အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၃၇။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းဆိုသည်မှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

စိတ်သဘောထားအတွင်း ပြောင်းလဲခြင်းဆိုသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းသည် သမ္မာတရားကို ချစ်မြတ်နိုးသူတစ်ဦးက ဘုရားသခင်၏အမှုကို ကြုံတွေ့နေစဥ် ဘုရားသခင့်နှုတ်ကပတ်တော်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို လက်ခံပြီး အမျိုးမျိုးသော ဒုက္ခဆင်းရဲနှင့် စစ်ဆေးမှုများကို ကြုံရသောအခါ၌ ဖြစ်ပေါ်လာသည်။ ထိုသို့သောလူတစ်ဦးမှာ အတွင်းထဲမှ ဆိုးယုတ်သော အဆိပ်အတောက်များ သန့်စင်ခံရပြီး သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ လုံးလုံးလျားလျား လွတ်ကင်းသည်မှာ သူ့အနေဖြင့် ဘုရားသခင်ကို နောက်ထပ် မည်သည့်အခါမျှ ပုန်ကန်ခြင်း သို့မဟုတ် ဆန့်ကျင်ခြင်း မပြုတော့ရန်အလို့ငှာ သူ၏ နှုတ်ကပတ်တော်များ၊ သူ၏ စီစဥ်ညွှန်ကြားမှုများနှင့် ကြိုတင်စီမံမှုများအားလုံးကို နာခံနိုင်ရန်အတွက် ဖြစ်ပါသည်။ ဤသည်မှာ စိတ်သဘောထားအတွင်း ပြောင်းလဲခြင်းပင် ဖြစ်သည်။... စိတ်သဘောထားအတွင်း ပြောင်းလဲခြင်းဆိုသည်မှာ လူတစ်ယောက်သည် သမ္မာတရားကို ချစ်မြတ်နိုး၍ လက်ခံနိုင်သဖြင့် နောက်ဆုံးတွင် ဘုရားသခင်ကို ဆန့်ကျင်ကွဲလွဲသည့် သူ၏မနာခံသော သဘာဝဗီဇအား သိရှိလာခြင်းကို ဆိုလိုသည်။ လူသား၏ ဖောက်ပြန်ပျက်စီးမှုသည် အလွန်နက်ရှိုင်းကြောင်း သူနားလည်ပြီး လူသား၏ အဓိပ္ပာယ်မဲ့ခြင်းနှင့် လိမ်လည်လှည့်ဖြားမှု တို့ကိုလည်း သူလက်ခံသည်။ သူသည် လူသား၏ ပြိန်ဖျင်းမှုနှင့် သနားစရာကောင်းမှုကို လက်ခံပြီး၊ နောက်ဆုံးတွင် လူ၏သဘာဝဗီဇနှင့် အနှစ်သာရကို နားလည်သည်။ ဤအရာအားလုံးကိုသိခြင်းဖြင့်၊ သူသည် မိမိကိုယ်မိမိ လုံးဝငြင်းပယ်ပြီး ပစ်ပယ်နိုင်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ နေထိုင်ပြီး၊ အရာရာတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည်။ ဤသည်မှာ ဘုရားသခင်ကို သိကျွမ်းသောသူတစ်ဦး ဖြစ်ပြီး ဤသည်မှာ စိတ်သဘောထား ပြောင်းလဲပြီးသောသူတစ်ဦး ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

