အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၂၁။ ဘုရားသခင်နောက်လိုက်ခြင်းဆိုသည်မှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်နောက်လိုက်ရာတွင် အဓိကအရေးကြီးသောအရာမှာ အရာခပ်သိမ်းသည် ယနေ့ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ ဖြစ်သင့်ခြင်းပင် ဖြစ်သည်၊ အသက်ထဲသို့ ဝင်ရောက်ခြင်းကို သင်ရှာမှီးနေသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို ပြည့်စုံစေခြင်းကို ရှာမှီးနေသည်ဖြစ်စေ၊ အရာခပ်သိမ်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ဗဟိုပြုထားခြင်း ဖြစ်သင့်သည်။ အကယ်၍ သင်မိတ်သဟာယဖွဲ့သောအရာနှင့် လုပ်ဆောင်သော အရာတို့မှာ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ဗဟိုမပြုပါက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းကားနေသော သူတစ်ဦးဖြစ်ပြီး၊ သင်၌ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ် လုံးဝကင်းမဲ့နေမည်။ ဘုရားသခင်အလိုရှိသောအရာမှာ သူ၏ခြေလှမ်းများနောက်ကို လိုက်လျှောက်ကြသောသူများဖြစ်သည်။ သင်ယခင်က နားလည်ခဲ့သောအရာများသည် မည်သို့ပင် အံ့သြဖွယ်ကောင်းပြီး ဖြူစင်သည်ဖြစ်စေ ဘုရားသခင်က ၎င်းကို အလိုမရှိပါ၊ ထို့အပြင် အကယ်၍ သင်သည် ထိုသို့သောအရာများကို ဘေးသို့ မဖယ်ထားနိုင်ပါက ၎င်းတို့သည် အနာဂတ်၌ သင်၏ဝင်ရောက်မှုအတွက် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလင်းနောက်သို့ လိုက်လျှောက်နိုင်စွမ်းရှိသူ အားလုံးသည် ကောင်းချီးမင်္ဂလာကို ခံစားရသောသူများဖြစ်သည်။ အတိတ်ကာလများမှ လူတို့သည် ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့ကြသော်လည်း၊ ယနေ့တိုင် ၎င်းတို့ လိုက်လျှောက်နိုင်ခဲ့ခြင်း မရှိပါ၊ ဤအရာသည် နောက်ဆုံးသောကာလရှိ လူများ၏ ကောင်းချီးမင်္ဂလာဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အသစ်ဆုံးသော အလုပ်ကို သိပြီး ဘုရားသခင်၏ ခြေလှမ်းများအတိုင်း လိုက်လျှောက်ပါ” မှ

သန့်ရှင်းသော ဝိညာဉ်တော်၏အမှုသည် နေ့စဉ်နှင့်အမျှ ပြောင်းလဲနေပြီး အဆင့်တစ်ခုစီတိုင်းနှင့်အတူ သာ၍အဆင့်မြင့်လာလေ့ရှိသည်။ မနက်ဖြန်နေ့၌ ဖော်ပြမည့် ဖွင့်ပြမှုသည် ယနေ့ဖော်ပြသော ဖွင့်ပြမှုထက် ပို၍အဆင့်မြင့်ပြီး တစ်ဆင့်ပြီးတစ်ဆင့် ပို၍အဆင့်မြင့်လာလေသည်။ ဘုရားသခင်သည် ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် လူသားကို စုံလင်အောင်ပြုသည်။ အကယ်၍ လူသားက အမီမလိုက်နိုင်လျှင် အချိန်မရွေး နောက်ချန်ထားခြင်း ခံရနိုင်သည်။ လူသား၌ နာခံတတ်သော နှလုံးသားမရှိလျှင် အဆုံးတိုင်အောင် လိုက်နိုင်မည် မဟုတ်။ အတိတ်ခေတ်သည် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ယနေ့ခေတ်သည် ခေတ်သစ်ဖြစ်၏။ ခေတ်သစ်၌ အမှုသစ်ကို ပြုရပေမည်။ အထူးသဖြင့် လူသားကို စုံလင်အောင်ပြုမည့် နောက်ဆုံးသောခေတ်၌ ဘုရားသခင်သည် အမှုသစ်ကို သာ၍သာ၍လျင်မြန်စွာ လုပ်ဆောင်လိမ့်မည်။ သို့ဖြစ်၍ လူသားအနေဖြင့် နှလုံးသားထဲ၌ နာခံခြင်း မရှိလျှင် ဘုရားသခင်၏ ခြေလှမ်းများကို လိုက်လျှောက်ဖို့ ခက်မည်ဖြစ်သည်။ ဘုရားသခင်သည် မည်သည့်စည်းမျဉ်းစည်းကမ်းများကိုမျှ မလိုက်နာသကဲ့သို့၊ သူလုပ်ဆောင်သည့် အမှု၏ အဆင့်တိုင်းကိုလည်း မပြောင်းလဲသည့်အရာအဖြစ် မသတ်မှတ်ပေ။ စင်စစ်အားဖြင့် သူလုပ်သော အမှုသည် အမြဲအသစ်ဖြစ်နေလေ့ရှိပြီး၊ အမြဲအဆင့်မြင့်နေလေ့ရှိသည်။ အဆင့်တစ်ခုစီတိုင်းနှင့်အတူ သူလုပ်သောအမှုသည် ပို၍ပို၍လက်တွေ့ကျလာပြီး၊ လူသား၏ လိုအပ်ချက်များနှင့်လည်း ပို၍ပို၍ ကိုက်ညီလာလေ့ရှိသည်။ ထိုသို့သောအမှုမျိုးကို ကိုယ်တိုင်ကြုံတွေ့ခံစားပြီးမှသာ လူသားသည် သူ၏စိတ်သဘောထား၌ နောက်ဆုံးအသွင်သဏ္ဌာန်ပြောင်းလဲမှုကို ရရှိနိုင်သည်။...ဘုရားသခင်လုပ်သော အမှုသည် အချိန်ကာလကိုလိုက်၍ ကွဲပြား၏။ အကယ်၍ သင်သည် ကာလအဆင့်တစ်ခု၌ အလွန်နာခံသော်လည်း နောက်ကာလအဆင့်တစ်ခု၌မူ နာခံမှုအလွန်နည်းလျှင်၊ သို့မဟုတ် နာခံခြင်း လုံးဝမရှိလျှင် ဘုရားသခင်က သင့်ကို စွန့်ခွာသွားမည် ဖြစ်သည်။ ဘုရားသခင် ဤအဆင့်သို့ တက်သောအခါ၌ သင်မီအောင်လိုက်လျှင် နောက်အဆင့်တစ်ဆင့်သို့ သူတက်သောအခါတွင်လည်း သင်သည် ဆက်ပြီးမီအောင်လိုက်ရမည်။ သို့မှသာ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို နာခံသောသူ ဖြစ်မည်။ သင်သည် ဘုရားသခင်ကို ယုံသောကြောင့်၊ သင်သည် တစ်သမတ်တည်း နာခံရမည်။ စိတ်ပါလျှင် နာခံလိုက်၊ စိတ်မပါလျှင် မနာခံဘဲနေလိုက် မလုပ်ရ။ ထိုသို့သော နာခံမှုသည် ဘုရားသခင်၏ သဘောကျမှုကို ရမည်မဟုတ်။ သင်သည် ငါမိတ်သဟာယပြုသော အမှုသစ်ကို မီအောင်မလိုက်နိုင်ဘဲ ယခင်က ဆိုရိုးစကားများကို ဆက်လက်စွဲကိုင်နေလျှင် သင့်အသက်တာ၌ တိုးတက်မှု မည်သို့ရှိနိုင်မည်နည်း။ ဘုရားသခင်၏အမှုမှာ သူ၏နှုတ်ကပတ်တော်များအားဖြင့် သင့်ကို ထောက်ပံ့ပေးဖို့ဖြစ်သည်။ သူ၏နှုတ်ကပတ်တော်များကို သင်နာခံပြီး လက်ခံသောအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် ဧကန်အမှန် အလုပ်လုပ်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ငါပြောသည့်နည်းအတိုင်း တသွေမတိမ်း အလုပ်လုပ်သည်။ ငါပြောထားသည့်အတိုင်း လုပ်ဆောင်ပါ။ ထိုအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ ချက်ချင်းအလုပ်လုပ်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည်” မှ

