အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၆၀။ ကျွန်တော့်ဝိညာဉ်ကို လှည့်စားခဲ့သည်မှာ အဘယ်အရာနည်း

ဇူလီ၊ ဇောက်ဂျွမ်းမြို့၊ ရှန်ဒုံပြည်နယ်

တစ်ရက်၌ ကျွန်တော့်၏ စီနီယာ ခေါင်းဆောင်ထံမှ လုပ်ဖော်ကိုင်ဖက် အမှုတော်ဆောင်အစည်းအဝေးကို တက်ရောက် ရန် တောင်းဆိုသည့် အသိပေးစာတစ်စောင်ကို ကျွန်တော်ရ ပါသည်။ သာမန်အားဖြင့် ဤသည်မှာ ပျော်စရာ အဖြစ်အပျက် တစ်ခု ဖြစ်သည်။ သို့သော် ယခုရက်ပိုင်း လုံးဝ ကမောက်ကမဖြစ်နေခဲ့သော ကျွန်တော်ကိုယ်တိုင်၏ အလုပ် အကြောင်းကို တွေးလိုက်သည်နှင့် ကျွန်တော်မစိုးရိမ်ပဲ မနေနိုင်ပါ။ ကျွန်တော် အလုပ်များတစ်ခုမှ မပြီးသည်ကို ကျွန်တော့် အထက်လူကြီးသာသိလျှင် သူ သေချာပေါက် ကျွန်တော့်ကို အရေးယူပြီး၊ ကျွန်တော့်ကို လူစားထိုးခြင်း ပင်လျှင် လုပ်နိုင်ပါသည်။ ထိုသို့ဖြစ်လျှင် ကျွန်တော် ဘာလုပ်ရမည်နည်း။ နောက်တစ်နေ့မှာ ကျွန်တော် လေးလံသော စိတ်နှင့် အစည်းအဝေးကို သွားခဲ့ပါသည်။ ထိုနေရာကို ကျွန်တော်ရောက် သောအခါ ကျွန်တော့်၏ အထက်လူကြီး မရောက်သေးသည်ကို ကျွန်တော် တွေ့ခဲ့သည်။ သို့သော် တစ်ချို့ လုပ်ဖော်ကိုင်ဖက်များက ရောက်နှင့်နေပါပြီ။ ကျွန်တော်စဉ်းစား လိုက်သည်။ “သူတို့အလုပ်တွေက ဘယ်အခြေအနေတွေ ရောက်နေ တယ်ဆိုတာကို ငါမသိဘူး။ အရင် အစည်းအဝေးတုန်းက သူတို့ အလုပ်တွေကို တော်တော်ပြီးတယ်လို့ သူတို့ပြောတာကို ငါကြားခဲ့ရတယ်။ အခုတစ်ခေါက် သူတို့သေချောပေါက် အကုန်ပြီးနေမှာပဲ။ သူတို့က အလုပ်တွေအားလုံးကို ပြီးနေပြီး တော်တော်ဆိုးနေတာက ငါပဲဆိုရင် ငါတော့ သွားပြီ” ဟူ၍ ဖြစ်သည်။ ကျွန်တော်တို့၏ အလုပ်အခြေအနေများကို အတူတူပြောကြ သောအခါ ကျွန်တော့်၏လုပ်ဖော်ကိုင်ဖက် အများစုက သူတို့အလုပ်၏ အချို့နေရာများမပြီးသေးသည်ကို ပြောပြနေကြသောအခါ ကျွန်တော် အံ့သြသွားသည်။ ကျွန်တော်ဤအရာကို ကြားရ သောအခါ အစက လေးလံနေခဲ့သော ကျွန်တော့် နှလုံးသားက ရုတ်တရက် တော်တော်ပေါ့သွားသည်ကို ခံစားလိုက်ရသည်။ “လက်စသတ်တော့ ဘယ်သူမှ သူတို့အလုပ်ကို မပြီးကြဘူးကိုး။ ငါတစ်ယောက်တည်း မဟုတ်ဘူး။ ဒါဆိုရင် စိုးရိမ်စရာမလိုတော့ဘူး။ ငါတို့အားလုံးကို လူစားလဲလို့မှ မရတာ” ဟု ကျွန်တော်စဉ်းစားလိုက်သည်။ ကျွန်တော် စိတ်မသက်မသာ ခံစားနေရခြင်းက ချက်ချင်းကို ပျောက်သွားခဲ့ပါသည်။

မိမိကိုယ်ကို နှစ်သိမ့်ပြီး ကျွန်တော် သက်သောင့်သက်သာ ရှိနေတုန်းမှာ အထက်က မိတ်သဟာရဖွဲ့ခြင်းတစ်ခုမှ စာတစ်ပိုဒ်က ကျွန်တော့်စိတ်ထဲကို ဝင်ရောက်လာသည်။ ယင်းမှာ “လူတစ်ယောက် သည် ဘုရားသခင်၏မိသားစုထဲသို့ လောကီဆန်သော အမြင်များကို သယ်ဆောင် လာလျှင် ထိုအရာ များသည် အယူအဆများဖြစ်ပြီး ၎င်းတို့က ဘုရားသခင် ကို ဖီဆန်ပါသည်။ အမှုအရာများပေါ်တွင် လူတော်တော်များများက မယုံကြည်သူများကဲ့သို့ တူညီသောအယူအဆများ ရှိကြသည်။ အဘယ်ကြောင့် ဆိုသော် ၎င်းတို့အထဲတွင် သမ္မာတရားမရှိပါ၊ ဘုရားသခင်၏မိသားစုထဲ သူတို့လာသောအခါ ဘုရားသခင့် မိသားစု၏ အလုပ်ကို ကြည့်ရှုဖို့၊ ဘုရားသခင့်မိသားစု၏ အရေးကိစ္စများကို မှတ်ချက်ပေးဖို့၊ သမ္မာတရားကို မရှာဖွေနိုင်ဖို့အတွက် တိုးတက်မှုကို နှောင့်နှေးစေသော အကျိုးရလဒ်များနှင့် သူတို့ကိုယ်သူတို့ အမြဲတမ်း အားနည်းပြီး အဖျက်သဘော ဆောင်စေရင်း လောကီဆန်သော အမြင်များကို သူတို့အသုံးပြုကြသည်။ ဤသည်မှာ သူတို့၏ အသိပညာမဲ့ခြင်းမှ ဖြစ်ပေါ်လာသည် မဟုတ်ဘူးပါလား” (အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၃) တွင်ပါဝင်သော “လူသား၏အယူအဆများနှင့် အကဲဖြတ် ဝေဖန်မှု များကို သိရန် နည်းလမ်း”) ဤစကားလုံးများက စောစောက ကျွန်တော့်၏အမူအရာကို ပြန်စဉ်းစားမိစေသည်။ ကျွန်တော့် အလုပ်များ အဘယ်သို့ မပြီးသည်ကို ကျွန်တော် စဉ်းစားမိတော့ ကျွန်တော့်၏ နှလုံးသားက လေးလံပြီး စိုးရိမ်ပူပန်နေသည်မှာ ရပ်မသွားခဲ့ပါ။ သို့သော် ကျွန်တော့်၏လုပ်ဖော်ကိုင်ဖက်များ မှာလည်း သူတို့၏အလုပ်များ မပြီးသေး သည်ကို သိရသောအခါ ကျွန်တော် ချက်ချင်းစိတ်သက်သာရာ ရသွားခဲ့သည်။ အလုပ်၌ ဘာမှ မဖြစ်မြောက်သည်မှာ ကျွန်တော် တစ်ယောက်တည်း မဟုတ်ဟု ခပ်ပေါ့ပေါ့စိတ်နှင့်တွေးခဲ့သည်။ ကျွန်တော်တို့ အထက်လူကြီးက ကျွန်တော်တို့ကို အရေးယူခဲ့လျှင် လူတိုင်းမျှခံရမည်ဖြစ်သည်။ ကျွန်တော်တို့ လူအများကြီးက အလုပ်မပြီးသည့် အတွက် ကျွန်တော်တို့၏ကြီးကြပ်သူက ကျွန်တော်တို့အားလုံးက လူစားလဲပစ်နိုင်မည် မဟုတ်ပါ။ ဤကဲ့သို့စဉ်းစားပုံမျိုးမှာ “လူတိုင်း လုပ်သော အရာသည် အပြစ်မဟုတ်” ဟူသော စာတန်၏ အယူအဆက အုပ်စိုးထားသည် မဟုတ်ပါလား။ အမှန်တကယ် တွင် ကျွန်တော်သည် အသင်းတော်အလုပ်၏ အခြေခံ သဘောတရားများကို တိုင်းတာရန် စာတန်၏အမြင်ကို အသုံးပြုနေခြင်း မဟုတ်ပါလား။ အသင်းတော်အပေါ်တွင် စာတန်၏ ယုတ္တိတန်သော ရှုထောင့်အမြင်ကို ကျွန်တော် အသုံးချခဲ့ သည်။ မိမိကိုယ်ကို ဖြေသိမ့်ဖို့၊ မိမိကိုယ်ကိုအလိုလိုက်ဖို့ အသုံးပြုခဲ့သည်။ သို့သော် ကျွန်တော်က မိမိကိုယ်ကို အန္တရာယ်ပြုနေခြင်း မဟုတ်ပါလား။ အမှန်တကယ်တွင် ကျွန်တော်သည် အလွန် မမြင်မကန်းဖြစ်ခဲ့ပြီး အသိကင်းမဲ့ခဲ့ ပါသည်။ ပြန်စဉ်းစားကြည့်တော့ ကျွန်တော် မိမိကိုယ်ကို ဖြေသိမ့်ဖို့ စာတန်၏အမြင် အုပ်စိုးမှုများကို ကျွန်တော်လက်ခံ ခဲ့သော အချိန်များစွာ ရှိခဲ့ပါသည်။ အသက်တာကို ဝင်ရောက်ခြင်းမရှိဘဲ ဇာတိပကတိတွင် ကျွန်တော် ခဏတာ အသက်ရှင်နေထိုင်ခဲ့သည်။ ကျွန်တော်ကိုယ်တိုင်၏ ကယ်တင်ခြင်း အတွက် စိုးရိမ်ပူပန်ခဲ့သော်လည်း ညီအစ်ကို မောင်နှမတစ်ချို့ ကလည်း သမ္မာတရားကို ဝင်ရောက်ခြင်း မရှိသည်ကို ကျွန်တော်တွေ့ရသောအခါ ကျွန်တော် စိုးရိမ်မှု များကင်း သွားပြီး မိမိကိုယ်ကို စိတ်ညစ်ခံရခြင်းများ ရပ်တန့်သွားပါသည်။ လူများစွာ အသက်တာထဲ ဝင်ရောက်ခြင်း မရှိလျှင် ဘုရားသခင်က ကျွန်တော်တို့အားလုံးကို ပြောင်းရွှေ့စေနိုင်မည်မဟုတ်ဟု ကျွန်တော်တွေးမိခဲ့သည်။ ထို့ကြောင့် ကျွန်တော် မိမိဘဝအတွက် တကယ့် ဝန်ထုပ်ဝန်ပိုးများကို မသယ်ဆောင်ဘဲ မိမိကိုယ်ကို အလိုလိုက်ရင်း လွတ်လွတ်လပ်လပ် အသက်ရှင်နေထိုင်ခဲ့သည်။ ကျွန်တော် ဆောင်းပါးများ မရေးသည်မှာ တော်တော်ကြာပြီး