အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၇။ လှည့်ဖြားတတ်သော လူတစ်ဦးဆိုသည်မှာ အဘယ်နည်း။ လှည့်ဖြားတတ်သော လူတို့သည် အဘယ်ကြောင့် ကယ်တင်ခြင်းကို မရရှိနိုင်ကြပါသနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သင်တို့သည် အလွန် လိမ်လည်လှည့်ဖျားတတ်လျှင် ကိစ္စတိုင်းကိုသာမက လူတိုင်းကို သံသယဝင်နေမည်ဖြစ်၍ အမြဲသတိထား နေတတ်သည့် နှလုံးသားကို ပိုင်ဆိုင်သူ ဖြစ်နေလိမ့်မည်။ ထိုအကြောင်းကြောင့် ငါ့အပေါ်၌ ထားသော သင်တို့၏ ယုံကြည်ခြင်းသည်လည်း သံသယအုတ်မြစ်အပေါ်၌ တည်ထားသည့် ယုံကြည်ခြင်း ဖြစ်နေလိမ့်မည်။ ထိုသို့သော ယုံကြည်ခြင်းမျိုးသည် ငါမည်သည့်အခါမျှ အသိအမှတ် ပြုမည် မဟုတ်သော ယုံကြည်ခြင်းမျိုး ဖြစ်သည်။ စစ်မှန်သော ယုံကြည်ခြင်း မရှိသောသင်သည် စစ်မှန်သော ချစ်ခြင်းမေတ္တာနှင့် သာ၍ပင် ဝေးကွာမည် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို သံသယဝင်နိုင်သည့် အပြင် သင်ဆန္ဒရှိသည့်အတိုင်း သူ့အကြောင်းကို ထင်ကြေးပေး နိုင်လျှင်၊ သင်တို့သည် လူတို့ထဲတွင် အလိမ်လည်အလှည့်ဖျား တတ်ဆုံးသူ ဖြစ်သည်ဟူသည့် အချက်မှာ သံသယဖြစ်စရာ မလိုပေ။ ခွင့်မလွှတ် နိုင်သော အပြစ်များဖြင့် ပြည့်နေသော၊ တရားမျှတမှုနှင့် ဆင်ခြင်တုံတရား ကင်းမဲ့သော၊ တရားမျှတမှု ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်းကို မသိသော၊ ရက်စက်သော၊ ပရိယာယ်များသော၊ ဖောက်ပြန်တတ်သော၊ ကောက်ကျစ်သော၊ မကောင်းမှု၌သာမက အမှောင်၌ ပျော်မွေ့တတ်သော စသည့် စရိုက်လက္ခဏာများ ရှိသူလူသားအား ဘုရားသခင်နှင့်တူမတူ ကို သင်စဉ်းစားသည်။ ဘုရားသခင်သည် မည်သို့ဟူသည်ကို လူသားသည် နည်းနည်းလေးမျှ မသိသောကြောင့် ထိုသို့သောအတွေးများရှိခြင်း ဖြစ်သည် မဟုတ်လော။ ထိုသို့သော ယုံကြည်ခြင်းသည် အပြစ်နီးပါးဖြစ်သည်။ ထို့အပြင် ငါနှစ်သက်သော သူများသည် ဖားတတ်သောသူများ၊ ကိုယ်ကျိုးအတွက် မျက်နှာရအောင် လုပ်တတ်သောသူများ ဖြစ်ပြီး ထိုသို့ မလုပ်တတ်သူများကို ငါက ကြိုဆိုမည်မဟုတ်၊ သူတို့သည် ဘုရားသခင်၏ အိမ်တော်ရှိ သူတို့၏ နေရာကို ဆုံးရှုံးလိမ့်မည်ဟု ယုံကြည်ကြသူအချို့ပင် ရှိကြသည်။ ဤနှစ်များအတွင်း သင်တို့ သင်ယူ ခဲ့သောအရာအားလုံးသည် ဤအရာများ ဖြစ်သလော။ သင်တို့ ရရှိခဲ့သောအရာများသည် ဤအရာများ ဖြစ်သလော။ သင်တို့ သိထားသည့် ငါနှင့်ပတ်သက်သော အကြောင်းအရာများသည် ထိုသို့သော