အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ယုံကြည်သူများအနေဖြင့် မည်သည့်ရှုထောင့်အား ဆုပ်ကိုင်ထားသင့်သနည်း

လူသားအနေဖြင့် ဘုရားသခင်ကို ယုံကြည်သည်နှင့်တစ်ပြိုင်နက် ရရှိခဲ့သည့်အရာသည် မည်သည့်အရာနည်း။ ဘုရားသခင်၏ အကြောင်းကို သင်ဘာတွေ သိရှိခဲ့ပြီးဖြစ်သနည်း။ ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းကြောင့် သင်မည်မျှ ပြောင်းလဲခဲ့သနည်း။ ယခုဆိုလျှင် သင်တို့အားလုံး ဘုရားသခင်အပေါ်လူသား၏ ယုံကြည်ခြင်းသည် ဝိညာဉ်ကို ကယ်တင်ခြင်းနှင့်ခန္ဓာ၏ကြွယ်ဝခြင်းအတွက်သာ မဟုတ်မှန်း သိကြပြီး၊ ဘုရားသခင်၏ချစ်ခြင်းမေတ္တာအားဖြင့် သူ၏အသက်တာအား ပြည့်စုံကြွယ်ဝစေရန် မဟုတ်မှန်း အစရှိသဖြင့် သိပြီးဖြစ်သည်။ လက်ရှိအခြေအနေတွင် ခန္ဓာ၏ကြွယ်ဝခြင်း သို့မဟုတ် တခဏတာ ပျော်ရွှင်ခြင်းအတွက် ဘုရားသခင်ကို ချစ်ခြင်းဖြစ်ပါက၊ အဆုံး၌ ဘုရားသခင်ကို သင်၏ချစ်ခြင်းသည် အထွတ်အထိပ် ရောက်ရှိပြီး ဘုရားသခင်ထံ သင်ဘာမှ တောင်းဆိုမနေသော်လည်း သင်ရှာဖွေနေသော ဤချစ်ခြင်းမေတ္တာသည် မသန့်ရှင်းသော ချစ်ခြင်းမေတ္တာသာဖြစ်ပြီး ဘုရားသခင်ကို နှစ်သက်စေခြင်း မပြုပေ။ ဘုရားသခင်ကိုချစ်ခြင်းကို မိမိတို့၏ ခြောက်သွေ့သော အသက်တာများကိုကြွယ်ဝစေရန်နှင့် မိမိတို့နှလုံးသားတွင် ဖြစ်နေသော ဟာကွက်ကို ဖြည့်ဆည်းရန် အသုံးပြုသူများသည် သကသောင့်သက်သာရှိစွာဖြင့် နေထိုင်လိုသူများသာ ဖြစ်ပြီး ဘုရားသခင်ကို အမှန်တကယ် ချစ်ရန်ရှာဖွေနေသောသူများ မဟုတ်ပေ။ ဤချစ်ခြင်းမျိုးသည် မိမိ၏သဘောဆန္ဒ၊ စိတ်ခံစားမှု ဆိုင်ရာသာယာမှုအား ဖွေရှာခြင်းနှင့် ဆန့်ကျင်ပြီး ဘုရားသခင်သည် ဤကဲ့သို့ ချစ်ခြင်းမျိုးကို မလိုပေ။ ထို့ကြောင့် သင်၏ချစ်ခြင်းသည် မည်ကဲ့သို့သော ချစ်ခြင်းမျိုး ဖြစ်သနည်း။ ဘုရားသခင်ကို မည်သည့်အတွက်ကြောင့် ချစ်သနည်း။ ယခု ဘုရားသခင်အတွက် မည်မျှစစ်မှန်သော ချစ်ခြင်း သင့်တွင်ရှိ သနည်း။ သင်တို့အများစုအကြား၌ရှိသော ချစ်ခြင်းသည် ယခင် ဖော်ပြခဲ့ပြီးသည့်အတိုင်း ဖြစ်သည်။ ဤချစ်ခြင်းမျိုးသည် လက်ရှိအခြေအနေကိုသာလျှင် ထိန်းသိမ်းနိုင်မည်ဖြစ်၏၊ ထာဝရတည်မြဲမှုကို ရရှိနိုင်မည်မဟုတ်သည့်အပြင် လူသား၌လည်း