အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၄၁။ ဒုစရိုက်မှုများဆိုသည်မှာ အဘယ်နည်း။ ဒုစရိုက်မှုများ၏ သရုပ်သကန်များမှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူတစ်ဦး၏အကျင့်များကို ကောင်းသည် ဆိုးသည်ဟူ၍ အကဲဖြတ်ပေးသော စံနှုန်းမှာအဘယ်နည်း။ ၎င်းမှာ သင်သည် သင်၏အတွေးများ၊ ဖော်ပြချက်များနှင့် အပြုအမူများ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရား၏စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ခြင်းအကြောင်း သက်သေခံချက် ရှိမရှိအပေါ် မူတည်၏။ အကယ်၍ သင်၌ ဤစစ်မှန်မှု မရှိပါက၊ သို့မဟုတ် ဤအရာအတိုင်း အသက်ရှင်နေထိုင်ခြင်းမရှိပါက၊ သင်သည် အဓမ္မပြုသူတစ်ဦးဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သောစိတ်နှလုံးကို ဘုရားသခင်ထံလှည့်ပြီးသည့်အခါမှ သမ္မာတရားကို သင်ရနိုင်မည်” မှ

အကယ်၍ သင်သည် ဇာတိပကတိအလျောက် အစဉ်အသက်ရှင်ပါက၊ သင်၏တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကိုသာ အစဉ်ဖြည့်ဆည်းပါက ယင်းကဲ့သို့သောလူတစ်ဦးသည် သမ္မာတရား၏စစ်မှန်မှုကို ပိုင်ဆိုင်ခြင်းမရှိပေ။ ဤသည်မှာ ဘုရားသခင်ကို အရှက်ရစေသော သူတစ်ဦး၏ အမှတ်အသားဖြစ်၏။ သင်က “ကျွန်ုပ်သည် မည်သည့်အရာကိုမျှ မလုပ်ရသေးပါ၊ ကျွန်ုပ်သည် ဘုရားသခင်ကို အဘယ်သို့ အရှက်ရစေခဲ့သနည်း” ဟု ဆိုသည်။ သင်၏လုပ်ဆောင်ချက်များ၏နောက်ကွယ်မှ သင်၏ အတွေးများနှင့် စိတ်ကူးများ၊ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်ပန်းတိုင်များနှင့် စေ့ဆော်မှုများနှင့် သင် ပြုခဲ့ပြီးသောအရာများ၏ အကျိုးဆက်များ၌၊ သင်သည် စာတန်ကို နည်းလမ်းတိုင်းတွင် ကျေနပ်အားရနေစေ၏၊ ၎င်း၏အဟားခံရသူဖြစ်နေပြီး၊ ၎င်းအား သင့်ထံမှ တစ်စုံတစ်ရာ ရယူခွင့်ပြုလျက်နေ၏။ သင်၌ ခရစ်ယာန်တစ်ဦးအနေဖြင့် ရှိသင့်သော သက်သေခံချက် နည်းနည်းမျှ မရှိပေ။ သင်သည် အရာခပ်သိမ်း၌ ဘုရားသခင်၏နာမတော်ကို အရှက်ရစေပြီး သင်၌ စစ်မှန်သော သက်သေခံချက် မရှိပေ။ ဘုရားသခင်သည် သင်ပြုခဲ့ပြီးသောအရာများကို အမှတ်ရမည်လော။ အဆုံးတွင် ဘုရားသခင်သည် သင်၏လုပ်ဆောင်ချက်များနှင့် သင် ထမ်းဆောင်ခဲ့သော တာဝန်များနှင့်ပတ်သက်၍ မည်သည့်ကောက်ချက်ကို ချမှတ်မည်နည်း။ ထိုအရာမှ တစ်စုံတစ်ရာ၊ ထွက်ဆိုချက်တစ်မျိုး လာရမည်မဟုတ်လော။ သမ္မာကျမ်းစာထဲတွင် သခင်ယေရှုက “ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသောတန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသောသူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ” ဟု ဆို၏။ သခင်ယေရှုသည် အဘယ်ကြောင့် ဤသို့ပြောခဲ့သနည်း။ သခင်ဘုရား၏နာမ၌ နာမကျန်းဖြစ်သူများကို ကုသပေး၍ နတ်ဆိုးများကို နှင်ထုတ်သောသူများ၊ သခင်ဘုရား၏နာမ၌ ဟောပြောရန် ခရီးသွားသူများသည် အဘယ်ကြောင့် အဓမ္မအမှုပြုသူများ ဖြစ်ခဲ့သနည်း။ ဤအဓမ္မအမှုပြုသူများမှာ မည်သူနည်း။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်သောသူများ ဖြစ်သလော။ ၎င်းတို့အားလုံး ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်သို့ လိုက်ကြသည်။ ၎င်းတို့သည် ဘုရားသခင်အတွက် ပစ္စည်းဥစ္စာများကိုလည်း စွန့်လွှတ်ကြသည်၊ ဘုရားသခင်အတွက် ၎င်းတို့ကိုယ်ကို အသုံးခံကြပြီး ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ကြသည်။ သို့သော်လည်း ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာ၌ ၎င်းတို့သည် ကိုးကွယ်ဆည်းကပ်ခြင်းနှင့် သက်သေခံခြင်း ကင်းမဲ့ကြသဖြင့် ၎င်းမှာ အဓမ္မအမှုပြုခြင်း ဖြစ်ခဲ့သည်။ ဤအကြောင်းကြောင့် သခင်ယေရှုက “အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ” ဟု ဆိုခဲ့ခြင်းဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သောစိတ်နှလုံးကို ဘုရားသခင်ထံလှည့်ပြီးသည့်အခါမှ သမ္မာတရားကို သင်ရနိုင်မည်” မှ

သင်သည် ဘုရားသခင်၏ ဤပြုမူဆောင်ရွက်မှုများ အားလုံးကို မြင်သော်လည်း သင်သည် ခုခံပုန်ကန်နေဆဲဖြစ်ပြီး ဆက်ကပ်အပ်နှံခြင်း မရှိချေ။ သင်ကိုယ်တိုင်၏ အတွင်းထဲ၌ အကြောင်းအရာများစွာ ခိုအောင်းထားပြီး သင်စိတ်ဆန္ဒ ရှိသကဲ့သို့ လုပ်ဆောင်သည်။ သင်၏ ကိုယ်ပိုင်တပ်မက်မှုနှင့် နှစ်သက်မှုတို့၏ နောက်ကိုလိုက်သည်။ ဤအရာသည် ပုန်ကန်ခြင်းဖြစ်သည်။ ဤအရာသည် ခုခံခြင်းဖြစ်သည်။ ကိုယ်ပိုင်တပ်မက်မှုအတွက်၊ နှစ်သက်မှုအတွက်၊ လောကအတွက်နှင့် စာတန်အတွက်၊ ဇာတိပကတိတို့အတွက် ဆောင်ရွက်ခဲ့သည့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် ညစ်ညမ်းသည်။ ဤအရာသည် ခုခံပုန်ကန်ခြင်းဖြစ်သည်။ ယခုအခါမှာ မတူညီသည့် ယုံကြည်မှုပေါင်းစုံရှိသည်။ အချို့သည် ဒုက္ခများမှ နားခိုရာကိုရှာသည်။ အချို့က ကောင်းချီးကိုရှာသည်။ အချို့က ထူးဆန်းသောအရာများကို နားလည်ချင်သည်။ အချို့က ငွေရဖို့ ကြိုးစားနေကြဆဲဖြစ်သည်။ ဤအရာများသည် ပုန်ကန်ခြင်း ပုံစံများပင် ဖြစ်သည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်ကို ပြစ်မှားခြင်းများပင် ဖြစ်သည်။ ခုခံပုန်ကန်သည်ဟု ပြောဖို့မှာ ဤအရာများနှင့် ပတ်သက်နေသည် မဟုတ်လော။ ယနေ့လူအများစုသည် ငြီးတွားသည်၊ အထွန့်တက်သည် သို့မဟုတ် တရားစီရင်ခြင်းတို့ ပြုလုပ်ကြသည်။ ဤအရာများအားလုံးသည် ဆိုးယုတ်မှုအားဖြင့် ဖြစ်ပေါ်ခြင်း ဖြစ်သည်။ သူတို့သည် ခုခံပုန်ကန်သူ လူသားများဖြစ်သည်။ ဤကဲ့သို့လူများသည် စာတန်၏ ပိုင်ဆိုင်ထားခြင်း ခံရသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည်” မှ

