အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၆။ အန္တိခရစ်တစ်ဦးဆိုသည်မှာ အဘယ်နည်း။ အန္တိခရစ်တစ်ဦးကို မည်သို့ သိမြင်နိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင် လူ့ဇာတိမခံယူခင်အချိန်က လူသားသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းပြု၊ မပြုဆိုသည်ကို တိုင်းထွာရာတွင် ကောင်းကင်ဘုံရှိ မမြင်ရသော ဘုရားသခင်ကို လူသားက မျှော်ကြည့်ခြင်း၊ ဝတ်ပြုခြင်း ရှိ၊ မရှိ အပေါ်တွင် အခြေခံခဲ့သည်။ ထိုအချိန်က “ဘုရားသခင်အား ဆန့်ကျင်ခြင်း” ဟူသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ထိုအချိန်မှ လူများ ဘုရားသခင်ကို မမြင်ရခြင်းနှင့် ဘုရားသခင်၏ ပုံရိပ်ကို မသိကျွမ်းခြင်း သို့မဟုတ် သူမည်ကဲ့သို့ အမှုပြုသည်၊ မည်ကဲ့သို့ နှုတ်မြွက်သည်ကို မသိရှိကြခြင်းကြောင့် လက်တွေ့သိပ်မကျခဲ့ပေ။ လူတွင် ဘုရားသခင်နှင့် ပတ်သက်၍ သဘောထားခံယူချက်များ မရှိခဲ့ဘဲ မရေရာမှုများအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခဲ့ကြ၏၊ အကြောင်းမှာ သူသည် လူသားတို့ထံ မပေါ်လာခဲ့သောကြောင့်ပင် ဖြစ်၏။ ထို့ကြောင့် လူသားသည် ဘုရားသခင်ကို သူတို့၏ စိတ်ကူး စိတ်သန်းများဖြင့် မည်သို့ပင် ယုံကြည်စေကာမူ ဘုရားသခင်သည် လူသားတို့ကို မစီရင်ခဲ့၊ သို့မဟုတ် လူသားများထံမှလည်း သိပ်များများစားစား မတောင်းဆိုခဲ့ပါ၊ အကြောင်းမှာ လူသားသည် ဘုရားသခင်ကို လုံးဝ မမြင်တွေ့နိုင်ခဲ့သောကြောင့် ဖြစ်၏။ ဘုရားသခင်သည် လူ့ဇာတိကို ခံယူပြီး၊ လူသားတို့အကြား အမှုပြုရန် ကြွလာသောအခါ လူအားလုံးသည် ဘုရားသခင်ကို မြင်ကြရပြီး၊ သူ၏ နှုတ်ကပတ်တော်ကို ကြားကြရကာ၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ ပြုမူလုပ်ဆောင်ချက်များကိုလည်း မြင်ကြရ၏။ ထိုအချိန်တွင် လူသား၏ အယူအဆအားလုံးတို့သည် အမြှုပ်ကဲ့သို့ပင် အရည်ပျော် ပျောက်ကွယ်သွားကြ၏။ ဘုရားသခင် လူ့ဇာတိထဲ၌ ပေါ်လာသည်ကိုမြင်၍ စိတ်နှလုံးသားထဲ၌ နာခံမှုရှိသူဟူသမျှသည် အပြစ်စီရင်ခြင်း ခံရလိမ့်မည် မဟုတ်ဘဲ သူ့တစ်ဖက် ရည်ရွယ်ချက်ရှိရှိ ဆန့်ကျင်ရပ်တည်သော သူတို့သည်ကား ဘုရားသခင်၏ အတိုက်အခံအဖြစ် သတ်မှတ်ခြင်း ခံကြရပေမည်။ ထိုသူတို့သည် အန္တိခရစ်များဖြစ်ကြပြီး ဘုရားသခင်တစ်ဖက် စိတ်ဆန္ဒပြင်းစွာ ထကြွသော ရန်သူများပင်ဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်” မှ

သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ကြာသည်အထိ ယုံကြည်ခဲ့သော်လည်း ဘုရားသခင်ကို တစ်ခါမျှ မနာခံဖူးလျှင် (သို့မဟုတ်) သူ၏ နှုတ်ကပတ်တော် အားလုံးကို လက်မခံဖူးဘူးဆိုလျှင်၊ ထိုအစား ဘုရားသခင်အား သင်၏ အကြံအစည်များအတိုင်း ပြုမှုရန်နှင့် သင့်ကို လိုက်လျောရန် တောင်းဆိုမည်ဆိုလျှင် သင်သည် လူများ အားလုံးထဲတွင် အပုန်ကန်ဆုံးသူ ဖြစ်သည်၊ သင်သည် မယုံကြည်သူ တစ်ဦးပင်ဖြစ်သည်။ ထိုသို့သော သူတစ်ဦးက လူတို့၏ အယူအဆနှင့် ကိုက်ညီမှုမရှိသော ဘုရားသခင်၏ အလုပ်နှင့် နှုတ်ကပတ်တော်များကို မည်သို့ နာခံနိုင်သနည်း။ အပုန်ကန်ဆုံး သူသည် ဘုရားသခင်ကို တမင်သက်သက် ဖီဆန်၊ အာခံသူ ဖြစ်သည်။ သူသည် ဘုရားသခင်၏ ရန်သူ၊ အန္တိခရစ် ဖြစ်သည်။ ထိုသို့သောသူသည် ဘုရားသခင်၏အမှုသစ်အပေါ် ရန်လိုသော သဘောထားကို အစဉ်တစိုက် ကိုင်စွဲထားပြီး နာခံလိုသည့်သဘော နည်းနည်းလေးမျှမရှိ၊ နာခံလိုစိတ်ကို လိုလိုလားလား တစ်ခါမျှ မပြဖူး၊ သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် တစ်ခါမျှ မနှိမ့်ချဖူးပေ။ သူသည် အခြားလူများရှေ့၌ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်လေ့ရှိပြီး မည်သူ့ကိုမျှ မနာခံဖူးပေ။ ဘုရားသခင်၏ရှေ့၌ သူသည် သူ့ကိုယ်သူ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောကြားရာ၌ အကျွမ်းကျင်ဆုံးသူ၊ အခြားသူများကို ပြုပြင်ရာတွင် အကျွမ်းကျင်ဆုံးသူအဖြစ် သတ်မှတ်လေ့ရှိသည်။ သူသည် လက်ဝယ်ပိုင်ဆိုင်ထားပြီးသော “အဖိုးတန်ရတနာများ” ကို ဘယ်တော့မျှ မစွန့်ပစ်ဘဲ ဝတ်ပြုကိုးကွယ်ရန်၊ အခြားသူများကို တရားဟောရန်နှင့် သူ့ကို ဘုရားကဲ့သို့ ကိုးကွယ်ကြသော အရူးများကို သင်ကြားပို့ချရန်အတွက် ထိုပစ္စည်းများကို ဘိုးစဉ်ဘောင်ဆက်အမွေပစ္စည်းများအဖြစ် သတ်မှတ်အသုံးပြုသည်။ အသင်းတော်ထဲ၌ ထိုသို့သောသူများမှာ အရေအတွက် အတိုင်းအတာ တစ်ခုအထိရှိသည်။ သူတို့ကို ဘုရားသခင်၏အိမ်တော်၌ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ယာယီနေထိုင်သော “နှိမ်နင်း၍မရသည့် သူရဲကောင်းကြီးများ” ဟုခေါ်နိုင်သည်။ သူတို့သည် နှုတ်ကပတ်တော်များအား (အယူဝါဒ) ဟောပြောခြင်းကို ၎င်းတို့၏ အမြင့်မားဆုံးသော တာဝန်အဖြစ် မှတ်ယူကြသည်။ တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သူတို့၏ “အလေးအမြတ်ထားပြီး မချိုးဖောက်အပ်သော” တာဝန်ကို အခြားသူများ လိုက်နာလုပ်ဆောင်အောင် သူတို့သည် အားသွန်ခွန်စိုက် လုပ်နေကြသည်။ မည်သူကမျှ သူတို့ကို မထိရဲ၊ တစ်ယောက်တလေကမျှ သူတို့ကို ပေါ်ပေါ်ထင်ထင် အပြစ်မတင်ရဲပေ။ သူတို့သည် တစ်ခေတ်ပြီးတစ်ခေတ် အခြားသူများကို အာဏာရှင်တစ်ဦးကဲ့သို့ ဆက်ဆံပြီး ပွားများနေကြလျက် ဘုရားသခင်၏အိမ်တော်၌ “ဘုရင်များ” ဖြစ်လာကြသည်။ ထိုနတ်မိစ္ဆာအဖွဲ့သည် အချင်းချင်းလက်တွဲပြီး ငါ့အမှုကို ဖျက်ဆီးရန် ကြိုးစားကြသည်၊ အသက်ရှင်နေသော ထိုနတ်မိစ္ဆာများကို အဘယ်သို့ ငါ့မျက်စိရှေ့၌ ဆက်လက်နေထိုင်ခွင့် ပေးနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည်” မှ

