အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

“ဘုရားသခင့် အမှုတော်၏ ရူပါရုံ” နှင့်ပတ်သက်သော ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းသုံးပိုဒ်မှ လက်ရွေးစင်တစ်ခု

၁။ ယောဟန်သည် ယေရှုအတွက် ခုနစ်နှစ် အမှုထမ်းခဲ့ပြီး ယေရှုရောက်လာချိန်တွင် လမ်းခရီးကို ခင်းနှင့်ပြီးဖြစ်သည်။ ယင်းမတိုင်မီ၊ ယောဟန် ဟောကြားခဲ့သည့် ဘုရားသခင့်နိုင်ငံတော်၏ ဧဝံဂေလိတရားကို မြေတပြင်လုံးတွင် ကြားနေခဲ့ရပြီဖြစ်လျက်၊ ယုဒပြည်တစ်လျှောက် ပျံ့နှံ့နေခဲ့ပြီး၊ လူတိုင်းက သူ့ကို ပရောဖက်ဟု ခေါ်ဝေါ်နေခဲ့ကြသည်။ တချိန်က၊ ဟေရုဒ်မင်းကြီးသည် ယောဟန်ကို လုပ်ကြံလိုခဲ့သော်လည်း၊ လူအများက ယောဟန်ကို အထူး လေးစားခဲ့ကြသောကြောင့်၊ ဟေရုဒ်မင်းကြီးက ယောဟန်ကို သတ်ပစ်လျှင် လူများက သူ့ကို ဆန့်ကျင် ပုန်ကန်လာကြမည်ကို ကြောက်နေခဲ့၍ ထိုသို့ မလုပ်ကြံဝံ့ခဲ့ပါ။ ယောဟန် လုပ်ဆောင်ခဲ့သည့် အမှုမှာ လူများအကြားတွင် အမြစ်တွယ်လာခဲ့ပြီး ၎င်းတို့ကို ယေရှုအား ယုံကြည်ကိုးကွယ်သူများ ဖြစ်လာစေခဲ့သည်။ သူသည် ယေရှုအတွက် လမ်းခရီးကို ခင်းလာခဲ့သည်မှာ ခုနစ်နှစ်ကြာခဲ့ပြီး ယေရှုက သူ့သာသနာတော်ကို မစတင်မီ အချိန်အထိ ဖြစ်ခဲ့သည်။ ထို့ကြောင့် ယောဟန်သည် ပရောက်ဖက်အားလုံးအကြားတွင် အကြီးမြတ်ဆုံးသောပရောဖက် ဖြစ်ခဲ့ပါသည်။ ယေရှုသည် သူ၏တရားဝင် အမှုကို ယောဟန် အကျဉ်းချခံလိုက်ရသည့်နောက်မှသာ စတင်ခဲ့သည်။ ယေရှု မတိုင်မီ၊ ဘုရားသခင်သည် မည်သည့်အခါမျှ၊ လူ့ဇာတိကို မခံယူခဲ့သောကြောင့်၊ ယောဟန် မတိုင်မီတွင် ဘုရားသခင်အတွက် လမ်းခရီးကို ခင်းပေးခဲ့သူ မည်သူမျှမရှိခဲ့ဖူးပါ။ သို့ဖြစ်သောကြောင့်၊ ယောဟန် မတိုင်မီထိ ပရောဖက်များအားလုံး၌၊ လူ့ဇာတိခံ ဘုရားအတွက် လမ်းခရီးကို ခင်းပေးခဲ့သည့် တစ်ဦးတည်းသောသူ ဖြစ်ခဲ့ခြင်းဖြင့်၊ ယောဟန်သည် ဓမ္မသစ်နဲ့ ဓမ္မဟောင်းနှစ်ခုလုံးအတွက် အကြီးမြတ်ဆုံးသောပရောဖက် ဖြစ်လာခဲ့သည်။ ယောဟန်သည် ယေရှု၏ ဗတ္တဇံခံခြင်း မတိုင်မီအထိ၊ ခုနစ်နှစ်ကြာ ဘုရားသခင့်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်ကြက်နေခဲ့သည်။ သူ၏ လုပ်ဆောင်ချက်က ယေရှု၏ နောက်ဆက်တွဲ အမှု၏ အထက်တွင် ရှိသည်ဟု လူအများက ထင်မှတ်ခဲ့ကြသော်လည်း၊ မည်သို့ပင်ဖြစ်စေကာမူ၊ သူသည် ပရောဖက် တစ်တပါးမျှသာ ဖြစ်ခဲ့၏။ သူ လုပ်ဆောင်၊ ပြောကြားခဲ့သည်မှာ ဗိမာန်တော်အတွင်းတွင် မဟုတ်ခဲ့ဘဲ၊ ပြင်ပရှိ မြို့များနှင့် ရွာများတွင် ဖြစ်သည်။ အမှန်စင်စစ်တွင် သူ ထိုသို့ လုပ်ဆောင်ခဲ့သည်မှာ၊ ဂျူးလူမျိုးများ အကြားတွင်၊ အထူးသဖြင့် ဆင်းရဲသူများအကြားတွင်၊ ဖြစ်ခဲ့သည်။ ယောဟန်သည် လူ့အဖွဲ့အစည်း အထက်တန်းလွှာမှ လူများနှင့် ထိတွေ့ရသည်မှာ ရှားပါးခဲ့ပြီး၊ သခင်ယေရှုအတွက် မှန်ကန်သည့် လူများကို ပြင်ဆင်နိုင်ရန် နှင့် လုပ်ဆောင်စရာ မှန်ကန်သည့် နေရာများကို ပြင်ဆင်ပေးဖို့ရန်အလို့ငှာ သာမန် ပြည်သူတို့ အကြားမှာ ဧဝံဂေလိတရားကို ဖြန့်ကြက်ခဲ့သည်။ ယောဟန်ကဲ့သို့သော ပရောဖက်မှ လမ်းခရီးကို ခင်းပေးလိုက်သည့်နောက် သခင်ယေရှုသည် ရောက်လာသည်နှင့် လက်ဝါးကားတိုင်ဆီသွားရာ လမ်းခရီးပေါ် တိုက်ရိုက် တက်လှမ်းနိုင်ခဲ့သည်။ ဘုရားသခင်က မိမိအမှုကို ဆောင်ရွက်ရန် လူ့ဇာတိကို ခံယူလိုက်သည့် အခါမှာ၊ သူသည် လူများအား ရွေးချယ်ခြင်းအမှုကို လုပ်ဆောင်ရန် မလိုအပ်ခဲ့သကဲ့သို့၊ သူ့အနေနှင့် လုပ်ဆောင်ရမည့် လူများ သို့မဟုတ် နေရာများကိုပါ ကိုယ်တိုင် ရှာကြံနေရန်လည်း မလိုအပ်ခဲ့ပါ။ သူသည် ကြွလာချိန်မှာ ယင်းအမှုမျိုးကို လုပ်ဆောင်ရန် မလိုအပ်ခဲ့ပါ၊ မှန်ကန်သော ပုဂ္ဂိုလ်က သူရောက်မလာမီတွင် ပြင်ဆင်ပေးထားခဲ့ပြီ ဖြစ်သည်။ ယေရှုက သူ့အလုပ်ကို မစတင်မီတွင် ယောဟန်မှ ထိုအလုပ်ကို လုပ်ဆောင်ပြီးနှင့်ခဲ့ပြီ ဖြစ်သောကြောင့် လူ့ဇာတိခံ ဘုရားသခင်က မိမိအမှုကို လုပ်ဆောင်ရန် ကြွလာချိန်မှာ၊ သူ့ကို အချိန်ကြာစွာ စောင့်စားနေခဲ့ကြသူတို့အား ချက်ချင်းမဆိုင်းမတွ စတင်ပြီး လုပ်ဆောင်နိုင်ခဲ့သည်။ ယေရှု ကြွလာခဲ့သည်မှာ လူ၏ အမှုကို ဆောင်ရွက်ရန် သို့မဟုတ် လူသား အပေါ်ကျရောက်ခဲ့သည့် အမှားများကို ပြင်ပေးရန် မဟုတ်ခဲ့ပါ။ သူကြွလာခဲ့သည်မှာ သူ့အနေနှင့် ဆောင်ရွက်ပေးရမည့် သာသနာတော်ကို လုပ်ဆောင်ရန် အတွက်သာ ဖြစ်ခဲ့ပြီး အခြားအရာ အားလုံးတို့သည် သူနှင့် မည်သို့မျှ သက်ဆိုင်မှု မရှိခဲ့ကြပါ။ ယောဟန် ရောက်ရှိလာသည့် အခါမှာ၊ သခင် ယေရှု လုပ်ဆောင်မည့် အမှု၏ ဦးတည်ချက်များ ဖြစ်လာနိုင်ဖို့ရန် ဗိမာန်တော်နှင့် ဂျူး လူမျိုးများအထဲမှ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားတော်ကို လက်ခံခဲ့ကြသည့် လူတစ်စုကို စုစည်းပေးသည်မှလွဲ၍ ဘာမျှမလုပ်ဆောင်ခဲ့ပါ။ ယောဟန်သည် ခုနစ်ကြာ လုပ်ဆောင်ခဲ့သည်၊ တနည်းဆိုရလျှင်၊ သူသည် ဧဝံဂေလိတရားတော်ကို ခုနစ်နှစ်ကြာ ဖြန့်ကြက်ခဲ့၏။ သူ၏ အမှုအတွင်းတွင်၊ ၎င်း၏ အလုပ်မှာ လမ်းခရီးကို ခင်းပေးရသည့် အလုပ်၊ ပြင်ဆင်ပေးရသည့် အလုပ် ဖြစ်ခဲ့သောကြောင့်၊ ယောဟန်သည် အံ့ဖွယ်ရာ အရာများကို အများအပြား မပြုလုပ်ခဲ့ပါ။ ကျန်သည့် လုပ်ဆောင်ချက်အားလုံးဖြစ်သည့်ယေရှမှ လုပ်ဆောင်ပေးရမည့် အမှုမှာ၊ သူနှင့် မသက်ဆိုင်ခဲ့ပါ၊ သူသည် လူများအား၊ ၎င်းတို့ ကယ်တင်ခံရဖို့အလို့ငှာ သူတို့၏ အပြစ်များကို ဝန်ခံလျက် နောင်တရဖို့ကိုသာ တောင်းဆိုခဲ့ပြီး ဗတ္တိဇံကိုပေးခဲ့သည်။ သူ ဆောင်ရွက်ပေးခဲ့သည်မှာ အမှုအသစ် ဖြစ်ခဲ့ပြီး လူသားတို့ ယခင်တုန်းက မလျှောက်ခဲ့ဘူးသည့် လမ်းခရီး ဖြစ်ခဲ့သော်လည်း၊ သူသည် ယေရှုအတွက် လမ်းခင်းပေးခြင်းသာ ဖြစ်နေဆဲဖြစ်သည်။ သူသည် ကြိုတင်ပြင်ဆင်ခြင်းအမှုကို လုပ်ဆောင်ပေးခဲ့သည့် ပရောက်ဖက်မျှသာ ဖြစ်ခဲ့ပြီး ယေရှု၏ အမှုကို လုပ်ဆောင်နိုင်စွမ်း မရှိပါ။ ကောင်းကင်နိုင်ငံတော်၏ဧဝံဂေလိတရားကို ပထမဦးဆုံး ဟောကြားခဲ့သူမှာ ယေရှု မဟုတ်ခဲ့သော်လည်း၊ သူသည် ယောဟန်မှ ခင်းပေးခဲ့သည့် လမ်းခရီးအတိုင်း ဆက်လျှောက်ခဲ့ခြင်း ဖြစ်သော်လည်း၊ သူ့အမှုကို ဆောင်ရွက်ပေးနိုင်မည့်သူ မည်သူမျှ မရှိခဲ့ပါ၊ ထို့အပြင် ယင်းအမှုက ရှင်ယောဟန်၏ အမှု အထက်တွင် ရှိခဲ့၏။ ယေရှုသည် မိမိလမ်းခရီးကို မပြင်ဆင်နိုင်ခဲ့ပါ၊ သူသည် ဘုရားသခင် ကိုယ်စား သူ့အမှုကို တိုက်ရိုက် လုပ်ဆောင်ခဲ့ပါသည်။ ထို့အပြင်၊ ယောဟန် နှစ်ပေါင်းမည်မျှပင် အမှုပြုခဲ့ပါလေ့စေ၊ သူသည် ပရောဖက်တစ်ပါး ဖြစနေဆဲဖြစ်ပြီး လမ်းခရီးကို ခင်းပေးခဲ့သူ ဖြစ်နေဆဲဖြစ်သည်။ သူ့အမှု၏ အနှစ်သာရမှာ မတူသည့်အတွက်၊ ယေရှု လုပ်ဆောင်ခဲ့သည့် သုံးနှစ်ကြာ အမှုက ယောဟန်၏ ခုနစ်နှစ်ကြာခဲ့သည့် လုပ်ဆောင်ချက်ကို ကျော်လွန်သွားခဲ့ပါသည်။ယေရှုက သူ့သာသနာကို စပြီး လုပ်ဆောင်ချိန်မှာ၊ တနည်းအားဖြင့် ယောဟန်၏ အမှု ပြီးဆုံးသွားချိန်မှာ၊ သခင်ယေရှုမှ အသုံးပြုရန် လုံလောက်သည့် လူများနှင့် နေရာများကို ရှင်ယောဟန်မှ ပြင်ဆင်ပေးထားပြီ ဖြစ်ရာ၊ ၎င်းတို့မှာ ယေရှ၏ သုံးနှစ်ကြာ အမှုကို စတင်ရန် လုံလောက်ခဲ့ပါသည်။ ထို့ကြောင့်၊ ယောဟန်၏ အမှု ပြီးဆုံးသွားသည့်နှင့်၊ သခင်ယေရှုသည် မိမိအမှုကို တရားဝင် စတင်ခဲ့ရာ၊ ယောဟန် ပြောကြားခဲ့သည့် စကားလုံးများက ဖယ်ရှားခြင်းခံခဲ့ရပေသည်။ ယင်းမှာ ယောဟန် ဆောင်ရွက်ပေးခဲ့သည့် အမှုက ကူးပြောင်းခြင်းသက်သက်အတွက်သာ ဖြစ်ခဲ့ပြီး လူများကို တိုးတက်မှုသစ်ဆီသို့ ခေါ်ဆောင်မည့် အသက်၏ နှုတ်ကပတ်တော်များ မဟုတ်ခဲ့သောကြောင့် ဖြစ်သည်။ နောက်ဆုံးတွင် သူ့စကားများမှာ ယာယီသုံးရန် သာ ဖြစ်ခဲ့ကြပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၁)” မှ

၂။ ထိုစဉ်တုန်းက ယေရှု အမှု တစ်ပိုင်းမှာ ဓမ္မဟောင်းကျမ်းနှင့် အညီ ဖြစ်ခဲ့ပြီး ပညတ်တော်ခေတ် အတွင်းက မောရှေ၏ ပညတ်တရားများနှင့် ယေဟောဝါ၏ နှုတ်ကပတ်တော်များနှင့် အညီလည်း ဖြစ်ခဲ့ပါသည်။ ယေရှုသည် ၎င်းတို့ အားလုံးကို မိမိ အမှုဆိုင်ရာ အပိုင်းကို လုပ်ဆောင်ရန် အသုံးပြုခဲ့ပါသည်။ သူသည် တရားစရပ်များ၌ လူများအား တရားဟောကြားခဲ့ပြီး သွန်သင်ပေးခဲ့ကာ သူ့အပေါ် ရန်လိုနေခဲ့ကြသည့် ဖာရိရှဲများကို ပြစ်တင်ရန် ဓမ္မဟောင်းကျမ်းမှပရောဖက်များ၏ ကြိုတင်ဟောကြေားချက်များကို အသုံးချခဲ့ပြီး သူတို့၏ မနာခံမှုကို ထုတ်ဖော်ရန်နှင့် သူတို့ကို ရှုတ်ချရန် အတွက် ကျမ်းစာထဲက နှုတ်ကပတ်တော်များကို အသုံးချခဲ့ပါသည်။ သူတို့သည် ယေရှု လုပ်ဆောင်ခဲ့သည်ကို စက်ဆုပ်ခဲ့ကြသည့်အတွက်၊ အထူးသဖြင့်၊ ယေရှု၏ အမှု အများအပြားတို့မှာ သမ္မာကျမ်းထဲက ပညတ်တရားများ နှင့် မကိုက်ညီခဲ့ကြဘဲ၊ ထို့အပြင် သူ သွန်သင်ခဲ့သည့်အရာကသူတို့၏ ကိုယ်ပိုင် စကားလုံးများထက် ပိုမြင့်မြတ်ခဲ့ပြီး သမ္မာကျမ်းထဲက ပရောဖက်များ၏ ကြိုတင်ဟောကြားချက်များထက်ပင် ပိုမြင့်မားခဲ့ပေသည်။ ယေရှု၏ အမှုမှာ လူ၏ ရွေးနုတ်ခြင်းနှင့် ကားစင်တင်ခံရခြင်းအတွက်အလို့ငှာသာ ဖြစ်ခဲ့ပါသည်။ သို့ဖြစ်၍၊ လူတစ်ဦးဦးကို သိမ်းပိုက်ရန် အတွက် သူသည် နောက်ထပ် နှုတ်ကပတ်တော်များကို ဟောကြားရန် မလိုအပ်ခဲ့။ လူကို သူသွန်သင်ပေးခဲ့သည် အရာများအထဲက အများအပြားသည် သမ္မာကျမ်းစာလာ နှုတ်ကပတ်တော်များမှ ဖြစ်ပြီး၊ သူ့အမှုက သမ္မာကျမ်းစာများကို မကျော်လွန်ခဲ့သော်ငြားလည်း၊ သူသည် ကားစင်တင်အသတ်ခံရခြင်းအမှုကို ပြီးအောင် ဆောင်ရွက်နိုင်စွမ်းရှိခဲ့သည်။ သူ့အမှုမှာ နှုတ်ကပတ်တော်၏ အမှု မဟုတ်ခဲ့ပါ၊ လူသားမျိုးနွယ်အား သိမ်းပိုက်ဖို့အလို့ငှာ မဟုတ်ခဲ့ဘဲ၊ လူသားမျိုးနွယ်အား ရွေးနှုတ်ပေးရန် ဖြစ်ခဲ့သည်။ သူသည် လူသားမျိုးနွယ်၏ အပြစ်များအတွက် အပြစ်ယဇ်အဖြစ် ပြုမူခဲ့ပြီး လူသားမျိုးနွယ်အတွက် နှုတ်ကပတ်တော်အရင်းအမြစ်အဖြစ် မပြုမူခဲ့ပါ။ လူကို သိမ်းပိုက်ခြင်းအမှုဖြစ်သည့် တပါးအမျိုးသားများ၏ အမှုကို သူမလုပ်ဆောင်ခဲ့ပါ၊ သို့သော် သူသည် ဘုရားသခင် ရှိကြောင်းကို ယုံကြည်ကြသည့် လူများအကြားမှာ လုပ်ဆောင်ခဲ့သည့်အမှုဖြစ်သည့် ကားစင်တင်အသတ်ခံရခြင်း အမှုကို လုပ်ဆောင်ခဲ့သည်။ သူ၏ အမှုကို သမ္မာကျမ်းစာ၏ အခြေခံအုတ်မြစ်ပေါ်တွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း၊သူသည် ဖာရိရှဲများကို ရှုတ်ချရန် ပရောဖက်ဟောင်းများ၏ ဟောကြားချက်များကို အသုံးချခဲ့၏၊ ၎င်းမှာ ကားစင်တင် အသတ်ခံရခြင်း အမှုကို ပြီးမြောက်စေရန်အတွက် လုံလောက်ခဲ့ပါသည်။ အကယ်၍ ယနေ့အမှုကို သမ္မာကျမ်းစာထဲရှိ ပရောဖက်ဟောင်းများ၏ ဟောကြားချက်များအခြေခံအုတ်မြစ်ပေါ်တွင် လုပ်ဆောင်ကြဦးမည် ဆိုလျှင်၊ ဓမ္မဟောင်းကျမ်းထဲတွင် ထဲတွင် သင်တို့ တရုတ်လူမျိုးများ၏ မနာခံမှု နှင့် အပြစ်များအကြောင်း မှတ်တမ်းများ မပါဝင်သည့် အတွက်၊ ၎င်းထဲတွင် သင်တို့ အပြစ်များ၏ သမိုင်းဟူ၍ မရှိသည့် အတွက်၊ သင်တို့ကို သိမ်းပိုက်ဖို့ရန်မှာ ဖြစ်နိုင်မည်မဟုတ်ပေ၊ သို့ဖြစ်၍၊ ဤအမှုသည် သမ္မာကျမ်းကို စွဲကျန်နေဆဲ ဖြစ်ပါက၊ သင်တို့သည် မည်သည့်အခါမျှ အလျှော့ပေးမည်မဟုတ်ပေ။ သမ္မာကျမ်းထဲတွင် မှတ်တမ်းတင်ပေးခဲ့သည်မှာ ဣသရေလ လူမျိုးများ၏ သမိုင်း အကန့်အသတ်ဖြစ်ပြီး၊ သင်တို့ ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ၎င်းက သတ်မှတ် ပေးနိုင်စွမ်း မရှိသကဲ့သို့၊ စီရင်နိုင်စွမ်းလည်း မရှိပါ။ ဣသရေလတို့၏ သမိုင်းကို အခြေခံပြီး ငါသည် သင်တို့ကို စီရင်ခဲ့သည့် အကြောင်းကို စိတ်ကူးကြည့်ကြပါ—သင်တို့သည် ယနေ့ကဲ့သို့ပင် ငါ့ နောက်လိုက်နေကြဦးမည်လော။ သင်တို့သည် မည်မျှ ခက်ခဲကြသည်ကို သင်တို့ သိကြပါသလား။ လက်ရှိအဆင့်မှာ မည်သည့် နှုတ်ကပတ်တော်မျှ မပြောဆိုပဲ နေကြပါက၊ သိမ်းပိုက်ခြင်း အမှုကို ပြီးမြောက်အောင် ပြုလုပ်မရနိုင်ပါ။ ငါလာခဲ့သည်မှာ လက်ဝါးစင်ပေါ် သံမှိုရိုက်ခံရန် မဟုတ်သောကြောင့်၊ သင်သိမ်းပိုက်ခြင်းခံရနိုင်ဖို့အလို့ငှာ ငါသည် သမ္မာကျမ်းနှင့် ကွာခြားသည့် စကားလုံးများကို ပြောဆိုရပါမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၁)” မှ