ညီအစ်ကိုမောင်နှမများအကြား မိမိတို့၏ အပျက်သဘောကို အစဉ်အမြဲ ဖွင့်ပြောသောသူများသည် စာတန်၏ အစေအပါးများဖြစ်ကြပြီး သူတို့သည် အသင်းတော်ကို အနှောင့်အယှက်ပေးကြ၏။ ထိုသူများသည် တစ်နေ့တွင် နှင်ထုတ်ခံရပြီး ဖယ်ရှားခံရမည်။ အကယ်၍ လူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ဘုရားသခင်ကို ရိုသေလေးမြတ်သော နှလုံးသား မိမိတို့အထဲ၌ မရှိပါက၊ ဘုရားသခင်ကို နာခံသည့် နှလုံးသား မရှိပါက၊ ထိုသူတို့သည် ဘုရားသခင်အတွက် မည်သည့် အလုပ်ကိုမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ရုံသာမကဘဲ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်ကို ဖီဆန်သောသူနှင့် ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်သောသူများ ဖြစ်လာမည်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သူ တစ်စုံတစ်ယောက်က ဘုရားသခင်ကို မနာခံ သို့မဟုတ် ရိုသေလေးမြတ်မှု မရှိဘဲ၊ ထိုအစား ဘုရားသခင်ကို ဖီဆန်သောအခါ၊ ဤသည်မှာ ယုံကြည်သူအတွက် အကြီးအကျယ်ဆုံး အရှက်ရဖွယ် ဖြစ်သည်။ အကယ်၍ ယုံကြည်သူ တစ်ယောက်၏ အပြောအဆိုနှင့် အပြုအမူတို့သည် မယုံကြည်သူတစ်ယောက်ကဲ့သို့ပင် အမြဲတမ်း လေးနက်မှုမရှိဘဲ၊ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပါက မယုံကြည်သူထက်ပင် ပို၍ ဆိုးယုတ်ပြီး၊ ထိုသူတို့သည် နတ်ဆိုးစင်စစ်ဖြစ်သည်။ မိမိတို့၏ အဆိပ်ရှိသော အပြောအဆိုများကို ဖွင့်ပြောတတ်သည့် အသင်းတော်က လူများ၊ ညီအစ်ကိုမောင်နှမများကြား ကောလာဟလများ ဖြန့်တတ်သည့် သူများနှင့်၊ မစည်းလုံးမှုကို ဆွပေးသောသူများနှင့် အုပ်စုများဖွဲ့သောသူတို့သည် အသင်းတော်မှ နှင်ထုတ်ခြင်း ခံခဲ့သင့်သည်။ သို့သော် ယခုသည် ဘုရားသခင်အလုပ်၏ ခြားနားသော ခေတ်ကာလဖြစ်သည့်အတွက် ထိုသူများသည် ချုပ်ချယ်ခြင်း ခံရသည်၊ အကြောင်းမှာ ထိုသူတို့သည် ဖယ်ရှားခံရ ကိန်းနှင့်ကြုံ မည့် အရာများဖြစ်သောကြောင့်တည်း။ စာတန်၏ ဖျက်ဆီးခြင်း ခံထားရသော လူအားလုံး၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည်။ သို့သော်လည်း အချို့လူများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသာရှိပြီး အခြားလူများ၌မူ ထိုကဲ့သို့ မဟုတ်ကြပေ။ ထိုသူများ၌ စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိသည်သာမက သူတို့၏သဘာဝများသည်လည်း တစ်ဖက်စွန်းရောက်သည်တိုင် မလိုမုန်းထားတတ်ကြသည်။ ထိုကဲ့သို့သော လူအမျိုးအစား၏ အပြုအမူ နှင့် အပြောအဆိုများ အားလုံးသည် ထိုသူတို့၏ စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ဖော်ပြသည်သာမက သူတို့ကိုယ်တိုင်သည်လည်း စစ်မှန်သည့် စာတန်နတ်ဆိုး ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မကျင့်သုံးသောသူများကို သတိပေးချက်” မှ

အသင်းတော်တစ်ခုစီတိုင်း၌ အသင်းတော်ကို နှောင့်ယှက်သောလူများ၊ ဘုရားသခင်၏အလုပ်ကို ကြားဖြတ်သော သူများရှိသည်။ ဤလူများအားလုံးသည် ဘုရားသခင်၏ အိမ်ထောင်မိသားစုတွင် စာတန်အယောင်ဆောင်နေခြင်း ဖြစ်သည်။ ဤကဲ့သို့သော လူသည် ငါ၏ ရှေ့မှောက်သို့ တလေးတစား လာလျက်၊ ခေါင်းတညိတ်ညိတ်နှင့် ဦးညွှတ်လျက်၊ ခွေးဝဲစားများကဲ့သို့ ပြုမူလျက်၊ မိမိတို့၏ ရည်ရွယ်ချက်များ အထမြောက်စိမ့်သောငှာ သူတို့၏"အရာအားလုံး" ကို ဆက်ကပ်ကြလျက် ရှိသော်လည်း ညီအစ်ကို မောင်နှမများ ရှေ့တွင် သူတို့၏ အကျည်းတန်သော မျက်နှာများကို ပြကြ၍ အထူးသဖြင့် အယောင်ဆောင်ကောင်း၏။ သမ္မာတရားကို လက်တွေ့ကျင့်သုံးသော တစ်စုံတစ်ယောက်ကို ထိုသူတို့မြင်သောအခါ ၎င်းတို့ကို တိုက်ခိုက်ပြီး ဖယ်ရှားကြသည်။ သူတို့ကိုယ်တိုင်ထက် ခံ့ညားလောက်သော လူတို့ကို မြင်သောအခါ ထိုသူတို့သည် အသင်းတော်ထဲတွင် အာဏာရှင်ကဲ့သို့ ပြုမူလျက် မြှောက်ပင့်ပြီး မျက်နှာလုပ်တတ်ကြသည်။ အသင်းတော်အများစုတွင် အထဲ၌ ဤကဲ့သို့ “ယုတ်မာသော နယ်ခံမြွေ” နှင့် ”ခိုင်းဖတ်ခွေး” တို့ ရှိသည်ဟု ပြော၍ရသည်။ ထိုသူတို့သည် နေရာအနှံ့ ခိုးကြောင်ခိုးဝှက် အတူတကွ သွားကြပြီး တစ်ဦးကိုတစ်ဦး မျက်စိမှိတ်ကာ လျှို့ဝှက်စွာ အချက်ပြကြသည်။ ထိုသူတို့ထဲ၌ မည်သူမျှ သမ္မာတရားကို လက်တွေ့မကျင့်သုံးကြချေ။ အဆိပ်အပြင်းဆုံးရှိသောသူသည် “နတ်ဆိုးခေါင်းဆောင်” ဖြစ်ပြီး ဂုဏ်သိက္ခာအမြင့်ဆုံးဖြစ်သည့် သူသည် ဦးဆောင်ကာ ၎င်းတို့၏အလံကို လေထဲတွင် လွှင့်ထူပြီး သယ်ဆောင်ကြသည်။ ဤလူများသည် ၎င်းသူတို့၏ အပျက်သဘောကို ဖြန့်ဝေလျက်၊ သေခြင်းတရားကို ထုတ်လွှတ်လျက်၊ မိမိတို့ သဘောရှိ လုပ်ဆောင်လျက်၊ မိမိတို့ သဘောရှိ ပြောဆိုလျက်နှင့် ၎င်းတို့ကို တားဆီးရန် မည်သူမျှ မဝံ့ရဲကြဘဲ စာတန်ဆန်သော စိတ်သဘောထားများ အပြည့်နှင့် အသင်းတော်အတွင်း စည်းလွတ်ဘောင်လွတ် ဖြစ်နေကြသည်။ ထိုသူတို့သည် ဆူပူလှုပ်ရှားမှုများကို စတင်ဖြစ်စေသည်နှင့် တစ်ပြိုင်နက် သေခြင်းတရား၏ လေထုသည် အသင်းတော်ထဲကို ဝင်ရောက်လာသည်။...အကယ်၍ အသင်းတော်တွင် ယုတ်မာသော နယ်ခံမြွေအချို့ အပြင် ထိုးထွင်းသိမြင်မှု လုံးလုံးလျားလျား ကင့်မဲ့သောအနီးအနားတွင် ၎င်းတို့နောက်ကို လိုက်သော “ယင်ကောင်” ငယ်အချို့ ရှိမည်ဆိုပါက၊ ထိုအသင်းတော်များသည် သမ္မာတရားကို မြင်ပြီးနောက် ထိုမြွေများ၏ ကြိုးကိုင်ညွှန်ကြားခြင်းနှင့် ချည်နှောင်ခြင်းကို မဖြတ်နိုင်သေးပါက ထိုမိုက်မဲသူများသည် အဆုံးတွင် ဖယ်ရှားခံရမည်ဖြစ်သည်။ ဤယင်ကောင်ငယ်များသည် မည်သည့် ဆိုးရွားသောအရာကိုမျှ မလုပ်ခဲ့သော်ငြားလည်း သူတို့သည် ပို၍ပင် ကောက်ကျစ်ကာ၊ ပို၍ပင် ပါးပါးနပ်နပ်ရှိပြီး ပို၍ ပြန့်ပွားကာ၊ တိမ်းရှောင်တတ်သည်။ ဤကဲ့သို့သောသူအားလုံးသည် ဖယ်ရှားခြင်းခံရမည်ဖြစ်သည်။ မည်သူမျှ ကြွင်းကျန်ရစ်မည် မဟုတ်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မကျင့်သုံးသောသူများကို သတိပေးချက်” မှ