သင်တို့သည် ဘုရားသခင်၏အမှုကို ဆန့်ကျင်ခြင်း၊ သို့မဟုတ် ယနေ့အမှုကို တိုင်းတာရန် သင်တို့၏ကိုယ်ပိုင် အယူအဆများကို အသုံးပြုခြင်းမှာ သင်တို့သည် ဘုရားသခင့်အမှု၏ အခြေခံသဘောတရားများကို မသိသောကြောင့်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို လုံလောက်စွာ အလေးအနက် သဘောမထားသောကြောင့်ဖြစ်သည်ကို သိထားလော့။ ဘုရားသခင်အပေါ် သင်တို့၏ဆန့်ကျင်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအပေါ် သင်တို့၏ ဟန့်တားပိတ်ဆို့ခြင်းသည် သင်တို့၏ အယူအဆများနှင့် ပင်ကိုအားဖြင့် မာနထောင်လွှားမှုကြောင့်ဖြစ်သည်ကို သိထားလော့။ ဤသည်မှာ ဘုရားသခင်၏ အမှုသည် မှားယွင်းသောကြောင့် မဟုတ်ဘဲ သင်တို့သည် သဘာဝအားဖြင့် နာခံမှုမရှိလွန်းသောကြောင့်သာ ဖြစ်သည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ယုံကြည်မှုကို တွေ့ရှိပြီးနောက် အချို့သူများသည် လူသားအနေနှင့် မည်သည့်နေရာမှ လာသည်ကိုပင် သေချာစွာ ပြောဆိုနိုင်ခြင်း မရှိသော်လည်း ထိုသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော့်အမှု၏ အမှန်များနှင့် အမှားများကို သုံးသပ်သည့် လူသိရှင်ကြား ဟောပြောမှုများကို လုပ်ဝံ့ကြသည်။ ထို့အပြင် ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသစ်ရှိသော တမန်တော်များကို ဆုံးမခြင်းပင်ပြုကြလျက် ဝေဖန်ခြင်းများ၊ မိမိအလှည့်မရောက်မီ ပြောဆိုခြင်းများ ပြုကြ၏။ ၎င်းတို့၏ လူ့သဘာဝသည် နိမ့်ကျလွန်း၍ ထိုသူတို့တွင် အသိစိတ်အနည်းငယ်မျှပင် မရှိပေ။ ထိုကဲ့သို့သောသူတို့ကို သန့်ရှင်းသော ဝိညာဉ်တော်၏အမှုက ငြင်းပယ်၍ ငရဲ၏မီးများနှင့် လောင်ကျွမ်းခံရမည့်နေ့ ရောက်လာလိမ့်မည် မဟုတ်လော။ ထိုသူတို့သည် ဘုရားသခင်၏အမှုကို မသိသော်လည်း သူ၏အမှုကို ဝေဖန်ကာ မည်သို့အမှုဆောင်ရမည်ကို ဘုရားသခင်အား ညွှန်ကြားရန်လည်း ကြိုးပမ်းကြ၏။ ထိုသို့သော ဆင်ခြင်တုံတရားမရှိသည့် လူတို့သည် ဘုရားသခင်ကို မည်သို့သိနိုင်မည်နည်း။ လူသားသည် ဘုရားသခင်ကို ရှာဖွေ၍ တွေ့ကြုံခံစားသည့် လုပ်ငန်းစဉ်အတွင်း သူ့ကိုသိလာခြင်းဖြစ်၏။ စိတ်ကူးပေါက်သည့်အတိုင်း သူ့ကို ဝေဖန်ခြင်းအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုမှတစ်ဆင့် ဘုရားသခင်ကို သိလာခြင်း မဟုတ်ပေ။ ဘုရားသခင်အပေါ် လူတို့၏သိခြင်းသည် တိကျမှန်ကန်လေလေ၊ သူ့အပေါ်ဆန့်ကျင်မှု နည်းလေလေဖြစ်၏။ ၎င်းနှင့်ဆန့်ကျင်ဘက်မှာ ဘုရားသခင်အပေါ် လူတို့အသိနည်းလေလေ၊ သူ့ကိုဆန့်ကျင်ရန် အလားအလာများလေလေဖြစ်၏။ သင့်အယူအဆများ၊ သင်၏ဗီဇသဘာဝဟောင်းနှင့် သင်၏လူ့သဘာဝ၊ စရိုက်လက္ခဏာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ သဘောထားအမြင်တို့သည် သင့်အနေနှင့် ဘုရားသခင်အပေါ် ခုခံရာတွင် အသုံးပြုသည့် “ငွေလုံးငွေရင်း” ဖြစ်၍ သင်သည် ဖောက်ပြန်၍ သိက္ခာကျကာ အောက်တန်းကျလေလေ၊ ဘုရားသခင်၏ ရန်သူဖြစ်လေလေ ဖြစ်၏။ အလွန်ဆိုးရွားသော အယူအဆများရှိ၍ မိမိကိုယ်ကို မှန်ကန်သည်ဟုယူမှတ်သော စိတ်နေသဘောထား ရှိသူများသည် လူ့ဇာတိခံယူသော ဘုရားသခင်၏ ရန်လိုမှုကို ပိုခံရလေဖြစ်၍၊ ထိုကဲ့သို့သောသူများသည် အန္တိခရစ်များဖြစ်ကြ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” မှ

ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်ကို နားမလည်သောသူတို့သည် ဘုရားသခင်တစ်ဖက် ဆန့်ကျင်ရပ်တည်သောသူများဖြစ်ကြပြီး၊ ထို့ထက်မက ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်ကို ဂရုပြုမိသော်ငြားလည်း ဘုရားသခင်ကို ကျေနပ်စေခြင်းအလို့ငှာ မကြိုးစားသော သူတို့သည် ဘုရားသခင်တစ်ဖက် သာ၍ပင် ဆန့်ကျင်ရပ်တည်သောသူများဖြစ်ကြ၏။ ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုတတ်သော ထိုသူများသည် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရွတ်နေသည့်တိုင် ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်ကို မည်သူမျှ နားမလည်။ ဘုရားသခင်ကို မည်သူမျှ မသိကျွမ်းနိုင်ကြသည့်အပြင်၊ ဘုရားသခင်၏ စိတ်နှလုံးနှင့်လည်း မည်သူမျှ တစ်ထပ်တည်းမကျပေ။ သူတို့သည် အသုံးမကျသောသူများဖြစ်၍ ဆိုးရွားသောသူများဖြစ်ကာ ဘုရားသခင်ကိုပင် သွန်သင်ရန် အမြင့်တွင် ကိုယ်စီရပ်တည်နေကြ၏။ သူတို့သည် ဘုရားသခင်၏နာမကို ကိုင်ဆောင်ပြတတ်သော်လည်း ဘုရားသခင်ကို တမင်ဆန့်ကျင်တတ်ကြ၏။ သူတို့သည် ဘုရားသခင်ကို ယုံကြည်သူများအဖြစ် ကိုယ့်ကိုယ်ကိုယ် တံဆိပ်ကပ်ထားကြသော်လည်း သူတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်သောသူများပင် ဖြစ်ကြ၏။ ထိုကဲ့သို့သောသူအားလုံးသည် လူ့ဝိညာဉ်ကို ဝါးမျိုတတ်သည့် မာရ်နတ်များ ဖြစ်ကြပြီး၊ မှန်ကန်သောလမ်းသို့ ခြေလှမ်းရန် ကြိုးစားသူတို့ကို ရည်ရွယ်ချက်ရှိစွာဖြင့် အနှောင့်အယှက်ပေးတတ်သော နတ်ဆိုးများဖြစ်ကြကာ၊ ဘုရားသခင်ကို ရှာဖွေသောသူတို့၏လမ်းကို ဟန့်တားကြန့်ကြာစေမည့် ခလုတ်တံသင်းများဖြစ်ကြ၏။ သူတို့သည် “အကြမ်းပတမ်းဇာတိခန္ဓာ” များ ဖြစ်ကြသော်လည်း၊ သူတို့သည် အန္တိခရစ်များဖြစ်ကြကာ လူများအား ဘုရားသခင်တစ်ဘက် ဆန့်ကျင်ဘက်ပြုရန် ဦးဆောင်သောသူများဖြစ်ကြောင်း သူတို့၏ နောက်လိုက်များက မည်သို့သိနိုင်မည်နည်း။ ဤသူများမှာ ဝိညာဉ်များကို ဝါးမျိုရန် အထူးသဖြင့် ရှာဖွေနေကြသည့် ရှင်သန်နေသော နတ်ဆိုးများဖြစ်သည်ကို သူတို့သည် မည်ကဲ့သို့သိနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

