အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၄၄။ ဘုရားသခင်၏ လူတို့ဆိုသည်မှာ အဘယ်နည်း။ အစေခံသူများဆိုသည်မှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ပညာသတိရှိသော သတို့သမီး ငါးယောက်သည် ငါဖန်ဆင်းထားခဲ့သော လူများထဲမှ ငါ၏သားများနှင့် ငါ၏လူများကို ကိုယ်စားပြုသည်။ သူတို့ကို “သတို့သမီး” ဟုက အမည်တပ်ခေါ်ခြင်းမှာ ထိုသူတို့သည် ကမ္ဘာမြေ၌ မွေးဖွားကြသော်လည်း၊ ငါ့အားဖြင့် ပိုင်ဆိုင်ထားနှင့်ပြီးဖြစ်သောကြောင့် ဖြစ်သည်၊ ထိုသူတို့သည် သန့်ရှင်းပြီးဖြစ်သည်ဟု ဆိုနိုင်သည်၊ ထို့ကြောင့် ထိုသူတို့ကို “သတို့သမီး” ဟုခေါ်ခြင်းဖြစ်သည်။ အထက်ဖော်ပြပါ “ငါးယောက်” သည် ငါခွဲခန့်မှတ်သားထားသော ငါ၏သားများနှင့် ငါ၏လူများ၏ အရေအတွက်ကို ကိုယ်စားပြုသည်။ “မိုက်သော သတို့သမီး ငါးယောက်” သည် အစေခံသူများကို ရည်ညွှန်းသည်။ ထိုသူတို့သည် ပြင်ပအရာများ၏ နောက်ကိုသာ လိုက်လျက် အသက်တာအပေါ် အရေးထားမှု အနည်းငယ်မျှပင် မရှိဘဲ ငါအဖို့ အစေခံကြ၏၊ (အကြောင်းမူကား သူတို့၌ ငါ၏ အရည်အချင်းမရှိ၊ သူတို့သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ထိုအရာသည် ပြင်ပအရာဖြစ်၏)၊ ထို့ပြင် ထိုသူတို့သည် ငါ၏တတ်စွမ်းသော ကူညီသူများ ဖြစ်နိုင်ဖို့ရန် မတတ်နိုင်ကြ၊ ထို့ကြောင့် ထိုသူတို့ကို “မိုက်သော သတို့သမီးများ” ဟုခေါ်သည်။ အထက်ဖော်ပြပါ “ငါးယောက်” သည် စာတန်ကို ကိုယ်စားပြုသည်၊ ထို့နောက် “သတို့သမီးများ” ဟု သူတို့ခေါ်တွင်ခံရခြင်းမှာ ထိုသူတို့သည် ငါ၏သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး ငါအဖို့ အစေခံနိုင်ရန် တတ်စွမ်းကြသည်ကို ဆိုလို၏၊ သို့သော် ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် သန့်ရှင်းခြင်းမရှိ၊ ထို့ကြောင့် ထိုသူတို့ကို အစေခံသူများဟု ခေါ်ဆိုခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၁၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ဆိုလိုရင်းမှာ အသစ်သော နည်းဗျူဟာတစ်ခုကို ဖော်ဆောင်သွားမည်၊ ငါ၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီး မိမိတို့ ရှင်သန်ရာဘဝအလား လက်ခံသူတို့သည် ငါ့နိုင်ငံ၏ နိုင်ငံသားများ ဖြစ်ကြသည်။ ငါ၏ နိုင်ငံတွင်ရှိသူများ ဖြစ်သည့်အတွက်ကြောင့် ထိုသူတို့သည် ငါ့နိုင်ငံအတွင်းရှိ ငါ၏ ဘက်တော်သားများ ဖြစ်ကြသည်။ ထိုသူတို့ကို ငါ၏ ဘက်တော်သားများဟု ခေါ်တွင်သော်လည်း ငါ၏ နှုတ်ကပတ်တော်များဖြင့် လမ်းညွှန်ခြင်း ခံရသည့်အတွက်ကြောင့် ထိုသူတို့သည် ငါ၏သားများဟု ခေါ်တွင်ခံရသည့် သူများထက် နိမ့်ကျခြင်း အလျဉ်းမရှိပေ။ ငါ၏ ဘက်တော်သားများ အားလုံးတို့သည် ငါ၏နိုင်ငံအပေါ် သစ္စာစောင့်သိကြရမည်၊ သူတို့၏ တာဝန်များကို ဖြည့်ဆည်းကြရမည်ဖြစ်ပြီး ငါ၏ အုပ်ချုပ်ရေး အမိန့်များအပေါ် စော်ကားခြင်း ပြုသူများသည် ငါ၏ အပြစ်ပေးခြင်းကို ခံယူကြရမည်။ ဤသည်မှာ လူသားတို့အားလုံးအတွက် ငါ၏ သတိပေးချက်ပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း ရရှိသူတို့သာ ဘဝအသက်တာကို အလေးထားသူများ၊ ဝိညာဉ်ပိုင်းဆိုင်ရာ မိတ်သဟာရပြုခြင်းကို အလေးထားသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆာလောင် မွတ်သိပ်သူများနှင့် သမ္မာတရားကို လိုက်လျှောက်သူများဖြစ်သည်။ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း ရရှိခြင်းကို အလေးမထားသူ အလုံးစုံတို့၊ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း ရရှိရန် မကျင့်ဆောင်သူတို့သည် လောကီ၏ ချည်နှောင်မှုကိုခံရပြီး အနှစ်သာရမဲ့သော၊ ဘဝ အသက်တာ မရှိသောသူများဖြစ်ပြီး၊ သူတို့သည် ဘုရားသခင်အား ယုံကြည်သည်ဟု ပြောကြား လျှင်ပင် ယင်းတို့၏ နှုတ်ဖျားမှ အပေါ်ယံ ပြောခြင်းသာ ဖြစ်သည်။ ဘုရားသခင်မှ အလုံးစုံ ပြည့်ဝမှုနှင့် ပြီးပြည့်စုံမှု ရရှိစေသူတို့မှာ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း ရရှိသူများသာ ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း ရရှိသူများသည် ကြီးမြတ်သည့် ကောင်းချီး မင်္ဂလာများဖြင့် အသရေရှိသူများ ဖြစ်ကြသည်။ နေ့အချိန်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော် များကို အချိန်အနည်းငယ်သာ စားသောက်သူများ၊ ပြင်ပကိစ္စများတွင် လုံးဝ နှစ်မြောနေသူများနှင့် ဘဝအသက်တာဝင်ခွင့်ကို အလေးမထားသူ အားလုံးသည် အနာဂတ်တွင် တိုးတက်ဖွံ့ဖြိုးရန် အလားအလာမရှိသော ကြောင်သူတော်များ ဖြစ်သည်။ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း ရရှိပြီး ဘုရားသခင်နှင့် စစ်မှန်စွာ ထိတွေ့ နီးကပ်နေသူများသည် ဘုရားသခင်၏ လူများဖြစ်ကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်း” မှ

ယခုအခါတွင် (သားဦးများမှအပ လူအားလုံးကို ဆိုလိုခြင်း) လူအများစုသည် ဤအခြေအနေတွင် ရှိကြသည်။ ဤအရာများကို အလွန် ရှင်းလင်းစွာ ငါပြောဆိုသော်လည်း ဤလူတို့၌ တုံ့ပြန်မှု မရှိသလို ၎င်းတို့၏ ဇာတိသွေးသား ပျော်ရွှင်မှုများအတွက် ဆက်၍ ဂရုစိုက်နေကြသည်၊ ၎င်းတို့ စားလိုက် အိပ်လိုက်၊ အိပ်လိုက် စားလိုက် လုပ်နေကြပြီး ငါ၏ နှုတ်ကပတ်တော်များကို ဆင်ခြင်ခြင်း မရှိကြပေ။ အကယ်၍ ၎င်းတို့ ထကြွလုံ့လရှိလျှင်ပင် ၎င်းမှာ ခေတ္တခဏမျှသာဖြစ်ပြီး နောက်ပိုင်းတွင် ငါ့အား လုံးဝ နားမထောင်ခဲ့ကြသည့်အလား လုံးလုံးလျားလျား မပြောင်းလဲဘဲ ယခင်ကကဲ့သို့ပင် ၎င်းတို့ ဆက်၍ရှိနေကြသည်။ ဤသည်မှာ ဝန်ထုပ်ဝန်ပိုးများ မရှိသော တာဝန်မဲ့သည့် ထုံးစံအတိုင်းဖြစ်သော လူများ၊ အသိသာဆုံးသော ကပ်ပါးရပ်ပါးများ ဖြစ်ကြသည်။ နောက်ပိုင်းတွင် ၎င်းတို့အား တစ်ယောက်ပြီး တစ်ယောက် ငါပစ်ပယ်မည်။ မစိုးရိမ်နှင့်။ တစ်ယောက်ပြီး တစ်ယောက် ငါသည် ၎င်းတို့အား အဆုံးမရှိသော တွင်းနက်ထဲသို့ ပြန်ပို့မည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဤသို့သော လူအမျိုးအစားပေါ်၌ မည်သည့်အခါမျှ အလုပ်မလုပ်ဘဲ ထိုလူပြုသည့် အရာမှန်သမျှမှာ ဆုကျေးဇူးတစ်ခု ဖြစ်သည်။ ဤဆုကျေးဇူးအကြောင်းကို ငါဆိုသည့်အခါ ဤသူသည် ငါ၏ အစေခံသူဖြစ်ပြီး အသက်မရှိသော လူတစ်ဦးဖြစ်ကြောင်း ငါဆိုလိုခြင်းဖြစ်သည်။ ၎င်းတို့ တစ်ဦးတစ်ယောက်ကိုမျှ ငါအလိုမရှိဘဲ ၎င်းတို့အား