Myanmar New Movie 2019 တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)
16.02.2019
တရုတ်ပြည်မကြီးတွင် ၁၉၄၉ ခုနှစ်ကတည်းက အာဏာရရှိလာခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီသည် ဘာသာရေးယုံကြည်မှုကို ဖိစီးနှိပ်စက်ခြင်းက သနားညှာတာမှု ကင်းမဲ့နေခဲ့သည်။ ၄င်းသည် ခရစ်ယာန်များကို ရမ်းကားကြမ်းတမ်းစွာ ဖမ်းဆီးနေခဲ့ပြီး သတ်ဖြတ်နေခဲ့သည်၊ တရုတ်ပြည်တွင် အလုပ်လုပ်နေသည့် သာသနာပြုများကို နှင်ထုတ်ခဲ့ပြီး နှိပ်စက်ညှဉ်းပန်းခဲ့သည်၊ မရေတွက်နိုင်သည့် သမ္မာကျမ်းစာအုပ် မိတ္တူများကို နိုင်ငံတော် ဘဏ္ဍာအဖြစ်သိမ်းယူခဲ့ပြီး ဖျက်စီးခဲ့သည်၊ အသင်းတော် အဆောက်အဦးများကို ချိတ်ပိတ်ခဲ့ပြီး ဖြိုချဖျက်စီးခဲ့သည့်အပြင်၊ အချည်းနှီးဖြစ်သည့် အိမ်အသင်းတော်များအားလုံးကို သုတ်သင်ရှင်းလင်းရန် ကြံစည်အားထုတ်ခဲ့သည်။
ဤမှတ်တမ်းရုပ်ရှင်သည် တရုတ်ကွန်မြူနစ်ပါတီလက်တွင် တရုတ်ခရစ်ယာန်တစ်ဦး ချင်ဝန်ဇင်မှ ခံစားခဲ့ရသည့် နှိပ်စက်ညှဥ်းပန်းမှုအတွေ့အကြုံအစစ်အမှန်ကို ပြန်ပြောင်းပြောပြခြင်းဖြစ်ပါသည်။ ချင်ဝန်ဇင်သည် သူ၏အသက်မွေးဝမ်းကျောင်းအလုပ်တွင် အောင်မြင်သလို လှပပျော်ရွှင်သော မိသားစုတစ်ခုကို ပိုင်ဆိုင်ခဲ့သော်လည်း ဘုရားသခင်ကို ယုံကြည်ပြီး သူ၏တာဝန်ဝတ္တရားကို ထမ်းဆောင်ခြင်းကြောင့် တရုတ်ကွန်မြူနစ်ပါတီက အလိုရှိသောသူ ဖြစ်လာခဲ့သည်။ သူသည် အိမ်ကိုစွန့်ရန် ဖိအားပေးခံခဲ့ရပြီး ၁၀ နှစ်ကျော်ကြာ ထွက်ပြေးနေခဲ့ရ၏။ သူရှိသောနေရာကို သိရန်အတွက် တရုတ်ကွန်မြူနစ်ပါတီ ရဲများက သူ၏မိသားစုကို စဉ်ဆက်မပြတ် စုံစမ်းထောက်လှမ်း၊ ခြောက်လှန့်ကာ ခြိမ်းခြောက်ခဲ့ပြီး သူ၏သားငယ် ရှောင်ယုကိုပင် အလွတ်မပေးခဲ့ကြပါ။ အဆုံးတွင် ရှောင်ယုကို မပြန်လမ်းသို့ တွန်းပို့ခဲ့ကြသည်......
သင် ကြိုက်နှစ်သက်နိုင်သည့် ခရစ်ယာန်ရုပ်ရှင်များ
Myanmar Movie (နားခိုရာအိမ် ဘယ်မှာလဲ) God Gave Me a Happy Family
Myanmar Movie 2019 (ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်)
Myanmar Movie 2019 (သီလသမာဓိအပေါ် ဘယ်တော့မှ နေမဝင်ရာ)
အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ပေါ်ပေါက်လာခြင်း နှင့် လုပ်ဆောင်မှု၊ သခင်ယေရှုဘုရား၏ ဒုတိယအကြိမ်ကြွလာခြင်း၊ နောက်ဆုံးသောကာလရှိ ခရစ်တော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဖြစ်သည့် အရှေ့အရပ်မှ လျှပ်စီးကို ဖန်တီးခဲ့ပါသည်။ နောက်ဆုံးသောကာလများတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လုပ်ဆောင်မှုများကိုလက်ခံသည့်သူများအားလုံး နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်စိုးမိုးပြီး ကယ်တင်ခြင်းခံရသောသူများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်ကိုယ်တိုင် အားလုံးကိုတည်ထောင်ခြင်းဖြစ်ပြီး သိုးထိန်းကဲ့သို့သူကိုယ်တိုင်ဦးဆောင်ခဲ့သည်။ လူသားတဦးအားဖြင့် ဖန်တီးခဲ့ခြင်း လုံးဝမဟုတ်ပါ။ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ဘုရားသခင်၏ သိုးများသည် ဘုရားသခင်၏ အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်နေသရွေ့ ဘုရားသခင်သည် ပေါ်ထွန်းခဲ့ကြောင်း သင်သိရှိရလိမ့်မည်။
အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