ဘုရားသခင်၏နောက်သို့လိုက်ခြင်း က ဘာလဲဆိုသည်ကို သင်သိသလော။ ရူပါရုံမရှိပါဘဲနှင့် မည်သည့်လမ်းကို သင်လိုက်လျှောက်ပါမည်နည်း။ ယနေ့လုပ်ငန်းတွင် သင်၌ ရူပါရုံမရှိပါက သင့်စုံ လင်ခြင်းသို့ရောက်ရန် လုံး၀တတ်နိုင်မည်မဟုတ်ပေ။ သင်သည် မည်သူ့ကို ယုံကြည်ပါသနည်း။ သင်သည် အဘယ်ကြောင့် သူ့ကို ယုံကြည်ပါသနည်း။ သင်သည် အဘယ်ကြောင့် သူ့နောက်သို့ လိုက်ပါသနည်း။ ကစား ပွဲ တစ်ခုအဖြစ် ယုံကြည်ခြင်းမျိုးလော။ သင်သည် မိမိ၏ ဘ၀ကို ကစား ပွဲ တစ်ခုအဖြစ် ကိုင်တွယ်နေသလော။ ယနေ့အချိန်ကာလ၏ ဘုရားသခင်သည် အကြီးမြတ်ဆုံးသော ရူပါရုံဖြစ်သည်။ သူ့အကြောင်း သင်မည်မျှ သိပါသနည်း။ သူနှင့်ပတ်သက်သည့်အရာများကို သင်မည်မျှတွေ့မြင်ပြီးဖြစ်ပါသနည်း။ ယနေ့ ဘုရားသခင်ကို တွေ့ပြီးသကာလ၊ သင်၏ ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်သည် ခိုင်မာပါပြီလော။ သင်သည် ဤကဲ့သို့ မရေမရာသောလမ်းကို လိုက်လျှောက်နေသရွေ့ ကယ်တင်ခြင်းကို ရရှိမည်ဟု ထင်ပါသလော။ ဗွက်ထူသောရေတွင် ငါးဖမ်း၍ ရနိုင်ပါမည်လော။ ဤမျှလောက် ရိုးရှင်းပါသလော။ ယနေ့ ဘုရားသခင်ပြောကြားနေသည့် အရာ အကြောင်း သင်၏အယူအဆမည်မျှကို သင်မှတ်သားထားပြီးဖြစ်ပါသနည်း။ ယနေ့ဘုရားသခင်နှင့်စပ်ဆိုင်သည့် ရူပါရုံ သင့်တွင်ရှိပါသလား။ ယနေ့ဘုရားသခင်ကို သင်သည် မည်သည့်အပေါ်တွင် အခြေခံကာ နားလည်ထားပါသနည်း။ သင်သည် သူ့နောက် လိုက်ခြင်းအားဖြင့်က သူ့အားရမည်ဟု ယုံကြည်ထားသည်။ သူ့အား မြင်ရခြင်းအားဖြင့် သူ့အားရမည်ဟု သင်ယုံကြည်ထားသည်။ မည်သူတစ်ဦးတစ်ယောက်မျှ သင့်အား ခါချနိုင်မည်မဟုတ်ဟု သင်ယုံကြည်ထားသည်။ ဘုရားသခင်နောက်ကို လိုက်ခြင်းသည် အလွန်လွယ်ကူသည်ဟု မထင်လိုက်နှင့်။ အဓိကသော့ချက်မှာ သင်သည် သူ့ကိုသိရမည်ဖြစ်သည်။ သူ၏အမှုကို သိရမည်ဖြစ်သည်။ သူ့အတွက် အခက်အခဲကို ကြံ့ကြံ့ခံမည်ဟူသည့် စိတ်ဆန္ဒရှိရမည်ဖြစ်သည်။ သူ့အတွက် မိမိအသက်ကိုပေးဆပ်မည်ဟူသည့် ဆန္ဒရှိရမည်။ ထို့အပြင် သူ့အားဖြင့် စုံလင်ခြင်းသို့ရောက်လိုသော စိတ်ဆန္ဒရှိရမည်ဖြစ်သည်။ ဤသည်မှာ သင်၌ရှိသင့်သော ရူပါရုံပင်ဖြစ်သည်။ ကျေးဇူးတော်အား မွေ့လျော်ခံစားမှုအကြောင်းကို အစဉ်စဉ်းစားနေပါက အလုပ်ဖြစ်မည်မဟုတ်ပါ။ ဘုရားသခင်သည် လူများ၏ ပျော်ရွှင်မှုအတွက်သာ ရှိနေခြင်းဖြစ်သည်၊ လူတို့အပေါ် ကျေးဇူးတော်သွန်းဖြိုးပေးရန်အတွက်သာ ရှိနေခြင်းဖြစ်သည်ဟု မယူမှတ်လိုက်နှင့်။ သင်သည် အလွဲလွဲအမှားမှား တွေးထင်ခဲ့သည်တကား။ အကယ်၍ တစ်စုံတစ်ဦးသည် လိုက်လျှောက်ရန်အတွက် မိမိအသက်ကို မစတေးနိုင်လျှင်၊ လောကီပိုင်ဆိုင်မှုတိုင်းကို မစွန့်လွှတ်နိုင်လျှင်၊ ထိုသူတို့သည် အဆုံးထိတိုင်အောင် လုံးဝလိုက်လျှောက်နိုင်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့သည် လုပ်ငန်းကိုနားလည်သဘောပေါက်ရမည်။ ရှုပ်ထွေးသည့်စိတ်နှလုံးနှင့် မလိုက်ကြနှင့်။” မှ

