အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

မေးခွန်း ၅- သခင်ယေရှုသည် လူ့ဇာတိခံ ဘုရားသခင် ဖြစ်၏၊ ဤသည်မှာ ငြင်း၍မရနိုင်ပါ။ ယခု သင်က အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူ့ဇာတိ၌ ပြန်ကြွလာသည့် သခင်ယေရှုဖြစ်သည်ဟု သက်သေခံသည်၊ သို့သော် ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများက သင် ယုံကြည်သည့်အရာမှာ လူသားသာဖြစ်သည်၊ သင် အလှည့်ဖြားခံရသည်ဟု ပြောကြသည်။ ဤအရာကို ကျွန်ုပ်တို့ သဘောမပေါက်နိုင်ပါ။ သခင်ယေရှု လူ့ဇာတိဖြစ်လာခဲ့ပြီး ရွေးနုတ်ခြင်း အမှုပြုဖို့ ကြွလာခဲ့သည့် ထိုအချိန်တုန်းက၊ ဂျူးလူမျိုး ဖာရိရှဲများသည်လည်း သူ့ကို ယုံကြည်သောသူ မည်သူမဆိုသည် လှည့်ဖြားခံရခြင်းဖြစ်သည်ဟု ဆိုရင်း သူသည် လူတစ်ဦးသာဖြစ်သည်ဟု ဆိုခဲ့ကြ၏။ ထို့ကြောင့်၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့် စပ်လျဉ်းသည့် ဤသမ္မာတရား ရှုထောင့်ကို ကျွန်ုပ်တို့ ရှာဖွေချင်ပါသည်။ လူ့ဇာတိခံယူခြင်းမှာ အတိအကျ မည်သည့်အရာနည်း၊ ပြီးလျှင် လူ့ဇာတိခံယူခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။ ကျေးဇူးပြု၍ ဤအရာအပေါ် ကျွန်ုပ်တို့နှင့် ဆွေးနွေးပါ။

အဖြေ-

သခင်ယေရှုကို ဘုရားသခင်၏လူ့ဇာတိခံခြင်းအဖြစ် သင်တို့ ယုံကြည်သည်မှာ မမှားပါ။ သို့သော် သင်တို့က သခင်ယေရှုကို အဘယ့်ကြောင့် ယုံကြည်သနည်း။ သခင်ယေရှုကို ဘုရားသခင်အဖြစ် အမှန်တကယ် ထင်ကြပါသလား။ သခင်ယေရှုကို သင်တို့ယုံကြည်ကြသည်မှာ ကျမ်းစာထဲတွင် မှတ်တမ်းတင်ထားခြင်းများ နှင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကြောင့် တို့ဖြစ်ပါသည်။ သို့သော် သင်တို့ မည်သို့ပြောပါစေ၊ သင်တို့က သခင်ယေရှုကို မျက်နှာချင်းဆိုင် မမြင်ဖူးထား ပါက၊ သင်တို့အနေနှင့် သခင်ယေရှုကို သိသည်ဟု အမှန်တကယ် ပြောရဲကြပါသလား။ သင်တို့က ထာဝရဘုရားကို ယုံကြည်သည်မှာ၊ ရှင်ပေတရု၏ စကားများကို သံယောင်လိုက်နေခြင်းမျှသာဖြစ်ပါသည်၊ သခင်ယေရှုက ခရစ်တော်ဖြစ်သည်၊ အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် ဖြစ်သည်ဟု သူက ဆိုခဲ့သည်။ သို့သော် သခင်ယေရှုက ဘုရားသခင်၏ ထင်ရှားပြခြင်းဖြစ်သည်၊ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ဟု သင်တို့ယုံကြည်ပါသလား။ သခင်ယေရှု၏ ဘုရားသဘောသဘာဝ၊ အနှစ်သာရကို သင်တို့ မှတ်မိသိရှိသည်ဟု ပြောရဲကြပါသလား။ သခင်ယေရှုက သမ္မာတရားကိုဖော်ပြရင်း ထပ်ပြီးရောက်လာမည်ဆိုပါက၊ သင်တို့က သူ့အသံကို မှတ်မိလိမ့်မည်ဟု အာမခံရဲကြပါသလား။ သင်တို့က သခင်ယေရှုအပေါ် ယုံကြည်သည်မှာ “သခင်ယေရှု” ဆိုသည့် စကားလုံးလေးလုံးတွင် ယုံကြည်ခြင်းထက် မပိုပါ။ သင်တို့က သူ့နာမတော်တွင်သာ ယုံကြည်ခြင်းဖြစ်သည်။ သခင်ယေရှု၏ ဘုရားသဘောသဘာဝ အနှစ်သာရကို သင်တို့ နားမလည်ကြပါ။ သင်တို့က တကယ်နားလည်သည်ဆိုပါက၊ ဘုရားသခင်ဝိညာဉ်တော်၏အသံကို အဘယ့်ကြောင့် မခွဲခြားနိုင်ရသနည်း။ အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြသည့် သမ္မာတရားက ဘုရားသခင်ထံမှ ပေါ်ထွက်လာသည်။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ အသံတော်နှင့် နှုတ်ကပတ်တော် ဖြစ်ကြောင်းကို သင်တို့ အဘယ့်ကြောင့် အသိအမှတ်မပြုကြသနည်း။ သင်တို့က ဘုရားသခင်၏အသံတော်ကို ပယ်ချပြီး၊ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားကို ငြင်းပယ်ပုံများအရ၊ ကျွန်တော် ယနေ့ မြင်မိသည်မှာ သင်တို့က လူ့ဇာတိခံဘုရားသခင်ကို မသိကြသည်မှာ သေချာပါသည်။ လွန်ခဲ့သည့် နှစ်နှစ်ထောင်က သခင်ယေရှု အမှုတော်ပြုရင်း၊ ဟောပြောနေခဲ့သည့် အချိန်တွင်သာ သင်တို့ မွေးခဲ့ကြပါက၊ သင်တို့လည်း ဂျူးယဇ်ပုရောဟိတ် အကြီးအကဲများ၊ ကျမ်းပြုဆရာများ၊ ဖာရိရှဲများနှင့်အတူ သခင်ယေရှုကို ရှုတ်ချဖို့ ပူးပေါင်းမိကြမှာ သေချာသည်။ ဤသည်မှာ အမှန်ပဲမဟုတ်ပါလား။ ဂျူးယဇ်ပုရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲများက တစ်ပါးတည်းသော ဘုရားသခင်ကိုသာ နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် သူတို့က သခင်ယေရှုကို အဘယ့်ကြောင့် မမှတ်မိ မသိရှိခဲ့ကြသနည်း။ သူတို့က ကိုယ်တော့်ကို အဘယ့်ကြောင့်် ကားတိုင်တွင် သံမှိုစွဲခဲ့ကြသနည်း။ ပြဿနာက မည်သည့်အရာ ဖြစ်သနည်း။ နောက်ဆုံးသောကာလ၏ ဘာသာရေးလောကက သင်းအုပ်များ၊ အကြီးအကဲများကလည်း သန့်ရှင်းသောဝိညာဉ်တော်၏ အသံတော်ကို မကြားကြသည်မှာ အဘယ့်ကြောင့်နည်း။ သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို အဘယ့်ကြောင့် ဆက်ပြီး ရှုတ်ချနေကြသနည်း။ ကျေးဇူးပြုပြီး ဤအရာကို တွေးကြည့်ပါ။ ဘုရားသခင်ကို ယုံကြည်သော်လည်း၊ ဘုရားသခင်၏ လူ့ဇာတိခံခြင်းကို အသိအမှတ်မပြုနိုင်သည့် လူတစ်ယောက်က အန္တိခရစ် တစ်ယောက် မဟုတ်ပါ လား။ ဂျူးဘာသာရေးခေါင်းဆောင်များက လူ့ဇာတိခံ ဘုရားသခင်ဖြစ်သည့် သခင်ယေရှုကို ဆန့်ကျင်ရှုတ်ချခဲ့ကြသည်။ သူတို့အားလုံးက ဘုရားသခင်၏အမှုတော်အားဖြင့် ထုတ်ဖော်ခံရသည့် အန္တိခရစ်များဖြစ်ပါသည်။ လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆန့်ကျင်ရှုတ်ချသည့်၊ နောက်ဆုံးသောကာလ ဘာသာရေးလောက၏ သင်းအုပ်များ၊ အကြီးအကဲများ ကလည်း ဘုရားသခင်၏အမှုတော်အားဖြင့် ဖော်ထုတ်ခံရသည့် အန္တိခရစ်များ မဟုတ်ကြပါလား။ ကျွန်တော်တို့အားလုံး ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်။ ဘာသာရေးလောကထဲက သင်းအုပ်များ၊ အကြီးအကဲများ အများစုက အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို အားလုံး ဆန့်ကျင်ရှုတ်ချကြသည်။ သူတို့က အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို တကယ် မမြင်ဘဲ၊ သုံးသပ်ကြသည်။ ကိုယ်တော့် နှုတ်ကပတ်တော်များကို တကယ် နားမထောင်ဘဲ၊ ကြားသလိုလုပ်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်က လူများကို သန့်စင်ဖို့ ကယ်တင်ဖို့အတွက် အလုံးစုံသော သမ္မာတရားများကို ဖော်ပြထားပါသည်။ ကိုယ်တော်က သိမ်းပိုက် ကယ်တင်ပြီးဖြစ်သလို၊ အောင်မြင်သူများအဖွဲ့ကိုလည်း ပြုလုပ်ပြီးပါပြီ။ နိုင်ငံတော်နှင့်ယှဉ်သည့် ဧဝံဂေလိတရားက ကမ္ဘာအနှံ့ကို ပျံ့နှံ့နေပါသည်၊ မရပ်မနားတမ်းဖြစ်ပါသည်။ ဘာသာရေးလောက၏ခေါင်းဆောင်များ၊ သင်းအုပ်များက ဘုရားသခင် အမှုတော်၏အမှန်တရားများကို မမြင်နိုင်ကြခြင်းများ ဖြစ်ပါသလား။ “အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်မှုက လူသားတစ်ယောက်ကို ယုံကြည်မှုပဲ” ဆိုသည့် အဓိပ္ပာယ်မရှိသည့်စကားမျိုးကို သူတို့ အဘယ့်ကြောင့် ဆက်ပြီး ပြောနေနိုင်ကြသနည်း။ ဤနေရာတွင် အဓိကအချက်က မည်သည့်အရာ ဖြစ်သနည်း။ ဤအရာက အထက်ကောင်းကင်၏ မရေရာသည့် ဘုရားသခင်ကို ယုံကြည်ကြသူများ အများကြီး ရှိနေသော်လည်း၊ လူ့ဇာတိခံ ဘုရားသခင်အပေါ် သိနားလည်သူကမူ အနည်းအကျဉ်းသာ ရှိကြောင်းကို ပြပါသည်။ ဤသည်မှာ အမှန်တရား မဟုတ်ပါလား။ သခင်ယေရှုက သူ့ကိုဆန့်ကျင်ခဲ့သည့် ဖာရိရှဲများကို အဘယ့်ကြောင့် ပြစ်တင်ရှုတ်ချခဲ့သနည်း။ အဘယ့်ကြောင့်ဆိုသော် သူတို့က အထက်ကောင်းကင်၏ မရေရာသည့် ဘုရားသခင်ကိုသာ ယုံကြည်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ကို ရှုတ်ချဆန့်ကျင်ခဲ့ကြ၍ဖြစ်ပါသည်။

