အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၄၀။ ကောင်းမှုများ ဆိုသည်မှာ အဘယ်နည်း။ ကောင်းမှုများ၏ သရုပ်သကန်များမှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အကယ်၍ သင် သမ္မာတရားကို ပိုင်ဆိုင်ပါက ဘုရားသခင် နောက် သင် လိုက်နိုင်သည်။ အကယ်၍ သင်၌ သမ္မာတရားဖြင့် အသက်ရှင်နေထိုင်မှု ရှိပါက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပေါ်လွင်ထင်ရှားစေသော သူ တစ်ဦး ဖြစ်နိုင်သည်။ အကယ်၍ သင်၌ အသက် ရှိပါက ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို သင် ခံစားမွေ့လျော်နိုင်သည်။ သမ္မာတရားကို ပိုင်ဆိုင်သော သူများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားမွေ့လျော်နိုင်ကြ၏။ ဘုရားသခင်သည် သူ့အား စိတ်နှလုံးအကြွင်းမဲ့ ချစ်ပြီး အခက်အခဲများ နှင့် ဒုက္ခဆင်းရဲများကို ကြံ့ကြံ့ခံသော သူများအား တရားသဖြင့်ဖြစ်စေမည်မှာ သေချာသည်၊ မိမိကိုယ်ကိုသာ ချစ်ပြီး စာတန် လိမ်လည်လှည့်ဖြားမှုများ၏ သားကောင် ဖြစ်သွားသော သူများကိုမူ မပြုပြင်ပေးပါ။ သမ္မာတရားကို မချစ်သော သူများ၏ အထဲတွင် အကြင်နာတရား မည်သို့ ရှိနိုင်မည်နည်း။ ဇာတိပကတိကိုသာ ချစ်သော သူများ၏ အထဲတွင် ဖြောင့်မတ်ခြင်းတရား မည်သို့ ရှိနိုင်မည်နည်း။ ဖြောင့်မတ်ခြင်းတရား နှင့် ကြင်နာခြင်းတရားသည် သမ္မာတရားအား အကြွင်းမဲ့ ရည်ညွှန်းနေခြင်း မဟုတ်သလော။ ထို တရားတို့မှာ ဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့ ချစ်သော သူများအတွက် သီးသန့်ဖယ်ထားခြင်း မဟုတ်သလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်သော သူများသာ အဓိပ္ပါယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်” မှ

အမှန်တရားနှင့် မကိုက်ညီသည့်အရာများ လုပ်ဆောင်ခြင်းကို ရှောင်ရှားရန် သင်တို့ထံမှ ငါထွက်ခွာမသွားမီ သင်တို့ကို ငါတိုက်တွန်းရပါဦးမည်။ အကယ်စင်စစ် လူခပ်သိမ်းအား ပျော်ရွှင်စေမည့်အရာ၊ လူခပ်သိမ်းအတွက် အကျိုးရှိမည့် အရာနှင့် သင်၏ခရီးလမ်းဆုံးအတွက် အကျိုးရှိမည့်အရာကို သင်လုပ်သင့်သည်။ သို့မဟုတ်ပါက ဘေးဒုက္ခအလယ်တွင် ခံစားရမည့်သူမှာ အခြားမည်သူမျှ မဟုတ်ဘဲ သင်သာလျှင်ဖြစ်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့၏ လမ်းဆုံးပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့” မှ

သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သော သူများသည် ၎င်းတို့၏ လုပ်ဆောင်ချက်များ၌ ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံနိုင်ကြသည်။ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံသောအခါ သင်၏စိတ်နှလုံးသည် အမှန်ပြုပြင်ခြင်းခံရ၏။ အကယ်၍ သင်သည် အခြားသူများ မြင်စေရန်အတွက်သာ လုပ်ဆောင်ပြီး ဘုရားသခင်၏စိစစ်ခြင်းကို လက်မခံပါက၊ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိသလော။ ဤကဲ့သို့သောလူများမှာ ဘုရားသခင်ကိုကြောက်ရွံသော စိတ်နှလုံးမရှိသောသူများ ဖြစ်ကြသည်။ သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ သင်၏အဆင့်အတန်း၊ မျက်နှာ သို့မဟုတ် ဂုဏ်သတင်းကို ထည့်သွင်းစဉ်းစားခြင်းမပြုနှင့်။ သင်သည် ဘုရားသခင်၏အိမ်တော်၏အကျိုးများကို ပထမဦးစွာ စဉ်းစားပြီး ၎င်းကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်သည်၊ ဘုရားသခင်၏အိမ်တော်၏ အလုပ်ကို သင် စဉ်းစားနေခြင်း ရှိမရှိနှင့် သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်ခဲ့ခြင်း ရှိမရှိ ဆင်ခြင်သင့်သည်။ သင်သည် ဘုရားသခင်၏အိမ်တော်၏ အလုပ်ကို သင်၏စိတ်နှလုံးထဲ၌ အစဉ်ထည့်သွင်းစဉ်းစားနေပြီး သင်၏ညီအစ်ကိုမောင်နှမများ၏ အသက်တာ ဝင်ရောက်မှုအကြောင်း စဉ်းစားနေပါက၊ သင်၏တာဝန်ကို သင်ကောင်းစွာ ထမ်းဆောင်နိုင်လိမ့်မည်။ သင်၏အရည်အသွေး နည်းသောအခါမှသာ သင်၏အတွေ့အကြုံ တိမ်သောအခါမှသာ၊ သို့မဟုတ် သင်၏အလုပ်များကို ကောင်းစွာ မပိုင်နိုင်သောအခါမှသာ၊ သင်၏အလုပ်၌ အမှားအယွင်းများ သို့မဟုတ် အပြစ်အနာအဆာများ အချို့ ရှိကောင်းရှိနိုင်ပြီး၊ ရလဒ်များမှာလည်း အလွန်ကောင်းိချင်မှ ကောင်းပေမည်၊ သို့သော် သင်သည် သင်၏ခွန်အားအလုံးစုံကို အသုံးပြုခဲ့ပြီးဖြစ်သည်။ သင် လုပ်ဆောင်သောအရာများ၌ သင်၏အကျိုးကို ထည့်သွင်းစဉ်းစားခြင်း မပြုဘဲ၊ ထိုသို့ပြုမည့်အစား ဘုရားသခင်၏အိမ်တော်၏ အလုပ်အကြောင်းကို အချိန်တိုင်း ထည့်သွင်းစဉ်းစားပြီး၊ ဘုရားသခင်၏အိမ်တော်၏ အကျိုးအတွက် စဉ်းစားနေ၍ သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်သောအခါ သင်သည် ဘုရားသခင်ရှေ့၌ ကောင်းသောအကျင့်များကို စုဆောင်းနေခြင်း ဖြစ်လိမ့်မည်။ ဤကောင်းသောအကျင့်များ ရှိကြသောသူများသည် သမ္မာတရား၏စစ်မှန်မှုကို ပိုင်ဆိုင်သောသူများ ဖြစ်သောကြောင့် ၎င်းတို့၌ သက်သေခံချက် ရှိကြသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သောစိတ်နှလုံးကို ဘုရားသခင်ထံလှည့်ပြီးသည့်အခါမှ သမ္မာတရားကို သင်ရနိုင်မည်” မှ

အကယ်၍ သင်ထံတွင် အသိစိတ် အမှန်တကယ် ပိုင်ဆိုင်ပါက သင်၌ ဝန်ထမ်းရွက် လိုစိတ်နှင့် ဝန်တာထားသည့် စိတ်ဓါတ် ရှိရမည်။ “အကျွန်ုပ် အသိမ်းပိုက်ခံရမည်ဖြစ်စေ၊ မခံရမည်ဖြစ်စေ သို့မဟုတ် စုံလင်ခြင်းသို့ ရောက်မည်ဖြစ်စေ၊ မရောက်မည်ဖြစ်စေ၊ ဤသက်သေခံချက်ကို လျောက်ပတ် စွာ သက်သက်ခံမည်” ဟု သင်ပြောရမည်။ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါ ဖြစ်သည်နှင့်အညီ ယင်းသတ္တဝါ အား ဘုရားသခင်သည် လုံးလုံးလျားလျား သိမ်းပိုက်နိုင်ပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဘုရားသခင်အား ချစ်သောစိတ်နှလုံးဖြင့် ပြန်လည်တုံ့ပြန်ခြင်း အားဖြင့်လည်းကောင်း၊ ၎င်းတို့ကိုယ်တိုင် ဘုရားသခင်အား အကြွင်းမဲ့ ဆက်ကပ်ခြင်း အားဖြင့်လည်းကောင်း ဘုရားသခင်အား အဆုံးအစမဲ့ ကျေနပ် အားရစေနိုင်သည်။ ဤအရာသည် လူသားများ၏ တာဝန် ဖြစ်သည်၊ ယင်းသည် လူသားများ လုပ်ဆောင် ရမည့် ဝတ္တရား ဖြစ်သင့်ပြီး လူသားများ ထမ်းရွက်သင့်သည့် ဝန်လည်း ဖြစ်သည်။ လူသားများသည် ဘုရားသခင် ပေးအပ်သော ဤအမှုကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်။ ထိုမှသာ ၎င်းတို့သည် ဘုရား သခင်အား ဧကန်အမှန် ယုံကြည်ပေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၃)” မှ

