အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၂၂။ လူသားနောက်လိုက်ခြင်းဆိုသည်မှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အချို့သောသူများသည် တရားစီရင်မှုကို မဆိုထားနှင့် သမ္မာတရား၌ပင် ဝမ်းမမြောက်ကြပေ။ ထို့အစား သူတို့သည် အာဏာနှင့် ဥစ္စာဓနတွင် ဝမ်းမြောက်ကြသည်။ ထိုသို့သောသူများကို သွေးကြီးသောသူများဟု ခေါ်သည်။ သူတို့သည် ကမ္ဘာပေါ်၌ အရှိန်အဝါရှိသော ဂိုဏ်းဂဏများနှင့် ကျမ်းစာကျောင်းများမှလာသော သင်းအုပ်များနှင့် ဆရာများကိုသာ အထူးသီးသန့် ရှာဖွေကြသည်။ သမ္မာတရားလမ်းကို လက်ခံပြီးဖြစ်သော်ငြားလည်း သူတို့သည် အယုံအကြည်ကင်းမဲ့နေဆဲဖြစ်ပြီး သူတို့ကိုယ်သူတို့ အပြည့်အဝ ပေးအပ်မြှုပ်နှံနိုင်ခြင်း မရှိကြသေးပေ။ ဘုရားသခင်အတွက် စွန့်လွှတ်အနစ်နာခံခြင်းအကြောင်း ပြောသော်လည်း သူတို့မျက်လုံးများသည် ကြီးကျယ်သော သင်းအုပ်များနှင့် ဆရာများအပေါ်တွင်သာ အာရုံစိုက်ပြီး ခရစ်တော်ကို ဘေးသို့ဖယ်ထားကြသည်။ သူတို့၏နှလုံးသားများသည် ကျော်ကြားမှု၊ ကြွယ်ဝမှုနှင့် ဂုဏ်အသရေတို့ဖြင့်သာ ပြည့်နေသည်။ ထိုကဲ့သို့ နုံချာလွန်းသူတစ်ယောက်သည် လူမြောက်မြားစွာကို သိမ်းပိုက်နိုင်စွမ်းရှိကြောင်းနှင့် လုံးဝမထူးခြားသောသူတစ်ဦးသည် လူများကို စုံလင်စေနိုင်ကြောင်းကို သူတို့လုံးဝမယုံကြည်ကြပေ။ ဖုန်မှုန့်နှင့် နွားချေးပုံများထဲ၌ရှိသော ဤအညတြလူများသည် ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံထားရသောသူများ ဖြစ်သည်ကို သူတို့လုံးဝမယုံကြည်ကြပေ။ အကယ်၍ ထိုသို့သောသူများသည် ဘုရားသခင်၏ကယ်တင်ခြင်းကို ခံရမည့်သူများဖြစ်လျှင် ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်ဖြစ်ကာ လူတိုင်းခေါင်းပြုတ်မတတ် ရယ်မောကြလိမ့်မည်ဟု သူတို့ယုံကြည်ကြသည်။ အကယ်၍ ဘုရားသခင်သည် ထိုသို့သောအညတြလူများကို စုံလင်အောင်ပြုရန် ရွေးချယ်ခဲ့သည်ဆိုပါက ကြီးမြတ်သောသူများသည် ဘုရားကိုယ်တိုင်ပင် ဖြစ်လာလိမ့်မည်ဟု သူတို့ယုံကြည်ကြသည်။ သူတို့၏ ထင်မြင်ယူဆချက်များသည် မယုံကြည်မှုနှင့် စွန်းထင်းနေသည်။ အကယ်စင်စစ် သူတို့သည် မယုံကြည်ဖို့နေနေသာသာ ရယ်စရာကောင်းသော သားရဲတိရိစ္ဆာန်များဖြစ်သည်။ အကြောင်းမှာ သူတို့သည် ရာထူးနေရာ၊ ဂုဏ်နှင့် အာဏာတို့ကိုသာ တန်ဖိုးထားကြပြီး၊ သူတို့အထင်ကြီးသည့်အရာမှာ လူအုပ်ကြီးများနှင့် ဂိုဏ်းဂဏကြီးများသာ ဖြစ်သောကြောင့်ဖြစ်သည်။ သူတို့သည် ခရစ်တော်၏ ဦးဆောင်ခြင်းခံရသောသူများကို အလေးထားမှုမရှိကြ။ သူတို့သည် ခရစ်တော်ကို ကျောခိုင်းထားသော သစ္စာဖောက်များ၊ သမ္မာတရားနှင့် အသက်ကို ကျောခိုင်းထားသော သစ္စာဖောက်များသာ ဖြစ်ကြသည်။