ယဇ်ပုရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများ၊ ဖာရိရှဲများက သခင်ယေရှု၏နှုတ်ကပတ်တော်များနှင့် အမှုတော်တွင် ဩဇာအာဏာနှင့် တန်ခိုးတော်ကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ကြသည်။ သို့ပါက သူတို့က သခင်ယေရှုကို အဘယ့်ကြောင့် ဆက်ပြီး အရှက်မရှိနှင့် ဆန့်ကျင်၊ ရှုတ်ချ၊ စော်ကားနိုင်ခဲ့ကြသနည်း။ ကိုယ်တော်က နတ်ဆိုးမင်း ဗေလဇေဗုလကို အမှီပြုပြီး၊ နတ်ဆိုးများကို နှင်ထုတ်သည်၊ လူများကို လှည့်ဖြားဖို့ ကြံရွယ်သည်ဟု ပြောခဲ့ကြသည်။ သူတို့က ကိုယ်တော့်ကို အရှင်လတ်လတ်ပင် ကားစင်တင်ခဲ့ကြသည်။ ဤသည်မှာ မည်သည့်အရာကိုပြသနည်း။ သူတို့က သခင်ယေရှုကို သာမန်လူသားအဖြစ် မြင်သောကြောင့်၊ ဤအရာများကို လုပ်ခဲ့ကြခြင်း မဟုတ်ပါလား။ “သူက လက်သမားသား၊ နာဇရက်လူ မဟုတ်လား” ဟု သူတို့ပြောခဲ့ကြသည်။ ဖာရိရှဲများ၏ အယူအဆအရ လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိခန္ဓာက တန်ခိုးဣဒ္ဓိပါဒ်များ ပိုင်ဆိုင်သင့်သည်၊ သူက သူရဲကောင်းဆန်သည့်ဟန်ပန်၊ ဩဇာအာဏာရှိသည့် ဥပဓိရုပ်မျိုးနှင့် ကြီးမားသည့်အသက်တာ၊ ခွန်အားရှိသည့် ကိုယ်လုံးကိုယ်ထည် ရှိသင့်သည်။ သူ့၏နှုတ်ကပတ်တော်များ ကလည်း ကမ္ဘာကိုကိုင်လှုပ်သည့် နားကွဲလုမတတ် မြည်ဟည်းသံမျိုး ရှိသင့်သည်၊ လူများအနေနှင့် ကိုယ်တော့်ကို မချဉ်းကပ်ဝံ့လောက်အောင်၊ ထိုနှုတ်ကပတ်တော်များက ရင်ထဲတွင် တုန်လှုပ်ချောက်ချား သွားစေသင့်သည်၊ ထိုကဲ့သို့မဟုတ်ပါက၊ သူ့ကို ဘုရားသခင်အဖြစ် မယူဆနိုင်ပါ။ အမှန်ကတော့၊ လူ့ဇာတိခံခြင်း၏ အဓိပ္ပာယ်ကို သူတို့က နည်းနည်းမှ နားမလည်ခဲ့ကြခြင်းဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်းကို သိဖို့အတွက်လည်း သခင်ယေရှု၏နှုတ်ကပတ်တော်နှင့် အမှုတော်ထဲတွင် သမ္မာတရားကို မရှာဖွေခဲ့ကြပါ။ သူတို့က ကိုယ်ပိုင်အတွေးမှားများ၊ အယူအဆများကို အခြေခံပြီး၊ ကိုယ်တော့်ကို အကဲဖြတ်စော်ကားရင်းနှင့်သာ၊ သခင်ယေရှုကို သာမန်လူတစ်ယောက်အဖြစ် မှတ်ယူခဲ့ကြသည်။ သူတို့က ဘုရားသခင်ကို ယုံကြည်သည်ဆိုသော်လည်း၊ ကိုယ်တော့်ကို သိနားမလည် သည့်အပြင်၊ ဆန့်ကျင်ခဲ့ကြသည်ကို ဤအရာက သက်သေပြပါသည်။ ယခုဆိုလျှင် ဘာသာရေးလောက၏သင်းအုပ်များ၊ အကြီးအကဲများကလည်း၊ ကျွန်တော်တို့ယုံကြည်သည့်သူက လူသားသာ ဖြစ်ကြောင်း ပြောကြသည်။ ဤသည်မှာ ဂျူးယဇ်ပုရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများ၊ ဖာရိရှဲများက သခင်ယေရှု၏နောက်လိုက်များကို ရှုတ်ချခဲ့ကြပုံမျိုးနှင့် မည်မျှမကွာပါ။ သင်တို့လည်း မြင်နိုင်မည်၊ ဘာသာရေးလောက၏ သင်းအုပ်များ၊ အကြီးအကဲများက ရှေးခေတ်က သီလကြောင် ဖာရိရှဲများနှင့် မည်သို့မျှမကွာခြားပါ။ သူတို့အားလုံးက ဘုရားသခင်ကို ယုံကြည်ရင်း၊ တစ်ချိန်တည်းတွင်ပဲ ဆန့်ကျင်နေကြခြင်းဖြစ်သည်။ သူတို့က ခရစ်တော် ကိုယ်တော်တိုင်ကို ငြင်းပယ်ရင်း၊ အထက်ကောင်းကင်၏ မရေရာသည့် ဘုရားသခင်ကိုသာ အသိအမှတ်ပြုကြသည့် လူလိမ်လူညစ်များဖြစ်ပါသည်။ ခရစ်တော်ကို လက်ခံနာခံကြသူများအပေါ် သူတို့တွင် ပြစ်တင်ရှုတ်ချခွင့် ရှိပါသလား။

နောက်ဆုံးသောကာလတွင် ဘုရားသခင်က လူများကြား တွင် နှုတ်ကပတ်တော်ကို ဖော်ပြဖို့နှင့် အမှုတော်ပြုဖို့အတွက် ထပ်ပြီးတော့ လူ့ဇာတိ ခံလိုက်ပါပြီ။ သူက ဤတစ်ကြိမ်တွင်လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် လာခဲ့ခြင်းဖြစ်သည်။ အပြင်ပန်းသွင်ပြင်အရတော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်က သာမန်လူတစ်ယောက်ကဲ့သို့ပင် ဖြစ်ပါသည်။ လူများနှင့် အဖော်ပြုရင်း လက်တွေ့ကျကျ နေထိုင်သည်။ လူများကြားတွင် နေသည်။ သူတို့၏ဘ၀များတွင် ပါဝင်ပတ်သက်သည်။ သူက လူများ၏လိုအပ်ချက်များ နှင့်အညီ သမ္မာတရားကို ဖော်ပြသည်။ တရားစီရင်ခြင်းအမှုကိုလည်း ဘုရားသခင်၏ အိမ်တော်ကနေ စတင်ပြီး ဆောင်ရွက်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏အမှုတော်နှင့် တွေ့ကြုံလိုက်ရသည့်အတွက်၊ ကျွန်တော်တို့က အနန္တတန်ခိုးရှင်ဘုရား၏ နှုတ်ကပတ်တော်ကို နားနှင့်ဆတ်ဆတ် ကြားလိုက်ရပါသည်။ ဘုရားသခင် စီမံခန့်ခွဲမှု အစီအစဉ်၏ နက်နဲမှုများကိုလည်း မျက်ဝါးထင်ထင် မြင်လိုက်ကြရ ပါသည်။ တစ်နည်းပြောရပါက၊ လူများကို ကယ်တင်ဖို့အတွက် ဘုရားသခင်၏ အမှုတော်အဆင့် သုံးဆင့်နှင့်ပတ်သက်ပြီး အတွင်းကျသည့် အကြောင်း အရာများ ဘုရားသခင် စီမံခန့်ခွဲမှု အစီအစဉ်၏ရည်ရွယ်ချက်၊ လူ့ဇာတိခံယူခြင်း၏နက်နဲမှု၊ လူများကို စာတန်က ပျက်စီးစေပုံများ၊ စာတန်ကြောင့် ပျက်စီးနေသည့် လူများ၏အနှစ်သာရနှင့် အဖြစ်မှန်များ၊ ဘုရားသခင်က လူများကို မည်သို့ သန့်စင်၊ ကယ်တင်ပြီး၊ စုံလင်စေသည်ဆိုခြင်းများ၊ ဘုရားသခင် တရားစီရင်ခြင်း အမှုတော်၏ အဓိပ္ပာယ်နှင့် ရည်ရွယ်ချက် ဘုရားသခင်က မည်သူကို ချစ်ပြီး၊ မည်သူကို ဒဏ်ခတ်ကြောင်းများ၊ မည်သူက ကယ်တင်ခံရပြီး၊ မည်သူက ဖျက်ဆီးခံရမည်၊ လူများ၏ခရီးပန်းတိုင်၊ လူများအမျိုးမျိုး၏အဆုံးသတ်များနှင့် ဘုရားသခင်၏ နိုင်ငံတော်က ကမ္ဘာပေါ်တွင် မည်သို့ဖြစ်ပေါ်လာမည် တို့ စသည်ဖြင့် ဖြစ်ပါသည်။ ထိုကဲ့သို့ သမ္မာတရားများကို ဖော်ပြရင်းနှင့်၊ အနန္တတန်ခိုးရှင် ဘုရားသခင်က လူများ၏ဆိုးယုတ်သည့် စိတ်သဘောထားနှင့် ဘုရားသခင် အပေါ် ဆန့်ကျင်တတ်သည့် လူများ၏သဘာ၀၊ အနှစ်သာရကို တရားစီရင်ပြီး ဖော်ထုတ်ပြပါသည်။ စာတန်ကြောင့် အလုံးစုံဖောက်ပြန်ပျက်စီးနေသည့် ကျွန်တော်တို့၏အနှစ်သာရနှင့် အဖြစ်မှန်ကို မြင်စေခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့က မည်မျှပင် စိတ်ကြီးဝင်ပြီး မိမိကိုယ်ကို အမွှမ်းတင်နေသည်၊ မည်သို့ ဖောက်ပြန်ပြီး တစ်ကိုယ်ကောင်းဆန်နေကြသည်၊ ကျွန်တော်တို့တွင် လူသားနှင့်တူသည့်အရာမှာ ဘာမှမရှိတော့ကြောင်း၊ ဘုရားသခင် ရှေ့မှောက်တွင် မရှင်သန်ထိုက်တော့ကြောင်း တို့ကို မြင်စေခြင်းဖြစ်သည်။ သို့သော် မည်သို့အခြေအနေသာရှိရှိ ဘုရားသခင်က လူ့ဇာတိခံယူထားပြီး ဖြစ်သကဲ့သို့၊ ဆိုးယုတ်ပျက်စီးနေသည့် လူများကြားတွင် ဆင်းဆင်းရဲရဲနှင့် နှိမ့်ချစွာ ပုန်းကွယ်နေထိုင်နေပါသည်။ လူများကို တရားစီရင်ဖို့၊ ဖော်ထုတ်ပြဖို့နှင့် ကယ်တင်ဖို့အတွက်လည်း သမ္မာတရားကို ဖော်ပြနေပါသည်။ ဘုရားသခင့် အသက်၏အနှစ်သာရက သိပ်ကို နှစ်လို စရာကောင်းပြီး၊ ဂုဏ်ကျက်သရေ ရှိကြောင်းကို ကျွန်တော်တို့ နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရခြင်းဖြစ်သည်။ လူများအပေါ် ဘုရားသခင်၏ချစ်ခြင်းက တကယ်ကို စစ်မှန်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းကို တွေ့ကြုံလိုက်ရသည့်အတွက် ကျွန်တော်တို့က ဘုရားသခင်၏ဖြောင့်မတ်သည့်၊ သန့်ရှင်းသည့်၊ ချိုးဖျက်၍မရသည့် စိတ်သဘောထားကို အတွင်းကျကျ သိလာခဲ့ပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင် နှုတ်ကပတ်တော်၏ ဩဇာအာဏာနှင့် တန်ခိုးကိုလည်း ခံစားမိခဲ့ကြသည်။ ဘုရားသခင်အပေါ် ကြည်ညိုမှုက ကျွန်တော်တို့ရင်ထဲတွင် မသိမသာ ကြီးထွားလာသည်။ ကျွန်တော်တို့က သမ္မာတရားကို ရှာဖွေမိလာသည်။ ကျွန်တော်တို့၏ အသက်တာ စိတ်သဘောထားကလည်း ပြောင်းလဲလာခဲ့ပါသည်။ ထိုအချိန်ကျမှသာ ကျွန်တော်တို့လည်း အမှန်တကယ် နားလည်ခဲ့ကြခြင်းဖြစ်သည်။ လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်တော်တို့ကို သန့်စင်၊ ကယ်တင်ဖို့အတွက် အလုံးစုံသော သမ္မာတရားများကို ဖော်ပြထားပြီး၊ ကျွန်တော်တို့၏ စိတ်ကြီးဝင်မှု၊ ဖောက်ပြန်မှုများ၊ ဆိုးယုတ်သည့် စိတ်သဘောထားများကို ဖယ်ရှားပစ်စေသည်။ ရိုးသားသည့် လူသားတစ်ယောက်နှင့် တူအောင် နေထိုင်စေသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်က အသင်းတော်များကို လှည့်လည် သွားလာရင်း၊ ကျွန်တော်တို့ကြားတွင်သာ ရှင်သန်နေထိုင်ပါသည်။ အပြင်ပန်းအရတော့ သူက သာမန်လူသားတစ်ယောက်ဖြစ်ပါသည်၊ သို့သော် သူက သမ္မာတရားကို ဖော်ပြသကဲ့သို့၊ ဘုရားသခင်၏ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်းကိုလည်း ထင်ရှားစေပါသည်။ သူ့နောက်ကိုလိုက်ပြီး အမှုတော်ကို တွေ့ကြုံရသူများက သမ္မာတရား၊ လမ်းခရီးနှင့် အသက်ကို ရရှိလိုက်ကြပါပြီ။ ဘုရားသခင်၏ဆောင်ရွက်ပုံက သိပ်ကို လက်တွေ့ကျပြီး ပညာဉာဏ်ကြီးမှန်း သူတို့ မြင်ကြရပါသည်။ ဘုရားသခင်က မည်သို့နှိမ့်ချပြီး ပုန်းကွယ်သည်၊ မည်သို့ချစ်ခင်ဖွယ် ကောင်းသည်၊ ဘုရားသခင်က မောက်မာခြင်းမရှိသလို၊ ဘုရားသခင်၏ စိတ်နေသဘောထားက ပျက်စီးခြင်းမရှိကြောင်း ကိုလည်း မြင်ကြရပါသည်။ အမြင့်ဆုံးသော ဘုရားသခင်က လူများ ကိုးကွယ်လောက်စေမည့် ခန္ဓာကိုယ်မျိုးဖြစ်သည့် ကြီးစွာသော အရပ်အမောင်း၊ ခွန်အားရှိသည့် ကိုယ်လုံးကိုယ်ထည်မျိုးနှင့် လွှမ်းခြုံထားလိမ့်မည်ဆိုတာမျိုး စဉ်းစားကြည့် သည်မှာ ဖြစ်သင့်ပါသည်။ သို့သော် ဘုရားသခင် လုပ်ဆောင်ထားသည့် အရာက ထိုကဲ့သို့မဟုတ်ပါ။ အကျင့်ပျက်လူသားများကို ကယ်တင်ဖို့အတွက် ဘုရားသခင်က သူ့ကိုယ်သူ သာမန်လူ့ခန္ဓာကိုယ်နှင့်သာ လွှမ်းခြုံထားပါသည်၊ သာမန်လူသားတစ်ယောက်၏ မျက်နှာသွင်ပြင်ကိုသာ ယူပြီး၊ ကျွန်တော်တို့ကဲ့သို့ အကျင့်ပျက်လူသားများနှင့်အတူ နေထိုင်ဖို့ ရောက်လာခဲ့ ခြင်းဖြစ်သည်။ သူက ကျွန်တော်တို့၏လိုအပ်ချက်များနှင့်အညီ၊ နှုတ်ကပတ်တော်များကို ဖော်ပြသည်၊ ကျွန်တော်တို့ကို တရားစီရင်ပြီး၊ အထောက်အပံ့ပေးသည်။ ဘုရားသခင်က နုံချာသည့်လူသား တစ်ယောက် အဖြစ် လူ့ဇာတိခံပါသည်၊ သူက ကြီးကြီးမားမား စော်ကားမှုများ၊ ဆင်းရဲဒုက္ခများကိုလည်း ကြံ့ကြံ့ခံထားရပြီးပါပြီ။ ထို့အပြင် သူက အကျင့်ပျက်လူသားများ ၏လုပ်ကြံပြောဆိုမှု၊ ပြစ်တင်ရှုတ်ချမှု၊ ငြင်းပယ်မှုများကို ခံထားရသည့်အပြင်၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ဖမ်းဆီး နှိပ်ကွပ်မှုကိုလည်း ခံထားရပါသည်။ သို့သော်လည်း ဘုရားသခင်က သမ္မာတရားကို ဖော်ပြဖို့၊ လူများအပေါ် ကယ်တင်ခြင်းအမှုကို ဆောင်ရွက်ဖို့အတွက်၊ နက်နဲလွန်းသည့် စိတ်ခွန်အားမျိုးနှင့် ဆက်ပြီးရှိနေပါသည်။ ဘုရားသခင်က လူများကို ကယ်တင်ဖို့အတွက် ကြီးမားသည့် ဆင်းရဲဒုက္ခကို ခံစားလိုက်ရပါပြီ။ လူများအပေါ် ဘုရားသခင်၏ချစ်ခြင်းက သိပ်ကို စစ်မှန်လှပါသည်။ ဘုရားသခင်က မည်မျှ သန့်ရှင်းသည်၊ ကြီးမြတ်သည်ဆိုသည်မှာ ဤအရာကနေ မြင်ရပါသည်။ ကိုယ်တော့်ကို သရုပ်ဖော်ပြဖို့ဆိုသည်မှာ စကားလုံးမရှိတော့ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်တော်တို့ကို ဘုရားသခင်နှင့် ပို၍နီးကပ်အောင် ပို့ဆောင်ပေးခြင်းဖြစ်သည်။ ကျွန်တော်တို့အနေနှင့် ကိုယ်တော့်ကို မြင်နိုင်အောင်၊ သိနိုင်အောင်၊ ကိုယ်တော့်ကို အစစ်အမှန်ချစ်တတ်အောင်၊ ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် ဆုံတွေ့စေတာ ဖြစ်ပါသည်။ ထိုကဲ့သို့လုပ်ပေးသည့်အတွက် ကျွန်တော်တို့က ဘုရားသခင်၏စုံလင်စေခြင်းကို ရရှိလာသည်။ သို့မှသာ ကျွန်တော်တို့ကလည်း ဘုရားသခင်ကို စစ်မှန်စွာ ကိုးကွယ်နိုင်လာမည်၊ နာခံနိုင်လာပါမည်။ ကျွန်တော်တို့ယုံကြည်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်က လူ့ဇာတိခံပြီး ပြန်လာသည့် သခင်ယေရှု ဖြစ်ကြောင်းကို ကျွန်တော်တို့အားလုံး၏ရင်ထဲတွင် အသိအမှတ်ပြုထားပြီးပါပြီ။ သူက လူသားဖြစ်သော်ငြားလည်း၊ ဘုရားသခင်လည်း ဖြစ်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၏ ဖန်ဆင်းရှင်ဖြစ်သည့် တစ်ပါးတည်းသော ဘုရားသခင်ဖြစ်ပါသည်။ ဘာသာရေးလောက၏ သင်းအုပ်များ၊ အကြီးအကဲများက ကျွန်တော်တို့က လူသားတစ်ယောက်အပေါ် ယုံကြည်သည်ဟု ထင်မြင်ပြီး၊ ပြစ်တင်ရှုတ်ချ ကြသည်။ ကျွန်တော် မေးပါရစေ။ လူသားများ အားလုံးထဲတွင် ဘုရားသခင်၏ အသံတော်နှင့်သမ္မာတရားကို ဖော်ပြနိုင်စွမ်းရှိသည့်သူ ရှိပါသလား။ လူများကို သန့်စင်ခြင်း ကယ်တင်ခြင်းအမှုတော်ကို လက်တွေ့ကျကျ ဆောင်ရွက်နိုင်သည့်သူမျိုး လူသားများထဲတွင် ရှိပါသလား။ အကျင့်ပျက်လူသားများကို သူ့၏အမှုတော်တွင် တွေ့ကြုံစေခြင်းအားဖြင့် ဘုရားသခင်ကို အစစ်အမှန်သိသူများ၊ နာခံသူများအဖြစ် စုံလင်စေနိုင်သည့်သူမျိုး လူသားများထဲတွင် ရှိပါသလား၊ မရှိပါ။ တစ်ယောက်မှ မရှိပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်ကသာ ထိုကဲ့သို့ လက်တွေ့ကျသည့် အမှုတော်ကို လုပ်ဆောင်နိုင်စွမ်း ရှိခြင်းဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ကယ်တင်ရှင်၏ ထင်ရှားပြခြင်းဖြစ်ပါသည် သူက လက်တွေ့ကျသည့် လူ့ဇာတိခံ ဘုရားသခင်ဖြစ်ပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကသာ လူများကို ကယ်တင်နိုင်သည်။ လှပသည့် ခရီးပန်းတိုင်တစ်ခုကို ပေးအပ်နိုင်ပါသည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