အသင်းတော်တွင်း၌ သင်သည် သင်၏ ငါ့ကို သက်သေခံခြင်းအရာတွင် ခိုင်မာစွာ ရပ်တည်ရမည်၊ အမှန်သည် အမှန်ဖြစ်လျက်၊ အမှားသည် အမှား ဖြစ်ပြီး၊ အဖြူနှင့် အမည်းကို အာရုံရှုပ်ထွေးခြင်း မပြုနှင့်။ သင်သည် စာတန်နှင့် တိုက်ပွဲဝင်ပြီး ၎င်းသည် အဘယ်သောအခါမျှ ထကြွခြင်းမရှိစေရန် အလျှင်းနှိမ်နင်းရမည်။ ငါ၏ သက်သေခံချက်ကို ကာကွယ်ရန်အတွက် သင်သည် အလုံးစုံသောတို့ကို စတေးရမည်ဖြစ်သည်။ ဤအရာသည် သင်တို့ အပြုအမှုများ၏ ပန်းတုံးတိုင်ဖြစ်သည်၊ ၎င်းအရာကို အဘယ်သောအခါမျှ မမေ့နှင့်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၄၁” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

သင်တို့သည် ပွင့်လင်းပြီး တည်ကြည်သော နှလုံးသားများဖြင့် သင်တို့၏တာဝန်ကို ကျေပွန်အောင် အစွမ်းကုန် လုပ်ဆောင်သင့်သည်၊ မည်သည့်အရာကိုမဆို ပေးဆပ်ဖို့ ဝန်မလေးဘဲ လုပ်ဆောင်လိုသောစိတ် ရှိသင့်သည်။ သင်တို့ ပြောခဲ့ကြသည့်အတိုင်း နေ့ရက်အချိန် ကျရောက်သည့်အခါ ဘုရားသခင်သည် သူ့အတွက် ဒုက္ခခံခဲ့သူ သို့မဟုတ် ပေးဆပ်ခဲ့သူ မှန်သမျှကို မတရားဆက်ဆံမည် မဟုတ်ပေ။ ဤခံယူချက်မျိုးသည် စွဲကိုင်ထားထိုက်သည့် ခံယူချက်မျိုးဖြစ်ပြီး ထိုအရာကို သင်မည်သည့်အခါမျှ မမေ့သင့်ပေ။ ဤနည်းအားဖြင့်သာ သင်တို့ကို ငါစိတ်ချနိုင်မည်ဖြစ်သည်။ သို့မဟုတ်လျှင် သင်တို့နှင့်ပတ်သက်၍ မည်သည့်အခါမျှ ငါစိတ်အေးလက်အေးနေနိုင်မည် မဟုတ်သည့်အပြင် သင်တို့သည် ငါ၏ မနှစ်မြို့ခြင်းခံရသူများ အစဉ်ဖြစ်နေလိမ့်မည်။ သင်တို့အားလုံးသည် သင်တို့၏ သြတပ္ပစိတ်ကို နာခံပြီး ငါ့အတွက် သင်၏အရာအားလုံးကို ပေးဆပ်ကာ ငါ၏အလုပ်အတွက် အစွမ်းကုန်ကြိုးစားရုံသာမက ငါ၏ဧဝံဂေလိလုပ်ငန်းအတွက် တစ်သက်လုံး ကြိုးပမ်းဆောင်ရွက်နိုင်မည်ဆိုပါက ငါ၏နှလုံးသားသည် သင်တို့အတွက် ဝမ်းမြောက်မှုဖြင့် မကြာခဏခုန်ပေါက်နေမည် မဟုတ်လော။ သင်တို့နှင့်ပတ်သက်၍ ငါ လုံးလုံးစိတ်ချနိုင်မည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပန်းတိုင်” မှ