အန္တိခရစ်တို့၏ မိတ်သဟာယသည် အပြင်ပန်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်ဟန်တူပြီး သမ္မာတရားနှင့်ဆိုင်သော အသိပညာနှင့် အတွေ့အကြုံတို့ကို ၎င်းတို့ မိတ်သဟာယပြုကြသော်လည်း ၎င်းတို့၌ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြမှုတို့ ရှိသည်ဟု မဆိုလိုပါ၊ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့အပေါ်တွင် အလုပ်မလုပ်သောကြောင့် ဖြစ်သည်။ သို့သော် ၎င်းတို့သည် အခြားသူများ၏ အတွေ့အကြုံများနှင့် အသိပညာများဆိုင်ရာ စကားလုံးများကို ခိုးယူနိုင်ပြီး မိမိတို့ကိုယ်ကို ရုပ်ဖျက်ရန်နှင့် ဆင်ယင်ရန် အသုံးပြုနိုင်ကြလေသည်။ ၎င်းတို့သည် သမ္မာတရားနှင့် အတော်အတန်ကိုက်ညီသော အခြားသူများ၏ သိနားလည်မှုများကို လူတို့အားလှည့်ဖြားရန် ခိုးယူကူးချနိုင်ကြပြီး၊ ထိုသူတို့က ဤစကားများကို ကြားသောအခါ- “ဒီလူပြောတာ မှန်သလို ကောင်းလည်းကောင်းတယ်။ သူ့မှာ တကယ်ပဲ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးမှုနဲ့ အလင်းပြမှု ရှိတာပဲ” ဟု တွေးကြသည်။ လူတို့က သူ့ကို ကြည်ညိုကြလိမ့်မည်။ သို့သော် အမှန်မှာ ဤအရာအားလုံးသည် အခြားသူများထံမှ ခိုးထားခြင်းဖြစ်ပေသည်။ ပြောပါ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ဤလှည့်ကွက်များကို သုံးကြပါသလား။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးက အဘယ်သို့ ခိုးရမည်၊ အဘယ်သို့ ဟန်ဆောင်ရမည်၊ အဘယ်သို့ မိမိတို့ကိုယ်ကို ရုပ်ဖျက်ရမည်ကို သိကြသည်။ အခြားတစ်ဦးဦး၏ စကားများကို ခိုးယူခြင်းသည် လွန်စွာလွယ်ကူလှပေသည်။ အခြားတစ်ဦး၏ မိတ်သဟာယကို နားထောင်ပြီးနောက် ၎င်းတို့သည် စွမ်းအားအရှိဆုံးနှင့် အကောင်းဆုံးစကားလုံးများကို တိတ်တခိုး ရေးချကြသည်၊ ၎င်းတို့သည် ယင်းတို့ကို အလွတ်ရထားသည်အထိ ကြိမ်ဖန်များစွာ လိုက်ရွတ်ကြပြီးနောက် ၎င်းတို့ကို အခြားသူများနှင့် မိတ်သဟာယသွားပြုကြလေသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် အခြားသူများကို နားထောင်ရန် တစ်နေရာသို့ သွားပြီးနောက် အခြားတစ်နေရာရာတွင် ပြောဆိုရန် သွားကြသည်။ ၎င်းတို့သည် ထိုအရာကို မျက်စိတစ်မှိတ်အတွင်း အလွန်လျင်မြန်စွာ လုပ်ဆောင်ကြပြီး မိမိတို့ကိုယ်ပိုင်အဖြစ် လုပ်လိုက်ကြသည်။ ထိုအရာကို ၎င်းတို့ရသည့် တစ်ခဏချင်းတွင် လမ်းတကာ လှည့်လည်ရောင်းချကြသည်။ လူတို့သည် ထိုအရာကို လုပ်ဆောင်နိုင်စွမ်း ရှိကြလေသည်၊ ယင်းမှာ ဘုံအသိပညာဖြစ်သည်။ အန္တိခရစ်တို့သည် မှားယွင်းသော လမ်းကြောင်းပေါ်တွင် ရှိကြသည့်အတွက် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ် ချို့တဲ့ကြသည်၊ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သမ္မာတရားတို့ကို အမှန်တကယ် သိနားလည်ခြင်းရှိရန်မှာ ၎င်းတို့အတွက် မဖြစ်နိုင်ချေ။ သို့သော် အန္တိခရစ် မိတ်သဟာယပြုသော အရာတစ်ချို့ကိုကြားပြီး ၎င်းတို့သည် ချီးမွမ်းဖွယ်ရာဖြစ်သည်ဟု ခံစားကြရသော လူအချို့ရှိပြီး ၎င်းတို့က- “သူ သန့်ရှင်းသောဝိညာဉ်တာ်ရဲ့ အမှုတော်ကို ပိုင်ဆိုင်တယ် မဟုတ်လား။ ဒါမှမဟုတ်ရင် သူ့မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ သမ္မာတရားကို အဲဒီလို သိနားလည်မှု ဘယ်လိုရှိနိုင်မှာလဲ။” ဤကဲ့သို့သော တွေးထင်မှုသည် မမှန်ကန်ပါ၊ အဘယ်ကြောင့်ဆိုသော် အမှန်တရားမှာ ထိုကဲ့သို့သော စကားလုံးများသည် ခိုးယူထားခြင်းဖြစ်နိုင်ပေသည်။ အခြားသူများ၏ စကားများကို သူ တုပနိုင်ပေသည်။ ယခုခေတ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင့်အိမ်တော်၏ မိတ်သဟာယပြုခြင်းကို မိမိတို့အတွက် ယူတတ်သော သင်းအုပ်ဆရာများစွာ ဘာသာတရားထဲတွင် ရှိနေပေသည်။ ထိုအရာတို့ကို ဖတ်ရှုပြီးနောက်တွင် ၎င်းတို့သည် ယင်းတို့ကို ၎င်းတို့၏ ပရိသတ်များအား ဟောပြောကြပြီး ထိုအရာများကို လူတို့ ကြားသောအခါ- “ဟာ၊ ဒါဟာ သိပ်ကောင်းတဲ့ တရားဒေသနာပဲ။ ဒီတစ်ခါတော့ သမ္မာတရား တကယ်ပါတယ်” ဟု တွေးတတ်ကြသည်။ ထိုအခါ ၎င်းတို့အားလုံးသည် စိတ်အားထက်သန်စွာ လှူဒါန်းကြပြီး၊ ဤနည်းဖြင့် ၎င်းတို့၏ အသက်မွေးမှုက ဤတွင် အာမခံချက်ရှိတော့သည်။ ဘာသာရေးလောကတွင် ယင်းကဲ့သို့သော တရားဟောဆရာများစွာ ရှိသလော။ မှန်သောလမ်းခရီးကို ၎င်းတို့အား သင်ပြသသောအခါ လက်ခံရန် ၎င်းတို့ငြင်းဆိုကြသည်၊ သို့သော် ဘုရားသခင့်အိမ်တော်ထဲက စာအုပ်များကို ၎င်းတို့ကိုင်ပြီးနောက်တွင် ယင်းတို့ကို ၎င်းတို့၏ တရားဒေသနာများထဲတွင် တိတ်တဆိတ် အသုံးပြုကြလေသည်။ ယင်းတို့ကို ၎င်းတို့က ငွေရှာဖို့၊ လူတို့ကို လှည့်ဖြားဖို့နှင့် မိမိတို့ကိုယ်ကို ချီးမြှောက်ဖို့ အသုံးပြုကြလေသည်။ ၎င်းတို့သည် ရှင်းလင်းစွာ ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သောအရာများကို ယူကြပြီး ယင်းတို့ကို မိမိတို့၏ ကိုယ်ပိုင်စကားလုံးများ၊ ကိုယ်ပိုင်အတွေ့အကြုံ နှင့် အသိပညာတို့အဖြစ် အခိုင်အမာ ဆိုကြသည်။ ဤသည်မှာ အခြားသူများကို လှည့်ဖြားရန် အန္တိခရစ်တို့၏ စက်ဆုပ်ဖွယ်ရာ နည်းစနစ်တစ်ခု ဖြစ်လေသည်။

အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၂) တွင်ပါဝင်သော “ခရစ်တော်၏အယောင်ကိုဆောင်သောသူတစ်ဦးနှင့် အန္တိခရစ်တစ်ဦး၏ လှည့်စားမှုကို မည်သို့ထိုးထွင်းသိမြင်သင့်ပုံ” မှ

အန္တိခရစ် နတ်ဆိုးများကို ထိုးထွင်းသိမြင်ရန်အတွက် လူတစ်ဦးသည် ၎င်းတို့ သဘောသဘာဝ၏ ထူးခြားသော လက္ခဏာခုနှစ်ခုကို ထွင်းဖောက်မြင်နိုင်ရပါမည်။ ဤသည်မှာ အန္တိခရစ်နတ်ဆိုးများ၏ ဆိုးယုတ်သည့် စစ်မှန်သောမျက်နှာကို ရှင်းလင်းစွာ သိမှတ်ခြင်းအတွက် အလွန်အမင်း အရေးကြီးလှပေသည်။ အန္တိခရစ်တို့၏ နတ်ဆိုးသဘာဝနှင့်ဆိုင်သော ထူခြားသည့်လက္ခဏာ ခုနှစ်ခုအား ရှင်းပြချက်ကို အောက်တွင်ပေးထားပါသည်-