လူ့ဇာတိခံခြင်း၏ အနှစ်သာရ ဆိုသည်မှာ အဘယ်နည်း၊ ခရစ်တော်က ဘာလဲဆိုသည့် မေးခွန်းနှင့်ပတ်သက်လျှင်မူ၊ ဤသည်မှာ မည်သည့် ယုံကြည်သူမှ နားမလည်ကြသည့် သမ္မာတရား၏ နက်နဲမှုတစ်ခုဟုသာ ပြောနိုင်ပါသည်။ သခင်ယေရှုက လူ့ဇာတိခံ ဘုရားသခင်ဖြစ်ကြောင်းကို နှစ်ပေါင်းထောင်ချီနေသည့် ယုံကြည်သူ အဆက်ဆက်က သိခဲ့ကြသည် ဆိုသော်ငြားလည်း၊ လူ့ဇာတိခံယူခြင်းနှင့် လူ့ဇာတိခံယူခြင်း၏ အစစ်အမှန် အနှစ်သာရကိုမူ မည်သူမျှ နားမလည်ကြပါ။ နောက်ဆုံးသောကာလ၏ အနန္တတန်ခိုးရှင်ဘုရားသခင် ကြွလာခဲ့သည့် ယခုချိန်ကျမှသာ၊ သမ္မာတရား၏ ထိုကဲ့သို့နက်နဲသည့် လက္ခဏာသွင်ပြင်ကို လူများထံထုတ်ဖော်ပြ လိုက်ခြင်းဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်က မည်သို့ပြောသည်ကို ကြည့်ကြရအောင်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိတွင် ပေါ်ထွန်းပြီး၊ သူ၏ ဖန်ဆင်းခံ လူသားအကြားထဲတွင် အလုပ်လုပ်ရန် လူ့ဇာတိပုံသဏ္ဌာန်ကိုဆောင်လျက် ကြွဆင်းလာခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ဘုရားသခင်အဖို့ လူ့ဇာတိခံယူရန်မှာ ရှေးဦးစွာ သူသည် ဇာတိခန္ဓာ ဖြစ်လာရမည်၊ သာမန်လူ့သဘာဝနှင့် ဇာတိခန္ဓာ ဖြစ်လာရမည်၊ ဤအရာမှာ အခြေခံအကျဆုံးသော မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ အမှန်တွင်တော့ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ သွယ်ဝိုက်သော အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိထဲတွင် အသက်ရှင်၍ အလုပ်လုပ်ခြင်းပင် ဖြစ်ပြီး၊ ဘုရားသခင်သည် သူ၏ ပကတိသဘာဝ၌ လူ့ဇာတိခံယူခြင်း၊ လူသားတစ်ယောက် ဖြစ်လာခြင်းပင်ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ”)

လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဖုံးလွှမ်းထားသည့် ဇာတိခန္ဓာဖြစ်သည်။ ယင်းဇာတိခန္ဓာမှာ အသွေးအသားတို့ဖြင့် တည်ဆောက်ထားသည့် မည်သည့် လူသားတစ်ဦးတစ်ယောက်နှင့်မျှ မတူညီပေ။ ဤသို့ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် အသွေးအသားဖြင့် တည်ဆောက်ထားခြင်း မဟုတ်ဘဲ ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်သောကြောင့်ဖြစ်သည်။ သူ၌ သာမန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်မျိုးလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့်လူသားမျှ ပိုင်ဆိုင်ထားခြင်းမရှိ။ သူ၏ဘုရားသဘောသဘာဝအားဖြင့်လည်း ဘုရားသခင်ကိုယ်တော်တိုင်၏ အလုပ်ကို လုပ်ဆောင်နေသည့် အတောအတွင်း သာမန်လူ့သဘာဝအတိုင်း အသွေးအသားဖြင့် သာမန်လှုပ်ရှားမှု အားလုံးတို့ကို ဆက်လက်လုပ်ဆောင်နေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်ကို ဆောင်ခြင်းဖြစ်သည်”)

သာမန် လူ့သဘာဝရှိသော ခရစ်တော်သည် ဝိညာဉ်တော်ကို သဏ္ဌာန်ဖော်ဆောင်ထားသော ဇာတိခန္ဓာဖြစ်ပြီး၊ သာမန် လူ့သဘာဝ၊ သာမန် အသိစိတ်နှင့် လူသားအတွေးအခေါ်တို့ ပိုင်ဆိုင်ထားသည်။ ‘သဏ္ဌာန်ဖော်ဆောင် ခံရခြင်း’ ဆိုသည်မှာ ဘုရားသခင် လူသားဖြစ်လာခြင်း၊ ဝိညာဉ်တော် လူ့ဇာတိ ခံယူခြင်းကို ဆိုလိုသည်၊ ရှင်းရှင်းပြောရလျှင် ၎င်းမှာ ဘုရားသခင်ကိုယ်တိုင်က ဇာတိခန္ဓာထဲတွင် သာမန် လူ့သဘာဝနှင့် ကိန်းဝပ်ပြီး၊ ၎င်းမှတစ်ဆင့် သူ၏ ဘုရားသဘောသဘာဝ အလုပ်ကို ဖော်ပြခြင်း ဖြစ်သည်၊ သဏ္ဌာန်ဖော်ဆောင် ခံရခြင်း သို့မဟုတ် လူ့ဇာတိခံယူခြင်း ဆိုသည်မှာ ဤအရာပင်ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ”)

သူသည် ဘုရားသခင်၏ အနှစ်သာရနှင့် လူသားတစ်ယောက် ဖြစ်သည့်အတွက် ဖန်ဆင်းခံ မည်သည့်လူသားထက်မဆို ကြီးမြတ်ပြီး၊ ဘုရားသခင်၏အလုပ်ကို ထမ်းဆောင်နိုင်သည့် မည်သည့်လူသားထက်မဆိုလည်း ကြီးမြတ်သည်။ ထို့ကြောင့် သူကဲ့သို့ပင် လူ့ခန္ဓာအပြင်ပန်းသဏ္ဌာန် ရှိကြသည့်သူများထဲတွင်၊ လူ့သဘာဝကို ပိုင်ဆိုင်ကြသည့်သူများထဲတွင်၊ သူတစ်ပါးတည်းသာလျှင် လူ့ဇာတိခံယူသည့် ဘုရားသခင် ကိုယ်တိုင်ဖြစ်ပြီး အခြားသူအားလုံးမှာမူ ဖန်ဆင်းခံလူသားများသာ ဖြစ်သည်။ ထိုသူအားလုံးတို့တွင် လူ့သဘာဝရှိကြသော်လည်း ဖန်ဆင်းခံလူသားများ၌ လူ့သဘာဝမှလွဲ၍ ဘာမျှမရှိကြပေ၊ လူ့ဇာတိခံယူသော ဘုရားသခင်ကမူ ကွဲပြားခြားနားသည်၊ သူ၏ဇာတိခန္ဓာထဲတွင် သူသည် လူ့သဘာဝရှိရုံသာမက ပိုအရေးကြီးသည်မှာ ဘုရား၏သဘောသဘာဝ ရှိနေခြင်းဖြစ်သည်။ သူ၏လူ့သဘာဝကို သူ့ဇာတိခန္ဓာ၏ အပြင်ပန်းသဏ္ဌာန်နှင့် သူ၏နေ့စဉ်အသက်တာတွင် မြင်နိုင်သော်ငြားလည်း သူ၏ဘုရားသဘောသဘာဝကိုမူ သိမြင်ရန် ခက်ခဲသည်။ သူ၏ ဘုရားသဘောသဘာဝသည် သူ၌ လူ့သဘာဝရှိမှသာ ဖော်ပြခြင်း ဖြစ်သည့်အတွက်နှင့် လူများစိတ်ကူးထားသကဲ့သို့ သဘာဝလွန် မဟုတ်သည့်အတွက်၊ ၎င်းကိုမြင်နိုင်ရန်မှာ လူတို့အဖို့ အလွန်တရာပင် ခက်ခဲလှသည်။...ဘုရားသခင်သည် ဇာတိခန္ဓာဖြစ်လာသည့်အတွက်၊ သူ၏ အနှစ်သာရသည် ဘုရား၏သဘောသဘာဝနှင့် လူ့သဘာဝတို့ ပေါင်းစပ်ထားခြင်းပင်ဖြစ်သည်။ ဤပေါင်းစပ်ခြင်းကို ဘုရားသခင်ကိုယ်တိုင်၊ ကမ္ဘာပေါ်၌ရှိသော ဘုရားသခင် ကိုယ်တိုင်ဟု ခေါ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ”)