သင်သည် သင့်နှလုံးသား၊ ကိုယ်ခန္ဓာနှင့် သင်၏စစ်မှန်သော မေတ္တာအားလုံးကို ဘုရားသခင်ထံ ဆက်ကပ်အပ်နှံနိုင်သည်၊ ထိုအရာများကို ဘုရားသခင်ရှေ့တွင် ချထားခြင်း၊ သူ့ကို အကြွင်းမဲ့နာခံခြင်းနှင့် သူ့အလိုတော်အား လုံးဝဆင်ခြင်ခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ ဇာတိပကတိအတွက် မဟုတ်၊ မိသားစုအတွက် မဟုတ်၊ သင့်ကိုယ်ပိုင်ဆန္ဒများအတွက်လည်း မဟုတ်ဘဲ ဘုရားသခင့်အိမ်တော်၏ အကျိုးတို့အတွက် ဖြစ်သည်။ အရာရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အခြေခံသဘောတရားအဖြစ်သော်လည်းကောင်း၊ အခြေခံအုတ်မြစ်အဖြစ်သော်လည်းကောင်း သင်ခံယူနိုင်သည်။ ထိုနည်းအားဖြင့် သင့်ရည်ရွယ်ချက်များနှင့် သင့်အမြင်များအားလုံးတို့သည် နေရာမှန်တွင် ရှိမည်ဖြစ်ပြီး သင်သည် ဘုရားသခင့်ရှေ့တွင် သူ၏ချီးမွမ်းမှုကို ရရှိသောသူဖြစ်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏လက်တွေ့ကျခြင်းကို အကြွင်းမဲ့နာခံနိုင်သောသူများသည် ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများဖြစ်သည်” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ဘုရားသခင်၏ ရွေးချယ်ခံလူတို့ ပြင်ဆင်ရမည့် ကောင်းမြတ်သော လုပ်ဆောင်ချက် နှစ်ဆယ်-

၁။ အသင်းတော်အသက်တာထဲရှိ ဘုရားသခင်၏ ရွေးချယ်ခံလူတို့အတွက် ပြဿာနာများကို ဖြေရှင်းရန် သမ္မာတရားအပေါ် မကြာခဏ မိတ်သဟာယပြုပါ၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူများအနေဖြင့် သမ္မာတရားကို နားလည်ပြီး လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ရာ၌ အကူအညီပေးရန် ၎င်းတို့ကို စဉ်ဆက်မပြတ် ထောက်မပေးပါ။ ဤသည်မှာ ကောင်းမြတ်သော လုပ်ဆောင်ချက်ဖြစ်ပြီး ဤအရာသည်သာ စစ်မှန်သော ချစ်ခြင်းမေတ္တာဖြစ်သည်။

၂။ သင်သည် သင်၏တာဝန်ကို လုပ်ဆောင်ရာတွင် အပေးအယူသဘောမဆန်လျှင်၊ သို့မဟုတ် ဆုလာဘ်ရှာဖွေသောသူ မဟုတ်လျှင်၊ အခြားသော ရည်ရွယ်ချက်များ မရှိလျှင်၊ ဝတ်ကျေတမ်းကျေ မလုပ်ဆောင်ဘဲ လက်တွေ့ကျသော ရလဒ်များ ရှိလျှင် ဤသည်မှာ ကောင်းမြတ်သော လုပ်ဆောင်ချက်ဖြစ်သည်။ မိမိတို့၏တာဝန်ကို ဤနည်းလမ်းဖြင့် လုပ်ဆောင်သော သူတို့သည်သာလျှင် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အမှန်တကယ် အသုံးတော်ခံနေကြခြင်းဖြစ်သည်။

၃။ အကယ်၍ မှားယွင်းစွာ အဆက်အသွယ်ဖြတ်ခံထားရသူ၊ သို့မဟုတ် အသင်းတော်မှ မှားယွင်းစွာ နှင်ထုတ်ခံထားရသော သူတို့သည် လူကောင်းများဖြစ်သည်ဟု တွေ့ရှိရလျှင် ၎င်းတို့ကို ကူညီပြီး ထောက်မပေးရန် ကြိုးပမ်းကာ အသင်းတော်ထဲသို့ ၎င်းတို့ကို ပြန်လည်လက်ခံပါ။ ဤသည်မှာ ကောင်းမြတ်သော လုပ်ဆောင်ချက်ဖြစ်သည်။ အသင်းတော်ကို ရှာဖွေနေကြသော အခြားသောနေရာများမှ ညီအစ်ကိုမောင်နှမများကို လက်ခံခြင်းနှင့် ၎င်းတို့နှင့်အတူတကွ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ပြီး အသင်းတော်အသက်တာကို ရှင်သန်နိုင်ခြင်းမှာလည်း ကောင်းမြတ်သော လုပ်ဆောင်ချက်ဖြစ်ပေသည်။

၄။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကြသော ဘုရားသခင်၏ ရွေးချယ်ခံလူတို့အနေဖြင့် သမ္မာတရားကို နားလည်နိုင်ပြီး လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ကာ အသက်တာတွင် ကြီးထွားကြစေဖို့ရန်အလို့ငှာ သင့်အနေဖြင့် စားဖို့အိပ်ဖို့ မေ့လျော့ရင်း အစွမ်းကုန် လုပ်ဆောင်ခြင်းသည် ကောင်းမြတ်သော လုပ်ဆောင်ချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို အစေခံသူများနှင့် ဘုရားသခင်၏ အလိုတော်ကို အမှန်တကယ် အရေးထားသူတို့ ပိုင်ဆိုင်သင့်သည့် လက်တွေ့အရှိတရား ဖြစ်သည်။

၅။ ဧဝံဂေလိအမှုကို အာရုံစိုက်ပါ၊ သင့်တော်သောလူတစ်ဦးနှင့် ကြုံဆုံရသည့် အချိန်တိုင်းတွင် ဘုရားသခင်၏ အမှုတော်ကို သက်သေခံပါ။ ပိုမိုများပြားသော လူတို့ကို ရရှိဖို့အတွက် ဧဝံဂေလိတရားကို များနိုင်သမျှများများ ဟောကြားခြင်းသည် ကောင်းမြတ်သော လုပ်ဆောင်ချက်ဖြစ်သည်။ သမ္မာတရားကို အမှန်တကယ် လိုက်စားနိုင်သည့် စစ်မှန်သော ယုံကြည်ခြင်းရှိသော လူကောင်းအနည်းငယ်ကို ဘုရားသခင်ရှေ့မှောက်သို့ သင်ခေါ်ဆောင်လာနိုင်လျှင် ဤသည်မှာ ပို၍ပင် ကောင်းမြတ်သော လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။

၆။ အကယ်၍ ဆိုးယုတ်သော လူတစ်ဦးသည် အသင်းတော်အဖို့ အနှောင့်အယှက်ဖြစ်စေသည်ဟု သင်တွေ့ရှိလျှင် ၎င်းတို့ကို ဆိုးယုတ်သောအမှု လုပ်ဆောင်ခြင်းမှ တားဆီးပြီး ထိန်းချုပ်ဖို့ရန် ဉာဏ်ပညာမျိုးစုံကို ထုတ်သုံးပါ။ ပရမ်းပတာဖြစ်ခြင်းကို ကိုင်တွယ်ဖြေရှင်းရန် သမ္မာတရားနှင့် ဉာဏ်ပညာတို့ကို အသုံးပြုပြီး အသင်းတော်အသက်တာ ပုံမှန်အတိုင်း ရှေ့ဆက်နိုင်ရန် သေချာအောင်လုပ်ပါ။ ဤသည်မှာ ကောင်းမြတ်သော လုပ်ဆောင်ချက်ဖြစ်သည်။

၇။ အသင်းတော်ထဲတွင် မည်သည့်ပြဿနာ ပေါ်ပေါက်ပါလေ့စေ ဘုရားသခင်၏ဖက်တွင် ရပ်တည်ခြင်း၊ ဘုရားသခင်၏ အမှုတော်ကို စောင့်ရှောက်ခြင်းနှင့် ဘုရားသခင့်ရွေးချယ်ခံလူတို့၏ အသက်တာထဲ ဝင်ရောက်မှုကို ကာကွယ်ပေးခြင်းမှာ ကောင်းမြတ်သော လုပ်ဆောင်ချက်ဖြစ်သည်။ ဘုရားသခင်၏ရွေးချယ်ခံလူတို့အနေဖြင့် သမ္မာတရားကို နားလည်သဘောပေါက်ပြီး ကောင်းမြတ်ခြင်းနှင့် ဆိုးယုတ်ခြင်းတို့ကို ပိုင်းခြားနိုင်စေဖို့အလို့ငှာ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို သင်အသုံးပြုနိုင်လျှင် ယင်းမှာ ပို၍ပင် လွန်စွာကောင်းမြတ်သော လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။

၈။ သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုပြီး ဘုရားသခင်၏ အမှုတော်ကို ထိန်းသိမ်းနေသော လူကို ဝေဖန်တိုက်ခိုက်ကာ ဆန့်ကျင်ဝံ့သော ကောက်ကျစ်စဉ်းလဲသူတို့ကို ဘွင်းဘွင်းဖော်ထုတ်ပြီး ငြင်းဆိုရန် တတ်နိုင်ခြင်းမှာ ကောင်းမြတ်သော လုပ်ဆောင်ချက်ဖြစ်သည်။ ကောက်ကျစ်စဉ်းလဲသော လူမျိုးစုံနှင့် အန္တိခရစ်တို့၏ နှောင့်ယှက်မှုများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုပြီး ဘုရားသခင်၏ ရွေးချယ်ခံလူတို့အဖို့ အကျိုးကျေးဇူးကို ယူဆောင်ပေးခြင်းသည် သာ၍ပင် ကောင်းမြတ်သော လုပ်ဆောင်ချက်ဖြစ်သည်။