သင်တို့၏ လှည့်ဖြားမှု၊ သင်တို့၏ဝင့်ဝါမှု၊ သင်တို့၏လောဘ၊ သင်တို့၏ လွန်ကဲသောအလိုဆန္ဒများ၊ သင်တို့၏ သစ္စာဖောက်မှု၊ သင်တို့၏ မနာခံမှု— ၎င်းတို့အနက် မည်သည့်အရာသည် ငါ၏သတိပြုမှုမှ လွတ်မြောက်နိုင်မည်နည်း။ သင်တို့သည် ငါ့အား ဆင်ဝှေ့ရန်ရှောင်လုပ်၏၊ ငါ့အား လှည့်စား၏၊ ငါ့အား စော်ကား၏၊ ငါ့အား လှည့်ဖြား၏၊ ငါ့အား အတင်းအကျပ် တောင်းဆို၏၊ ယဇ်ကောင်များအတွက် ငါ့ကိုခြိမ်းခြောက်သည်— ထိုကဲ့သို့သော မကောင်းမှုသည် ငါ၏အပြစ်ဒဏ်မှ မည်သို့ ရှောင်တိမ်းနိုင်မည်နည်း။ သင်တို့၏မကောင်းမှုပြုခြင်းသည် သင်တို့ငါနှင့် မသင့်မြတ်ခြင်း၏ အထောက်အထားဖြစ်၏။ ထို့အပြင် သင်တို့သည် ငါနှင့် သဟဇာတမဖြစ်ကြောင်း အထောက်အထားဖြစ်၏။ သင်တို့တစ်ဦးစီသည် သင်တို့ကိုယ်သင်တို့ ငါနှင့် အလွန် သဟဇာတဖြစ်သည်ဟု ယူဆကြ၏။ သို့သော် ထိုသို့ဖြစ်ပါက ငြင်းဆိုနိုင်ခြင်းမရှိသော ဤအထောက်အထားသည် မည်သူနှင့်သက်ဆိုင်သနည်း။ သင်တို့ကိုယ်သင်တို့ ငါ့အပေါ် အဆုံးစွန်သော ရိုးသားမှုနှင့် သစ္စာရှိမှုတို့ ပိုင်ဆိုင်သည်ဟု ယူဆကြ၏။ သင်တို့သည် ကြင်နာလွန်း၍ ကရုဏာတရားကြီးမားလွန်းကာ ငါ့အပေါ် လွန်စွာ ဆက်ကပ်ခဲ့ပြီးပြီဟု ထင်ကြ၏။ သင်တို့သည် ငါ့အတွက် လုံလောက်စွာ ဆောင်ရွက်ပေးခဲ့ပြီးပြီဟု ထင်ကြ၏။ သို့သော် ဤအယူအဆများကို သင်တို့ကိုယ်တိုင်၏ အပြုအမူများနှင့် နှိုင်းယှဉ်ခဲ့ဖူးသလော။ သင်တို့သည် လွန်စွာဝင့်ဝါသည်၊ လွန်စွာ လောဘကြီးသည်၊ ဝတ်ကျေတမ်းကျေသာ လွန်စွာပြုသည်ဟု ငါဆို၏။ သင်တို့ငါ့အားလှည့်စားသည့် လှည့်ကွက်များသည် လွန်စွာကောင်း၍ သင်တို့တွင် လွန်စွာစက်ဆုပ်ဖွယ်ကောင်းသော ရည်ရွယ်ချက်များနှင့် စက်ဆုပ်ဖွယ်ကောင်းသော နည်းနာများ ရှိကြ၏။ သင်တို့၏ သစ္စာရှိမှုသည် လွန်စွာနည်းပါး၏။ သင်တို့၏ စိတ်ထက်သန်မှုသည် လွန်စွာသေးနုပ်၍ သင်တို့၏ အသိတရားသည် သာ၍ပင် ကင်းမဲ့နေ၏။ သင်တို့၏နှလုံးသားများတွင် မလိုမုန်းထားမှုများ များလွန်း၍ မည်သူမျှ ကင်းလွတ်ခြင်းမရှိ။ ငါသည်ပင် ကင်းလွတ်ခြင်း မရှိပေ။ သင်တို့၏သားသမီးများအတွက်၊ သို့မဟုတ် သင်တို့၏ ခင်ပွန်းအတွက် သို့မဟုတ် သင်တို့ကိုယ်တိုင်၏ ရှင်သန်မှုအတွက် ကြိုးပမ်းရန် သင်တို့သည် ငါ့ကို ပယ်ထား၏။ ငါ့အပေါ်ဂရုစိုက်မည့်အစား သင်တို့သည် သင်တို့၏မိသားစု၊ သင်တို့၏သားသမီးများ၊ သင်တို့၏ဂုဏ်ဒြပ်၊ သင်တို့၏အနာဂတ်နှင့် သင်တို့ကိုယ်တိုင်၏ အားရကျေနပ်မှုအတွက် သင်တို့ဂရုစိုက်ကြ၏။ သင်တို့ပြောဆို လုပ်ကိုင်ခဲ့စဉ် မည်သည့်အချိန်၌ သင်တို့သည် ငါ့ကို မည်သည့်အခါက စဉ်းစားမိခဲ့ဖူးသနည်း။ ရာသီဥတုအေးသည့်အခါ သင်တို့၏အတွေးများသည် သင်တို့၏သားသမီးများ၊ သင်တို့၏ ခင်ပွန်း၊ သင်တို့၏ဇနီး၊ သို့မဟုတ် သင်တို့၏ မိဘများထံသို့ လှည့်သွားကြ၏။ ရာသီဥတုပူသည့်အခါတွင်လည်း ငါသည် သင်တို့၏ အတွေးများတွင် နေရာယူခြင်း မရှိပေ။ သင်သည် သင်၏တာဝန်ကိုထမ်းဆောင်သည့်အခါ သင်ကိုယ်တိုင်၏ အကျိုးစီးပွားများ၊ သင်ကိုယ်တိုင်၏ ဘေးကင်းလုံခြုံရေး၊ သင်၏မိသားစုဝင်များကို စဉ်းစားနေ၏။ သင်သည် ငါ့အတွက် မည်သည့်အခါကများ ဆောင်ရွက်ခဲ့ဖူးသနည်း။ သင်သည် ငါ့ကို မည်သည့်အခါကများ စဉ်းစားခဲ့ဖူးသနည်း။ မည်သို့ပင်အနစ်နာခံရသည်ဖြစ်စေ ငါနှင့် ငါ၏အမှုအတွက် သင့်ကိုယ်သင် မည်သည့်အခါက ဆက်ကပ်ခဲ့ဖူးသနည်း။ ငါနှင့်သင် သဟဇာတဖြစ်မှုအထောက်အထား မည်သည့်နေရာတွင် ရှိသနည်း။ ငါ့အပေါ် သင်၏သစ္စာရှိမှု၏ အမှန်တရားသည် မည်သည့်နေရာတွင် ရှိသနည်း။ ငါ့အပေါ် သင်၏နာခံမှု၏ အမှန်တရားသည် မည်သည့်နေရာတွင်ရှိသနည်း။ သင်၏ရည်ရွယ်ချက်များသည် ငါ၏ကောင်းချီးမင်္ဂလာများ ခံစားရရေးအတွက် မဟုတ်သည့်အချိန် မည်သည့်အခါက ရှိခဲ့ဖူးသနည်း။ သင်တို့သည် ငါ့ကိုလှည့်စား၍ လှည့်ဖြား၏။ သင်တို့သည် သမ္မာတရားနှင့်ကစားကာ၊ သမ္မာတရားရှိကြောင်း ကွယ်ဝှက်ထားကြလျက် သမ္မာတရား၏ အနှစ်သာရကို သစ္စာဖောက်ကြ၏။ သင်တို့ကိုယ်သင်တို့ ငါနှင့် မသင့်မြတ်စေကြလွန်းသဖြင့် အနာဂတ်တွင် သင်တို့ကို မည်သည့်အရာက စောင့်နေသနည်း။ သင်တို့သည် မရေရာသော ဘုရားသခင်တစ်ပါးနှင့် သဟဇာတဖြစ်ရေးကိုသာ ကြိုးစားကြ၍ မရေရာသော ယုံကြည်ခြင်းကိုသာ ရှာဖွေကြ၏။ သို့ရာတွင် သင်တို့သည် ခရစ်တော်နှင့် သဟဇာတမဖြစ်ပေ။ သင်တို့၏ မကောင်းမှုသည် ဆိုးယုတ်သူတို့ခံစားထိုက်သည့် ဒဏ်ခတ်ခြင်းကို မရရှိထိုက်ပေဘူးလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကို ရှာဖွေသင့်သည်” မှ