ပထမအနေဖြင့် အန္တိခရစ်အားလုံးသည် မာနထောင်လွှားကြပြီး စိတ်ကြီးဝင်ကြသည်၊ မည်သူမဆိုကို နာခံဖို့ ၎င်းတို့ ငြင်းပယ်ကြသည်၊ မိမိကိုယ်ကိုသာ ချီးမြှောက်ကြပြီး အမှုအရာများကို လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်၍ ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းကိုသာ ဆုပ်ကိုင်ထားကြသည်။ အခြားသူများအပေါ် အထင်အမြင်သေးကြပြီး ၎င်းတို့ နှလုံးသားများထဲတွင် ဘုရားသခင်အတွက် လုံးဝ နေရာမရှိသလို ဘုရားသခင်အားကြောက်ရွံ့မှု မည်သို့မျှ မရှိကြချေ။ အသင်းတော်ထဲတွင် မည်သူမျှက အန္တိခရစ်များကို အမှုအရာများနှင့် အဆင်ပြေစေဖို့ မတတ်နိုင်သလို ၎င်းတို့ကို မည်သူမျှ မထိန်းချုပ်နိုင်ချေ။ အသင်းတော်များ၏ အလွှာပေါင်းစုံမှ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့အတွက် ရန်သူများသဖွယ်ဖြစ်သည်။ ဥပမာ၊ အချို့က- “ဘုရားသခင်ကလွဲပြီး ဘယ်သူ့ကိုမှ ငါမနာခံဘူး” ဟု ဆိုကြသည်။ သို့မဟုတ် ၎င်းတို့က- “ငါ ဘယ်သူဘယ်ဝါကလွဲပြီး တခြား ဘယ်သူ့ကိုမှ မနာခံဘူး” ဟု ဆိုကြသည်။ စသဖြင့်ပင်။ ဤအရာမှ ထိုသို့သော လူအားလုံးသည် နတ်ဆိုးစာတန်၏ သဘောသဘာဝအား ပိုင်ဆိုင်ကြသည်ကို မြင်နိုင်ပြီး၊ ယင်းမှာ ၎င်းတို့ မိမိတို့ကိုယ်ကို ကြီးမြတ်စေနိုင်ကြသည်ကို အံ့အားသင့်စရာ လုံးဝမရှိသည့်အကြောင်းရင်း ဖြစ်သည်၊ ၎င်းတို့သည် မိမိတို့ဘာသာ အားရကျေနပ်ကြပြီး ရှေ့မဆက်ချင်ကြသလို ၎င်းတို့မှာ ဘုရားသခင်၏ သားဦးများ၊ သူ၏ ချစ်သားများ ဖြစ်ကြသည်ကို ထင်ရှားစေဖို့ အနည်းငယ်မျှ မစောင့်ဆိုင်းကြချေ။ ထိုသို့ ကောက်ကျစ်စဥ်းလဲသော လူအားလုံးသည် တန်ခိုးအာဏာရလာသည်နှင့် တစ်ပြိုင်နက် စစ်မှန်သော အန္တိခရစ်နတ်ဆိုးများ ဖြစ်လာကြပေသည်။ မည်သူမဆိုကို နာခံဖို့ ငြင်းဆန်ပြီး မိမိတို့ကိုယ်ကို ကြီးမြတ်စေခြင်း၊ ယင်းသည် အန္တိခရစ်တို့၏ နတ်ဆိုးသဘာဝနှင့်ဆိုင်သော ပထမဦးဆုံး လက္ခဏာရပ်ဖြစ်သည်။

ဒုတိယအနေဖြင့် အန္တိခရစ်တို့တွင် နတ်ဆိုးသဘာဝများ ရှိကြသည်နှင့်အညီ သမ္မာတရားကို ၎င်းတို့ မချစ်ကြသလို သမ္မာတရားကို မုန်းတီးပြီး အာခံကြသည့်အပြင် ဘုရားသခင်ကိုပါ ဆန့်ကျင်ကြလေသည်၊ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအား အလေးအနက်မထားကြချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ အမှန်ပင် မစားသောက်ခဲ့ကြသလို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို လက်မခံကြပါ။ သို့ဖြစ်သောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြမှု ၎င်းတို့တွင် မရှိသည့်အပြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ၎င်းတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်ဆီးခြင်း၏ အမှန်တရားကို အမှန်ပင် မသိရှိကြချေ။ ထို့ကြောင့် အန္တိခရစ်နတ်ဆိုးများသည် မိမိတို့ကိုယ်ကို စိတ်ဖြာဖို့ သို့မဟုတ် ဖော်ထုတ်ပြဖို့ နေနေသာသာ၊ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးခြင်း မရှိသကဲ့သို့ပင် မိမိကိုယ်ကို သိခြင်းအကြောင်းကို ဘယ်သောအခါမျှ မဆွေးနွေးကြချေ။ ၎င်းတို့သည် ဘုရားသခင့် နှုတ်ကပတ်တော်များနှင့် သမ္မာတရားနှင့်ဆိုင်သော စစ်မှန်သည့် အသိပညာအပေါ် မိတ်သဟာယ လုံးဝမပြုကြသည့်အပြင် ဘုရားသခင်၏အမှုနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို သက်သေမခံနိုင်ကြပေ။ လုပ်ဆောင်ရန် ၎င်းတို့သိသမျှမှာ မိမိတို့ကိုယ်ကိုတည်ဆောက်ဖို့နှင့် မိမိတို့ကိုယ်ကို သက်သေခံဖို့ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ သားဦးများ၊ ချစ်သောသားများဖြစ်ပြီး စုံလင်အောင်ပြုခြင်းခံရပြီးဖြစ်သည်ဟုပင် သက်သေခံဝံ့ကြလေသည်။ ၎င်းတို့သည် အမှန်တကယ် စက်ဆုပ်စရာကောင်းပြီး အဆုံးစွန်အထိ အရှက်မဲ့ကြသည်။ ဤသည်မှာ အန္တိခရစ်တို့၏ နတ်ဆိုးသဘာဝနှင့်ဆိုင်သော ဒုတိယလက္ခဏာရပ် ဖြစ်သည်။

