အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၂၀။ မယုံကြည်သူတစ်ဦး ဆိုသည်မှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သင်သည် ဘုရားသခင်ကို ယုံကြည်သောသူ ဖြစ်သောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးနှင့် သူလုပ်ဆောင်သည့် အလုပ်အားလုံးကို သင်ယုံကြည်ရမည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ယုံကြည်သောသူ ဖြစ်သောကြောင့် ဘုရားသခင်ကို နာခံရမည်။ မနာခံနိုင်လျှင် ဘုရားသခင်ကို သင်ယုံသည်၊ မယုံဘူးဟူသည့် အချက်သည် အရေးမကြီးတော့။ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ကြာသည်အထိ ယုံကြည်ခဲ့သော်လည်း ဘုရားသခင်ကို တစ်ခါမျှ မနာခံဖူးလျှင် (သို့မဟုတ်) သူ၏ နှုတ်ကပတ်တော် အားလုံးကို လက်မခံဖူးဘူးဆိုလျှင်၊ ထိုအစား ဘုရားသခင်အား သင်၏ အကြံအစည်များအတိုင်း ပြုမှုရန်နှင့် သင့်ကို လိုက်လျောရန် တောင်းဆိုမည်ဆိုလျှင် သင်သည် လူများ အားလုံးထဲတွင် အပုန်ကန်ဆုံးသူ ဖြစ်သည်၊ သင်သည် မယုံကြည်သူ တစ်ဦးပင်ဖြစ်သည်။ ထိုသို့သော သူတစ်ဦးက လူတို့၏ အယူအဆနှင့် ကိုက်ညီမှုမရှိသော ဘုရားသခင်၏ အလုပ်နှင့် နှုတ်ကပတ်တော်များကို မည်သို့ နာခံနိုင်သနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည်” မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မှားယွင်းစွာသိနားလည်ကြသူများအားလုံးသည် မယုံကြည်သူများ ဖြစ်ကြသည်။ သူတို့၌ သိခြင်းတစ်စုံတစ်ရာမျှ မရှိကြပေ၊ စစ်မှန်သော၀ိညာဉ်အသက်တာမူကား သာ၍နည်းလေ၏၊ သူတို့သည် စစ်မှန်မှုမရှိသည့် ပညာမဲ့သောသူများဖြစ်ကြသည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အနှစ်သာရအပြင်ဘက်တွင် နေထိုင်သောသူများသည် မယုံကြည်သူများ ဖြစ်ကြသည်။ လူသားများက မယုံကြည်သူများဟု မှတ်ယူခံရသောသူများသည် ဘုရားသခင်၏အမြင်၌ သားရဲများဖြစ်ကြပြီး ဘုရားသခင်က မယုံကြည်သူများဟု မှတ်ယူခံရသောသူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို သူတို့၏အသက်တာအဖြစ် မပိုင်ဆိုင်သောသူများ ဖြစ်ကြသည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို မပိုင်ဆိုင်သောသူများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသက်ရှင်နေထိုင်ရန် ပျက်ကွက် သောသူများသည် မယုံကြည်သူများ ဖြစ်ကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်းသည်သာလျှင် စစ်မှန်မှုအား ပိုင်ဆိုင်ခြင်းဖြစ်သည်” မှ

လူအချို့တို့၏ ယုံကြည်မှုမှာ ဘုရားသခင်၏ စိတ်နှလုံးထဲတွင် မည်သည့်အခါမျှ အသိအမှတ်ပြုခံရခြင်း မရှိပေ။ တစ်နည်းအားဖြင့်ဆိုပါက ဘုရားသခင်သည် ၎င်းတို့၏ ယုံကြည်မှုကို ချီးကျူးခြင်း မရှိသောကြောင့် ထိုလူများကို သူ၏ နောက်လိုက်များအဖြစ် ဘုရားသခင် လက်မခံခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤလူများသည် ဘုရားသခင် နောက်သို့ နှစ်ပေါင်း မည်မျှ လိုက်ခဲ့ပြီးသည် ဖြစ်စေ၊ ၎င်းတို့၏ အတွေးများ နှင့် အမြင်များမှာ မည်သည့်အခါမျှ ပြောင်းလဲခြင်း မရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မယုံကြည်သူများကဲ့သို့ပင် ဖြစ်၍ မယုံကြည်သူများ၏ နိယာမများ နှင့် လုပ်ပုံလုပ်နည်းတို့ကို လိုက်နာစောင့်ထိန်းကြသည်၊ ၎င်းတို့၏ အသက်ဆက်ရေး ပညတ်ချက်များ နှင့် ယုံကြည်မှုတို့ကို လိုက်နာစောင့်ထိန်းကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ၎င်းတို့၏ အသက်အဖြစ် မည်သည့်အခါမျှ လက်ခံခဲ့ခြင်း မရှိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်မှာ သမ္မာတရား ဖြစ်ကြောင်း မည်သည့်အခါမျှ ယုံကြည်ခဲ့ခြင်း မရှိ၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် မည်သည့်အခါမျှ ရည်ရွယ်ခဲ့ခြင်း မရှိသည့်အပြင် ဘုရားသခင်ကို ၎င်းတို့၏ ဘုရားသခင်အဖြစ် မည်သည့်အခါမျှ လက်ခံခဲ့ခြင်း မရှိကြပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အပျော်တမ်း ဝါသနာတစ်မျိုးအဖြစ် ၎င်းတို့က မှတ်ယူကြပြီး ဘုရားသခင်ကို ဝိညာဉ်ရေးရာ အာဟာရအဖြစ်မျှသာ သဘောထားကြသဖြင့် ၎င်းတို့က ဘုရားသခင်၏ စိတ်သဘောထား သို့မဟုတ် ဘုရားသခင်၏ အနှစ်သာရကို ကြိုးစား၍ နားလည်ရန်မှာ ထိုက်တန်ခြင်း မရှိဟု ထင်ကြသည်။ စစ်မှန်သော ဘုရားသခင် နှင့်ကိုက်ညီသော အရာမှန်သမျှမှာ ဤလူများ နှင့် မသက်ဆိုင်ကြောင်း သင် ဆိုနိုင်ပါသည်။ ၎င်းတို့သည် တုံ့ပြန်ရန် စိတ်ဝင်စားခြင်း မရှိသည့်အပြင် စိတ်အနှောင့်အယှက် မခံနိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ စိတ်နှလုံးအတွင်း အလွန်ကြီးမားသော အသံတစ်သံက ဘုရားသခင်ကို မြင်နိုင်ခြင်း ကိုင်တွယ်နိုင်ခြင်း မရှိ၊ ဘုရားသခင် မတည်ရှိဟူ၍ ၎င်းတို့အား အမြဲ ပြောနေခြင်းကြောင့် ဖြစ်သည်။ ဤကဲ့သို့ ဘုရားသခင်မျိုးကို နားလည်ရန် ကြိုးစားခြင်းမှာ ကြိုးပမ်းရကျိုးမနပ်၊ ၎င်းတို့ကိုယ်ကိုသာ အရူးလုပ်ခြင်း ဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို စကားလုံးများဖြင့်သာ အသိအမှတ်ပြုကြပြီး အမှန်တကယ် ရပ်တည်မှု တစ်စုံတစ်ရာ မပြုကြပေ။ ၎င်းတို့သည် မည်သည့်အရာကိုမျှ လက်တွေ့ လုပ်ဆောင်ခြင်းလည်းမရှိဘဲ ၎င်းတို့သည် အတော်အတန် တော်သည်ဟု ထင်နေကြသည်။ ဘုရားသခင်သည် ဤလူများအပေါ် မည်ကဲ့သို့ ထင်မြင်ယူဆသနည်း။ သူသည် ၎င်းတို့အား မယုံကြည်သူများအဖြစ် ရှုမြင်သည်။ လူအချို့က “မယုံကြည်သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်နိုင်သလော ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းရွက်နိုင်သလော၊ ၎င်းတို့က ကျွန်ုပ်သည် ဘုရားသခင်အတွက် အသက်ရှင်မည်ဟူသော ဤစကားလုံးများကို ဆိုနိုင်သလော” ဟု မေးကြသည်။ လူတို့ ယေဘုယျအားဖြင့် မြင်သောအရာမှာ လူတို့၏ အပေါ်ယံ ပြသချက်များပင် ဖြစ်သည်၊ ၎င်းတို့၏ အနှစ်သာရ မဟုတ်ပေ။ သို့သော်လည်း ဘုရားသခင်သည် ဤအပေါ်ယံ ပြသချက်များကို မကြည့်ပေ၊ သူသည် ၎င်းတို့၏ အတွင်းမှ အနှစ်သာရကိုသာ ကြည့်သည်။ ထို့ကြောင့် ဘုရားသခင်သည် ဤလူများအပေါ် ဤကဲ့သို့ သဘောထားမျိုး၊ ဤကဲ့သို့ အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးရှိခြင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်သဘောထား နှင့် သူ့အမှုတော်၏ ရလဒ်ကို သိနားလည်ပုံ” မှ