၃။ ယေရှုမှ လုပ်ဆောင်ခဲ့သည့် အမှုမှာ ဓမ္မဟောင်းကျမ်းထက် တစ်ဆင့်မျှသာ ပိုမြင့်ခဲ့ပြီး၊ ခေတ်တစ်ခေတ်ကို စတင်ပေးရန်နှင့်၊ ထိုခေတ်ကို ဦးဆောင်ပေးရန်အတွက် ၎င်းကို အသုံးပြုခ ခြင်းဖြစ်သည်။ “ပညတ်တရားများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှါ ငါလာသတည်း။” ဆိုပြီး သူပြောခဲ့သည်မှာ မည်သည့် အတွက်ကြောင့်နည်း။ သူ့အမှုထဲမှာ ဓမ္မဟောင်းကျမ်း၏ ဣသရေလ လူမျိုးများ ကျင့်သုံးနေခဲ့ကြသည့် ပညတ်တရားများ၊ ပညတ်ချက်များနှင့် ကွဲပြားမှုများ များပြားခဲ့ပါသည်၊ သူလာခဲ့သည်မှာ ပညတ်တရားကို နာခံရန် မဟုတ်ပဲ၊ ၎င်းကို ပြည့်စုံစေရန် ဖြစ်သည်။ ၎င်းကို ပြည့်စုံစေခြင်း လုပ်ငန်းစဉ်ထဲတွင် လက်တွေ့ အမှုအရာများစွာ ပါဝင်သည်- သူ့အမှုမှာ ပိုလက်တွေ့ကျကာ ပိုစစ်မှန်ခဲ့သည်၊ ထို့အပြင် ၎င်းမှာ အသက်ရှင်ပြီး၊ အယူဝါဒများကို မျက်ကန်း လိုက်နာမှုလည်း မဟုတ်ခဲ့ပါ။ ဣသရေလ လူမျိုးများတို့က ဥပုသ်ကို စောင့်ခဲ့ကြသည် မဟုတ်လော။ လူသားသည် ဥပုသ်နေ့ကို အစိုးရသူဖြစ်သည်ဟု သူပြောဆိုခဲ့သည့်အတွက်၊ ယေရှု ရောက်လာချိန်မှာ ဥပုသ်ကို မစောင့်ခဲ့ပါ၊ ဥပုသ်နေ့ကို အစိုးရသူရောက်လာသည့်အခါ သူ့စိတ်ကြိုက် သူလုပ်ဆောင်ပါလိမ့်မည်။ သူရောက်လာခဲ့သည်မှာ ဓမ္မဟောင်းကျမ်းထဲက ပညတ်တရားများကို ဖြည့်ဆည်းပေးရန်နှင့် ပညတ်တရားများကို ပြောင်းလဲရန်အတွက်ဖြစ်သည်။ ယနေ့တွင် လုပ်ဆောင်ပြီးခဲ့သည် အရာအားလုံးမှာ ပစ္စုပန်ကို အခြေခံထားသော်လည်း၊ ပညတ်တော်ခေတ်တုန်းက ယေဟောဝါအမှု၏ အခြေခံအုတ်မြစ်ပေါ်၌ အခြေခံထားဆဲ ဖြစ်ပြီး ယင်းဘောင်ကို ချိုးဖောက်ခြင်းမရှိပါ။ ဥပမာ၊ မိမိနှုတ်ကို စောင့်ထိန်းရန်နှင့် သူများ သားမယားကို မပြစ်မှားရေး ဆိုသည့် အချက်များမှာ ဓမ္မဟောင်းကျမ်း၏ ပညတ်များဖြစ်သည် မဟုတ်လော။ ယနေ့တွင် သင့်ထံမှ တောင်းဆိုနေသည်များမှာ ပညာတ်တော်ဆယ်ပါးဖြင့်သာ ကန့်သတ် မထားပဲ၊ ယခင်တုန်းက ကျင့်သုံးခဲ့ကြသည့် ပညတ်ချက်များနှင့် ပညတ်တရားများထက် ပိုမြင့်မားသည့် ညွှန်ကြားချက် ပါဝင်ပေသည်။ သို့သော် ဘုရားသခင့် အမှု၏ အဆင့်တစ်ခုစီကို ယခင်တုန်းက ရှိခဲ့သည့် အခြေခံအုတ်မြစ်အပေါ်မှာ လုပ်ဆောင်ခြင်း ဖြစ်ခဲ့သည့်အတွက်၊ ထိုသို့ ပြောဆိုမှုက ယခင်က အရာများပယ်ဖျက်ခဲ့ပြီဟု မဆိုလိုပါ။ သို့ဖြစ်၍၊ ယဇ်ပူဇော်ခြင်း၊ မိဘများကို ရိုသေစွာပြုခြင်း၊ ရုပ်တုများကို မကိုးကွယ်ကြခြင်း၊ အခြားသူတို့အား မစော်ကားရခြင်း၊ သူတစ်ပါးကို မတိုက်ခိုက် သို့မဟုတ် မကျိန်ဆဲရခြင်း၊ သူများ သားမယားကို မပြစ်မှားခြင်း၊ ဆေးလိပ် သို့မဟုတ် အရက် မသောက်ရန်၊ သေသောအရာများကို မစားရခြင်း၊ သွေးကို မသောက်ရခြင်း ကဲ့သို့သော အရာများကို ယေဟောဝါက ဣသရေလ လူမျိုးများအား မိတ်ဆက်ပေးခဲ့ခြင်းမှာ ယနေ့တွင်သင့်တို့၏ လက်တွေ့လုပ်ဆောင်မှု၏ အခြေခံအုတ်မြစ်မှ ဖြစ်သည် မဟုတ်လော။ အတိတ်ကာလများ၏ အခြေခံအုတ်မြစ် အပေါ်မှာသာ အမှုများကို ယနေ့အထိ လုပ်ဆောင်ခဲ့ကြရပါသည်။ အတိတ်ကပညတ်ချက်များကို ရှေ့ဆက် ဖေါ်ပြခြင်း မပြုလုပ်ပဲ၊ သင့်ထံ တောင်းဆိုချက် အသစ်များကို ပြုလုပ်ခဲ့သော်လည်း ယင်းပညတ်ချက်များကို မပယ်ဖျက်ခဲ့ပဲ ၎င်းတို့ကို ပို၍ မြှင့်တင်ခသည်။ ၎င်းတို့ကို ပယ်ဖျက်လိုက်ပြီဟု ဆိုမည်ဆိုလျှင် အတိတ်ခေတ်မှာ ဟောင်းသွားပြီဟု ဆိုလိုခြင်းဖြစ်သော်လည်း၊ သင့်အနေနှင့် အစဉ် လိုက်နာရမည့် ပညတ်ချက် အချို့ ရှိနေဆဲဖြစ်သည်။အတိတ်က ပညတ်ချက်များကို လက်တွေ့လုပ်ဆောင်ခဲ့ကြပြီးဖြစ်သလို လူသား၏ ဖြစ်တည်မှု ဖြစ်လာနှင့်ခဲ့ပြီဖြစ်သည်၊ ဆေးလိပ် မသောက်ရ၊ အရက်မသောက်ရ၊ စသဖြင့် ပညတ်ချက်များကို ထပ်လောင်း ထည့်ပြောရန် မလိုတော့ပါ။ ယင်းကဲ့သို့သော အခြေခံအုတ်မြစ် အပေါ်မှာ၊ သင်တို့၏ ယနေ့ လိုအပ်ချက်များနှင့်အညီ၊ သင်တို့၏ ဝိညာဉ်ရေးရာအသက်တာနှင့်အညီ၊ ယနေ့အတွက် အမှုနှင့်အညီ၊ ပညတ်ချက် အသစ်များကို ချမှတ်ခြင်းဖြစ်သည်။ ခေတ်သစ်၏ ပညတ်ချက်များကို ထုတ်ပြန်ကြေညာနေခြင်းမှာ ခေတ်ဟောင်း၏ ပညတ်ချက်များကို ပယ်ဖျက်ခြင်းဟုမဆိုလိုပါ၊ လူ၏ လုပ်ဆောင်ချက်များကို ပိုပြီးပြည့်စုံစေရန်နှင့် စစ်မှန်မှုနှင့်ပိုပြီးကိုက်ညီလာစေရန် အတွက် ထိုအခြေခံအုတ်မြစ်ပေါ်မှာ ၎င်းတို့ကို ပိုမြင့်မားလာအောင် မြှင့်တင်ပေးခြင်း ဖြစသည်။ အကယ်၍များ၊ ယနေ့တွင် သင်သည် ဓမ္မဟောင်းကျမ်းထဲကပညတ်ချက်များနှင့် ပညတ်တရားများကို၊ ဣသရေလ လူမျိုးများကဲ့သို့ပင်၊ လိုက်နာစောင့်ထိန်းရန် လိုအပ်ခဲ့မည်၊ ထို့အပြင် သင်သည် ယေဟောဝါမှ ချမှတ်ပေးခဲ့သည့် ပညတ်တရားများကို အာဂုံဆောင်ထားရန်ကိုပါ လိုအပ်ခဲ့မည် ဆိုပါက၊ သင်တို့ ပြောင်းလဲလာနိုင်မည့် အလားအလာများ မရှိနိုင်ပါ။ သင်တို့သည် ထိုကဲ့သို့သော ကန့်သတ်ထားသည့် ပညတ်ချက်များကိုသာ စောင့်ထိန်းရန် လိုအပ်ခဲ့မည် သို့မဟုတ် မရေတွက်နိုင်သော ပညတ်ချက်များကို အာဂုံဆောင်ထားရန် လိုအပ်ခဲ့မည် ဆိုပါက၊ သင်တို့၏ သဘာဝ အဟောင်းသည် နက်ရှိုင်းစွာ နှစ်မြှုပ်လျက် ရှိနေခဲ့မည် ဖြစ်ပြီး ၎င်းတို့ကို အမြစ်ပြုတ်ရန် နည်းလမ်း ရှိမည်မဟုတ်ပါ။ သို့ဖြစ်၍ သင်တို့သည် အကြီးအကျယ် အကျင့်စာရိတ္တ ပျက်ပျားလာခဲ့မည်ဖြစ်ပြီး သင်တို့အထဲက မည်သူမျှ နာခံသူ ဖြစ်မလာနိုင်ပါ။ယင်းမှာ ရိုးရှင်းသည့် ပညတ်ချက် အချို့ သို့မဟုတ် ရေတွက်မရနိုင်သည့် ပညတ်တရားများသည် ယေဟောဝါ၏ လုပ်ဆောင်ချက်များကို သိနားလည်အောင် လုပ်နိုင်စွမ်း မရှိကြောင်းကို ဆိုလိုသည်။ သင်တို့သည် ဣသရေလ လူမျိုးများနှင့် မတူကြပါ- သူတို့သည် ပညတ်တရားများကို လိုက်နာရင်း ပညတ်ချက်များကို အာဂုံဆောင်ရင်း ယေဟောဝါ၏ လုပ်ဆောင်ချက်များကို သက်သေခံပေးနိုင်ခဲ့ကြပြီး ၎င်းတစ်ပါးတည်းကိုသာ သူတို့ ဆက်ကပ်ခဲ့ကြသည်၊ သို့သော် သင်တို့သည် ဤအရာကို မစွမ်းဆောင်နိုင်ပါ။ ထို့အပြင် သမ္မာကျမ်းဟောင်း၏ အချို့ပညတ်ချက်များသည် သင်တို့အား သင်တို့၏ စိတ်နှလုံးများကို ပေးအပ်လာစေရန် သို့မဟုတ် သင့်ကို ကာကွယ်ပေးရန် လုပ်နိုင်စွမ်း မရှိကြသည့်အပြင် သင့်တို့ကို လျော့ရဲလာစေပြီး သင်တို့ကို မရဏာနိုင်ငံဆီသို့ ကျဆင်းစေလိမ့်မည်ဖြစ်သည်။ ငါ၏ အမှုမှာ သိမ်းပိုက်ခြင်းအမှု ဖြစ်ပြီး၊ သင်တို့၏ မနာခံမှုနှင့် သဘာဝဟောင်းကို ဦးတည်ထားသည့် အတွက်ဖြစ်သည်။ ယေဟောဝါနှင့် ယေရှုတို့၏ နူးညံ့ကြင်နာသည့် နှုတ်ကပတ်တောမှာ ယနေ့ စီရင်ချက်၏ ပြင်းထန်သည့် စကားလုံးများကို မမီပါ။ ယင်းကဲ့သို့သော ပြင်းထန်သည့် စကားလုံးများ မရှိကြပါက၊ နှစ် ထောင်ချီ နာခံလာခဲ့ခြင်း မရှိခဲ့ကြသည့် သင်တို့ကဲ့သို့သော 'ပါရဂူ'များကို သိမ်းပိုက်ရန် မဖြစ်နိုင်ပါ။ ဓမ္မဟောင်းကျမ်းထဲက ပညတ်ချက်များသည် သင်တို့အပေါ်အာဏာမရှိကြတော့သည့်မှာ ကြာပြီ ဖြစ်ပြီး၊ ယနေ့၏ စီရင်ချက်မှာ ပညတ်ချက် အဟောင်းများနှင့် စာလျှင် ပို၍ ခန့်ညားလောက်ပေသည်။ သင်တို့သည် အစအဦးက လူသားမျိုးနွယ် မဟုတ်ဘဲ နှစ်ပေါင်း ထောင်ချီ အကျင့်ပျက်လာခဲ့သည့် လူသား မျိုးနွယ် ဖြစ်ကြသောကြောင့်၊ သင်တို့ အတွက် အသင့်တော်ဆုံးမှာ မပြောပလောက်သော ပညတ်တရား၏ ချုပ်ခြယ်မှုများ မဟုတ်ဘဲ စီရင်ချက် ဖြစ်ပါသည်။ ယနေ့တွင် လူ့အနေဖြင့်ကြိုးပမ်းရမည်မှာ ယနေ့ လူသား၏ လက်တွေ့ အခြေအနေနှင့်အညီ၊ ပစ္စုပန် လူသား၏ အရည်အချင်းနှင့် တကယ့် ဝိညာဉ်ရေးရာ အသက်တာနှင့်အညီ ဖြစ်ပြီး၊ သင်သည် အယူဝါဒများကို လိုက်နာရန်မလိုအပ်ပါ။ ဤသည်မှာ အပြောင်းအလဲများကို သင်၏ သဘာဝ အဟောင်းဖြင့် ရယူနိုင်စေရန်နှင့် သင်၏ ခံယူချက်များကို သင့်အနေနှင့် ဖယ်ရှားနိုင်စေရန် အတွက်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၁)” မှ

