အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၆။ ရိုးသားသော လူတစ်ဦးဆိုသည်မှာ အဘယ်နည်း။ ရိုးသားသော လူများကို ဘုရားသခင် အဘယ်ကြောင့် ကြိုက်နှစ်သက်ပါသနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်က ရိုးသားသူကိုနှစ်သက်မှန်း သင်တို့သိထားသင့်သည်။ ဘုရားသခင်၌ သစ္စာရှိခြင်း၏ အနှစ်သာရရှိသဖြင့် သူ၏နှုတ်ကပတ်တော်ကို အမြဲယုံကြည်စိတ်ချနိုင်သည်။ ထို့အပြင် သူ၏လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယရှိရန်မလိုပေ။ ထို့ကြောင့် သူ့အပေါ် ပကတိရိုးသားဖြောင့်မတ်သူများကို ဘုရားသခင်က နှစ်သက်ခြင်းဖြစ်သည်။ ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားကို ပေးအပ်ခြင်း၊ မည်သည့်အချိန်တွင်မဆို မည်သည့်အရာကိုမျှ လိမ်လည်မှု မရှိခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှလူများကို လိမ်လည်ခြင်းနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမျှ မပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရ မပြုခြင်းတို့ပင်ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားဖြောင့်မတ်မှုရှိခြင်း ဆိုသည်မှာ သင်၏ ကိုယ်နှုတ်အမူအရာတို့ကို မသန့်ရှင်းစေခြင်းမှ ရှောင်ရှား၍ ဘုရားသခင်ကိုဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။...တချို့သူများသည် ဘုရားသခင် ရှေ့မှောက်တွင် အလွန်မှန်ကန်စွာပြုမူ၍ “အပြုအမူကောင်းများ” အထူးရှိပုံရသော်လည်း ဝိညာဉ်တော် ရှေ့မှောက်တွင်မူ ဖီဆန်အာခံသွားကာ ထိန်းချုပ်ထားမှုများ ပယ်ပျောက်တော့သည်။ ရိုးသားခြင်း အဆင့်များထဲတွင် ထိုကဲ့သို့သော လူသားကို သင်တို့ ထည့်တွက်မည်လား။ အကယ်၍ သင်သည် ကြောင်သူတော်တစ်ဦးဖြစ်ပြီး ဆက်ဆံရေး အထူးကောင်းမွန်ပါက သင်သည် ဘုရားသခင်အား မထီမဲ့မြင်ပြုသူ ဖြစ်သည်မှာ သေချာသည်ဟု ငါဆိုသည်။ အကယ်၍ သင့်စကားများက ဆင်ခြေများ၊ အဖိုးမတန်သော ကျိုးကြောင်းပြချက်များနှင့် ပြည့်နှက်နေမည်ဆိုပါက သင်သည် သမ္မာတရား လက်တွေ့ကျင့်သုံးရမည်ကို အလွန်တရာကို စက်ဆုတ်သောသူတစ်ဦး သာဖြစ်သည်ဟု ငါဆို၏။ အကယ်၍ သင်သည် လျှို့ဝှက်ချက်များ ရှိလွန်းသဖြင့် မျှဝေရန် တွန့်ဆုတ်နေပြီး အလင်းအတွက်လမ်းကြောင်းကို ရှာဖွေဖော်ထုတ်ရန် သင်၏ လျှို့ဝှက်ချက်များ— တနည်းအားဖြင့် ဆိုသော် သင့်အခက်အခဲများ— ကို အခြားသူများရှေ့တွင် ဖော်ပြရန် လိုလိုလားလားမရှိပါက၊ သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။ သမ္မာတရား၏ လမ်းကိုရှာဖွေခြင်းသည် သင့်ကို ကောင်းစွာ သဘောကျကျေနပ်စေသည်ဆိုပါက သင်သည် အလင်းထဲ၌ အစဉ်အမြဲ နေထိုင်သူတစ်ဦးဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အိမ်တော်၌ မထင်မရှားနေပြီး ကြိုးကြိုးစားစားနှင့် တာဝန်ကျေပွန်စွာ အလုပ်လုပ်လျက် အမြဲတမ်းပေးကမ်း၍ မည်သည့်အခါမျှ ရယူခြင်းမရှိသော အစေခံသူတစ်ဦး ဖြစ်ရသည်ကို အလွန်၀မ်းမြောက်ပါက သင်သည် သစ္စာရှိသော သန့်ရှင်းသူတစ်ယောက်ဖြစ်သည်ဟု ငါဆိုသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဆုလာဘ်ကိုမမျှော်ကိုးဘဲ ပကတိ ရိုးသားသူတစ်ယောက်သာ ဖြစ်သောကြောင့်တည်း။ သင်သည် ပွင့်လင်းရန် လိုလိုလားလား ရှိလျှင်၊ သင်သည် သင်၏အလုံးစုံကို အသုံးခံရန် လိုလိုလားလားရှိလျှင်၊ သင်သည် ဘုရားသခင်အတွက် သင့်ဘဝကိုစတေးနိုင်ကာ သက်သေရပ်တည်နိုင်လျှင်၊ သင်သည် မိမိအတွက်မစဉ်းစားဘဲ သို့မဟုတ် မိမိကိုယ်ကျိုးမပါဘဲ ဘုရားသခင် ကျေနပ်သဘောကျရန်ကိုသာ သိသောအဆင့်အထိ ရိုးသားသည်ဆိုပါက၊ ဤလူတို့သည် အလင်းထဲတွင် အားဖြည့်ပေးခြင်းခံရကာ နိုင်ငံတော်တွင် ထာဝရ အသက်ရှင်မည့်သူများ ဖြစ်သည်ဟု ငါဆိုသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သတိပေးချက် သုံးချက်” မှ