လူ့ဇာတိခံခြင်းဆိုသည်မှာ လူအဖြစ်အသွင်ယူထားသည့် ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်ကြောင်းကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အရ ကျွန်တော်တို့သိကြပြီ။ တစ်နည်းပြောရလျှင် ဘုရားသခင်၏ ဝိညာဉ်တော်က သာမန်လူ့သဘာ၀ သာမန်လူအတွေးအခေါ် နှင့် လူ့ဇာတိခံယူပြီး ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုကဲ့သို့ သာမန်လူများကဲ့သို့ အလုပ်လုပ်သည့် ပြောတတ်ဆိုတတ်သည့် သာမန် လူတစ်ယောက်က လူများကြားထဲမှာ ပေါ်လာသည်။ ဤခန္ဓာမှာ သာမန်လူ့သဘာဝရှိပါသည်။ ပြည့်စုံသည့် ဘုရားသခင်၏ သဘောသဘာဝ လည်းရှိသည်။ အပြင်ပန်းမှာ သာမန်လူတစ်ယောက်အဖြစ် မြင်ရသော်ငြားလည်း၊ သူက ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်နိုင်စွမ်း ရှိပါသည်။ ဘုရားသခင်၏ အသံတော်ကို ဖော်ပြနိုင်စွမ်းရှိသည်။ လူသားများကိုလည်း လမ်းပြကယ်တင် နိုင်စွမ်း ရှိပါသည်။ ဤသည်မှာ သူ့မှာ ပြီးပြည့်စုံသည့် ဘုရားသခင်၏ သဘောသဘာဝ ရှိသောကြောင့် ဖြစ်ပါသည်။ ပြီးပြည့်စုံသည့် ဘုရားသခင်အဖြစ်တော်ဆိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော် ပိုင်ဆိုင်သည့် အရာအားလုံးကို ဆိုလိုပါသည်။ ဘုရားသခင်၏ ပင်ကိုစိတ်နေသဘောထား၊ ဘုရားသခင်၏သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်း ဂုဏ်၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ပညာဉာဏ်၊ ပြီးလျှင် ဘုရားသခင်၏ ဩဇာအာဏာ နှင့် ဘုန်းတန်ခိုးတို့ဖြစ်ပါသည်။ ဤအရာများအားလုံးက လူ့ဇာတိခံယူရာတွင် တွဲလျက်ပါလာသည်။ ဤလူသားက ခရစ်တော်ဖြစ်ပါသည်။ ဤလူသားက အမှုတော်ကိုဆောင်ရွက်ဖို့၊ လူများကို ကယ်တင်ဖို့အတွက် ကမ္ဘာမြေပေါ် ရောက်လာသည့် လက်တွေ့ကျသော ဘုရားသခင်ဖြစ်ပါသည်။ အပြင်ပန်းအရ့ ခရစ်တော်က သာမန်ပုံမှန်လူသားတစ်ယောက်ဖြစ်ပါသည်။ သို့သော် ဖန်ဆင်းခံထားရသည့် လူသားများနှင့်စာပါက၊ သူက အနှစ်သာရအားဖြင့် ကွဲပြားပါသည်။ အဖန်ဆင်းခံလူသားက လူ့သဘာဝသက်သက်ပင် ဖြစ်သည်။ သူတို့တွင် ဘုရားသဘောသဘာဝ၏ အနှစ်သာရ နည်းနည်းလေးတောင် မပါဝင်ပါ။ ခရစ်တော်မှာမူ သာမန်လူ့သဘာဝရှိသည့်အပြင် ပိုပြီး အရေးကြီးသည့် ပြည့်စုံသည့် ဘုရား၏သဘောသဘာဝလည်း ရှိပါသည်။ ထို့ကြောင့် သူက ဘုရား၏ဂုဏ်ဒြပ်ရှိပါသည်။ ဘုရားသခင်ကို လုံးဝ ကိုယ်စားပြုနိုင်သည်။ ဘုရားသခင် ကိုယ်တော်တိုင်ကဲ့သို့ပင် သမ္မာတရား အားလုံးကို ဟောကြားနိုင်သည်။ သူက ဘုရားသခင်၏စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း ကို ဖော်ထုတ်ပြနိုင်သည်။ လူများအတွက် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ကိုလည်း ပေးစွမ်းနိုင်ပါသည်။ ဖန်ဆင်းခံရသည့် လူများက ထိုကဲ့သို့စွမ်းဆောင်မှုများကို လုပ်နိုင်စွမ်းမရှိပါ။ ခရစ်တော်ကတော့ လူ့ဇာတိအဖြစ်နှင့် အမှုတော် ဆောင်ရွက်သည်၊ ဟောကြားသည်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို ဖော်ထုတ်ပြသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဟောကြားရာတွင်ဖြစ်စေ၊ ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်ရာတွင်ဖြစ်ဖြစ် သာမန်လူ့သဘာဝ စည်းထဲကသာ ဆောင်ရွက်ပါသည်။ သူ့တွင် သာမန် လူ့ဇာတိသဘောတစ်ခု ရှိပြီး၊ မည်သည့်တန်ခိုးဣဒ္ဓိပါဒ်မှ သူ့တွင် မရှိပါ။ ဤသည်မှာ ဘုရားသခင်က လူ့ဇာတိခံလိုက်ကြောင်းကို သက်သေထူပါသည်။ ကိုယ်တော်က သာမန်လူသား တစ်ယောက် ဖြစ်နေပါပြီ။ လူ့ဇာတိ၌ပေါ်သော နှုတ်ကပတ်တော် ဆိုသည့်အချက်ကို ဤသာမန်လူသားက ဖြည့်စွမ်း ပေးလိုက်ပါပြီ။ သူက လူ့ဇာတိခံယူသည့် လက်တွေ့ကျသော ဘုရားသခင် ဖြစ်ပါသည်။ ခရစ်တော်က ပြီးပြည့်စုံသည့် ဘုရား၏သဘောသဘာဝ ရှိတာကြောင့်၊ သူက ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်။ သမ္မာတရားကို ဟောကြားနိုင်သည်။ လူများကို ကယ်တင်နိုင်သည်။ ခရစ်တော်က ပြီးပြည့်စုံသည့် ဘုရား၏သဘောသဘာဝရှိသောကြောင့် သူက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ဆင့်ကမ်းဖော်ပြရုံသက်သက် မဟုတ်ပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို တိုက်ရိုက်ဟောကြားနိုင်ပါသည်။ သူက လူသားအပေါင်းကို ဖြည့်ဆည်းပေးရင်း၊ ပျိုးထောင်ပေးရင်း၊ လမ်းပြထိန်းသိမ်းပေးရင်းနှင့် မည်သည့်အချိန် မည်သည့်နေရာတွင်မဆို သမ္မာတရားကို ဟောကြားနိုင်ပါသည်။ ခရစ်တော်က ပြီးပြည့်စုံသည့် ဘုရား၏ သဘောသဘာဝရှိသည့်အပြင်၊ ဘုရားသခင်၏ လက္ခဏာတော် နှင့် အနှစ်သာရလည်း၊ ပိုင်ဆိုင်သောကြောင့် သူက ဘုရားသခင်၏ လူ့ဇာတိခံခြင်းဖြစ်သည်၊ လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

ဘုရားသခင်အနေနှင့် လူ့ဇာတိခံသည့်အခါ ကြီးမြတ်သည့် အသွင်အပြင်နှင့်လား၊ သာမန်လူတစ်ယောက်အဖြစ်နှင့်လားဆိုသည်မှာ လူ့ဇာတိခံခြင်း၏ လျှို့ဝှက်နက်နဲမှုနှင့် မဆိုင်သလောက်ဖြစ်ပါသည်။ ပြည့်စုံသည့် ဘုရား၏ သဘောသဘာဝကို သာမန်လူ့ဇာတိထဲ ဖုံးကွယ်ထားသည် ဆိုသည့် အချက်ကသာ အဓိကပါ။ ဤဖုံးကွယ်ထားသည့် ဘုရား၏ သဘောသဘာဝ ကို မည်သည့်လူသားမှ ဖော်ထုတ်နိုင်စွမ်း၊ မြင်နိုင်စွမ်း မရှိပါ။ အမှုတော်ကိုဆောင်ရွက်ဖို့ သခင်ယေရှု ကြွခဲ့သည့် အချိန်တုန်းကကဲ့သို့ပင်ဖြစ်ပါသည်၊ ကိုယ်တော့်အသံတော်ကို မကြားခဲ့ကြ ပါက၊ ကိုယ်တော့်မိန့်ဆိုချက်များ၊ အမှုတော်များကို မတွေ့ကြုံခဲ့ကြရ ပါက၊ သခင်ယေရှုကို ဘုရားသခင်၏သားတော်၊ ခရစ်တော်အဖြစ် မည်သူမျှ ခွဲခြားနိုင်ခဲ့ကြမည် မဟုတ်ပါ။ ထို့ကြောင့် ဘုရားသခင်၏လူ့ဇာတိခံခြင်းက ကိုယ်တော့် အတွက် လူများကြားထဲ လျှို့ဝှက်ဆင်းသက်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပါသည်။ သခင်ယေရှု ကြွလာခဲ့သည့်အချိန်ကဆိုပါက အပြင်ပန်းအသွင်အပြင်ကိုကြည့်ပြီး၊ သူက လူ့ဇာတိခံထားသည့်ဘုရားသခင်၊ ခရစ်တော်ဖြစ်ကြောင်း ကို မည်သူမျှ မပြောနိုင်ခဲ့ပါ၊ လူ့သဘာဝထဲ ဖုံးကွယ်ထားသည့် ဘုရား၏ သဘောသဘာဝကိုလည်း မည်သူမျှ မမြင်နိုင်ခဲ့၊ သခင်ယေရှုက သမ္မာတရားကိုဟောကြားပြီး၊ လူများအပေါ် ရွေးနုတ်ခြင်း အမှုကို ဆောင်ရွက်ပြီးချိန်ကျမှ ကိုယ်တော်၏ မိန့်ဆိုချက်များက အခွင့်အာဏာနှင့် တန်ခိုးရှိသည်ကို သိလာခဲ့ကြခြင်းဖြစ်သည်။ ထိုအချိန်ကျမှ ကိုယ်တော့်ကို စပြီး ဆည်းကပ်ခဲ့ကြခြင်းဖြစ်သည်။ သခင်ယေရှုက ပြန်လည်ထမြောက်တော်မူပြီး၊ လူများရှေ့ကို ပေါ်ထွက်ချိန်မှသာ လူများအနေနှင့် သူ့ကို ဘုရားသခင်ပေါ်ထွန်းခြင်းဖြစ်မှန်း၊ လူ့ဇာတိခံယူသည့် ခရစ်တော်ဖြစ်မှန်း နားလည်ခဲ့ကြခြင်းဖြစ်သည်။ ကိုယ်တော်ကသာ သမ္မာတရားကို မဟောကြားဘဲ၊ အမှုတော်ကိုလည်း မဆောင်ရွက်ခဲ့ ဆိုပါက၊ မည်သူကမျှ ကိုယ်တော့်ကို ဆည်းကပ်ခဲ့ကြမည်မဟုတ်ပါ။ ကိုယ်တော်ကိုယ်တိုင် ကလည်း သူက ဘုရားသခင်ပေါ်ထွန်းခြင်းဖြစ်ကြောင်း၊ ခရစ်တော်ဖြစ်ကြောင်း သက်သေ မခံခဲ့ပါက၊ ကိုယ်တော့်ကို မည်သူမှန်းလည်း သိခဲ့ကြမည်မဟုတ်ပါ။ အဘယ့်ကြောင့်နည်းဆိုသော လူများ ယုံကြည်ကြသည်မှာ တစ်ခု ရှိပါသည်။ သူက တကယ်ပဲ လူ့ဇာတိခံသည့် ဘုရားသခင်ဖြစ်သည်ဆိုပါက၊ တန်ခိုးဣဒ္ဓိပါဒ်များနှင့် ပြည့်စုံသူ ဖြစ်သင့်သည့်။ ကြီးမြတ်သည့်သွင်ပြင်၊ ကြောက်ရွံ့ရိုသေစရာဟန်ပန်နှင့် သာမန်မဟုတ်သည့် လူမျိုး ဖြစ်သင့်သည်၊ သူက အခွင့်အာဏာအပြည့်နှင့် ပြောဆိုဟောကြား သင့်ရုံမက၊ မည်သည့်နေရာရောက်ရောက် အံ့ဖွယ် နိမိတ်လက္ခဏာများ ပြသင့်သည် တို့ဖြစ်ပါသည့်။ ဤသည်မှာက လူ့ဇာတိခံသည့်ဘုရားသခင်တွင် ရှိသင့်သည့်အရာများဖြစ်သည်။ အကယ်၍ သူက အပြင်ပန်းအရလည်း တခြားသာမန်လူများ အတိုင်းဖြစ်မည်၊ သာမန်လူ့သဘာဝပဲ ရှိသည်ဆိုပါက၊ သူက ဘုရားသခင်၏လူ့ဇာတိခံခြင်း မဟုတ်သည်မှာသေချာသည်ဟု မြင်ကြသည်။ သို့ပါက ပြန်ပြီးဆင်ခြင်ကြည့်ကြပါစို့။ သခင်ယေရှုက အမှုတော်အတွက် လူ့ဇာတိခံခဲ့ချိန်တုန်းက သမ္မာတရားနှင့် ဘုရားသခင်၏ အသံတော်ကို မည်မျှပင် ဖော်ထုတ်ပြပါစေ၊ ဘယ်သူကမှ ကိုယ်တော်အဖြစ် မသိခဲ့ကြ။ တစ်ယောက်ယောက်က သခင်ယေရှုအတွက် သက်သေရပ်တည် သည်ကို ကြားလျှင်ပင်၊ ၎င်းမှာ ယောသပ်၏သား မဟုတ်ပါလား၊ နာဇရက်လူ မဟုတ်ပါလား ဟု ပြောခဲ့ကြသည်။ ယဇ်ပုရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲတို့က ကိုယ်တော့်ကို အဘယ့်ကြောင့် ထိုကဲ့သို့ပြောဆိုခဲ့ကြသနည်း။ အဘယ့်ကြောင့်နည်းဆိုသော် သခင်ယေရှုက အပြင်ပန်းအရ သာမန်လူ့သဘာဝပဲ ရှိခဲ့၍ ဖြစ်သည်၊ သူက ပျမ်းမျှသာမန်လူ တစ်ယောက်အဖြစ် ရှိခဲ့ခြင်းဖြစ်သည်။ ခန့်ညားကြောက်ရွံ့စရာ သွင်ပြင် မရှိခဲ့ပါ။ ထို့ကြောင့် သူ့ကို မည်သူကမျှ လက်မခံခဲ့ခြင်းဖြစ်သည်။ တကယ်တော့ သူက လူ့ဇာတိကိုခံယူထားသရွေ့၊ သတ်မှတ်ချက်အရ သာမန်လူ့သဘာဝအတိုင်းပဲ ရှိရမည်။ လူ့ဇာတိခံထားသည့် ဘုရားသခင်ကိုယ်တော်တိုင်က သာမန်ပုံမှန်လူတစ်ယောက် ဖြစ်ကြောင်းကို သူက လူများကိုပြရမည်။ ကိုယ်တော်က သာမန်လူသားအဖြစ်နှင့်သာ ပေါ်ထွန်းပါသည်။ ဘုရားသခင်က သာမန်လူတစ်ယောက်အဖြစ်နှင့်မဟုတ်ဘဲ၊ သာမန်မဟုတ်သည့် လူသားအဖြစ် ဇာတိခံခဲ့မည်ဆိုပါက၊ လူ့ဇာတိခံခြင်း ဆိုသည့် အဓိပ္ပါယ်တစ်ခုလုံး ပျောက်ဆုံးသွားလိမ့်မည်။ ထို့ကြောင့် ခရစ်တော်က သာမန်လူ့သဘာဝ ရှိရပါမည်။ သို့မှသာ သူက လူ့ဇာတိ၌ပေါ်သော နှုတ်ကပတ်တော်ဆိုသည့် အချက်ကို သက်သေပြနိုင်မည် ဖြစ်ပါသည်။