၄။ ထိုအချိန်က ယေရှု၏ အမှုမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ခြင်း ဖြစ်ခဲ့သည်။ သူ့ကို ယုံကြည်သူတို့၏ အပြစ်များအားလုံးသည် ခွင့်လွှတ်ခြင်း ခံခဲ့ရလျက်၊ သူ့ကို ယုံကြည်နေသရွေ့ သူက သင့်ကို ရွေးနုတ်မည်၊ အကယ်၍ သင်သည် သူ့ကို ယုံကြည်ပါက သင်၏အပြစ်များ အားလုံး ဖြေလွှတ်ခြင်းခံရပြီး သင်သည် အပြစ်သားတစ်ယောက် မဟုတ်တော့ပေ။ ဤသည်မှာ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခံရခြင်းနှင့် ဖြောင့်မတ်ရာသို့ရောက်ခြင်း ဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ သို့သော် ယုံကြည်ခဲ့ကြသည့် သူများအတွင်း၌ ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်လိုသည့်အရာ ကျန်နေသေး၍ ၎င်းကို တဖြည်းဖြည်းချင်း ဖယ်ရှားပစ်ရန် လိုခဲ့ပါသေးသည်။ ကယ်တင်ခြင်းဟူသည်မှာ လူသားသည် ယေရှု၏ ရယူခြင်းကို အပြည့်အဝ ခံခဲ့ပြီးပြီဟု ဆိုလိုခြင်းမဟုတ်ဘဲ လူသား၏ အပြစ်များခွင့်လွှတ်ခြင်းခံရကာ သူသည်အပြစ်တရားနှင့် မသက်ဆိုင်တော့ခြင်းကို ဆိုလိုပြီး၊ သင်ယုံကြည်ပြီဆိုပါက အပြစ်တရားနှင့် နောက်တစ်ဖန် မည်သည့်အခါမျှ သက်ဆိုင်တော့မည် မဟုတ်ချေ။ ထိုအချိန်က ယေရှုသည် သူ၏တပည့်များ နားလည်နိုင်စွမ်းမရှိသည့် အမှုများစွာကို လုပ်ဆောင်ခဲ့ပြီး၊ လူများ နားမလည်သည့် အရာများစွာက မိန့်ကြားခဲ့သည်။ ထိုစဉ်တုန်းက သူသည် ရှင်းပြချက်မပေးခဲ့၍ ထိုသို့ဖြစ်ခဲ့ရသည်။ သို့ဖြစ်၍ သူခွဲခွာသွားခဲ့သည့်နောက် နှစ်အချို့ကြာမှ မဿဲက သူ၏ ဆွေစဉ်မျိုးဆက်စာရင်းကို ပြုစုခဲ့ပြီး အခြားသူများကလည်း မိမိတို့ဆန္ဒအလျောက် အလုပ်များစွာ လုပ်ဆောင်ခဲ့ကြသည်။ ယေရှုသည် လူသားကို စုံလင်စေရန်နှင့် ရယူရန် လာခဲ့ခြင်းမဟုတ်ဘဲ၊ အမှု၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်ရန် လာခဲ့ခြင်းဖြစ်သည်- ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ယူဆောင်လာရန်နှင့် လက်ဝါးကပ်တိုင်ပေါ် အသက်စွန်သည့်အမှုကို ပြီးဆုံးအောင်လုပ်ဆောင်ရန် ဖြစ်သောကြောင့် ယေရှု ကားစင်တင်သတ်ခြင်းခံခဲ့ရပြီးသည်နှင့် သူ၏အမှုမှာ ပြီးပြည့်စုံသော အဆုံးသတ်ကို ရောက်လာခဲ့သည်။ သို့သော် လက်ရှိအဆင့်ဖြစ်သည့် သိမ်းပိုက်ခြင်းအလုပ်ထဲတွင် သာ၍များသော နှုတ်ကပတ်တော်များကို ပြောကြားရပေမည်၊ သာ၍များသော အလုပ်ကို လုပ်ကိုင်ရပေမည်ဖြစ်ပြီး လုပ်ငန်းစဉ်များ မြောက်မြားစွာ ရှိရမည်ဖြစ်သည်။ သို့ဖြစ်၍ ယေရှုနှင့် ယေဟောဝါတို့၏ အမှု၏ နက်နဲရာများကိုပါ ထုတ်ဖော်ရပေမည်၊ သို့မှသာ လူသားအားလုံးတို့သည် သူတို့၏ ယုံကြည်မှုတွင် နားလည်မှုနှင့် စိတ်ရှင်းလင်းပြတ်သားမှု ရှိနိုင်ကြမည်ဖြစ်သည်၊ အကြောင်းမှာ ဤအရာသည် နောက်ဆုံးသောကာလ၏ အလုပ်ဖြစ်ပြီး နောက်ဆုံးသောကာလသည် ဘုရားသခင့်အလုပ်၏အဆုံး၊ ဤအလုပ်၏ နိဂုံးကာလဖြစ်သောကြောင့် ဖြစ်သည်။ အမှု၏ လက်ရှိအဆင့်က သင့်အား ယေဟောဝါ၏ ပညတ်တရားနှင့် ယေရှု၏ ရွေးနုတ်ခြင်းတို့ကို ရှင်းပြပေးမည်ဖြစ်၍၊ အဓိကအားဖြင့် သင်သည် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ လုပ်ငန်းတစ်ခုလုံးကို နားလည်လျက် ဤအနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ အရေးပါမှုနှင့် အနှစ်သာရအလုံးစုံကို တန်ဖိုးထားရန်၊ ယေရှုလုပ်ဆောင်ခဲ့သည့် အမှုနှင့် သူပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များ အားလုံး၏ ရည်ရွယ်ချက်ကို နားလည်ရန်နှင့် သင်၏ သမ္မာကျမ်းစာအပေါ် မျက်ကန်းယုံကြည်လက်ခံမှုနှင့် ကြည်ညိုမှုကိုပင်လျှင် နားလည်ရန် ဖြစ်သည်။ ၎င်းက သင့်အား ထိုအချက်များ အားလုံးကို သတိမူမိလာစေမည်။ သင်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အလုပ်ကိုရော ဘုရားသခင်၏ ယနေ့ လုပ်ရပ်ကိုပါ နားလည်လာလိမ့်မည်ဖြစ်ပြီး၊ သင်သည် သမ္မာတရား၊ အသက်နှင့် လမ်းခရီး အားလုံးတို့ကို သိနားလည်လျက် စွဲကိုင်ထားလိမ့်မည် ဖြစ်သည်။ ယေရှု လုပ်ဆောင်ခဲ့သည့် အလုပ်အဆင့်တွင် ယေရှုသည် အဘယ်ကြောင့် ဘုရားသခင်၏ အလုပ်ကို ဆုံးခန်းတိုင်အောင် မလုပ်ဘဲ ထွက်ခွာသွားခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ယေရှုအလုပ်၏အဆင့်သည် အဆုံးသတ်ခြင်းအလုပ် မဟုတ်ခဲ့၍ ဖြစ်သည်။ သူသည် ကားတိုင်ပေါ် သံမှိုစွဲနှက်ခံရသည့်အချိန်တွင် သူ၏ နှုတ်ကပတ်တော်များသည်လည်း အဆုံးသို့ ရောက်လာခဲ့သည်၊ ကားတိုင်ပေါ် အသက်စွန့်ခဲ့ပြီးသည့်နောက် သူ၏ အလုပ်မှာ လုံးလုံးလျားလျား ပြီးဆုံးသွားခဲ့သည်။ လက်ရှိအဆင့်မှာ ကွဲပြားခြားနားသည်- နှုတ်ကပတ်တော်များကို အဆုံးတိုင်အောင် မိန့်ကြားပြီးသွားလျက် ဘုရားသခင်၏ လုပ်ဆောင်ချက် တစ်ရပ်လုံး ပြီးဆုံးသွားမှသာ သူ၏အလုပ်သည် ပြီးဆုံးလိမ့်မည်ဖြစ်သည်။ ယေရှု၏ လုပ်ဆောင်ချက်အဆင့်တွင် ထုတ်မပြောခဲ့သည့် သို့မဟုတ် ရှင်းလင်းစွာ အပြည့်အဝ မမိန့်ကြားခဲ့ဘဲ ကျန်ရစ်ခဲ့သည့် နှုတ်ကပတ်တော်များ မြောက်မြားစွာ ရှိခဲ့သည်။ သို့သော် ယေရှု၏ သာသနာမှာ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့်သာသနာ မဟုတ်သည့်အတွက် သူသည် မိန့်ကြားပြီးခဲ့သည့်အရာများ သို့မဟုတ် မမိန့်ကြားခဲ့သည့်အရာများကို အမှုမထားဘဲ ကားတိုင်ပေါ် သံမှိုစွဲနှက်ခံရပြီးသည်နှင့် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ အမှု၏ ထိုအဆင့်မှာ အဓိကအားဖြင့် ကားတိုင်ပေါ် အသက်စွန့်ဖို့ရန်သာဖြစ်ပြီး ယနေ့အဆင့်နှင့် မတူချေ။ လုပ်ဆောင်ချက်၏ လက်ရှိအဆင့်မှာ အဓိကအားဖြင့် ပြီးပြည့်စုံစေရန်၊ အားလုံး ဖြေရှင်းရန်နှင့် အလုပ်အားလုံးကို နိဂုံးသို့ ပို့ဆောင်ပေးရန်ပင် ဖြစ်သည်။ အမှု၏ ဤအဆင့်မှာ အလုပ်အားလုံးကို အဆုံးသို့ ပို့ဆောင်ပြီး နှုတ်ကပတ်တော်များကို အသုံးပြုခြင်းဖြင့် ပြီးမြောက်ပြီဖြစ်သည့်အတွက် နှုတ်ကပတ်တော်များကို ၎င်းတို့၏အဆုံးထိ မြွက်ကြားမပေးလျှင် လက်ရှိအမှုနိဂုံးချုပ်ရန် ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။ ထိုအချိန်က ယေရှုသည် လူသားနားလည်နိုင်စွမ်းမရှိသည့် အမှုများစွာကို ဆောင်ရွက်ခဲ့သည်။ ယေရှုသည် တိတ်တဆိတ် ထွက်ခွာသွားခဲ့ပြီး ယနေ့တွင် သူ၏ နှုတ်ကပတ်တော်များကို နားမလည်ကြသူများ အများအပြား ရှိနေကြဆဲပင်၊ သူတို့၏ နားလည်ခြင်းသည် မှားနေသော်ငြားလည်း သူတို့က မှန်ကန်သည်ဟု ယုံကြည်နေကြပြီး သူတို့ မှားနေကြောင်းကို မသိရှိကြချေ။ နောက်ဆုံးတွင် လက်ရှိအဆင့်သည် ဘုရားသခင်၏ အလုပ်ကို ပြီးပြည့်စုံသော အဆုံးသတ်သို့ ပို့ဆောင်ပေးလျက် ၎င်း၏နိဂုံးကို စီစဥ်ပေးလိမ့်မည်ဖြစ်သည်။ အားလုံးက ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို နားလည်လျက် သိရှိလာလိမ့်မည်ဖြစ်သည်။ လူသားအတွင်းရှိ အယူအဆများ၊ သူ၏ ရည်မှန်းချက်များ၊ သူ၏ လွဲမှားနေသည့် နားလည်မှု၊ ယေဟောဝါနှင့် ယေရှုတို့၏ အမှုအပေါ် သူ၏အယူအဆများ၊ တစ်ပါးအမျိုးသားများအပေါ် သူ၏ အမြင်များနှင့် သူ၏ အခြားလွဲချော်မှုများနှင့် အမှားများမှာ မှန်အောင်ပြင်ပေးခြင်း ခံရလိမ့်မည်ဖြစ်သည်။ ထို့နောက် လူသားသည် အသက်တာ၏ မှန်ကန်သောလမ်းကြောင်းများအားလုံး၊ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအားလုံးနှင့် သမ္မာတရားတစ်ခုလုံးကို နားလည်လာလိမ့်မည်။ ထို့သို့ဖြစ်လာသည့်အခါ အမှု၏ လက်ရှိအဆင့်မှာ အဆုံးသို့ ရောက်လာလိမ့်မည်။ ယေဟောဝါ၏အမှုမှာ ကမ္ဘာကြီးကို ဖန်ဆင်းခြင်းဖြစ်ပြီး ယင်းမှာ အစအဦးဖြစ်ခဲ့သည်၊ အမှု၏ ယခုအဆင့်မှာမူ အမှု၏ အဆုံးပိုင်းဖြစ်ပြီး နောက်ဆုံးနိဂုံးချုပ်ပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)” မှ

၅။ ယေဟောဝါ၏အမှုမှာ ကမ္ဘာကြီးကို ဖန်ဆင်းခြင်းဖြစ်ပြီး ယင်းမှာ အစအဦးဖြစ်ခဲ့သည်၊ အမှု၏ ယခုအဆင့်မှာမူ အမှု၏ အဆုံးပိုင်းဖြစ်ပြီး နောက်ဆုံးနိဂုံးချုပ်ပင် ဖြစ်သည်။ အစပိုင်းမှာ ဘုရားသခင်၏အမှုကို ဣသရေလ၏ ရွေးချယ်ခံရသည့် သူများကြားတွင် ဆောင်ရွက်ခဲ့ပြီး ထိုအရာမှာ နေရာအားလုံးထဲက အသန့်ရှင်းဆုံးနေရာ၌ ခေတ်သစ်တစ်ခု၏အစ ဖြစ်ခဲ့သည်။ အမှု၏ နောက်ဆုံးအဆင့်ကို နိုင်ငံများအားလုံးထဲမှ မသန့်ရှင်းဆုံးနိုင်ငံတွင် ဆောင်ရွက်ခဲ့ဖြစ်ပြီး လောကကို တရားစီရင်လျက် ခေတ်ကြီး၏ အဆုံးဆီသို့ ပို့ဆောင်ပေးရန် ဖြစ်သည်။ ပထမအဆင့်တွင် ဘုရားသခင်၏အမှုကို နေရာအားလုံးထဲမှ အတောက်ပဆုံးနေရာတွင် ဆောင်ရွက်ခဲ့ပြီး၊ နောက်ဆုံးအဆင့်ကိုမူ နေရာအားလုံးထဲမှ အမှောင်မိုက်ဆုံးနေရာတွင် ဆောင်ရွက်ခြင်းဖြစ်လျက် ဤအမှောင်ထုကို မောင်းထုတ်ပစ်ကာ အလင်းရောင်ကို ယူဆောင်ပေးပြီး လူအားလုံးကို သိမ်းပိုက်မည်ဖြစ်သည်။ နေရာအားလုံးထဲမှ မသန့်ရှင်းဆုံးနှင့် အမည်းမိုက်ဆုံးဖြစ်သောနေရာမှ လူတို့ကို သိမ်းပိုက်ပြီး၍၊ လူထုတစ်ရပ်လုံးက စစ်မှန်သောဘုရားဖြစ်သည့် ဘုရားသခင်ရှိသည်ကို အသိအမှတ်ပြုပြီး လူတိုင်းသည် အကြွင်းမဲ့ လက်ခံယုံကြည်လာပြီးသောအခါ စကြဝဠာတစ်ခုလုံး၌ သိမ်းပိုက်ခြင်းအလုပ်ကို ဆောင်ရွက်ရန် ဤအချက်ကို အသုံးပြုမည်ဖြစ်သည်။ အမှု၏ လက်ရှိအဆင့်မှာ သင်္ကေတသဘောဆောင်သည်- ဤခေတ်၏အမှုကို ဆောင်ရွက်ပြီးသည်နှင့်၊ နှစ်ပေါင်း ၆၀ဝ၀ ကြာခဲ့သည့် စီမံခန့်ခွဲမှုအလုပ်ပါ ပြီးပြည့်စုံသော အဆုံးသတ်ဆီသို့ ရောက်လာလိမ့်မည်။ နေရာများ အားလုံးထဲမှ အမှောင်မည်းဆုံးနေရာ၌ရှိသောသူတို့ကို သိမ်းပိုက်ပြီးသည်နှင့် အခြားနေရာတိုင်းတွင် အလားတူဖြစ်လာမည်မှာ ပြောစရာမလိုတော့ပေ။ သို့ဖြစ်၍ တရုတ်နိုင်ငံရှိ သိမ်းပိုက်ခြင်းအလုပ်ကသာလျှင် အဓိပ္ပာယ်ပြည့်ဝသည့် သင်္ကေတဖြင့်သရုပ်ဖော်မှု ပါရှိသည်။ တရုတ်နိုင်ငံသည် အမှောင်စွမ်းအားများအားလုံးကို ပုံဖော်နေပြီး တရုတ်နိုင်ငံမှ လူတို့သည် ဇာတိပကတိ၊ စာတန်နှင့် အသွေးအသားနှင့်စပ်ဆိုင်သောသူများအားလုံးကို ကိုယ်စားပြုသည်။ တရုတ်ပြည်သူတို့သည် အဆင်းနီသော နဂါးကြီး၏ အများဆုံး ဖောက်ပြန်ဖျက်ဆီးခြင်းကို ခံရသောသူများ၊ ဘုရားသခင့်အပေါ် အပြင်းထန်ဆုံးသောဆန့်ကျင်မှု ပြုသူများဖြစ်ပြီး သူတို့၏ လူ့သဘာဝမှာ အနိမ့်ကျဆုံးနှင့် မသန့်စင်ဆုံး ဖြစ်သောကြောင့် သူတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံး၏ပုံစံ ဖြစ်သည်။ ထိုသို့ပြောလိုက်၍ အခြားနိုင်ငံများ၌ ပြဿနာများ လုံးဝမရှိဟု မဆိုလိုပါ၊ လူသား၏ အယူအဆများမှာ အားလုံးအတူတူပင်ဖြစ်သည်၊ ဤနိုင်ငံများမှ လူများသည် အစွမ်းအစကောင်းရှိသူများ ဖြစ်ကောင်းဖြစ်နိုင်ကြသော်လည်း သူတို့သည် ဘုရားသခင်ကို မသိရှိကြပါက သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်သူများ ဖြစ်ကြရပေမည်။ ဂျူးလူမျိုးများသည်လည်း ဘုရားသခင်ကို ဆန့်ကျင်ဖီဆန်ခဲ့ကြသည်မှာ အဘယ်ကြောင့်နည်း။ ဖာရိရှဲတို့သည်လည်း အဘယ့်ကြောင့် သူ့ကို ဆန့်ကျင်ခဲ့ကြသနည်း။ ယုဒက ယေရှုကို အဘယ့်ကြောင့် သစ္စာဖောက်ခဲ့သနည်း။ ထိုစဉ်တုန်းက တပည့်အများအပြားတို့သည် ယေရှုကို မသိကျွမ်းခဲ့ကြပါ။ ယေရှုသည် အဆုံးစီရင်ခံရပြီး ပြန်လည်ထမြောက်ခဲ့သည့် နောက်မှာပင်လျှင် လူများသည် သူ့ကို မယုံကြည်ခဲ့ကြသေးသည်မှာ အဘယ်ကြောင့်နည်း။ လူသား၏ မနာခံခြင်းမှာ အားလုံးအတူတူပင် မဟုတ်လော။ တရုတ်ပြည်သူတို့ကို သာဓကတစ်ခုအဖြစ် ယူလိုက်ခြင်းမျှသာဖြစ်သည်၊ သူတို့ကို သိမ်းပိုက်ပြီးသည့် အချိန်တွင် သူတို့သည် စံပြပုံစံနှင့် နမူနာဖြစ်လာပြီး အခြားသူများအတွက် ကိုးကားမှီငြမ်းစရာ ဖြစ်လာမည်ဖြစ်သည်။ သင်တို့သည် ငါ့စီမံခန့်ခွဲမှုအစီအစဉ်၏ အဖြည့်တစ်ခု ဖြစ်သည်ဟု အဘယ့်ကြောင့် ငါအစဉ်တစိုက် ပြောလာခဲ့သနည်း။ ဖောက်ပြန်ပျက်စီးခြင်း၊ မစင်ကြယ်ခြင်း၊ မဖြောင့်မတ်ခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းများကို အပြည့်ဝဆုံး ပေါ်လွင်အောင်ပြသပြီး ၎င်းတို့၏ ပုံစံမျိုးစုံထဲတွင် ထုတ်ဖော်ထားသည်မှာ တရုတ်နိုင်ငံ၏ပြည်သူများ အတွင်း၌ဖြစ်သည်။ တစ်ဖက်တွင် သူတို့၏ အစွမ်းအစမှာ နိမ့်ကျနေလျက်၊ အခြားတစ်ဖက်တွင် သူတို့၏ အသက်တာများနှင့် တွေးခေါ်မှုအလေ့အထမှာ ခေတ်နောက်ကျန်ရစ်နေပြီး သူတို့၏ အမူအကျင့်များ၊ လူမှုဝန်းကျင်၊ မွေးဖွားရာမိသားစု၊ အားလုံးတို့မှာ နိမ့်ကျနေလျက် ခေတ်နောက်အကျဆုံး ဖြစ်နေသည်။ သူတို့၏ အဆင့်အတန်းသည်လည်း နိမ့်ကျသည်။ ဤနေရာ၌ အမှုသည် သင်္ကေတသဘောဆောင်ပြီး၊ လက်ရှိစမ်းသပ်ခြင်းအမှုကို အလုံးစုံ ဆောင်ရွက်ပြီးသည့်နောက်တွင် သူ၏ နောက်ဆက်တွဲအလုပ်သည် များစွာ ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။ အလုပ်၏ ဤအဆင့်ကို အပြီးသတ်နိုင်လျှင် နောက်ဆက်တွဲအလုပ်မှာ ပြောစရာလိုအပ်မည်မဟုတ်ပါ။ အလုပ်၏ ဤအဆင့်ကို ပြီးဆုံးအောင် ဆောင်ရွက်ပြီးသည်နှင့် ကြီးမားသောအောင်မြင်မှုကို အပြည့်အဝ ရယူနိုင်လျက် စကြဝဠာတစ်ခုလုံးရှိ သိမ်းပိုက်ခြင်းအလုပ်သည် ပြီးပြည့်စုံသော အဆုံးသတ်ဆီသို့ ရောက်ရှိလာပါလိမ့်မည်။ အမှန်အားဖြင့် သင်တို့အကြားရှိအမှုမှာ အောင်မြင်သည်နှင့် ယင်းသည် စကြာဝဠတစ်ခုလုံး၌ အောင်မြင်သည့်သဘောပင် ဖြစ်ပါလိမ့်မည်။ ဤသည်မှာ ငါသည် သင်တို့ကို စံပြပုံစံနှင့် နမူနာအဖြစ် ဆောင်ရွက်စေခြင်းအကြာင်းရင်း၏ အရေးပါမှုပင်ဖြစ်သည်။ ဤလူများအထဲ၌ ပုန်ကန်မှု၊ ဆန့်ကျင်မှု၊ မစင်ကြယ်ခြင်း၊ မဖြောင့်မတ်ခြင်းအားလုံးတို့ကို မြင်တွေ့ရပြီး၊ လူသားမျိုးနွယ်၏ ပုန်ကန်လိုစိတ်ရှိသမျှကို သူတို့အထဲတွင် ကိုယ်စားပြုထားလေသည်။ သူတို့သည် အမှန်ပင် အရေးပါသည့်အရာဖြစ်သည်။ ဤအကြောင်းကြောင့် သူတို့ကို့ သိမ်းပိုက်ခြင်း၏ နမူနာအဖြစ် စံပြုထားလေရာ၊ သူတို့ကို သိမ်းပိုက်လိုက်သည်နှင့် သူတို့သည် အခြားသောသူများအတွက် သဘာဝအလျောက် စံပြနမူနာ ဖြစ်လာလိမ့်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)” မှ