မိမိကိုယ်ကို ရှုတ်ချသလို ခံစားရသောအခါ၊ ညီအစ်ကိုမောင်နှမ အချို့သည်လည်း မည်သည့်အရာမှ မရေးရသည်ကို ကျွန်တော် မြင်တွေ့ပြီး၊ ကျွန်တော့် နှလုံးသားထဲမှ ပြစ်တင်ရှုတ်ချခြင်းက ပျောက်ကွယ်သွားခဲ့ပါသည်။ ဆောင်းပါးတစ်ပုဒ်မရေးတာက သိပ် အရေးကြီးတဲ့ ကိစ္စမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဆောင်းပါးမရေးရ သေးတာ ငါတစ်ယောက် တည်းမဟုတ်ပါဘူးဟု တွေးမိသည်။ ကျွန်တော့်၏ဧဝံဂေလိအမှုတော်မှ မည်သည့် ရလဒ်မျှ လုံးဝမမြင်ရသောအခါ ကျွန်တော် စိုးရိမ်ပူပန်မိ သည်။ သို့သော် အခြားဒေသများ၌ ဧဝံဂေလိအမှုတော်သည်လည်း မည်သည့်ရလဒ်မျှ မရသည်ကို ကျွန်တော် မြင်သောအခါ၊ လူတိုင်းက ဒီလိုပါပဲ၊ အသင်းတော်ကို ဘယ်သူ့ကိုမှ ခေါ်မလာတာက ငါတစ်ယောက်တည်း မဟုတ်ပါဘူးဟု တွေးရင်း ကျွန်တော် အေးအေးဆေးဆေး ဖြစ်သွားတတ်ပါသည်။ ထိုအချိန်တွင် “လူတိုင်း လုပ်သော အရာသည် အပြစ်မဟုတ်” ဆိုသော စာတန်၏ အမြင်က ကျွန်တော့်၏ နှလုံးသားထဲတွင် အလွန်နက်ရှိုင်းစွာ အမြစ်တွယ် နေသည်ကို ကျွန်တော်မြင်လိုက်ရသည်။ ဤအမြင်၏ အုပ်စိုးမှုအောက်တွင် ကျွန်တော်သည် ကျွန်တော့်၏တာဝန်များ ကို ထမ်းဆောင်သောအခါ အပြည့်အဝ မလုပ်ဆောင်ခဲ့သလို ဖြစ်နိုင်သမျှ အကောင်းဆုံးရလဒ်ရဖို့ မကြိုးစားခဲ့ပဲ မိမိကိုယ်ကို အလိုလိုက်နေခဲ့သည်။ ဤအရာက အသင်းတော်၏ အလုပ်ကို ကြီးမားစွာ ဆုံးရှုံးစေရုံမက ကျွန်တော်ကိုယ်တိုင်၏ဘဝအတွက် ကြီးမားသောဆုံးရှုံးမှုကိုလည်း သယ်ဆောင်လာခဲ့ပါသည်။ “လူတိုင်း လုပ်သောအရာသည် အပြစ်မဟုတ်” ဟူသော စာတန်၏လွဲမှားနေသည့်အဆိပ်ကို ကျွန်တော် လက်ခံခဲ့သောကြောင့် ကျွန်တော်သည် အသင်းတော် အတွက် ကျွန်တော့်၏လုပ်ဆောင်မှုတွင် တကယ့်တာဝန်ယူမှုများ မရှိခဲ့ပါ။ အလုပ်ကို စိတ်မပါ့တပါ အမြဲတမ်း ဖြစ်သလိုလုပ်ခဲ့ပြီး အကျိုးရလဒ်များကို ရဖို့ မကြိုးပမ်းခဲ့ပါ။ ဘုရားသခင်၏ ဖန်ဆင်းခံတစ်ယောက်ရှိသင့်သော အသိတရားနှင့် ကျိုးကြောင်း ဆင်ခြင်မှု ပျောက်ဆုံးသွားခဲ့သည်။ “လူတိုင်း လုပ်သော