စိတ်သဘောထား အသွင်သဏ္ဌာန်ပြောင်းလဲခြင်းဆိုသည်မှာ အဓိကအားဖြင့် လူတို့၏ သဘာဝဗီဇ ပြောင်းလဲခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ လူတစ်ဦး၏ သဘာဝဗီဇ အခြင်းအရာများကို အပြင်ပန်း အပြုအမူများမှ မြင်နိုင်သည် မဟုတ်ပေ၊ ယင်းတို့မှာ သူတို့၏ ဖြစ်တည်ခြင်းဆိုင်ရာ တန်ဖိုးနှင့် အဓိပ္ပာယ်တို့နှင့် တိုက်ရိုက်သက်ဆိုင်သည်။ တစ်နည်းအားဖြင့် ယင်းတို့သည် ဘဝနှင့် ထိုသူ၏တန်ဖိုးများ၊ သူ၏ဝိညာဉ်အတွင်းမှ အရာများ၊ သူ၏အနှစ်သာရတို့အပေါ် ထိုသူ၏သဘောထားအမြင်များနှင့် တိုက်ရိုက်ပါဝင်ပတ်သက်သည်။ သမ္မာတရားကို လက်မခံနိုင်သောသူ တစ်စုံတစ်ဦးသည် ဤကဏ္ဍများတွင် အသွင်သဏ္ဌာန်ပြောင်းလဲခြင်း ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏အမှုကို တွေ့ကြုံခံစားရခြင်း၊ သမ္မာတရားထဲ အပြည့်အဝ ဝင်ရောက်ခြင်း၊ ဖြစ်တည်ခြင်းနှင့် ဘဝအပေါ် ၎င်းတို့၏ တန်ဖိုးထားမှုနှင့် သဘာထားအမြင်များကို ပြောင်းလဲခြင်း၊ ဘုရားသခင်၏အမြင်နှင့် ၎င်းတို့၏အမြင်များကို ထပ်တူညီအောင်ညှိခြင်းနှင့် ဘုရားသခင်ကို လုံးလုံးလျားလျား ကျိုးနွံနာခံနိုင်လာခြင်းနှင့် ဆက်ကပ်အပ်နှံလာနိုင်ခြင်းတို့အားဖြင့်သာ ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီဟု ဆိုနိုင်ပါမည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စိတ်နေသဘောထား သဏ္ဌာန်ပြောင်းလဲခြင်းအကြောင်း သင်သိသင့်သည့်အရာ” မှ

၎င်းမှာ လူ့သဘာဝ၌ ရင့်ကျက်သောသူတစ်စုံတစ်ဦးသည် စိတ်သဘောထား ပြောင်းလဲခြင်း သေချာပေါက် ရှိလိမ့်မည်ဟု ဆိုခြင်းမဟုတ်ပေ၊ ၎င်းမှာ ဘုရားသခင်အကြောင်း ၎င်းတို့၏ သိခြင်းနှင့် သမ္မာတရားကို နားလည်ခြင်းကြောင့် လူတစ်ဦး၏ သဘာဝအတွင်း စာတန်နှင့်ဆိုင်သော အဆိပ်အတောက်အချို့ ပြောင်းလဲသောအချိန်ကို အဓိကအားဖြင့် ရည်ညွှန်းသည်။ တစ်နည်းအားဖြင့်ဆိုသော် ထိုအဆိပ်အတောက်များမှာ သန့်စင်ခြင်းကို ခံရ၍ ဘုရားသခင် ဖော်ပြသော သမ္မာတရားမှာ ထိုလူအတွင်း၌ အမြစ်တွယ်ကာ သူ၏ အသက်နှင့် သူ၏ ဖြစ်တည်ခြင်းအတွက် အုတ်မြစ် ဖြစ်လာခြင်း ဖြစ်သည်။ ထိုအခါမှသာ သူသည် အသစ်သောလူတစ်ဦး ဖြစ်လာသဖြင့် သူ၏ စိတ်သဘောထား ပြောင်းလဲခြင်း ဖြစ်သည်။ စိတ်သဘောထား ပြောင်းလဲခြင်း ဆိုသည်မှာ လူတို့၏ အပြင်ပန်း စိတ်သဘောထား ယခင်ကထက် ပို၍ သည်းညည်းခံတတ်ခြင်း၊ ၎င်းတို့သည် မာနထောင်လွှားခဲ့ဖူးကြသော်လည်း ယခုအခါ ၎င်းတို့၏ စကားလုံးများမှာ ကျိုးကြောင်းဆီလျော်ခြင်း၊ ၎င်းတို့သည် မည်သူ့ကိုမျှ နားထောင်ခဲ့ခြင်း မရှိသော်လည်း ယခုအခါ အခြားသူများကို နားထောင်နိုင်ခြင်းစသည်တို့ကို မဆိုလိုပေ၊ ဤ အပြင်ပန်း အပြောင်းအလဲများကို စိတ်သဘောထား အပြောင်းအလဲများဟု မဆိုနိုင်ပေ။ စိတ်သဘောထား အပြောင်းအလဲများတွင် ဤအခြေအနေများ ပါဝင်သည်မှာ အမှန်ပင်ဖြစ်သော်လည်း အဓိကအကျဆုံးအရာမှာ ၎င်းတို့၏အတွင်းအသက်တာ ပြောင်းလဲပြီးခြင်းပင် ဖြစ်သည်။ ဘုရားသခင်ဖော်ပြသော သမ္မာတရားသည် ၎င်းတို့၏အသက် ဖြစ်လာ၍ အတွင်းမှ စာတန်နှင့်ဆိုင်သော အဆိပ်အတောက်များ ဖယ်ရှင်းခြင်း ခံရသည်၊ ၎င်းတို့၏ အမြင် လုံးလုံးလျားလျား ပြောင်းလဲပြီးခြင်းနှင့် ၎င်းထဲမှ တစ်ခုမျှ လောကအရာနှင့် တူညီခြင်း မရှိပေ။ ၎င်းတို့သည် အဆင်းနီသောနဂါးကြီး၏ အကြံအစည်များနှင့် အဆိပ်အတောက်များကို ရှင်းလင်းစွာ မြင်ကြသည်၊ ၎င်းတို့သည် ဘဝ၏ စစ်မှန်သောအနှစ်သာရကို နားလည်သဘောပေါက်ခဲ့ကြပြီး ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ ဘဝတန်ဖိုးများ ပြောင်းလဲခဲ့ကြသည်၊ ဤသည်မှာ အခြေခံအကျဆုံး အပြောင်းအလဲဖြစ်ပြီး စိတ်သဘောထား၌ ပြောင်းလဲခြင်း၏ အနှစ်သာရ ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အပြင်ပန်းပြောင်းလဲမှုများနှင့် စိတ်နေသဘောထားပြောင်းလဲမှုများကြားက ခြားနားချက်” မှ

ဗီဇဆိုသည်မှာအဘယ်နည်း။ ၎င်းမှာ လူသား၏အနှစ်သာရဖြစ်၏။ လူတစ်ဦး၏စိတ်သဘောထားမှာ သူ၏ဗီဇတွင် ထုတ်ဖော်သောအရာများဖြစ်ပြီး၊ ပြောင်းလဲပြီးသော စိတ်သဘောထားတစ်ခု ဆိုသည်မှာ သင်၏အတွင်း၌ နဂိုကရှိခဲ့သော ဖောက်ပြန်ပျက်စီးသည့်အရာများ နောက်ထပ်တဖန် မည်သည့်အခါမျှ မပေါ်လာဘဲ၊ ၎င်းတို့သည် သမ္မာတရားဖြင့် အစားထိုခံရပြီဖြစ်ကြောင်း ဆိုလိုသည်။ လူတစ်ဦး၏ဗီဇ၏အရင်းခံ အရာများ ပြောင်းလဲသွားခြင်း မဟုတ်ဘဲ၊ ဖော်ထုတ်ခြင်းခံရသည့် ဖောက်ပြန်ပျက်စီးသောအရာများ ပြောင်းလဲသွားခြင်းနှင့် တစ်ယောက်သောသူ၏ စိတ်သဘောထားနှင့် သက်ဆိုင်၍ ဖော်ထုတ်ခြင်းခံရသည့် အရာများ ပြောင်းလဲသွားခြင်းဖြစ်သည်။ လူသားကို စာတန်ဖျက်ဆီးပြီး၊ လူသားသည် စာတန်၏ပြယုဂ် ဖြစ်လာခဲ့၏၊ ဘုရားသခင်ကို ပုန်ကန်သောအရာတစ်ခု ဖြစ်လာပြီး၊ လူသားသည် ဘုရားသခင်ကို လုံးလုံးလျားလျား သစ္စာဖောက်နိုင်၏။ လူတို့၏စိတ်သဘောထားများ ပြောင်းလဲရန် အဘယ်ကြောင့် လိုအပ်သနည်း။ နောက်ဆုံးတွင် စုံလင်စေခြင်းခံရသော