အချို့သောသူများသည် တရားစီရင်မှုကို မဆိုထားနှင့် သမ္မာတရား၌ပင် ဝမ်းမမြောက်ကြပေ။ ထို့အစား သူတို့သည် အာဏာနှင့် ဥစ္စာဓနတွင် ဝမ်းမြောက်ကြသည်။ ထိုသို့သောသူများကို သွေးကြီးသောသူများဟု ခေါ်သည်။ သူတို့သည် ကမ္ဘာပေါ်၌ အရှိန်အဝါရှိသော ဂိုဏ်းဂဏများနှင့် ကျမ်းစာကျောင်းများမှလာသော သင်းအုပ်များနှင့် ဆရာများကိုသာ အထူးသီးသန့် ရှာဖွေကြသည်။ သမ္မာတရားလမ်းကို လက်ခံပြီးဖြစ်သော်ငြားလည်း သူတို့သည် အယုံအကြည်ကင်းမဲ့နေဆဲဖြစ်ပြီး သူတို့ကိုယ်သူတို့ အပြည့်အဝ ပေးအပ်မြှုပ်နှံနိုင်ခြင်း မရှိကြသေးပေ။ ဘုရားသခင်အတွက် စွန့်လွှတ်အနစ်နာခံခြင်းအကြောင်း ပြောသော်လည်း သူတို့မျက်လုံးများသည် ကြီးကျယ်သော သင်းအုပ်များနှင့် ဆရာများအပေါ်တွင်သာ အာရုံစိုက်ပြီး ခရစ်တော်ကို ဘေးသို့ဖယ်ထားကြသည်။ သူတို့၏နှလုံးသားများသည် ကျော်ကြားမှု၊ ကြွယ်ဝမှုနှင့် ဂုဏ်အသရေတို့ဖြင့်သာ ပြည့်နေသည်။ ထိုကဲ့သို့ နုံချာလွန်းသူတစ်ယောက်သည် လူမြောက်မြားစွာကို သိမ်းပိုက်နိုင်စွမ်းရှိကြောင်းနှင့် လုံးဝမထူးခြားသောသူတစ်ဦးသည် လူများကို စုံလင်စေနိုင်ကြောင်းကို သူတို့လုံးဝမယုံကြည်ကြပေ။ ဖုန်မှုန့်နှင့် နွားချေးပုံများထဲ၌ရှိသော ဤအညတြလူများသည် ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံထားရသောသူများ ဖြစ်သည်ကို သူတို့လုံးဝမယုံကြည်ကြပေ။ အကယ်၍ ထိုသို့သောသူများသည် ဘုရားသခင်၏ကယ်တင်ခြင်းကို ခံရမည့်သူများဖြစ်လျှင် ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်ဖြစ်ကာ လူတိုင်းခေါင်းပြုတ်မတတ် ရယ်မောကြလိမ့်မည်ဟု သူတို့ယုံကြည်ကြသည်။ အကယ်၍ ဘုရားသခင်သည် ထိုသို့သောအညတြလူများကို စုံလင်အောင်ပြုရန် ရွေးချယ်ခဲ့သည်ဆိုပါက ကြီးမြတ်သောသူများသည် ဘုရားကိုယ်တိုင်ပင် ဖြစ်လာလိမ့်မည်ဟု သူတို့ယုံကြည်ကြသည်။ သူတို့၏ ထင်မြင်ယူဆချက်များသည် မယုံကြည်မှုနှင့် စွန်းထင်းနေသည်။ အကယ်စင်စစ် သူတို့သည် မယုံကြည်ဖို့နေနေသာသာ ရယ်စရာကောင်းသော သားရဲတိရိစ္ဆာန်များဖြစ်သည်။ အကြောင်းမှာ သူတို့သည် ရာထူးနေရာ၊ ဂုဏ်နှင့် အာဏာတို့ကိုသာ တန်ဖိုးထားကြပြီး၊ သူတို့အထင်ကြီးသည့်အရာမှာ လူအုပ်ကြီးများနှင့် ဂိုဏ်းဂဏကြီးများသာ ဖြစ်သောကြောင့်ဖြစ်သည်။ သူတို့သည် ခရစ်တော်၏ ဦးဆောင်ခြင်းခံရသောသူများကို အလေးထားမှုမရှိကြ။ သူတို့သည် ခရစ်တော်ကို ကျောခိုင်းထားသော သစ္စာဖောက်များ၊ သမ္မာတရားနှင့် အသက်ကို ကျောခိုင်းထားသော သစ္စာဖောက်များသာ ဖြစ်ကြသည်။