အမြင်မှားများ သာမကပေ။ သာ၍ဆိုးသည်မှာ သင်တို့၏ ဘုရားသခင်၏ ဝိညာဉ်ကို စော်ကားခြင်းနှင့် ကောင်းကင်ဘုံကိုလည်း အသရေညစ်နွမ်းအောင် ပြောဆိုခြင်းဖြစ်သည်။ ထို့ကြောင့် သင်တို့၌ ရှိသည့် ယုံကြည်ခြင်းမျိုးသည် ငါနှင့် ဝေးရာသို့ သင်တို့ကို ရောက်စေမည့် ယုံကြည်ခြင်းမျိုး ဖြစ်၍ ငါ့ကို ပိုပြီး ဆန့်ကျင်သူများ ဖြစ်စေမည့် ယုံကြည်ခြင်းမျိုး ဖြစ်သည်ဟု ငါပြောခြင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကမ္ဘာမြေကြီးရှိဘုရားသခင်ကို သိရှိနိုင်ပုံ” မှ

ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို မလိုက်စားသောသူ အားလုံးတို့သည် စာတန်၏စွမ်းအားမှ လွတ်မြောက်ခြင်းငှာ နည်းလမ်းမရှိပေ။ မိမိတို့၏ ဘဝကို ရိုးသားစွာ အသက်ရှင်သန်ခြင်းမရှိသူ၊ အခြားသူများ၏ နောက်တွင်တစ်မျိုး ပြုမူသော်လည်း ထိုသူများ၏ရှေ့တွင် တစ်မျိုးတစ်ဖုံပြုမူသူ၊ အနှစ်သာရအားဖြင့် စဉ်းလဲကာ ကောက်ကျစ်ပြီး ဘုရားသခင်ကို သစ္စာမရှိသော်လည်း နှိမ့်ချ၍ သည်းခံပြီး ချစ်ခြင်းမေတ္တာ၏ ပုံရိပ်သဏ္ဌာန်ကို ပြသသော ထိုသူအားလုံးတို့သည် အမှောင်လွှမ်းမိုးမှုအောက်တွင် နေထိုင်သူများ၏ပုံစံကို ကိုယ်စားပြုသူများ ဖြစ်ကြသည်။ ထိုသူတို့သည် မြွေနှင့် အဆင်းသဏ္ဌာန် တူကြ၏။ သူတို့ကိုယ်ပိုင် အကျိုးရလဒ်အတွက်သာ ဘုရားသခင်၌ ယုံကြည်သူ၊ မိမိကိုယ်ကို ဖြောင့်မတ်သည်ဟု ယူဆပြီး မောက်မာသူ၊ ကိုယ့်ကိုယ်ကိုယ် ဟိတ်ဟန်ထုတ်ပြသူများနှင့် သူတို့၏ အနေအထားကိုသာ ကာကွယ်သူများသည် စာတန်ကို ချစ်သူနှင့် သမ္မာတရားကို ဆန့်ကျင်သူများ ဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး စာတန်နှင့် လုံးဝ သက်ဆိုင်ကြသည်။ ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးတို့ကို အာရုံမစိုက်သောသူများ၊ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ အစေမခံသူများ၊ သူတို့၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် သူတို့မိသားစု အကျိုးစီးပွားများကိုသာ အစဉ်အမြဲ စိုးရိမ်သူများ၊ မိမိတို့ကိုယ်ကို ဘုရားသခင်အတွက် အသုံးခံရန် အရာအားလုံး စွန့်လွှတ်နိုင်စွမ်း မရှိသူများနှင့် သူ၏နှုတ်ကပတ်တော်နှင့် မည်သည့်အခါမျှ မနေထိုင်သူများတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် ပြင်ပတွင် နေထိုင်နေသူများဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ချီးမြှောက်ခြင်းကို မခံရနိုင်ကြ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှောင်လွှမ်းမိုးမှုမှ ရုန်းထွက်ပါ၊ သို့ပြုလျှင် သင်သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်း ခံရလိမ့်မည်” မှ