သင့်အနေဖြင့် ဘုရားသခင်ကိုယုံကြည်သည့် နှစ်ကာလများတစ်လျှောက်တွင် မည်သူ့ကိုမျှ ကျိန်ဆဲခဲ့ဖူးခြင်း၊ သို့မဟုတ် မကောင်းမှုကို ကျူးလွန်ခဲ့ဖူးခြင်း မရှိသော်လည်း ခရစ်တော်နှင့် သင်၏ပေါင်းသင်းဆက်ဆံရာ၌ သမ္မာတရားကို မပြောနိုင်၊ ရိုးသားစွာ မပြုမူနိုင်၊ သို့မဟုတ် ခရစ်တော်၏နှုတ်ကပတ်တော်ကို မနာခံနိုင်ခြင်းမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ဆိုလျှင် သင်သည် ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံးနှင့် မလိုမုန်းထားစိတ် အကြီးမားဆုံးသောသူဟု ငါဆိုသည်။ သင်သည် သင်၏ဆွေမျိုးများ၊ မိတ်ဆွေများ၊ ဇနီး (သို့မဟုတ် ခင်ပွန်း)၊ သားသမီးများနှင့် မိဘများအပေါ် အထူးဖော်ရွေရင်းနှီး၍ အစဉ်သစ္စာရှိပြီး၊ သူတစ်ပါးအပေါ် မည်သည့်အခါမျှ အခွင့်အရေးမယူခြင်းတို့ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အကယ်၍ သင်သည် ခရစ်တော်နှင့် သဟဇာတမဖြစ်ပါက၊ သင်သည် သူနှင့် လိုက်လျောညီထွေစွာ အပြန်အလှန်မတုံ့လှယ်နိုင်ပါက၊ သင်သည် သင်၏အိမ်နီးချင်းများ သက်သာရာရစေရန် မိမိပိုင်ဆိုင်သမျှကို သုံးစွဲခြင်း သို့မဟုတ် သင့်အဖ၊ အမိနှင့် အိမ်သူအိမ်သားများကို စေ့စပ်စွာစောင့်ရှောက်ခြင်းတို့ ပြုလုပ်ပေးလျှင်ပင် သင်သည် ဆိုးယုတ်သည့်အပြင် ကောက်ကျစ်စဉ်းလဲသောလှည့်စားမှုနှင့် ပြည့်နေသေးသောသူဟု ငါဆိုမည်။ သင်သည် အခြားသူများနှင့် အဆင်ပြေသောကြောင့် သို့မဟုတ် ကောင်းမှုအနည်းငယ်ပြုသောကြောင့် သင့်အနေဖြင့် ခရစ်တော်နှင့် သဟဇာတဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ်မထင်နှင့်။ သင်၏ဒါနပြုလိုသောရည်ရွယ်ချက်က ကောင်းကင်မှ ကောင်းချီးမင်္ဂလာများကို လိမ်လည်ရယူနိုင်သည်ဟု သင်ထင်သလော။ ကောင်းမှုအနည်းငယ်ပြုလုပ်ခြင်းသည် သင်၏နာခံမှုကို အစားထိုးသည့်အရာတစ်ခုဟု သင်ထင်သလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်” မှ

ဆင်းရဲဒုက္ခကြီးစွာ ခံစားရချိန်များတွင် ငါ့အပေါ် စိုးစဉ်းမျှ သစ္စာစောင့်သိမှုမရှိခဲ့သူများအား ငါသည် နောက်ထပ် သနားကြင်နာမှုပေးတော့မည်မဟုတ်၊ ငါ၏သနားကြင်နာမှုသည် ယခုအထိသာ အကျုံးဝင်ကြောင်းသည်။ ထို့ပြင် တစ်ချိန်က ငါ့ကို သစ္စာဖောက်ခဲ့သူ မည်သူ့ကိုမျှ ငါနှစ်သက်ခြင်းမရှိ၊ သူတို့မိတ်ဆွေများ၏အကျိုးအပေါ် သစ္စာဖောက်သူများနှင့် သာ၍ပင် ငါပတ်သက်ဆက်နွှယ်လိုခြင်းမရှိ။ သူသည် မည်သူဖြစ်စေ ဤသည်မှာ ငါ၏စိတ်နေသဘောထားပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့၏ လမ်းဆုံးပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့” မှ