အရာသည် အပြစ်မဟုတ်” ဟူသော စာတန်၏အမြင်ချည်နှောင်မှုများကို ကျွန်တော်လက်ခံခဲ့သောကြောင့် ကျွန်တော့်၏ ဘုရားသခင်နောက် ကိုလိုက်ခြင်း လမ်းကြောင်းတစ်လျှောက်တွင် ကျွန်တော် အမြဲတမ်း ရှုပ်ထွေးစေခဲ့သည်။ ဘုရားသခင်အပေါ် ကျွန်တော့်ယုံကြည်ခြင်း၏ အကျိုးဆက်ကို ကျွန်တော် လုံးဝ ထည့်မစဉ်းစားခဲ့ပါ။ သမ္မာတရားကို လေးလေးနက်နက်မရှာဖွေခဲ့သလို ကျွန်တော် ကိုယ်တိုင်၏ အသက်တာထဲသို့ ဝင်ရောက်ခြင်းအပေါ် ဂရုမစိုက် သို့မဟုတ် အာရုံလည်း မစိုက်ခဲ့ပါ။ အားထုတ်ကြိုးပမ်းဖို့ ရည်ရွယ်ချက်မရှိခဲ့သလို အသက်တာ ဦးတည်ချက်မရှိခဲ့ပါ။ ကျွန်တော် မရေမရာသာ ဖြစ်ခဲ့ပြီး ဖြစ်သလို ရအောင်နေခဲ့ပါသည်။ ထိုအချိန်ကျမှသာ “လူတိုင်း လုပ်သောအရာသည် အပြစ်မဟုတ်” ဆိုသော စာတန်၏ အမြင်အားဖြင့် အလွန်အခြေအနေဆိုးအောင် ထိခိုက်ခဲ့ရပြီး သာမန်လူတစ်ယောက် ရှိသင့်သောအသိတရား၊ ကျိုးကြောင်းဆင်ခြင်မှု၊ သမာဓိရှိမှုနဲ့ ဂုဏ်သိက္ခာတို့ လုံးဝ ပျောက်ဆုံးခဲ့သည်ကို ကျွန်တော် မြင်ခဲ့ရသည်။ သေသေချာချာ စဉ်းစားကြည့်သောအခါ ကျွန်တော်သည် ကျွန်တော်ကိုယ်တိုင်၏ စိတ်ကူးထင်မြင်မှုနှင့်အယူအဆအတွင်း၌သာ တစ်ချိန်လုံး အသက်ရှင်နေထိုင်ခဲ့ပြီး လူများစွာက အပြစ်ကျူးလွန်လျှင် ဘုရားသခင်သည် ကျွန်တော်တို့ကို လွတ်ငြိမ်းခွင့်ပေးပြီး အပြစ်မတင် တော့ပါဆိုသော “လူတိုင်း လုပ်သောအရာသည် အပြစ်မဟုတ်” ဆိုသည်ကို ယုံကြည်ခဲ့မိပါသည်။ ဘုရားသခင်က လူတို့ကို ဤသို့ အမှန်တကယ် ဆက်ဆံခြင်း ဟုတ်မဟုတ် ဆိုသည်ကို လုံးဝ မတွေးတောခဲ့ပါ။ ထိုအချိန်တွင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော် များကို ကျွန်တော် မစဉ်းစားပဲ မနေနိုင်ခဲ့ပါ၊ “ဘုရားသခင်၏ အမှုတော်ကို အာခံဖီဆန်သူသည် ငရဲသို့ချခြင်းခံရမည်၊ ဘုရားသခင်၏ အမှုတော်ကို အာခံဖီဆန်သော မည်သည့်နိုင်ငံမဆိုသည် ဖျက်ဆီးခြင်းကိုခံရမည်၊ ဘုရားသခင်၏ အမှုတော်ကို ဆန့်ကျင်ရန် ပုန်ကန်သော မည်သည့်လူမျိုးမဆိုသည် ဤကမ္ဘာပေါ်မှ ဖယ်ရှားခံရမည်ဖြစ်ပြီး