အနန္တတန်ခိုးရှင်ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ကြည့်ကြရအောင်- “လူ့ဇာတိခံယူခြင်း၏ အရေးပါအရာရောက်မှုမှာ သာမန်ဖြစ်သည့် ပုံမှန်လူသား တစ်ယောက်သည် ဘုရားသခင်ကိုယ်တိုင်၏ အလုပ်ကို ထမ်းဆောင်ခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်သည် သူ၏ဘုရားသဘောသဘာဝ အလုပ်ကို လူ့သဘာဝနှင့် ထမ်းဆောင်ပြီး၊ ဤနည်းဖြင့် စာတန်ကို နှိမ်နှင်းခဲ့ခြင်းဖြစ်သည်။...အကယ်၍ သူ၏ ပထမအကြိမ် ကြွလာခြင်းတွင် ဘုရားသခင်သည် အသက်နှစ်ဆယ့်ကိုးနှစ်မတိုင်ခင်တွင် သာမန် လူ့သဘာဝ မရှိခဲ့ပါက၊ အကယ်၍ သူမွေးဖွားပြီးသည်နှင့် ချက်ချင်းပင် နိမိတ်လက္ခဏာများ ပြုနိုင်ခဲ့မည် ဆိုပါက၊ အကယ်၍ သူစကားပြောတတ်သည်နှင့် ချက်ချင်းပင် ကောင်းကင် ဘာသာစကားကို ပြောနိုင်ခဲ့မည် ဆိုပါက၊ အကယ်၍ ကမ္ဘာပေါ်၌ ပထမဆုံးအကြိမ် သူ၏ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သူသည် လောကီရေးရာများကို နားလည်သဘောပေါက်ကာ၊ လူပုဂ္ဂိုလ်တိုင်းစီ၏ အတွေးများနှင့် ရည်ရွယ်ချက်များကို ထိုးထွင်းသိမြင်နိုင်မည် ဆိုပါက၊ ထိုသို့သော လူတစ်ဦးသည် သာမန်လူသားတစ်ယောက်ဟု ခေါ်ဆိုခြင်းခံခဲ့ရမည် မဟုတ်သည့်အပြင်၊ ထိုသို့သော ဇာတိခန္ဓာမှာလည်း လူသားဇာတိခန္ဓာဟု ခေါ်ဆိုခြင်း ခံခဲ့ရမည် မဟုတ်ပေ။ အကယ်၍ ခရစ်တော်သည် ဤအတိုင်းဖြစ်ခဲ့မည်ဆိုပါက၊ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်နှင့် အနှစ်သာရသည်လည်း ပျောက်ဆုံးသွားမည် ဖြစ်သည်။ သာမန် လူ့သဘာဝအား သူပိုင်ဆိုင် ခဲ့ခြင်းမှာ သူသည် လူ့ဇာတိကို ခံယူထားသော ဘုရားသခင်ဖြစ်ကြောင်းကို သက်သေပြသည်၊ သာမန်လူသားတစ်ဦး၏ ကြီးထွားမှုဖြစ်စဉ်ကို သူခံယူခဲ့သည့် အချက်သည်လည်း သူသည် သာမန်ဇာတိခန္ဓာဖြစ်ကြောင်းကို ဆက်လက် ထင်ရှားစေသည်၊ ထို့အပြင် သူ၏အလုပ်မှာ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ ဝိညာဉ်တော်တို့ လူ့ဇာတိ ခံယူခြင်းဖြစ်ကြောင်းကို ဖော်ပြသည့် လုံလောက်သော သက်သေပင်ဖြစ်သည်။ အလုပ်၏ လိုအပ်ချက်များအရ ဘုရားသခင်သည် လူ့ဇာတိ ခံယူခြင်းဖြစ်သည်၊ တစ်နည်းဆိုရလျှင် အလုပ်၏ ဤအဆင့်မှာ ဇာတိခန္ဓာနှင့် လုပ်ဆောင်ရန် လိုအပ်ပြီး၊ သာမန် လူ့သဘာဝနှင့် လုပ်ဆောင်ရန် လိုအပ်သည်။ ဤအရာသည် ‘လူ့ဇာတိ ခံယူလာသော နှုတ်ကပတ်တော်’ နှင့် ‘လူ့ဇာတိတွင် ပေါ်လာသော နှုတ်ကပတ်တော်’ အတွက် ကြိုတင်လိုအပ်သည့်အချက်ဖြစ်ပြီး၊ ဘုရားသခင်၏ လူ့ဇာတိ ခံယူသည့် အကြိမ်နှစ်ကြိမ်စလုံး၏ နောက်ကွယ်မှ ဖြစ်ရပ်အမှန်ပင် ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ”)

အကယ်၍သာ လူ့ဇာတိခံ ဘုရားသခင်သည် သူ၏မွေးဖွားသည့်အချိန်မှစ၍ သဘာဝလွန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုပြပြီး သူ၏အမှုတော်ကို စိတ်အားထက်သန်စွာနှင့် စတင်ခဲ့မည်ဆိုပါက၊ သူ့တွင် ခန္ဓာဆိုင်ရာ အနှစ်သာရရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူ၏လူ့သဘာဝသည် သူ၏ခန္ဓာဆိုင်ရာ အနှစ်သာရအတွက် တည်ရှိခြင်းဖြစ်သည်၊ လူ့သဘာဝ မရှိဘဲနှင့် လူ့ဇာတိရှိမလာနိုင်၊ လူ့သဘာဝမရှိသော ပုဂ္ဂိုလ်တစ်ယောက်သည်လည်း သက်ရှိလူသား တစ်ဦးမဟုတ်ပေ။ ဤနည်းလမ်းအားဖြင့် ဘုရားသခင်၏ ဇာတိခန္ဓာ၏ လူ့သဘာဝသည် ဘုရားသခင် ခံယူထားသော လူ့ဇာတိ၏ ပင်ကိုဂုဏ်ဒြပ်ဖြစ်သည်။ ‘ဘုရားသခင်သည် လူ့ဇာတိခံယူသောအခါ သူသည် အကြွင်းမဲ့ ဘုရား၏သဘောသဘာဝ ဖြစ်ပြီး၊ လူသားလုံးဝမဟုတ်’ ဟု ပြောမည်ဆိုလျှင် ဘုရားသခင်ကို စော်ကားခြင်းပင်ဖြစ်သည်၊ အကြောင်းမှာ ဤသဘောထားသည် လူ့ဇာတိခံယူခြင်း၏ အခြေခံသဘောတရားကို ချိုးဖောက်သဖြင့် မဖြစ်နိုင်သော ရပ်တည်ချက် ဖြစ်သည်။...