၆။ ဣသရေလ နိုင်ငံ၌ လုပ်ကိုင်ခဲ့သည့် ပထမအဆင့်ထက် ပိုပြီး အရေးပါသည်ဟူ၍ ဘာတစ်ခုမျှ မရှိခဲ့ပါ၊ ဣသရေလ လူမျိုးများသည် လူသားများ အားလုံးအနက် အသန့်ရှင်းဆုံးနှင့် ဖောက်ပြန်ပျက်စီးမှု အနည်းဆုံး ဖြစ်ခဲ့ကြ၍ ထိုတိုင်းပြည်မှာ စတင်ခဲ့သည့် အရုဏ်တက်မှု အသစ်မှာ အရေးတကာ့ အရေးပါဆုံး ဖြစ်ခဲ့သည်။ လူသား၏ ဘိုးဘေးများသည် ဣသရေလမှ ဆင်းသက်လာခဲ့ကြသည်ဟု ပြောဆိုနိုင်ပြီး၊ ဣသရေလသည် ဘုရားသခင်၏ အမှု စတင်မွေးဖွားရာ နေရာလည်း ဖြစ်ခဲ့သည်ဟု ပြောဆိုနိုင်သည်။ အစပိုင်းတွင် ယင်းလူမျိုးများသည် အသန့်ရှင်းဆုံး ဖြစ်ခဲ့ကြပြီး သူတို့ အားလုံးသည် ယေဟောဝါကို ကိုးကွယ်ခဲ့ကြလျက် ဘုရားသခင်၏ အမှုသည် သူတို့အကြားမှာ အကြီးမားဆုံးသော ရလဒ်များကို ဖြစ်ထွန်းစေနိုင်ခဲ့သည်။ သမ္မာကျမ်း တစ်စောင်လုံးသည် ခေတ်နှစ်ခေတ်၏ အလုပ်ကို မှတ်တမ်းတင်ထားရာ၊ တစ်ခုမှာ ပညတ်တရားခေတ်နှင့် နောက်တစ်ခုမှာ ကျေးဇူးတော်ခေတ် ဖြစ်သည်။ ဓမ္မဟောင်းကျမ်းက ဣသရေလ ပြည်သူများအတွက် ယေဟောဝါ၏ နှုတ်ကပတ်တော်များနှင့် ဣသရေလ နိုင်ငံတွင်းက သူ၏ လုပ်ဆောင်ချက်များကို မှတ်တမ်း တင်လျက်၊ ဓမ္မသစ်ကျမ်းက ယုဒနယ်ထဲက ယေရှု၏ လုပ်ဆောင်ချက်ကို မှတ်တမ်းတင်ထားသည်။ သို့ရာတွင် သမ္မာကျမ်းစာထဲ၌ တရုတ်အမည်များ တစ်ခုမျှ မပါခြင်းမှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် အမှု၏ ပထမအပိုင်းနှစ်ပိုင်းတို့ကို ဣသရေလနိုင်ငံမှာ လုပ်ဆောင်ခဲ့ပြီး ဣသရေလ ပြည်သူတို့သည် ရွေးချယ်ခြင်းခံရသည့် လူမျိုးများ ဖြစ်ခဲ့ကြကာ ယေဟောဝါ၏ အမှုကို လက်ခံခဲ့ကြသည့် ပထမဦးဆုံး လူမျိုးများ ဖြစ်ခဲ့ကြ၍ပင် ဖြစ်သည်။ သူတို့သည် လူသားအားလုံးတို့ထဲမှ ဖောက်ပြန်ပျက်စီးမှု အနည်းဆုံးသူများ ဖြစ်ခဲ့ကြပြီး၊ အစပိုင်းတွင် သူတို့သည် ဘုရားသခင်ကို ကြည်ညိုလိုသူများ၊ ဘုရားသခင်ကို ရိုသေလေးမြတ်လိုသူများ ဖြစ်ခဲ့ကြသည်။ သူတို့သည် ယေဟောဝါ၏ နှုတ်ကပတ်တော်များကို နာခံခဲ့ကြသည်၊ ဗိမာန်တော်တွင် အမြဲတမ်း အစေခံခဲ့ကြလျက် ယဇ်ပုရောဟိတ်များ၏ ဝတ်ရုံများ သို့မဟုတ် သရဖူများကို ဆင်ယင်ခဲ့ကြသည်။ သူတို့သည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခဲ့ကြသည့် ပထမဦးဆုံးသော လူမျိုးများ ဖြစ်ခဲ့ကြပြီး ဘုရားသခင်၏ လုပ်ဆောင်ချက်ကို ခံစားခဲ့ရသည့် အစောဆုံး လူမျိုးများလည်း ဖြစ်ခဲ့ကြသည်။ ထိုလူများသည် လူသားတစ်ရပ်လုံး၏ နမူနာနှင့် စံပြပုံစံ ဖြစ်ခဲ့ကြသည်။ သူတို့သည် သန့်ရှင်းမှုနှင့် ဖြောင့်မတ်ခြင်း၏ နမူနာနှင့် စံပြပုံစံလည်း ဖြစ်ခဲ့ကြသည်။ ယောဘ၊ အာဗြဟံ၊ လောတ သို့မဟုတ် ပေတရုနှင့် တိမောသေ ကဲ့သို့သော ပုဂ္ဂိုလ်များ အားလုံးမှာ ဣသရေလ လူမျိုးများ ဖြစ်ခဲ့ကြပြီး နမူနာများနှင့် စံပြပုံစံ အားလုံးတို့ အထဲက အသန့်ရှင်းဆုံးသူများ ဖြစ်ခဲ့ကြသည်။ ဣသရေလသည် လူသားမျိုးနွယ်အထဲမှာ ဘုရားသခင်ကို ကိုးကွယ်သည့် အစောဆုံး နိုင်ငံဖြစ်ခဲ့ပြီး ထိုနိုင်ငံမှနေပြီး ထွက်ပေါ်လာခဲ့ကြသည့် ဖြောင့်မတ်သည့် ပုဂ္ဂိုလ်များမှာ မည်သည့်ဒေသထက်မဆို ပိုများခဲ့သည်။ အနာဂတ်တွင် အခြားဒေသများရှိ လူသားတို့ကို ပိုပြီးကောင်းမွန်စွာ စီမံခန့်ခွဲပေးနိုင်ရန်အတွက် ဘုရားသခင်သည် သူတို့အကြားမှာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သူတို့၏ အောင်မြင်မှုများနှင့် ယေဟောဝါကို ကိုးကွယ်ရာတွင် သူတို့၏ ဖြောင့်မတ်ခြင်းကို မှတ်တမ်းတင်ပေးခဲ့ခြင်းဖြင့် ကျေးဇူးတော်ခေတ်ထဲတွင် ဣသရေလ ပြင်ပရှိ လူသားတို့အတွက် နမူနာနှင့် စံပြအဖြစ် အစေခံနိုင်ရန်ဖြစ်ပြီး၊ သူတို့၏ လုပ်ဆောင်ချက်များသည် နှစ်ထောင်ပေါင်းအချို့၏ အလုပ်ကို ယနေ့ အထိကို ထိန်းသိမ်းခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)” မှ

၇။ ကျေးဇူးတော်ခေတ်သည် ယေရှု၏ အမည်နှင့် စတင်ခဲ့သည်။ ယေရှုသည် သူ၏အမှုတော်ကို စတင်ဆောင်ရွက်သောအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှု၏အမည်ကို စတင်၍ သက်သေခံခဲ့ပြီး၊ ယေဟောဝါ၏ အမည်ကို ထပ်မံပြောကြားခြင်း မရှိတော့ပေ။ ယင်းအစား သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှု၏ နာမတော်အောက်တွင် အဓိကအားဖြင့် အလုပ်သစ်ကို လုပ်ဆောင်ခဲ့သည်။ သူ့ကို ယုံကြည်သူများ၏ သက်သေခံချက်သည် ယေရှုခရစ်တော်အတွက် သက်သေခံခြင်းဖြစ်ပြီး၊ သူတို့လုပ်ခဲ့သော အလုပ်သည်လည်း ယေရှုခရစ်တော်အတွက် ဖြစ်သည်။ ဓမ္မဟောင်း ပညတ်တော်ခေတ် အဆုံးသတ်ခြင်း ဆိုသည်မှာ ယေဟောဝါ၏ နာမတော်အောက်တွင် အဓိကထားပြီး လုပ်ဆောင်ခဲ့သော အလုပ်များ အဆုံးသတ်သို့ ရောက်ခြင်းကို ဆိုလိုသည်။ ၎င်းအချိန်မှစတင်၍ ဘုရားသခင်၏ အမည်သည် ယေဟောဝါအဖြစ် ဆက်ရှိ မနေတော့ပေ။ ယင်းအစား သူ့ကို ယေရှုဟုခေါ်ပြီး ဤနေရာမှစတင်၍ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှု၏ နာမတော်အောက်တွင် အဓိကအားဖြင့် အလုပ်စတင်ခဲ့သည်။ ထို့ကြောင့် ယနေ့တွင် လူသည် ယေဟောဝါ၏ နှုတ်ကပတ်တော်များကို စားသောက်ဆဲဖြစ်ပြီး ပညတ်တော်ခေတ်၏ အလုပ်များအတိုင်း အရာရာကို လုပ်ဆာင်နေဆဲဖြစ်ရာ—ဤနေရာရှိ စည်းမျဉ်းများကို သင်သည် မျက်စိမှိတ်လျက် လိုက်နာနေသည် မဟုတ်လော။ သင်သည် အတိတ်တွင် တွယ်ငြိနေခြင်း မဟုတ်သလော။ သင်တို့သည် ယခုအခါတွင် နောက်ဆုံးသောကာလ ရောက်လာပြီကို သိကြသည်။ ယေရှုလာသောအခါ သူ့ကို ယေရှုဟုခေါ်ဆဲ ဖြစ်နိုင်သလော။ ယေဟောဝါသည် ဣသရေလလူမျိုးတို့ကို မေရှိယကြွလာလိမ့်မည်၊ သူလာသည့်အခါ သူ့ကို မေရှိယဟုမခေါ်ဘဲ ယေရှုဟုခေါ်လိမ့်မည်ဟု ပြောခဲ့သည်။ ယေရှုက သူထပ်လာဦးမည်၊ သူသည် ကိုယ်တော်ထွက်ခွာသွားသည်ကဲ့သို့ ရောက်ရှိလာလိမ့်မည်ဟု ပြောခဲ့သည်။ ယင်းတို့မှာ ယေရှု၏ နှုတ်ကပတ်တော်များ ဖြစ်ခဲ့သော်လည်း သင်သည် ယေရှုထွက်ခွာသွားသည့် လမ်းကို မြင်ခဲ့ပါသလော။ ယေရှုသည် ဖြူသောမိုးတိမ်ကို စီးလျက် ထွက်ခွာခဲ့သော်လည်း သူသည် သူကိုယ်တိုင် လူအများကြား ဖြူသော မိုးတိမ်ပေါ်တွင် ပြန်လာလိမ့်မည်မှာ ဖြစ်နိုင်သလော။ ထိုသို့ဖြစ်ခဲ့ပါက ကိုယ်တော့်ကို ယေရှုဟုခေါ်ဆဲ ဖြစ်လိမ့်မည် မဟုတ်လော။ ယေရှု တဖန်ပြန်လာသောအခါ ခေတ်သည် ပြောင်းနေပြီး ဖြစ်လိမ့်မည်ဖြစ်ရာ သူ့ကို ယေရှုဟု ခေါ်ဦးမည်လော။ ဘုရားသခင်ကို ယေရှုအမည်ဖြင့်သာ သိခဲ့ခြင်း ဖြစ်ပါသလော။ ခေတ်သစ်တွင် သူသည် အမည်သစ်ဖြင့် အခေါ်ခံရခြင်း မဖြစ်နိုင်ဘူးလော။ လူပုဂ္ဂိုလ် တစ်ဦး၏ ရုပ်လွှာနှင့် တစ်ခုတည်းသော အမည်သည် ဘုရားသခင်ကို လုံးလုံးလျားလျား ကိုယ်စားပြုနိုင်ပါသလော။ ခေတ်တစ်ခုစီတိုင်းတွင်၊ ဘုရားသခင်သည် အလုပ်သစ်ကို လုပ်ဆောင်ပြီး အမည်သစ် ခေါ်ဆိုခံရသည်။ မတူသောခေတ်များတွင် တူညီသော အလုပ်ကို သူ့အနေဖြင့် မည်သို့လျှင် လုပ်နိုင်မည်နည်း။ အဘယ်သို့လျှင် အဟောင်းကို သူတွယ်ဖက်ထားနိုင်မည်နည်း။ ယေရှုအမည်နာမကို ရွေးနုတ်ခြင်းအလုပ် လုပ်ရန်အတွက် ယူထားခြင်းဖြစ်ရာ၊ နောက်ဆုံးသောကာလတွင် သူပြန်လည်ကြွလာသောအခါ ထိုအမည်ကိုပင် ခေါ်နေဆဲဖြစ်မည်လော။ သူသည် ရွေးနုတ်ခြင်းအလုပ်ကို လုပ်နေဆဲ ဖြစ်မည်လော။ ယေဟောဝါနှင့် ယေရှုသည် တစ်လုံးတစ်ဝတည်းဖြစ်သော်လည်း မတူညီသောခေတ်များတွင် မတူညီသောနာမတော်များဖြင့် ခေါ်ဆိုခံရခြင်းမှာ အဘယ်ကြောင့်နည်း။ ယင်းသို့ ခေါ်ဆိုခံရခြင်းမှာ သူတို့အလုပ်၏ခေတ်များသည် မတူညီခြင်းကြောင့် မဟုတ်သလော။ အမည်တစ်ခုတည်းက ဘုရားသခင်ကို လုံးလုံးလျားလျား ကိုယ်စားပြုနိုင်သလော။ ထိုသို့ဖြစ်သောကြောင့် ဘုရားသခင်ကို မတူညီသော ခေတ်တစ်ခေတ်တွင် မတူသော အမည်တစ်ခုဖြင့် ခေါ်ဆိုရလိမ့်မည်ဖြစ်ပြီး၊ ခေတ်ကို ပြောင်းလဲရန်နှင့် ကိုယ်စားပြုရန် အမည်နာမကို အသုံးပြုရမည်။ အကြောင်းမှာ မည်သည့်အမည်တစ်ခုကမျှ ဘုရားသခင်ကိုယ်တော်တိုင်ကို အပြည့်အဝ ကိုယ်စားမပြုနိုင်သောကြောင့်ဖြစ်ပြီး အမည်တစ်ခုချင်းသည် သက်ဆိုင်ရာခေတ်တွင် ဘုရားသခင် စိတ်သဘောထား၏ ယာယီရှုထောင့်ကိုသာလျှင် ကိုယ်စားပြုနိုင်သောကြောင့် ဖြစ်သည်။ ယင်းအမည် လုပ်ရမည့်အလုပ် အားလုံးမှာ သူ၏အလုပ်ကို ကိုယ်စားပြုရန်ဖြစ်သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ခေတ်တစ်ခုလုံးကို ကိုယ်စားပြုရန် သူ၏စိတ်သဘောထားနှင့် လိုက်လျောညီထွေရှိစေမည့် မည်သည့်နာမတော်ကိုမဆို ရွေးချယ်နိုင်သည်။ ယေဟောဝါ၏ခေတ် ဖြစ်သည်ဖြစ်စေ၊ သို့မဟုတ် ယေရှု၏ခေတ် ဖြစ်သည်ဖြစ်စေ၊ ခေတ်တစ်ခုချင်းသည် အမည်နာမတစ်ခုဖြင့် ကိုယ်စားပြုခြင်းခံရသည်။ ကျေးဇူးတော်ခေတ်အဆုံးတွင်၊ နောက်ဆုံးသောခေတ် ရောက်လာခဲ့ပြီး ယေရှုသည် လာရောက်ခဲ့ပြီးဖြစ်သည်။ သူ့ကို မည်သို့လျှင် ယေရှုဟု ဆက်ခေါ်မည်နည်း။ သူ့အနေဖြင့် မည်သို့လျှင် လူများအကြားတွင် ယေရှု၏ ပုံသဏ္ဌာန်ကို ယူနိုင်မည်နည်း။ ယေရှုသည် နာဇရက်လူတစ်ဦး၏ ပုံရိပ်ထက် မပိုသည်ကို သင်မေ့သွားပြီလော။ ယေရှုသည် လူသားမျိုးနွယ်၏ ရွေးနုတ်သူသာ ဖြစ်သည်ဆိုသည်ကို သင်မေ့သွားပြီလော။ နောက်ဆုံးသော ကာလတွင် သူသည် အဘယ်သို့လျှင် သိမ်းပိုက်ခြင်းနှင့် လူကိုစုံလင်ခြင်းသို့ ရောက်စေခြင်း အလုပ်ကို လုပ်နိုင် မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