သင်တို့ အယောက်တိုင်းသည် လူအမြောက်အများ၏ အမြင့်ဆုံးသော အထွဋ်များဆီသို့ တက်ခဲ့ကြပြီးဖြစ်သည်၊ လူအမြောက်အများ၏ ဘိုးဘေးအပေါင်းတို့ ဖြစ်ဖို့ရန် သင်တို့ တက်ခဲ့ကြပြီးဖြစ်သည်။ သင်တို့သည် ထင်တိုင်းကြဲကြကာ ငြိမ်းအေးသော နေရာတစ်ခုကို ရှာဖွေနေသော လောက်များအကြား ဒေါသတကြီး လျှောက်ရမ်းနေရင်း၊ သင်တို့ထက် ပိုသေးငယ်သော လောက်များကို ဝါးမျိုရန် ကြိုးစားနေကြ၏။ သင်တို့သည် သမုဒ္ဒရာအောက်ဆုံး၌ နှစ်မြုပ်ကြသော ထိုသရဲတစ္ဆေများထက် သာလွန်ပြီး သင်တို့ မလိုမုန်းထားကြကာ စိတ်နှလုံးများထဲ၌ ရက်စက်ယုတ်မာတတ်ကြသည်။ သင်တို့သည် အချင်းချင်း တစ်ခဏမျှ တိုက်ခိုက်ကြ ပြီးနောက် ပြန်တည်ငြိမ်သွားကြရင်း လောက်များကို ငြိမ်းချမ်းခြင်းလုံးဝမရစေဖို့ ထိပ်မှ အောက်ခြေသို့တိုင် နှောင့်ယှက်ကြရင်း နောက်ချေး၏ အောက်ခြေတွင် သင်တို့နေထိုင်ကြသည်။ သင်တို့၏ အဆင့်အတန်းကို သင်တို့မသိကြ၊ သို့သော် နောက်ချေးထဲ၌ သင်တို့ အချင်းချင်း တိုက်ခိုက်နေကြဆဲဖြစ်၏။ ယင်း ထိုးကြိတ် သတ်ပုတ်ခြင်းမှ သင်တို့ မည်သည့်အရာ ရရှိကြမည်နည်း။ သင်တို့သည် ငါ့အဘို့ ရိုသေလေးမြတ်စိတ် အမှန်စင်စစ် ရှိခဲ့သည်ဆိုလျှင် ငါ၏ကွယ်ရာတွင် သင်တို့အချင်းချင်း အဘယ်ကြောင့် တိုက်ခိုက်နိုင်ကြသနည်း။ သင့်အဆင့်အတန်း အဘယ်မျှပင် မြင့်မားပါလေ့စေ သင်သည် နောက်ချေးထဲက နံဟောင်နေသော တီကောင်ငယ်လေး ဖြစ်နေဆဲ မဟုတ်လော။ သင်သည် အတောင်ပေါက်ကာ ကောင်းကင်၌ ချိုးငှက်တစ်ကောင် ဖြစ်လာနိုင်သလော။ ငါယေဟောဝါ၏ ယဇ်ပလ္လင်ထက်က ယဇ်များကို ခိုးယူကြသော နံဟောင်နေသော တီကောင်ငယ်လေးများဖြစ်သည့် သင်တို့သည် ထိုသို့လုပ်ဆောင်ရင်းဖြင့် အရွေးချယ်ခံ ဣသရေလလူမျိုး ဖြစ်လာဖို့ရန် ပျက်ဆီးခဲ့သော၊ ကျဆုံးခဲ့သော သင်တို့၏ အမည်များကို ကယ်ဆယ်နိုင်ကြသလော။ သင်တို့သည် အရှက်မဲ့သော စုတ်ချာနေသည့်သူများ ဖြစ်ကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ရွက်ကြွေများ ၎င်းတို့အမြစ်များဆီ ပြန်သွားကြချိန် ပြုခဲ့သမျှ မကောင်းမှုအားလုံးကို သင်နောင်တရလတ္တံ့” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ယုတ်မာသော လုပ်ဆောင်ချက် မျိုးစုံကို ဆောင်ရွက်ခြင်း၏ သရုပ်သကန်များမှာ အဘယ်နည်း။ ပထမဦးဆုံး သရုပ်သကန်မှာ တစ်စုံတစ်ဦးက ဘုရားသခင်နှင့် ဘုရားသခင်၏ အမှုတော်ကို ဝေဖန်သောအချိန်တွင် ဘုရားသခင်၏ အိမ်တော်၌ ဖြစ်ပေါ်ပါသည်။ ယင်းမှာ ဘုရားသခင်နှင့် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသော လူသားအကြောင်း အယူအဆများ မကြာခဏ ထားရှိခြင်း ပါဝင်သည်။ အချို့သော လူတို့က ဘုရားသခင် ရွေးချယ်သော လူတို့ကို လှည့်ဖြားရန်နှင့် ဘုရားသခင့်အိမ်တော်၏ အမှုတော်ကို နှောင့်ယှက်ရန် ဘုရားသခင်နှင့် သန့်ရှင်းသောဝိညာဉ်တော်မှ အသုံးပြုသည့် လူသား အကြောင်း ကောလဟာလများကို ဖြန့်လျက်၊ ဘုရားသခင်အကြောင်း အပျက်သဘောဆောင်ခြင်းနှင့် အယူအဆများကို ဖြန့်လျက် ရန်လိုခြင်းကိုပင်လျှင် သိုထားတတ်ကြသည်။ ဤသည်တို့မှာ အကြီးမားဆုံးသော မကောင်းမှုများဖြစ်သည်။ ဤသည်တို့သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်တာ ဝင်ရောက်မှုနှင့် ဘုရားသခင့် အိမ်တော်၏ အမှုတော်တို့ကို အနှောင့်အယှက်ပေးကာ ထိခိုက်မှုအရှိစေဆုံးသော အရာများ ဖြစ်သည်။ ထို့ကြောင့့် ဤသည်မှာ ဤအရာများက အကြီးမားဆုံးသော မကောင်းမှု ဖြစ်ရသည့်အကြောင်းရင်း ဖြစ်သည်။ ဤသို့သော ဒုစရိုက်မှုများကို လုပ်ဆောင်နိုင်သူတို့မှာ ယုတ်မာသော လုပ်ဆောင်ချက်မျိုးစုံကို ဆောင်ရွက်သောသူများ ဖြစ်သည်။ ဒုတိယ သရုပ်သကန်မှာ ဘုရားသခင့်အိမ်တော်ထဲရှိ အချို့သော ခေါင်းဆောင်များသည် ဘုရားသခင်၏ အလိုတော်ကို အလေးမထားကြသလို ၎င်းတို့ကို ဘုရားသခင် ပေးအပ်ထားသော ပဓါနကျသော အလုပ်ကို မလုပ်ဆောင်ခြင်းဖြစ်သည်။ ယင်းအစား မိမိကိုယ်ကို သက်သေခံရန်နှင့် ၎င်းတို့၏ အဆင့်အတန်းကို ထိန်းသိမ်းရန် ၎င်းတို့ အလုပ်လုပ်ကြသည်။ ၎င်းတို့သည် ၎င်းတို့ ယုံကြည်ကိုးစားရသည့် လက်ထောက်များနှင့် တွဲဖက်များအတွက် ဘုရားသခင့်အိမ်တော်ထဲတွင် အဆင့်အားလုံးမှ ခေါင်းဆောင်ရာထူးများကို စီမံခန့်ခွဲကြသည်။ ဤသို့သော လူပုဂ္ဂိုလ်မျိုးသည်လည်း ယုတ်မာသော လုပ်ဆောင်ချက်မျိုးစုံကို ဆောင်ရွက်သော သူတစ်ဦးဖြစ်သည်။ ၎င်းတို့က သမ္မာတရားကို အစစ်အမှန်လိုက်လျှောက်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ရှိသော လူတို့အတွက် စီမံခန့်ခွဲမှု မလုပ်ကြဘဲ၊ ယင်းအစား၊ ၎င်းတို့၏ ကြံရာပါများ၊ အားကိုးရသည့် လက်ထောက်များ နှင့် ဖော်လံဖားများကို အရေးပါသော အလုပ်ရာထူးများ၌ ထားကြသည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်တာဝင်ရောက်မှုလမ်းကြောင်းအပေါ် အတားအဆီးများနှင့် အခက်အခဲများကို ထားရှိခြင်းဖြစ်သည် မဟုတ်လော။ ထို့ကြောင့်၊ ထိုသို့သော လူများသည်လည်း ယုတ်မာသော လုပ်ဆောင်ချက်မျိုးစုံကို ဆောင်ရွက်သူများ ဖြစ်ကြသည်။ ဘုရားသခင်၏ အိမ်တော်က ၎င်းတို့ကို မြှင့်တင်ခဲ့ပြီး ခေါင်းဆောင်များဖြစ်ခွင့်ပေးသည်။ သို့တိုင် ၎င်းတို့က မိမိတို့ကိုယ်ကို သက်သေခံကြပြီး ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ကြွားဝါကာ ဘုရားသခင်အတွက် သို့မဟုတ် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းအတွက် လုံးဝ သက်သေမခံကြချေ။ ဘုရားသခင့် နှုတ်ကပတ်တော်၏ သမ္မာတရားကို ၎င်းတို့ မိတ်သဟာယမပြုကြသလို သမ္မာတရားထဲ ဝင်ရောက်ရန် လူတို့ကို လမ်းမပြ မဦးဆောင်ကြချေ။ ၎င်းတို့ အဆင့်အတန်းကို ထိန်းသိမ်းဖို့အတွက် အမြဲအလုပ်လုပ်ကြပြီး ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် ဂုဏ်သိက္ခာအတွက် အမြဲတမ်း ပြောဆိုကြသည်၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့အလယ်တွင် ၎င်းတို့ ကိုယ်ပိုင်အဆင့်အတန်းကို ထိန်းသိမ်းကြပြီး ခေါင်းဆောင်မှုပိုင်း၏ အလယ်ဗဟိုတွင် ၎င်းတို့၏ အဆင့်အတန်းများကို ထိန်းသိမ်းထားကြသည်။ ဤသို့သော ပုဂ္ဂိုလ်မျိုးသည် အန္တိခရစ်တစ်ဦး ဖြစ်သည်။ အန္တိခရစ်ဖြစ်သည့် လူတို့မှာ ယုတ်မာသော လုပ်ဆောင်ချက်မျိုးစုံကို ဆောင်ရွက်သော သူများဖြစ်သည်။ တတိယ သရုပ်သကန်မှာ တစ်စုံတစ်ဦးက အမြဲပေါ့ပေါ့ဆဆဖြစ်လျက်၊ အမှုအရာတို့ကို လုပ်ဆောင်သောအခါ ၎င်းတို့၏ ဇာတိပကတိ နှင့် ကိုယ်ပိုင် ကြိုက်နှစ်သက်မှုများနောက်ကိုလိုက်လျက် ဘုရားသခင်ကို ဆက်ကပ်ခြင်းတစ်ခုမျှမရှိဘဲ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းခြင်းဖြစ်သည်။ အကျိုးဆက်မှာ ၎င်းတို့က ဘုရားသခင့်အိမ်တော်၏ အမှုတော်ဆီ ဒုက္ခများစွာ ယူဆောင်လာပြီး ဘုရားသခင်၏ အိမ်တော်အား ကြီးမားသော ဘဏ္ဍာရေး ဆုံးရှုံးမှုကြီးကို ခံစားရစေသည်။ ဤသို့သော ပုဂ္ဂိုလ်မျိုးသည် ယုတ်မာသော လုပ်ဆောင်ချက် မျိုးစုံကို ဆောင်ရွက်သော သူတစ်ဦးဖြစ်သည်။ စတုတ္ထသရုပ်သကန်မှာ သမ္မာတရားကို မရှာဖွေဘဲ အခြားသူများကို သမ္မာတရားရှာဖွေခြင်းမှ နှောင့်ယှက်သောသူ၊ အပျက်သဘောဆောင်ခြင်းကို အမြဲဖြန့်သောသူနှင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို နှောင့်ယှက်ရန် မယုံကြည်သူများ သို့မဟုတ် ဘာသာရေးသမားများ၏ မှားယွင်းသော အမြင်များကို အမြဲ ဖြန့်သောသူအားလုံးသည်လည်း ယုတ်မာသော လုပ်ဆောင်ချက်မျိုးစုံကို ဆောင်ရွက်သော လူများဖြစ်သည်။

အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၂) တွင်ပါဝင်သော “လူအမျိုးမျိုးတိုင်း၏ အကျိုးရလဒ်ကို ဘုရားသခင်စီစဉ်ပုံ” မှ

ဘုရားသခင်၏အမှုတော်ကို နှောင့်ယှက်ခြင်း၊ ဖျက်လိုဖျက်ဆီးလုပ်ခြင်းနှင့် ဘုရားသခင်ကို တိုက်ရိုက်ဆန့်ကျင်ခြင်းနှင့်ဆိုင်သော ဒုစရိုက်အမှု သုံးဆယ်-

၁။ အသင်းတော်ထဲရှိ မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် အပြည့်အဝ အာရုံစူးစိုက်မှု မရှိဘဲ ယင်းအစား မနာလိုသော အငြင်းအခုံများနှင့် အသင်းတော်အသက်တာကို ပရမ်းပတာဖြစ်ခြင်းသို့ ဦးတည်သွားစေသော အဆင့်အတန်းအတွက် ဆိုင်ပြိုင်တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်ခြင်းသည် ဒုစရိုက်အမှုတစ်ခုဖြစ်သည်။

၂။ သဘောထားကွဲလွဲမှုကို မျိုးစေ့ကြဲခြင်း၊ အုပ်စုများဖွဲ့ခြင်းနှင့် အသင်းတော်အတွင်း ဂိုဏ်းကွဲမှုများကိုဖြစ်စေပြီး အသင်းတော်၏ အမှုတော်ကို ဆိုးဝါးစွာ နှောင့်ယှက်သော ဆူပူလှုပ်ရှားမှုများကို ဖန်တီးခြင်းသည် ဒုစရိုက်အမှုတစ်ခုဖြစ်သည်။

၃။ သမ္မာတရားကို မချစ်ခြင်း၊ ဒုက္ခပေးတတ်လေ့ရှိခြင်းနှင့် ပဋိပက္ခကို ဖန်တီးတတ်လေ့ရှိခြင်း၊ လူတို့ကြားတွင် သဘောထားကွဲလွဲမှုကို လှုံ့ဆော်ပေးခြင်းနှင့် အသင်းတော်အသက်တာကို နှောင့်ယှက်ခြင်းသည် ဒုစရိုက်အမှုတစ်ခုဖြစ်သည်။

၄။ မုသားပြောဆိုခြင်း၊ လိမ်လည်ခြင်းနှင့် လူတို့ကို လှည့်ဖြားခြင်း၊ အချက်အလက်များကို မကြာခဏ လိုရာဆွဲ၍ မဟုတ်မမှန်ပြောဆိုခြင်း၊ ထို့အပြင် ပရမ်းပတာအခြေအနေကို လှုံ့ဆော်ဖို့ အမှန်နှင့် အမှားကို ရှုပ်ထွေးစေခြင်းသည် ဒုစရိုက်အမှုတစ်ခုဖြစ်သည်။

၅။ လူတို့အနေဖြင့် သမ္မာတရား မလိုက်စားနိုင်ကြစေရန်၊ လမ်းကြောင်းကင်းမဲ့စေရန်၊ ထို့အပြင် စာတန်နှင့် နတ်ဆိုးတို့ဖြင့် အဖော်အဖက်ပြုကြစေဖို့အလို့ငှာ ၎င်းတို့ကို မှားယွင်းစွာ ဦးဆောင်ရန် အတွေးမှားနှင့် အယူလွဲများကို ဖြန့်ခြင်းသည် ဒုစရိုက်အမှုတစ်ခုဖြစ်သည်။