အမြစ်တွယ်နိုင်မည် မဟုတ်ပေ။ ဤချစ်ခြင်းမျိုးသည် ပွင့်လန်းပြီးနောက် ညှိုးနွမ်းကာ အသီးမသီးသော ပန်း၏ချစ်ခြင်းမျိုးဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ဘုရားသခင်ကို ထိုကဲ့သို့ တစ်ကြိမ်ချစ်ပြီးနောက် ရှေ့၌ရှိသောလမ်း၌ သင့်ကို ဦးဆောင်မည့် သူမရှိပါက သင်သည် လဲပြိုကျသွားမည်ဖြစ်သည်။ ဘုရားသခင်အား ချစ်သည့် အချိန်တွင်သာ ချစ်ပြီး နောက်ပိုင်းတွင် သင်၏အသက်တာ စိတ်သဘောထားတွင် ပြောင်းလဲမှု တစ်စုံတစ်ရာ မပြုလုပ်ပါက သင်သည်အမှောင်ထုလွှမ်းမိုးမှု ဆက်လက်ဖုံးအုပ်ခံနေရပြီး မလွတ်မြောက်နိုင်ဘဲ စာတန်မာရ်နတ်၏ ချည်နှောင်ခြင်းနှင့် အရူးလုပ်ခံရခြင်းများမှလည်း ရုန်းထွက်နိုင်မည်မဟုတ်ပေ။ ထိုကဲ့သို့သောလူ မည်သူ့ကိုမျှကို ဘုရားသခင်သည် အပြည့်အဝ ရယူနိုင်တော်မူမည်မဟုတ်ဘဲ အဆုံး၌ သူ၏ဝိညာဉ်၊ စိတ်နှင့်ခန္ဓာသည် စာတန်မာရ်နတ်သာ ပိုင်ဆိုင်နေဆဲဖြစ်မည်။ ဤအရာမှာ မေးခွန်းထုတ်စရာပင် မလိုပေ။ ဘုရားသခင် အပြည့်အဝ မရယူနိုင်သောသူများသည် သူတို့၏မူလနေရာ၊ဆိုလိုသည်မှာ စာတန်မာရ်နတ်ထံသို့၊ ပြန်လည်သွားရောက်ပြီး ဘုရားသခင်၏ အပြစ်ပေးခြင်းအဆင့် နောက်တစ်ဆင့်ကို ခံယူရန် မီးနှင့်ကန့် အစဉ်မပြတ် လောင်ကျွမ်းနေသောအိုင်သို့ ဆင်းသက်မည် ဖြစ်သည်။ ဘုရားသခင် ရယူသောသူတို့သည် စာတန်မာရ်နတ်အား တော်လှန်ပြီး သူ၏ အုပ်စိုးမှုအောက်မှလည်း လွတ်မြောက်မည်ဖြစ်သည်။ ထိုကဲ့သို့သော လူသားများသည် နိုင်ငံတော်၏ လူများအဖြစ် တရားဝင် ရေတွက်ခံရမည် ဖြစ်သည်။ ၎င်းသည် ထာဝရဘုရား၏ နိုင်ငံတော်၏လူများ ဖြစ်လာပုံ ဖြစ်သည်။ သင်သည် ဤကဲ့သို့သောလူမျိုးဖြစ်ရန်လိုလိုလားလား ရှိသလော၊ သင်သည် ဘုရားသခင်၏ ရယူခြင်းခံရန်လိုလိုလားလား ရှိသလော၊ စာတန်မာရ်နတ်၏ အုပ်စိုးမှုအောက်မှ ရုန်းထွက်၍ ဘုရားသခင်ထံ ပြန်လာရန်လိုလိုလားလား ရှိသလော။ သင်သည် ယခု စာတန်မာရ်နတ် နှင့် သက်ဆိုင်သလော၊ သို့မဟုတ် နိုင်ငံတော်၏လူများအကြား၌ ရေတွက်ခံရသောသူလော။ ဤအရာများသည် ရှင်းရှင်းလင်းလင်း ရှိသင့်ပြီး အခြားသော ရှင်းပြချက်များ မလိုအပ်သင့်ပေ။