၈။ ကမ္ဘာမြေကြီးသို့ ဘုရားသခင်လာသည့်အခါတိုင်း သူ၏ နာမတော်၊ သူ၏ လိင်သဘာဝ၊ သူ၏ပုံသဏ္ဌာန်နှင့် သူ၏ အလုပ်တို့ကို ပြောင်းလဲသည်၊ သူသည်သူ၏ အလုပ်ကို ထပ်ကာ ထပ်ကာ မလုပ်။ သူသည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ ဟောင်းနွမ်းခြင်းမရှိသော ဘုရားသခင် ဖြစ်သည်။ ယခင်က ကိုယ်တော်လာသည့်အခါ သူ့ကို ယေရှုဟု ခေါ်သည်၊ ဤတစ်ကြိမ် သူလာသည့်အခါ သူ့ကိုယေရှုဟု ဆက်ခေါ်နေဆဲ ဖြစ်မည်လော။ ယခင်က သူလာသောအခါ သူသည် ယောကျာ်းဖြစ်သည်၊ ဤတစ်ကြိမ်တွင်လည်း သူသည် ယောကျာ်း ဖြစ်နိုင်ပါသလော။ ကျေးဇူးတော်ခေတ်အတွင်း လာစဉ်က သူ၏ အလုပ်သည် လက်ဝါးကပ်တိုင်တွင် သံမှိုဖြင့် ရိုက်ခံရန် ဖြစ်သည်။ သူနောက်တစ်ကြိမ် လာသည့်အခါ လူသား မျိုးနွယ်ကို အပြစ်မှ ရွေးနုတ်နိုင်ဆဲ ဖြစ်သလော။ သူသည် လက်ဝါးကပ်တိုင်တွင် သံမှိုဖြင့် နောက်တစ်ကြိမ် အရိုက်ခံနိုင်ပါဦးမည်လော။ ယင်းသည် သူ့အလုပ်ကို ထပ်လုပ်ခြင်း ဖြစ်လိမ့်မည် မဟုတ်ပါလော။ ဘုရားသခင် သည် အစဉ်အမြဲ သစ်လွင်ပြီး မည်သည့်အခါမျှ မဟောင်းနွမ်းသည်ကို သင်မသိဘူးလော။ ဘုရားသခင်သည် မပြောင်းလဲနိုင်ဘူး ပြောသူများရှိသည်။ ယင်းမှာ မှန်သော်လည်း ယင်းမှာ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရ မပြောင်းလဲနိုင်ခြင်းကို ဆိုလိုသည်။ ကိုယ်တော်၏ နာမတော်နှင့် အလုပ်ကို ပြောင်းလဲခြင်း သည် သူ၏ အနှစ်သာရ ပြောင်းလဲသွားပြီဟု သက်သေမခံပေ။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်ပြီး ယင်းသည် မည်သည့်အခါမှ မပြောင်းလဲပေ။ အကယ်၍ သင်က ဘုရားသခင် ၏ အလုပ်သည် ပြောင်းလဲခြင်းမရှိဟု ဆိုပါက၊ သူသည် သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်နိုင်စွမ်း ရှိပါမည်လော။ ဘုရားသခင်သည် ထာဝရ ပြောင်းလဲခြင်းမရှိကြောင်း သင်သိသော်လည်း ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ မဟောင်းနွမ်းသည်ကို သင်သိပါသလော။ ဘုရားသခင်၏ အလုပ်သည် မပြောင်းလဲပါက သူသည် လူသားမျိုးနွယ်ကို ယနေ့အချိန်အထိ လမ်း တစ်လျှောက်လုံး ဦးဆောင်နိုင်ခဲ့ပါမည်လော။ ဘုရားသခင်သည် မပြောင်းလဲနိုင်ဟု ဆိုလျှင် ကိုယ်တော်သည် အဘယ်ကြောင့် ခေတ်နှစ်ခေတ်၏ အလုပ်ကို ပြီးစီးအောင် လုပ်ခဲ့နိုင်သနည်း။ သူ၏ အလုပ်သည် ရှေ့သို့ ရွေ့လျားရန် မည်သည့်အခါမျှ ရပ်တန့်ခြင်းမရှိ၊ သူ၏ စိတ်သဘောထားသည် လူသားအား တဖြည်းဖြည်း ဖွင့်လှစ်ပြသနေပြီး ယင်းပြသမှုသည် သူ၏ ပင်ကိုစိတ်သဘောထားဖြစ်သည်ဟု ဆိုရပေမည်။ အစဦးတွင် ဘုရားသခင်၏ စိတ်သဘောထားကို လူသားထံမှ ဖုံးကွယ်ထားခဲ့သည်။ သူသည် လူသားအား သူ၏ စိတ်သဘောထားကို မည်သည့်အခါမျှ ပွင့်လင်းစွာ ထုတ်ဖော်ခဲ့ခြင်းမရှိဘဲ၊ လူသည် သူ့အကြောင်းကို ရိုးရှင်းစွာပင် မသိနားမလည်ခဲ့ပေ။ သို့ဖြစ်သောကြောင့် သူသည် သူ၏ စိတ်သဘောထားကို လူသားကို တဖြည်းဖြည်း ထုတ်ဖော်ပြသရန် သူ၏ အလုပ်ကို အသုံးပြုခဲ့သည်။ သို့သော်လည်း ထိုသို့ လုပ်ဆောင်ခြင်း ကြောင့် ဘုရားသခင်၏ စိတ်သဘောထားသည် ခေတ်တိုင်းတွင် ပြောင်းလဲနေသည်ဟု မဆိုလိုပေ။ ယင်းမှာ သူ၏ အလိုတော်သည် အစဉ်အမြဲ ပြောင်းလဲ နေခြင်းကြောင့် ဘုရားသခင်၏ စိတ်သဘောထားသည် အစဉ်အမြဲ ပြောင်းလဲနေခြင်းဟု မဆိုလိုပေ။ ယင်းအစား သူ့အလုပ်၏ ခေတ်များ မတူညီသောကြောင့် ဘုရားသခင်သည် သူ၏ပင်ကို စိတ်သဘောထားကို လုံးလုံးလျားလျား တစ်ဆင့်ပြီးတဆင့် ယူဆောင်ပြီး ယင်းကို လူသားအား ဖော်ထုတ်ပြသသောကြောင့် လူသားသည် သူ့ကို သိလာနိုင်သည်။ သို့သော်လည်း ယင်းသည် ဘုရားသခင်တွင် မူလက မည်သည့် စိတ်သဘောထားမျှ မရှိ သို့မဟုတ် ခေတ်များ ကျော်ဖြတ် လာသည်နှင့် အမျှ သူ၏ စိတ်သဘောထားသည် တဖြည်းဖြည်း ပြောင်းလဲလာသည်ကို သက်သေပြသည်ဟု မဆိုလိုပေ။ ယင်းသို့နားလည်မှုမှာ မှားယွင်းမှုဖြစ်သည်။ ဘုရားသခင်သည် သူ၏ ပင်ကိုနှင့် သီးခြား စိတ်သဘောထားကို—သူ၏ ဖြစ်ခြင်းကို—လူသားအား ခေတ်များ ကျော်ဖြတ်လာသည်နှင့်အမျှ ထုတ်ဖော် ပြသသည်။ ခေတ်တစ်ခေတ်၏ အလုပ်သည် ဘုရားသခင်၏ စိတ်သဘောထား အလုံးစုံကို ဖော်ပြနိုင်ခြင်း မရှိပေ။ သို့ဖြစ်ရာ နှုတ်ကပတ်တော်ဖြစ်သော “ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ ဟောင်းနွမ်းခြင်းမရှိ” ဆိုသည်မှာ သူ၏ အလုပ်ကို ရည်ညွှန်းပြီး နှုတ်ကပတ်တော်ဖြစ်သော “ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိ” ဆိုသည်မှာ ဘုရားသခင်၏ ပင်ကိုဖြစ်သော အရာအားလုံးနှင့် ဖြစ်ခြင်းကို ရည်ညွှန်းသည်။ မည်သို့ပင်ဖြစ်စေ သင်သည် နှစ်ခြောက်ထောင်အလုပ်ကို နေရာတစ်ခုအပေါ်တွင် မပြုလုပ်နိုင် သို့မဟုတ် သေဆုံးနေသော စကားလုံးများဖြင့် ယင်းကို ပုံဖော်ခြင်းမပြုနိုင်ပေ။ ယင်းမှာ လူသား၏ တုံးအမှုဖြစ်သည်။ ဘုရားသခင်သည် လူသား ထင်မြင်သကဲ့သို့ ရိုးရှင်းခြင်း မရှိဘဲ မည်သည့် ခေတ်တစ်ခုတွင်မဆို သူ၏ အလုပ်သည် တရစ်ဝဲဝဲ စွဲကျန်ရစ်ခြင်း မရှိပေ။ ဥပမာအားဖြင့် ယေဟောဝါသည် ဘုရားသခင်၏ နာမတော် အဖြစ် အစဉ်အမြဲ ရပ်တည်မနေနိုင်ပေ။ ဘုရားသခင်သည် ယေရှု နာမတော်အောက်တွင် သူ၏ အလုပ်ကို လုပ်နိုင်သေးသည်။ ယင်းမှာ ဘုရားသခင်၏ အလုပ်သည် အစဉ်အမြဲ ရှေ့သို့ တိုးတက်ခြင်းဖြင့် ရွေ့လျား နေသည့် လက္ခဏာ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

၉။ ဘုရားသခင်သည် အမြဲတမ်း ဘုရားသခင်ဖြစ်ပြီး၊ မည်သည့်အခါမျှ စာတန်မဖြစ်လာပါ။ စာတန် သည် အစဉ်အမြဲ စာတန်ဖြစ်ပြီး မည်သည့်အခါမျှ ဘုရားသခင် ဖြစ်မလာပါ။ ဘုရားသခင်၏ ဉာဏ်ပညာ၊ ဘုရားသခင်၏ အံ့သြဖွယ်ရာများ၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်၏ ဘုန်းအာနုဘော်သည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သူ၏ အနှစ်သာရ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သို့သော်လည်း သူသည် အစဉ် အသစ်ဖြစ်ပြီး မည်သည့်အခါမျှ ဟောင်းအိုခြင်း မရှိသည့်အတွက်၊ သူ၏ အလုပ်သည် အစဉ် တိုးတက်ကာ ရှေ့သို့ သွားနေပြီး အစဉ်အမြဲ ပိုမို နက်ရှိုင်းနေသည်။ ခေတ်တိုင်းတွင် ဘုရားသခင်သည် နာမတော် အသစ်ကို ရယူသည်၊ ခေတ်တိုင်းတွင် သူသည် အလုပ်အသစ်ကို လုပ်ဆောင်ပြီး၊ ခေတ်တိုင်းတွင် သူသည် သူဖန်ဆင်းသော သတ္တဝါများကို သူ၏ အလိုတော် အသစ်နှင့် စိတ်သဘောထား အသစ်ကို မြင်စေသည်။ အကယ်၍ ခေတ်သစ်တွင် လူများသည် ဘုရားသခင်၏ စိတ်သဘောထားအသစ် ဖော်ပြချက်ကို မြင်နိုင်ရန် ပျက်ကွက်ပါက၊ သူတို့သည် သူ့ကို လက်ဝါးကပ်တိုင်တွင် သံမှိုဖြင့် တစ်သက်လုံး ရိုက်ကြလိမ့်မည် မဟုတ်ပါလော။ ထိုသို့ ပြုလုပ်ခြင်းကြောင့် သူတို့ ဘုရားသခင်ကို အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည် မဟုတ်ပါလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

၁၀။ သို့ဖြစ်ရာ ထိုခေတ် အလုပ်များကို နောက်ဆုံး သော ကာလတွင် အဘယ်ကြောင့် လုပ်ရန် လိုအပ်ဦးမည်နည်း။ ထိုအလုပ်များ ပြန်လုပ်ခြင်းသည် ယေရှု၏ အလုပ်ကို ငြင်းပယ်ရာ မရောက်ပေဘူးလော။ ဤခေတ်တွင် သူလာသောအခါ ဘုရားသခင်သည် လက်ဝါး ကပ်တိုင်တွင် အသေခံခြင်းအလုပ်ကို မလုပ်ခဲ့ဘဲ၊ သနားကြင်နာမှုနှင့် ချစ်ခြင်းမေတ္တာကိုသာ ဆက်လက် ထားရှိခဲ့ပါက သူသည် ခေတ်ကို အဆုံးသတ်ရန် တတ်နိုင်ပါမည်လော။ ချစ်မြတ်နိုးတတ်သော ကြင်နာ သနားတတ်သော ဘုရားသခင်သည် ခေတ်ကို အဆုံးသတ်နိုင်ပါမည်လော။ ခေတ်ကိုအဆုံးသတ်သော သူ၏နောက်ဆုံးအလုပ်တွင် ဘုရားသခင်၏ စိတ်သဘောထားသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း စိတ်သဘောထားဖြစ်ပြီး၊ ယင်းတွင် လူအားလုံးကို လူအများရှေ့မှောက်တွင် တရားစီရင်ရန်နှင့် သူ့ကို ရိုးဖြောင့်သော စိတ်နှလုံးဖြင့် ချစ်မြတ်နိုးသောသူများကို စုံလင်အောင်ပြုရန် သူသည် မဖြောင့်မတ်သည့်အရာ အားလုံးကို ဖော်ထုတ်သည်။ ဤသို့သော စိတ်သဘောထားသည်သာလျှင် ခေတ်ကို အဆုံးသတ်စေနိုင်သည်။ နောက်ဆုံးသော ကာလသည် ရောက်ရှိလာပြီ ဖြစ်သည်။ ဖန်ဆင်းထားသော အရာအားလုံးကို သူတို့၏ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး သူတို့၏သဘာဝအပေါ်မူတည်၍ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားလိမ့်မည်။ ယင်းအချိန်သည် ဘုရားသခင်က လူသားမျိုးနွယ်၏ ရလဒ်နှင့် သူတို့၏ ခရီးဆုံးပန်းတိုင်ကို ဖော်ထုတ်သည့် အချိန်ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မခံရပါက သူတို့၏ မနာခံမှုနှင့် မဖြောင့်မတ်မှုများကို ဖော်ထုတ်ရန် နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာလျှင် ဖန်ဆင်းခံအားလုံးအတွက် ရလဒ်များကို ဖော်ထုတ်နိုင်သည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းခံရသော အခါမှသာ သူ၏စရိုက်အမှန်ကို ပြသသည်။ မကောင်းမှုပြုသူများကို မကောင်းသောသူများ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ်အားလုံးသည် သူ့အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခြင်း ခံရလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ဖန်ဆင်းခံအားလုံးအတွက် ရလဒ်များကို ဖော်ထုတ်နိုင်ခြင်းဖြင့် မကောင်းသောသူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရလိမ့်မည်။ ယင်းအလုပ်များအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရမည်။ လူသား၏ ဖောက်ပြန်ခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီး သူ၏ မနာခံခြင်းသည်လည်း အလွန်အကျွံ ဆိုးဝါးလာနေခြင်းကြောင့်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာလျှင်၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကအားဖြင့် ပေါင်းစပ်ထားသော စိတ်သဘောထားသည်သာလျှင်၊ နောက်ဆုံးသောကာလတွင် ဖော်ထုတ်ခြင်းခံရသော စိတ်သဘောထားသည်သာလျှင် လူသားကို အပြည့်အဝ ပြောင်းလဲပြီး စုံလင်စေလိမ့်မည်။ ဤစိတ်သဘောထားသည်သာလျှင် မကောင်းမှု ပြုသူများကို ဖော်ထုတ်နိုင်ပြီး ထိုသို့အားဖြင့် မဖြောင့်မတ်မှုအားလုံးကို ပြင်းထန်စွာ အပြစ်ဒဏ်ပေးနိုင်သည်။ သို့ဖြစ်ရာ ယင်းသို့သော စိတ်သဘောထားသည် ခေတ်ကာလ၏အရေးပါမှုနှင့် ပြည့်ဝနေသည်၊ ထို့ပြင် သူ့စိတ်သဘောထား၏ ဖွင့်ဟချက်နှင့် ဖော်ပြချက်တို့ကို ခေတ်သစ်တစ်ခုစီ၏ အလုပ်အတွက် ပေါ်လွင်ထင်ရှားစေသည်။ ဘုရားသခင်သည် သူ၏စိတ်သဘောထားကို ရည်ရွယ်ချက်မရှိဘဲ ထင်ရာမြင်ရာ ထုတ်ဖော်ခြင်း မဟုတ်ပေ။ အကယ်၍ နောက်ဆုံးသောကာလအတွင်း လူ၏ရလဒ်ကို ထုတ်ဖော်ရာတွင် ဘုရားသခင်သည် လူသားအပေါ် အဆုံးမဲ့ ကရုဏာနှင့် ချစ်ခြင်းမေတ္တာတို့ကို ချပေးသနားပြီး သူ့ကို ဆက်လက်ချစ်မြတ်နိုးကာ ဖြောင့်မတ်သော တရားစီရင်မှုကို မခံရစေဘဲ သည်းခံခြင်း၊ စိတ်ရှည်ခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ကို လူသားအားပြသပေးကာ သူ၏အပြစ် မည်မျှကြီးမားသည်ဖြစ်စေ ဖြောင့်မတ်သော တရားစီရင်မှုကို မြူမှုန်မျှ မရှိစေဘဲ လူသားကို အပြစ်လွှတ်ပေးမည်ဆိုပါက ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံးသည် မည်သည့်အချိန်တွင်မှ အဆုံးသတ်လိမ့်မည်နည်း။ ဤသို့သော စိတ်သဘောထားသည် လူသားမျိုးနွယ်ကို သင့်လျော်သော ခရီးပန်းတိုင်သို့ မည်သည့်အချိန်တွင်မှ ပို့ဆောင်ပေးမည်နည်း။ အစဉ်အမြဲ ချစ်ခင်တတ်သော တရားသူကြီး၊ ကြင်နာသော မျက်နှာနှင့် နူးညံ့သော နှလုံးသားရှိသည့် တရားသူကြီးတစ်ဦးကို ဥပမာကြည့်ပါ။ သူသည် လူတို့ကျူးလွန်ခဲ့သော ပြစ်မှုများ မည်သို့ပင်ရှိသည်ဖြစ်စေ သူတို့ကို ချစ်မြတ်နိုးပြီး သူတို့ မည်သူပင်ဖြစ်စေကာမူ သူသည် သူတို့ကို ချစ်ခင်မြတ်နိုးပြီး သည်းခံခွင့်လွှတ်သည် ဆိုပါစို့။ ထိုသို့ဆိုလျှင် သူသည် မျှတသော တရားစီရင်ချက်ကို မည်သည့်အခါတွင်မှ ချမှတ်နိုင်မည်နည်း။ နောက်ဆုံးသောကာလအတွင်း ဖြောင့်မတ်သော တရားစီရင်မှုသည်သာလျှင် လူသားကို သူတို့၏ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး နယ်ပယ်သစ်သို့ ယူဆောင်နိုင်လိမ့်မည်။ ထိုနည်းအားဖြင့် ခေတ်တစ်ခုလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၏ စိတ်သဘောထားမှတစ်ဆင့် အဆုံးသို့ ရောက်ရှိလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

၁၁။ သူ၏ စီမံခန့်ခွဲမှု အလုံးစုံ တစ်လျှောက်တွင် ဘုရားသခင်၏ အလုပ်သည် စုံလင်ရှင်းလင်းသည်။ ကျေးဇူးတော် ခေတ်သည် ကျေးဇူးတော် ခေတ်ဖြစ်ပြီး၊ နောက်ဆုံးသော ကာလသည် နောက်ဆုံးသော ကာလ ဖြစ်သည်။ ခေတ်တစ်ခုချင်းစီအတွင်း သိသာသော ခြားနားမှုများ ရှိသည်၊ အကြောင်းမှာ ထိုခေတ်တစ်ခုချင်းစီ အတွက် ဘုရားသခင်၏ လုပ်ဆောင်မှုမှာ ထိုခေတ်ကို ကိုယ်စားပြုသောကြောင့် ဖြစ်သည်။ နောက်ဆုံးသော ကာလ၏ အလုပ်ပြီးမြောက်စေရန်အတွက်၊ ထိုခေတ်ကို အဆုံးသတ်စေရန် လောင်ကျွမ်းမှု၊ တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှု၊ ဒေါသအမျက်နှင့် ဖျက်စီးမှုများ ရှိရမည် ဖြစ်သည်။ နောက်ဆုံးသော ကာလ ဆိုသည်မှာ နောက်ဆုံးခေတ်ကို ရည်ညွှန်းသည်။ နောက်ဆုံးခေတ် အတွင်းတွင်၊ ဘုရားသခင်သည် ခေတ်ကို အဆုံး သတ်ရန် မလုပ်ဘဲ ရှိလိမ့်မည်လော။ ခေတ်ကို အဆုံးသတ်ရန် ဘုရားသခင်သည် ပြစ်တင်ဆုံးမမှုနှင့် တရား စီရင်မှုများကို သူနှင့်အတူ ယူဆောင်ရမည်။ ထိုနည်းအားဖြင့်သာ သူသည် ခေတ်ကို အဆုံးသတ်နိုင်သည်။ ယေရှု၏ ရည်ရွယ်ချက်မှာ လူသား ဆက်လက်ရှင်သန်စေရန်၊ ဆက်လက် နေထိုင်ရန်နှင့် ပိုမိုကောင်းမွန်သော နည်းလမ်းဖြင့် ဆက်လက်တည်ရှိစေနိုင်ရန် ဖြစ်ခဲ့သည်။ လူသားမှ ဆင်းသက်လာသူများကို ဆိုးယုတ်မှုသို့ သွားခြင်းအား ရပ်တန့်ရန်နှင့် မရဏနိုင်ငံနှင့် ငရဲတွင် ဆက်လက်မနေစေရန် သူသည် လူကို အပြစ်မှ ကယ်တင် ခဲ့ပြီး၊ လူအား မရဏနိုင်ငံနှင့် ငရဲတို့မှ ကယ်တင်ခြင်းအားဖြင့် သူသည် လူကို ဆက်လက် ရှင်သန်နေထိုင်ရန် အခွင့်ပေးခဲ့သည်။ ယခုအခါ နောက်ဆုံးသော ကာလသည် ဆိုက်ရောက်လာခဲ့ပြီ။ သူသည် လူကို ချေမှုန်းပြီး လူသားမျိုးနွယ်ကို လုံးဝ ဖျက်ဆီးလိမ့်မည်။ ဆိုလိုသည်မှာ သူသည် လူသားမျိုးနွယ်၏ ပုန်ကန်မှုကို အသွင် ပြောင်းလိမ့်မည်။ ထိုအကြောင်းရင်းအတွက် အတိတ်က ကြင်နာသနားမှုနှင့် ချစ်မြတ်နိုးခြင်း စိတ်သဘော ထား အားဖြင့် ဘုရားသခင်သည် ခေတ်ကို အဆုံးသတ်ရန် သို့မဟုတ် သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်အား ဆောင်ယူလာမှုကို အကောင်အထည်ဖော်ရန်အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ခေတ် တိုင်းသည် ဘုရားသခင်၏ စိတ်သဘောထားအား အထူးကိုယ်စားပြုမှုကို ဖော်ဆောင်ပြီး၊ ခေတ်တိုင်းတွင် ဘုရားသခင် လုပ်ဆောင်ရန် လိုသော အလုပ် ပါဝင်သည်။ ထို့ကြောင့် ခေတ်တစ်ခုချင်းတွင် ဘုရားသခင် ကိုယ်တော်တိုင် လုပ်ဆောင်သော အလုပ်တွင် သူ၏ စစ်မှန်သော စိတ်သဘောထားနှင့် ခေတ်တစ်လျှောက် တွင် သူ၏ နာမတော်နှင့် သူလုပ်ဆောင်သော အပြောင်းအလဲ အလုပ်နှစ်ခုလုံးတို့ကို ဖော်ပြချက်များ ပါဝင် သည်။ ယင်းတို့ အားလုံးမှာ အသစ်သော အရာများ ဖြစ်သည်။ ပညတ်တော်ခေတ်အတွင်း လူသားမျိုးနွယ်အား လမ်းညွှန်သောအလုပ်ကို ယေဟောဝါ၏ နာမတော်အောက်တွင် ပြုလုပ်ပြီး၊ အလုပ်၏ပထမအဆင့်ကို ကမ္ဘာမြေကြီးပေါ်တွင် အစပျိုးလုပ်ဆောင်ခဲ့သည်။ ထိုအဆင့်တွင် အလုပ်သည် ဗိမာန်တော်နှင့် ယဇ်ပလ္လင်ဆောက်လုပ်ခြင်း၊ ဣသရေလလူမျိုးတို့ကို လမ်းပြရန်နှင့် သူတို့အလယ်တွင် အလုပ်လုပ်ရန် ပညတ်တော်များ အသုံးပြုခြင်းတို့ ပါဝင်သည်။ ဣသရေလလူမျိုးတို့ကို လမ်းပြခြင်းဖြင့် သူသည် ကမ္ဘာမြေကြီးပေါ်ရှိ သူ၏အလုပ်အတွက် အခြေစိုက်ရာကို ဖော်ဆောင်ခဲ့သည်။ ထိုအခြေစိုက်ရာမှနေ၍ သူသည် သူ၏အလုပ်ကို ဣသရေလပြင်ပသို့ တိုးချဲ့ခဲ့သည်၊ ဣသရေလမှစတင်ပြီး သူသည် သူ၏အလုပ်ကို အပြင်ဖက်သို့ ချဲ့ထွင်ခြင်းအားဖြင့်၊ နောင်လာနောက်သားများကို ယေဟောဝါသည် ဘုရားသခင်ဖြစ်ကြောင်း တဖြည်းဖြည်း သိလာစေပြီး၊ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သူမှာ ယေဟောဝါဖြစ်ကြောင်း၊ သတ္တဝါအားလုံး၏ ဖန်ဆင်းရှင်မှာ ယေဟောဝါဖြစ်ကြောင်း သိလာစေသည်ဟု ပြောရမည်။ ကိုယ်တော်သည် သူ၏အလုပ်ကို ဣသရေလလူတို့မှတစ်ဆင့် သူတို့ကို ကျော်လွန်၍ ပြင်ပသို့ ဖြန့်ကျက်သည်။ ဣသရေလနယ်မြေသည် ကမ္ဘာမြေကြီးပေါ်တွင် ယေဟောဝါအလုပ်၏ ပထမဆုံး သန့်ရှင်းသောနေရာ ဖြစ်ခဲ့ပြီး၊ ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင် ပထမဆုံး သွားရောက် အလုပ်လုပ်သောနေရာမှာ ဣသရေလနယ်မြေအတွင်းဖြစ်သည်။ ယင်းမှာ ပညတ်တော်ခေတ်၏ အလုပ်ဖြစ်သည်။ ကျေးဇူးတော်ခေတ်၏ အလုပ်အတွက်မူ၊ ယေရှုသည် လူကို ကယ်တင်သော ဘုရားသခင်ဖြစ်ခဲ့သည်။ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းများမှာ ကျေးဇူးတော်၊ ချစ်ခြင်း မေတ္တာ၊ သနားကြင်နာခြင်း၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ နှိမ့်ချခြင်း၊ စောင့်ရှောက်ခြင်းနှင့် သဘောထားကြီးခြင်းတို့ဖြစ်ပြီး သူလုပ်ခဲ့သော အလုပ်အများအပြားမှာ လူသားကို ရွေးနုတ်ခြင်းအလို့ငှာ ဖြစ်သည်။ သူ၏ စိတ်သဘောထားအတွက်မူ ယင်းသည် သနားကြင်နာခြင်းနှင့် ချစ်မြတ်နိုးခြင်းအနက်မှ တစ်ခုဖြစ်ပြီး၊ သူသည် သနားကြင်နာတတ်ပြီး ချစ်မြတ်နိုးတတ်သောကြောင့် ဘုရားသခင်သည် သူ့ကိုယ်ကို ချစ်မြတ်နိုးသကဲ့သို့ လူကို ချစ်မြတ်နိုးကြောင်းပြရန် လူသားတို့အတွက် လက်ဝါးကပ်တိုင်တွင် သံမှိုရိုက်ခြင်း ခံရသည်။ သူသည် သူ၏ အလုံးစုံကို ပေးအပ်ခဲ့သည် အထိဖြစ်သည်။ စာတန်က ပြောသည်မှာ “ကိုယ်တော်သည် လူသားကို ချစ်သောကြောင့်၊ ကိုယ်တော်သည် သူ့ကို အလွန်အမင်း အစွန်းရောက်အောင် ချစ်ရမည်။ ကိုယ်တော်သည် လူကို လက်ဝါးကပ်တိုင်မှ၊ အပြစ်မှ၊ ဖယ်ရှားဖို့ရန် လက်ဝါးကပ်တိုင်တွင် သံမှိုဖြင့် ရိုက်ခံရမည်၊ ထို့ပြင် ကိုယ်တော်သည် လူသားအားလုံးအတွက် အလဲအလှယ်အဖြစ် ကိုယ့်ကိုယ်ကိုယ် ပေးလှူရမည်။” စာတန်သည် အောက်ပါ အလောင်းအစားကို လုပ်ခဲ့သည်။ “ကိုယ်တော်သည် ချစ်မြတ်နိုးတတ်ပြီး ကြင်နာသနားတတ်သော ဘုရားသခင် ဖြစ်ရာ၊ ကိုယ်တော်သည် လူသားကို အလွန်အမင်း အဆုံးစွန်အထိ ချစ်ရမည်။ ကိုယ်တော်သည် ကိုယ့်ကိုယ်ကိုယ် လက်ဝါးကပ်တိုင် တင်ခံရသည်အထိ ပေးလှူရမည်။” ယေရှုက ပြန်ပြောသည်မှာ “လူသား အတွက် ဖြစ်နေသမျှ ငါသည် ငါ၏ အရာအားလုံးကို စွန့်လွှတ်ရန် အလိုရှိသည်။” ထို့နောက် သူသည် လက်ဝါး ကပ်တိုင်ပေါ်သို့ အနည်းငယ်မျှ စိုးရွံ့မှုမရှိဘဲ တက်သွားခဲ့ပြီး လူသားအားလုံးကို ရွေးနုတ်တော်မူခဲ့သည်။ ကျေးဇူးတော်ခေတ်အတွင်း ဘုရားသခင်၏ နာမတော်မှာ ယေရှုဖြစ်သည်၊ တစ်နည်းအားဖြင့်ဆိုရလျှင် ဘုရားသခင်သည် လူကို ကယ်တင်ခဲ့သော ဘုရားသခင်ဖြစ်ခဲ့ပြီး၊ သူသည် ကြင်နာသနားတတ်သော၊ ချစ်မြတ်နိုးတတ်သော ဘုရားသခင်ဖြစ်ခဲ့သည်ဟု ပြောရမည်။ ဘုရားသခင်သည် လူနှင့်အတူရှိခဲ့သည်။ သူ၏ချစ်ခြင်းမေတ္တာ၊ သူ၏ကြင်နာသနားခြင်းနှင့် သူ၏ကယ်တင်ခြင်းသည် လူတစ်ဦးချင်းနှင့် လူသားအားလုံးနှင့် တွဲဖက်လျက်ရှိသည်။ ယေရှု၏နာမတော်နှင့် သူ၏မျက်မှောက်တော်ကို လက်ခံခြင်းအားဖြင့်သာ လူသည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကိုရနိုင်သည်၊ သူ၏ကောင်းချီးမင်္ဂလာ၊ သူ၏ကြီးမားများပြားသော ကျေးဇူးတော်များနှင့် သူ၏ကယ်တင်ခြင်းကို ရရှိနိုင်သည်။ ယေရှု၏ လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအားဖြင့်၊ သူ့ကို လိုက်လျှောက်သူ အားလုံးတို့သည် ကယ်တင်ခြင်းကို ရရှိပြီး သူတို့၏ အပြစ်များမှာ လွှတ်ခြင်းခံရသည်။ ကျေးဇူးတော် ခေတ်အတွင်းတွင် ယေရှုသည် ဘုရားသခင်၏ နာမတော်ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုသော်၊ ကျေးဇူးတော်ခေတ်၏ အလုပ် ကို အဓိကအားဖြင့် ယေရှု၏ နာမတော်အောက်တွင် လုပ်ဆောင်သည်။ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင် ကို ယေရှုဟု ခေါ်သည်။ သူသည် ဓမ္မဟောင်း ကျမ်းစာကို ကျော်လွန်သည့် အသစ်သော အလုပ် အဆင့်ကို လုပ်ဆောင်ပြီး သူ၏ အလုပ်သည် လက်ဝါးကပ်တိုင်တွင် အသေခံခြင်းဖြင့် အဆုံးသတ်သည်။ ယင်းသည် သူ့အလုပ်တစ်ခုလုံး ဖြစ်သည်။ သို့ဖြစ်ရာ ပညတ်တော်ခေတ်အတွင်းတွင် ယေဟောဝါသည် ဘုရားသခင်၏ နာမတော်ဖြစ်ပြီး၊ ကျေးဇူးတော်ခေတ်တွင် ယေရှု၏ နာမတော်သည် ဘုရားခင်ကို ကိုယ်စားပြုသည်။ နောက်ဆုံးသော ကာလတွင် သူ၏ နာမတော်မှာ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်—လူကို လမ်းပြရန်၊ လူကို သိမ်းပိုက်ရန်နှင့် လူကို ရရှိရန် သူ၏ စွမ်းအားကို အသုံးပြုသော အနန္တတန်ခိုးရှင် ဖြစ်ပြီး၊ နောက်ဆုံးတွင် ခေတ်ကို အဆုံးသတ်စေသည်။ ခေတ်တိုင်းတွင် သူ့အလုပ်၏ အဆင့်တိုင်းတွင် ဘုရားသခင်၏ စိတ်သဘော ထားသည် ထင်ရှားမြင်သာသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

၁၂။ အစဦးတွင် ဓမ္မဟောင်း ပညတ်တော်ခေတ်အတွင်း လူသားအား လမ်းပြမှုသည် ကလေးငယ်၏ ဘဝကို လမ်းပြသည်နှင့် တူသည်။ အစောဆုံး လူသားမျိုးနွယ်သည် ယေဟောဝါ၏ အသစ်သော မွေးဖွားမှု ဖြစ်သည်။ သူတို့သည် ဣသရေလ လူမျိုးများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို မည်သို့ ရိုသေလေးမြတ် ရန် သို့မဟုတ် ကမ္ဘာမြေကြီးပေါ်တွင် မည်သို့ နေထိုင်ရန် နားလည်ခြင်း မရှိကြပေ။ ပြောရမည်ဆိုလျှင် ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းတော်မူခဲ့သည်။ ဆိုလိုသည်မှာ သူသည် အာဒံနှင့် ဧဝကို ဖန်ဆင်း ခဲ့သည်။ သို့သော်လည်း ယေဟောဝါကို မည်သို့ ရိုသေလေးမြတ်ရမည် သို့မဟုတ် ကမ္ဘာမြေကြီးပေါ်တွင် ယေဟောဝါ၏ ပညတ်တော်များကို မည်သို့ လိုက်နာရမည်ကို နားလည်နိုင်သော ပါရမီကို ကိုယ်တော်သည် သူတို့ကို မပေးခဲ့ပေ။ အစဦးတွင် လူသည် ယင်းသို့သော ပါရမီ ပိုင်ဆိုင်ခြင်းမရှိသည့် အတွက် ယေဟောဝါ၏ တိုက်ရိုက်လမ်းပြမှုမရှိဘဲ မည်သူတစ်ဦးတစ်ယောက်မျှ ဤအရာကို တိုက်ရိုက်မသိနိုင်ပေ။ လူမှာယေဟောဝါ သည် ဘုရားသခင်ဖြစ်သည် ဆိုသည်ကိုသာ သိခဲ့သော်လည်း သူ့ကို မည်သို့ ရိုသေလေးမြတ်ရမည်၊ သူ့ကို ရိုသေလေးမြတ်ခြင်း ဆိုသည်မှာ မည်သို့သော လုပ်ရပ်ကို ခေါ်သည်၊ သူ့ကို ရိုသေလေးမြတ်ရာတွင် မည်သို့ သော စိတ်ထား ထားရှိရမည် သို့မဟုတ် သူ့ကို ရိုသေလေးမြတ်သည့် အနေဖြင့် အဘယ်အရာအား ပေးလှူ ရမည်ကို မသိခဲ့ပေ။ လူသည် လုံးဝသိရှိခြင်း မရှိခဲ့ပေ။ လူသည် ယေဟောဝါ ဖန်ဆင်းသော အရာများ အားလုံး အကြားတွင် ပျော်ပါးနိုင်သော အရာကို မည်သို့ပျော်ပါးရမည်ကိုသာ သိသော်လည်း၊ ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးနှင့် ကမ္ဘာမြေကြီးပေါ်တွင် အဘယ်ကဲ့သို့သော အသက်တာသည် ထိုက်တန်သည် ဆိုခြင်းနှင့် ပတ်သက်၍မူ သူသည် ဘာဆိုဘာမျှပင် မသိခဲ့ချေ။ သူတို့ကို တစ်စုံတစ်ယောက်က ညွှန်ကြားမှုမရှိပါက၊ သူတို့ကို ကိုယ်တိုင်ကိုယ်ကျ တစ်စုံတစ်ယောက်က လမ်းပြခြင်းမရှိပါက၊ ဤလူသားမျိုးနွယ်သည် လူသားမျိုးနွယ်နှင့် မှန်ကန်ကိုက်ညီသော အသက်တာကို မည်သည့်အခါမျှ နေထိုင်နိုင်ခဲ့မည် မဟုတ်ဘဲ စာတန်၏ လျှို့ဝှက်စွာ ဖမ်းဆီးခြင်းကိုသာ ခံခဲ့ရလိမ့်မည်။ ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည်၊ တစ်နည်းအားဖြင့်ဆိုလျှင်၊ သူသည် လူသားမျိုးနွယ်၏ ဘိုးဘေးဘီဘင်ဖြစ်သော အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့သည်၊ သို့သော်လည်း သူသည် သူတို့အပေါ် နောက်ထပ်မည်သည့်ဉာဏ်ပညာ သို့မဟုတ် အသိဉာဏ်ကိုမျှ မပေးခဲ့ပေ။ သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် နေထိုင်နေခဲ့ပြီ ဖြစ်သော်လည်း သူတို့သည် မည်သည့်အရာကိုမျှ နားမလည်ခဲ့ပေ။ သို့ဖြစ်ရာ ယေဟောဝါ၏ လူသားကို ဖန်ဆင်းခြင်း အလုပ်သည် တစ်ဝက်တစ်ပျက်သာ ပြီးဆုံးပြီး ပြည့်စုံရန် ဝေးသေးသည်။ သူသည် ရွှံ့စေးမှ လူ၏ပုံသဏ္ဌာန်ကိုသာ ပုံသွင်းခဲ့ပြီး သူ၏ ဇီဝအသက်ကို မှုတ်သွင်းပေးခဲ့သော်လည်း၊ သူ့ကို ရိုသေလေးမြတ်ရန် လုံလောက်သော အလိုဆန္ဒကို လူအပေါ်တွင် ပေးခဲ့ခြင်း မရှိပေ။ အစဦးတွင် လူ၌ သူ့ကို ရိုသေလေးမြတ်လိုစိတ်၊ သို့မဟုတ် သူ့ကို ကြောက်ရွံ့စိတ် မရှိခဲ့ပေ။ လူသည် သူ၏နှုတ်ကပတ်တော်များကို မည်သို့နားထောင်ရမည်ကိုသာ သိသော်လည်း၊ ကမ္ဘာမြေကြီးပေါ်တွင်ရှိသော အသက်တာအတွက် အခြေခံအသိပညာ မရှိခဲ့ဘဲ လူသားအသက်တာ၏ သင့်လျော်သော စည်းမျဉ်းစည်းကမ်းများကို မသိခဲ့ပေ။ သို့ဖြစ်ရာ ယေဟောဝါသည် လူယောက်ျားနှင့် လူမိန်းမကို ဖန်ဆင်းခဲ့ပြီး၊ ခုနှစ်ရက်စီမံကိန်းကို အပြီးသတ်ခဲ့သော်လည်း၊ လူသားသည် အခွံသာရှိပြီး လူသားဖြစ်မှု၏ အစစ်အမှန်များ ကင်းမဲ့နေခဲ့သောကြောင့် သူသည် လူသားအား ဖန်ဆင်းခြင်းကို မည်သည့်နည်းနှင့်မျှ မပြီးစီးခဲ့ပေ။ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သူမှာ ယေဟောဝါဖြစ်သည် ဆိုခြင်းကိုသာ လူသည် သိခဲ့သော်လည်း၊ ယေဟောဝါ၏ နှုတ်ကပတ်တော်များ သို့မဟုတ် ပညတ်တော်များအား မည်သို့လိုက်နာရမည်ကို အရိပ်အခြေမျှပင် သူမသိခဲ့ပေ။ သို့ဖြစ်ရာ လူသားမျိုးနွယ် တည်ရှိလာပြီးနောက် ယေဟောဝါ၏အလုပ်မှာ ပြီးဆုံးရန် များစွာလိုပေသေးသည်။ လူသားမျိုးနွယ်ကို သူ၏ရှေ့မှောက် ရောက်လာစေရန် သူ့အနေဖြင့် အပြည့်အဝ လမ်းညွှန်ပေးရန် လိုအပ်နေဆဲဖြစ်သည်၊ သို့မှသာ သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် အတူတကွ နေထိုင်နိုင်ပြီး သူ့ကို ရိုသေလေးမြတ်နိုင်မည် ဖြစ်သည်။ ထို့နောက် သူ၏လမ်းညွှန်မှုဖြင့် သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်လူသားဘဝ၏ လမ်းကြောင်းအမှန်ပေါ်သို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။ ဤနည်းလမ်းအားဖြင့်သာလျှင် ယေဟောဝါ၏ နာမတော်အောက်တွင် အဓိကအားဖြင့် လုပ်ဆောင်သော အလုပ်သည် အပြည့်အဝ ပြီးစီးခဲ့သည်၊ ဆိုလိုသည်မှာ ဤနည်းလမ်းအားဖြင့်သာလျှင် ယေဟောဝါ၏ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအလုပ်သည် အပြည့်အဝ အပြီးသတ်ပေသည်။ သို့ဖြစ်ရာ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက်တွင် လူသားမျိုးနွယ်သည် သူ၏အမိန့်များနှင့် ပညတ်တော်များကို လိုက်နာစေရန်နှင့် ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်လူသား အသက်တာ၏ လှုပ်ရှားမှုများအားလုံးတွင် ပါဝင်နိုင်စေရန် သူသည် ကမ္ဘာမြေကြီးပေါ်တွင် လူသားမျိုးနွယ်၏ အသက်တာကို နှစ်ထောင်ပေါင်းအချို့ကြာ လမ်းပြခဲ့ရသည်။ ထိုအချိန်မှသာလျှင် ယေဟောဝါ၏ အလုပ်သည် အပြည့်အစုံ ပြီးမြောက်ခဲ့သည်။ သူသည် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက်တွင် ဤအလုပ်ကို လုပ်ဆောင်ခဲ့ပြီး၊ ယာကုပ်၏ ခေတ်ရောက်သည်အထိ ယင်းကို ဆက်လက်လုပ်ဆောင်ခဲ့သည်၊ ထိုအချိန်တွင် သူသည် ယာကုပ်၏သား တစ်ဆယ့်နှစ်ယောက်ကို ဣသရေလမျိုးနွယ်စု တစ်ဆယ့်နှစ်ခုအဖြစ် ဖြစ်ပေါ်စေခဲ့သည်။ ထိုအချိန်နောက်ပိုင်းတွင် ဣသရေလလူမျိုးအားလုံးတို့သည် ကမ္ဘာမြေကြီးပေါ်တွင် သူ၏တရားဝင်လမ်းပြမှုကို ခံခဲ့ရသည့် လူသားမျိုးနွယ်စု ဖြစ်လာပြီး၊ ဣသရေလသည် သူ၏အလုပ်များကို လုပ်ဆောင်သည့် ကမ္ဘာမြေကြီးပေါ်ရှိ အထူးနေရာ ဖြစ်လာခဲ့သည်။ ထိုသူတို့ကို ယေဟောဝါသည် ကမ္ဘာပေါ်တွင် ပထမဆုံး သူ၏အလုပ်များကို တရားဝင် လုပ်ဆောင်သော လူအုပ်စုဖြစ်လာစေခဲ့ပြီး၊ ဣသရေလနယ်မြေ တစ်ခုလုံးကို သူ့အလုပ်၏ မူလအမှတ်အဖြစ် ပြုလုပ်ခဲ့သည်၊ ပိုမိုကြီးမြတ်သော အလုပ်၏ အစအဦးအဖြစ် သူတို့ကို အသုံးပြုခဲ့ခြင်းအားဖြင့် ကမ္ဘာမြေကြီးပေါ်တွင် သူမှ မွေးဖွားလာသော လူအားလုံးတို့သည် သူကို မည်သို့ရိုသေလေးမြတ်ရမည်နှင့် ကမ္ဘာမြေကြီးပေါ်တွင် မည်သို့နေထိုင်ရမည်ကို သိစေသည်။ သို့ဖြင့် ဣသရေလလူတို့၏ လုပ်ဆောင်ချက်များသည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများမှ လူများက လိုက်လျှောက်ရသော နမူနာဖြစ်လာခဲ့ပြီး၊ ဣသရေလလူများအကြား ပြောကြားချက်တို့သည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများမှ လူများက နားထောင်ရသော စကားလုံးများ ဖြစ်လာခဲ့သည်။ သူတို့သည် ယေဟောဝါ၏ ဥပဒေသများနှင့် ပညတ်တော်များကို ပထမဆုံးရရှိသူများဖြစ်ရာ သူတို့သည် ယေဟောဝါကို ရိုသေလေးမြတ်ရမည့် နည်းလမ်းများကို ပထမဆုံး သိသူများလည်း ဖြစ်ခဲ့သည်။ သူတို့သည် ယေဟောဝါ၏ နည်းလမ်းများကိုသိသော လူသားမျိုးနွယ်စု၏ ဘိုးဘေးဘီဘင်များ ဖြစ်ခဲ့ရုံသာမက ယေဟောဝါက ရွေးချယ်သော လူသားမျိုးနွယ်၏ ကိုယ်စားလှယ်များလည်း ဖြစ်သည်။ ကျေးဇူးတော်ခေတ်သို့ ရောက်သောအခါ ယေဟောဝါသည် လူကို ဤနည်းဖြင့် လမ်းမပြတော့ပေ။ လူသည် အပြစ်ရှိခဲ့ပြီးဖြစ်ပြီး ကိုယ့်ကိုယ်ကို အပြစ်တွင် စွန့်ပစ်ထားသည် ဖြစ်ရာ၊ သူသည် လူကို အပြစ်မှ ကယ်ထုတ် ရန် စတင်လုပ်ဆောင်သည်။ ဤနည်းအားဖြင့် လူသည် အပြစ်မှ သေချာစွာ ဖယ်ရှားပြီးသည်အထိ သူသည် လူကို အပြစ်တင်သည်။ နောက်ဆုံးသောကာလတွင် လူသည် ယင်းကဲ့သို့သော အကျင့်ပျက်ခြင်း အတိုင်းအတာအထိ နစ်မြုပ်နေသည်ဖြစ်ရာ ဤအဆင့်၏ အလုပ်ကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအားဖြင့်သာ လုပ်ဆောင်နိုင်သည်။ ဤနည်းလမ်းအားဖြင့်သာ အလုပ်ပြီးမြောက် အောင်မြင်နိုင်ပေသည်။ ယင်းသည် ခေတ်အချို့၏ အလုပ်ဖြစ်လာခဲ့ပြီး ဖြစ်သည်။ ဘုရားသခင်၏ နာမတော်၊ ဘုရားသခင်၏ အလုပ်နှင့် ဘုရားသခင်၏ ပုံသဏ္ဌာန် အမျိုးမျိုးတို့ကို ခေတ်တစ်ခေတ်မှ တစ်ခေတ်ကို ပိုင်းခြားရန်အတွက်နှင့် ယင်းတို့အကြား အပြောင်းအလဲ လုပ်ရန်အတွက် အသုံးပြုရာတွင် ဘုရားသခင်၏ နာမတော်နှင့် သူ၏ အလုပ်သည် သူ၏ ခေတ်ကို ကိုယ်စားပြုပြီး၊ ခေတ်တိုင်းတွင် သူ၏ အလုပ်ကို ကိုယ်စားပြုသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