ပုံမှန်လူတို့၏ စိတ်နေသဘောထားများတွင် ကောက်ကျစ်စဥ်းလဲမှု သို့မဟုတ် လှည့်ဖြားမှုတို့ မရှိပေ၊ လူတို့သည် အချင်းချင်း တစ်ယောက နှင့် တစ်ယောက် ပုံမှန်ဆက်ဆံရေး ရှိကြသည်၊ သူတို့သည် တစ်ဦးတည်း မရပ်တည်၊ သူတို့၏ အသက်တာများသည်လည်း သာမန်မျှသာ မဟုတ်သကဲ့သို့ ယိုယွင်းပျက်စီးမှုလည်း မရှိ။ ထိုနည်းတူစွာ ဘုရားသခင်သည် အားလုံးတို့အကြားတွင် ချီးမြှောက်ခံရသည်၊ သူ၏ နှုတ်ကပတ်တော်များ သည်လည်း လူ့အလယ်တွင် စိမ့်ဝင်ပျံ့နှံ့သည်၊ ဘုရားသခင်၏ ကာကွယ်မှုနှင့် စောင့်ရှောက်မှု အောက်တွင် လူများသည်လည်း အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် ငြိမ်းချမ်းစွာ နေထိုင်ကြသည်၊ စာတန်၏ တားဆီး နှောင့်ယှက်မှု မပါဘဲနှင့် ကမ္ဘာမြေကြီးသည်လည်း စည်းလုံးညီညွှတ်မှုနှင့် ပြည့်လွှမ်းနေကာ၊ လူ့ အလယ်တွင် ဘုရားသခင်၏ ဘုန်းတော်သည် အရေးကြီးဆုံး အရာအဖြစ် ရှိ၏။ ထိုကဲ့သို့သော လူများ သည် ကောင်းကင်တမန်များကဲ့သို့ ဖြစ်၏၊ ဖြူစင်သည်၊ အားမာန်ပြည့် လျက်ရှိသည်၊ ဘုရားသခင် အကြောင်းကို မည်သည့်အခါမျှ ညည်းညူ ပြောဆိုခြင်းမရှိဘဲ၊ ၎င်းတို့၏ လုံ့လအားလုံးကို ကမ္ဘာမြေကြီးပေါ်မှ ဘုရားသခင်၏ ဘုန်းတော်တစ်ခုတည်း အတွက်သာ ဆက်ကပ်အပ်နှံထားကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏စာအုပ်ထဲရှိ “အခန်း ၁၆” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် မှ

ရင်ထဲတွင် အခြားသူများအပေါ် သံသယမထားသည့် သူများကို ငါအလွန်သဘောကျသည်။ သမ္မာတရားကို မဆိုင်းမတွ လက်ခံသောသူများကိုလည်း ငါအလွန်သဘောကျသည်။ ထိုသို့သောလူနှစ်မျိုးအပေါ် ငါအလွန်ဂရုစိုက်သည်။ အဘယ်ကြောင့်ဆိုသော် ငါ၏အမြင်၌ သူတို့သည် ရိုးသားသောသူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကမ္ဘာမြေကြီးရှိဘုရားသခင်ကို သိရှိနိုင်ပုံ” မှ