တတိယအနေဖြင့် ၎င်းတို့၏ နတ်ဆိုးသဘာဝများအားဖြင့် အန္တိခရစ်တို့သည် သမ္မာတရားကို မချစ်ကြသလို မုန်းပင်မုန်းကြပြီး သမ္မာတရားကို အာခံကာ ဘုရားသခင်ကို ဆန့်ကျင်ကြသည့်အတွက် လူတစ်ဦးသည် အန္တိခရစ်များက သမ္မာတရားအား လက်တွေ့ကျင့်သုံးသည်ကို ဘယ်သောအခါမှ မြင်ရလိမ့်မည်မဟုတ်ပေ။ အန္တိခရစ်နတ်ဆိုးများသည် သမ္မာတရားကို ဘယ်သောအခါမျှ လက်တွေ့မလုပ်ဆောင်ကြသလို ဤအရာ၏ အဓိက ဖော်ပြချက်များမှာ အောက်ပါအတိုင်းဖြစ်သည်- ၁။ ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးမှုတို့ကို မနာခံကြပေ။ ၂။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားကို လုံးဝမနာခံကြပါ၊ ၃။ သမ္မာတရားကို ၎င်းတို့ လုံးဝမလက်ခံကြ၊ ၄။ ၎င်းတို့သည် ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့ကို ဘယ်သောအခါမျှ လက်မခံကြချေ၊ ၅။ မိတ်သဟာယပြုနိုင်ပြီး သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်သူ မည်သူ့ကိုမဆို ၎င်းတို့ ဘယ်သောအခါမျှ မနာခံကြပေ၊ ၆။ ၎င်းတို့သည် အခြားသူများထက် ပိုမြင့်သောတစ်နေရာမှ သို့မဟုတ် ဘုရားသခင်၏ နေရာမှပင် အမြဲစကားပြောပြီး လူတို့ကို သြဝါဒအမြဲပေးတတ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တလွဲတည်ဆောက်ခြင်း၊ သမ္မာတရားကို လိုရာဆွဲပြောဆိုခြင်း၊ အမှန်နှင့် အမှားကို ပြောင်းပြန်လှန်ခြင်း၊ မှားယွင်းသော တန်ပြန်စွပ်စွဲမှုများ ပြုလုပ်ခြင်း၊ အခြားသူများကို လက်လွတ်စပယ်ရှုတ်ချခြင်းနှင့် ထင်ရာမြင်ရာဝေဖန်ခြင်းတို့၌ ကျွမ်းကျင်ကြလေသည်။ ၎င်းတို့သည် အခြားလူတို့ကို မကြာခဏ လှည့်ဖြားကြသည်၊ ဝေဖန်ကြသည်၊ ရှုတ်ချပြီး အမှုဆင်ကြသည်။ ထို့ပြင် ဘုရားသခင်ရွေးချယ်ထားသော လူတို့အပေါ် မလိုမုန်းထားစိတ်နှင့် ဆူဝေကြသည်။ ထို့ကြောင့် ဤအရာက အန္တိခရစ်များသည် သမ္မာတရားကို ဘယ်သောအခါမျှ လက်တွေ့မကျင့်သုံးနိုင်သောသူများ ဖြစ်ကြသည်ကို သက်သေပြလေသည်။ ဤသည်မှာ အန္တိခရစ်တို့၏ နတ်ဆိုးသဘာဝနှင့်ဆိုင်သော တတိယလက္ခဏာရပ်ဖြစ်သည်။

စတုတ္ထအနေဖြင့် အန္တိခရစ်တို့၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများသည် တန်ခိုးအာဏာနှင့် အကျိုးအမြတ်အဖို့အလို့ငှာဖြစ်ပြီး ဘုရားသခင်ရွေးချယ်ထားသော လူတို့ကို ထိန်းချုပ်ခြင်းနှင့် ၎င်းတို့၏ ကိုယ်ပိုင် လွတ်လပ်သောနိုင်ငံတော် တည်ထောင်ဖို့ဟူသော ရည်မှန်းချက်ကို အောင်မြင်ဖို့အတွက်သာ ဖြစ်သည်။ အန္တိခရစ်တို့သည် အဆင့်အတန်းနှင့် တန်ခိုးအာဏာတို့ကိုသာ ရှာဖွေကြပြီး ဆိုးယုတ်သာ အင်အားစုများကို အဆုံးစွန်အထိ ကိုးကွယ်ကြသည်။ အဆင့်အတန်း၊ တန်ခိုးအာဏာနှင့် ငွေကြေးတို့မှာ အန္တိခရစ်တို့၏ အမြတ်တနိုးကိုးကွယ်သောအရာများနှင့် ၎င်းတို့ ရှာဖွေကြသော ပန်းတိုင်များ ဖြစ်ကြသည်။ ဤသည်မှာ အန္တခရစ်တို့ သဘောသဘာဝ၏ အနှစ်သာရ ဖြစ်သည်။ အန္တိခရစ်တို့ ကြိုးပမ်းပြီး ကြိုးစားလုပ်ဆောင်ကြသည့် တစ်ခုတည်းသော အရာများမှာ အဆင့်အတန်းနှင့် တန်ခိုးအာဏာတို့ ဖြစ်ကြသည်။ အကယ်၍ တစ်စုံတစ်ခုသည် အဆင့်အတန်းနှင့် တန်ခိုးအာဏာအတွက် မဟုတ်လျှင် ၎င်းတို့ လုပ်ဆောင်လိမ့်မည်မဟုတ်။ ၎င်းတို့သည် အဆင့်အတန်းနှင့် တန်ခိုးအာဏာအတွက် ၎င်းတို့၏ တိုက်ပွဲဝင်မှုကို အကျိုးပြုမည့် မည့်သည့်အရာကိုမဆို လုပ်ဆောင်ရန် အလိုရှိကြသည်။ အဆင့်အတန်းအား ရှာဖွေခြင်းအဖို့အလို့ငှာ အခြားသူများကို မည်သည့်နည်းနှင့်မဆို အပြစ်ဒဏ်ပေးရန်၊ အကွက်ဆင်ရန် သို့မဟုတ် ထိခိုက်နစ်နာစေရန် ဝန်မလေးကြချေ။ အန္တိခရစ်တို့၏ အမြင်၌ အဆင့်အတန်းနှင့် တန်ခိုးအာဏာတို့ဖြင့် အရာရာကို ၎င်းတို့ ရရှိနိုင်သည် ဖြစ်လင့်ကစား အဆင့်အတန်းနှင့် တန်ခိုးအာဏာကို ဆုံးရှုံးခြင်းသည် အရာခပ်သိမ်းကို ဆုံးရှုံးခြင်း မည်လေသည်။ ဤသည်မှာ အဆင်းနီသောနဂါးကြီး၏ နတ်ဆိုးသဘာဝနှင့်ဆိုင်သော အနှစ်သာရ၏ သရုပ်သကန်တစ်ခု လုံးဝဖြစ်ပေသည်။ ဤသည်မှာ အန္တိခရစ်တို့၏ နတ်ဆိုးသဘာဝနှင့်ဆိုင်သော စတုတ္ထလက္ခဏာရပ် ဖြစ်သည်။