ငါသုတ်သင်ဖယ်ရှားမည် (သို့သော်လည်း ယခုတွင်မူ ၎င်းတို့သည် အနည်းငယ် အသုံးဝင်ကြသေးသည်)။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၀၂” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ထို့အပြင် ဤအစေခံသူများ၏ အခန်းကဏ္ဍမှာ မည်သည်နည်း။ ဘုရားသခင်၏ ရွေးချယ်ခံရသူများကို အစေခံရန်ဖြစ်၏။ အဓိကအားဖြင့် ၎င်းတို့၏အခန်းကဏ္ဍမှာ ဘုရားသခင်၏အမှုတွင် အစေခံရန်၊ ဘုရားသခင်၏ အမှုတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် ဘုရားသခင်မှ သူရွေးချယ်ထားသူများကို စုံလင်စေခြင်းအမှုတွင် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်၏။...အစေခံသူတစ်ဦး၏ ကိုယ်ပိုင်အမှတ်အသားသည် အစေခံသူဖြစ်သော်လည်း ဘုရားသခင်အတွက်မူ ၎င်းတို့သည် သူဖန်ဆင်းခဲ့သော အရာအားလုံးအနက် တစ်ခုဖြစ်၏။ ၎င်းတို့၏အခန်းကဏ္ဍသည် အစေခံသူဖြစ်သည်ဟူ၍သာ ဖြစ်သည်။ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ခုအနေဖြင့် အစေခံသူတစ်ဦးနှင့် ဘုရားသခင်၏ရွေးချယ်ခံလူတို့အကြား ကွဲပြားချက်တစ်ရပ် ရှိသလော။ လက်တွေ့တွင် မရှိပေ။ အမည်နာမအားဖြင့် ကွာခြားချက်ရှိ၏၊ အနှစ်သာရအားဖြင့် ကွာခြားချက်ရှိ၏၊ ၎င်းတို့ပါဝင်သည့် အခန်းကဏ္ဍအရ ကွာခြားချက်ရှိ၏၊ သို့ရာတွင် ဘုရားသခင်သည် ဤသူများအပေါ် ခွဲခြားဆက်ဆံခြင်း မရှိပေ။ ထို့ကြောင့် ဤသူများသည် အစေခံသူများဟု အဘယ်ကြောင့် သတ်မှတ်ခံရသနည်း။ သင်တို့ ဤအရာကို နားလည်သင့်သည်။ အစေခံသူများသည် မယုံကြည်သူများအကြားမှ လာကြ၏။ မယုံကြည်သူများကို ဖော်ပြခြင်းမှာ ၎င်းတို့၏အတိတ်သည် မကောင်းကြောင်းကို ပြောခြင်းဖြစ်သည်။ ၎င်းတို့အားလုံးသည် ဘုရားမဲ့ဝါဒီများဖြစ်ကြ၏။ ၎င်းတို့၏အတိတ်တွင် ၎င်းတို့အားလုံးသည် ဘုရားမဲ့ဝါဒီများ ဖြစ်ကြ၏။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်ကြဘဲ ဘုရားသခင်အပေါ်၊ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာတို့အပေါ် ရန်လိုခဲ့ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်ဘဲ ဘုရားသခင်ရှိကြောင်းကိုလည်း မယုံကြည်သောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်စွမ်း ရှိကြသလော။ ၎င်းတို့အများအပြားသည် နားလည်နိုင်စွမ်းမရှိဟု ပြော၍ရသည်။ တိရစ္ဆာန်များသည် လူတို့၏စကားများကို နားလည်နိုင်စွမ်းမရှိသကဲ့သို့ အစေခံသူများသည် ဘုရားသခင်ပြောနေသည့်အရာများ၊ သူ၏သတ်မှတ်ချက်များ၊ အဘယ်ကြောင့် သူသည် ဤသတ်မှတ်ချက်များ ပြုသနည်းဟူသည်တို့ကို နားလည်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် နားမလည်ပေ၊ ၎င်းတို့အဘို့ ဤအရာများသည် နားမလည်နိုင်ဖွယ်ရာဖြစ်သည်။ ၎င်းတို့ ဉာဏ်အလင်းမရဘဲ ရှိကြ၏။ ထိုအကြောင်းရင်းကြောင့် ဤလူတို့သည် ငါတို့ပြောသည့် အသက်ကို မပိုင်ဆိုင်ကြပေ။ လူတို့သည် အသက်မရှိဘဲ သမ္မာတရားကို နားလည်နိုင်ကြသလော။ ၎င်းတို့တွင် သမ္မာတရား တပ်ဆင်ထားသလော။ ၎င်းတို့တွင် ဘုရားသခင်နှုတ်ကပတ်တော်၏ အတွေ့အကြုံနှင့် အသိပညာတို့ တပ်ဆင်ထားသလော။ (မတပ်ဆင်ထားပါ။) အစေခံသူတို့၏ ဇာစ်မြစ်များသည် ယင်းသို့ဖြစ်၏။ သို့သော် ဤအစေခံသူများကို ဘုရားသခင် ပြုလုပ်ခဲ့သည့်အတွက် ၎င်းတို့အပေါ် သူ၏သတ်မှတ်ချက်များအတွက် အဆင့်အတန်းများ ရှိဆဲဖြစ်၏။ သူသည် ၎င်းတို့အပေါ် အထင်အမြင်သေးခြင်း မရှိဘဲ ၎င်းတို့အပေါ် ဝတ်ကျေတမ်းကျေ ပြုမူခြင်းလည်း မရှိပေ။ ၎င်းတို့သည် သူ၏နှုတ်ကပတ်တော်များကို နားမလည်ဘဲ အသက်မရှိကြသော်လည်း ဘုရားသခင်သည် ၎င်းတို့အပေါ် ကြင်နာကာ ထိုသူတို့နှင့် သက်ဆိုင်သော သူ၏သတ်မှတ်ချက်များတွင် အဆင့်အတန်းများ ရှိဆဲဖြစ်၏။ သင်တို့သည် ယခုတင် ဤအဆင့်အတန်းများ ဖြစ်သည့် ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်းနှင့် သူပြောသည့်အရာကို ပြုလုပ်ခြင်းအကြောင်း ပြောခဲ့၏။ သင်၏အစေခံမှုတွင် သင်သည် လိုအပ်သည့်နေရာတွင် အစေခံရမည်ဖြစ်ကာ၊ အဆုံးတိုင်အောင် အစေခံရမည်ဖြစ်၏။ သင်သည် သစ္စာစောင့်သိသော အစေခံသူတစ်ဦး ဖြစ်နိုင်ပါက၊ အဆုံးထိတိုင်အောင် အစေခံနိုင်၍ ဘုရားသခင်မှ သင့်ကိုပေးအပ်သည့်တာဝန်ကို စုံလင်စွာ ပြီးဆုံးအောင် ပြုလုပ်နိုင်ပါက သင်သည် တန်ဖိုးရှိသော အသက်တာကို ရှင်သန်လိမ့်မည်ဖြစ်သောကြောင့် သင်သည် ဆက်လက်တည်ရှိ နိုင်လိမ့်မည်။ သင်သည် ဘုရားသခင်ကို သိရန် အနည်းငယ် သာ၍အားထုတ်ပါက၊ သင်သည် သာ၍ကြိုးစားပါက၊ သင်၏အားထုတ်မှုများကို နှစ်ဆပြုလုပ်နိုင်ပါက၊ ဘုရားသခင်ကို သိခြင်းအကြောင်း အနည်းငယ်ပြောနိုင်ပါက၊ ဘုရားသခင်အတွက် သက်သေခံနိုင်ပါက၊ ထိုထက်မက သင်သည် ဘုရားသခင်၏အလိုတော် တစ်စုံတစ်ရာကို နားလည်နိုင်ပါက၊ ဘုရားသခင်၏အမှုတွင် ပူးပေါင်းဆောင်ရွက်နိုင်ကာ ဘုရားသခင်၏အလိုတော်ကို အတော်အတန် ဂရုပြုမိပါက ဤအစေခံသူဖြစ်သော သင်သည် အခြေအနေပြောင်းလဲလိမ့်မည်။ ထိုအခြေအနေပြောင်းလဲမှုသည် မည်သည့်အရာဖြစ်မည်နည်း။ သင်သည် ဆက်လက်တည်ရှိရုံသာ မဖြစ်နိုင်တော့ပေ။ သင်၏အပြုအမူနှင့် သင်၏ကိုယ်ပိုင် မျှော်မှန်းချက်များနှင့် လိုက်စားမှုအပေါ် အခြေခံ၍ ဘုရားသခင်သည် သင်အား ရွေးချယ်ခံရသူတစ်ဦးဖြစ်စေမည်။ ဤသည်မှာ သင်၏အခြေအနေ ပြောင်းလဲခြင်းဖြစ်လိမ့်မည်။ အစေခံသူများအတွက် ဤအရာတွင် မည်သည်မှာ အကောင်းဆုံးနည်း။ ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ရွေးချယ်ခံလူတို့မှ တစ်ဦးဖြစ်နိုင်ခြင်းဖြစ်သည်။...ဤသည်မှာ ကောင်းသလော။ ကောင်းသည့်အပြင် သတင်းကောင်းလည်း ဖြစ်၏။ အစေခံသူများကို ပုံသွင်း၍ရသည်ဟု ဆိုလိုခြင်းဖြစ်၏။ ဘုရားသခင်သည် အစေခံသူတစ်ဦးအား အစေခံရန် ခွဲခန့်မှတ်သားသည့်အခါ ထိုသူသည် ထာဝရအစေခံမည်ဟူသော သဘောဖြစ်၏။ ဤသို့ သေချာပေါက် မဟုတ်ပေ။ ထိုသူ၏ တစ်ဦးခြင်း အပြုအမူအရ ဘုရားသခင်သည် ၎င်းအား ကွဲပြားစွာ ကိုင်တွယ်၍ သူ့အား ကွဲပြားစွာ ဖြေကြားမည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ဘုရားသခင်၏ လူတို့မှာ အဘယ်နည်း။ ဘုရားသခင်၏ လူအားလုံးမှာ နိုင်ငံတော်ခေတ်တွင် ကျန်ရစ်ပြီး အသက်ရှင်နိုင်သောသူများ ဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်၏အမှုကို တွေ့ကြုံပြီး သမ္မာတရားကို ရရှိပြီးသောသူများ ဖြစ်ကြသည်။ သူတို့သည် အသစ်သော အသက်တာရှိကြသောလူများ ဖြစ်သည်။ ဘုရားသခင်၏ လူတို့သည် ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းမှုရှိကြပြီး သူတို့သည် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်နိုင်ကြကာ များစွာသော စမ်းသပ်မှုများ၊ စစ်ဆေးမှုများ၊ ဆင်းရဲဒုက္ခများနှင့် ကပ်ဘေးများကို ကြုံရပြီး နောက်ဆုံးတွင် စုံလင်အောင်ပြုခြင်း ခံရပြီးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို တွေ့ကြုံခြင်းမှတဆင့် စုံလင်အောင်ပြုခြင်း ခံရသောသူများဖြစ်သည်။ ဘုရားသခင်၏ လူများဖြစ်ကြသူ အားလုံးသည် ပင်ကိုလက္ခဏာ သုံးခုပိုင်ဆိုင်ထားကြသည်။ နံပါတ်တစ်၊ သူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း စိတ်နှလုံးရှိကြသည်ပြီး ဤသည်မှာ အဓိကအရာဖြစ်၏။ နံပါတ်နှစ်၊ ၎င်းတို့သည် အတော် ကောင်းမွန်သော လူ့သဘောသဘာဝရှိကြသည်။ ကောင်းမွန်သော နာမည်ဂုဏ်သတင်းရှိကြပြီး သူတို့ကို လူအများစုက သဘောကျကြသည်။ နံပါတ်သုံး၊ သူတို့သည် သူတို့၏တာဝန်ကို ဆက်ကပ်အပ်နှံမှုရှိစွာ လုပ်ဆောင်ကြသည်။ ဤပင်ကိုလက္ခဏာသုံးရပ်ကို ပိုင်ဆိုင်သော မည်သူမဆိုသည် ဘုရားသခင်၏ လူတို့ထဲမှ တစ်ဦးဖြစ်ပေသည်။ ဘုရားသခင်၏ လူတို့အတွက် သူတို့၏ အစွမ်းအစ အဘယ်မျှမြင့်မားသည်မှာ အရေးမကြီးပါ၊ အနည်းဆုံးအနေဖြင့် သူတို့သည် အလယ်အလတ်တန်းစား အရည်အသွေးရှိသူများဖြစ်ကြပြီး အလယ်အလတ်အဆင့် သမ္မာတရားများကို နားလည်သဘောပေါက်နိုင်ကြသည်။ သို့သော် အဓိကအရာမှာ သူတို့တွင် ကြောက်ရွံ့ကြည်ညိုသော စိတ်နှလုံးများနှင့် ကောင်းမွန်သော လူ့သဘောသဘာဝ ရှိကြသည်။ သူတို့သည် မည်သည့်နေရာတွင် နေရာချထားခံရပါစေ သို့မဟုတ် သူတို့လုပ်ဆောင်ရန် မည်သည့်တာဝန်ကို သင်စေခိုင်းပါစေ သူတို့မှာ တကယ့်ကို ယုံကြည်စိတ်ချရသည်။ သူတို့သည် ရှေ့တွင်တစ်မျိုး၊ ကွယ်ရာတွင်တစ်မျိုး မဟုတ်ကြပါ။ သူတို့သည် လိမ်လည်လှည့်ဖြားခြင်း မရှိသည့်အပြင် ဗြောင်ကျကျ သဘောတူညီပြီး တိတ်တိတ်ပုန်း ဆန့်ကျင်တတ်ကြသူများမဟုတ်ပါ။ သူတို့မှာ အတော်ပင် ရိုးသားပြီး ယုံကြည်ကိုးစားထိုက်သည်။ သူတို့သည် အခြားသူများ၌ ယုံကြည်ကိုးစားမှုကိုလှုံ့ဆော်ပေးသည်။ ဤကဲ့သို့သော လူအားလုံးသည် အတန်အသင့် ကောင်းမွန်သော လူ့သဘောသဘာဝရှိကြပြီး တကယ်ကိုရိုးသားကြသည်။ သူတို့သည် နိုင်ငံတော်ခေတ်ရှိ ဘုရားသခင်၏ လူများဖြစ်ကြသည်။

အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၉) တွင်ပါဝင်သော “လူအမျိုးမျိုးတိုင်း၏ အနှစ်သာရများနှင့် အကျိုးရလဒ်များအပေါ် ရှင်းလင်းစွာ နားလည်ထားရမည်” မှ

အစေခံသူများသည် သမ္မာတရားကို သူတို့၏ တကယ့်အသက်အဖြစ် မရရှိခဲ့ကြပါ၊ ဘုရားသခင်အတွက် အစေခံခြင်းကိုသာ သူတို့ လုပ်ဆောင်ကြသည်။ သူတို့သည် ဘုရားသခင်အပေါ် စစ်မှန်သောစိတ်နှလုံး ရှိကြသည့်အပြင် ယုံကြည်ခြင်းလည်း ရှိကြပြီး အတော်အသင့် ကောင်းမွန်သော လူ့သဘာဝကို သူတို့ ပိုင်ဆိုင်ကြသည်၊ သို့သော် သူတို့သည် သမ္မာတရားကို များစွာ မနှစ်သက်ကြပါ။ ဘုရားသခင်အတွက် အသုံးတော်ခံရာတွင် သူတို့၏ စိတ်အားထက်သန်မှုအပေါ် မှီခိုကြပြီး မည်သည့် ဆင်းရဲဒုက္ခကိုမဆို ခံစားဖို့ရန် လိုလားကြသည်။ သူတို့သည် တကယ့်အဆုံးတိုင် လိုက်လျှောက်ကြမည်ဖြစ်ပြီး ဘုရားသခင်ထံမှ ဘယ်သောအခါမျှ ခွဲထွက်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာဆက်ကပ်အပ်နှံထားသော အစေခံသူများ ဆက်လက်တည်ရှိကြလိမ့်မည့် အကြောင်းရင်း ဖြစ်သည်။...