အပြီးတိုင် ကွယ်ပျောက်သွားလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်ကို ကြောက်ရွံ့ တုန်လှုပ်သွားစေခဲ့ပါသည်။ ဘုရားသခင်၏ စိတ်သဘောထားက အဘယ်သူကိုမျှ အပြစ်ကျူးလွန်ခွင့် မပေးသလို လူသားကို ဖျက်ဆီးဖို့ မဖျက်ဆီးဖို့ သူ့၏ဆုံးဖြတ်ချက် က အပြစ်လုပ်သူ အရေအတွက်အပေါ်အခြေမခံသည်ကို ကျွန်တော် တွေ့မြင်ခဲ့ရတာ ကြောင့်ဖြစ်ပါသည်။ ပြန်စဉ်းစားကြည့်သောအခါ နောဧခေတ်တွင် ရှိသောလူများသည် အပြစ်နှင့် ပြည့်သော လူများဖြစ်ပြီး၊ ဘုရားသခင်သည် နောဧမိသားစုမှလွဲပြီး ထိုအချိန်က အသက်ရှင်နေထိုင် ခဲ့သူအားလုံးကို ဖျက်ဆီးခဲ့သည် အထိ အလွန်အကျင့်ပျက်လာခဲ့သည်။ သောဒုံကို ဘုရားသခင် ဖျက်ဆီးခြင်းမှာလည်း ဤကဲ့သို့ပင် ဖြစ်သည်။ ယခု နောက်ဆုံးသောကာလရှိ လူတို့သည် လူဦးရေ သန်းပေါင်း ထောင်ချီနေပြီဖြစ်ပြီး နောဧခေတ်တွင်ရှိသော အရေအတွက်ထက် များစွာ သာလွန်ခဲ့ပြီဖြစ်သည်။ သို့သော်နောက်ဆုံးသောကာလတွင် အပြစ်ကျူးလွန်သူ များစွာရှိသောကြောင့်ဟု ဆိုကာ ဘုရားသခင်က သူ့၏ပညတ်တရားကို ဘေးဖယ်ထားလိုက်ပြီး သနားညှာတာမှုကို မပြခဲ့ပါ။ ဤလူတို့အတွက် ဘုရားသခင်ထံ၌ မုန်းတီးခြင်း၊ စက်ဆုပ်ရွံရှာခြင်း၊ ငြင်းပယ်ခြင်းတို့သာ ရှိပါသည်။ နောက်ဆုံးတွင် ကယ်တင်ခြင်းခံရနိုင်သော လူအနည်းငယ်ကလွဲပြီး ကျန်သောလူအားလုံးကို ဘုရားသခင်လုံးဝ ဖျက်ဆီးပစ်မည် ဖြစ်ပါသည်။ ထိုအခါမှသာ ဘုရားသခင်၏ စိတ်သဘောထား အပေါ် ကျွန်တော်နားလည်ထားမှု အဘယ်မျှ နည်းပါးသည်ကို ကျွန်တော် မြင်ခဲ့ရပါသည်။ ဘုရားသခင် သည် လူသားကို အပြစ်ကျူးလွန်ခွင့်မပြုသော ဖြောင့်မတ်မှန်ကန်သည့် သန့်ရှင်း မြင့်မြတ်သော ဘုရားသခင်ဖြစ်သည်ကို ကျွန်တော် နားမလည်ခဲ့ပါ။ စာတန်၏အလိမ်အညာများအားဖြင့် ကျွန်တော် စိတ်ရှုပ်ထွေးသွားခဲ့ပြီး သူ့၏ကောက်ကျစ်သောအကြံအစည်များထဲ သက်ဆင်းရသည်အထိ ဖြစ်ခဲ့သည်။ ယနေ့ ဘုရားသခင်၏ အလင်းဖွင့်ပြမှုကြောင့်သာမဟုတ်လျှင် ကျွန်တော်သည် ယင်းက အပြစ်တရား ဖြစ်သည်ကို မစဉ်းစားမိဘဲ အပြစ်တရားထဲတွင် အသက်ရှင်နေမိဦးမည် ဖြစ်သည်။ အဆုံးတွင် ကျွန်တော် အဘယ်ကြောင့် သေဆုံးရသည်ကိုပင် မသိဘဲ ဘုရားသခင်၏ အပြစ်ဒဏ်ခတ်ခြင်းကို ခံရမည်- ယင်းမှာ အလွန် အန္တရာယ်များ ခဲ့ပေလိမ့်မည်။