သင်လေးစားအားကျသည့်အရာမှာ ခရစ်တော်၏နှိမ့်ချမှု မဟုတ်ဘဲ သိုးထိန်းယောင်ဆောင်သော ထင်ရှားသည့် ထိုသူတို့သာ ဖြစ်သည်။ သင်သည် ခရစ်တော်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှု၊ သို့မဟုတ် ဉာဏ်ပညာကို ချစ်ခင်ခြင်းမရှိဘဲ၊ ဆိုးညစ်သော ကမ္ဘာကြီးနှင့်ပတ်သက်နေကြသည့် လျှပ်ပေါ်လော်လည်သူများကိုသာ ချစ်သည်။ ခေါင်းချရန် နေရာမရှိသော ခရစ်တော်၏ ဝေဒနာကို သင်သည် လှောင်ရယ်သည်။ လှူဖွယ်ပစ္စည်းများကို သိမ်းဆည်းကာ သောက်စားပျော်ပါးနေသော အလောင်းကောင်များကိုမူ သင်သည် လေးစားအားကျနေ၏။ သင်သည် ခရစ်တော်နှင့်အတူတကွ ဒုက္ခခံစားလိုစိတ်မရှိဘဲ ဇာတိကပတိ၊ ကျမ်းဟောင်းတရားများနှင့် ထိန်းချုပ်မှုတို့ကိုသာ သင့်အားပေးသော အဆင်အခြင်မဲ့သည့် အန္တိခရစ်များ၏ ရင်ခွင်ထဲသို့ ဝမ်းပန်းတသာ ခြေစုံပစ်ဝင်သွားသည်။ ယခုအချိန်အထိတိုင်အောင် သင့်နှလုံးသားသည် သူတို့ထံ၊ သူတို့၏ဂုဏ်သတင်းထံ၊ သူတို့၏ အဆင့်အတန်းထံ၊ သူတို့၏ အရှိန်အဝါထံ လှည့်ထားဆဲဖြစ်သည်။ သို့တိုင်အောင် သင်သည် ခရစ်တော်၏အမှုကို လက်ခံရန် ခက်ခဲသည့်သဘောထား၊ လက်မခံလိုသည့်သဘောထားကို ဆက်လက်စွဲကိုင်ထားဆဲဖြစ်သည်။ ဤအကြောင်းကြောင့် ခရစ်တော်ကို အသိအမှတ်ပြုသော ယုံကြည်ခြင်း သင်၌မရှိဟု ငါပြောခြင်းဖြစ်သည်။ သင့်အနေဖြင့် ခရစ်တော်နောက်သို့ ယနေ့အထိ လိုက်လာသည်မှာ ဖိအားပေးခြင်းခံရသောကြောင့်သာဖြစ်သည်။ မြင့်မြတ်သော ပုံရိပ်တသီတသန်းသည် သင့်နှလုံးသားထဲတွင် အစဉ်အမြဲ အခိုင်အမာရှိနေသည်။ သူတို့၏စကားလုံးနှင့် လုပ်ရပ်တိုင်းကိုသာမက သူတို့၏ လွှမ်းမိုးမှုရှိသော စကားလုံးများနှင့် လက်ရာများကို သင်မမေ့နိုင်ပေ။ သင်တို့၏နှလုံးသားထဲတွင် သူတို့သည် အစဉ်အမြဲ အကြီးမြတ်ဆုံး ဖြစ်နေသည်၊ ထာဝရသူရဲကောင်းများ ဖြစ်နေကြသည်။ သို့ရာတွင် ယနေ့ကာလ၏ ခရစ်တော်အတွက်မူ ထိုသို့မဟုတ်ပေ။ သင်၏နှလုံးသားထဲတွင် သူသည် အစဉ်မထင်မရှားဖြစ်နေပြီး ရိုသေလေးစားခံထိုက်ခြင်းမရှိသူ အစဉ်ဖြစ်နေသည်။ အကြောင်းမှာ သူသည် အလွန်သာမန်ဖြစ်နေပြီး၊ မြင့်မြတ်ရန်မဆိုထားနှင့် လွှမ်းမိုးမှုလည်း အလွန်နည်းသောကြောင့် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ် ဖြစ်သလော” မှ

အပြင်ပန်းအားဖြင့် ဝိညာဉ်ရေးရာ ရှိသယောင်၊ ခံ့ညားသယောင်နှင့် မြင့်မြတ်သောပုံစံများ ရှိသယောင် ထင်ရသောသူများ၏ လှည့်စားခြင်းကို မကြာခဏခံရသော လူအချို့ရှိသည်။ အဟောအပြောနှင့် လုပ်ရပ်များမှာ အားကျထိုက်သည်ဟု ထင်ရပြီး၊ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို ပြောနိုင်သော သူများအတွက်မူကား၊ ၎င်းတို့ကို