ပေတရုဟာ ယေရှုနောက်ကို နှစ်အနည်းငယ်လိုက်ခဲ့ပြီး လူတွေမှာ မရှိတဲ့အရာတွေကို ယေရှုဆီမှာ တွေ့ခဲ့ရတယ်။ သူ့နောက်ကို တစ်နှစ်ကြာ လိုက်ပြီးတဲ့နောက်မှာ ယေရှုက သူ့ကို တမန်တော် ၁၂ ပါးရဲ့ ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့တယ်။ (ဒါက ယေရှုရဲ့ စိတ်နှလုံးသားနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်ပြီး လူတွေက ဒါကို လုံးဝမမြင်နိုင်ကြဘူး။) ယေရှုရဲ့ အပြုအမူတိုင်းဟာ သူ့ဘဝအတွက် စံနမူနာ ယူစရာဖြစ်ခဲ့ပြီး၊ အထူးသဖြင့် ယေရှုရဲ့ တရားဒေသနာတွေဟာ သူ့နှလုံးသားမှာ ထွင်းထုထားခဲ့ပါတယ်။ သူဟာ ယေရှုအပေါ် အလွန်ကို စိတ်နှစ်မြုပ်ပြီး အလွန်ကိုပဲ ထည့်သွင်း စဉ်းစားပေးတတ်ပါတယ်။ ယေရှုအပေါ်မှာ အထွန့်တက် ငြင်းခုန်ခြင်း တစ်ခါမှ မရှိခဲ့ဘူး။ ဒါကြောင့် ပေတရုဟာ သူဘယ်သွားသွား ယေရှုရဲ့ သစ္စာရှိတဲ့ အဖော်တစ်ယောက် ဖြစ်ခဲ့တယ်။ ပေတရုဟာ ယေရှုရဲ့ သင်ကြားချက်တွေ၊ သူ့ရဲ့ နူးညံ့တဲ့ စကားလုံးတွေနဲ့ သူဘာစားတယ်၊ ဘာဝတ်တယ် ဆိုတာတွေ၊ သူ့ရဲ့ နေ့စဉ်ဘဝနဲ့ သူ့ရဲ့ ခရီးသွားခြင်းတို့ကို လေ့လာကြည့်ရှု ခဲ့ပါတယ်။ ယေရှုရဲ့ စံနမူနာအတိုင်း သူတတ်နိုင်သမျှ လိုက်လျှောက်တယ်။ သူဟာ ဘဝင်မမြင့်ဘူး။ ဒါပေမဲ့ သူ့ရဲ့အရင်က ဟောင်းနွမ်းနေပြီဖြစ်တဲ့ အရာတွေအားလုံးကို ထားခဲ့ပြီး၊ ယေရှုရဲ့ စကားလုံးနဲ့ လုပ်ဆောင်မှု စံနမူနာတွေကို လိုက်လျှောက်ခဲ့တယ်။ အဲဒီအချိန်တုန်းက ပေတရုဟာ ကောင်းကင်၊ မြေကြီးနဲ့ ရှိသမျှအရာ အားလုံးဟာ အနန္တဘုန်းတန်ခိုးရှင်ရဲ့ လက်ထဲမှာရှိတယ်ဆိုတာကို ခံစားခဲ့ရတယ်။ ဒါကြောင့် သူ့မှာ ကိုယ်ပိုင် ရွေးချယ်မှု မရှိခဲ့ဘူး။ ဒါပေမဲ့ ယေရှုရဲ့ အပြုအမူအားလုံးကို သူ့ရဲ့ စံနမူနာအဖြစ် ထားခဲ့တယ်။ ယေရှုဟာ သူလုပ်ခဲ့တဲ့အပေါ်မှာ ဘဝင်မြင့်ခြင်း မရှိသလို၊ သူ့ကိုယ်သူ ကြွားဝါခြင်းလည်းမရှိဘူး၊ ဒါတွေကို မပြုလုပ်ဘဲ သူဟာ လူတွေကို ချစ်ခြင်းမေတ္တာနဲ့ ထိတွေ့တယ်ဆိုတာကို သူ့အသက်တာကနေ သူတွေ့မြင်နိုင်ခဲ့တယ်။ မတူညီတဲ့ အခြေအနေတွေမှာ ပေတရုဟာ ယေရှုက ဘယ်လိုလူမျိုးလဲဆိုတာကို မြင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ယေရှုမှာ ရှိသမျှအရာ အားလုံးဟာ ပေတရုအတွက် စံနမူနာယူစရာတွေပဲ ဖြစ်လာခဲ့တာပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏စာအုပ်ထဲရှိ “ပေတရု၏ အသက်တာ” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် မှ

ပေတရု အသက်တာထဲတွင် ဘုရားသခင်၏ လိုအင်ကို မကျေနပ်စေသည့် အရာ မည်သည့်အရာမဆို သူ့အား မသက်မသာ ခံစားရစေသည်။ အကယ်၍ ယင်းအရာသည် ဘုရားသခင်၏ လိုအင်ကို မကျေနပ်စေပါက၊ သူသည် နောင်တကြီးစွာ ခံစားရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ နှလုံးသားကို ကျေနပ်စေရန် သူကြိုးစားနိုင်မည့် သင့်လျော်သော နည်းလမ်းများကို သူရှာလိမ့်မည် ဖြစ်သည်။ သူ့ အသက်တာ၏ အသေးငယ်ဆုံးနှင့် အရေးမပါဆုံးသော ရှုထောင့်များ၌ပင်လျှင် သူသည် ဘုရားသခင်၏ လိုအင်ကို ကျေနပ်စေရန် မိမိကိုယ်ကို လိုအပ်တောင်းဆိုခဲ့သည်။ သူ၏ ဟောင်းသော စိတ်သဘောထားနှင့် ပတ်သက်လာလျှင် သူသည် အတိအကျပင် လုပ်ဆောင်ခဲ့ပြီး၊ သမ္မာတရားအတွင်းသို့ သာ၍ နက်ရှိုင်းစွာ တိုးတက်သွားနိုင်ရန် မိမိကိုယ်ကိုမိမိ လိုအပ်တောင်းဆိုမှုများ၌ သူသည် သာ၍ပင် ပြင်းပြင်းထန်ထန် ပြုမူ ခဲ့သည်။...