အတိတ်ကာလတွင် လူအများသည် လူသား၏ ရည်မှန်းချက်၊ အယူအဆနှင့် မျှော်လင့်ခြင်းများအတွက် ရှာဖွေကြသည်။ ယခုအခါ တွင် အဆိုပါအရာများအား ဆွေးနွေးတင်ပြမည် မဟုတ်ပါ။ အဓိကအချက်မှာ သင်တို့ တစ်ယောက်ချင်းစီကို ဘုရားသခင်၏ ရှေ့တော်တွင် သာမန်အခြေအနေတစ်ခုကို ထိန်းသိမ်းရန် လုပ်ဆောင် ပေးမည့် ကျင့်စဉ်တစ်ခုအား ရှာဖွေရန်နှင့် စာတန်မာရ်နတ်၏ လွမ်းမိုးခြင်းအရာများမှ လွတ်မြောက်စေကာ သင့်အား ဘုရားသခင်မှ ပိုင်သရရှိစေရန်နှင့် သင့်အားဘုရားသခင်မှ စေခိုင်းထားသည့်အတိုင်း လောကတွင် ရှင်သန်နေထိုင်ရန်ဖြစ်သည်။ ထို့သို့ပြုခြင်းဖြင့်သာလျှင် ဘုရားသခင်၏ လိုလားချက်အား ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။ ဘုရားသခင်မှ ဘာကိုအလိုရှိသည်၊ သို့မဟုတ် စာတန်မာရ်နတ်မှ ဘာကိုအလိုရှိသည်ကို သိရှိခြင်း အလျှင်းမရှိပဲ လူအများသည် ဘုရားသခင်အား ယုံကြည်ကြသည်။ သူတို့သည် ရူးမိုက်စွာ ယုံကြည်ကြပြီး အခြားသူများအားလည်း မျက်ကန်းနောက် လိုက်ခြင်းဖြင့် လိုက်လျှောက်ကြသဖြင့် သာမန်ခရစ်ယာန် အသက်တာအား ရရှိခဲ့ခြင်းမရှိပေ။ သူတို့သည် သာမန် ပုဂ္ဂိုလ်ရေးအရ ဆက်ဆံရေးလည်း မရှိကြပေ။ လူသားတို့သည် ဘုရားသခင်နှင့် ရှိသင့်ရှိထိုက်သည့် သာမန်ဆက်ဆံရေးထက် များစွာလျော့နည်းသော ဆက်ဆံရေးမျှသာ ရှိကြသည်။ ဤအရာမှာ ဘုရားသခင်၏ လိုလားချက်ကို သွေဖယ်စေမည့် လူသား၏ပြဿနာများ၊ အမှားများနှင့် အခြားသောအရာများအား တွေ့ရှိနိုင်သည်။ လူသားတို့သည် မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရောက်ရှိနေခြင်းမရှိသည့်အပြင် စစ်မှန်သော အသက်တာအား ရရှိခံစားနေခြင်း မဟုတ်သည်ကို ဤအချင်းအရာက အလုံအလောက် သက်သေပြနေသည်။ ထိုသို့ဆိုလျှင် လမ်းကြောင်းမှန်ပေါ် ရောက်ရှိရန် မည်သည်ကို လုပ်ဆောင်ရမည်နည်း။ လမ်းကြောင်းမှန်ပေါ် ရောက်ရှိခြင်းဆိုလိုသည်မှာ ဘုရားသခင်၏ ရှေ့မှောက်တော်တွင် မိမိ၏ နှလုံးသားအား အချိန်တိုင်းတွင် ငြိမ်သက်စေနိုင်ခြင်းနှင့် ဘုရားသခင်နှင့် သဘာဝကျကျဆက်သွယ်ခြင်း၊ လူသားတို့၌ လစ်လပ်လျက်ရှိနေသော အရာများနှင့် ဘုရားသခင်နှင့်သက်ဆိုင်သည့် နက်နဲသော ဉာဏ်ပညာများ တဖြည်းဖြည်း သိမြင်လာခြင်းများ ဖြစ်သည်။ ဤအရာမှ တစ်ဆင့် သင်သည် သင်၏ဝိညာဉ်အတွင်း၌ နေ့စဉ်တိုင်းတွင် သစ်လွင်သော တွေ့မြင်ခြင်းနှင့် ဉာဏ်အလင်းပွင့်ခြင်းများ ရရှိပြီး၊ သင်၏တောင့်တခြင်းသည် ကြီးထွားလာကာ သမ္မာတရားသို့ ဝင်ရောက်ရန်အအလို့ငှာ သင်ကြိုးစားလာ၏။ နေ့ရက်တိုင်းတွင် သစ်လွင်သော အလင်းနှင့် သစ်လွင်သောနားလည်ခြင်း များရှိလာမည် ဖြစ်သည်။ ဤလမ်းကြောင်းမှတစ်ဆင့် သင်သည် စာတန်မာရ်နတ်၏ လွှမ်းမိုးခြင်းများအား တဖြည်းဖြည်း ချိုးဖျက်နိုင်မည်ဖြစ်ပြီး သင်၏အသက်တာ ပိုမိုကြီးထွားလာမည် ဖြစ်ပါသည်။ ဤကဲ့သို့သောသူများသည် လမ်းကြောင်းမှန်ပေါ်တွင် ရောက်ရှိပြီးဖြစ်ပါသည်။ မိမိ၏ အမှန်တကယ် အတွေ့အကြုံများအား ဆန်းစစ်ကာနှင့် အထက်ပါအရာများနှင့် ဆန့်ကျင်သည့် မိမိ၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းဖြင့် လျှောက်လှမ်းခဲ့သောလမ်းအား ဆန်းစစ်လေ့လာရန်ဖြစ်သည်။ သင်သည် လမ်းကြောင်းမှန်ပေါ်တွင် ရောက်ရှိသူဖြစ်ပြီလား။ မည်သည့် ကိစ္စရပ်များတွင် စာတန်မာရ်နတ်၏ ချုပ်နှောင်မှုများနှင့် စာတန်မာရ်နတ်၏ လွှမ်းမိုးခြင်းများမှ လွတ်မြောက်ခဲ့ပြီးဖြစ်သနည်း။ သင်သည် သင့်ကိုယ်သင် လမ်းကြောင်းအမှန်ပေါ်တွင် ရောက်ရှိရန် လိုအပ်နေသေးသည်ဟု ထင်နေလျှင် စာတန်မာရ်နတ်နှင့် သင်၏ ဆက်နွယ်မှုသည် ပိုမို၍ ဆိုးရွားလာမည်ဖြစ်သည်။ ထို့ကြောင့် ဤဘုရားသခင်၏ ချစ်ခြင်းအား ဖွေရှာခြင်းသည် စစ်မှန်သော နှစ်မြှုပ်အပ်နှံမှုရှိပြီး သန့်ရှင်းသော ချစ်ခြင်းမေတ္တာတစ်ခုအဖြစ် ရောက်ရှိနိုင်ပြီလား။ သင်၏ ဘုရားသခင်အား ချစ်ခြင်းသည် လမ်းလွဲခြင်းမရှိသော နှလုံးသားဖြင့် ခံစားသောချစ်ခြင်းဟု ပြောသော်လည်း၊ စာတန်မာရ်နတ်၏ ချုပ်နှောင်ခြင်းမှ သင်လွတ်မြောက်ခြင်း မရှိသေးပေ။ သင်ဘုရားသခင်အား လှည့်စားနေပါသလား။ ဘုရားသခင်၏ သန့်ရှင်းသော ချစ်ခြင်းအား ရရှိရန်၊ ဘုရားသခင်မှ သင့်အား အပြည့်အဝရရှိရန်နှင့် ဘုရားသခင်၏ နိုင်ငံတော်ရှိ လူသားတစ်ဦးအဖြစ် မှတ်ကျောက်တင်ခံနိုင်ရန် သင့်ကိုယ်သင် လမ်းကြောင်းမှန် ပေါ်ရောက်ရှိရန် အရင်ဆုံး လုပ်ဆောင်ရမည်။

ယခင်က:ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို မြင်ခြင်း

နောက်တစ်ခုသို့:ဖောက်ပြန်ပျက်ဆီးသော လူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင်

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