အားကျသောသူများသည် ၎င်းတို့၏ လုပ်ရပ်များ၏ အနှစ်သာရ၊ ၎င်းတို့လုပ်ဆောင်ချက်များ၏ နောက်ကွယ်မှ နိယာမများ၊ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်များမှာ မည်သည်တို့ ဖြစ်ကြောင်းကို တစ်ကြိမ်တစ်ခါမျှ ကြည့်ခဲ့ဖူးခြင်း မရှိပေ။ ထို့အပြင် ၎င်းတို့သည် ထိုလူများမှာ ဘုရားသခင်ကို စစ်မှန်စွာ နာခံခြင်းရှိ မရှိ၊ ၎င်းတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူ တစ်စုံတစ်ဦးဟုတ် မဟုတ်ကို မည်သည့်အခါမျှ မကြည့်ခဲ့ဖူးပေ။ ၎င်းတို့သည် ဤလူများ၏ လူ့သဘာဝ အနှစ်သာရကို မည်သည့်အခါမျှ သတိပြုမိခဲ့ခြင်း မရှိပေ။ အမှန်တကယ်အားဖြင့် သိကျွမ်းလာသည့် ပထမ ခြေလှမ်းမှ စတင်ကာ တဖြည်းဖြည်းချင်း ၎င်းတို့သည် ဤလူများကို အားကျခြင်း၊ ကြည်ညိုလေးစားခြင်း ဖြစ်လာပြီး၊ အဆုံးတွင် ဤလူများသည် ၎င်းတို့၏ ရုပ်တုများ ဖြစ်လာတော့သည်။ ထိုမျှမက လူအချို့၏ စိတ်ထဲတွင် ၎င်းတို့ကိုးကွယ်သော ရုပ်တုများမှာ ၎င်းတို့၏ မိသားစုများနှင့် အလုပ်များကို စွန့်လွှတ်နိုင်ပြီး အပေါ်ယံတွင် အဖိုးအခ ပေးနိုင်ကြသည်၊ ဤရုပ်တုများသည် ဘုရားသခင်ကို အမှန်တကယ် ကျေနပ်စေသောသူများ၊ ကောင်းသော အဆုံးသတ်နှင့် ကောင်းသော ခရီးပန်းတိုင်ကို အမှန်တကယ် လက်ခံရရှိနိုင်သောသူများ ဖြစ်ကြသည်ဟု ယုံကြည်ကြသည်။ ၎င်းတို့၏ စိတ်ထဲတွင်မူ ဤရုပ်တုများမှာ ဘုရားသခင် ချီးမွမ်းသောလူများ ဖြစ်ကြသည်။ မည်သည့် အရာသည် လူတို့အား ဤကဲ့သို့ ယုံကြည်ချက်မျိုးကို ရှိစေသနည်း။...

...ဤ ပညာမဲ့သော လုပ်ရပ်များ၊ ပညာမဲ့သော ရှုထောင့်အမြင် သို့မဟုတ် တစ်ဖက်သတ်ဆန်သော ရှုထောင့်အမြင်များ နှင့် အလေ့အထများကို ဖြစ်စေသော အဓိက အကြောင်းရင်း တစ်ခုတည်း ရှိပြီး ထို အကြောင်းကို သင်တို့အား ငါ ယနေ့ ပြောမည်။ အကြောင်းရင်းမှာ လူတို့သည် ဘုရားသခင် နောက်သို့ လိုက်လျှောက်ခြင်း၊ နေ့စဉ် သူ့ထံ ဆုတောင်းခြင်း နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်း ပြုကောင်းပြုနိုင်သော်လည်း အကယ်စင်စစ် ၎င်းတို့သည် ဘုရားသခင်၏ အလိုကို နားမလည်ကြပေ။ ဤသည်မှာ ပြဿနာ၏ အဓိက အကြောင်းရင်း ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားသခင်၏ စိတ်နှလုံးကို သိနားလည်ခြင်း၊ ဘုရားသခင် နှစ်သက်သော အရာများ၊ ဘုရားသခင် စက်ဆုပ်ရွံရှာသော အရာများ၊ ဘုရားသခင် အလိုရှိသော အရာ၊ ဘုရားသခင် ငြင်းပယ်သော အရာ၊ မည်ကဲ့သို့ လူ အမျိုးအစားကို သူ ချစ်ကြောင်း၊ မည်ကဲ့သို့ လူ အမျိုးအစားကို သူ မနှစ်သက်ကြောင်း၊ လူအပေါ် သူ၏ တောင်းဆိုချက်များတွင် မည်သည့် စံနှုန်း အမျိုးအစားကို ဘုရားသခင် အသုံးပြုကြောင်း၊ လူကို