လူများ၌ ဘုရားသခင်ကိုသိသောအသိ မြောက်မြားစွာနှင့် ဘုရားသခင်၏ အလိုတော်နှင့်ကိုက်ညီသော အရာများစွာ ဖြည့်သွင်းပေးထား၏။ အတိတ်က လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိခဲ့သောအခါ ၎င်းတို့ပြုသမျှ လွဲမှားပြီး၊ ၎င်းတို့ပြုသမျှ ဘုရားသခင်ကို ပုန်ကန်ခြင်း ဖြစ်ခဲ့သည်။ ယခုအခါ ၎င်းတို့၌ သမ္မာတရားရှိပြီး ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသောအရာ မြောက်မြားစွာကို လုပ်ဆောင်နိုင်၏။ သို့သော်လည်း ၎င်းတို့သည် ဘုရားသခင်ကို သစ္စာမဖောက်ကြောင်း ဆိုခြင်း မဟုတ်ပေ၊ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်နိုင်ကြသေးသည်။ လူတို့၏ဗီဇအားဖြင့် ထုတ်ဖော်ခြင်းခံရသော အစိတ်အပိုင်းကို ပြောင်းလဲရန် ဖြစ်နိုင်ခြေရှိပြီး၊ ပြောင်းလဲခြင်းခံရသော အစိတ်အပိုင်းမှာ သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိသော သင်၏အစိတ်အပိုင်းဖြစ်၏။ သို့သော်လည်း ယနေ့တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းမှာ သင်၏ဗီဇ ပြောင်းလဲသွားပြီဖြစ်ကြောင်း ဆိုလိုခြင်းမဟုတ်ပေထိုကြောင့် ဤ “ပြောင်းလဲခြင်း” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းမှာ သင်သည် ဘုရားသခင်၏အလိုတော်ကို နားလည်သောအခါ နာခံနိုင်လိမ့်မည်ဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏အလိုတော်ကို နားမလည်ပါက သင်၏အလိုဆန္ဒများအတိုင်း ဆက်၍ပြုမူပြီး သင်၏လုပ်ဆောင်ချက်များမှာ ဘုရားသခင်၏အလိုတော်နှင့် ညီသည်ဟု ယုံကြည်နေဆဲဖြစ်လိမ့်မည်၊ ဤသည်မှာ သစ္စာဖောက်ခြင်းဖြစ်ပြီး၊ ၎င်းမှာ သင်၏ဗီဇထဲမှ အရာတစ်ခု ဖြစ်သည်။ စိတ်သဘောထား ပြောင်းလဲခြင်းများတွင် အကန့်အသတ်မရှိသည်မှာ အမှန်ပင်ဖြစ်၏။ သမ္မာတရားများကို သင်ပို၍ ရလေလေ၊ တစ်နည်းအားဖြင့်ဆိုသော်၊ ဘုရားသခင်ကိုသိသော သင်၏အသိ ပို၍နက်ရှိုင်းလေလေ၊ သင်သည် ဘုရားသခင်ကို ပုန်ကန်ခြင်းနှင့် သစ္စာဖောက်ခြင်း ပို၍နည်းလာလေလေ ဖြစ်လိမ့်မည်။ သမ္မာတရားကို လိုက်စားခြင်းအားဖြင့် စိတ်သဘောထား ပြောင်းလဲခြင်းများနောက်သို့ လိုက်စားခြင်းကို အဓိက ဖြေရှင်းသည်။ သမ္မာတရားကို နားလည်ခြင်းအားဖြင့် လူတို့၏ဗီဇ၏ အနှစ်သာရအကြောင်း သိသောအသိကိုလည်း ရရှိခြင်းဖြစ်သည်။ လူတို့သည် သမ္မာတရားကို အမှန်တကယ် ရသောအခါ ပြဿနာအားလုံးကို ဖြေရှင်းပြီးဖြစ်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