သင်လေးစားအားကျသည့်အရာမှာ ခရစ်တော်၏နှိမ့်ချမှု မဟုတ်ဘဲ သိုးထိန်းယောင်ဆောင်သော ထင်ရှားသည့် ထိုသူတို့သာ ဖြစ်သည်။ သင်သည် ခရစ်တော်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှု၊ သို့မဟုတ် ဉာဏ်ပညာကို ချစ်ခင်ခြင်းမရှိဘဲ၊ ဆိုးညစ်သော ကမ္ဘာကြီးနှင့်ပတ်သက်နေကြသည့် လျှပ်ပေါ်လော်လည်သူများကိုသာ ချစ်သည်။ ခေါင်းချရန် နေရာမရှိသော ခရစ်တော်၏ ဝေဒနာကို သင်သည် လှောင်ရယ်သည်။ လှူဖွယ်ပစ္စည်းများကို သိမ်းဆည်းကာ သောက်စားပျော်ပါးနေသော အလောင်းကောင်များကိုမူ သင်သည် လေးစားအားကျနေ၏။ သင်သည် ခရစ်တော်နှင့်အတူတကွ ဒုက္ခခံစားလိုစိတ်မရှိဘဲ ဇာတိကပတိ၊ ကျမ်းဟောင်းတရားများနှင့် ထိန်းချုပ်မှုတို့ကိုသာ သင့်အားပေးသော အဆင်အခြင်မဲ့သည့် အန္တိခရစ်များ၏ ရင်ခွင်ထဲသို့ ဝမ်းပန်းတသာ ခြေစုံပစ်ဝင်သွားသည်။ ယခုအချိန်အထိတိုင်အောင် သင့်နှလုံးသားသည် သူတို့ထံ၊ သူတို့၏ဂုဏ်သတင်းထံ၊ သူတို့၏ အဆင့်အတန်းထံ၊ သူတို့၏ အရှိန်အဝါထံ လှည့်ထားဆဲဖြစ်သည်။ သို့တိုင်အောင် သင်သည် ခရစ်တော်၏အမှုကို လက်ခံရန် ခက်ခဲသည့်သဘောထား၊ လက်မခံလိုသည့်သဘောထားကို ဆက်လက်စွဲကိုင်ထားဆဲဖြစ်သည်။ ဤအကြောင်းကြောင့် ခရစ်တော်ကို အသိအမှတ်ပြုသော ယုံကြည်ခြင်း သင်၌မရှိဟု ငါပြောခြင်းဖြစ်သည်။ သင့်အနေဖြင့် ခရစ်တော်နောက်သို့ ယနေ့အထိ လိုက်လာသည်မှာ ဖိအားပေးခြင်းခံရသောကြောင့်သာဖြစ်သည်။ မြင့်မြတ်သော ပုံရိပ်တသီတသန်းသည် သင့်နှလုံးသားထဲတွင် အစဉ်အမြဲ အခိုင်အမာရှိနေသည်။ သူတို့၏စကားလုံးနှင့် လုပ်ရပ်တိုင်းကိုသာမက သူတို့၏ လွှမ်းမိုးမှုရှိသော စကားလုံးများနှင့် လက်ရာများကို သင်မမေ့နိုင်ပေ။ သင်တို့၏နှလုံးသားထဲတွင် သူတို့သည် အစဉ်အမြဲ အကြီးမြတ်ဆုံး ဖြစ်နေသည်၊ ထာဝရသူရဲကောင်းများ ဖြစ်နေကြသည်။ သို့ရာတွင် ယနေ့ကာလ၏ ခရစ်တော်အတွက်မူ ထိုသို့မဟုတ်ပေ။ သင်၏နှလုံးသားထဲတွင် သူသည် အစဉ်မထင်မရှားဖြစ်နေပြီး ရိုသေလေးစားခံထိုက်ခြင်းမရှိသူ အစဉ်ဖြစ်နေသည်။ အကြောင်းမှာ သူသည် အလွန်သာမန်ဖြစ်နေပြီး၊ မြင့်မြတ်ရန်မဆိုထားနှင့် လွှမ်းမိုးမှုလည်း အလွန်နည်းသောကြောင့် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သမ္မာတရားကို တန်ဖိုးထားခြင်း မရှိသောသူအားလုံးသည် မယုံကြည်သူများ၊ သမ္မာတရားကို သစ္စာဖောက်သူများ ဖြစ်ကြသည်ဟု ငါပြော၏။ ထိုသို့သောသူများသည် ခရစ်တော်၏ သဘောကျမှုကို မည်သည့်အခါမျှ ရမည်မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ် ဖြစ်သလော” မှ

ဘုရားသခင်၌ သူတို့၏ ယုံကြည်ခြင်းတွင် လူတို့သည် ဘုရားသခင် ရှေ့မှောက်၌ မကြာခဏ အသက်မရှင်ကြလျှင်၊ သူတို့ စိတ်နှလုံးများထဲတွင် ဘုရားသခင်အတွက် ကြောက်ရွံ့မှု မရှိကြပေ၊ ထို့ကြောင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းငှာ သူတို့ မတတ်နိုင်ကြချေ။ ဤအရာများသည် ဆက်နွှယ်လျက် ရှိကြ၏။ သင်၏ စိတ်နှလုံးက ဘုရားသခင်ရှေ့တွင် မကြာခဏ အသက်ရှင်လျှင်၊ သင် ထိန်းချုပ်ခံရလိမ့်မည်ဖြစ်ပြီး၊ အမှုအရာများစွာတို့တွင် ဘုရားသခင်ကို သင် ကြောက်ရွံ့လိမ့်မည်။ သင် အလွန်ဝေးဝေး သွားလိမ့်မည်မဟုတ်၊ သို့မဟုတ် အသောက်အစား အပျော်အပါး၌ မွေ့လျော်သော မည်သည့်အရာကိုမျှ သင် လုပ်ဆောင်လိမ့်မည် မဟုတ်။ ဘုရားသခင် စက်ဆုပ်သော အရာကို သင် လုပ်ဆောင်လိမ့်မည် မဟုတ်သကဲ့သို့၊ အဓိပ္ပါယ်မရှိသော စကားများကို သင် ပြောဆိုလိမ့်မည် မဟုတ်။ ဘုရားသခင်၏ အကဲခတ်ခြင်းကို