စုံလင်အောင် ပြုလုပ်ပေးရန်အတွက် မည်သည့် နည်းလမ်း အမျိုးအစားကို သူ ကျင့်သုံးကြောင်း သိနားလည်ပါက ထိုလူထံ၌ ၎င်း၏ ကိုယ်ပိုင် အတွေးအခေါ်များ ရှိနိုင်ဦးမည်လော။ ၎င်းတို့ သွား၍ အခြားသူ တစ်ဦးကိုသာ ကိုးကွယ်နိုငသလော။ သာမန် လူ တစ်ဦးသည် ၎င်းတို့၏ ရုပ်တု ဖြစ်လာနိုင်သလော။ အကယ်၍ တစ်စုံတစ်ယောက်သည် ဘုရားသခင်၏ အလိုကို နားလည်ပါက ၎င်းတို့၏ အမြင်သည် ယင်းထက် အနည်းငယ် ပို၍ စဉ်းစားချင့်ချိန်နိုင်မည် ဖြစ်သည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော လူ တစ်ဦးကို ထင်ရာမြင်ရာ ရုပ်တုအဖြစ် ကိုးကွယ်မည် မဟုတ်သည့်အပြင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းကို လျှောက်စဉ် ၎င်းတို့သည် ရိုးရှင်းသော စည်းမျဉ်းများ သို့မဟုတ် နိယာမ အနည်းငယ်ကို ထင်ရာမြင်ရာ လိုက်နာစောင့်ထိန်းခြင်းသည် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်းနှင့် သဘောသွားညီမျှသည်ဟု ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်သဘောထား နှင့် သူ့အမှုတော်၏ ရလဒ်ကို သိနားလည်ပုံ” မှ

ဘုရားသခင်နောက်ကို လိုက်သည်ဟု ပြောသောသူများအတွက် မိမိတို့ အဘယ်သူကို ယုံကြည်သည်ဆိုခြင်းကို အတိအကျသိရန် မိမိတို့၏ မျက်လုံးများကို ဖွင့်ပါက အကောင်းဆုံးဖြစ်ပေမည်၊ သင်ယုံကြည်နေသည်မှာ အကယ်ပင် ဘုရားသခင်ဖြစ်သလော၊ သို့တည်းမဟုတ် စာတန်လော။ အကယ်၍ သင်ယုံကြည်သည်မှာ ဘုရားသခင်မဟုတ်ဘဲ သင်၏ကိုယ်ပိုင်ရုပ်တုများဖြစ်သည်ကို သင်သိပါက သင်သည် ယုံကြည်သူတစ်ယောက်ဖြစ်သည်ဟု မပြောလျှင် အကောင်းဆုံးဖြစ်သည်။ ထို့အတူ အကယ်၍ သင်ယုံကြည်သည်မှာ အဘယ်သူဖြစ်သည်ကို အကယ်စင်စစ် သင်မသိပါက သင်သည် ယုံကြည်သူတစ်ယောက် ဖြစ်သည်ဟု မပြောသည်က အကောင်းဆုံးဖြစ်သည်။ ထိုသို့ပြောခြင်းသည် ဘုရားသခင်ကို ပြစ်မှားခြင်းဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ရန် သင့်ကို မည်သူမျှ တွန်းအား ပေးနေခြင်း မဟုတ်ပေ။ သင်တို့အနေဖြင့် ငါ့ကို ယုံကြည်သည်ဟု မပြောနှင့်။ ထိုစကားများကို ကြာမြင့်စွာကတည်းက ငါကြား၍ ဝခဲ့ပြီ၊ ထိုစကားများကို နောက်တစ်ဖန် ငါမကြားလိုတော့။ အဘယ်ကြောင့်ဆိုသော် သင်တို့ယုံကြည်သည်မှာ သင်တို့၏ နှလုံးသား၌ရှိသော ရုပ်တုများနှင့် သင်တို့အကြား၌ရှိသော ယုတ်မာသည့် နယ်ခံမြွေများ ဖြစ်၍ ဖြစ် သည်။ သမ္မာတရားကို ကြားသောအခါ ခေါင်းခါသောသူများ၊ သေခြင်းတရား စကားပြောသည်ကို ကြားသောအခါ အားရပါးရ ပြုံးသောသူများသည် စာတန်၏သားသမီးဖြစ်ကာ ထိုသူအားလုံးတို့သည် ရှင်းထုတ်ခြင်းကိုခံရမည့် အရာဝတ္တုများဖြစ်သည်။ အသင်းတော်တွင် ထိုးထွင်းသိမြင်မှု မရှိသော လူများစွာရှိပြီး လှည့်ဖြားမှု