၉။ အမျိုးမျိုးသော အတွေးမှားများနှင့် အယူလွဲမှားမှုများကို ရှာဖွေတွေ့ရှိပြီးနောက်တွင် သမ္မာတရားကို ရှာဖွေခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ၎င်းတို့ကို ချေပခြင်းနှင့် ဝေဖန်ခြင်း၊ ဘုရားသခင်၏ ရွေးချယ်ခံလူတို့ကို အန္တရာယ်ကင်းအောင် ကာကွယ်စောင့်ရှောက်ပေးခြင်း၊ ထို့ပြင် အသက်တာ၌ တည်ဆောက်ခြင်းနှင့် ကြီးထွားခြင်းတို့ကို ၎င်းတို့ရရှိရန် ကူညီပေးခြင်းတို့သည် ကောင်းမြတ်သော လုပ်ဆောင်ချက်ဖြစ်သည်။

၁၀။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ပြီး သမ္မာတရားကို လိုက်စားရန် လိုလားသူများက လှည့်ဖြားခံရပြီး ထိန်းချုပ်ခံထားရသည်ကို တွေ့ရှိလျှင် ၎င်းတို့ကို ကယ်ဆယ်ရန်အတွက် ဖြစ်နိုင်သမျှ အရာရာတိုင်းကို လုပ်ဆောင်ခြင်း၊ ကောက်ကျစ်စဉ်းလဲသူတို့လက်မှ ၎င်းတို့လွတ်မြောက်နိုင်ပြီး ဘုရားသခင်ထံ အမှန်တကယ် လှည့်ပြန်လာနိုင်ကာ အလင်းအတွက် အမှောင်ကို စွန့်ပစ်စေနိုင်ရန်အလို့ငှာ သမ္မာတရားအပေါ် စိတ်ရှည်လက်ရှည် မိတ်သဟာယပြုပေးခြင်းသည် ကောင်းမြတ်သော လုပ်ဆောင်ချက် ဖြစ်သည်။

၁၁။ ခေါင်းဆောင်အတုအယောင်တစ်ဦး၊ သို့မဟုတ် အန္တိခရစ်တစ်ဦးသည် အခြားသူများအပေါ် ဆရာလုပ်နေပြီး လွတ်လပ်သော နိုင်ငံတော်ကို တည်ထောင်ဖို့ ကြိုးစားနေသည်ကို တွေ့ရှိရပါက ယင်းကို ချက်ချင်းတိုင်ကြားပြီး မာရ်နတ်ဖြစ်သည့် စာတန်၏အန္တရာယ်မှ ဘုရားသခင်၏ ရွေးချယ်ခံလူတို့ကို ကယ်တင်ဖို့အလို့ငှာ သမ္မာတရားကို နားလည်သည့် လူတို့ကို ဆက်သွယ်ခြင်းသည် ကောင်းမြတ်သော လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။

၁၂။ ခက်ခဲကျပ်တည်းသော ပတ်ဝန်းကျင် ဖြစ်ပေါ်လာသောအခါ ဘုရားသခင်၏ ရွေးချယ်ခံလူတို့ကို ကာကွယ်ရန် အစွမ်းကုန်ကြိုးစားခြင်း၊ ဘုရားသခင့်အိမ်တော်၏ ငွေနှင့် ပစ္စည်းပစ္စယများကို သင့်လျော်သည့် စီမံခန့်ခွဲမှုများ လုပ်ဆောင်ခြင်း၊ ထို့အပြင် ဘုရားသခင်၏ ပူဇော်သက္ကာများ စာတန်နှင့် အဆင်းနီသော နဂါးကြီး၏လက်ထဲသို့ ကျရောက်သွားခြင်းမှ ကာကွယ်ခြင်းသည် ကောင်းမြတ်သော လုပ်ဆောင်ချက် တစ်ခုဖြစ်သည်။ ဤအရာကို လုပ်ဆောင်သောသူသည် ဘုရားသခင်၏ အမှုတော်ကို စောင့်ရှောက်ပြီး ဘုရားသခင်ကို အမှန်တကယ် ဆက်ကပ်သောသူတစ်ဦး ဖြစ်သည်။