သင် လက်ခံပြီး ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းကို သင် လက်ခံလျှင်၊ ဆိုးညစ်သော အရာများစွာကို လုပ်ဆောင်ခြင်းအား သင် ရှောင်ရှားလိမ့်မည်ဖြစ်ပြီး- ထိုသို့ဖြင့် ဒုစရိုက်အမှုကို သင် ရှောင်ကြဉ်လိမ့်မည်၊ ဟုတ်ပါ၏လော။ အကယ်၍ ဘုရားသခင်ကို သင်၏ယုံကြည်မှု၌ စိတ်ရှုပ်ထွေးသည့် အခြေအနေတစ်ခု မကြာခဏ ရှိခြင်း၊ ဘုရားသခင်သည် သင်၏စိတ်နှလုံးထဲ၌ ရှိမရှိ မသိခြင်း၊ သင်၏စိတ်နှလုံးထဲ၌ မည်သည့်အရာကို လုပ်ဆောင်လိုကြောင်း မသိခြင်း၊ ဘုရားသခင်ရှေ့၌ ငြိမ်သက်ခြင်း မရနိုင်ခြင်းနှင့် တစ်စုံတစ်ရာဖြစ်သောအခါ ဘုရားသခင်ထံ ဆုမတောင်းခြင်း သို့မဟုတ် သမ္မာတရားကို မရှာဖွေခြင်း၊ သင်၏အလိုအတိုင်း မကြာခဏ ပြုမူလုပ်ဆောင်ခြင်း၊ သင်၏စာတန်ဆိုင်ရာ စိတ်သဘောထားအတိုင်း အသက်ရှင်ပြီး သင်၏မာနကြီးသော စိတ်သဘောထားကို ဖော်ထုတ်ခြင်း၊ ဘုရားသခင်၏ စိစစ်ခြင်း သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်းကို လက်မခံခြင်းနှင့် ဘုရားသခင်ကို မနာခံခြင်းပြုပါက၊ ဤကဲ့သို့လူများသည် စာတန်ရှေ့၌ အစဉ်အသက်ရှင်ကြပြီး ၎င်းတို့၏စာတန်ဆိုင်ရာ စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်းကို ခံကြရ၏။ ထို့ကြောင့် ယင်းကဲ့သို့ လူများသည် ဘုရားသခင်ကို အနည်းငယ်မျှ ကြည်ညိုခြင်း မရှိကြချေ။ ၎င်းတို့သည် မကောင်းမှုကို အမှန်ပင် မရှောင်နိုင်ကြသည့်အပြင် ၎င်းတို့သည် မကောင်းသောအရာများကို မပြုသော်လည်း၊ ၎င်းတို့တွေးသမျှမှာ မကောင်းသောအရာ ဖြစ်နေဆဲဖြစ်၍၊ ၎င်းမှာ သမ္မာတရားနှင့် စပ်ဆက်မှုမရှိသည့်အပြင် သမ္မာတရားနှင့် ဆန့်ကျင်၏။ ထို့ကြောင့် ယင်းကဲ့သို့ လူများ၌ အခြေခံအားဖြင့် ဘုရားသခင်နှင့် ဆက်နွှယ်မှုမရှိသလော။ ၎င်းတို့သည် ဘုရားသခင်၏အုပ်စိုးခြင်းကို ခံကြရသော်လည်း ၎င်းတို့သည် ဘုရားသခင်ရှေ့တွင် မည်သည့်အခါမျှ သတင်းပို့ကြခြင်း မရှိပေ၊ ၎င်းတို့သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် မည်သည့်အခါမျှ သဘောမထားခဲ့ကြပေ၊ ၎င်းတို့သည် ဘုရားသခင်ကို ၎င်းတို့အပေါ် အုပ်စိုးသော ဖန်ဆင်းရှင်အဖြစ် မည်သည့်အခါမျှ သဘောထားကြခြင်း မရှိပေ၊ ၎င်းတို့သည် ဘုရားသခင်ကို ၎င်းတို့၏ ဘုရားသခင်နှင့် ၎င်းတို့၏အရှင်သခင်အဖြစ် မည်သည့်အခါမျှ အသိအမှတ်ပြုခဲ့ကြခြင်း မရှိသည့်အပြင် ၎င်းတို့သည် ဘုရားသခင်ကို ၎င်းတို့၏စိတ်နှလုံးများဖြင့် ကိုးကွယ်ရန် မည်သည့်အခါမျှ စဉ်းစားခဲ့ဖူးခြင်း မရှိကြပေ။ ယင်းကဲ့သို့ လူများသည် ဘုရားသခင်ကို ကြောက်ရွံခြင်းဟူသော အဓိပ္ပာယ်ကို နားမလည်ကြသည့်အပြင် မကောင်းမှုကျူးလွန်ခြင်းမှာ ၎င်းတို့၏အခွင့်အရေး ဖြစ်ကြောင်း ထင်ကြပြီး “ငါ လုပ်လိုသည်ကို ငါလုပ်မည်။ ငါ့ကိစ္စ ငါရှင်းမည်၊ အခြားမည်သူနှင့်မျှမဆိုင်” ဟု ဆိုကြ၏။ မကောင်းမှုကျူးလွန်ခြင်းမှာ ၎င်းတို့၏အခွင့်အရေးဖြစ်သည်ဟု ထင်ကြပြီး ၎င်းတို့သည် ဘုရားသခင်၌ယုံကြည်ခြင်းကို မန္တန်တရားအမျိုးအစားတစ်ခု၊ ဟိတ်ဟန်ပုံစံတစ်ခုအဖြစ် သဘောထားကြသည်။ ဤအရာမှာ ၎င်းတို့ကို