တစ်ခုခု ဖြစ်သောအခါ သူတို့သည် စာတန်ဘက်က ရပ်တည်ကြသည်။ သူတို့သည် စာတန်၏အစေအပါးများဟု အခေါ်ခံရသောအခါ အလွန်မတရားဟု ခံစားကြသည်။ လူတစ်ဦးတစ်ယောက်က သူတို့ကို ထိုးထွင်းသိမြင်မှုမရှိသူများဟု ပြောကောင်း ပြောနိုင်သည်၊ သို့သော် သူတို့သည် သမ္မာတရား မရှိသည့်ဘက်တွင်သာ အမြဲရပ်တည်ကြသည်။ သမ္မာတရားဘက်၌ သူတို့ရပ်တည်ခဲ့သော အလွန်အရေးပါသည့်အချိန် တစ်ကြိမ်တစ်ခါမျှပင် မရှိခဲ့၊ သမ္မာတရားအတွက် ရပ်တည်ပြီး ငြင်းခုံသောအချိန် တစ်ကြိမ်တစ်ခါမျှ မရှိခဲ့။ ထို့ကြောင့် သူတို့သည် အကယ်ပင် ထိုးထွင်းသိမြင်မှု မရှိသလော။ ထိုသူတို့သည် အဘယ်ကြောင့် စာတန်၏ဘက်တွင် အမြဲတမ်း ရပ်တည်ကြသနည်း။ ထိုသူတို့သည် သမ္မာတရားအတွက် တရားမျှတကာ ဆင်ခြင်တုံတရားကျသော စကားလုံးတစ်လုံးပင် မည်သည့်အခါမျှ အဘယ်ကြောင့် မပြောကြသနည်း။ ထိုသူတို့၏ တဒင်္ဂ ရှုပ်ထွေးမှုက ဤအခြေအနေကို အကယ်ပင် ဖန်တီးသလော။ တစ်ဦးတစ်ယောက်မှာ ထိုးထွင်းသိမြင်မှုနည်းလေလေ သမ္မာတရားဘက်၌ ရပ်တည်ဖို့ရန် မတတ်နိုင်လေလေ ဖြစ်သည်။ ဤသည် က အဘယ်အရာကို ပြသနည်း။ ထိုးထွင်းသိမြင်မှု မရှိသောသူများသည် ဒုစရိုက်ကို ချစ်မြတ်နိုးကြောင်းကို ပြသည် မဟုတ်လော။ ထိုးထွင်းသိမြင်မှု မရှိသော ထိုသူများသည် စာတန်၏ သစ္စာရှိသော သားသမီးများဖြစ်သည်ကို ပြသည်မဟုတ်လော။ ထိုသူတို့သည် အဘယ်ကြောင့် စာတန်ဘက်၌ အမြဲရပ်တည်နိုင်ပြီး စာတန်နှင့် စိတ်တူကိုယ်တူ ရှိကြသနည်း။ ထိုသူတို့၏ စကားလုံးတိုင်းနှင့် အပြုအမူတိုင်း၊ ပြီးလျှင် ထိုသူတို့၏ဖော်ပြမှုများမှာ ထိုသူတို့သည် သမ္မာတရားကို ချစ်သောသူမဟုတ်ဘဲ ထိုအစား သမ္မာတရားကို ရွံရှာမုန်းတီးသော လူများဖြစ်သည်ဟု လိုသည်ထက်မက သက်သေပြနေသည်။ သူတို့သည် စာတန်ဘက်တွင် ရပ်တည်နိုင်မှုက စာတန်အတွက် မိမိတို့၏ တစ်ဘဝလုံး တိုက်ခိုက်ပေးကြသည့် ထိုသေးနုပ်သော နတ်ဆိုးများကို စာတန်သည် အမှန်တကယ် ချစ်မြတ်နိုးသည် ဆိုခြင်းကို လိုသည်ထက်မက သက်သေပြနေသည်။ ဤအချက်များ အားလုံးက အလွန်ပင် ရှင်းလင်းလှသည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မကျင့်သုံးသောသူများကို သတိပေးချက်” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ထို့နောက် လူနောက်သို့လိုက်ခြင်းက အဘယ်အရာကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ လူတစ်ဦးသည် သူကိုးကွယ်သည့် တစ်စုံတစ်ယောက်နောက်သို့ လိုက်ခြင်းဖြစ်သည်။ သူ၏စိတ်နှလုံးထဲတွင်၊ ဘုရားသခင်က နေရာသိပ်မရှိပေ။ သူသည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး၏ အသွင်ကို ဆောင်ထားရုံသက်သက်ဖြစ်သည်။ သူလုပ်သမျှအားလုံးသည် လူတို့ကို