နောက်ပိုင်း၌ ရှေ့တွင်ရှိသော လမ်းခရီးတွင် သင်သည် လှည့်ဖြားမှုကို မဖန်တီးရ သို့မဟုတ် လှည့်စားခြင်းနှင့် မရိုးဖြောင့်ခြင်းတို့၌ စိတ်ဝင်စားခြင်းမရှိဘဲ နေရမည်၊ ထိုကဲ့သို့မဟုတ်လျှင်၊ နောက်ဆက်တွဲ အကျိုးများသည် မစဉ်းစားတတ်အောင်ပင် ဖြစ်လိမ့်မည်။ လှည့်စားခြင်းနှင့် မရိုးဖြောင့်ခြင်း ဆိုသည့်အရာများကို သင်တို့သည် နားမလည်ကြသေးပေ။ ငါမြင်နိုင်ရန် အခွင့်မပေးသော မည်သည့်လုပ်ရပ်၊ အပြုအမူမဆို၊ အသိမခံနိုင်သော အရာမှန်သမျှသည်၊ လှည့်စားခြင်းနှင့် မရိုးဖြောင့်ခြင်းများ ဖြစ်ကြသည်။ ယခုတွင် ဤအရာကို သင်နားလည်သဘောပေါက်သင့်ပြီ ဖြစ်သည်။ အကယ်၍ လှည့်စားခြင်းနှင် မရိုးဖြောင့်ခြင်းများကို အနာဂတ်တွင် သင်ကြုံတွေ့ရသည့်အခါ၊ နားမလည်သဘောမပေါက်ဟု ဟန်မဆောင်နှင့်၊ ဤအရာသည် ပို၍ပင် အပြစ်ရှိစေနိုင်သော၊ သိလျက်နှင့် မှားယွင်းမှုကို ကျူးလွန်ခြင်းဖြစ်သည်။ ဤအရာသည် သင့်အား မီး၌လောင်မြိုက်စေရန် သို့မဟုတ် ပို၍ဆိုးဝါးသော သင့်ကိုယ်သင် ဖျက်စီးစေဖို့ရန်အတွက်သာ ဦးတည်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၄၅” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

အချို့လူများက မိမိတို့အဘယ်အရာပင် ပြုသည်ဖြစ်စေ အသင်းတော်ဘက်မှ အမြဲတမ်း ရပ်တည်ကြသည်။ စင်စစ်အားဖြင့် ဤသည်မှာ သူတို့၏ ကိုယ်ကျိုးအတွက်ဖြစ်သည်။ ထိုသို့သောလူမျိုး၌ မှန်ကန်သည့် စေ့ဆော်မှု မရှိချေ။ ထိုသူသည် ကလိမ်ကကျစ်ကျ၍ လှည့်စားတတ်ကာ သူလုပ်သောအရာအများစုသည် သူ့ကိုယ်ပိုင်အကျိုးအမြတ်ကိုရှာဖွေဖို့ လုပ်ခြင်းဖြစ်သည်။ ဤသို့သောလူမျိုးသည် ဘုရားသခင်ကို ချစ်ခြင်းအား မလိုက်စားချေ။ သူ၏နှလုံးသားသည် စာတန်နှင့် သက်ဆိုင်နေဆဲဖြစ်ပြီး ဘုရားသခင်ထံ မလှည့်နိုင်ချေ။ ဘုရာသခင်၌ ဤကဲ့သို့သော လူမျိုးကို ရရှိရန် နည်းလမ်းမရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်းသည် အလိုအလျောက် ဖြစ်သည်” မှ