၆။ လူတို့ကို လှည့်ဖြားရန်၊ အသင်းတော် အသက်တာကို နှောင့်ယှက်ရန်နှင့် လူတို့ကို အေးစက်လာစေပြီး ဘုရားသခင်ထံမှ အဝေးသို့ ဆွဲခေါ်သွားဖို့အလို့ငှာ အပျက်သဘောဆောင်ခြင်းနှင့် သေခြင်းတရားတို့ကို ဖြန့်ခြင်းအပြင် အယူအဆများကို လှည့်ပတ်ဖြန့်ဝေခြင်းသည် ဒုစရိုက်အမှုတစ်ခုဖြစ်သည်။

၇။ သင့်အနေဖြင့် သမ္မာတရား၏ စစ်မှန်မှုကို မပိုင်ဆိုင်ကြောင်း၊ ကောင်းမွန်သော လူ့သဘာဝကို မပိုင်ဆိုင်ကြောင်း သိသော်လည်း ခေါင်းဆောင်မှုနှင့်ဆိုင်သော ရာထူးရာခံများအတွက် မရမကယှဉ်ပြိုင်ကာ ထိုသို့အားဖြင့် ပရမ်းပတာဖြစ်ခြင်းသို့ ဦးတည်သွားစေခြင်းသည် ဒုစရိုက်အမှုတစ်ခုဖြစ်သည်။

၈။ လူတို့ရှေ့တွင်တစ်မျိုး၊ ကွယ်ရာတွင်တစ်မျိုး ပြုမူခြင်း၊ ဆန့်ကျင်ဖက်ပြုမူစဉ်တွင် လိုက်လျောဟန်ဆောင်ခြင်း၊ သင့်အထက်နှင့် သင့်အောက်ရှိ လူတို့ကို လှည့်ဖြားခြင်းနှင့် အခြားသူများကို လှည့်ဖြားရန် မျက်နှာနှစ်ခွ နည်းပရိယာယ်များကို အသုံးပြုခြင်းသည် ဒုစရိုက်အမှုတစ်ခုဖြစ်သည်။

၉။ ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားအပေါ် မိတ်သဟာယမပြုနိုင်ခြင်း၊ အခြားသူများကို သင်ခန်းစာပေးရန် ၎င်းတို့၏ အားနည်းချက်များကို အမိအရဖမ်းခြင်းနှင့် အခြားသူများကို အထက်စီးဆန်ဆန် အပြစ်ဆိုခြင်းသည် ဒုစရိုက်အမှုတစ်ခုဖြစ်သည်။

၁၀။ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ၏ ပြစ်မှားမှုများအပေါ် စိတ်စွဲနေခြင်း၊ ၎င်းတို့ကို ကောင်းကောင်းမွန်မွန် မဆက်ဆံခြင်းနှင့် ၎င်းတို့၏ ပုံမှန်အလုပ်ကို သက်ရောက်မှုရှိခြင်းသည် ဒုစရိုက်အမှုတစ်ခုဖြစ်သည်။

၁၁။ အတုအယောင် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို နှိမ်နှင်းခြင်းများအလယ်တွင် ၎င်းတို့ကို ပြုပြင်ခြင်း၊ ၎င်းတို့ကို နောင်တရဖို့ အခွင့်အရေးမပေးဘဲ ၎င်းတို့၏ ပျက်ဆီးခြင်းဆီသို့ ၎င်းတို့ကို ပို့ဆောင်ရန် ကြိုးစားခြင်းနှင့် ကြောက်စိတ်ဝင်ခြင်းကို ဖြစ်ပေါ်စေခြင်းသည် ဒုစရိုက်အမှုတစ်ခုဖြစ်သည်။

၁၂။ တာဝန်မဲ့သော ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုတော်ဆောင်တစ်ဦးဖြစ်ခြင်းနှင့် အသင်းတော်ကို ကောက်ကျစ်စဉ်းလဲသောသူက အနှောင့်အယှက်ပေးနေစဉ်တွင် ဘာမျှမလုပ်ဘဲ ထိုင်နေခြင်းအပြင် အသင်းတော်၏ အမှုတော်ကို စောင့်ရှောက်ရန် ပျက်ကွက်ခြင်းသည် ဒုစရိုက်အမှုတစ်ခုဖြစ်သည်။

၁၃။ လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းဖို့ရန်လို့ငှာ မိမိ၏တာဝန်ကို အလုပ်အစီအမံများနှင့်အညီ မဆောင်ရွက်ခြင်းနှင့် ကောက်ကျစ်စဉ်းလဲသူများအား အသင်းတော်ကို နှောင့်ယှက်ခွင့်ပေးခြင်းသည် ဒုစရိုက်အမှုတစ်ခုဖြစ်သည်။

၁၄။ အလုပ်အစီအမံများကို ဆိုးရွားစွာ ချိုးဖောက်ခြင်းနှင့် ကိုယ်ပိုင်နည်းလမ်းဖြင့် အမှုအရာများကို လုပ်ဆောင်ခြင်း၊ အဆုံးတိုင်အောင် သမ္မာတရားကို မရမနေဆန့်ကျင်ခြင်း၊ ဘုရားသခင်၏ ရွေးချယ်ခံလူတို့ကို အန္တရာယ်ဖြစ်စေခြင်းသည် ဒုစရိုက်အမှုတစ်ခုဖြစ်သည်။

၁၅။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘဲ ဒေါသတကြီး လျှောက်ရမ်းပြီး ဘုရားသခင့်ရွေးချယ်ခံလူတို့၏ ကြီးကြပ်မှုနှင့် ဝေဖန်မှုတို့ကို လက်မခံလျှင် ဤသည်မှာ ဒုစရိုက်အမှုတစ်ခုဖြစ်သည်။

၁၆။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် မိမိတို့နှစ်သက်သည်အတိုင်း လုပ်ဆောင်ပြီး သမ္မာတရား၏စစ်မှန်မှု ကင်းမဲ့ကာ လက်တွေ့ကျသော အလုပ်ကို မဆောင်ရွက်နိုင်သူများကို ရွေးချယ်အသုံးပြု၍ ဆိုးရွားသည့် အကျိုးသက်ရောက်မှုတစ်ခုဆီသို့ ဦးတည်သွားစေလျှင် ဤသည်မှာ ဒုစရိုက်အမှုတစ်ခုဖြစ်သည်။

၁၇။ အကျိုးသက်ရောက်မှု အနည်းအကျဉ်းမျှ မရှိဘဲ မိမိ၏တာဝန်ကို အမြဲပင် အိုးနင်းခွက်နင်းလုပ်ဆောင်ခြင်း၊ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေခြင်းနှင့် အသင်းတော်၏ အမှုတော်ကို ဆိုးဝါးစွာ အကျိုးသက်ရောက်စေခြင်းသည် ဒုစရိုက်အမှုတစ်ခုဖြစ်သည်။

၁၈။ မိမိကိုယ်တိုင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိသည်သာမက အခြားသူများကို ထိုးနှက်ပြီး ၎င်းတို့၏တာဝန်ကို လုပ်ဆောင်ခြင်းနှင့် ကောင်းမြတ်သော လုပ်ဆောင်ချက်များကို ပြင်ဆင်ခြင်းမှ ၎င်းတို့ကို တားဆီးပိတ်ပင်ခြင်းသည် ဒုစရိုက်အမှုတစ်ခုဖြစ်သည်။

