အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၉။ သူတော်ကောင်းယောင်ဆောင်ခြင်း ဆိုသည်မှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

“ဖာရိရှဲ” ဟူသော ဝေါဟာရ၏အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အဘယ်နည်း။ ၎င်းမှာ ကြောင်သူတော်ကြွက်သူခိုးဖြစ်သော၊ အတုအယောင်ဖြစ်ပြီး ပြုလေသမျှ၌ ဟိတ်ဟန်လုပ်သော၊ ကောင်းဟန်၊ ကြင်နာဟန်၊ အပြုသဘောဆောင်ဟန် ပြုသောသူ တစ်ဦး ဖြစ်သည်။ ၎င်းတို့သည် အမှန်တကယ် ယင်းကဲ့သို့ ဖြစ်ကြသလော။ ၎င်းတို့သည် ကြောင်သူတော်ကြွက်သူခိုးများဖြစ်သဖြင့် ၎င်းတို့ထဲ၌ ပေါ်လွင်သမျှနှင့် ထုတ်ဖော်သမျှမှာ ဟန်ဆောင်ထားခြင်း ဖြစ်သည်၊ ၎င်းတို့အားလုံးမှာ အယောင်ဆောင် ဖြစ်ကြ၏၊ ၎င်းမှာ ၎င်းတို့၏ သရုပ်မှန်မဟုတ်ပေ။ ၎င်းတို့၏သရုပ်မှန်ကို ၎င်းတို့၏စိတ်နှလုံးများအတွင်း ကွယ်ဝှက်ထားကြ၏၊ ၎င်းကို မမြင်ရပေ။ အကယ်၍ လူတို့သည် သမ္မာတရားကို လေ့လာလိုက်စားခြင်း မရှိပါက၊ သမ္မာတရားကို နားမလည်ပါက၊ ၎င်းတို့ ရခဲ့ပြီးသော ၎င်းတို့၏ ဘာသာရေးအသိနှင့် အယူအဆများမှာ မည်သည့်အရာ ဖြစ်ကုန်သနည်း။ ၎င်းတို့သည် လူတို့မကြာခဏ ပြောသော သြဝါဒစကားများ ဖြစ်သွားသလော။ လူတို့သည် မှန်ကန်သောသြဝါဒများဟု အမည်ရသော ဤသြဝါဒများကို အသုံးပြု၍ ဟန်ဆောင်ခြင်းနှင့် ၎င်းတို့ကိုယ်ကို ကောင်းစွာ ပြရုပ်တင်ခြင်းတို့ကို ပြုကြ၏။ ၎င်းတို့ သွားသောနေရာမှန်သမျှ၊ ၎င်းတို့ပြောသောအရာများ၊ ၎င်းတို့ဆိုသောအရာများနှင့် ၎င်းတို့၏ပြင်ပ အပြုအမူတို့မှာ အခြားသူများအတွက် မှန်ကန် ကောင်းမွန်ပုံရ၏။ ၎င်းတို့မှာ လူသား၏အယူအဆများနှင့် အကြိုက်တို့နှင့် တစ်ထပ်တည်းဖြစ်ကြသည်။ အခြားသူများ၏အမြင်တွင် ၎င်းတို့သည် ဘာသာတရားကို ရိုသေကိုင်းရှိုင်းပြီး နှိမ့်ချကြသည်။ ၎င်းတို့သည် အခြားသူများအပေါ် သည်းခံခြင်း၊ စိတ်ရှည်ခြင်းနှင့် ချစ်ခြင်းရှိကြ၏။ အမှန်တကယ်တွင် ယင်းအရာအားလုံးမှာ အတုအယောင်များ ဖြစ်၏၊ အားလုံးမှာ အယောင်ဆောင်ဖြစ်ကြ၏။ အပြင်ပန်းတွင် ၎င်းတို့သည် ဘုရားသခင်ကို သစ္စာရှိကြသော်လည်း၊ လူမမြင်ကွယ်ရာတွင် ၎င်းတို့ပြုသမျှမှာ ဝတ်ကျေတမ်းကျေ ဖြစ်ကြသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ၎င်းတို့၏မိသားစုနှင့် အလုပ်အကိုင်ကို စွန့်လွှတ်ခဲ့ကြသည်၊ ၎င်းတို့သည် အလုပ်ကြိုးစားပြီး ၎င်းတို့ကိုယ်ကို အသုံးတော်ခံကြသော်လည်း၊ အမှန်အားဖြင့် ၎င်းတို့သည် အသင်းတော်မှ တိတ်တဆိတ် အကျိုးအမြတ်ရရှိနေကြပြီး အလှူငွေများကို ခိုးယူနေကြ၏။ အပြင်ပိုင်းတွင် ၎င်းတို့ ထုတ်ဖော်သောအရာမှန်သမျှ၊ ၎င်းတို့၏အပြုအမူ အားလုံးမှာ အတုအယောင်ဖြစ်၏။ ဤအရာမှာ ကြောင်သူတော်ကြွက်သူခိုး ဖာရိရှဲဟု ဆိုလိုခြင်းဖြစ်သည်။ “ဖာရိရှဲ” ဆိုသော ဤလူများသည် မည်သည့်နေရာမှလာသနည်း။ ၎င်းတို့သည် မယုံကြည်သူများအကြားတွင် ပေါ်လာခြင်းလော။ ၎င်းတို့အားလုံးသည် ယုံကြည်သူများအကြားတွင် ပေါ်လာခြင်းဖြစ်၏။ ဤယုံကြည်သူများမှာ အဘယ်ကြောင့် ထိုကဲ့သို့ ပြောင်းလဲကြသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့အား ထိုပုံစံဖြစ်စေခဲ့ခြင်း ဖြစ်နိုင်သလော။ ၎င်းတို့ ထိုကဲ့သို့ ဖြစ်လာခြင်း၏ အဓိကအကြောင်းရင်းမှာ ၎င်းတို့သည် လမ်းမှားနောက်သို့ လိုက်လျှောက်ခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို တန်ဆာပလာ တစ်ခုအဖြစ် ၎င်းတို့ကိုယ်ကို တပ်ဆင်ရန်အတွက် သဘောထားကြ၏၊ ၎င်းတို့သည် ၎င်းတို့ကိုယ်ကို ဤနှုတ်ကပတ်တော်များဖြင့် တပ်ဆင်ကြပြီး နှုတ်ကပတ်တော်များကို ဝမ်းစာလုံခြုံစေရန်၊ တစ်စုံတစ်ခုကို အလကားရရန် အရင်းအနှီးအဖြစ် သဘောထားကြ၏။ ၎င်းတို့သည် ဘာသာရေးသြဝါဒများကို ဟောပြောရုံမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မလုပ်ကြပေ၊ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်၏လမ်းကို မည်သည့်အခါမျှ လိုက်လျှောက်ခဲ့ခြင်းး မရှိပေ။ ကောင်းသည်ဟု ယူဆသော ၎င်းတို့၏အပြုအမူနှင့် ကောင်းသည်ဟု ယူဆသော ၎င်းတို့၏အကျင့်၊ ၎င်းတို့ အနည်းငယ် စွန့်လွှတ့်ခဲ့ပြီး အသုံးတော်ခံခဲ့ခြင်းမှာ အတင်းအကျပ်လုပ်စေခြင်းကြောင့် လုံးလုံး ဖြစ်သည်၊ ယင်းအရာအားလုံးမှာ ၎င်းတို့ ဟိတ်ဟန်လုပ်ခြင်းပင် ဖြစ်၏။ ၎င်းတို့သည် လုံးလုံးလျားလျား အတုအယောင် ဖြစ်ကြ၏၊ ဟန်ဆောင်မှုသက်သက် ဖြစ်၏။ ဤလူများ၏စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို အနည်းငယ်မျှပင် ကြည်ညိုခြင်း မရှိ၊ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်းပင် မရှိကြချေ။ ထိုမျှမက ၎င်းတို့သည် မယုံကြည်သူများနှင့် သက်ဆိုင်ကြ၏။ အကယ်၍ လူတို့သည် သမ္မာတရားကို လေ့လာလိုက်စားခြင်း မရှိပါက၊ ၎င်းတို့သည် ဤကဲ့သို့ လမ်းကြောင်းမျိုးကို လျှောက်ပြီး ဖာရိရှဲများ ဖြစ်သွားကြလိမ့်မည်။ ၎င်းမှာ ကြောက်မက်ဖွယ် ကောင်းသည်မဟုတ်လော။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘဝတွင် တိုးတက်ခြင်း၏ အညွှန်းခြောက်ခု” မှ