ပဉ္စမအနေဖြင့် တန်ခိုးအာဏာနှင့် အဆင့်အတန်းတို့ကို ရှာဖွေခြင်းမှလွဲ၍ ဆိုးယုတ်သော လူအားလုံးနှင့်အတူ ပေါင်းကြံရန်နှင့် ပတ်သက်ဆက်နွယ်ရန် အန္တိခရစ်တို့ နှစ်သက်ကြသည်။ ၎င်းတို့သည် ၎င်းတို့ကဲ့သို့ တူညီသော ပုပ်ပျက်သည့် အထုံပါမှုကို ဝေမျှခံယူသည့် မည်သူ့မဆိုကို စိတ်ဝင်စားကြပြီး ၎င်းတို့အတွက် အစေခံမှုကို လုပ်ဆောင်နိုင်ကြသည်။ ၎င်းတို့ကို ကိုးကွယ်ပြီး မြှောက်ပင့်သည့် မည်သူ့မဆိုကို ၎င်းတို့ နှစ်သက်ကြပြီး ပတ်သက်ဆက်နွယ်ကြသည်။ အန္တိခရစ်တို့အားဖြင့် ထောင်ချောက်မိသောသူအားလုံးမှာ နတ်ဆိုးများနှင့် သားရဲများ၊ ဝိညာဥ်ကင်းမဲ့သော တိရစ္ဆာန်များ ဖြစ်ကြသည်။ အန္တိခရစ် နတ်ဆိုးများသည် မှန်ကန်သောလမ်းကြောင်းကို လိုက်လျှောက်ပြီး သမ္မာတရားကို ရှာဖွေသည့် ရိုးသားသောလူတို့နှင့် ပတ်သက်ဆက်နွယ်ဖို့ရန် လုံးဝမနှစ်သက်ကြချေ။ ၎င်းတို့သည် ကြင်နာစိတ်ရှိသော လူကောင်းများကို လုံးဝ မနှစ်သက်ကြသလို သမ္မာတရားကို လှည့်ခြင်းနှင့် အမှန်နှင့် အမှားကို ပြောင်းပြန်လှန်ခြင်းတို့ကိုပင် လုပ်နိုင်စွမ်းရှိကြပြီး ဆိုးယုတ်သော လူတို့သည် လူကောင်းဖြစ်ပြီး လူကောင်းများသည် ဆိုးယုတ်ကြသည်ဟု မှားယွင်းစွာ ကြေညာကြလေသည်။ ၎င်းတို့သည် အခြားသူများကို ပြုပြင်ပြီး အပြစ်ပေးဖို့၊ မလိုမုန်းထားစိတ်နှင့် အသရေဖျက်ဖို့၊ အကြောင်းမဲ့သက်သက် ရှုတ်ချဖို့ မည်သည့်အတွက်နှင့်မျှ မရပ်တန့်ကြသလို၊ အခြားသူကို စွပ်စွဲခြင်းအားဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အပြစ်များကို ဖုံးကွယ်ကြပြီး လွန်ကဲစွာ ပြုမူကြလေသည်။ ဤအရာက အသင်းတော်များထဲတွင် ပရမ်းပတာအခြေအနေကို နေရာတကာ ဖန်တီးဖြစ်ပေါ်စေသည်။ ဤသည်မှာပင် အန္တိခရစ်တို့၏ နတ်ဆိုးသဘာဝအား နောက်ထပ် သက်သေပြချက်ဖြစ်သည်။ အန္တိခရစ် နတ်ဆိုးများအားလုံး စက်ဆုပ်ရွံ့ရှာမှုအရှိဆုံးမှာ သမ္မာတရားကို လိုက်လျှောက်သူ၊ စည်းမျဉ်းများကို ထိန်းသိမ်းပြီး တရားမျှတမှု အသိရှိသည့် လူကောင်းများ ဖြစ်သည်။ ၎င်းတို့ အမုန်းဆုံးသောအရာမှာ ၎င်းတို့အပေါ် ထိုးထွင်းသိမြင်မှုရှိသူ၊ ဆိုးညစ်မှုကို စက်ဆုပ်ပြီး သမ္မာတရားနှင့် လူ့သဘောသဘာဝကို ပိုင်ဆိုင်ကြသူများ ဖြစ်သည်။ ယင်းမှာ အန္တိခရစ်တို့က လူကောင်းများကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ အမှုဆင်ခြင်းနှင့် အန္တရာယ်ပေးခြင်းတို့အပြင် အလွှာပေါင်းစုံမှ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဆန့်ကျင်ခြင်းတို့အား လုပ်နိုင်စွမ်းရှိသည့် အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့၏ နတ်ဆိုးသဘာဝ နှင့်ဆိုင်သော ပဉ္စမလက္ခဏာရပ် ဖြစ်သည်။

ဆဋ္ဌမအနေဖြင့် အန္တိခရစ် နတ်ဆိုးများအားလုံးသည် သန့်ရှင်းသောဝိညာဉ်တော် အသုံးပြုသည့်လူအပေါ် ၎င်းတို့၏ အရိုးများထဲအထိ နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် အမုန်းတရားရှိကြပြီး သူ့ကို အစားထိုးရန် ကြံစည်တတ်ကြသည်။ ၎င်းတို့သည် ဒေါသထွက်ပြီး သဲကြီးမဲကြီး ဖြစ်တတ်ကြသည်။ အသင်းတော်များက ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ ဆောင်ရွက်သည်ကို ၎င်းတို့မြင်သောအခါနှင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် ၎င်းတို့၏ယုံကြည်မှုတွင် မှန်ကန်သောလမ်းကြောင်းထဲ စတင်ဝင်ရောက်သည်ကို မြင်သောအခါ ၎င်းတို့သည် ရိုင်းစိုင်းသော တန်ပြန်တိုက်ခိုက်မှုများကို ဒေါသတကြီး စတင်ကြပြီး အသင်းတော် ရွေးကောက်ပွဲများကို နှောင့်ယှက်ရန် ၎င်းတို့အစွမ်းကုန် လုပ်ဆောင်ကြလေသည်။ ဘုရားသခင်ရွေးချယ်ထားသော လူတို့ကို လှည့်စားဖို့ရန်အလို့ငှာ အတွေမှားများနှင့် အယူလွဲမှုမျိုးစုံကို ဖြန့်ကျဲပြီး ဘုရားသခင့်အိမ်တော်ထဲက အလွှာပေါင်းစုံ၏ ခေါင်းဆောင်များနှင့် အမှုဆောင်များကို အတုအယောင်အဖြစ် တိုက်ခိုက်ဝေဖန်ပြီး ရှုတ်ချသည်အထိ လုပ်ဆောင်ကြလေသည်။ ဤသည်မှာ ဘုရားသခင်ရွေးချယ်ထားသော လူများနှင့် အလွှာပေါင်းစုံ၏ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကြားတွင် ၎င်းတို့သည် သဘောထားကွဲလွဲမှုကို မျိုးစေ့ချနိုင်ဖို့ရန် ဖြစ်လေသည်။ ဘုရားသခင်ရွေးချယ်သော လူတို့ကို လှည့်ဖြားခြင်းနှင့် ထိန်းချုပ်ခြင်းတို့အတွက် အခြားသူများအား သမ္မာတရားကို လိုက်လျှောက်ပြီး ဘုရားသခင်၏အမှုကို အမှန်ပင် နာခံကာ အလွှာတိုင်းမှ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်လာဖို့ရန် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခဲ့ပြီးသူတို့ကို ရွေးချယ်ရန်ထက် မိမိတို့ကို မဲပေးပြီး နာခံစေကြသည်အထိ အရှက်မရှိ လုပ်ဆောင်ကြလေသည်။ ဤအရာက အသင်းတော်များကို စိုးမိုးခြယ်လှယ်ရန်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို ထိန်းချုပ်ရန်ဖြစ်သော အန္တိခရစ်တို့၏ ရည်မှန်းချက်များကို သိသိသာသာ ထင်ရှားစေသည်။ အန္တိခရစ်နတ်ဆိုးအားလုံးသည် သန့်ရှင်းသောဝိညာဉ်တော် အသုံးပြုသောလူကိုသာမက ဘုရားသခင့်အိမ်တော်ထဲက အလွှာပေါင်းစုံမှ ခေါင်းဆောင်များနှင့် အမှုဆောင်များကိုလည်း အထူးသဖြင့် မုန်းကြသည်ဟု ဤအရာမှ ကောက်ချက်ချနိုင်ပေသည်။ ဤအရာက ဘုရားသခင့် အိမ်တော်ထဲတွင် သမ္မာတရားအုပ်စိုးခြင်းကို အကြောက်ရွံ့ဆုံးဖြစ်ပြီး ဘုရားသခင့်အိမ်တော်ထဲတွင် သမ္မာတရားကို ရှာဖွေသူများ လိုက်လျှောက်သောသူတို့ကို အကြောက်ရွံ့ဆုံးဖြစ်သည့် အန္တိခရစ် နတ်ဆိုးများ၏ စက်ဆုပ်ဖွယ်ရာ ကြံရွယ်ချက်များကို ထပ်၍ပင် ဖော်ထုတ်လေသည်။ ဤသည်မှာ ဘုရားသခင့် အိမ်တော်ထဲတွင် သမ္မာတရားနှင့် သမ္မာတရားကို ရှာဖွေသောလူတို့ အုပ်စိုးသည့်နေ့သည် အန္တိခရစ်များက ၎င်းတို့၏ အဆုံးသတ်ကို မြင်တွေ့ကြရမည့် နေ့ရက်ဖြစ်သောကြောင့်ပင် ဖြစ်သည်။ သိသာစွာပင် အန္တိခရစ် နတ်ဆိုးများ အမုန်းတီးဆုံးသောအရာမှာ သန့်ရှင်းသောဝိညာဉ်တော် အသုံးပြုသောလူနှင့် သမ္မာတရားကို လိုက်လျှောက်ကြသော အလွှာပေါင်းစုံမှ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်လေသည်။ ဤသည်မှာ အန္တိခရစ်တို့၏ နတ်ဆိုးသဘာဝနှင့်ဆိုင်သော ဆဋ္ဌမမြောက် လက္ခဏာရပ်ဖြစ်သည်။