အနှစ်ချုပ်ရလျှင်၊ အသက်တာ စိတ်သဘောထား၌ ပြောင်းလဲမှုသည် ဘုရားသခင်ကို ဆန့်ကျင်ပြီး သစ္စာဖောက်ခြင်းမှ နောက်ဆုံးတွင် ဘုရားသခင်ကို နာခံပြီး သစ္စာရှိလာခြင်းနှင့် သူ့ကို ဝတ်ပြုကိုးကွယ်ခြင်းသို့ သွားလေသည်။ယင်းမှာ ဖြစ်စဉ် ဖြစ်သည်။ လူတို့က ဘုရားသခင်ကို နာခံပြီး ဝတ်ပြုကိုးကွယ်လာနိုင်သော အချိန်တွင် သမ္မာတရားနှင့် လူ့သဘာဝနှစ်ခုလုံးကို ၎င်းတို့ ပိုင်ဆိုင်ကြ၏။ ဤသည်မှာ ၎င်းတို့၏ အသက်တာ စိတ်သဘောထားထဲ၌ အပြောင်းအလဲကို ကြုံရသော ပုဂ္ဂိုလ်မျိုးဖြစ်သည်။ ထို့ကြောင့်၊ အသက်တာ စိတ်သဘောထားထဲ၌ ပြောင်းလဲမှု၏ ဖြစ်စဉ်မှာ သမ္မာတရားထဲ ဝင်ရောက်မှုနှင့် သမ္မာတရားကို ရရှိခြင်းတို့၏ ဖြစ်စဉ်၊ သမ္မာတရားကို အသက်အဖြစ် လက်ခံခြင်း၏ ဖြစ်စဉ်နှင့် ဘုရားသခင်ကို လူက သိကျွမ်းခြင်း၏ ဖြစ်စဉ်လည်း ဖြစ်ပေသည်။ ဘုရားသခင်ကို အမှန်တကယ်သိကျွမ်းမှုရှိသောသူ၊ ၎င်း၏ စိတ်နှလုံးက လုံးဝ ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် ထိန်းချုပ်ခံရသောသူ၊ ဘုရားသခင်ကို ချစ်နိုင်ပြီး သစ္စာရှိပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေရန် အရာရာတိုင်းကို လုပ်ဆောင်ကာ သူနှင့်အတူ နှလုံးသားနှင့် စိတ် တစ်လုံးတစ်ဝတည်းရှိနိုင်သောသူသည် ဘုရားသခင်အားဖြင့် ရယူခြင်းခံရသော ပုဂ္ဂိုလ်မျိုးဖြစ်သည်။ လက်ရှိတွင် တစ်စုံတစ်ဦးသည် ဘုရားသခင်ကို သူ၏ စိတ်နှလုံးသားထဲမှ ချစ်ရန်နှင့် နာခံရန် မတတ်နိုင်လျှင် ယင်းက သူ၏ စိတ်နှလုံးမှာ စာတန်အားဖြင့် ချုပ်ကိုင်ထားခံရဆဲဖြစ်ပြီး စာတန်၏ အဆိပ်နှင့် အတွေးအခေါ်များဖြင့် ထိန်းချုပ်ခံရဆဲဖြစ်သည်ကို ပြလေသည်။ တစ်စုံတစ်ဦးသည် ပိုင်ဆိုင်သင့်သော သမ္မာတရားအားလုံးကို ရရှိပြီး ၎င်းတို့ စိတ်နှလုံးထဲတွင် အားလုံးလက်ခံခဲ့ပြီးသောအခါ အသစ်သောအသက်ကို ၎င်းတို့ ရရှိကြပါလိမ့်မည်။ အသစ်သော အသက်နှင့်အတူ၊ လူတစ်ဦး၏ ဘုရားသခင်ကို နာခံခြင်း၊ ဘုရားသခင်အတွက် ချစ်ခြင်း နှင့် ဝတ်ပြုကိုးကွယ်ခြင်းတို့ လိုက်လာလိမ့်မည်။ ထိုအချိန်တွင် လူတစ်ဦး၏ အသက်တာစိတ်သဘောထားမှာ လုံးလုံးလျားလျား ပြောင်းလဲခဲ့ပြီးဖြစ်လိမ့်မည်။ အသက်တာ စိတ်သဘောထားထဲက အပြောင်းအလဲ၏ ဖြစ်စဉ်မှာ ယင်း၏ အသစ်ပြုပြင်ခြင်းနှင့်ဆိုင်သော ဖြစ်စဉ်လည်း ဖြစ်သည်။ ယင်း