မယုံကြည်သူများ မဖြစ်စေသလော။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြ၏။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ရှေ့တွင် အချိန်ပြည့် အသက်ရှင်မှသာ ကယ်တင်ခြင်းလမ်းကို သင်လျှောက်နိုင်မည်” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ဘုရားသခင်၏ မိသားစုအတွင်းရှိ လူတိုင်းသည် ဘုရားသခင်ကို ယုံကြည်ကြ၏။ သို့သော် ဘုရားသခင်ကို ယုံကြည်သည်ဟု အခိုင်အမာဆိုသော်လည်း ၎င်းတို့၏ စိတ်နှလုံးများအတွင်းတွင် ဘုရားသခင်၏ တည်ရှိမှုအကြောင်း၊ ရှိသမျှအရာအားလုံးကို ဘုရားသခင်ဖန်ဆင်းထားသည်ဟူသော အချက်အကြောင်း၊ ရှိသမျှအရာအားလုံးအပေါ် ဘုရားသခင် အုပ်စိုးသည့်အကြောင်း၊ ဘုရားသခင်၏ လူ့ဇာတိခံခြင်းအကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သမ္မာတရားအကြောင်းတို့ကို သံသယများရှိသော လူပုဂ္ဂိုလ်တစ်မျိုး ရှိ၏။ ရှုထောင့်တစ်ခုမှာ ၎င်းတို့သည် ဤအရာများ မှန်သည်၊ မမှန်သည်ကို အတည်ပြုရန် မတတ်နိုင်ကြပေ။ အခြားရှုထောင့်မှာ ဤအရာများ မဖြစ်နိုင်ဟု ယုံကြည်ရင်း ၎င်းတို့ သံသယရှိကြဆဲဖြစ်သည်။ ၎င်းတို့ စိတ်နှလုံးများထဲတွင် မည်သည့်အရာကို ၎င်းတို့ ယုံကြည်ကြပါသနည်း။ ရုပ်ဝတ္ထုလောကထဲ၌ တည်ရှိသော အရာခပ်သိမ်းကို ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့မျက်စိဖြင့် မြင်နိုင်သည့်အရာတိုင်းကို ယုံကြပြီး ၎င်းတို့ လက်များဖြင့် ထိတွေ့ရနိုင်သမျှ အရာတိုင်းကို ၎င်းတို့ ယုံကြလေသည်။ ၎င်းတို့သည် ၎င်းတို့ မျက်စိများဖြင့် မမြင်နိုင်သော အရာတို့အပေါ် အသိအမှတ်မပြုသည်အထိ သံသယရှိသည့် သဘောထားများ ထားကြသည်။ ဤသို့သော ပုဂ္ဂိုလ်မျိုးသည် ဘုရားသခင်ကို အမည်ခံသာ ယုံကြည်ကြသော်လည်း လက်တွေ့အရှိတရားတွင် ၎င်းတို့က မယုံကြည်သူများသာ ဖြစ်သည်။ အနောက်တိုင်း ဘာသာတရားအတွင်းတွင် အခြေခံအားဖြင့် သင်းအုပ်ဆရာ ၄ ပါးထဲမှ တစ်ပါးတိုင်းဖြစ်သော သင်းအုပ်ဆရာ ၂၅%က သခင်ယေရှုမှာ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် သန္ဓေတည်ခဲ့သည်ကို မယုံကြည်ကြဘဲ သမ္မာကျမ်းစာအကြောင်း သံသယအချို့ကို သိုထားကြသည်ဟု ကြားရသည်။ အနောက်တိုင်း သင်းအုပ်ဆရာများကြားတွင် ဤသို့သော မယုံကြည်သူ ဤမျှ ရှိကြလေသည်။ အထူးသဖြင့်၊ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း နှင့် ပတ်သက်လာသောအခါတွင် ၎င်းတို့က ပို၍ပင် အတိုက်အခံဖြစ်လာကြသည်။ ၎င်းတို့က ဘုရားသခင်သည် ကောင်းကင်ဘုံ၌သာ ရှိပြီး လူကြားတွင် ဘယ်သောအခါမျှ အမှုပြုလိမ့်မည်မဟုတ်ဟု ယုံကြသည်။ အကျိုးဆက်အနေဖြင့်၊ ဘုရားသခင်ကြွလာခဲ့ပြီဟု ဆိုသော သူတိုင်းမှာ အယူလွဲသူများအဖြစ် အနောက်တိုင်း သင်းအုပ်ဆရာအများစုကစွပ်စွဲသည်ကို ခံကြရလေသည်။ ဤလူများသည် မယုံကြည်သူများဖြစ်သည်ဟု သင် ပြောလိမ့်မည် မဟုတ်လော။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည်။ မယုံကြည်သူများက သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မယုံကြပါ။ ၎င်းတို့က၊ “ဒါက လူတို့ စဉ်းစားတွေးခေါ် ထားတဲ့ အရာတစ်ခုပါ။ လူ့စိတ်နှလုံးက ခဏတဖြုတ် လှုံ့ဆော်ခံရနိုင်ပြီး တစ်ခါတစ်လေ ဉာဏ်အလင်းရလာနိုင်ပါတယ်။ ဒါပေမယ့်၊ ဒါက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်နဲ့ ဘာမှမဆိုင်ပါဘူး” ဟု ဆိုကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ၎င်းတို့ မယုံကြပါ။ ထို့အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဘုရားသခင်မှ မိန့်ဆိုထားသည်ကို ၎င်းတို့ မယုံကြပါ။ ၎င်းတို့က၊ “ဒီစကားတွေကို လူက ပြောထားထာပါ။ ဘုရားသခင်က ဒီစကားတွေကို ပြောတာ ဘယ်သူမြင်ဖူးလို့လဲ။ ဒါတွေကို ဘုရားက ဘယ်လိုပြောနိုင်ခဲ့မှာလဲ။ ဒါကို လူ့က ပြောထားတာပါ” ဟု ဆိုကြသည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မယုံကြည်သောသူနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ ဘုရားသခင် သို့မဟုတ် ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဖော်ပြထားသည်ဟုပင် မယုံသောသူအားလုံးသည် မယုံကြည်သူများဖြစ်ကြသည်။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်မျှစစ်မှန်သည်ဟုပင် ဆိုပါစေ၊ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြ၏။ မယုံကြည်သူတစ်ဦးမှာ ဘုရားသခင်ကို ယုံကြည်ခြင်းမရှိဟု အခိုင်အမာဆိုသောသူတစ်ဦး မဟုတ်ပါ။ ဘုရားသခင်ကို ယုံကြည်သည်ဟု ၎င်းတို့၏ နှုတ်များအားဖြင့် ဆိုကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးများက မယုံကြည်ကြပါ။ ဤသည်မှာ မယုံကြည်သူတစ်ဦးကို ဆိုလိုသော အရဖြစ်ပြီး ၎င်းတို့ကို အယောင်ဆောင်များဟူ၍ ဆိုနိုင်ပေသည်။

အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၃) တွင်ပါဝင်သော “လူအမျိုးအစားတိုင်းကို ပိုင်းခြားသိမြင်ပုံ” မှ

ဖာရိရှဲများ၏ အနှစ်သာရက သူတော်ကောင်း ယောင်ဆောင်ခြင်း ဖြစ်သည်။ သူတို့က ဘုရားသခင်ကို ယုံကြည် သော်လည်း၊ သမ္မာတရားကို မချစ်၊ သို့မဟုတ် အသက်ကို မရှာ။ သူတို့က သူတို့၏ကိုယ်ပိုင် အယူအဆနှင့် စိတ်ကူးယဉ်ထားသည့် ကောင်းကင်ပေါ်မှာရှိသည့် မရေရာသည့် ဘုရားကို ယုံကြည်သော်လည်း၊ လူဇာတိခံသည့်ခရစ်တော်ကို မဝန်ခံ သို့မဟုတ် မယုံကြည်ကြပါ။ အတိအကျပြောရပါက၊ သူတို့က အားလုံး မယုံကြည်သူများဖြစ်သည်။ သူတို့၏ ဘုရားသခင်ကိုယုံကြည်ခြင်းက ဘာသာရေး ယုံကြည်မှု ဆိုင်ရာများကို သုတေသနပြုခြင်းဖြစ်ပြီး၊ ဘုရားသခင်အား ယုံကြည်ခြင်းကို သုတေသနလုပ်ဖို့ အသိပညာပုံစံကဲ့သို့ မှတ်ယူနေသည်။ သူတို့၏ အသက်မွေးဝမ်းကြောင်းက သမ္မာကျမ်းစာနှင့် ဘာသာရေး ယုံကြည်မှုဆိုင်ရာများကို သုတေသနလုပ်တာပေါ်မှာ မှီခိုနေသည်။ သူတို့၏ နှလုံးသားထဲမှာ သမ္မာကျမ်းစာက သူတို့၏ အသက်မွေးဝမ်းကြောင်းသာ ရှိသည်။ သူတို့က သမ္မာကျမ်းအသိပညာများနှင့် ဘာသာရေး ယုံကြည်မှုဆိုင်ရာ အယူအဆများကို ရှင်းပြခြင်းက ပိုကောင်းလေလေ သူတို့ကို ကိုးကွယ်သည့်လူများ ပိုများလေလေဟု ထင်ကြပြီး၊ သူတို့ တရားဟောစင်မြင့်မှာ ပိုမြင့်မြင့်နှင့် ပိုခိုင်ခိုင်မာမာရပ်နိုင်လေလေ သူတို့၏ ဂုဏ်အဆင့်အတန်းများ ပိုပြီး အတည်တကျ ရှိလိမ့်မည်ဟု ထင်ကြသည်။ ဤသည်မှာ ရှင်းလင်းတိကျသည်။ အကြောင်းမှာ ဖာရိရှဲများက သူတို့၏ဂုဏ်အဆင့်အတန်းနှင့် အသက်မွေးဝမ်းကြောင်းများအတွက်သာ အသက်ရှင်နေကြသည့် လူများ ဖြစ်သောကြောင့် ပင်တည်း။ ပြီးလျှင် သူတို့က သမ္မာတရားကို စိတ်ကုန်ပြီး အထင်အမြင်သေးသည့် လူများဖြစ်သည်။ သခင်ယေရှုက လူဇာတိခံပြီး အမှုတော်အတွက် ကြွလာသည့်အခါ၊ သူတို့က သူတို့၏ ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းနှင့် အသက်မွေးဝမ်းကြောင်းများကို ကာကွယ်ဖို့၊ သူတို့၏ ကိုယ်ပိုင် အယူအဆများ၊ စိတ်ကူးယဉ်ခြင်းများနှင့် သမ္မာကျမ်း အသိပညာများကို ခေါင်းမာမာဖြင့် စွဲကိုင်ထားခဲ့ကြသည်။ ဘုရားသခင်ကို ဆန့်ကျင်ပြီး သခင်ယေရှုကို ရှုတ်ချကာ ခုခံဖို့ မည်သည့်အရာကို မဆို လုပ်ကြသည်။...

ဘာသာတရားမှာ ဖာရိရှဲများ၏ ထိန်းချုပ်မှုအောက်ကနေ ဘုရားသခင်ကို ယုံကြည်သည့်သူအားလုံးက သူတို့ကို အပြည့်အဝ နားထောင်ပြီး သူတို့နောက်ကိုလိုက်ကြသည်။ ၎င်းတို့ကဲ့သို့ပင် သူတို့က သမ္မာကျမ်းစာနှင့် ဘာသာရေးယုံကြည်မှုဆိုင်ရာ လေ့လာမှုများကို လေ့လာကြသည်။ သမ္မာကျမ်း အသိပညာနှင့် ဘာသာရေးဆိုင်ရာလေ့လာမှု အယူအဆများကို အာရုံစိုက်ကြပြီး သမ္မာတရားကိုရှာဖွေခြင်း သို့မဟုတ် သခင့်၏ စကားများကို လက်တွေ့လုပ်ဆောင်ခြင်းများကို မည်သည့်အခါမျှ အာရုံမထားကြပါ။ ဖာရိရှဲများကဲ့သို့ပင် ကောင်းကင်မှာရှိသည့် မရေရာ မတိကျသည့် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ နောက်ဆုံးသောကာလ၏ လူ့ဇာတိခံ ခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို မယုံကြည်ကြပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများက မည်မျှ သြဇာအာဏာရှိပြီး တန်ခိုးရှိသည် ဖြစ်စေ၊ သူတို့က သူတို့၏ အယူအဆနှင့် စိတ်ကူးများကို ခေါင်းမာမာနှင့် စွဲကိုင်နေဆဲ ဖြစ်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ခုခံတော်လှန် ရှုတ်ချကြသည့် သင်းအုပ်ဆရာများနှင့် အကြီးအကဲများနောက်ကို လိုက်ကြသည်။ ပြောစရာမလိုအောင်ပင် ဤကဲ့သို့လူများက ဖာရိရှဲကဲ့သို့ ပုံစံတူ လူမျိုးများဖြစ်ပြီး၊ ဖာရိရှဲများ၏ ဘုရားသခင်ကို ခုခံတော်လှန်သည့်လမ်းကို လျှောက်နေကြသည်။ ထိုကဲ့သို့ လူများက ဖာရိရှဲများနောက်ကို မလိုက်သည့်တိုင်၊ သူတို့က ဖာရိရှဲကဲ့သို့ ပုံစံတူများ ဖြစ်နေကြပြီး၊ သူတို့၏ သဘာဝနှင့် အနှစ်သာရများက ဖာရိရှဲများနှင့် အတူတူ ဖြစ်သောကြောင့်၊ သူတို့က ဖာရိရှဲများ၏ သားစဉ်မြေးဆက်လည်း ဖြစ်ကြသည်။ သူတို့က သူတို့ကိုယ်သူတို့ ယုံကြည်သည့် မယုံကြည်သူများ ဖြစ်ပြီး၊ သမ္မာတရားကို မချစ်ကြပါ။ သူတို့က ခရစ်တော်ကို ဆန့်ကျင်ပြီး သမ္မာတရားကို စက်ဆုပ်ရွံရှာသည့် အန္တိခရစ်များဖြစ်သည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

ယခင်က:သူတော်ကောင်းယောင်ဆောင်ခြင်း ဆိုသည်မှာ အဘယ်နည်း။

နောက်တစ်ခုသို့:ဘုရားသခင်နောက်လိုက်ခြင်းဆိုသည်မှာ အဘယ်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