အတုခိုးပြီး သူတို့၏ပုံပမာနောက် လိုက်ခြင်းဖြစ်သည်။ အထူးသဖြင့် အရေးကြီးသည့် အရေးကိစ္စများတွင်၊ သူသည် လူများကို ဆုံးဖြတ်ချက်များ ချစေပြီး၊ လူတို့ကို သူ၏ကံကြမ္မာကို ပြဋ္ဌာန်းပေးစေသည်။ သူကိုယ်တိုင်သည် ဘုရားသခင်၏ဆန္ဒများကို မရှာဖွေဘဲ၊ လူတို့ပြောဆိုသည်ကို ချင့်ချိန်တွေးဆခြင်း မရှိပါ။ သူတို့ပြောသည်များက ကျိုးကြောင်းညီညွှတ်မှု ရှိနေသရွေ့၊ သူတို့ပြောသည်က သမ္မာတရားနှင့် ကိုက်ညီမှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သူသည် ၎င်းတို့အားလုံးကို လက်ခံပြီး နာခံသည်။ ဤသည်မှာ လူတို့နောက်သို့လိုက်သည့်သူတစ်ဦး၏ အပြုအမူဖြစ်သည်။ ဘုရားသခင်ကို သူ၏ယုံကြည်ခြင်းက မူမရှိသည့်အပြင်၊ အရေးကိစ္စများကို သူကိုင်တွယ်ရာတွင်လည်း သမ္မာတရားမရှိပါ။ သူသည် အကျိုးသင့်အကြောင်းသင့်ပြောသည့် မည်သူကိုမဆို လိုက်နာသည်။ သူလေးစားအားကျသည့် ပုဂ္ဂိုလ်သည် မှားယွင်းသည့်လမ်းသို့ သွားခဲ့ပါက၊ သူသည် အဆုံးအထိ လိုက်လိမ့်မည်။ ဘုရားသခင်က သူလေးစားအားကျသည့်ပုဂ္ဂိုလ်ကို ပြစ်တင်ခဲ့လျှင်၊ သူသည် ထိုပုဂ္ဂိုလ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး၊ ဘုရားသခင်နှင့်စပ်လျဉ်း၍ အယူအဆတစ်ခု ရှိပါလိမ့်မည်။ သူ၏အကြောင်းပြချက်မှာ သူ့ကိုထိန်းချုပ်ထားသည့် မည်သူကိုမဆို သူနာခံသင့်ကြောင်းဖြစ်သည်။ အဆင့်မြင့်အရာရှိသည် တာဝန်ခံ မန်နေဂျာနှင့် တန်းမတူပါ။ ဤကား လူနုံလူအ၏ တွေးခေါ်နိုင်စွမ်း သက်သက်သာဖြစ်သည်။ လူနောက်သို့လိုက်သောသူများသည် အမှန်ပင် ဤသို့စိတ်ရှုပ်ထွေးကြသည်။ လူတို့၏နောက်သို့လိုက်သောသူများ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် နေရာမရှိဘဲ၊ သမ္မာတရားလည်း မရှိကြပါ၊ ထို့ပြင် သူတို့သည် ပုဂ္ဂိုလ်ရေးကိုးကွယ်သူများ ဖြစ်ကြသည်၊ အခြားသူများ၏ လှည့်စားခြင်းကို ခံရပြီး၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူများ မဟုတ်ကြပါ။ ဘုရားသခင်၏နောက်တော်သို့ လိုက်သူများသာ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကြသည်။

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

သင်၏ စိတ်နှလုံးတွင် သင်ကိုးကွယ်သည့် မည်သူမဆို သင်၏ ရုပ်တုဖြစ်သည်။ ခေါင်းဆောင်များကိုကိုးကွယ်သူ မည်သူမဆို ရုပ်တုဆင်းတု ကိုးကွယ်သော လူတစ်ဦးဖြစ်သည်။ လူတစ်ဦးကို သင်ကိုးကွယ်သောအခါ သူ၏ဂုဏ်ဒြပ်သည် သင့်နှလုံးသားထဲတွင် ရှိလိမ့်မည်ဖြစ်ပြီး သင်သည် သေချာပေါက် သူ၏ သိမ်းပိုက်ခြင်းကို ခံရလိမ့်မည်ဖြစ်ကာ သင်သည် သူ၏လက်ပါးစေ ဖြစ်လာပါလိမ့်မည်။ ကျွန်ုပ်တို့၏ ဧဝံဂေလိတရား ဖြန့်ဝေခြင်း အလုပ်တွင် ဂိုဏ်းဂဏအမျိုးမျိုး၏ လူတို့သည် ရုပ်တုဆင်းတုများကို အားလုံးကိုးကွယ်ကြပြီး ၎င်းတို့၏ ခေါင်းဆောင်းများ၏ ထိန်းချုပ်ခြင်းကို အားလုံးခံရကြောင်း ကျွန်ုပ်တို့ ရှာဖွေတွေ့ရှိခဲ့ရသည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံရန်ပင် မဝံ့ရဲကြသလို သနားစရာ ခယဝယလုပ်ခြင်း၏ ပုံပန်းသဏ္ဍာန်ကို ၎င်းတို့ ပေးကြသည်။ ၎င်းတို့၏ ခေါင်းဆောင်များကို ကိုးကွယ်ကြသော လူတို့သည် ရုပ်တုဆင်းတု ကိုးကွယ်ကြသူများ ဖြစ်ကြပြီး ၎င်းတို့ နှလုံးသားများထဲတွင် သေချာပေါက် သမ္မာတရား မရှိချေ။ ဘုရားသခင်ကို ၎င်းတို့ စိုးစဥ်းမျှ မသိရှိကြပါ၊ ထို့ကြောင့် ဘုရားသခင်သည် ၎င်းတို့ နှလုံးသားများထဲတွင် ဂုဏ်ဒြပ်မရှိချေ။ ၎င်းတို့သည် ဘုရားသခင်၏ စက်ဆုပ်ခံရပြီး ကျိန်ခြင်းခံသောလူများ ဖြစ်ကြသည်။ ဘုရားသခင်သည် ဖြောင့်မတ်သောဘုရားဖြစ်ပြီး ဘုရားသခင်သည် အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားသခင်ဖြစ်သည်။ ဘုရားသခင်သည် လူတို့၏ ရုပ်တုဆင်းတု ကိုးကွယ်ခြင်းကို အမုန်းတီးဆုံးဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ၎င်းတို့၏ ခေါင်းဆောင်များကို ဘုရားသခင်နှင့် တန်းတူထား ခိုင်းနှိုင်းလျှင်၊ ယင်းသည် ဘုရားသခင်ကို အကြီးလေးဆုံး ပြစ်မှားစော်ကားခြင်း ဖြစ်သည်။ အမှန်တွင် ဘုရားသခင်ရှေ့မှောက်သို့ ပြန်လာကြသူများမှာ ၎င်းတို့၏ နှလုံးသားများထဲတွင် ဘုရားသခင်သာ ရှိသင့်ပေသည်။ ၎င်းတို့၏ နှလုံးသားများထဲတွင် မည်သည့် လူသားအတွက်မျှ နေရာမရှိသင့်ပါ။ ဤအရာကို ၎င်းတို့၏ အတွေးများနှင့် စိတ်ကူးများထဲတွင် ရှိထားလျှင်ပင် ယင်းသည် ညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးကာ ဘုရားသခင်ကို စက်ဆုပ်စေပြီး အလွန်မုန်းတီးစေသည်။ လူအများစုသည် ဤကိစ္စရပ်အပေါ် ရောထွေးကြပြီး ၎င်းတို့နှလုံးသားများသည် ၎င်းတို့ကိုးကွယ်သော လူအတွက် အနည်းနှင့်အများ နေရာအတန်အသင့် ရှိလုနီးပါး ဖြစ်ကြသည်။ ဘုရားသခင်၏ စိတ်သဘောထားအရ လူတစ်ဦးသည် သူ၏စိတ်နှလုံးထဲတွင် လူသားဂုဏ်ဒြပ် အနည်းငယ်မျှရှိလျှင်ပင် လက်မခံနိုင်စရာဖြစ်သည်။ သူ၏စိတ်နှလုံးသည် အစမှအဆုံးထိ မသန့်စင်နိုင်လျှင် ရလဒ်မှာ သူသည် စီရင်ချက်ချခြင်း ခံရလိမ့်မည်ဖြစ်သည်။

၎င်းတို့ စိတ်နှလုံးများထဲတွင် ၎င်းတို့၏ ခေါင်းဆောင်များကို ကိုးကွယ်ကြသူအားလုံးထဲ၌ တိကျသည့် သရုပ်သကန်များ ရှိလေသည်။ ၎င်းတို့ကို အောက်ပါရှုထောင့်များမှ ခွဲခြားနိုင်သည်- သင်၏ ခေါင်းဆောင်ကို နာခံမှုသည် ဘုရားသခင်ကို နာခံမှုထက် ပိုမိုကြီးမားလျှင် သင်သည် ရုပ်တုများကို ကိုးကွယ်သည်။ သင်သည် ဘုရားသခင်ကို အောက်မေ့ပြီး တမ်းတသည်ထက်ပို၍ သင်ကိုးကွယ်သော လူတို့ကို ပိုမိုအောက်မေ့ပြီး တမ်းတလျှင် ရုပ်တုများကို သင်ကိုးကွယ်ပေသည်၊ သင်သည် ဘုရားသခင်ထက် သင်၏ ခေါင်းဆောင်အပေါ် ပို၍စိတ်ထက်သန်လျှင် သင် ရုပ်တုများကို ကိုးကွယ်သည်။ သင်၏ စိတ်နှလုံးထဲတွင် သင်ကိုးကွယ်သော သူများနှင့် နီးကပ်ပြီး ဘုရားသခင်နှင့် ဝေးကွာလျှင် သင်သည် ရုပ်တုများကို ကိုးကွယ်ပေသည်၊ သင်၏ စိတ်နှလုံးထဲတွင် သင်ကိုးကွယ်သောသူတို့သည် ဘုရားသခင်နှင့် အဆင့်အတန်းတူညီလျှင်၊ ဤသည်မှာ သင်သည် သင်ကိုးကွယ်သော လူတို့ကို ဘုရားသခင်ကဲ့သို့ သဘောထားကြောင်း ပို၍ပင် ကြီးမားသော သက်သေဖြစ်သည်၊ ထို့ပြင် သင်၌ မည်သည့်အရာ ဖြစ်ပျက်ပါလေစေ သင်၏ ခေါင်းဆောင် စကားနားထောင်ရန် အလိုရှိပြီး ဘုရားသခင်ရှေ့မှောက်သို့ သမ္မာတရားကို ရှာဖွေဖို့ မလိုလားဘဲနေလျှင်၊ ဤသည်မှာ သင်သည် ဘုရားသခင်ကို မယုံကြည်ဘဲ လူတို့ကို ယုံကြည်နေသည်ကို သက်သေပြရန် လုံလောက်ပေသည်။ အချို့သောလူတို့သည်- “ငါ ဘယ်သူဘယ်ဝါကို တကယ်လေးစားတယ်၊ ငါ့စိတ်နှလုံးထဲမှာ သူတို့ တကယ်နေရာရှိကြတယ်။ နားမလည်လိုက်ဘဲ ကိုယ်တော်နဲ့ ငါ့ဆက်ဆံရေးမှာ ဘုရားသခင်ကနေ ငါ နည်းနည်းတိုးပြီး ဝေးကွာလာခဲ့ပြီ” ဟု ဆိုကာ မိမိတို့ကိုယ်ကို ကာကွယ်ရန် ကြိုးစားကောင်း ကြိုးစားကြပါလိမ့်မည်။ ဤစကားလုံးများက ထိုကိစ္စရပ်၏ အမှန်တရားကို လက်တွေ့ပြသည်၊ တစ်စုံတစ်ဦးသည် လူတစ်ဦး၏ စိတ်နှလုံးထဲတွင် နေရာတစ်နေရာ ရှိသည်နှင့် တပြိုင်နက်၊ ထိုလူသည် ဘုရားသခင်ထံမှ ဝေးကွာသွားလေသည်။ ဤသည်မှာ အန္တရာယ်ရှိသည်၊ သို့တိုင် လူအချို့တို့သည် ယင်းကို ပေါ့ပေါ့တန်တန် သဘောထားကြပြီး စိုးရိမ်ပူပန်မှု စိုးစဥ်းမျှမရှိကြ၊ ယင်းသည် ဘုရားသခင်၏ စိတ်သဘောထားကို ၎င်းတို့ မသိရှိကြကြောင်း ပြသပေသည်...လူတို့ကို ကိုးကွယ်ခြင်းသည် အလွန်အသိမဲ့ပြီး မျက်စိကန်းခြင်းဖြစ်သည်၊ ယင်းသည် အလွန် ဖောက်ပြန်ပျက်စီးပြီး ဆိုးယုတ်သည်။ လူတို့ကို ကိုးကွယ်ခြင်းသည် စာတန်နှင့် နတ်ဆိုးများကို ကိုးကွယ်ခြင်းဖြစ်သည်၊ ယင်းသည် အန္တိခရစ်တို့ကို ကိုးကွယ်ခြင်းဖြစ်ပြီး လူတို့ကို ကိုးကွယ်ကြသူများသည် သမ္မာတရား တစ်စက်ကလေးမျှ မရှိကြချေ။ ဤကဲ့သို့သောလူတို့သည် ဘုရားသခင်ကို သိကျွမ်းခြင်း စိုးစဥ်းမျှပင် မရှိကြသည်မှာ သေချာပေသည်၊ ၎င်းတို့သည် ဘုရားသခင်၏ ကျိန်ခြင်းကိုခံရသော ကိုယ်ကျင့်တရားပျက်သူများဖြစ်ကြသည်။

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

ယခင်က:ဘုရားသခင်နောက်လိုက်ခြင်းဆိုသည်မှာ အဘယ်နည်း။

နောက်တစ်ခုသို့:ဂျုံစပါးနှင့် တောပင်တို့ကြား ခြားနားချက်မှာ အဘယ်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