၁၃။ စစ်မှန်သော ယုံကြည်သူများကို ၎င်းတို့ အဖမ်းဆီးခံရခြင်းမှ တားဆီးရန် အကာအကွယ် စီစဉ်ပေးခြင်းနှင့် အဖမ်းခံထားရသည့် ညီအစ်ကိုမောင်နှမများကို ကယ်ဆယ်ရန် အဆက်အသွယ်အားလုံးကို အသုံးပြုခြင်းမှာ ကောင်းမြတ်သော လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ ခက်ခဲကျပ်တည်းသော ပတ်ဝန်းကျင်အတွင်းတွင် အသင်းတော်အသက်တာကို စောင့်ရှောက်ရန်နှင့် ဘုရားသခင်၏ ရွေးချယ်ခံလူတို့ကို ကာကွယ်ရန်အတွက် ဉာဏ်ပညာကို အသုံးပြုခြင်းသည် ပို၍ပင် ကောင်းမြတ်သော လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။

၁၄။ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အမှန်တကယ် အသုံးတော်ခံပြီး သမ္မာတရားကို လိုက်စားသော ညီအစ်ကိုမောင်နှမများက ဆင်းရဲဒုက္ခများနှင့် အခက်အခဲများဖြင့် ကြုံရသည်ကို သင်တွေ့သောအခါ မုန်တိုင်းကို ၎င်းတို့ကျော်ဖြတ်နိုင်အောင် ကူညီဖို့ အရာရာကို ပုံအောပေးခြင်းမှာ ကောင်းမြတ်သော လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ ဘုရားသခင်အတွက် အချိန်ပြည့် မိမိတို့ကိုယ်ကို အသုံးတော်ခံကြပြီး ၎င်းတို့၏ မိသားစုများ အခက်အခဲထဲ ရောက်ရှိနေကြသော ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို ကူညီနိုင်သည်မှာလည်း ကောင်းမြတ်သော လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။

၁၅။ လိုက်လံဖမ်းဆီးခံရပြီး အလိုရှိခံရသော ညီအစ်ကို မောင်နှမများကို အန္တရာယ်များ၊ သို့မဟုတ် မိမိပေးရနိုင်သည့် အဖိုးအခကို ကြောက်ရွံ့ခြင်းမရှိဘဲ လက်ခံပြီး ကူညီရန်အတွက် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို သင်ကြိုးစားနိုင်လျှင်၊ ထို့အပြင် ဘုရားသခင်ကို စိတ်ကျေနပ်နိုင်စေဖို့အလို့ငှာ သင်၏တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်သည့် လမ်းကြောင်းတွင် အခြားသူများ၏ ချစ်တီးခေါင်း သန်းရှာခြင်း၊ မနှစ်မြို့ဖွယ်ဖြစ်ခြင်းနှင့် ဒုက္ခအဖြစ်မျိုးစုံကို သင်သည်းခံနိုင်လျှင် ယင်းမှာ ကောင်းမြတ်သည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။

၁၆။ စစ်မှန်သော ယုံကြည်သူများဖြစ်ပြီး သမ္မာတရားကို လိုက်စားကြသည့် ညီအစ်ကို မောင်နှမများအနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ရန်၊ သမ္မာတရားအပေါ် မိတ်သဟာယပြုရန်နှင့် စမ်းသပ်မှုများထဲတွင် အသင်းတော် အသက်တာကို အသက်ရှင်ရန်အလို့ငှာ ၎င်းတို့ကို စည်းရုံးခြင်းသည် ကောင်းမြတ်သော လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ အားနည်းသော ညီအစ်ကိုမောင်နှမများအနေဖြင့် သမ္မာတရားကို နားလည်ဖို့နှင့် စမ်းသပ်မှုများနှင့် ကပ်ဘေးများမှတစ်ဆင့် သက်သေရပ်တည်ဖို့ရန် ထောက်မပေးခြင်းသည် သာ၍ပင် ကောင်းမြတ်သော လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။

၁၇။ လှူဖွယ်ပစ္စည်းများကို ခိုးယူပြီး ဘုရားသခင့်အိမ်တော်၏ ဥစ္စာပစ္စည်းများကို အလွဲသုံးစားလုပ်သော ဆိုးယုတ်သည့် လူတို့ကို ဖော်ထုတ်ခြင်းနှင့် သတင်းပေးခြင်းသည် ကောင်းမြတ်သော လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ ဤအရာက ဘုရားသခင်အဖို့ လှူဖွယ်ပစ္စည်းများနှင့် ဘုရားသခင့်အိမ်တော်၏ ဥစ္စာပစ္စည်းများ ဆုံးရှုံးရခြင်းမှ တားဆီးပေးပါသည်။ ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများကို ဆိုးယုတ်သောလူတို့လက်ထဲသို့ ကျရောက်ခြင်းကို ကာကွယ်ခြင်းနှင့် ကွယ်ဝှက်ထားသော ရည်ရွယ်ချက်များရှိသည့် လူတို့၏ အလွဲသုံးစားလုပ်ခံရခြင်းအဖြစ်မှ ကာကွယ်ခြင်းသည်လည်း ကောင်းမြတ်သည့် လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။

