အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၀။ တာဝန်ကို လုပ်ဆောင်ခြင်းဆိုသည်မှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သင်၏တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ခြင်းမှာ သမ္မာတရားဖြစ်၏။ ဘုရားသခင်၏အိမ်တော်တွင် သင်၏တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ခြင်းမှာ တာဝန်ဝတ္တရားအချို့ကို ကျေပွန်အောင်ထမ်းရွက်ခြင်း သို့မဟုတ် သင်ပြုသင့်သောအရာံတစ်ခုကို လုပ်ဆောင်ခြင်းသက်သက် မဟုတ်ပေ။ ၎င်းမှာ ကောင်းကင်နှင့် မြေကြီးအကြား အသက်ရှင်နေသော ဖန်ဆင်းခံသက်ရှိတစ်ဦး၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခြင်းပင်ဖြစ်၏။ ၎င်းမှာ ဖန်ဆင်းရှင်သခင်၏ရှေ့တွင် သင်၏ဝတ္တရားများနှင့် တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ခြင်း ဖြစ်သည်။ ဤတာဝန်များသည် သင်၏တာဝန်များစင်စစ် ဖြစ်၏။ ဖန်ဆင်းခံတစ်ဦး၏တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ခြင်းကို သင်၏မိဘအပေါ် သားသမီးတို့၏တာဝန်နှင့် နှိုင်းယှဉ်ကြည့်လော့၊ မည်သည့်အရာမှာ သမ္မာတရားဖြစ်သနည်း။ ဖန်ဆင်းခံတစ်ဦး၏တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ခြင်းမှာ သမ္မာတရားဖြစ်၏၊ ၎င်းမှာ သင်၏ ကျေပွန်အောင်ထမ်းဆောင်ရမည့် တာဝန်ဖြစ်ပေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား၏စစ်မှန်မှုဆိုသည်မှာ အဘယ်နည်း။” မှ

သင်၏တာဝန်ကို သင်စီမံသည် မဟုတ်ပေ၊ ၎င်းမှာ သင်၏စီမံကိန်း သို့မဟုတ် သင်၏ကိုယ်ပိုင်အလုပ် မဟုတ်ပေ။ ၎င်းမှာ သင်၏ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်သည့် ဘုရားသခင်၏အမှု ဖြစ်သဖြင့် သင်၏တာဝန်ကို ဖြစ်ပေါ်စေခြင်း ဖြစ်၏။ ဘုရားသခင်၏စီမံခန့်ခွဲမှုအလုပ်ကို ယနေ့တိုင်အောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး၊ သူ၏အမှု၌ လူတို့ ပူးပေါင်းဆောင်ရွက်ရမည့် အစိတ်အပိုင်းမှာ လူသား၏တာဝန် ဖြစ်သည်။ သင်သည် မည်သည့်တာဝန်မျိုးကို လုပ်ဆောင်နေစေကာမူ၊ ၎င်းမှာ သင်၏ကိုယ်ပိုင်စီမံကိန်း သို့မဟုတ် သင်၏ လုပ်ငန်းမဟုတ်ပေ။ ၎င်းမှာ ဘုရားသခင်၏ အိမ်တော်၏အလုပ် ဖြစ်သည်၊ ၎င်းမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး၊ သင့်ကို ဘုရားသခင် ပေးခဲ့ပြီးသော တာဝန်ပေးစေခိုင်းချက် ဖြစ်သည်။ ထို့ကြောင့် သင်၏တာဝန်ကို သင်မည်ကဲ့သို့ သဘောထားသင့်သနည်း။...