...လူ့ဇာတိခံယူသော ဘုရားသခင်၏ လူ့သဘာဝသည် ဇာတိခန္ဓာထဲရှိ သာမန် ဘုရားသဘောသဘာဝ၏ အလုပ်ကို ထိန်းသိမ်းရန် တည်ရှိသည်။ သူ၏ သာမန် လူသားအတွေးအခေါ်သည် သူ၏သာမန် လူ့သဘာဝနှင့် သူ၏ ခန္ဓာဆိုင်ရာ လုပ်ဆောင်မှုအားလုံးကို ထောက်မသည်။ သူ၏ သာမန် လူသားအတွေးအခေါ်သည် ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏ အလုပ်အားလုံးကို ထောက်မရန် တည်ရှိသည်ဟု ပြော၍ရသည်။ အကယ်၍ ထိုဇာတိခန္ဓာသည် သာမန် လူသားစိတ်ကို မပိုင်ဆိုင်ပါက၊ ဘုရားသခင်လည်း ထိုဇာတိခန္ဓာထဲတွင် လုပ်ဆောင်နိုင်မည် မဟုတ်သကဲ့သို့ ဇာတိခန္ဓာထဲ၌ သူလုပ်ဆောင်ရန် လိုအပ်သည့် အရာကိုလည်း ဘယ်သောအခါမျှ ပြီးမြောက်အောင် လုပ်နိုင်မည် မဟုတ်ပေ။...ထို့ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန် လူသားစိတ်ကို ပိုင်ဆိုင်ရမည်၊ သာမန် လူ့သဘာဝကို ပိုင်ဆိုင်ရမည်၊ အဘယ်ကြောင့်ဆိုသော် သူ၏အလုပ်ကို သူသည် လူ့သဘာဝ၌ သာမန်စိတ်နှင့် ထမ်းဆောင်ရမည် ဖြစ်သောကြောင့်ဖြစ်သည်။ ဤအရာသည် လူ့ဇာတိခံယူသော ဘုရားသခင်အလုပ်၏ အနှစ်သာရဖြစ်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ အနှစ်သာရ စင်စစ်လည်း ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ”)

ဘုရားသခင်၏လူ့ဇာတိခံခြင်းက သာမန်လူ့သဘာဝကိုမယူခဲ့ပါက၊ ဤသည်မှာ ဘုရားသခင်၏လူ့ဇာတိခံခြင်း မဟုတ်ကြောင်း အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်အရ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း မြင်ကြပြီ။ ကိုယ်တော်က အပြင်ပန်းမှာ သာမန်လူတစ်ယောက် အတိုင်းပဲရှိမည်၊ လူ့သဘာဝထက် သာလွန်သည့်အရာမျိုး ရှိမှာမဟုတ်။ ထို့ကြောင့် ကျွန်တော်တို့အယူအဆများ၊ စိတ်ကူးများနှင့် ခရစ်တော်ကို တိုင်းတာမည်ဆိုပါက၊ ကျွန်တော်တို့အနေနှင့် ခရစ်တော်ကို မည်သည့်အခါမျှ အသိအမှတ်ပြုနိုင်မည်မဟုတ်ပါ၊ လက်ခံနိုင်မည်မဟုတ်ပ။ သူ့ကို ဘုရားသခင် စေလွှတ်သည့် တမန်တော်တစ်ယောက်အဖြစ်၊ ဘုရားသခင် အသုံးပြုထားသူ တစ်ယောက်အဖြစ်သာ အများဆုံး အသိအမှတ်ပြုကြလိမ့်မည်။ ကျွန်တော်တို့က ခရစ်တော်ကို အမှန်တကယ် သိနားလည်ချင်သည်ဆိုပါက၊ ကိုယ်တော့်၏ မိန့်ဆိုချက်များနှင့် အမှုတော်ကို လေ့လာရမည်။ ကိုယ်တော့် မိန့်ဆိုချက်များက ဘုရားသခင်ကိုယ်တော်တိုင်၏အသံတော် ဟုတ်မဟုတ်ကို သိရအောင်၊ ကိုယ်တော့် မိန့်ဆိုချက်များက ဘုရားသခင်၏ စိတ်သဘောထားဟုတ်မဟုတ်၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့၏ သရုပ်သကန်များ ဟုတ်မဟုတ်တို့ကို သိရအောင်၊ ပြီးလျှင် ကိုယ်တော် ဖော်ထုတ်ပြသည့် အမှုတော်နှင့် သမ္မာတရားက လူများကို ကယ်တင်နိုင်ခြင်း ရှိမရှိတို့ကို သိရရန် ဖြစ်သည်။ ထိုအချိန်ကျမှသာ ကျွန်တော်တို့က ခရစ်တော်ကို သိနိုင်မည်၊ လက်ခံနိုင်မည်၊ နာခံနိုင်ပါမည်။ ကျွန်တော်တို့က ခရစ်တော်၏မိန့်ဆိုချက်တွေ၊ အမှုတော်တွေကို ကြားရမြင်ရသော်ငြားလည်း သမ္မာတရားကို မရှာဖွေပါ၊ ဘုရားသခင်၏အမှုတော်ကို မလေ့လာပါ ဆိုပါက၊ ကျွန်တော်တို့အနေနှင့် ခရစ်တော်ကို သိနားလည် ဦးမည်မဟုတ်ပါ။ ကျွန်တော်တို့က ခရစ်တော်နှင့်အတူ မိုးလင်းကနေ မိုးချုပ် အတူရှိခွင့်ရသည်ဆိုလျှင်ပင်၊ ကျွန်တော်တို့က ကိုယ်တော့်ကို သာမန်လူ အဖြစ်နှင့်သာဆက်ဆံနေမိကြလိမ့်မည်။ ထိုကဲ့သို့နှင့် ခရစ်တော်ကို ဆန့်ကျင်ရှုတ်ချရာ ရောက်သွားလိမ့်မည်။ အမှန်မှာမူ ခရစ်တော်ကို အသိအမှတ်ပြု၊ လက်ခံဖို့ဆိုပါက ကျွန်တော်တို့လုပ်ဖို့လိုသည်မှာ ဘုရားသခင်၏အသံတော်ကို လက်ခံပြီး၊ ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်သည့် ကိုယ်တော်ကိုလည်း အသိအမှတ်ပြုဖို့သာဖြစ်ပါသည်။ “သို့သော် ခရစ်တော်၏ ဘုရားသဘောသဘာဝ၊ ဂုဏ်ဒြပ်ကို သိဖို့” ထိုကမှ ခရစ်တော်ကို စစ်မှန်စွာနာခံတတ်လာဖို့နှင့် လက်တွေ့ကျသော ဘုရားသခင်ကို ချစ်မြတ်နိုးတတ်ဖို့ဆိုပါက၊ ကျွန်တော်တို့က ခရစ်တော်၏မိန့်ဆိုချက်များနှင့် အမှုတော်များထဲတွင် သမ္မာတရားကို ရအောင်ရှာဖွေရမည်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း တို့ကို သိရမည်၊ ဘုရားသခင်၏ သန့်ရှင်းသောဂုဏ်ဒြပ်၊ အနန္တတန်ခိုးတော်နှင့် ပညာဉာဏ်များကို မြင်ရမည်၊ ဘုရားသခင်က ချစ်မြတ်နိုး စရာကောင်းသည်ကို မြင်ရမည်၊ ကိုယ်တော်၏လေးနက်သည့် စေတနာများကို တန်ဖိုးထား တတ်ရမည်၊ ထိုကဲ့သို့လုပ်နိုင်မှသာ ခရစ်တော်အပေါ် အစစ်အမှန်နာခံ တတ်လာမည်၊ လက်တွေ့ကျသောဘုရားသခင်ကို ရင်ထဲမှနေ ကိုးကွယ်တတ်လာမည်။