၁၃။ “ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်” ဟူသည့် ယေရှု၏နာမတော်သည် ဘုရားသခင်၏ စိတ်သဘောထားတစ်ခုလုံးကို ကိုယ်စားပြုနိုင်သလော။ ယင်းနာမသည် ဘုရားသခင်ကို ရှင်းလင်းစွာ ဖော်ပြနိုင်သလော။ ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့် ဘုရားသခင်ကို ယေရှုဟုသာ ခေါ်ဆိုရမည်ဖြစ်ပြီး အခြားနာမတော်မရှိနိုင်ဟု လူသည်ဆိုလျှင် ယင်းစကားလုံးများသည် ဘုရားသခင်ကို ပြစ်မှားပြောဆိုခြင်း အစစ်အမှန် ဖြစ်လိမ့်မည်။ ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်ဟူသည့် ယေရှုနာမတော်တစ်ခုတည်းသာ သူ၏အလုံးစုံကို ကိုယ်စားပြုနိုင်သည်ဟု သင်ယုံကြည်ပါသလော။ ဘုရားသခင်ကို နာမတော် အများအပြားဖြင့် ခေါ်ဆိုနိုင်သော်လည်း ယင်းနာမတော်များအကြားတွင် ဘုရားသခင်၏ အလုံးစုံကို အချုပ်အားဖြင့် ဖော်ပြနိုင်သောနာမ တစ်ခုမျှမရှိပေ၊ ဘုရားသခင်ကို အပြည့်အဝ ကိုယ်စားပြုနိုင်သောနာမ တစ်ခုမျှ မရှိပေ။ သို့ဖြစ်သောကြောင့် ဘုရားသခင်တွင် နာမတော် အများအပြားရှိသော်လည်း၊ ဘုရားသခင်၏ စိတ်သဘောထားမှာ ကြွယ်ဝလွန်းကာ သူ့ကိုနားလည်နိုင်သော လူသား၏ သိခြင်းစွမ်းရည်ကို ကျော်လွန်နေသောကြောင့် ယင်းနာမတော် အများအပြားသည် ဘုရားသခင်၏ စိတ်သဘောထားကို အပြည့်အဝ ရှင်းလင်စွာ ဖော်ပြနိုင်ခြင်း မရှိပေ။ လူသားမျိုးနွယ်၏ ဘာသာစကားကို အသုံးပြုပြီး ဘုရားသခင်ကို အပြည့်အဝ အချုပ်အားဖြင့် ဖော်ပြနိုင်ရန် လူသားတွင် နည်းလမ်း မရှိပေ။ လူသားမျိုးနွယ်တို့တွင် ဘုရားသခင်၏ စိတ်သဘောထားနှင့်ပတ်သက်၍ သူတို့သိသမျှကို အချုပ်အားဖြင့် ဖော်ပြနိုင်ရန် ကြီးမြတ်သော၊ ဂုဏ်ရှိသော၊ အံ့သြဖွယ်ဖြစ်သော၊ ဉာဏ်မမီနိုင်သော၊ မြင့်မြတ်သော၊ သန့်ရှင်းသော၊ ဖြောင့်မတ်သော၊ ဉာဏ်ပညာရှိသော၊ စသဖြင့်၊ အကန့်အသတ်ရှိသော ဝေါဟာရများသာ ရှိသည်။ စကားလုံးများ များပြားလှသည်။ ယင်းအကန့်အသတ်ရှိသော ဝေါဟာရသည် လူက မျက်မြင်တွေ့ခဲ့သော ဘုရားသခင်၏ စိတ်သဘောထား အနည်းငယ်ကို ဖော်ပြရန် မဖြစ်နိုင်ပေ။ အချိန်ကြာလာသည်နှင့်အမျှ အခြားသူ အများအပြားကလည်း သူတို့၏ စိတ်နှလုံးများတွင် ပြင်းပြလာမှုကို ပိုမိုဖော်ပြနိုင်ရန် စကားလုံးများကို ဖြည့်စွက်ခဲ့ကြသည်။ ဘုရားသခင်သည် ကြီးမြတ်လွန်းသည်။ ဘုရားသခင်သည် အလွန်သန့်ရှင်းသည်။ ဘုရားသခင်သည် အလွန်အမင်း ချစ်မြတ်နိုးဖွယ်ဖြစ်သည်။ ယနေ့တွင် လူသား၏ ထိုကဲ့သို့သော ပြောဆိုမှုများသည် သူတို့၏ အဆုံးစွန်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သော်လည်း လူသားသည် သူတို့ကိုယ်တိုင်ကိုပင် ရှင်းလင်းစွာ ဖော်ပြနိုင်စွမ်း မရှိသေးပေ။ သို့ဖြစ်ရာ လူအတွက် ဘုရားသခင်တွင် နာမတော်အများအပြား ရှိနေသော်လည်း ဘုရားသခင်၌မူ အမည်တစ်ခုမျှ မရှိပေ၊ ယင်းမှာ ဘုရားသခင်၏ ဖြစ်တည်မှုသည် ကြွယ်ဝလွန်းလှပြီး လူသား၏ ဘာသာစကားမှာ မွဲတေလွန်းလှသောကြောင့် ဖြစ်သည်။ စကားလုံးတစ်လုံး၊ သို့မဟုတ် နာမတော်တစ်ပါးသည် ဘုရားသခင်၏ အလုံးစုံကို ကိုယ်စားပြုနိုင်သည့် စွမ်းရည် မရှိပေ၊ ထို့ကြောင့် သူ၏နာမတော်ကို တသမတ်တည်းထား၍ ဖြစ်နိုင်မည်ဟု သင်ထင်ပါသလော။ ဘုရားသခင်သည် ကြီးမြတ်လွန်းပြီး သန့်ရှင်းလွန်းလှသော်လည်း သင်သည် ခေတ်သစ် တစ်ခုချင်းအတွက် သူ၏နာမတော်ကို ပြောင်းလဲရန် ခွင့်မပြုလိုသလော။ သို့ဖြစ်ရာ ဘုရားသခင်သည် သူ၏ကိုယ်ပိုင်အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်သော ခေတ်တိုင်းတွင် သူသည် သူလုပ်ဆောင်ရန် ရည်ရွယ်သော အလုပ်ကို အချုပ်အားဖြင့် ဖော်ပြနိုင်ရန် ထိုခေတ်နှင့် ကိုက်ညီသော နာမတော်ကို အသုံးပြုသည်။ ထိုခေတ်တွင် သူ၏ စိတ်သဘောထားကို ကိုယ်စားပြုရန် သူသည် သီးသန့်နာမတော်ဖြစ်သော၊ ယာယီ အရေးပါမှုကို ပိုင်ဆိုင်သော နာမတော်ကို အသုံးပြုသည်။ ယင်းသည် ဘုရားသခင်က သူ၏ ကိုယ်ပိုင်စိတ်သဘောထားကို ဖော်ပြရန် လူသားတို့၏ ဘာသာစကားကို အသုံးပြုခြင်းဖြစ်သည်။ သို့သော်ငြားလည်း ဝိညာဉ်ရေးရာ အတွေ့အကြုံများရှိပြီး ဘုရားသခင်ကို ကိုယ်တိုင်မြင်တွေ့ဖူးသော လူအများကမူ အမည်နာမတစ်ခုသည် ဘုရားသခင်ကို သူ၏အလုံးစုံတွင် ကိုယ်စားပြုခြင်းမရှိနိုင်ဟု ခံစားကြရသည်၊ အလိုလေး၊ ကူကယ်ရာမဲ့နေသည်တကား၊ ထို့ကြောင့် လူသည် ဘုရားသခင်ကို မည်သည့် နာမတော်နှင့်မျှ ခေါ်ဆိုခြင်းမပြုတော့ဘဲ သူ့ကို “ဘုရားသခင်” ဟုသာခေါ်သည်။ လူ၏ စိတ်နှလုံးသည် ချစ်ခြင်းမေတ္တာဖြင့် ပြည့်နေသည့်တိုင်အောင် လူသည် ဘုရားသခင်ကို မည်သို့ရှင်းပြရမည်ကို မသိသည့်အတွက်ကြောင့် ဝိရောဓိများနှင့်လည်း ဝန်းရံခံနေရသည့်အလား ဖြစ်သည်။ ဘုရားသခင်၏ဖြစ်ခြင်းသည် အလွန်ကြွယ်ဝသည်ဖြစ်ရာ ယင်းကို ဖော်ပြနိုင်သည့်နည်းလမ်း အကယ်ပင်မရှိပေ။ ဘုရားသခင်၏ စိတ်သဘောထားကို အကျဉ်းချုပ်နိုင်သည့် တစ်ခုတည်းသော နာမတော် မရှိဘဲ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို ဖော်ပြနိုင်သည့် တစ်ခုတည်းသော နာမတော်မရှိပေ။ အကယ်၍ တစ်စုံတစ်ယောက်က ငါ့ကို “အတိအကျအားဖြင့် ကိုယ်တော်သည် မည်သည့်နာမတော်ကို သုံးသနည်း” ဟုမေးလာပါက “ဘုရားသခင်သည် ဘုရားသခင်ပင် ဖြစ်သည်” ဟု သူတို့ကို ငါပြောမည်။ ယင်းသည် ဘုရားသခင်အတွက် အကောင်းဆုံး နာမတော် မဟုတ်လော။ ယင်းသည် ဘုရားသခင်၏ စိတ်သဘောထားကို အကောင်းဆုံး အချုပ်အားဖြင့် ဖော်ပြနိုင်သည် မဟုတ်လော။ သို့ဖြစ်သည့်အတွက် သင်တို့သည် အဘယ်ကြောင့် ဘုရားသခင်၏ နာမတော်ကို ရှာဖွေရန် လုံ့လများစွာကို စိုက်ထုတ်နေကြသနည်း။ အမည်နာမတစ်ခုအတွက်နှင့် အစာမစား အိပ်လည်းမအိပ်ဘဲ ဦးနှောက်ခြောက်အောင် အဘယ်ကြောင့် တွေးတောနေကြသနည်း။ ဘုရားသခင်ကို ယေဟောဝါ၊ ယေရှု၊ သို့မဟုတ် မေရှိယဟု မခေါ်သည့်နေ့ရက်သည် ရောက်လာလိမ့်မည်၊ သူသည် ဖန်ဆင်းရှင်သက်သက်ပင်ဖြစ်လိမ့်မည်။ ထိုအချိန်တွင်၊ ကမ္ဘာမြေကြီးပေါ်ရှိ သူ၏အလုပ်သည် အဆုံးသတ်ပြီးနောက် သူ၏အမည်နာမများလည်း ရှိတော့မည် မဟုတ်သည့်အတွက်၊ ကမ္ဘာမြေကြီးပေါ်တွင် သူရယူခဲ့သည့် အမည်နာမများ အားလုံးသည်လည်း အဆုံးသတ်သို့ ရောက်ပေလိမ့်မည်။ ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်သို့ အရာအားလုံးရောက်ရှိသည့်အခါ၊ အလွန်သင့်လျော်သော်လည်း မပြည့်စုံသည့် အမည်နာမတစ်ခုကို သူသည် အဘယ်ကြောင့် လိုလိမ့်မည်နည်း။ သင်သည် ယခု ဘုရားသခင်၏ အမည်နာမကို ရှာဖွေနေဆဲပင်လော။ ဘုရားသခင်ကို ယေဟောဝါဟုသာ ခေါ်နိုင်သည်ဟု သင်ပြောဝံ့သေးလော။ ဘုရားသခင်ကို ယေရှုဟုသာ ခေါ်နိုင်သည်ဟု သင်ပြောဝံ့သေးလော။ ဘုရားသခင်ကို ပြစ်မှားပြောဆိုခြင်း အပြစ်ကို သင်ခံနိုင်မည်လော။ ဘုရားသခင်တွင် မူလအစက အမည်နာမ မရှိကြောင်း သင်သိသင့်သည်။ သူသည် လုပ်ဆောင်ရန် အလုပ်ရှိပြီး လူသားမျိုးနွယ်ကို စီမံခန့်ခွဲရသည့်အတွက် သူသည် အမည်နာမ တစ်ခု၊ သို့မဟုတ် နှစ်ခု၊ သို့မဟုတ် အမည်နာမများစွာကို ယူခဲ့ရခြင်းသာ ဖြစ်သည်။ သူ့ကို မည်သည့်အမည်နာမဖြင့် ခေါ်သည်ဖြစ်စေ၊ ဤအရာကို သူကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်ခဲ့ခြင်း မဟုတ်လော။ သူ၏ဖန်ဆင်းခံများထဲမှ တစ်ဦးဖြစ်သည့် သင်က ဆုံးဖြတ်ပေးရန် သူသင့်ကို လိုအပ်သလော။ ဘုရားသခင် အခေါ်ခံရသည့် အမည်နာမသည် လူသား၏ဘာသာစကားဖြင့် လူကနားလည်နိုင်စွမ်း ရှိသည့်အရာနှင့် ညီထွေအောင်ပေးသည့် အမည်ဖြစ်သော်လည်း၊ ဤအမည်နာမသည် လူက ခြုံငုံနိုင်သည့် အရာမဟုတ်ပေ။ ကောင်းကင်ဘုံတွင် ဘုရားတစ်ပါးရှိသည်၊ သူ့ကို ဘုရားသခင်ဟုခေါ်သည်၊ သူသည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ပြီး ကြီးမြတ်သည့် တန်ခိုးရှိသည်၊ သူသည် အလွန်အမြော်အမြင်ကြီးသည်၊ အလွန်မြင့်မြတ်သည်၊ အလွန်အံ့သြဖွယ်ကောင်းသည်၊ အလွန်နက်နဲပြီး အနန္တတန်ခိုး အလွန်ရှိလှသည်ဟုသာ သင်ပြောနိုင်သည်၊ ဤထက်ပိုပြီး သင်ဘာမျှမပြောနိုင်ပေ။ ဤနည်းနည်းလေးမှာ သင်သိနိုင်သမျှ အကုန်သာဖြစ်သည်။ ဤကဲ့သို့ဖြစ်နေသဖြင့် ယေရှုဟူသည့်အမည်က ဘုရားသခင်ကိုယ်တော်တိုင်ကို ကိုယ်စားပြုနိုင်သလော။ နောက်ဆုံးသောကာလ ရောက်လာသည့်အချိန်တွင် ဘုရားသခင်ကသာ သူ၏အလုပ်ကို လုပ်ဆောင်ခြင်းပင်ဖြစ်သော်လည်း မတူညီသည့် ခေတ်ဖြစ်သည့်အတွက် သူ၏အမည်နာမက ပြောင်းရလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