၁၉။ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို လက်ခံရန် ငြင်းဆန်ခြင်း၊ နည်းနည်းမျှ မနာခံခြင်း၊ အာဏာရှင်တစ်ဦးကဲ့သို့ ပြုမူခြင်းအားဖြင့် အသင်းတော်ကို အနှောင့်အယှက်ပေးခြင်းနှင့် ထိန်းချုပ်ခြင်းမရှိဘဲ မိမိဆန္ဒရှိသည့်အရာတိုင်း လုပ်ဆောင်ခြင်းသည် ဒုစရိုက်အမှုတစ်ခုဖြစ်သည်။

၂၀။ မိမိကိုယ်ကို တသမတ်တည်း ဂုဏ်တင်ပြီး သက်သေခံခြင်း၊ မမှန်သော သက်သေခံချက်ကို ထွက်ဆိုခြင်းနှင့် အခြားသူများ၏ ကြည်ညိုမှုကို ရရှိဖို့ မိမိကိုယ်ကို ကြွားဝါခြင်းကို လူတို့အား လှည့်ဖြားခြင်းအဖြစ် အမျိုးအစားသတ်မှတ်ထားပြီး ထိုအရာသည် ဒုစရိုက်အမှုတစ်ခုဖြစ်သည်။

၂၁။ ဆိုးရွားပြီး ကောက်ကျစ်စဉ်းလဲသော လူတို့နှင့် အမြဲပင် ဆက်သွယ်ကာ လိမ်လည်လှည့်ဖြားရန် ပေါင်းကြံခြင်း၊ ၎င်းတို့၏ အကျိုးများအတွက် အမြဲရှေ့နေလိုက်ပေးခြင်းနှင့် အသင်းတော်၏ အမှုတော်ကို အနှောင့်အယှက်ပေးခြင်းသည် ဒုစရိုက်အမှုတစ်ခုဖြစ်သည်။

၂၂။ ဒုက္ခပြဿနာများကို မမြင်မကန်း လှုံ့ဆော်ရာတွင် ကောက်ကျစ်စဉ်းလဲသောသူတို့နှင် သဘောတူခြင်း၊ အသင်းတော်၏ အမှုတော်ကို နှောင့်ယှက်ခြင်းနှင့် အသင်းတော်အသက်တာကို အကျိုးသက်ရောက်စေခြင်းအပြင် အဆုံးအထိ နောင်တမရခြင်းသည် ဒုစရိုက်အမှုတစ်ခုဖြစ်သည်။

၂၃။ ရည်မှန်းချက်များကို အမြဲသိုထားပြီး အဆင့်အတန်းကို ရှာဖွေခြင်း၊ အခြားသူများကို လှည့်ဖြားရန် အယူအဆများကို မကြာခဏဖြန့်ခြင်းနှင့် အမျိုးမျိုးသော နည်းလမ်းများမှတစ်ဆင့် တန်ခိုးအာဏာအတွက် ယှဉ်ပြိုင်ခြင်းသည် ဒုစရိုက်အမှုတစ်ခုဖြစ်သည်။

၂၄။ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ ညစ်ပတ်သော လှည့်ကွက်များကို အသုံးပြုခြင်း၊ ဘုရားသခင်၏ နာမတော်ကို ဂုဏ်အသရေညိုးစေခြင်း၊ ဆိုးဝါးသည့် အကျိုးသက်ရောက်မှု ရှိခြင်းနှင့် အခြားသူများ၏ စက်ဆုပ်စရာဖြစ်အောင် နှိုးဆွပေးခြင်းသည် ဒုစရိုက်အမှုတစ်ခုဖြစ်သည်။

၂၅။ ဧဝံဂေလိအမှုမှတစ်ဆင့် ရယူထားသော သူတို့ကို ဂရုမစိုက်ခြင်း၊ တာဝန်ယူမှု လုံးဝကင်းမဲ့ခြင်းနှင့် ဧဝံဂေလိအမှုတော်ကို ဆိုးဝါးစွာ အကျိုးသက်ရောက်စေခြင်းသည် ဒုစရိုက်အမှုတစ်ခုဖြစ်သည်။

၂၆။ လှူဖွယ်ပစ္စည်းများကို ခိုးဝှက်ခြင်း၊ အလိုရမ္မက်ကြီးစွာ စည်းစိမ်၌ သောက်စားမြူးထူးခြင်း၊ လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ခြင်းနှင့် အသင်းတော်၏ အမှုတော်ကို ဆိုးဝါးစွာ ဟန့်တားနေခြင်းသည် ဒုစရိုက်အမှုတစ်ခုဖြစ်သည်။

၂၇။ အသင်းတော်၏ ပေးကမ်းစွန့်ကြဲသော ငွေကြေးအထောက်အပံ့နှင့် ကယ်ဆယ်ရေး ရန်ပုံငွေများကို အလွဲသုံးစားလုပ်ခြင်း၊ ဘုရားသခင့်အိမ်တော်၏ ငွေများကို မရိုးမဖြောင့် သုံးစွဲခြင်း၊ အကျင့်ပျက်ခြင်းနှင့် ဆိုးဝါးသော အကျိုးသက်ရောက်မှုနှင့်အတူ ဆုတ်ယုတ်ခြင်းသည် ဒုစရိုက်အမှုတစ်ခုဖြစ်သည်။

၂၈။ ဘုရားသခင့်အိမ်တော်၏ လှူဖွယ်ပစ္စည်းများကို သိမ်းဆည်းထိန်းသိမ်းရာတွင် တာဝန်မဲ့ခြင်း၊ အတုအယောင်ခေါင်းဆောင်များ၊ အန္တိခရစ်များနှင့် အဆင်းနီသော နဂါးကြီးထံ လှူဖွယ်ပစ္စည်းများကို လွှဲအပ်ခြင်းသည် ဒုစရိုက်အမှုတစ်ခုဖြစ်သည်။

၂၉။ အသင်းတော်ကို သစ္စာဖောက်ခြင်း၊ ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်ခြင်း၊ စာတန်အတွက် အစေခံမှုကိုပင် ပေးကမ်းခြင်း၊ ထို့ပြင် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို စောင့်ကြည့်ခြင်းနှင့် နောက်ယောင်ခံလိုက်ခြင်းသည် ဒုစရိုက်အမှုတစ်ခုဖြစ်သည်။

၃၀။ လိင်မှုကိစ္စများတွင် အပြောင်းအလဲမရှိ ကိုယ်ကျင့်သိက္ခာကင်းမဲ့ခြင်းနှင့် ကောက်ကျစ်စဉ်းလဲခြင်း၊ လိင်မတူသည့်လူတကာနှင့် သောင်းပြောင်းမေထုန်ဆက်ဆံခြင်း၊ သို့မဟုတ် လိင်တူမေထုန်ဆက်ဆံခြင်းတို့၌ ပါဝင်ခြင်း၊ အသင်းတော်၏ အသက်တာကို နှောင့်ယှက်ခြင်းနှင့် ဆိုးဝါးသော အကျိုးသက်ရောက်မှု ရှိခြင်းသည် ဒုစရိုက်အမှုတစ်ခု ဖြစ်ပေသည်။

အနန္တတန်ခိုးရှင်အသင်းတော် အလုပ်အစီအစဉ်များ၏ လက်ရွေးစင် နှစ်အလိုက်မှတ်တမ်းတွင်ပါဝင်သော “ဘုရားသခင်၏ ရွေးချယ်ခံလူများအနေဖြင့် ရှင်းလင်းစွာ ပိုင်းခြားသိမြင်ရမည့် သုစရိုက်များ၊ ဒုစရိုက်များနှင့် အတွေးမှားများ” မှ

ယခင်က:ကောင်းမှုများ ဆိုသည်မှာ အဘယ်နည်း။ ကောင်းမှုများ၏ သရုပ်သကန်များမှာ အဘယ်နည်း။

နောက်တစ်ခုသို့:မည်သည့်လူတို့ကို ဘုရားသခင် ကယ်တင်သနည်း။ မည်သည့်လူတို့ကို သူ ပယ်ရှင်းပါသနည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