ဘုရားသခင်က ရိုးသားသူကိုနှစ်သက်မှန်း သင်တို့သိထားသင့်သည်။ ဘုရားသခင်၌ သစ္စာရှိခြင်း၏ အနှစ်သာရရှိသဖြင့် သူ၏နှုတ်ကပတ်တော်ကို အမြဲယုံကြည်စိတ်ချနိုင်သည်။ ထို့အပြင် သူ၏လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယရှိရန်မလိုပေ။ ထို့ကြောင့် သူ့အပေါ် ပကတိရိုးသားဖြောင့်မတ်သူများကို ဘုရားသခင်က နှစ်သက်ခြင်းဖြစ်သည်။...သင့်အထဲ၌ စစ်မှန်သော ယုံကြည်ခြင်းနှင့် စစ်မှန်သော သစ္စာစောင့်သိမှု ရှိမရှိ၊ သင့်ထံ၌ ဘုရားသခင်အတွက် အနစ်နာခံမှု မှတ်တမ်းတစ်ခု ရှိမရှိနှင့် ဘုရားသခင်ထံ၌ သင် အပြည့်အဝ နာခံပြီးခြင်းရှိမရှိ စသည်တို့ကို သင်သိသင့်သည်။ ထိုအချက်များနှင့် သင်ကင်းမဲ့လျှင် သင့်အတွင်း၌ မနာခံမှု၊ လှည့်ဖြားမှု၊ လောဘနှင့် မကျေနပ်မှုများသာ ကျန်ရစ်လိမ့်မည်။ သင်၏နှလုံးသားသည် ရိုးသားမှုနှင့်အလှမ်းကွာဝေးသကဲ့သို့ သင်သည် ဘုရားသခင်ထံမှ ကောင်းသော အသိအမှတ်ပြုမှုကိုလည်း မည်သည့်အခါမျှ မရရှိဘဲ အလင်းထဲတွင် မည်သည့်အခါမျှ မနေခဲ့ရဖူးပေ။ လူတစ်ယောက်၏ကံကြမ္မာသည် အဆုံး၌ မည်သို့ဖြစ်မည်ဆိုသည်မှာ သူ့ထံ၌ ရိုးသားမှုနှင့် သွေးသို့နီသော နှလုံးသားရှိမရှိအပေါ်နှင့် သူ့ထံ၌ စင်ကြယ်သော စိတ်နှလုံးရှိမရှိတို့အပေါ်တွင် မူတည်သည်။ အကယ်၍ သင်သည် အလွန်မရိုးဖြောင့်သောသူတစ်ဦး၊ မလိုတမာစိတ်ရှိသူတစ်ဦး၊ မစင်ကြယ်သော စိတ်ဝိညာဉ်ရှိသူတစ်ဦးဖြစ်နေပါက သင်၏ ကံကြမ္မာမှတ်တမ်းတွင် ရေးသားသကဲ့သို့ လူ အပြစ်ပေးခံရသည့်နေရာတွင် သင် အဆုံးသတ်မည်မှာ သေချာ၏။ အကယ်၍ သင်သည် အလွန်တရာ ရိုးသားသည်ဟုဆိုသော်လည်း သမ္မာတရားနှင့် ညီညွတ်စွာ ပြုမူခြင်း၊ အမှန်တရားနှင့်ဆိုင်သော စကားတစ်ခွန်းကိုမျှ ပြောဆိုခြင်းတို့ကို မည်သည့်အခါမျှ မပြုဖူးပါက သင်သည် ဘုရားသခင်ကို သင့်အား ဆုချပေးစေရန် စောင့်မျှော်နေဆဲလော။ ဘုရားသခင်က သင့်ကို သူ၏ရင်နှစ်သည်းချာအဖြစ် သတ်မှတ်ရန် စောင့်မျှော်နေသေးသလော။ ယင်းသည် ရယ်ဖွယ်ကောင်းသော တွေးနည်းမဟုတ်လော။ သင်သည် အရာရာ၌ ဘုရားသခင်ကို လှည့်စားသည်၊ ထို့ကြောင့် သင်ကဲ့သို့သော ခြေလက်မသန့်သူတစ်ယောက်ကို ဘုရားသခင်၏အိမ်တော်၌ မည်ကဲ့သို့ နေရာပေးနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သတိပေးချက် သုံးချက်” မှ