ပုဂ္ဂိုလ်၏ စိတ်နှလုံးမှာ မူလအစတွင် စာတန်အားဖြင့် ထိန်းချုပ်ခံခဲ့ရပြီး စာတန်၏ အသက်နှင့် အဆိပ်များက ၎င်းတို့၏ သဘာဝဖြစ်လာခဲ့သည်။ ယခုတွင် ဤအရာအားလုံးမှာ ၎င်းတို့ လက်ခံခဲ့သော သမ္မာတရားများအားလုံးကြောင့် တစစီပျက်စီးသွားနေသည်။ ၎င်းတို့၏ စိတ်နှလုံးကို သမ္မာတရားက ပိုင်ဆိုင်သည်။ သမ္မာတရားက ၎င်းတို့ စိတ်နှလုံး၏ ဆရာသခင်ဖြစ်လာပြီဖြစ်သည်။ ထို့ကြောင့် အသက်တာ၌ ဖော်ပြသော ၎င်းတို့၏ စိတ်သဘောထားမှာလည်း ပြောင်းလဲပေသည်။ ဤသည်မှာ အသက်တာ စိတ်သဘောထား၏ ပြောင်းလဲမှုပုံစံဖြစ်သည်။ စာတန်သည် သင့်အတွင်း၌ နဂိုမူလက အာဏာစြဲကိုင်ခဲ့ချိန်တွင်၊ စာတန်ကို သင်က နာခံခဲ့ပြီး အရာခပ်သိမ်းတွင် စိတ်ကျေနပ်စေခဲ့မည်ဖြစ်သည်။ အရာအားလုံးကို စာတန်အဆိုအရ သင်လုပ်ဆောင်ခဲ့သည်။ ယနေ့တွင် သင့်အတွင်း၌ အာဏာစွဲကိုင်ထားသည်မှာ သမ္မာတရားဖြစ်သည်။ သမ္မာတရားကိုသာ သင်လိုက်နာပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေသည်။ လူတစ်ဦးကို ဘုရားသခင် ရယူဖို့ရန်အတွက် လုပ်ငန်းစဉ်မှာ ဤကဲ့သို့ဖြစ်သည်။အစ၌၊ သင့်အတွက် စာတန်ကို ချစ်ရန်မှာ အလွန်လွယ်ကူပြီး ဘုရားသခင်ကို ချစ်ရန်မှာ ခက်ခဲသည်။ သို့သော် ယခုတွင် သင့်အတွင်း၌ သမ္မာတရားရှိပြီး သမ္မာတရားကို သင်ချစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို ချစ်ခြင်းမှာ လွယ်ကူလာလေသည်။ စာတန်ကိုချစ်ရန် ခိုင်းစေခံရသောအခါ၊ သင့်ကို အယုံသွင်းရန် မည်သည့်အရာကို ပြောပါစေ၊ သင်လုပ်ဆောင်လိမ့်မည်မဟုတ်။ ဤသို့ဖြင့် လူတစ်ဦးအတွင်း၌ သမ္မာတရားက ချုပ်ကိုင်သည်နှင့် တပြိုင်နက်၊ ၎င်းတို့ လုံးလုံးလျားလျား ပြောင်းလဲသွားပြီး လူသစ်တစ်ဦး ဖြစ်လာသည်။ ထို့ကြောင့် အဓိကအားဖြင့် သမ္မာတရားကို ရှာဖွေခြင်းနှင့် ရရှိခြင်းတို့အားဖြင့် လူတစ်ဦး၏ အသက်တာ စိတ်သဘောထား ပြောင်းလဲသည်ဟု ဆိုနိုင်ပေသည်။

အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၄) တွင်ပါဝင်သော “စိတ်သဘောထား ပြောင်းလဲခြင်းနှင့် ၎င်းနှင့်ဆိုင်သော ဖြစ်စဉ်လေးရပ်အကြောင်း” မှ

ယခင်က:ကပ်ဘေးများထဲတွင် ဘာသာတရားထဲရှိ လူမည်မျှက ဘုရားသခင်ထံ ပြန်လှည့်ကြလိမ့်မည်နည်း။

နောက်တစ်ခုသို့:စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို မည်သို့ ပြပါသနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