၁၄။ ယေရှုသည် သူ၏အလုပ်ကို လုပ်ဆောင်ရန် လာခဲ့စဉ်အချိန်က၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ညွှန်ကြားမှုအောက်တွင် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အလိုရှိသည့်အတိုင်း လုပ်ဆောင်ခဲ့ပြီး၊ ယင်းသည် ဓမ္မဟောင်း ပညတ်တော်ခေတ်အရ သို့မဟုတ် ယေဟောဝါ၏ အလုပ်အရ မဟုတ်ခဲ့ချေ။ ယေရှုလာရောက် လုပ်ဆောင်သည့် အလုပ်သည် ယေဟောဝါ၏ ဥပဒေသများ သို့မဟုတ် ယေဟောဝါ၏ ပညတ်တော်များကို လိုက်နာခြင်း မဟုတ်သော်လည်း၊ သူတို့၏ ရင်းမြစ်မှာ တစ်ခုတည်း ဖြစ်ပြီး တူညီကြပါသည်။ ယေရှုလုပ်ဆောင်ခဲ့သည့် အလုပ်သည် ယေရှု၏အမည်နာမကို ကိုယ်စားပြုခဲ့ပြီး၊ ယင်းသည် ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုခဲ့သည်။ ယေဟောဝါ လုပ်ခဲ့သည့် အလုပ်မူကား ယေဟောဝါနှင့် ပညတ်တော်ခေတ်ကို ကိုယ်စားပြုခဲ့သည်။ သူတို့၏အလုပ်မှာ ဝိညာဉ်တော်တစ်ခုတည်းမှနေပြီး မတူညီသည့် ခေတ်နှစ်ခေတ်တွင် လုပ်ဆောင်ခြင်းဖြစ်သည်။ ယေရှု လုပ်ဆောင်ခဲ့သည့် အလုပ်သည် ကျေးဇူးတော် ခေတ်ကိုသာ ကိုယ်စားပြုနိုင်ပြီး၊ ယေဟောဝါ လုပ်ဆောင်ခဲ့သည့် အလုပ်သည် ဓမ္မဟောင်း ပညတ်တော်ခေတ် ကိုသာ ကိုယ်စားပြုနိုင်သည်။ ယေဟောဝါသည် ဣသရေလနှင့် အဲဂုတ္တုမှ လူများနှင့် ဣသရေလတိုင်းပြည် တစ်ဝိုက်ရှိ တိုင်းနိုင်ငံများအားလုံးကိုသာ လမ်းညွှန်ခဲ့သည်။ ဓမ္မသစ်ကျမ်း ကျေးဇူးတော်ခေတ်အောက်မှ ယေရှု၏ အလုပ်သည် ယေရှု နာမတော်အောက်မှ ဘုရားသခင်၏ အလုပ်ဖြစ်သည်၊ သူကခေတ်ကို လမ်းညွှန် ပေးခဲ့သည့်အတွက် ဖြစ်သည်။ ယေရှု၏အလုပ်က ယေဟောဝါ၏ အလုပ်ကိုအခြေခံပြီး၊ သူသည် မည်သည့် အလုပ်သစ်ကိုမျှ စတင်ခဲ့ခြင်းမရှိဘဲ၊ သူလုပ်သမျှ အလုံးစုံတို့သည် ယေဟောဝါ၏ စကားများအတိုင်း၊ ယေဟောဝါ၏ အလုပ်နှင့် ဟေရှာယ၏ ပရောဖက်ပြုသည်များ အတိုင်းဖြစ်သည်ဟု သင်ပြောမည်ဆိုပါက၊ ယေရှုသည် ဘုရားသခင် လူ့ဇာတိခံယူသူ ဖြစ်တော့မည် မဟုတ်ပေ။ ဤနည်းလမ်းဖြင့် သူ၏အလုပ်ကို လုပ်ဆောင်နေခဲ့ပါက၊ သူသည် ပညတ်တော်ခေတ်၏ လုပ်ဆောင်သူတစ်ဦး သို့မဟုတ် တမန်တော်တစ်ဦး ဖြစ်ခဲ့ပါမည်။ သင်ပြောသလိုသာ ဖြစ်မည်ဆိုပါက၊ ယေရှုသည် ခေတ်တစ်ခေတ်ကို ဖွင့်ပေးနိုင်ခဲ့မည် မဟုတ် သကဲ့သို့ အခြားမည်သည့် အလုပ်ကိုမျှလည်း လုပ်ဆောင်နိုင်ခဲ့မည် မဟုတ်ပေ။ ထိုနည်းတူစွာ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏အလုပ်ကို ယေဟောဝါမှတစ်ဆင့် အဓိကအားဖြင့် လုပ်ဆောင်ရပြီး ယေဟောဝါမှ တစ်ဆင့် လုပ်ဆောင်ခြင်းမှလွဲ၍ သန့်ရှင်းသော ဝိညာဥ်တော်သည် မည်သည့် အလုပ်သစ် တစ်ခုကိုမျှ လုပ်နိုင်မည် မဟုတ်ပေ။ ယေရှု၏ အလုပ်ကို ဤနည်းလမ်းဖြင့် လူတို့က နားလည်နေသည်မှာ မှားယွင်း ပါသည်။ ယေရှု လုပ်ခဲ့သည့် အလုပ်က ယေဟောဝါ၏ စကားများနှင့် ဟေရှာယ၏ ပရောဖက်ပြုချက်များအရ ဖြစ်သည်ဟု လူကယုံကြည်နေပါက၊ ယေရှုက ဘုရားသခင် လူ့ဇာတိခံယူခဲ့သူလော သို့မဟုတ် ပရောဖက်များ ထဲမှ တစ်ဦးလော။ ဤအမြင်အရဆိုလျှင်၊ ကျေးဇူးတော်ခေတ် ရှိလိမ့်မည်မဟုတ်၊ ထို့ပြင် ယေရှုသည်လည်း ဘုရားသခင် လူ့ဇာတိခံယူသည့်သူ ဖြစ်လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူလုပ်ဆောင်ခဲ့သည့် အလုပ်သည် ကျေးဇူးတော်ခေတ်ကို ကိုယ်စားမပြုနိုင်ဘဲ၊ ဓမ္မဟောင်း ပညတ်တော်ခေတ်ကိုသာ ကိုယ်စား ပြုသည့်အတွက် ဖြစ်သည်။ ယေရှု အလုပ်သစ် လုပ်ဆောင်ရန်၊ ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ ဣသရေလ တိုင်းပြည်တွင် အရင်ကလုပ်ခဲ့သည့်အလုပ်ကို ချိုးဖျက်ရန်နှင့် ဣသရေလတိုင်းပြည်တွင် ယေဟောဝါ လုပ်ခဲ့သည့် အလုပ်နှင့် မကိုက်ညီသည့် သို့မဟုတ် သူ၏ စည်းကမ်းဟောင်းများနှင့် မကိုက်ညီသည့် သို့မဟုတ် မည်သည့် စည်းမျဉ်းနှင့်မျှ မကိုက်ညီသော်လည်း၊ သူလုပ်သင့်သည့် အလုပ်သစ်ကိုသာ ဆောင်ရွက်ရန် လာခဲ့သည့်အချိန်တွင်၊ ခေတ်သစ်တစ်ခေတ်သာ ရှိနိုင်သည်။ ဘုရားသခင် ကိုယ်တော်တိုင် ခေတ်တစ်ခုကို ဖွင့်ရန် ကြွလာသည်၊ ထို့နောက် ဘုရားသခင် ကိုယ်တော်တိုင်ပင် ခေတ်ကို အဆုံးသတ်သို့ ဆောင်ယူသည်။ လူသည် ခေတ်ကိုအစပြုရန်နှင့် ခေတ်ကို အဆုံးသတ်ရန် လုပ်နိုင်သည့် အစွမ်းအစမရှိပေ။ ယေရှုသည် သူကြွလာပြီးနောက် ယေဟောဝါ၏အလုပ်ကို အဆုံးမသတ်ခဲ့ပါက၊ သူသည် လူသားတစ်ဦးမျှသာဖြစ်ပြီး ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ဟု သက်သေပြသကဲ့သို့ ဖြစ်နေမည်။ ယေရှုကြွလာခဲ့ပြီး ယေဟောဝါ၏အလုပ်ကို အဆုံးသတ်ခဲ့သည်၊ ယေဟောဝါ၏ အလုပ်ပြီးနောက် သူ၏ကိုယ်ပိုင်အလုပ်၊ အလုပ်သစ်ကို စတင်သည်မှာ အတိအကျပင် ဖြစ်သောကြောင့် ယင်းသည် ခေတ်သစ်တစ်ခုဖြစ်ပြီး ယေရှုသည် ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ် ကြောင်း သက်သေပြနေသည်။ သူတို့သည် မတူညီဘဲ ကွဲပြားသည့် အလုပ်အဆင့်နှစ်ဆင့်ကို လုပ်ဆောင်ခဲ့ကြ သည်။ အဆင့်တစ်ဆင့်ကို ဗိမာန်တော်အတွင်း လုပ်ဆောင်ခဲ့ပြီး၊ အခြားတစ်ခုကို ဗိမာန်တော်ပြင်ပတွင် ဆောင်ရွက်ခဲ့သည်။ အဆင့်တစ်ခုက လူသား၏ အသက်တာကို ပညတ်တော်အတိုင်း လမ်းညွှန်ရန်ဖြစ်ပြီး၊ အခြားတစ်ခုက အပြစ်ဖြေရာယဇ်ကို ပေးလှူရန်ဖြစ်သည်။ ဤအလုပ်အဆင့် နှစ်ဆင့်မှာ သိသာစွာ ကွဲပြား ကြသည်။ ဤကား ခေတ်သစ်ကို ခေတ်ဟောင်းမှ ခွဲခြားလိုက်ပြီး၊ မတူညီသည့် ခေတ်နှစ်ခေတ်ဟုပြောရန် လုံးဝမှန်ပါသည်။ သူတို့အလုပ်၏ တည်နေရာက ကွဲပြားပြီး၊ သူတို့အလုပ်၏ အကြောင်းအရာလည်း တူညီမှု မရှိသည့်အပြင်၊ သူတို့အလုပ်၏ ရည်မှန်းချက်ကလည်း ခြားနားကြသည်။ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများ စသဖြင့် ခေတ်နှစ်ခေတ်အဖြစ် ခွဲခြားထားနိုင်သည်၊ ပြောရမည်ဆိုလျှင်၊ ခေတ်သစ်နှင့် ခေတ်ဟောင်းများ ဖြစ်ကြသည်။ ယေရှုလာစဉ်အချိန်က သူသည် ဗိမာန်တော်သို့ မသွားခဲ့ပေ၊ ယင်းသည် ယေဟောဝါ၏ခေတ် အဆုံးသတ်ကြောင်းကို သက်သေပြခြင်းဖြစ်သည်။ ဗိမာန်တော်အတွင်းမှ ယေဟောဝါ၏ လုပ်ဆောင်မှု ပြီးပြတ်ခဲ့ပြီး၊ တစ်ဖန်ပြန်လုပ်ဆောင်ရန် မလိုအပ်တော့ဘဲ၊ ယင်းကို ထပ်မံဆောင်ရွက်ခြင်းက ယင်းကို ထပ်ကျော့ခြင်း ဖြစ်သည့်အတွက် သူသည် ဗိမာန်တော်ထဲသို့ မဝင်ရောက်ခဲ့ပါ။ ဗိမာန်တော်ကို စွန့်ခွာမှသာ၊ ဗိမာန်တော် ပြင်ပတွင် လမ်းသစ်ကို ဖွင့်လှစ်ပြီး အသစ်သော အလုပ်ကိုစတင်ခြင်းအားဖြင့်၊ သူသည် ဘုရားသခင်၏ အလုပ်ကို အထွတ်အထိပ်သို့ ယူဆောင်သွားနိုင်ခဲ့သည် မဟုတ်လော။ သူ့အလုပ်ကို လုပ်ဆောင်ရန် သူသည် ဗိမာန်တော်မှ မထွက်ခွာခဲ့လျှင်၊ ဘုရားသခင်၏ အလုပ်သည် ဗိမာန်တော်၏ အခြေခံများမှ တိုးတက်လာလိမ့်မည် မဟုတ်ဘဲ၊ အသစ်သော ပြောင်းလဲမှု တစ်ခုမျှလည်း ရှိလာလိမ့်မည် မဟုတ်ပေ။ ထို့အတွက်ကြောင့် ယေရှုကြွလာခဲ့စဉ်က ဗိမာန်တော်သို့ မဝင်ရောက်ဘဲ၊ သူ၏အလုပ်ကိုလည်း ဗိမာန်တော်အတွင်းတွင် မလုပ်ဆောင်ခဲ့ပေ။ သူ့အလုပ်ကို ဗိမာန်တော်ပြင်ပတွင် လုပ်ဆောင်ခဲ့ပြီး၊ တပည့် တော်များကို ဦးဆောင်ကာ သူ့အလုပ်အတွက် လွတ်လပ်စွာ လှည့်လည်သွားလာခဲ့သည်။ ဘုရားသခင်သည် သူ့အလုပ်ကို လုပ်ဆောင်ရန် ဗိမာန်တော်မှ ထွက်ခွာလာခြင်းက ဘုရားသခင်တွင် အသစ်သော လုပ်ငန်းစဉ် ရှိကြောင်းကို ဆိုလိုပါသည်။ သူ့အလုပ်က ဗိမာန်တော်ပြင်ပတွင် ဆောင်ရွက်ရန်နှင့်၊ ယင်းကို အကောင် အထည် ဖော်ရာတွင် လွတ်လပ်သည့် နည်းလမ်းဖြင့် လုပ်ဆောင်နိုင်သည့် အလုပ်သစ်မျိုးဖြစ်သည်။ ယေရှု စတင်ရောက်ရှိလာသည်နှင့် ဓမ္မဟောင်းခေတ်အတွင်းမှ ယေဟောဝါ၏ အလုပ်ကို အဆုံးသတ်စေခဲ့သည်။ သူတို့ကို မတူညီသည့် အမည်နှစ်မျိုးဖြင့် ခေါ်ဆိုပါသော်လည်း၊ အလုပ်နှစ်ဆင့်စလုံးကို ပြီးမြောက်စေသည်မှာ တူညီသည့် ဝိညာဉ်တော်ပင်ဖြစ်ပြီး၊ လုပ်ဆောင်ခဲ့သည့် အလုပ်သည်လည်း အလျဉ်မပြတ်သည့်အလုပ်ဖြစ်သည်။ အမည်က မတူညီသည့်အတွက်၊ ပါဝင်သည့် လုပ်ဆောင်မှုများကလည်း မတူညီ၊ ခေတ်လည်းမတူညီပေ။ ယေဟောဝါ လာခဲ့သည့်အချိန်သည် ယေဟောဝါ၏ခေတ်ဖြစ်ခဲ့ပြီး၊ ယေရှုလာခဲ့သည့်အချိန်သည် ယေရှု၏ခေတ် ဖြစ်ခဲ့သည်။ သို့အတွက်ကြောင့်၊ တစ်ခါလာတိုင်း ဘုရားသခင်သည် အမည်နာမတစ်မျိုးဖြင့် အခေါ်ခံရပြီး၊ သူသည် ခေတ်တစ်ခုကို ကိုယ်စားပြုကာ၊ လမ်းသစ်တစ်ခုကို ဖွင့်ပေးသည်။ လမ်းသစ်တစ်ခုစီတိုင်းတွင် သူသည် အမည်အသစ်တစ်ခု ယူဆောင်သည်၊ ယင်းသည် ဘုရားသခင်က အမြဲအသစ်ဖြစ်ပြီး ဘယ်တော့မျှ အိုဟောင်းသွားခြင်း မရှိကြောင်းကို ပြသပြီး၊ ရှေ့သို့ဦးတည်သည့် သူ့အလုပ်၏ တိုးတက်မှုလည်း ဘယ်တော့မျှ ရပ်တန့်သွားခြင်း မရှိကြောင်းကို ပြသသည်။ သမိုင်းသည် အမြဲတမ်း ရှေ့သို့ရွေ့လျားနေပြီး၊ ဘုရားသခင်၏ အလုပ်ကလည်း အမြဲတမ်း ရှေ့သို့ရွေ့လျားနေပါသည်။ သူ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်သည် အဆုံးသတ်သို့ ရောက်ရန်အတွက်၊ ယင်းကို ရှေ့သို့ဦးတည်သည့် လမ်းကြောင်းဖြင့် ဆက်လက်ဆောင်ရွက်ရမည်။ နေ့ရက်တိုင်း သူသည် အလုပ်သစ်ကို လုပ်ဆောင်ရမည်၊ နှစ်တိုင်း သူသည် အလုပ်သစ်ကို လုပ်ဆောင်ရမည်။ သူသည် လမ်းသစ်များကိုဖွင့်ပြီး၊ ခေတ်သစ်များကို အစပျိုးရမည်၊ ပိုမိုကြီးမြတ်သည့် အလုပ်သစ်ကို စတင်ရမည်၊ ယင်းတို့နှင့်အတူ အမည်အသစ်များနှင့် အလုပ်သစ်ကို ယူဆောင်လာရမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

၁၅။ ယေဟောဝါ၏ အလုပ်မှစ၍ ယေရှု၏အလုပ်တိုင်အောင်၊ ထို့ပြင် ယေရှု၏အလုပ်မှစ၍ ယခုလက်ရှိအဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည် ဘုရားသခင် စီမံခန့်ခွဲမှု အစမှအဆုံးကို အလျဉ်မပြတ် အကျုံးဝင်စေသည်၊ ထို့ပြင် ယင်းတို့အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်မှုပင်ဖြစ်သည်။ ကမ္ဘာကြီးကို စတင်ဖန်ဆင်းကတည်းက၊ ဘုရားသခင်သည် လူသားတို့ကို စီမံခန့်ခွဲလျက် ရှိနေသည်။ သူသည် အစနှင့် အဆုံးဖြစ်သည်၊ သူသည် အဦးဆုံးသောသူနှင့် နောက်ဆုံးသောသူလည်း ဖြစ်သည့်အပြင်၊ သူသည် ခေတ်တစ်ခုကို အစပြုသူဖြစ်ပြီး၊ ခေတ်ကို အဆုံးသတ်သူလည်း ဖြစ်သည်။ မတူညီသည့် ခေတ်များနှင့် မတူညီသည့် နေရာများမှ အလုပ်အဆင့်သုံးဆင့်သည် ဝိညာဉ်တော်တစ်ပါးတည်း၏ အလုပ်ဖြစ်သည်မှာ သိသာထင်ရှားလှသည်။ ဤအဆင့်သုံးဆင့်ကို ခွဲခြားသူအပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရန် ရပ်တည်သူများပင်ဖြစ်သည်။ ပထမအဆင့်မှ ယနေ့တိုင် လုပ်ကိုင်သည့် အလုပ်များအားလုံးသည် တစ်ပါးတည်းသော ဘုရားသခင်၏အလုပ်၊ တစ်ပါးတည်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်ကြောင်း နားလည်ရန် ယခုတွင် သင်၌ တာဝန်ရှိသည်။ ဤအရာနှင့် ပတ်သက်၍ သံသယ မရှိနိုင်ပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

ယခင်က:“အမှုတော်နှင့် ဝင်ရောက်ခြင်း” နှင့် ပတ်သက်သော ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းဆယ်ပိုဒ်မှ လက်ရွေးစင်တစ်ခု

နောက်တစ်ခုသို့:“သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက်” နှင့်ပတ်သက်သော ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းလေးပိုဒ်မှ လက်ရွေးစင်တစ်ခု

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