“အကယ်၍ သင်သည် လျှို့ဝှက်ချက်များ ရှိလွန်းသဖြင့် မျှဝေရန် တွန့်ဆုတ်နေပြီး အလင်းအတွက်လမ်းကြောင်းကို ရှာဖွေဖော်ထုတ်ရန် သင်၏ လျှို့ဝှက်ချက်များ—တနည်းအားဖြင့် ဆိုသော် သင့်အခက်အခဲများ—ကို အခြားသူများရှေ့တွင် ဖော်ပြရန် လိုလိုလားလားမရှိပါက၊ သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။” ဤနေရာတွင် ဘုရားသခင်သည် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို လူသားတို့အား ပေးပြီးဖြစ်ပြီး၊ သင်သည် ဤနည်းလမ်းဖြင့် လက်တွေ့မလုပ်ဆောင်ဘဲ၊ ဆောင်ပုဒ်များနှင့် အယူဝါဒများကို ဟစ်အော်ရုံမျှ ဟစ်အော်လျှင်၊ သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ ရရှိလိမ့်မည်မဟုတ်သည့် သူတစ်ဦး ဖြစ်သည်။ ဤအရာသည် အမှန်ပင် ကယ်တင်ခြင်းနှင့် ဆက်စပ်နေ၏။ ကယ်တင်ခြင်းခံရခြင်းမှာ အယောက်တိုင်းစီအတွက် အလွန်အရေးကြီးသည်။ ဘုရားသခင်သည် ဤအရာကို အခြားနေရာတစ်ခုတွင် ရည်ညွှန်းခဲ့ပြီးပြီလော။ အခြားနေရောတွင် သူသည် ကယ်တင်ခြင်းခံရရန် အခက်အခဲကို ရည်ညွှန်းခဲသည်၊ သို့သော်လည်း ရိုးသားခြင်းအကြောင်း ပြောသောအခါ ၎င်းကို ်ပြော၏- အကယ်၍ သင် ဤနည်းဖြင့် ပြုမူခြင်းမရှိပါက သင်သည် ကယ်တင်ရန် အလွန်ခက်ခဲသောသူတစ်ဦး ဖြစ်၏။ “ကယ်တင်ခြင်းကို အလွယ်တကူ မရခြင်း” ဆိုသည်မှာ ကယ်တင်ခြင်းခံရရန် သင့်အတွက် ခက်ခဲပြီး သင်သည် ကယ်တင်ခြင်းလမ်းမှန်ပေါ်၌ လျှောက်လှမ်းနိုင်စွမ်း မရှိသောကြောင့် သင့်ကို ကယ်တင်ရန် မဖြစ်နိုင်ခြင်းကို ဆိုလိုခြင်းဖြစ်၏။ ဤအရာကို ဘုရားသခင် ပြောခြင်းမှာ လူတို့ကို အနည်းငယ် ပြောင်းသာပြင်သာ အခွင့်ပေးရန် ဖြစ်သည်၊ တစ်နည်းအားဖြင့်ဆိုသော် သင်သည် ကယ်တင်ရန် မလွယ်ကူပေ၊ သို့သော်လည်း အခြားတစ်ဖက်တွင်၊ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်သုံးပါက သင့်အတွက် မျှော်လင့်ချက်ရှိမည်ဖြစ်၍ သင့်ကို ကယ်တင်နိုင်မည်ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်သုံးခြင်း မရှိဘဲ၊ သင်၏လျှို့ဝှက်ချက်များ သို့မဟုတ် အခက်အခဲများကို မည်သည့်အခါမျှ လေ့လာဆန်းစစ်ခြင်း မရှိပါက၊ သို့မဟုတ် ဤအတွင်းရေးအရာများကို မည်သူ့ကိုမျှ မည်သည့်အခါမျှ မပြောပါက သို့မဟုတ် ၎င်းတို့အကြောင်း လူတို့ကို ဖွင့်ပြခြင်းမရှိပါက၊ ၎င်းတို့အကြောင်း လူတို့နှင့် မည်သည့်အခါမျှ ဆွေးနွေးခြင်းမရှိပါက၊ သို့မဟုတ် သင့်ကိုယ်သင် ဖွင့်ဟပြရန်အတွက် လူတို့နှင့် လေ့လာဆန်းစစ်ခြင်းမရှိပါက သင် ကယ်တင်ခြင်းခံရရန် ဖြစ်နိုင်ခြေရှိမည် မဟုတ်ပေ။ ၎င်းမှာ အဘယ်ကြောင့်ဖြစ်သနည်း။ အကယ်၍ သင်သည် သင့်ကိုယ်သင် ဖွင့်ဟပြခြင်း သို့မဟုတ် ဤနည်းဖြင့် သင့်ကိုယ်သင် လေ့လာဆန်းစစ်ခြင်းမရှိပါက၊ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ အကယ်၍ သင်သည် မပြောင်းလဲနိုင်ပါက ကယ်တင်ခြင်းခံရရန် အကြောင်းကို မေ့ပစ်နိုင်သည်။ ဤအရာမှာ ဤနှုတ်ကပတ်တော်များကို ဆိုရာ၌ ဘုရားသခင် ဆိုလိုသောအရာဖြစ်ပြီး၊ ဤသည်မှာ ဘုရားသခင်၏အလိုတော်ဖြစ်၏။