သတ္တမအနေဖြင့် မည်သည့်အန္တိခရစ် နတ်ဆိုးမျှသည် မည်သည့်ပြင်းထန်သော ကျရှုံးမှု သို့မဟုတ် ငြင်းပယ်မှုကို ၎င်းတို့ ကြုံရပါစေ၊ အမှန်တကယ် နောင်တရလိမ့်မည်မဟုတ်သလို ၎င်းတို့သည် ကိုယ့်ကိုယ်ကို သိရှိဖို့ရန် မိမိကိုယ်ကို စစ်မှန်စွာ ဆင်ခြင်သုံးသပ်ကြလိမ့်မည် မဟုတ်ပေ။ နတ်ဆိုးအချို့က မျက်ရည်များ ကျကောင်းကျနိုင်လင့်ကစား၊ ဤသည်တို့မှာ နောင်တမျက်ရည်များ မဟုတ်ဘဲ၊ ယင်းထက် မတရားခံရခြင်း၊ မနာခံမှု၊ မုန်းတီးခြင်း၏ မျက်ရည်များပင် ဖြစ်သည်။ ယင်းတို့သည် စိတ်မကောင်းခြင်း သို့မဟုတ် ကျေးဇူးတင်ရှိခြင်း၏ မျက်ရည်များ လုံးဝမဟုတ်ချေ။ ဤသည်မှာ အသိစိတ် သို့မဟုတ် အသိတရား မရှိကြသောသူ အားလုံးသည် နတ်ဆိုးများ ဖြစ်ကြသောကြောင့်ဖြစ်ပြီး နတ်ဆိုးအားလုံးသည် လူ့သဘောသဘာဝ တစ်စက်မျှပင် မရှိကြချေ။ ၎င်းတို့ အားလုံးသည် စာတန်အမျိုးအစားများ ဖြစ်ကြပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရလိမ့်မည်မဟုတ်ပေ။ အန္တိခရစ် နတ်ဆိုးများသည် မကောင်းဆိုးဝါးစာတန်၏ သဘောသဘာဝကို အားလုံးပိုင်ဆိုင်ကြပြီး ကယ်တင်၍ မရနိုင်လောက်အောင်ပင် ဖြစ်ကြသည်၊ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘယ်သောအခါမျှ သိကြလိမ့်မည် မဟုတ်သလို အမှန်တကယ် နောင်တရကြလိမ့်မည် မဟုတ်ချေ။ ၎င်းတို့သည် သမ္မာတရားကို ဘယ်သောအခါမျှ လက်ခံလိမ့်မည် မဟုတ်သကဲ့သို့ ဘုရားသခင်ကို အမှန်တကယ် နာခံကြလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်တို့၏ နတ်ဆိုးသဘာဝနှင့်ဆိုင်သော သတ္တမမြောက် လက္ခဏာရပ်ဖြစ်သည်။

အထက်ပါ လက္ခဏာခုနှစ်ရပ်သည် အန္တိခရစ်နတ်ဆိုးတို့၏ ဆိုးယုတ်သော အနှစ်သာရနှင့် သဘောသဘာဝတို့၏ စုံလင်သော လျှပ်တပြက်ပုံရိပ်တစ်ခု ဖြစ်သည်။ အန္တိခရစ်တို့၏ ဤလက္ခဏာရပ် ခုနှစ်ခုကို ပိုင်ဆိုင်သောသူအားလုံးသည် စစ်မှန်သော စာတန်များနှင့် မကောင်းဆိုးဝါးများ ဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် မကောင်းဆိုးဝါးများမှ ဝင်စားကြသော စာတန်၏ လက်ပါးစေများ ဖြစ်ကြသည်။

အနန္တတန်ခိုးရှင်အသင်းတော် အလုပ်အစီအစဉ်များ၏ လက်ရွေးစင် နှစ်အလိုက်မှတ်တမ်းတွင်ပါဝင်သော “စာတန်ကို စစ်မှန်စွာ တော်လှန်ပြီး အောင်နိုင်ရန်အလို့ငှာ အန္တိခရစ်များကို လုံးလုံးလျားလျား နှင်ထုတ်ပစ်ရမည်” မှ

ယခင်က:အသင်းတော်များသည် ဘာသာတရားများအဖြစ် ပြောင်းလဲသွားရသည်မှာ အဘယ်ကြောင့်နည်း။

နောက်တစ်ခုသို့:ခရစ်တော် အယောင်ဆောင်သောသူတစ်ဦးဆိုသည်မှာ အဘယ်နည်း။ ခရစ်တော် အယောင်ဆောင်သောသူတစ်ဦးကို မည်သို့ သိမြင်နိုင်သနည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