“လူတိုင်း လုပ်သောအရာသည် အပြစ်မဟုတ်” ဆိုသည်မှာ လုံးဝ စာတန်၏မိစ္ဆာဒိဌိအယူဖြစ်သည်ကို သိမြင်စေခဲ့ပြီး စာတန်၏လှည့်စားခြင်းမှ ကျွန်တော့်ကို ပြန်လည်နှိုးစေခဲ့သော ဘုရားသခင်၏အလင်းဖွင့်ပြမှုအတွက် ကျွန်တော် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ယင်းမှာ လူများကို အန္တရာယ်ပြုဖို့၊ ဖျက်ဆီးဖို့ စာတန်၏ ကောက်ကျစ်သောအကြံအစည်ပင် ဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် ဖြောင့်မတ်ပြီး ဘုရားသခင်၏ စိတ်သဘောထားသည် အဘယ်အပြစ်ကျူးလွန်မှုကိုမျှ ခွင့်မပြု သည့်အကြောင်း ဘုရားသခင်သည် လူတို့ သမ္မာတရားရှိ ခြင်း မရှိခြင်းအပေါ် မူတည်ပြီး သူတို့၏ အဆုံးသတ်အပေါ် နောက်ဆုံး ဆုံးဖြတ်ချက်ကို အခြေပြုမည့်အကြောင်း၊ သူသည် သမ္မာတရား မရှိ သူအပေါ် ခြွင်းချက်အနေနှင့် သနားညှာတာခြင်းမျိုး လုံးဝပြမည်မဟုတ်ကြောင်းကို ကျွန်တော် မြင်ခဲ့ပါသည်။ ယနေ့မှစ၍ ကျွန်တော်သည် အရာအားလုံးအပေါ် ကျွန်တော့်၏ အမြင်ကို ဘုရားသခင်၏နှုတ်ကပတ်တော်များပေါ်တွင် အခြေခံဖို့၊ ကျွန်တော် မိမိကိုယ်ကို စည်းကမ်းတင်းကြပ်ဖို့ စံသတ်မှတ်ချက်များအဖြစ် ဘုရားသခင်၏နှုတ်ကပတ်တော်များကို အသုံးပြုဖို့၊ စာတန်၏လိမ်ညာမှုများနှင့်လှည့်စားမှုများအားလုံးကို စွန့်လွှတ်ဖို့၊ သမ္မာတရားကို မှီခိုပြီး အသက်ရှင်နေထိုင်သော သူဖြစ်အောင် ကြိုးပမ်းအားထုတ်ဖို့အတွက် ဘုရားသခင်ကို သိနားလည်ဖို့ ကြိုးပမ်းအားထုတ်ပြီး သမ္မာတရားကို ကြိုးပမ်းရှာဖွေ ရာတွင် ကျွန်တော် အစွမ်းကုန်ကြိုးစား သွားချင်ပါသည်။

ယခင်က:လောက၏ အမိုက်မှောင်နှင့် ဆိုးယုတ်ခြင်းတို့၏ အရင်းအမြစ်အကြောင်းကို အကျဉ်းစကားဆိုခြင်း

နောက်တစ်ခုသို့:ကျွန်မ ၏ဖောက်ပြန်ပျက်စီးမှု အစစ်အမှန်ကို မြင်ခြင်း

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