လူများသည် ရိုးသားသင့်ကြောင်းကို ဘုရားသခင်သည် အဘယ်ကြောင့် အစဉ် အလေးအနက် ပြောခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ အလွန်အရေးကြီးသောကြောင့် ဖြစ်ပြီး၊ ၎င်းသည် သင် ကယ်တင်ခြင်းကို ခံရမည့် သို့မဟုတ် မခံရမည့်အကြောင်းနှင့် တိုက်ရိုက် သက်ဆိုင်သောကြောင့် ဖြစ်၏။...ဘုရားသခင်သည် ရိုးသားသောလူများကို အလိုရှိ၏။ အကယ်၍ သင်သည် စင်ကြယ်ခြင်းမရှိပါက၊ ဆိုလိုသည်မှာ အကယ်၍ သင်သည် သစ္စာမဲ့ပါက၊ ကောက်ကျစ်၍ စိတ်မချရပါက၊ သင်သည် ရိုးသားသောသူတစ်ဦး ်မဟုတ်ပေ၊ ထို့အပြင် အကယ်၍ သင်သည် ရိုးသားသောသူတစ်ဦး မဟုတ်ပါက ဘုရားသခင်သည် သင့်ကို ကယ်တင်ရန် အခွင့်အရေးရှိမည် မဟုတ်ဘဲ၊ သင်သည် ကယ်တင်ခြင်းကို ခံရနိုင်မည်မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်” မှ

ငါ၏အထဲတွင် အရာမှန်သမျှသည် ဖြောင့်မတ်ခြင်းသဘောရှိ၍ မဖြောင့်မတ်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ ကောက်ကျစ်ခြင်းသဘော လုံးဝမရှိ- ကောက်ကျစ်စဉ်းလဲသောသူ မည်သူမဆိုသည် ငရဲ၏သားဖြစ်ပြီး- မရဏနိုင်ငံတွင် မွေးဖွားရမည်ဖြစ်သည်။ ငါ၌ အရာအားလုံးသည် ဖုံးကွယ်ခြင်းမရှိ၊ ငါပြီးမြောက်စေဟု ပြောဆိုသမျှသည် ပြီးမြောက်ရမည်၊ တည်မြဲစေဟု ပြောဆိုသမျှသည် တည်မြဲစေရမည်ဖြစ်ပြီး မည်သူမျှ ထိုအရာများကို ပြောင်းလဲခြင်း သို့မဟုတ် အတုယူခြင်းမပြုလုပ်နိုင်၊ အဘယ့်ကြောင့်ဆိုသော် ငါသည်တစ်ဆူတည်းသော ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သောကြောင့်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၉၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

လှည့်ဖြားတတ်သော လူတို့သည် အခြားသူတို့ကို လှည့်ဖြားကြသည်သာမက၊ ယင်းမှာ ၎င်းတို့၏ သဘာဝဖြစ်သောကြောင့် ဘုရားသခင်ကိုလည်း လှည့်ဖြားပြီး ဆက်ဆံကြလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ် လှည့်ဖြားတတ်သော လူများ ထားတတ်သည့် သဘောထားမှ ၎င်းတို့၏ သဘာဝကို ကျွန်ုပ်တို့ တွေ့မြင်နိုင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်းကို အမြဲ သံသယထားတတ်ကြပြီး မယုံကြည်ကြချေ။ ဤအချက်တွင်၊ လှည့်ဖြားတတ်သော လူတို့နှင့် ရိုးသားသောသူတို့မှာ လုံးဝကွာခြားပေသည်။ ရိုးသားသောလူတို့သည် အထူးသဖြင့် မာယာကင်းကြသည်။ ဘုရားသခင် မိန့်ဆိုသမျှကို ၎င်းတို့ ယုံကြည်ကြသည်။ ဘုရားသခင် ပြောသမျှကို နာခံကြပြီး ဘုရားသခင် တောင်းဆိုသည့်အတိုင်း လုပ်ဆောင်ကြလေသည်။ ထို့ကြောင့် ဘုရားသခင်သည် ရိုးသားသော လူတို့ကို နှစ်သက်ပြီး ကောင်းကြီးပေးသည်။ ယင်းမှာ ရိုးသားသော လူတို့အတွက် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိဖို့ အလွယ်ကူဆုံး နည်းလမ်းဖြစ်သည်။ လှည့်ဖြားတတ်သော လူမှာ လုံးဝ ဆန့်ကျင်ဖက်ဖြစ်သည်။ ဘုရားသခင် မည်သည့်အရာကို ပြောပါစေ၊ လှည့်ဖြားတတ်သောသူသည် ယင်းက လှည့်ကွက်တစ်ခုဖြစ်သည်၊ ဉာဏ်ပညာဖြစ်သည်ဟု အမြဲသံသယရှိပြီး၊ ထို့ကြောင့် ၎င်းတို့သည် ယင်းကို လွယ်ကူစွာ လက်မခံနိုင်သလို လက်တွေ့မလုပ်ဆောင်နိုင်ကြချေ။ လှည့်ဖြားတတ်သော လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်း သံသယရှိသည်သာမက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လေ့လာရာတွင်လည်း ကျွမ်းကျင်ကြသည်။ ၎င်းတို့သည် အပေးအယူ လုပ်နိုင်ဖို့အလို့ငှာ ဘုရားသခင်၏ စစ်မှန်သော ရည်ရွယ်ချက်ကို အမြဲခန့်မှန်းတတ်ကြသည်။ သိသာစွာပင်၊ လှည့်ဖြားတတ်သော လူတို့သည် အလဲအလှယ်ပြုလုပ်ရာတွင် အကျွမ်းကျင်ဆုံး ဖြစ်ကြသည်။ ၎င်းတို့၏ အတွေးအခေါ်မှာ အလဲအလှယ်ပြုလုပ်ခြင်းဆိုင်ရာ အတွေးအခေါ်၊ အရှုံးကို မခံယူသော အတွေးအခေါ် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် စပ်လျဉ်း၍ ဘုရားသခင်နှင့် အပေးအယူ လုပ်ဖို့ပင်လျှင် ကြိုးစားကြလေသည်။ ၎င်းတို့၏ ယုံကြည်မှုတွင် ၎င်းတို့ ကောင်းကြီးခံစားရမည်လား သို့မဟုတ် ကျိန်ခြင်းခံရမည်လား ကို တနုံ့နုံ့ စဉ်းစားကြပြီး ၎င်းတို့က ဘုရားသခင်၏ လူများ ဖြစ်သလား သို့မဟုတ် အစေခံများဖြစ်သလားဆိုသည်ကို ပို၍ပင် စိုးရိမ်ပူပန်ကြလေသည်။ ၎င်းတို့သည် စဉ်ဆက်မပြတ် တွက်ချက်နေကြပြီး ဤကိစ္စအပေါ် ရှင်းလင်းမှုကို ၎င်းတို့ မတွေ့ရသည့်နေ့သည် အသက်ကို ရှာဖွေရန် ၎င်းတို့ အခြေမချသော နေ့ဖြစ်သည်။ လှည့်ဖြားတတ်သောလူတို့သည် ကောက်ကျစ်သော ဝံပုလွေများဖြစ်ပြီး လူတို့အားလုံးထဲတွင် အကောက်ကျစ်ဆုံးဖြစ်သည်။ ဤအကြောင်းကြောင့်၊ ဘုရားသခင်သည် လှည့်ဖြားတတ်သော လူတို့ကို အမုန်းဆုံးဖြစ်ပြီး ၎င်းတို့အပေါ် ပိုမိုအားထုတ်မှု အသုံးပြုဖို့ သို့မဟုတ် ၎င်းတို့ကို နောက်ထပ်စကားပြောဖို့ မလိုလားချေ။ လှည့်ဖြားတတ်သော လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ချဉ်းကပ်ရာတွင် ချစ်တီးခေါင်း သန်းရှာသလို ဖြစ်ကြသည်၊ ၎င်းတို့သည် သူ၏ နှုတ်ကပတ်တော်များကို ယုတ္တိ အမှားများ နှင့် ငြင်းခုံမှုအတွက် ရပ်တည်ချက်များကို ရှာရာတွင် လေ့လာစုံစမ်းကြသည်။ လှည့်ဖြားတတ်သောလူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သံသယ၊ ပုန်ကန်မှု၊ အာခံမှု နှင့် မယုံကြည်မှုတို့ဖြင့် ချဉ်းကပ်ကြသောကြောင့်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် အလွန်အမင်း ချို့တဲ့ကြလေသည်။ ၎င်းတို့သည် အလွန့်အလွန် ကတ်သီးကတ်သတ်နိုင်ပြီး အချိုးမပြေသည့်ပုံပေါ်ကြလျက် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာတွင် ဉာဏ်အလင်းပေးမှု တစ်စက်မျှပင် မရရှိကြချေ။ အမှန်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ဆန့်ကျင်မှုများ လုံးဝ မရှိသော်လည်း ဆန့်ကျင်သည့်နေရာများကို တွေ့ရန် ၎င်းတို့ ကြိုးစားကြပြီး မိမိတို့ကိုယ်ကိုယ် ဒုက္ခရောက်စေကြသည်။ ဤအရာက အထူးသဖြင့် ၎င်းတို့၏သနားစရာ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးမှု နှင့် ဝိညာဉ်ရေးရာ သိနားလည်မှု ချို့တဲ့ခြင်းကို ပြသပေသည်။ လှည့်ဖြားတတ်သော လူတို့ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ချဉ်းကပ်ရာတွင် အသုံးပြုသော သဘောထားမှ၊ ၎င်းတို့၏ သဘာဝမှာ ဘုရားသခင်ကို အာခံသော ဆိုးယုတ်သည့် သဘာဝဖြစ်သည်ကို ကျွန်ုပ်တို့ သိသိသာသာ တွေ့မြင်နိုင်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သံသယ နှင့် မယုံကြည်မှုသဘောထားနှင့်အတူ ချဉ်းကပ်သူအားလုံးသည် အခြေခံအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ မည်သည့် သမ္မာတရားမျှ ဧကန်မုချ ရရှိလိမ့်မည်မဟုတ်သော လှည့်ဖြားတတ်သည့် လူများ ဖြစ်ကြပြီး ပယ်ရှင်းခံရခြင်းအဖြစ်တွင်သာ အဆုံးသတ်ကြလိမ့်မည်ဖြစ်သည်။

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

ယခင်က:ရိုးသားသော လူတစ်ဦးဆိုသည်မှာ အဘယ်နည်း။ ရိုးသားသော လူများကို ဘုရားသခင် အဘယ်ကြောင့် ကြိုက်နှစ်သက်ပါသနည်း။

နောက်တစ်ခုသို့:ရိုးသားသော လူတစ်ဦးနှင့် လှည့်ဖြားတတ်သော လူတစ်ဦးကြား ခြားနားချက်မှာ အဘယ်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