ပေတရု၏ ဘုရားသခင်ကို ယုံကြည်ခြင်းတွင်၊ သူသည် အရာခပ်သိမ်း၌ ဘုရားသခင်ကို ကျေနပ်စေရန် ကြိုးစားခဲ့ပြီး၊ ဘုရားသခင်ထံမှလာသော အရာအားလုံးကို နာခံရန် ကြိုးစားခဲ့သည်။ စောဒကတက်ခြင်း စိုးစဉ်းမျှ မရှိဘဲ၊ သူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၊ စစ်ဆေးခြင်းအပါအဝင်၊ ကြီးစွာသောဒုက္ခနှင့် သူ့အသက်တာအတွင်း ချို့တဲ့မှုများကို လက်ခံနိုင်ခဲ့သည်၊ ယင်းတို့အထဲမှ မည်သည့်အရာကမျှ သူ၏ ဘုရားသခင်အားချစ်ခြင်းကို မပြောင်းလဲနိုင်ခဲ့ပါ။ ဤသည်မှာ ဘုရားသခင်ကို အကြွင်းမဲ့သော ချစ်ခြင်းပင် မဟုတ်ပေလော။ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းခြင်းပင် မဟုတ်ပေလော။ ပြစ်တင်ဆုံးမခြင်း၌ဖြစ်စေ၊ တရားစီရင်ခြင်း၌ဖြစ်စေ၊ သို့မဟုတ် ကြီးစွာသောဒုက္ခ၌ဖြစ်စေ၊ သင်သည် သေဆုံးသည်အထိ နာခံခြင်းကို ပြီးမြောက်အောင်မြင်ရန် အမြဲတတ်စွမ်းနိုင်ပြီး၊ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးမှ ပြီးမြောက်အောင်မြင်သင့်သည့် အရာဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်း၏ သန့်စင်မှုပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ဘုရားသခင်၏ နောက်သို့လိုက်ခြင်းဆိုသည်မှာ အဓိကအားဖြင့် ဘုရားသခင်၏ လက်ရှိအမှုတော်နောက်ကို လိုက်ခြင်း၊ ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များကို ဆက်ကပ်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ ပညတ်ချက်များကို စောင့်ထိန်းနိုင်ခြင်း၊ အကြောင်းကိစ္စအားလုံးတွင် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အညီ လက်တွေ့လုပ်ဆောင်ခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုနှင့် ဦးဆောင်လမ်းပြမှုကို လုံးဝဆက်ကပ်အပ်နှံခြင်းတို့ကို ရည်ညွှန်းပါသည်။ နောက်ဆုံးတွင်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်သော လူတစ်ဦးဖြစ်လာခြင်းကို ရည်ညွှန်းပါသည်။ ဤသို့သော လူမျိုးသည်သာ ဘုရားသခင်၏ နောက်လိုက်ဖြစ်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိသောသူတစ်ဦးဖြစ်သည်။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတွင် သမ္မာကျမ်းစာအပေါ် မီခိုပြီး သမ္မာကျမ်းစာကို ချီးမြှောက်သော်လည်း လက်တွေ့အရှိတရားတွင် ကျွန်ုပ်တို့၏ လက်တွေ့လုပ်ဆောင်မှုနှင့် အတွေ့အကြုံမှာ သမ္မာကျမ်းစာမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆက်ကပ်အပ်နှံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းအစား၊ သမ္မာကျမ်းစာထဲက လူသားတို့၏ စကားများနှင့် သွန်သင်ချက်များအရ ဖြစ်လျှင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျွန်ုပ်တို့ သဘောပေါက်နားလည်ခြင်းမရှိပဲ ယင်းအစား ဘာသာရေးအခမ်းအနားများနှင့် စည်းမျဉ်းများကိုသာ လိုက်နာစောင့်ထိန်းလျှင်၊ ဤသည်မှာ လူနောက်လိုက်နေခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာထဲမှ လူတို့၏ စကားများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကဲ့သို့ လိုက်လျှောက်၍ လက်တွေ့လုပ်ဆောင်ပြီး သခင်ယေရှုကိုတော့ ပြယုဂ်တစ်ခုမျှအဖြစ်သာ ယူဆလျင် သူ၏ စကားများကို လျစ်လျူရှုကာ သူ၏ ပညတ်ချက်များကို လိုက်လျှောက်ရန် မည်သည့်အရာမျှ မလုပ်ဆောင်လျှင်၊ ကျွန်ုပ်တို့သည် သူတော်ကောင်းအယောင်ဆောင် ဖာရိရှဲများကဲ့သို့ပင် ဧကန်မုချ သခင်ယေရှုအားဖြင့် ပြုပြင်ခံရပြီး ကျိန်ဆဲခံရကြလိမ့်မည်ဖြစ်သည်။ သခင်၌ယုံကြည်ခြင်းရှိသော်လည်း ဝိညာဉ်ရေးရာ ကျော်ကြားသူများ သို့မဟုတ် သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို မျက်စိကန်းစွာ ကိုးကွယ်ကြသော လူများစွာရှိသည်၊ ၎င်းတို့သည် ဖာရိရှဲများကို ကြည်ညိုကြလေသည်။ ၎င်းတို့ အပေါ်ကို မည်သည့်အမှုအ ရာကျရောက်ပါလေ့စေ၊ ဦးဆောင်လမ်းပြမှုကို ရှာဖွေရန် သင်းအုပ်ဆရာများနှင့် အကြီးအကဲများထံသို့ ပြေးသွားကြသည်၊ မှန်သောလမ်းကို လေ့လာစုံစမ်းရာတွင်လည်း ထပ်တူ ၎င်းတို့ လုပ်ဆောင်ကြ၏။ ရလဒ်အနေဖြင့်၊ ၎င်းတို့သည် သူတော်ကောင်းအယောင်ဆောင် ဖာရိရှဲများနှင့် ဘာသာရေး ခေါင်းဆောင်များအားဖြင့် လှည့်ဖြားခံရပြီး လွဲမှားစွာဦးဆောင်ခြင်းခံရကြကာ ဘုရားသခင်ကို အာခံသည့် လမ်းကြောင်းပေါ် စတင်သက်ဆင်းမိကြသည်။ ဤအရာများသည် ဘုရားသခင်အစား လူနောက်လိုက်လျှောက်ခြင်း၏ အကျိုးဆက်များနှင့် အဆုံးသတ်များဖြစ်သည်။ ဘုရားသခင်နောက်ကို အမှန်တကယ် လိုက်လျှောက်ရန် တစ်ခုတည်းသောလမ်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နောက်လိုက်လျှောက်ခြင်း၊ ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များကို လိုက်လျှောက်ခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော် အမှုတော်၏ ခြေရာများနောက်လိုက်လျှောက်ခြင်းနှင့် ကျွန်ုပ်တို့၏ တာဝန်များကို ဖြည့်ဆည်းရန် အကောင်းဆုံးပေးဆပ်ခြင်းတို့အပေါ် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို အဓိက အခြေပြုရန် ဖြစ်သည်။ အထူးသဖြင့် နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် သူ၏ တရားစီရင်ခြင်းအမှုတော်ကို လုပ်ဆောင်သည့်အခါတွင် ဘာသာရေးလောကသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးခဲ့ပြီဖြစ်ပြီး ခြောက်ကပ်လာခဲ့ပြီဖြစ်သည်။ မှန်ကန်သောလမ်းကို ကျွန်ုပ်တို့ မဖြစ်မနေ ရှာရသောအခါ၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အာရုံကို အသင်းတော်များအတွက် သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များကို ရှာဖွှေခြင်းဆီသို့ ပို၍ပင် လှည့်ကြရပါမည်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ မိန့်မြွက်ချက်များနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်တို့ကို ရှာဖွေကြရပါမည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်နှင့် အမှုတော်တို့ကို ကျွန်ုပ်တို့ မရှာလျှင်၊ ဘုရားသခင်၏ အသံတော်ကို ကျွန်ုပ်တို့ မကြားနိုင်လျှင်၊ လက်ရှိ ဘုရားနှုတ်ကပတ်တော်များ၏ အာဟာရကို ရယူရန် မတတ်နိုင်လျှင်၊ ကျွန်ုပ်တို့သည် ပယ်ရှားခံရလိမ့်မည်၊ အမှောင်ထဲသို့ လိမ့်ကျရင်း၊ ငိုကြွေးကာ အံသွားခဲကြိတ်ကြလျက်၊ နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်ကာလအတွင်းတွင် ဖယ်ရှားခံရကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်နောက်ကို အမှန်တကယ်လိုက်ပြီး ဆက်ကပ်အပ်နှံသောသူတို့သည် ကိုယ်တော်အားဖြင့် ဘယ်သောအခါမျှ စွန့်ပစ်ခံရလိမ့်မည်မဟုတ်ပါ။ သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို ကိုးကွယ်သော သူတို့သည် လူကိုဆက်ကပ်အပ်နှံခြင်းဖြစ်ပြီး လူ၏ နောက်လိုက်များ ဖြစ်ကြသည်။ ဤလူတို့သည် ဘုရားသခင်၏ အမှုတော်အားဖြင့် နောက်ဆုံးတွင် ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရလိမ့်မည်။

ကျွန်ုပ်တို့၏ နှုတ်များမှ ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်ရမည်၊ ဘုရားသခင်နောက်ကို လိုက်ရမည်ဖြစ်ပြီး သူ့ကို ဆက်ကပ်အပ်နှံရမည်ဟု ကြွေးကြော်ကြသော်လည်း လက်တွေ့အရှိတရားတွင် ဖြစ်သောအရာမှာ မတူပေ။ ဤအရာကို ကျေးဇူးတော်ခေတ်တွင် ဂျူးဘာသာယုံကြည်မှုရှိသောသူတို့က ပေတရုနှင့် ယောဟန်တို့ လုပ်ဆောင်ပုံနှင့် ဆန့်ကျင်စွာ သခင်ယေရှုကို ဆက်ဆံခဲ့သည့်နည်းလမ်းမှ ကျွန်ုပ်တို့ ရှင်းလင်းစွာ မြင်နိုင်သည်။သခင်ယေရှုသည် သူ၏ အသစ်သောအမှုတော်ကို ဆောင်ရွက်ခဲ့သည်၊ သမ္မာတရားကို ထုတ်ပြန်ခဲ့ပြီး နောင်တလမ်းကို ဆောင်ကျဉ်းခဲ့သော်လည်း ထိုအချိန်က ဂျူးလူမျိုးအများစုက ယဇ်ပရောဟိတ်အကြီးအကဲများနှင့် ဖာရိရှဲတို့၏ သွန်သင်ချက်များကိုသာ နားထောင်ခဲ့ကြသည်။ သခင်ယေရှု၏ အမှုတော်နှင့် နှုတ်ကပတ်တော်များကို လက်မခံခဲ့ကြပါ၊ ရလဒ်အနေဖြင့် သခင်ယေရှု၏ ကယ်တင်ခြင်းကို သူတို့ ဆုံးရှုံးခဲ့သည်။ အမည်ခံအားဖြင့် ဘုရားသခင်ကို သူတို့ယုံကြည်ကြ၏၊ သို့သော် အမှန်တကယ်တွင် ၎င်းတို့သည် ယဇ်ပရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲများကို ယုံကြည်ခဲ့ကြသည်။ သို့သော်၊ ပေတရု၊ မဿဲ၊ ဖိလ္လပိ နှင့် အခြားသူများက သခင်ယေရှု၏ နှုတ်ကပတ်တော်များက သြဇာအာဏာနှင့် တန်ခိုးရှိပြီး ၎င်းတို့သည် သမ္မာတရားဖြစ်သည်ကို မြင်ခဲ့ကြသည်။ သခင်ယေရှု၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့သည် ဘုရားသခင်ထံမှာလာသည်ကို သူတို့ မြင်ခဲ့ကြပြီး သူ့နောက်ကို နီးကပ်စွာ လိုက်ခဲ့ကြသည်။ ဖာရိရှဲတို့၏ ထိန်းချုပ်မှုကို ၎င်းတို့ လုံးဝ မခံခဲ့ကြရပဲ ဘုရားသခင်နောက်ကို အမှန်တကယ် လိုက်ပြီး နာခံသောသူများဖြစ်ခဲ့ကြသည်။ နောက်ဆုံးသောကာလတွင်၊ ဘုရာသခင်နောက်ကို အမှန်တကယ်လိုက်လျှောက်ပြီး ဆက်ကပ်အပ်နှံဖို့ တစ်ခုတည်းသော နည်းလမ်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်ကို လက်ခံကာ ဆက်ကပ်အပ်နှံဖို့ဖြစ်ပြီး ဤအရာက ဗျာဒိတ်ကျမ်းတွင် တွေ့ရသော ပရောဖက်ပြုချက်ဖြစ်သည့်၊ “သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။” (ဗျာဒိတ် ၁၄:၄)