သင်မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်ပါစေ၊ သင်၏တာဝန်နှင့်ပတ်သက်၍ ဘုရားသခင်၏အလိုတော်နှင့် ကိုယ်တော်၏ သတ်မှတ်ချက်များကို နားလည်သဘောပေါက်ရန် အစဉ်ကြိုးစားရမည်၊ သို့မှသာ အမှုကိစ္စများကို ကိုယ်ကျင့်တရားနှင့်အညီ ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သင်ပြုလိုသည်အတိုင်း ပြုခြင်း၊ သင် လုပ်၍ပျော်သည့်အရာနှင့် လုပ်ဆောင်ရန် သက်သောင့်သက်သာရှိသော အရာမှန်သမျှ၊ သို့မဟုတ် သင့်ကို အကောင်းမြင်စေမည့် အရာမှန်သမျှကိုသာ လုပ်ဆောင်ခြင်းဖြင့် သင်၏ ကိုယ်ပိုင်နှစ်သက်မှုများအရ လုံး၀ မပြုနိုင်ပေ။ အကယ်၍ သင်သည် သင်၏နှစ်သက်မှုများကို ဘုရားသခင်အပေါ် အခိုင်အမာ သတ်မှတ်ခြင်း သို့မဟုတ် ၎င်းတို့အား သမ္မာတရားကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်းပြုပါက၊ ၎င်းတို့မှာ သမ္မာတရား၏အခြေခံသဘောတရားများကဲ့သို့ ၎င်းတို့အား လိုက်နာပါက၊ ၎င်းမှာ သင်၏တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်နေခြင်း မဟုတ်၊ ထို့အပြင် သင်၏တာဝန်ကို ဤကဲ့သို့ ထမ်းဆောင်နေခြင်းကို ဘုရားသခင်မှ အမှတ်ရမည် မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာ သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်မည်” မှ

၆။ သင်သည် လူသားပြုသင့်သောအရာကို ပြုရမည်ဖြစ်ပြီး သင်၏ဝတ္တရားများကို ဆောင်ရွက်၍ တာဝန်များကို ဖြည့်ဆည်းကာ တာဝန်စောင့်ထိန်းရမည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သဖြင့် ဘုရားသခင်၏ အမှုတွင် ပါ၀င်သင့်သည်။ ပါ၀င်ခြင်းမရှိလျှင် သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မှီဝဲရန် မထိုက်တန်။ ဘုရားသခင်၏ အိမ်ထောင်စုတွင်နေရန် မထိုက်တန်ပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ်” မှ

လူသားသည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းသည် အမှန်အားဖြင့် လူသားတို့၏အတွင်းမှ ရှိရင်းစွဲ အရာအလုံးစုံကို စွမ်းဆောင်အောင်မြင်ခြင်းပင် ဖြစ်သည်၊ တစ်နည်းအားဖြင့် လူသားများအတွက် စွမ်းဆောင်အောင်မြင်နိုင်ခြေရှိသော အရာများဖြစ်သည်။ ထိုအခါတွင် ၎င်းတို့၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်မည်ဖြစ်သည်။ လူသားတို့ အစေခံစဉ် လူသားတို့၏ ချွတ်ယွင်းချက်များသည် အဆင့်ဆင့် တိုးတက်ရင့်ကျက်လာသော အတွေ့အကြုံအားဖြင့်သော်လည်းကောင်း တရားစီရင်ခြင်းကို ခံရသော ၎င်းတို့၏ အတွေ့အကြုံဖြစ်စဉ်အားဖြင့်သော်လည်းကောင်း တဖြည်းဖြည်းလျော့နည်းလာသည်၊ ၎င်းတို့သည် လူသားတို့၏တာဝန်ကို တားဆီးခြင်း သို့မဟုတ် ဆိုးကျိုးသက်ရောက်စေခြင်းမရှိပါ။ အစေခံခြင်းကို ရပ်စဲသောသူ သို့မဟုတ် လက်လျှော့ အရှုံးပေးသူများနှင့် အစေခံခြင်းတွင် ရှိကောင်းရှိနိုင်သော ချွတ်ယွင်းချက်များကို ကြောက်ရွံ့ခြင်းကြောင့် နောက်ပြန်ဆုတ်သောသူများသည် လူသားများ အားလုံးထဲတွင် သတ္တိအနည်းဆုံးသောသူများဖြစ်သည်။ အကယ်၍ လူသားများသည် အစေခံစဉ် ဖော်ပြသင့်သည့်အရာတို့ကို ဖော်ပြနိုင်ခြင်းရှိရမည့်အစား သို့မဟုတ် ၎င်းတို့အတွက် ရှိရင်းစွဲအနေဖြင့် ဖြစ်နိုင်ခြေရှိသည်တို့ကို ရယူစွမ်းဆောင်နိုင်ခြင်းရှိရမည့်အစား စိတ်အားထက်သန်မှုမရှိဘဲ ဝတ်ကျေတမ်းကျေလုပ်နေပါက၎င်းတို့သည် ဖန်ဆင်းခံသတ္တဝါများတွင် ရှိသင့်ရှိထိုက်သောအလုပ်ကို လက်လွှတ်ဆုံးရှုံးနေရပြီ ဖြစ်သည်။ ဤသို့သော လူသားများကို လေထဲတိုက်အိမ်ဆောက်သော အညတြလူများဟူ၍လည်းကောင်း ဆန်ကုန်မြေလေးဟူ၍လည်းကောင်း သတ်မှတ်သည်၊ ဤသို့သောလူတစ်ဦးကို ဖန်ဆင်းခံသတ္တဝါဟူသော ဂုဏ်ပုဒ်ပေး၍ အဘယ်သို့ ခံ့ညားစေနိုင်မည်နည်း။ အပြင်ပန်း တောက်ပြောင်သော်လည်း အတွင်း၌ ပုပ်သိုးသော ဖောက်ပြန်ပျက်စီးမှု၏ အပေါင်းအပါများဖြစ်သည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်တို့အကြား ကွဲပြားခြားနားမှု” မှ

လူ၏တာဝန်နှင့် သူကောင်းချီးမင်္ဂလာခံစားရခြင်း သို့မဟုတ် ကျိန်ခြင်းအမင်္ဂလာခံရခြင်း အကြားတွင် အပြန်အလှန်ဆက်စပ်မှု မရှိ။ တာဝန်မှာ လူအနေဖြင့် ကျေပွန်အောင် ထမ်းဆောင်ရမည့် အရာဖြစ်သည်၊ ၎င်းသည် မလွှဲမရှောင်သာ သူထမ်းဆောင်ရမည့်တာဝန်ဖြစ်ပြီး ဆုလာဘ်ကို မျှော်ကိုးခြင်း၊ အခြေအနေများ သို့မဟုတ် အကြောင်းပြချက်များပေါ်တွင် မမူတည်သင့်ပါ။ ထိုအခါမှသာ သူ၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ကောင်းချီးမင်္ဂလာခံစားရသော လူတစ်ဦးသည် တရားစီရင်ခြင်းပြီးနောက် ပြီးပြည့်စုံခြင်းသို့ ရောက်သည့်အခါ ကောင်းမြတ်ခြင်းကို ခံစားရသည်။ ကျိန်ခြင်းအမင်္ဂလာခံရသော လူတစ်ဦးသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ခံရပြီးနောက် စိတ်သဘောထား မပြောင်းလဲသည့်အခါ ပြစ်ဒဏ်ပေးခြင်းကို ခံရသည်၊ တစ်နည်းအားဖြင့် ၎င်းသည် စုံလင်ခြင်းသို့ရောက်ခြင်း မရှိသေး။ ဖန်ဆင်းခံသတ္တဝါဖြစ်သည့် လူသားသည် ကောင်းချီးမင်္ဂလာ ခံစားရသည်ဖြစ်စေ ကျိန်ခြင်းအမင်္ဂလာ ခံရသည်ဖြစ်စေ မိမိ၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သင့်သည်၊ မိမိလုပ်သင့်သောအရာတို့ကို လုပ်ဆောင်သင့်ပြီး မိမိလုပ်နိုင်စွမ်းရှိသောအရာတို့ကို လုပ်သင့်သည်။ ဤအရာသည် ဘုရားသခင်ကို ရှာဖွေသော လူသားတစ်ဦးအတွက် အလွန်အခြေခံကျသောအရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ ခံစားရရန်အတွက်သာ သင်၏တာဝန်ကို မထမ်းဆောင်သင့်၊ ထိုနည်းတူ ကျိန်ခြင်းအမင်္ဂလာခံရမည်ကို စိုးရိမ်ခြင်းကြောင့် လုပ်ဆောင်ရန် ငြင်းပယ်ခြင်း သင်မပြုသင့်။ ဤအရာတစ်ခုကို သင်တို့အား ငါပြောမည်၊ အကယ်၍ လူသည် သူ၏တာဝန်ကို ထမ်းဆောင်နိုင်ပါက ၎င်းသည် သူလုပ်ဆောင်သင့်သောအရာကို သူစွမ်းဆောင်သည်ဟု အဓိပ္ပာယ်ရသည်။ အကယ်၍ လူသည် သူ၏တာဝန်ကို မထမ်းဆောင်နိုင်ပါက ၎င်းသည် လူ၏ဆန့်ကျင်ပုန်ကန်မှုကို ပြသည်ဟု အဓိပ္ပာယ်ရသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်တို့အကြား ကွဲပြားခြားနားမှု” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

မည်သည့် တာဝန်ကို လူအသီးသီးက ဆောင်ရွက်သင့်သနည်း။ လူအသီးသီးက ဆောင်ရွက်သင့်သည့် တာဝန်မှာ ၎င်း လက်တွေ့လုပ်ဆောင်ထိုက်သည့် သမ္မာတရားဖြစ်ပြီး၊ ၎င်း လက်တွေ့လုပ်ဆောင်ထိုက်သည့် သမ္မာတရားမှာ ၎င်းအနေဖြင့် ဆောင်ရွက်သင့်သည့် တာဝန်နှင့် ဖြည့်ဆည်းသင့်သည့် ဝတ္တရားဖြစ်သည်။ သင့်အနေဖြင့် နားလည်သဘောပေါက်သော၊ လက်တွေ့လုပ်ဆောင်ထိုက်သော သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည်ဆိုလျှင်၊ သင်သည် သင်၏ တာဝန်ကို မှန်မှန်ကန်ကန်ဖြင့် ကျေပွန်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ သမ္မာတရားကို သင် လက်တွေ့မလုပ်ဆောင်လျှင်၊ သင်သည် သင်၏ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နေခြင်း မဟုတ်ပေ။ သင်သည် အချိန်ဖြုန်းနေခြင်း ဖြစ်သည်၊ ဘုရားသခင်ကို အရူးလုပ်နေပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ ကရော်ကမည်ပြုနေခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သင့်တာဝန်များကို ထမ်းဆောင်ခြင်းသည် သမ္မာတရားနှင့် သေချာပေါက် ချိတ်ဆက်ရမည်။ သမ္မာတရားနှင့် နီးကပ်စွာ ဆက်နွှယ်နေရမည်။ သင် နားလည်သမျှသော သမ္မာတရားအားလုံးကို လက်တွေ့လုပ်ဆောင်ရမည်ဖြစ်ပြီး၊ သမ္မာတရား၏ လက်တွေ့အရှိတရားဖြင့် အသက်ရှင်နေထိုင်ရမည်။ သမ္မာတရား၏ လက်တွေ့အရှိတရားဖြင့် အသက်ရှင်နေထိုင်ရန်မှာ လူ၏ မှန်ကန်သော ပုံရိပ်ကို ကိုယ်စားပြုခြင်း ဖြစ်သည်။ ဘုရားသခင်က လူသားကို ဖန်ဆင်းခဲ့ချိန်တွင်၊ ဤပုံရိပ်ကို အခြေပြုခဲ့ခြင်းဖြစ်သည်၊ ထို့ကြောင့် သမ္မာတရား၏ ပုံရိပ်ကို သင် အသက်ရှင်နေထိုင်လျှင်၊ ဘုရားသခင်ကို သင် ကျေနပ်စေလိမ့်မည်၊ ဘုရားသခင်က သင့်အပေါ် ကြည့်ရှုသောအခါ ကျေနပ်အားရလိမ့်မည်၊ သူသည် သင့်ကို ကောင်းကြီးပေးလိမ့်မည်၊ ထာဝရအသက်ကို သင့်အား ပေးလိမ့်မည်ဖြစ်ပြီး၊ သင့်ကို ထာဝရအသက်ရှင်ခွင့် ပြုလိမ့်မည်။ သို့သော် သင်သည် သမ္မာတရား၏ ပုံရိပ်ကို အသက်ရှင်မနေထိုင်လျှင်၊ လူသားဟု