သခင်ယေရှု ဟောကြားခဲ့သည့် လမ်းစဉ်၊ ဟောကြားခဲ့သည့် နှုတ်ကပတ်တော်များ၊ သူ ဖော်ပြခဲ့သည့် ကောင်းကင်နိုင်ငံတော်၏ နက်နဲမှုများ၊ ပြီးလျှင် လူများအပေါ် သူ တောင်းဆိုခဲ့သည့်အရာများ က အလုံးစုံသော သမ္မာတရားဖြစ်ကြောင်း၊ ဘုရားသခင်ကိုယ်တော်တိုင်၏ အသံတော်ဖြစ်ကြောင်း တို့ကို ကျွန်တော်တို့ ယုံကြည်သူအားလုံး သိကြပါသည်။ ၎င်းတို့မှာ ဘုရားသခင်၏စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့၏ သရုပ်သကန်တွေ ဖြစ်ခဲ့မှန်းလည်း သိကြပါသည်။ နာမကျန်းသူတွေကို ပျောက်ကင်းစေခြင်းများ၊ မကောင်းဆိုးဝါးများကို မောင်းထုတ်ခြင်းများ၊ လေနှင့်လှိုင်းကို နာခံစေခြင်းများ၊ လူငါးထောင်ကို ပေါင်မုန့်ငါးလုံး ငါးနှစ်ကောင်နှင့် လောက်အောင် ကျွေးပြခြင်းများ၊ သေသူကို ပြန်ရှင်စေခြင်းများ စသည့် ကိုယ်တော် ပြခဲ့သည့်တန်ခိုးပြာဋိဟာများက ဘုရားသခင်ကိုယ်တော်တိုင်၏ အခွင့်တန်ခိုးအာဏာကြောင့် ဖြစ်ခဲ့ခြင်းများသာ ဖြစ်ပါသည်၊ မည်သည့် ဖန်ဆင်းခံလူ တစ်ယောက်ကမှ မပိုင်ဆိုင်သည့် သို့မဟုတ် မတတ်နိုင်သည့် အရာများသာ ဖြစ်ပါသည်။ ထိုအချိန်ကာလတွင် သမ္မာတရားကို ရှာဖွေခဲ့ကြသည့် ရှင်ပေတရု၊ ရှင်ယောဟန်၊ ရှင်မဿဲနှင့် ရှင်နာသနေလတို့ကဲ့သို့ လူတွေက သခင်ယေရှုကို သူ့၏မိန့်ဆိုချက်များ၊ အမှုတော်များကတစ်ဆင့် ကတိတော်ရှိထားသည့် မေရှိယမှန်း နားလည်ခဲ့ကြသည်။ ထို့ကြောင့် ကိုယ်တော်ကို ဆည်းကပ်ပြီး၊ ကယ်တင်ခြင်းကို ခံယူခဲ့ကြသည်။ ဂျူးလူမျိုး ဖာရိရှဲများကျတော့ သခင်ယေရှု၏တရားတော်များ၊ တန်ခိုးပြာဋိဟာများကို ကြားရမြင်ရ သည့်တိုင် ဘုန်းတန်ခိုးဩဇာမရှိသည့် သာမန်လူတစ်ယောက်အဖြစ်နှင့်ပဲ ဆက်ပြီးမြင်ခဲ့ကြသည်။ ထို့ကြောင့် နည်းနည်းမှအကြောက်အရွံ့မရှိဘဲ၊ ကိုယ်တော့်ကို မျက်နှာပြောင်တိုက်ပြီး ဆန့်ကျင်ရှုတ်ချခဲ့ကြခြင်းဖြစ်သည်။ နောက်ဆုံးတော့ သခင်ယေရှုကို ကားစင်တွင် သံမှိုရိုက်ပြီးတင်သည့်အထိ အကြီးဆုံးသောအပြစ်များကို ကျူးလွန်မိကြသည်။ ဖာရိရှဲများ ပေးခဲ့သည့် သင်ခန်းစာက လေးလေးနက်နက် ဆင်ခြင်ဖို့ ကောင်းပါသည်။ ဤသည်မှာ သူတို့၏သမ္မာတရားကိုမုန်းတီးမှု၊ ဘုရားသခင်ကို မုန်းတီးရန်ဘက်ပြု တတ်သည့် သဘာဝကို ပြပါသည်။ ဖောက်ပြန်ပျက်စီးနေသည့်လူသားများ၏ မိုက်မဲမှု၊ မသိနားမလည်မှုများကိုလည်း ပြပါသည်။ လက်ရှိအချိန်တွင်လည်း လူ့ဇာတိခံယူသည့် အနန္တတန်ခိုးရှင်ဘုရားသခင်က သခင်ယေရှုတုန်းက ကဲ့သို့ပင် အမှုတော်များကို သာမန်လူ့သဘာဝအတွင်းကနေ ကိုယ်တော်တိုင် ဆောင်ရွက်ပါသည်။ အကျင့်ပျက်နေသည့်လူများကို ကယ်တင်ဖို့အတွက် လိုအပ်သည့် အလုံးစုံသောသမ္မာတရားများကို အနန္တတန်ခိုးရှင်ဘုရားသခင်က ဟောကြားပါသည်။ ပြီးလျှင် နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းအမှုကို ဘုရားသခင်၏အိမ်တော်ကနေ စတင်လုပ်ဆောင် ပါသည်။ ကိုယ်တော်က အကျင့်ပျက်လူများ၏ဆိုးယုတ်သည့်သဘာဝနှင့် အဖြစ်မှန်ကို ဖော်ထုတ်ပြပြီး တရားစီရင်ရုံသာမကပါ၊ လူများကိုကယ်တင်ဖို့အတွက် ဘုရားသခင် ရည်ရွယ်ထားသည့် အနှစ်ခြောက်ထောင်အစီအမံ၏ နက်နဲမှုများအားလုံး ကိုလည်း ထုတ်ဖော်လိုက်ပါပြီ၊ လူများအနေနှင့် အပြစ်များကနေ လွတ်မြောက်နိုင်ဖို့၊ ဘုရားသခင်၏ သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းကို ရနိုင်ဖို့ လမ်းကြောင်းကိုလည်း ရှင်းပြလိုက်ပါပြီ။ ဘုရားသခင်၏ ဖြောင့်မတ်သည့် ပင်ကိုယ်စိတ်သဘောထား၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းအပြင် ဘုရားသခင်၏အတုမရှိသည့် တန်ခိုးအာနုဘော်ကို လည်း ထုတ်ဖော်ပြ လိုက်ပါပြီ။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အမှုတော်က ဘုရားသခင်ကိုယ်တော်တိုင်၏ အလုံးစုံသော ကိုယ်ထင်ပြခြင်းဖြစ်ပါသည်။ ဤနေ့ခေတ်ကာလတွင်လည်း အနန္တတန်ခိုးရှင်ဘုရားကို ကိုးကွယ်သူအားလုံးက အနန္တတန်ခိုးရှင်ဘုရားသခင်၏နှုတ်ကပတ်တော်၊ အမှုတော်များထဲကနေ ဘုရားသခင်၏အသံတော်ကို ကြားရပြီးပါပြီ။ ဘုရားသခင်နှုတ်ကပတ်တော်၏သရုပ်သကန်ကို လူ့ဇာတိခံယူခြင်းတွင် မြင်လိုက်ကြရသကဲ့သို့၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏ ပလ္လင်တော် ရှေ့တော်မှောက်ကိုလည်း ရောက်နေကြပါပြီ။ ဘုရားသခင်၏ သန့်စင်စေခြင်းနှင့် စုံလင်စေခြင်းတို့ကိုလည်း ရနေကြပါပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ငြင်းပယ်ပြီး၊ ဆန့်ကျင်ရှုတ်ချနေဆဲဖြစ်သည့် ဘာသာရေး လောကထဲက လူများကတော့ ဂျူးဖာရိရှဲများ၏ အမှားအတိုင်း လုပ်မိနေကြပါပြီ။ နောက်ဆုံးသောကာလခရစ်တော်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို သာမန်လူတစ်ယောက်အဖြစ် မြင်နေကြခြင်းဖြစ်သည်၊ အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ထုတ်ပြသည့် အလုံးစုံသော သမ္မာတရားများကိုလည်း နည်းနည်းလေးမှ ကြိုးစားရှာဖွေ လေ့လာခြင်း မရှိပါ။ ထို့ကြောင့် သူတို့များက ဘုရားသခင်ကို နောက်တစ်ကြိမ် ကားစင်တင်နေသည့်သဘောဖြစ်ပါသည်၊ ဘုရားသခင်၏စိတ်သဘောထားကို ဒေါသဖြစ်စေသည့်သဘောဖြစ်ပါသည်။ လူတစ်ယောက်က သူ့အယူအဆများ၊ စိတ်ကူးများကို ကိုင်ဆွဲရင်း၊ ခရစ်တော် ဖော်ထုတ်ပြသည့် သမ္မာတရားများကို ရှာဖွေမလေ့လာ ပါက၊ ခရစ်တော် ဖော်ထုတ်ပြသည့် ဘုရားသခင်၏ အသံတော်ကို လက်ခံနိုင်စွမ်းရှိမည်မဟုတ်ပါ၊ ခရစ်တော်၏အမှုတော်ကို လက်ခံနာခံနိုင်မည် မဟုတ်ပါ။ နောက်ဆုံးသောကာလမှာလည်း ဘုရားသခင်၏ ကယ်တင်ခြင်းကို လုံးဝ လက်ခံရရှိမည် မဟုတ်ပါ။ လူတစ်ယောက်က လူ့ဇာတိခံခြင်း၏အကြောင်းရင်းမှန်ကို နားမလည် ဆိုပါက၊ ဘုရားသခင်၏အမှုတော်ကို လက်ခံနာခံနိုင်စွမ်း ရှိမည်မဟုတ်။ သူက ခရစ်တော်ကို ရှုတ်ချပြီး ဘုရားသခင်ကို ဆန့်ကျင်လာလိမ့်မည်၊ ဘုရားသခင်၏ အပြစ်ပေးခြင်း နှင့် ကျိန်ခြင်းအမင်္ဂလာ များကိုလည်း ရလာနိုင်သည်။ ထို့ကြောင့် ကျွန်တော်တို့ယုံကြည်ခြင်းက ဘုရားသခင်၏ကယ်တင်ခြင်းကို ခံရဖို့ဆိုပါက၊ ကျွန်တော်တို့အနေနှင့် သမ္မာတရားကိုရှာဖွေပြီး၊ လူ့ဇာတိခံခြင်း၏နက်နဲမှုကို နားလည်ဖို့က အရေးကြီးဆုံးဖြစ်ပါသည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

ယခင်က:မေးခွန်း ၄- ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများက သခင်ယေရှု လူ့ဇာတိ၌ ပြန်ကြွလာသည့်အကြောင်း မည်သည့် သက်သေခံချက်မဆို မှားယွင်းသည်ဟု ယုံကြည်သူများကို မကြာခဏ ဟောပြောကြ၏။ ဤအရာကို သမ္မာကျမ်းချက်များပေါ် ၎င်းတို့ အခြေခံကြလေသည်- “ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်းမယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏ အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူ တို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ပြကြလိမ့်မည်။ ထိုအကြောင်းအရာ တို့ကို ငါပြောနှင့်ပြီ။” (မ ၂၄:၂၃-၂၄) ယခု စစ်မှန်သော ခရစ်တော်ကို အယောင်ဆောင်သောသူများမှ မည်သို့ ခွဲခြားသိမြင်သင့်သည်ကို ကျွန်ုပ်တို့ မသိပါ။ ဤမေးခွန်းကို သင် ရှင်းပြ ပေးနိုင်မလား။

နောက်တစ်ခုသို့:မေးခွန်း ၆- သခင်ယေရှုသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ဖြစ်သည်ကို ကျွန်ုပ်တို့အားလုံး သိကြပါသည်။ သူ၏ အမှုတော်ကို ပြည့်စုံစေလျက်၊ သူသည် ကားစင်တင်ခံခဲ့ရပြီးနောက်၊ သူ၏ တပည့်တော်များအားလုံးရှေ့ ပေါ်ထွန်းလျက် ရှင်ပြန်ထမြောက်ခဲ့ပြီး၊ သူ၏ ဘုန်းသရေရှိသော ဝိညာဉ်ခန္ဓာဖြင့် ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သမ္မာကျမ်းစာက၊ “အို ဂါလိလဲလူတို့၊ အဘယ်ကြောင့် ကောင်းကင်သို့ ကြည့်မျှော်လျက် နေကြသနည်း။ သင်တို့နှင့်ခွာ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌၊ ကောင်းကင်သို့ ကြွသွားတော်မူသည်နည်းတူ တစ်ဖန်ကြွလာတော်မူလတ္တံ့။” (တမန်တော်ဝတ္တု ၁:၁၁) ဟု ဆိုသကဲ့သို့ပင် ဖြစ်သည်။ ထို့ကြောင့်၊ သခင် တစ်ဖန်ပြန်ကြွလာသည့်အခါ၊ ယင်းမှာ လူသားထံ ပေါ်ထွန်းသော သူ၏ ရှင်ပြန်ထမြောက်သည့် ဝိညာဉ်ခန္ဓာဖြစ်လိမ့်မည်ဟု သမ္မာကျမ်းစာက အတည်ပြုပါသည်။ နောက်ဆုံးသောကာလတွင်၊ ဘုရားသခင်သည် တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့ရန် အဘယ်ကြောင့် လူသား၏ အသွေးအသားပုံသဏ္ဍာန်ဖြင့် လူ့ဇာတိခံယူခဲ့ပါသနည်း။ သခင်ယေရှု၏ ရှင်ပြန်ထမြောက်သော ဝိညာဉ်ခန္ဓာနှင့် လူသားအဖြစ် သူ၏ လူ့ဇာတိခံယူခြင်းတို့ကြား ကွဲပြားခြားနားချက်မှာ အဘယ်နည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