၁၈။ သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသောလူ၏ အလုပ်အစီအမံများကို အကောင်အထည်ဖော်ခြင်းတွင် ပူပေါင်းလုပ်ဆောင်ဖို့အပြင် အသင်းတော်ထဲမှ ဘုရားသခင့်ရွေးချယ်ခံလူတို့၏ လက်တွေ့ကျသော ပြဿနာပေါင်းစုံကို ဖြေရှင်းရန်၊ ထို့အပြင် ဘုရားသခင်၏ အမှုတော်ကို စောင့်ရှောက်ရန်နှင့် ဘုရားသခင်၏ ရွေးချယ်ခံလူတို့ကို မှန်ကန်သော ယုံကြည်ခြင်းလမ်းကြောင်းအပေါ်သို့ ခေါ်ဆောင်လာရန်အလို့ငှာ လက်တွေ့ကျသော အလုပ်များစွာကို လုပ်ဆောင်ရန် အားသွန်ခွန်စိုက် ကြိုးစားခြင်းသည် ကောင်းမြတ်သော လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။

၁၉။ သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသောလူ၏ ဦးဆောင်မှုနှင့် ထိန်းကျောင်းမှုနှင့်အတူ တက်ကြွစွာ ပူပေါင်းလုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ ရွေးချယ်ခံလူတို့အား ဘုရားသခင်ကို ယုံကြည်ခြင်းအရာ၏ မှန်ကန်သော လမ်းကြောင်းအပေါ်သို့ ခေါ်ဆောင်ဖို့အလို့ငှာ ခေါင်းဆောင်အတုအယောင်များနှင့် အန္တိခရစ်တို့နှင့် သေရေးရှင်ရေးတိုက်ပွဲတစ်ခု စတင်ခြင်း၊ ဘုရားသခင်၏အမှုတော်ကို စောင့်ရှောက်ရန် အဖိုးအခပေးခြင်းနှင့် ရလဒ်များရရှိခြင်း- ဤအရာအားလုံးကို ကောင်းမြတ်သော လုပ်ဆောင်ချက်များအဖြစ် အမျိုးအစားသတ်မှတ်ထားလေသည်။

၂၀။ အလုပ်အစီအမံများအရ ခေါင်းဆောင်အတုအယောင်များနှင့် အန္တိခရစ်တို့ကို ပိုင်းခြားသိမြင်ပြီး ဆုံးဖြတ်နိုင်ခြင်း၊ သမ္မာတရားနှင့်အညီ ၎င်းတို့ကို ဖော်ထုတ်နိုင်ခြင်း၊ ထို့အပြင် ဘုရားသခင်၏ ရွေးချယ်ခံလူတို့ကို ပိုမိုကြီးမားသော အန္တရာယ်မဖြစ်စေဖို့အလို့ငှာ ၎င်းတို့ကို နှုတ်ထွက်ဖို့ ဖျောင်းဖျနိုင်ခြင်းသည် ကောင်းမြတ်သည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။ ပြစ်မှားခြင်းများ ရှိသော်လည်း စစ်မှန်သည့် နောင်တရှိနိုင်ပြီး ကောင်းမွန်သော လူ့သဘာဝ ပိုင်ဆိုင်နိုင်သည့် ခေါင်းဆောင်များအား ၎င်းတို့၏တာဝန်ကို ဆက်လက်လုပ်ဆောင်နိုင်ဖို့အလို့ငှာ ကူညီခြင်းနှင့် ကာကွယ်ပေးခြင်းသည်လည်း ကောင်းမြတ်သော လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။

အနန္တတန်ခိုးရှင်အသင်းတော် အလုပ်အစီအစဉ်များ၏ လက်ရွေးစင် နှစ်အလိုက်မှတ်တမ်းတွင်ပါဝင်သော “ဘုရားသခင်၏ ရွေးချယ်ခံလူများအနေဖြင့် ရှင်းလင်းစွာ ပိုင်းခြားသိမြင်ရမည့် သုစရိုက်များ၊ ဒုစရိုက်များနှင့် အတွေးမှားများ” မှ

ယခင်က:စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းနှင့် ကောင်းသော အပြုအမူတို့ကြား ခြားနားချက်မှာ အဘယ်နည်း။

နောက်တစ်ခုသို့:ဒုစရိုက်မှုများဆိုသည်မှာ အဘယ်နည်း။ ဒုစရိုက်မှုများ၏ သရုပ်သကန်များမှာ အဘယ်နည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