အမှု၏သဘာဝအရနှင့် ၀ိညာဉ်တော်အမှု၏ သဘာဝနှင့် ဇာတိခန္ဓာအမှု၏ သဘာဝတို့အပေါ် အခြေခံကြည့်ပါက ဇာတိခန္ဓာနှင့် အမှုကို တိုက်ရိုက်လုပ်ဆောင်ခြင်းသည် ဝိညာဉ်တော်မှ တိုက်ရိုက်လုပ်ဆောင်သည်ထက် လူသားအတွက် ပို၍အကျိုးရှိပြီး၊ အကျိုးပြုမှုများ ပို၍ပေးနိုင်သည်ဟု နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်သည်။ ဤသည်မှာ အမှုတော်ကို ဝိညာဉ်တော်ဖြင့် သို့မဟုတ် ဇာတိခန္ဓာဖြင့် လုပ်ဆောင်မည်ကို ဆုံးဖြတ်ချိန်တွင် ဘုရားသခင်၏အတွေးဖြစ်သည်။ အမှု၏အဆင့် တစ်ခုစီအတွက် ထင်ရှားမှုနှင့် အခြေခံတို့ရှိသည်။ ၎င်းတို့သည် အခြေအမြစ်မရှိသော တွေးထင်ခြင်းများမဟုတ်သလို ထင်ရာမြင်ရာ လုပ်ဆောင်ခြင်းလည်း မဟုတ်ပေ။ ထိုအတွေးအထင်ထဲတွင် တိကျသေချာသော ဉာဏ်ပညာတစ်ခု ပါဝင်ပေသည်။ ယင်းသည် ဘုရားသခင့် အမှုတော်အားလုံး၏ နောက်ကွယ်မှ သမ္မာတရားဖြစ်သည်။ အထူးသဖြင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် လူသားတို့ကြားတွင် ကိုယ်တိုင်ကိုယ်ကျ အလုပ်လုပ်ဆောင်သောကြောင့် ထိုကဲ့သို့သော ကြီးမားသည့် အမှုထဲတွင် ဘုရားသခင်၏ အကြံအစည်တော်သည် ထိုထက်ပို၍ပင် ရှိပါသေးသည်။ ထို့ကြောင့် ဘုရားသခင်၏ ဉာဏ်ပညာနှင့် သူ၏ဖြစ်ခြင်း အလုံးစုံတို့သည် လုပ်ဆောင်မှုအတွင်းရှိ သူ၏လုပ်ရပ်တိုင်း၊ အတွေးတိုင်းနှင့် အကြံဉာဏ်တိုင်းတို့တွင် ထင်ဟပ်နေသည်။ ယင်းသည် ပိုခိုင်လုံ၍ စနစ်ကျနသော ဘုရားသခင်၏ ဖြစ်ခြင်းတည်း။ ဤအရေးကြီးသော အတွေးအထင်များနှင့် အကြံဉာဏ်များသည် လူသားတို့အတွက် စဉ်းစားရန်နှင့် ယုံကြည်ရန်၊ ထို့အပြင် သိမြင်ရန်ခက်ခဲလှသည်။ လူသားမှ လုပ်ဆောင်သော အမှုသည် လူသားတို့အတွက် စိတ်ကျေနပ်မှု မြင့်မားစွာရရှိစေသည့် ယေဘုယျ နိယာမနှင့်အညီဖြစ်သည်။ သို့သော်လည်း ဘုရားသခင်၏ အမှုနှင့် နှိုင်းယှဉ်လျှင် ကွာဟချက်သည် အလွန်ကြီးမားနေသည်မှာ သိသာလှသည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် ကြီးမြတ်လှပြီး၊ ဘုရားသခင်၏အမှုသည် ခမ်းနားကြီးကျယ်သော အတိုင်းအတာရှိသော်လည်း ထိုအရာတို့နောက်ကွယ်တွင် လူသားတို့ မတွေးထင်ထားနိုင်သော သေးငယ်၍ တိကျသော အစီအစဉ်များနှင့် အကြံအစည်များ ရှိလေသည်။ ဘုရားသခင့်အမှု၏ အဆင့်တိုင်းသည် စည်းမျဉ်းများအတိုင်း မဟုတ်ရုံသာမကဘဲ လူ့ဘာသာစကားဖြင့် ပြောဆိုခြင်း မပြုနိုင်သည့်အရာများစွာ ပါဝင်သည်။ ယင်းတို့သည် လူသားတို့မမြင်နိုင်သော အရာများဖြစ်သည်။ ဝိညာဉ်တော်၏အမှုဖြစ်စေ သို့မဟုတ် လူ့ဇာတိခံယူသည့် ဘုရားသခင်၏အမှုဖြစ်စေ တစ်ခုစီတွင် ဘုရားသခင့် အမှု၏ အစီအစဉ်များပါဝင်သည်။ ဘုရားသခင်သည် အကြောင်းမရှိဘဲ လုပ်ဆောင်ခြင်းမရှိ၊ အရေးမပါသော အမှုတို့ကို လုပ်ဆောင်ခြင်းမရှိပေ။ ၀ိညာဉ်တော်သည် တိုက်ရိုက် အလုပ်လုပ်ဆောင်ရခြင်းသည် သူ၏ပန်းတိုင်များရှိသောကြောင့်ဖြစ်ပြီး၊ အမှုပြုရန် လူ့ဇာတိခံယူချိန်တွင် (တစ်နည်းအားဖြင့် သူ၏ပြင်ပသဏ္ဌာန်ကို အသွင်ပြောင်းချိန်တွင်) သူ့ထံ၌ရည်ရွယ်ချက်များ ပို၍ပင်ရှိနေပေသည်။ သို့မဟုတ်ပါက သူသည် မိမိ၏ သွင်ပြင်လက္ခဏာကို အဘယ်ကြောင့် လွတ်လပ်စွာ ပြောင်းလဲမည်နည်း။ သို့မဟုတ်ပါက သူသည် နှိပ်စက်ညှင်းပန်းခံရသည့်၊ နိမ့်ကျသည်ဟု သတ်မှတ်ခြင်းခံရသော လူတစ်ယောက်အဖြစ် လွတ်လပ်စွာ ခံယူခဲ့ရခြင်းမှာ အဘယ်ကြောင့်ဖြစ်မည်နည်း။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

နောက်ထပ်ပြပါ။
ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်