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

ဘုရားသခင်နောက်သို့လိုက်ခြင်းက အဘယ်အရာကို ဆိုလိုပါသနည်း။ ထို့ပြင် သင်သည် ယင်းကို မည်သို့လက်တွေ့လုပ်ဆောင်သနည်း။ ဘုရားသခင်၏နောက်တော်သို့လိုက်ခြင်းတွင် ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် ဘုရားသခင်ကို ချီးမွမ်းခြင်းသာ ပါဝင်သည် မဟုတ်ပါ။ အရေးအကြီးဆုံးက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း နေထိုင်ရန်၊ သမ္မာတရားအတိုင်း ပြုမူရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် အသက်တာအတွေ့အကြုံလမ်းကို ရှာဖွေရန်၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန်၊ သင်၏တာဝန်တစ်ခုစီတိုင်းကို သင့်တင့်လျောက်ပတ်စွာ ထမ်းဆောင်ရန်နှင့် သန့်ရှင်းသော ဝိညာဉ်တော်က လမ်းပြပေးသည့်အတိုင်း သင်၏အရှေ့က လမ်းကြောင်းကို လျှောက်ရန်တို့ ဖြစ်ကြသည်။ အထူးသဖြင့်၊ အကျပ်အတည်းဖြစ်သော အဆင့်များတွင်၊ ကြီးမားသည့် ပြဿနာများ သင့်အပေါ်သို့ ကျရောက်လာသည့်အခါ၊ လူ့အယူဝါဒများ၏ လှည့်စားမှုခံရခြင်းကို သတိရှိရန်နှင့်၊ တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုအောက်သို့ မကျရောက်ရန်အလို့ငှာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေရန် ပို၍လိုအပ်လာသည်။ “ဘုရားသခင်ထံမှ လာသည့်အရာကို ကျွန်ုပ်နာခံပြီး လိုက်လျှောက်သည်၊ သို့ရာတွင် ၎င်းသည် လူ၏အလိုမှ လာခြင်းဖြစ်လျှင် ကျွန်ုပ်သည် ယင်းကို စွဲမြဲခိုင်မာစွာ ငြင်းပယ်ပါမည်။ ခေါင်းဆောင်များ၊ သို့မဟုတ် အမှုတော်ဆောင်များမှ ဟောသည့်တရားသည် ဘုရားသခင်၏ စီမံမှုများနှင့် သဘောထားကွဲလွဲနေလျှင် ကျွန်ုပ်သည် ဘုရားသခင်နောက်သို့ လုံးလုံးလိုက်ပြီး လူတို့ကို ငြင်းပယ်ပါသည်။ ဘုရားသခင်၏ အလိုတော်နှင့် စီမံမှုများနှင့် လုံးဝကိုက်ညီနေလျှင် ကျွန်ုပ်သည် ၎င်းကို နားထောင်နိုင်ပါသည်။” ဤနည်းလမ်းအတိုင်း လက်တွေ့ကျင့်ဆောင်သည့် လူတို့သည် ဘုရားသခင်၏နောက်တော်သို့ လိုက်သောသူများ ဖြစ်ကြသည်။

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားထဲတွင် ဖော်ပြထားသည်မှာ “သင်သည် လိုက်လျှောက်ခြင်းအားဖြင့် ရရှိနိုင်မည်၊ မြင်ရခြင်းအားဖြင့် ရရှိနိုင်မည်ဟု သင်အမြဲယုံကြည်ထားသည်။”

ယခင်က:မယုံကြည်သူတစ်ဦး ဆိုသည်မှာ အဘယ်နည်း။

နောက်တစ်ခုသို့:လူသားနောက်လိုက်ခြင်းဆိုသည်မှာ အဘယ်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