ခေါ်ဆိုရန် မထိုက်တန်ပေ၊ ထို့အပြင် ဘုရားသခင်က သင့်အပေါ် ကြည့်ရှုသောအခါ၊ သင့်အပေါ် သူ နှင်းအပ်ထားသော အသက်၏ အရိပ်အယောင်တစ်ခုမျှ သင့်ထံတွင် မရှိဟု တွေးထင်ပေလိမ့်မည်ဖြစ်ပြီး၊ ထိုသို့သော အမှိုက်ကို သူက ပယ်ရှင်းပေလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်ကို သင် ယုံကြည်သောအခါ၊ လူသားမျိုးနွယ်အပေါ် ဘုရားသခင် နှင်းအပ်ထားသော သမ္မာတရားကို သင်သည် တွေ့ကြုံ၍ လက်တွေ့လုပ်ဆောင်သင့်ပြီး၊ နောက်ဆုံးတွင် ဘုရားသခင် နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားဖြင့် အသက်ရှင်နေထိုင်သင့်ပေသည်။ ဤသည်မှာ သင်၏ တာဝန်များကို ထမ်းဆောင်ခြင်းဖြစ်သည်။...သင်၏ တာဝန်များ၌ သမ္မာတရား ကင်းမဲ့နေလျှင်၊ သင်သည် သင်၏ တာဝန်များကို အမှန်တကယ် ဆောင်ရွက်နေခြင်း မဟုတ်ပေ၊ ယင်းအစား ကရော်ကမယ်ပြုခြင်း၊ ယုံမှားစေခြင်း၊ လှည့်ဖြားနေခြင်း ဖြစ်ကာ၊ သင်သည် လုပ်ရိုးလုပ်စဉ်များကို လုပ်ဆောင်နေခြင်းသာဖြစ်သည်၊ လုပ်ထုံးလုပ်နည်းအတိုင်း လိုက်လုပ်နေခြင်းသာ ဖြစ်သည်။ သင်၏ တာဝန်များကို ထမ်းဆောင်စဉ်တွင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရပါမည်။ ဤသည်သာ သင်၏ တာဝန်များကို အမှန်တကယ် ဆောင်ရွက်နေခြင်းဖြစ်သည်၊ ဤသည်သာ သင်၏ တာဝန်များကို စံချိန်မီ ဆောင်ရွက်နေခြင်းဖြစ်ပြီး၊ ဤသည်သာ လူသားဖြစ်ခြင်း၏ လက်တွေ့အရှိတရားကို ပိုင်ဆိုင်နေခြင်း ဖြစ်သည်။ သင်၏ တာဝန်များကို ဆောင်ရွက်နေသောအချိန်တွင်၊ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေနှင့်ပြီးဖြစ်သည်။ အသင်းတော်အတွင်း သင်လုပ်ဆောင်သည့် မည်သည့် အလုပ်မဆိုသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်လေသည်၊ ထို့ပြင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသောအခါ၊ သင်၏ တာဝန်များ၊ ဝတ္တရားများကို ကျေပွန်အောင် ထမ်းဆောင်နေခြင်းဖြစ်ပြီး၊ ဤသည်မှာ သင်၏ တာဝန်ဖြစ်သောကြောင့်၊ သင်သည် ကောင်းမွန်စွာ ဆောင်ရွက်ရပါမည်။ ဤသည်မှာ ကျွန်ုပ်တို့ ဆိုလိုသော၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းပင်ဖြစ်သည်။ သို့ဆိုလျှင် သင်၏ တာဝန်များကို ဆောင်ရွက်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့ကြားက မှန်ကန်သော ဆက်နွှယ်မှုမှာ အဘယ်နည်း။ ယင်းတို့သည် အရာတစ်ခုတည်းကို ကွဲပြားသော နည်းလမ်းနှစ်ခုဖြင့် အနက်ပြန်ခြင်းဖြစ်သည်။ အပြင်ပန်းတွင် တာဝန်တစ်ခုကို ဆောင်ရွက်နေသည်ဟု ထင်ရသော်လည်း၊ အနှစ်သာရအားဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သင်၏ တာဝန်များကို ဆောင်ရွက်ချိန်၌ သင်သည် သမ္မာတရားကို နားမလည်လျှင်၊ သင်၏ အလုပ်ကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်လိမ့်မည်လော။ ဆောင်ရွက်နိုင်လိမ့်မည် မဟုတ်ပေ။ ပထမဦးစွာ၊ သင်၏ တာဝန်များကို ဆောင်ရွက်ရန်မှာ ဘာကိုဆိုလိုသည်၊ သို့မဟုတ် သင်၏ တာဝန်များကို မည်သို့ ကောင်းမွန်စွာ ဆောင်ရွက်ရမည်ဆိုသည်တို့ကို သင် ရှင်းရှင်းလင်းလင်း နားလည်လိမ့်မည်မဟုတ်ပေ။ ဒုတိယအနေဖြင့်၊ အမှန်တကယ် ရှင်းရှင်းလင်းလင်း သိနားလည်မည့် နေ့တစ်နေ့သည် ရောက်လာမည်ဖြစ်သော်လည်း၊ သင်သည် သင်၏တာဝန်များကို ကောင်းကောင်းမွန်မွန် ဆောင်ရွက်ရန် ပျက်ကွက်နေဦးမည် ဖြစ်ပြီး၊ အမှားများ အပြည့်ဖြင့် ရှိနေလေဦးမည်။ ထိုအချိန်တွင်၊ သင်၏ စိတ်သဘောထားမှာ အလွန်ဖောက်ပြန်ပျက်စီးနေသည်ကိုလည်းကောင်း၊ သင် လုပ်ဆောင်သည့်အရာများတွင် အားနည်းချက်များစွာ ရှိသည်ကိုလည်းကောင်း သင် တွေ့ရှိပါလိမ့်မည်။ ထို့နောက် သင်သည် ဤဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားပစ်ရန်အတွက် သမ္မာတရားကို စတင်လိုက်စားမည်ဖြစ်ပြီး၊ ယင်းကို အမှန်တကယ် ဖယ်ရှား၍ သမ္မာတရားကို နားလည်လိုက်သည်နှင့် တစ်ပြိုင်နက် သင်သည် သင်၏ တာဝန်များကို ထိရောက်စွာ စတင် ဆောင်ရွက်ပါလိမ့်မည်။ ဤအချိန်တွင် သင်၏ တာဝန်များကို အမည်ခံမျှသာ မဟုတ်၊ စစ်မှန်မှုဖြင့် မှန်ကန် ကောင်းမွန်စွာ သင် ဆောင်ရွက်လိမ့်မည်။ သင်၏ တာဝန်ကို ဆောင်ရွက်စဉ်တွင် သင်က သမ္မာတရားကို ပိုင်ဆိုင်သည်ရှိသော်၊ ယင်းကို ဆောင်ရွက်စဉ်တွင် ဖောက်ပြန်ပျက်စီးခြင်း တစ်ခုတလေကိုမျှ မဖော်ပြသည်ရှိသော်၊ သင်၏ ဆောင်ရွက်ခြင်း၌ ထိုက်တန်သော ရလဒ်များကို သင် ရရှိလိမ့်မည်ဖြစ်ပြီး၊ သမ္မတရားကိုလည်း စံချိန်မီ လက်တွေ့လုပ်ဆောင်ပြီး ဖြစ်လိမ့်မည်။ ဤသည်မှာ အကြွင်းမဲ့ မှန်ကန်သည်။ ထို့ကြောင့် သင်၏ တာဝန်များကို ဆောင်ရွက်နေသည့် အချိန်တိုင်း၌၊ သမ္မာတရားကို သင် မည်သို့ လိုက်စားသနည်း ဆိုသည်မှာ အလွန် အရေးပါလှသည်။ သင်က သမ္မာတရားကို မလိုက်စားလျှင်၊ သင်၏ တာဝန်များကို ဆောင်ရွက်ခြင်းသည် စံချိန်မီလိမ့်မည် မဟုတ်သည်ကား သေချာသည်။

အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၅) တွင်ပါဝင်သော “မိမိ၏တာဝန်၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည်သာလျှင် ဘုရားသခင်၏ ကောင်းချီးကို ရရှိလိမ့်မည်” မှ

ယခင်က:ရိုးသားသော လူတစ်ဦးအဖြစ်သို့ မည်သို့ လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်သင့်သနည်း။

နောက်တစ်ခုသို့:တာဝန်ကို လုပ်ဆောင်ခြင်းနှင့် အစေခံမှုကို ပေးအပ်ခြင်းတို့ကြား ခြားနားချက်များမှာ အဘယ်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