ငါ၏နိုင်ငံတော်သည် ရိုးသားသူတို့ကို လိုအပ်လေသည်၊ သူတော်ကောင်းယောင်ဆောင်သူတို့ကို မလိုအပ်၊ လိမ်လည်လှည့်ဖြားသူတို့ကို မလိုအပ်။ စိတ်သဘောထား မှန်ကန်သောသူ၊ ရိုးသားသောသူတို့သည် ကမ္ဘာပေါ်တွင် ရေပန်းမစားဘူး မဟုတ်လော။ ငါသည် ဆန့်ကျင်ဘက်သက်သက်သာ ဖြစ်သည်။ ရိုးသားသူတို့ ငါ့ထံသို့လာခြင်းကို လက်ခံနိုင်သည်၊ ထိုသို့သောသူမျိုးတွင် ငါသည် ဝမ်းမြောက်ခြင်းရှိ၏၊ ထိုသို့သောသူမျိုးကို ငါသည် လိုလည်းလိုအပ်၏။ ဤသည်မှာ ငါ၏ဖြောင့်မတ်ခြင်း အတိအကျပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၃၃” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

လူတို့အား ရိုးသားကြရန် ဘုရားသခင်တောင်းဆိုခြင်းမှာ သူသည် လိမ်လည်လှည့်ဖြားသောသူများကို အမှန်တကယ် စက်ဆုပ်ရွံရှာကြောင်း၊ လိမ်လည်လှည့်ဖြားသောလူများကို မနှစ်သက်ကြောင်း သက်သေပြခြင်းဖြစ်သည်။ လိမ်လည်လှည့်ဖြားသောလူများကို ဘုရားသခင် မနှစ်သက်ရခြင်းမှာ သူသည် ၎င်းတို့၏ အပြုအမူများ၊ စိတ်သဘောထားနှင့် ၎င်းတို့၏ အရင်းခံအကြောင်းများကို မကြိုက်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ တစ်နည်းဆိုသော် အမှုအရာများအား ၎င်းတို့ လုပ်ဆောင်ပုံကို ဘုရားသခင် မကြိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် အကယ်၍ ငါတို့သည် ဘုရားသခင်ကို ကျေနပ်အားရစေရမည် ဆိုပါက၊ ငါတို့သည် ပထမဦးစွာ ငါတို့၏အပြုအမူများနှင့် ဘ၀ရပ်တည်မှုပုံစံကို ပထမဦးစွာ ပြောင်းလဲရမည်။ ယခင်က လူတို့အကြားတွင် အသက်ရှင်ရန် မုသားများနှင့် ဟန်ဆောင်ခြင်းတို့အပေါ် ငါတို့ မှီခိုကြ၏။ ဤအရာသည် ငါတို့၏ အရင်းအနှီးဖြစ်ပြီး၊ ငါတို့ ကိုယ့်ကိုယ်ကိုယ် ပြုမူနေထိုင်ကြသည့် ဖြစ်တည်မှုဆိုင်ရာ အခြေခံအကြောင်းရင်း၊ ဘဝနှင့် အခြေခံအုတ်မြစ် ဖြစ်ခဲ့ပြီး၊ ဘုရားသခင်က ထိုအရာအားလုံးကို စက်ဆုပ်ရွံရှာသည်။ လောကကြီး၏ မယုံကြည်သူများကြားတွင်၊ မည်သို့ ခြယ်လှယ်ရန် သို့မဟုတ် လှည့်ဖြားတတ်ရန် သင် မသိလျှင်၊ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ သင့်အတွက် ခက်ခဲနိုင်သည်။ မုသားများကိုသာ သင်ပြောနိုင်လိမ့်မည်၊ လိမ်လည်လှည့်စားမှုကိုသာ လုပ်ဆောင်နိုင်ပြီး၊ ပိုမိုကောင်းမွန်သော ဘဝကို ရရှိဖို့ရန်အလို့ငှာ မိမိကိုယ်ကိုယ် ကာကွယ်ပြီး ဖုံးကွယ်ရန်အတွက် ဒုက္ခပေးတတ်ပြီး ခိုးကြောင်ခိုးဝှက် နည်းစနစ်များကိုသာ သင် သုံးနိုင်လိမ့်မည်။ ဘုရားသခင်၏ အိမ်တော်တွင်၊ အတိအကျ ဆန့်ကျင်ဘက်ဖြစ်၏- သင် ပိုမိုလှည့်ဖြားတတ်လေလေ၊ မိမိကိုယ်ကိုယ် ဟန်ဆောင်မှုပြုရန်နှင့် ပြရုပ်တင်ရန် ဆန်းပြားသော ကြိုးကိုင်ခြယ်လှယ်ခြင်းကို သင်အသုံးချလေလေဖြစ်ပြီး၊ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရန် သင် လျော့နည်းလေလေ ဖြစ်သည်၊ ထို့အပြင် ထိုသို့သော လူတို့ကို ဘုရားသခင် ပိုမို စက်ဆုပ်ရွံရှာပြီး ငြင်းပယ်လေလေ ဖြစ်သည်။ ရိုးသားသော လူတို့သာ ကောင်းကင်နိုင်ငံတော်တွင် ပါဝင်ဖို့ ကဏ္ဍတစ်ခု ရှိလိမ့်မည်ဖြစ်သည်ဟု ဘုရားသခင်က ရှေးမဆွက ခွဲခန့်မှတ်သားထားပြီးဖြစ်သည်။ သင် မရိုးသားလျှင်၊ ထို့အပြင် သင့်အသက်တာတွင် သင်၏ လက်တွေ့လုပ်ဆောင်မှုက ရိုးသားခြင်းဆီသို့ ဦးတည်ခြင်း မပြုသကဲ့သို့ သင်၏ ကိုယ်ပိုင်စရိုက်မှန်ကို သင် မထုတ်ဖော်လျှင်၊ ဘုရားသခင်၏ အမှုတော်ကို ရရှိခြင်းနှင့် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရရှိခြင်း အခွင့်အရေးတစ်ခုကိုမျှ သင် ဘယ်သောအခါမျှ ရရှိလိမ့်မည် မဟုတ်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ရိုးသားသော လူတစ်ဦးဖြစ်ဖို့ရန် ဆိုသည်မှာ အဘယ်အရာကို အမှန်တကယ် ဆိုလိုပါသနည်း။ ပထမဦးစွာ၊ ရိုးသားသောသူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသည်၊ ၎င်းတို့ စိတ်နှလုံးသားများထဲတွင် ဘုရားသခင်ကို ချီးမြှောက်ပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်နိုင်သည်ဟု ကျွန်ုပ်တို့ အသေအချာ ပြောနိုင်သည်။ ဒုတိယအနေဖြင့်၊ ရိုးသားသောသူက လက်တွေ့ကျပြီး ယထာဘူတကျကျ ပုံစံဖြင့် စကားပြောသည်။ ၎င်းတို့သည် အချက်အလက်များကို လိုရာဆွဲမပြောပါ၊ ၎င်းတို့သည် တရားသဖြင့် စကားပြောဆိုကြပြီး၊ အခြားသူများကို သင့်တင့်မျှတစွာ ဆက်ဆံကြသည်။ တတိယအနေဖြင့်၊ ရိုးသားသောသူက ဘုရားသခင်ကို ကြည်ညိုသည်၊ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြပြီး၊ ဘုရားသခင်ကို နာခံကြသည်။ စတုတ္ထအနေဖြင့်၊ ရိုးသားသောသူသည် ၎င်းတို့၏ တာဝန်များကို သစ္စာရှိစွာ ထမ်းရွက်ကြသည် ၎င်းတို့ လုပ်ဆောင်သမျှအရာတိုင်းတွင် ဘုရားသခင်ကို သစ္စာရှိကြသည်။ ပဥ္စမအနေဖြင့်၊ ရိုးသားသောလူတစ်ဦးက ၎င်း၏ စိတ်နှလုံးသားထဲတွင် ဘုရားသခင်ကို ချစ်သည်။ အရာခပ်သိမ်းတွင် ဘုရားသခင်၏ အလိုတော်ကို ၎င်းတို့က ထည့်သွင်းစဉ်းစားနိုင်သည်။ ဆဋ္ဌမအနေဖြင့်၊ ရိုးသားသော လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် အသက်ရှင်ပြီး၊ ဘုရားသခင်ကို အမှန်တကယ် ဝတ်ပြုကိုးကွယ်နိုငသည်။ အထက်တွင် ဖော်ပြသည့် ထူးခြားသောလက္ခဏာများကို ပိုင်ဆိုင်သော တစ်ဦးတစ်ယောက်သည် ရိုးသားသောလူတစ်ဦး ဖြစ်သည်။ သူ၏ မျက်မှောက်တော်၌ ဤလူများ ရှင်သန်ကြသောအခါ ဘုရားသခင်က ကျေနပ်လေသည်။ ဤသည်မှာ ဘုရားသခင်က စုံလင်စေချင်သော လူပုဂ္ဂိုလ်မျိုး၊ ဘုရားသခင်က အမှန်တကယ် ရယူချင်သော လူပုဂ္ဂိုလ်မျိုးပင် အတိအကျ ဖြစ်သည်။ ဤသို့သော ပုဂ္ဂိုလ်မျိုးသည် ရိုးသားသောလူတစ်ဦး ဖြစ်သည်။

အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၅) တွင်ပါဝင်သော “ရိုးသားပွင့်လင်းသောသူတစ်ဦးဖြစ်ခြင်း- အကျဉ်းချုပ်” မှ

ဘုရားသခင်သည် အဘယ်ကြောင့် ရိုးသားသောလူတို့ကို နှစ်သက်ပါသနည်း။ ပထမဦးစွာ ရိုးသားသောလူတို့သည် အခြားသူတို့နှင့် သင့်မြတ်စွာ အဆင်ပြေပြေနေနိုင်သည်။ သူတို့သည် အခြားသူများ၏ ရင်းနှီးသော မိတ်ဆွေများ ဖြစ်နိုင်သည်။ သူတို့က သင့်ကို မလှည့်ဖြားဘဲ အမှန်တရားကို ပြောသည်။ ဤကဲ့သို့သောလူတို့နှင့် ဆက်ဆံရသောအခါ သင့်စိတ်က ရှင်းလင်းသည်။ စိတ်သက်သာပြီး အေးချမ်းနေသည်။ ဒုတိယအနေဖြင့် အရေးကြီးဆုံးအရာမှာ ရိုးသားသောလူများသည် ယုံကြည်စိတ်ချရပြီး အားထား၍ရနိုင်သည်။ သူတို့ကို တစ်စုံတစ်ရာ သင်အပ်နှံသောအခါ သို့မဟုတ် သူတို့က သင့်ကို ကူညီသောအခါ သူတို့ကို သင် စိတ်ချယုံကြည်နိုင်သည်။ ဤသည်မှာ ရိုးသားသောလူတို့နှင့် ဆက်ဆံရသောအခါ သင် စိတ်အေးလက်အေးဖြစ်ပြီး၊ သက်သောင့်သက်သာဖြစ်ကာ စိုးရိမ်မှုကင်းပြီး ငြိမ်းချမ်းစွာ ခံစားရသည့် အကြောင်းရင်းဖြစ်သည်။ ကိုယ်စိတ်ချမ်းသာခြင်းနှင့် ပျော်မွေ့မှုအသိကို သင်ခံစားရသည်။ ရိုးသားသောလူတို့သည်သာ အခြားသူများ၏ ရင်းနှီးသော မိတ်ဆွေများ ဖြစ်လာနိုင်ပြီး အခြားသူများ၏ ယုံကြည်စိတ်ချမှုကို ရရှိနိုင်သည်။ ထို့ကြောင့် ရိုးသားသော လူတစ်ဦးသည်သာ လူသားဖြစ်ခြင်း၏ စစ်မှန်သော ပုံသဏ္ဍာန်ဖြစ်သည်။

အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၇) တွင်ပါဝင်သော “သမ္မာတရားကို နားလည်ခြင်းနှင့် စာတန်၏ သြဇာလွှမ်းမိုးမှုကို ဖယ်ရှားခြင်းသည်သာလျှင် ကယ်တင်ခြင်းဖြစ်၏” မှ

ယခင်က:ဘုရားသခင်နှင့် မှန်ကန်သော ဆက်ဆံရေးတစ်ခု မည်သို့ တည်ဆောက်နိုင်မည်နည်း။

နောက်တစ်ခုသို့:လှည့်ဖြားတတ်သော လူတစ်ဦးဆိုသည်မှာ အဘယ်နည်း။ လှည့်ဖြားတတ်သော လူတို့သည် အဘယ်ကြောင့် ကယ်တင်ခြင်းကို မရရှိနိုင်ကြပါသနည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