အဘယ်ကြောင့် သူတို့ကို အစေခံသူများဟု ဆိုရပါသနည်း။ ယင်းမှာ သမ္မာတရားကို သူတို့ မလိုက်စားကြသောကြောင့် ဖြစ်သည်။ သမ္မာတရားကို လိုက်စားသူတို့တွင်လည်း သူတို့၏ ဖောက်ပြန်ပျက်ဆီးမှု ထုတ်ဖော်ခံကြရသည့် အခိုက်အတန့်များနှင့် ရှုံးနိမ့်မှုထဲ လဲကျသော အချိန်များစွာ ရှိကြသည်၊ သို့သော် ၎င်းတို့ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရကာ ရှုံးနှိမ့်မှုများ နှင့် အတားအဆီးများကို တွေ့ကြုံရသည်နှင့် တစ်ပြိုင်နက် သို့မဟုတ် ဘုရားသခင်၏ အိမ်တော်မှ နှင်ထုတ်ခံရသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည်- “သမ္မာတရားမရှိတဲ့လူက သိပ်သနားစရာကောင်းတယ်၊ စိတ်အားပြင်းထန်မှုအပေါ် မှီခိုတဲ့လူက ခိုင်ခိုင်မာမာ မရပ်တည်နိုင်ပါကလား၊ လူတစ်ယောက်က သမ္မာတရားကို လက်တွေ့မကျင့်ဆောင်နိုင်ရင်၊ လူတစ်ယောက်က သမ္မာတရားကို နားမလည်ရင်၊ သူတို့ရဲ့ တာဝန်ကို အဆင့်အတန်းမီအောင် ဘယ်တော့မှ လုပ်နိုင်မှာမဟုတ်ဘူး။ ဒါက အစေခံသူတစ်ယောက်ပဲ မဟုတ်လား။ ငါအစေခံသူတစ်ယောက် အဖြစ်မခံနိုင်ဘူး၊ သမ္မာတရားကို ငါလိုက်စားရမယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ စိတ်နှလုံးကို နှစ်သိမ့်ဖို့နဲ့ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကို တုန့်ပြန်ဖို့အတွက် ငါ့တာဝန်ကို အဆင့်အတန်းမီအောင် ပြီးစီးစေဖို့ ကြိုးပမ်းရမယ်” ဟု နားလည်သဘောပေါက်သည်။ သူနိုးထပြီး သမ္မာတရားကို စတင်လိုက်စားကာ အဆုံးတွင် သမ္မာတရားအချို့ကို အမှန်တကယ်ရရှိပြီး ဘုရားသခင်ကို ကြောက်ရွံ့သော နှလုံးသားတစ်ခုကို အမှန်တကယ် စတင်ရရှိလေသည်။ ထို့ကြောင့် ဤကဲ့သို့သော လူတို့သည် အစေခံသူများဖြစ်နေသေးသလော။ သူတို့သည် သမ္မာတရားအချို့ကို ပိုင်ဆိုင်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သော နှလုံးသား၊ ဘုရားသခင်ကို ချစ်သော နှလုံးသား ရှိကြသောကြောင့် ဘုရားသခင်၏ လူတို့တွင် ပါဝင်လေသည်။ သူတို့သည် နာခံမှုမရှိဘဲ အာခံတတ်လာသည့် အခိုက်အတန့်တွင် ထိုအရာကို သူတို့သဘောပေါက်ကာ ဘုရားသခင်ထံ နောင်တရပြီးနောက် ပြောင်းလဲကြလေသည်။ ဤကဲ့သို့သော လူပုဂ္ဂိုလ်မျိုးသည် သမ္မာတရားကို သူတို့၏ ကိုယ်ပိုင်အသက်အဖြစ် ရရှိပြီးသောသူတစ်ဦးဖြစ်သည်။

ဘုရားသခင်၏ လူများနှင့်အစေခံသူများကြားတွင် ကြီးမားသော ကွာခြားချက် ရှိပါသလား။ ယင်းမှာ အလွန်မကြီးမားသော်လည်း သို့မဟုတ် အလွန်မသိသာသော်လည်း သူတို့သည် အခြေခံအားဖြင့် အမှန်တကယ် ကွာခြားပါသည်။ အစေခံသူများသည် ဘုရားသခင်ကို ကြောက်ရွံ့မှု အနည်းငယ်သာ ရှိကြပြီး၊ အလွန်ဆုံးအားဖြင့်- “ဘုရားသခင်ကို မပြစ်မှားကြနဲ့၊ မင်းတို့ ဘုရားသခင်ကို ပြစ်မှားရင် အပြစ်ပေးခံရလိမ့်မယ်” ဟုသာ ဆိုတတ်ကြသည်။ အလွန်သေးငယ်သည့် အရာတစ်ခုကို ဘုရားသခင်အား