၃၄၁ လူ၏ ရည်ရွှယ်ချက်များအားလုံးမှာ အဘယ်အရာအတွက်နည်း
၁ လုံးဝ မယုံကြည်သော မိမိတို့၏ ကလေးများနှင့် ဆွေမျိုးများကို ဘုရားကျောင်းထဲသို့ ဆွဲခေါ်လာသူများ အားလုံးသည် အလွန်တရာ အတ္တကြီးပြီး ၎င်းတို့သည် ကြင်နာမှုကို ထုတ်ဖော်ပြနေကြခြင်းသာ ဖြစ်သည်။ ဤလူများသည် ၎င်းတို့ ယုံကြည်သည် မယုံကြည်သည်ကို ပဓာနမထားဘဲ၊ ပြီးလျှင် ယင်းမှာ ဘုရားသခင်၏ အလိုတော် ဟုတ်သည် မဟုတ်သည်ကို ပဓာနမထားဘဲ၊ ချစ်ခင်ခြင်းအပေါ်သာ အာရုံစိုက်ကြသည်။ အချို့သည် မိမိတို့၏ ဇနီးများကို ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်လာကြသည်၊ သို့မဟုတ် မိမိတို့၏ မိဘများကို ဘုရားသခင် ရှေ့မှောက်သို့ ဆွဲခေါ်လာပြီး၊ ဤအရာနှင့်ပတ်သက်၍ သန့်ရှင်းသော ဝိညာဉ်တော်က သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့အထဲတွင် အမှုပြုနေသည်ဖြစ်စေ မပြုသည်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်အတွက် ကျိုးကြောင်းမမြင်စွာ “ပင်ကိုစွမ်းရည် ရှိသည့် လူများအဖြစ် ခံယူသည်။” ဤမယုံကြည်သူများ အပေါ် ကြင်နာမှုကို လက်ကမ်းပေးခြင်းမှ မည်သည့်အကျိုးကျေးဇူး ရနိုင်ခြေရှိသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏မျက်မှောက် မပါရှိသော ၎င်းတို့သည် ဘုရားသခင် နောက်လိုက်ရန် ရုန်းကန်ကြလျှင်ပင်၊ ၎င်းတို့သည် တစ်ဦးတစ်ယောက်က ယုံကြည်မည်ကဲ့သို့ ကယ်တင်ခြင်းမခံရနိုင်ဆဲ ဖြစ်သည်။ ကယ်တင်ခြင်းကို ရရှိနိုင်သူတို့သည် ရရှိဖို့ အမှန်တကယ် လွယ်ကူသည် မဟုတ်ပေ။
၂ လူသားမျိုးနွယ်၏ စိတ်အားထက်သန်မှုနှင့် ရည်ရွယ်ချက်များသည် စာတန်ထံမှလာပြီး ဤအရာများက သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို မည်သည့်နည်းဖြင့်မျှ မပြည့်စုံစေနိုင်ပေ။ လူတို့ မည်သည့်အရာနှင့် တူသည်ဖြစ်စေ၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ရှိရမည်။ လူသားများသည် လူသားများကို စုံလင်စေနိုင်သလော။ လင်ယောက်ျားသည် သူ၏ဇနီးမယားကို အဘယ်ကြောင့် ချစ်သနည်း။ ဇနီးမယားသည် သူမ၏ လင်ယောက်ျားကို အဘယ်ကြောင့် ချစ်သနည်း။ သားသမီးများက သူတို့၏မိဘများအပေါ် အဘယ်ကြောင့် သားသမီးဝတ် ကျေပွန်ကြသနည်း။ မိဘများက ၎င်းတို့၏ သားသမီးများအပေါ် အဘယ်ကြောင့် အလွန် ချစ်ကြသနည်း။ လူများသည် အမှန်တကယ်တွင် မည်သည့် ရည်ရွယ်ချက်မျိုးများကို သိုထားကြသနည်း။ ၎င်းတို့၏ အကြံမှာ မိမိတို့၏ ကိုယ်ပိုင် အစီအစဉ်များနှင့် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို ဖြည့်ဆည်းရန် ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် အမှန်တကယ် ပြုမူဖို့ ရည်ရွယ်ပါသလော။ ဘုရားသခင်၏ အမှုအတွက် ၎င်းတို့ အမှန်တကယ် ဆောင်ရွက်နေခြင်း ဖြစ်သလော။ ၎င်းတို့၏ အကြံမှာ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းရန် ဖြစ်သလော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်