အမှန်တကယ်ကြောက်ရွံ့ခြင်းအဖြစ် ယူဆနိုင်ပါသလား။ ဘုရားသခင်ကို အမှန်တကယ် ကြောက်ရွံ့သည့်နှလုံးသား ရှိသူတို့သည် ဘုရားသခင်ကို သူတို့ ပြစ်မှားမိသည် မပြစ်မှားမိသည်ကိုသာ ထည့်သွင်းစဉ်းစားသည်မဟုတ်ဘဲ သမ္မာတရားကို သူတို့ ဆန့်ကျင်လျက် သွားနေမိခြင်းရှိမရှိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူတို့ ဆန့်ကျင်လျက် သွားနေမိခြင်းရှိမရှိ၊ တစ်စုံတစ်ရာကို လုပ်ဆောင်ခြင်းက ဘုရားသခင်ကို မနာခံခြင်း ဟုတ်မဟုတ်၊ ယင်းက ဘုရားသခင်၏ စိတ်နှလုံးကို နာကျင်စေနိုင်ခြင်းရှိမရှိနှင့် ဘုရားသခင်ကို အဘယ်သို့ စိတ်ကျေနပ်စေနိုင်မည် တို့ကိုလည်း ထည့်သွင်းစဉ်းစားကြသည်။ သူတို့သည် ဤရှုထောင့်များအားလုံးကို ထည့်သွင်းစဉ်းစားကြပြီး ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိခြင်းပင်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့ကျင့်ဆောင်စဉ်တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသောသူသည် အနည်းဆုံး ဆိုးညစ်မှုကို အဝေးကရှောင်နိုင်ပြီး ဘုရားသခင်ကို အာခံသည့်အရာများကို လုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်နိုင်လေသည်။ သူသည် ဤအခြေခံမျဉ်းကို ကျော်လွန်နိုင်သည်။ ဤသည်ကို ဘုရားသခင်အား ကြောက်ရွံ့သော စိတ်နှလုံးသားရှိခြင်းဟု ခေါ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိခြင်းနှင့် ဘုရားသခင်ကို အနည်းငယ်ကြောက်ရွံ့သော စိတ်နှလုံးရှိခြင်းတို့ကြားတွင် ကွာခြားမှုတစ်ခု ရှိလေသည်။ အကယ်၍ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသည့် လူတစ်ဦးသည် သမ္မာတရားအချို့ကို အမှန်တကယ်နားလည်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို လက်တွေ့ကျင့်ဆောင်နိုင်လျှင် ဤလူသည် အသက်ကို ဧကန်မုချ ပိုင်ဆိုင်သည်။ သမ္မာတရားကို မိမိ၏အသက်အဖြစ် ရှိထားသောသူသည် ဘုရားသခင်၏ လူတို့တွင် ပါဝင်သည်။ အစေခံသူတို့သည် သမ္မာတရားကို သူတို့၏ အသက်အဖြစ် မပိုင်ဆိုင်ကြပါ၊ သူတို့သည် သမ္မာတရားကို မနှစ်သက်ကြသလို သူတို့ ပိုင်ဆိုင်သမျှမှာ ဘုရားသခင်၌ ယုံကြည်ခြင်းဖြစ်သည်။ ထို့ပြင် သူတို့သည် အနည်းဆုံး စိတ်အားပြင်းထန်မှုနှင့် အလယ်အလတ်တန်းစား လူ့သဘာဝကို ပိုင်ဆိုင်ကြသည်၊ ဘုရားသခင်အတွက် သူတို့သည် မိမိတို့ကိုယ်ကို အသုံးခံလိုကြသည်။ အိမ်တွင် ဒုက္ခပြဿနာများ မည်မျှ ရှိပါစေ၊ မည်သည့်အခြေအနေများ သို့မဟုတ် စမ်းသပ်မှုများ သူတို့ရင်ဆိုင်ရပါစေ သူတို့သည် ဘုရားသခင်အတွက် အစေခံခြင်းကို မလျှော့တမ်းလုပ်ဆောင်ကြပြီး နောက်ဆုတ်ခြင်းမရှိဘဲ တကယ့်အဆုံးထိ ဆက်ကပ်အပ်နှံကြသည်။ ဤသည်တို့မှာ ဆက်လက်တည်ရှိမည့် လူများ၊ သစ္စာရှိသော အစေခံများ ဖြစ်ကြသည်။ အချို့သော အစေခံများသည် အဆုံးတိုင် အစေမခံကြပါ။ ကောင်းချီးမင်္ဂလာကို သူတို့ ရရှိလိမ့်မည်မဟုတ်ကြောင်း ကြားသည်နှင့်တစ်ပြိုင်နက် အစေခံမှုကို ဆောင်ရွက်နေခြင်းအား ရပ်ဆိုင်းကြသည်။ အစေခံခြင်းကို ကောင်းကောင်းမဆောင်ရွက်နိုင်သော အစေခံအချို့သည် သူတို့ကို ကိုင်တွယ်ဖြေရှင်းရန် အဘယ်သူကိုမျှ အခွင့်မပေးကြချေ။ လူတစ်ဦးက သူတို့ကို ကိုင်တွယ်ဖြေရှင်းသည်နှင့် တစ်ပြိုင်နက် သူတို့က “ငါ အစေမခံတော့ဘူး၊ အိမ်ပြန်တော့မယ်” ဟု ဆိုတတ်ကြသည်။ ဆိုးဝါးသော အခြေအနေများ၊ ဥပမာအားဖြင့် အဖမ်းခံရခြင်းကို ရင်ဆိုင်ရသည့် အချို့သောအစေခံများသည် သူရဲဘောကြောင်လာကြပြီး နောက်ဆုတ်တတ်ကြသည်။ သူတို့၏ အစေခံခြင်းဖြစ်စဉ်၌ အချို့က- “ငါ့မိသားစု ဘယ်လိုအသက်ရှင်ကြမလဲ။ ငါပြန်သွားပြီး ငွေတချို့ရှာမှပါပဲ။ ငါ့ယောက်ျား (သို့မဟုတ် မိန်းမ) နဲ့ ကလေးတွေကို ငါ ကောင်းကောင်း စောင့်ရှောက်ရမယ်” ဟူ၍ သူတို့မိသားစုများ၏ ဘဝများကို စိုးရိမ်ကြသေး၏။ သူတို့သည် ဘုရားသခင်ကို မည်သည့် သစ္စာမျှမရှိဘဲ လက်က ထွန်တုံးကို ကိုင်လျက်နှင့် နောက်သို့ လှည့်ကြည့်ကြသည်။ ဤကဲ့သို့သော အစေခံများသည် စံမမီကြပဲ ဤအကြောင်းကြောင့် ပယ်ရှင်းခံကြရမည်ဖြစ်သည်။

အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၁၄) တွင်ပါဝင်သော “ခေါ်ခြင်းခံရသူ များသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏” မှ

အတိတ်တွင် ဘုရားသခင်၏လူတို့ကို သိနားလည်မှုမရှိသော လူများစွာ ရှိခဲ့သည်။ သို့ဆိုလျှင် ဘုရားသခင်၏လူတို့မှာ အဘယ်နည်း။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံခဲ့ကြသည့် ကျွန်ုပ်တို့သည် သူ၏လူများဖြစ်ကြသည်မှာ မှန်သည်မဟုတ်လော။ သင်သည် သူ၏လူများထဲမှတစ်ဦး ဖြစ်လာရသည်မှာ အနန္တတန်ခိုးရှင်၏ နာမတော်ကို သင်လက်ခံသည့်အချိန်တွင် မဟုတ်ပေ။ ယင်းအတွက် စံတစ်ခုပါဝင်သည့် စုံလင်အောင်ပြုလုပ်ခံရခြင်း၏ ဖြစ်စဉ်ရှိပေသည်။ ဤစံမှာ အဘယ်နည်း။ ယင်းမှာ သင်၏တာဝန်ကို စံချိန်မီအောင် ဆောင်ရွက်ပြီးခြင်းဖြစ်ကာ၊ ထို့နောက်တွင်မှ သင်သည် ဘုရားသခင်၏ လူတို့ထဲမှတစ်ဦး ဖြစ်ပေသည်၊ ၎င်းတို့၏တာဝန်ထဲတွင် ဤစံကို လက်လှမ်းမမီသော သူတို့သည် ဘုရားသခင်၏ လူများ မဟုတ်ကြပါ။ ၎င်းတို့သည် ဘုရားသခင်၏လူများ မဟုတ်ကြချေ။ တိကျစွာ ပြောရလျှင် ၎င်းတို့သည် အစေခံများဖြစ်ကြသည်၊ ဤသည်မှာ ၎င်းတို့ကို ဤစွမ်းဆောင်မှုကာလအတွင်း ခေါ်ဆိုသည့်အရာဖြစ်သည်။ သမ္မာတရားကို မရရှိသေးသည့်သူများကို အစေခံများဟု ခေါ်သည်။ လူတစ်ဦးသည် သမ္မာတရားကိုရရှိပြီး အမှုရေးရာများကို စည်းမျဉ်းနှင့်အညီ ကိုင်တွယ်နိုင်လျှင် ယင်းမှာ အသက်ကို ၎င်းတို့ရယူပြီဟု ဆိုလိုပေသည်။ သမ္မာတရားကို ၎င်းတို့၏ အသက်အဖြစ် ရရှိသောသူတို့သည်သာ အမှန်တကယ် ဘုရားသခင်၏ လူများဖြစ်ကြသည်။

အသက်တာထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ၊ အတွဲ ၁၂၅ မှ

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသား၌ “သူတို့ကို အမည်တပ်ခေါ်ခြင်းမှာ” ဟူသည့် စကားရပ်မပါရှိပါ။

ခ။ မူရင်းစာသား၌ “သူတို့ခေါ်တွင်ခံရခြင်းမှာ” ဟူသည့် စကားရပ်မပါရှိပါ။

ယခင်က:လူတစ်ဦး၏ နောက်ဆုံး ရလဒ်ကို မည်သည့်အချက်အပေါ်အခြေပြု၍ ဘုရားသခင် ဆုံးဖြတ်ပါသနည်း။

နောက်တစ်ခုသို့:ကယ်တင်ခြင်း ရရှိပြီးလျက် စုံလင်ခံရပြီးသူများအဖို့ ဘုရားသခင်၏ ကတိတော်များမှာ အဘယ်နည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