အပေါ်ယံအပြုအမူကောင်းကို လိုက်စားပြီး၊ ဝိညာဉ်ရေးရာ ပုံပန်းကို အသုံးပြုပြီး သင်တို့အတွက် အယောင်ဆောင်ခြင်းတစ်ခု ဖန်တီးရန် အစွမ်းကုန် လုပ်ဆောင်ခြင်း၊ ဝိညာဉ်ရေးရာ လူတစ်ဦးအဖြစ် အယောင်ဆောင်ခြင်း၊ သင် ပြောသောအရာ၊ လုပ်သောအရာနှင့် ထုတ်ဖော်သောအရာတွင် ဝိညာဉ်ရေးရာ ပုံပန်းကို ပေးခြင်း၊ လူတို့၏အယူအဆများနှင့် စိတ်ကူးများထဲတွင် ချီးမွမ်းရန်ထိုက်တန်သည်ဟု ယူဆသော အရာအနည်းငယ်ကို လုပ်ဆောင်ခြင်း၊ ဤအရာအားလုံးမှာ မှားယွင်းသော ယုံကြည်သက်ဝင်မှုနောက် လိုက်စားခြင်းဖြစ်ပြီး၊ ၎င်းမှာ သူတော်ကောင်းယောင်ဆောင်ခြင်း ဖြစ်၏။ သင်သည် မြင့်သောအရပ်တွင် ရပ်ကာ နှုတ်ကပတ်တော်များနှင့် အယူအဆတို့ကို ဟောပြော၍၊ လူတို့အား ကောင်းသောအကျင့်များကို ကျင့်ကြရန်၊ ကောင်းသောလူများ ဖြစ်ကြရန်နှင့် သမ္မာတရားကို လေ့လာလိုက်စားမှုအပေါ် အာရုံစိုက်ကြရန် ပြောသော်လည်း သင်ကိုယ်တိုင်၏အပြုအမူနှင့် တာဝန်ထမ်းဆောင်မှုတွင် သင်သည် သမ္မာတရားကို မည်သည့်အခါမျှ ရှာဖွေခဲ့ခြင်းမပြု၊ သမ္မာတရား၏ အခြေခံသဘောတရားများနှင့်အညီ မည်သည့်အခါမျှ ပြုမူလုပ်ဆောင်ခဲ့ခြင်းမရှိ၊ သမ္မာတရားထဲ၌ မည်သည့်အရာကို ပြောထားကြောင်း၊ ဘုရားသခင်၏အလိုတော်မှာ မည်သည့်အရာဖြစ်ကြောင်း၊ သူသည် လူသားကို မည်သည့်စံနှုန်းများ သတ်မှတ်ထားကြောင်း မည်သည့်အခါမျှ သင် နားလည်ခဲ့ခြင်းမရှိပေ၊ သင်သည် ဤအရာတစ်စုံတစ်ခုကို မည်သည့်အခါမျှ အလေးအနက် သဘောထားခဲ့ခြင်းမရှိပေ။ ပြဿနာအချို့ကို သင် ကြုံတွေ့သောအခါ၊ သင်သည် သင်၏အလိုအတိုင်း လုံးလုံးလျားလျား လုပ်ဆောင်ပြီး ဘုရားသခင်ကို ဘေးချိတ်ထား၏။ ဤပြင်ပလုပ်ဆောင်ချက်များနှင့် အတွင်းပိုင်းအခြေအနေများသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကိုရှောင်ခြင်းလော။ အကယ်၍ လူတို့၏ယုံကြည်ခြင်းနှင့် သမ္မာတရားအပေါ် ၎င်းတို့၏လိုက်စားမှုအကြား ဆက်နွှယ်မှု မရှိပါက ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ပါစေ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်လိမ့်မည်။ ထိုသို့ဆိုသော် ယင်းကဲ့သို့ လူများသည် မည်သည့်လမ်းကြောင်းမျိုးကို လျှောက်သနည်း။ ၎င်းတို့ကိုယ်ကို မည်သည့်အရာများဖြင့် တပ်ဆင်ပြီး ၎င်းတို့၏ နေ့ရက်များကို ကုန်လွန်စေကြသနည်း။ နှုတ်ကပတ်တော်များနှင့် အယူအဆများဖြင့် မဟုတ်လော။ ၎င်းတို့သည် ၎င်းတို့ကိုယ်ကို ဖာရိရှဲများ၊ ဘုရားသခင်ကို အစေခံသည်ဟု ယူဆရသောလူများနှင့် ပို၍တူစေရန်၊ ဘုရားသခင်ကို အစေခံသည်ဟု ယူဆရသောလူများနှင့် ပို၍တူစေရန်၊ နှုတ်ကပတ်တော်များနှင့် အယူအဆများဖြင့် ၎င်းတို့ကိုယ်ကို လက်နက်တပ်ဆင်ခြင်း၊ ဝတ်ဆင်ခြင်းဖြင့် ၎င်းတို့၏နေ့ရက်များကို ကုန်လွန်စေကြသည်မဟုတ်လော။ ဤလုပ်ရပ်အားလုံးမှာ မည်သည့်အရာဖြစ်သနည်း။ ၎င်းတို့သည် ဟန်ဆောင်လုပ်ပြနေခြင်းသာ ဖြစ်သည်၊ ၎င်းတို့သည် ယုံကြည်ခြင်းအလံကို လှုပ်ယမ်းကြပြီး ဘာသာရေးထုံးတမ်းများကို လုပ်ဆောင်ခြင်း၊ ကောင်းချီးမင်္ဂလာခံစားရစေရန် ရည်မှန်းချက် ပြည့်မီရေးအတွက် ဘုရားသခင်ကို လိမ်လည်လှည့်ဖြားရန် ကြိုးစားခြင်းတို့ကို ပြုကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကိုးကွယ်ခြင်း လုံးဝမပြုကြပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ရှေ့တွင် အချိန်ပြည့် အသက်ရှင်မှသာ ကယ်တင်ခြင်းလမ်းကို သင်လျှောက်နိုင်မည်” မှ

လူအချို့သည် လူအများက သူတို့အပေါ် အာရုံစိုက်အောင် လုပ်ရသည်ကို ခုံမင်ကြသည်။ သူတို့၏ ညီအစ်ကို မောင်နှမများရှေ့တွင် သူတို့သည် ဘုရားသခင်အပေါ် ကျေးဇူးကြွေးတင်ရှိနေသည်ဟု ပြောသည်။ သို့သော် နောက်ကွယ်တွင်မူ သူတို့သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းမရှိဘဲ လုံးလုံးလျားလျား ခြားနားသောအရာများ ပြုလုပ်ကြသည်။ သူတို့သည် ဘာသာရေးကိုင်းရှိုင်းသော ဖာရိရှဲများ မဟုတ်လော။ ဘုရားသခင်ကို အမှန်တကယ်ချစ်ပြီး သမ္မာတရား ရှိသောသူသည် ဘုရားသခင်ကို သစ္စာစောင့်သိသူဖြစ်ပြီး အပြင်ပန်း၌ ထိုကဲ့သို့ ဖော်ပြလေ့မရှိပေ။ သူသည် ကိစ္စများ ပေါ်လာချိန်တွင် သမ္မာတရားကို လက်တွေ့ကျင့်သုံးလိုပြီး သူ၏အသိစိတ်ကို ဆန့်ကျင်ကာ ပြောဆိုခြင်း သို့မဟုတ် ပြုမူခြင်း ပြုလုပ်လေ့ မရှိပေ။ သူသည် ကိစ္စများပေါ်လာချိန်တွင် သူ၏ဉာဏ်ပညာအား သိသာထင်ရှားစေလေ့ရှိပြီး အခြေအနေများ မည်သို့ပင် ဖြစ်နေပါစေ သူ၏လုပ်ရပ်များ၌ ကိုယ်ကျင့်တရား ကောင်းမွန်အောင် ပြု၏။ ထိုကဲ့သို့သောသူသည် အမှန်တကယ် အစေခံသောသူ ဖြစ်သည်။ ဘုရားသခင်ထံ ကျေးဇူးကြွေးတင်နေခြင်းကို နှုတ်ဖြင့် တဖွဖွပြောသူတချို့ ရှိသည်။ ၎င်းတို့သည် မိမိတို့၏ နေ့ရက်များကို ပူပန်ပြီး မျက်မှောင်ကုတ်ကာ ကုန်လွန်စေလေ့ရှိသည်၊ လေကြီးမိုးကြီး ဟန်လုပ်တတ်သည့်အပြင် စိတ်ဆင်းရဲဟန်လည်း ယောင်ဆောင်တတ်ကြသေးသည်။ မည်မျှ စက်ဆုပ်ရွံရှာဖွယ် ကောင်းသနည်း။ “ဘုရားသခင်ထံ၌ မည်သို့ အကြွေးတင်နေသနည်း။ ပြောပြပါ” ဟု သူတို့အား မေးလျှင် သူတို့သည် အာစေးမိသွားမည် ဖြစ်သည်။ သင်သည် ဘုရားသခင်အပေါ် အမှန်တကယ် သစ္စာစောင့်သိလျှင် လူရှေ့တွင် ထိုအကြောင်းကို မပြောဘဲ ဘုရားသခင်ကို သင်အမှန်တကယ် ချစ်ကြောင်း ပြသဖို့အတွက် သင်၏ လက်တွေ့ကျင့်သုံးမှုအမှန်ကို အသုံးပြုလော့၊ စစ်မှန်သော နှလုံးသားဖြင့် သူ့ထံ ဆုတောင်းလော့။ ဘုရားသခင်နှင့် ပြောဆိုဆက်ဆံသော အခါ၌ စကားသာ ပြောသူများသည် ကြောင်သူတော်များသာ ဖြစ်သည်။ အချို့တို့သည် ဆုတောင်းပတ္ထနာပြုတိုင်း ဘုရားသခင်အပေါ် ကျေးဇူးကြွေးတင်နေကြောင်း ပြောကာ သန့်ရှင်းသောဝိညာဉ်တော်၏ နှိုးဆော်ခြင်းပင် မပါဘဲ သူတို့ ဆုတောင်းသည့် အခါတိုင်း ငိုကြွေးတတ်ကြသေးသည်။ ထိုသို့သော လူများသည် ဘာသာရေး ထုံးတမ်းဓလေ့များနှင့် အယူအဆများ စွဲနေသူများဖြစ်ကာ ထိုသို့သော အပြုအမူများသည် ဘုရားသခင်ကို ကျေနပ်စေသည်၊ အပေါ်ယံ၌ ဘာသာရေး ကိုင်းရှိုင်းမှု သို့မဟုတ် အပေါ်ယံ၌ကျသော ဝမ်းနည်းမျက်ရည်များသည် ဘုရားသခင်နှစ်သက်သော အရာများဖြစ်သည်ဟု အစဉ်ယုံကြည်လျက် ထိုသို့သောထုံးတမ်းဓလေ့များနှင့် အယူအဆများဖြင့် အသက်ရှင်ကြသည်။ ထိုသို့သော အဓိပ္ပာယ်မဲ့သူများထံမှ မည်သည့်ကောင်းကျိုး ရနိုင်မည်နည်း။ အချို့က မိမိတို့၏ နှိမ့်ချမှုကို ပြသရန်အတွက် အခြားသူများရှေ့၌ စကားပြောစဉ်တွင် သဘောထားကြီးဟန် ယောင်ဆောင်ကြသည်။ အချို့ကမူ အားအင်လုံးဝ မရှိတော့သည့် သိုးသူငယ်ကဲ့သို့ အခြားသူများရှေ့တွင် တမင်တကာ ရိုကျိုးပြလွန်းကြသည်။ ဤသည်မှာ နိုင်ငံတော်၏ လူသူများ ပြုလုပ်သင့်သည့် အပြုအမူများ ဖြစ်သလော။ နိုင်ငံတော်၏လူသည် ရွှင်ရွှင်ပျပျရှိသူ၊ အချုပ်အနှောင်နှင့် ကင်းသောသူ၊ အပြစ်ကင်းပြီး ပွင့်လင်းသောသူ၊ ရိုးသားပြီး ချစ်ဖွယ်ကောင်းသူ၊ လွတ်လပ်စွာ အသက်ရှင်သူ ဖြစ်သင့်သည်။ ထိုသူ၌ သမာဓိနှင့် ဂုဏ်သိက္ခာရှိပြီး သွားလေရာရာ၌ သက်သေခံနိုင်သည်။ သူသည် ဘုရားသခင်နှင့် လူ၏ ချစ်ခြင်းကိုလည်း ခံရသူဖြစ်သည်။ ယုံကြည်ခြင်း နုနယ်သော သူတို့၌ များပြားစွာသော အပြင်ပန်း လက်တွေ့ကျင့်သုံးမှုများ ရှိကြသည်။ ၎င်းတို့သည် အစပိုင်းတွင် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ချိုးဖျက်ခြင်းခံရသည့် ကာလကို ဖြတ်သန်းကြရမည်။ စိတ်နှလုံးအတွင်း၌ ဘုရားသခင်အား ယုံကြည်သောသူများကို အခြားသူများနှင့် အပြင်ပန်းအားဖြင့် ကြည့်ရုံနှင့် ခွဲခြား၍မရနိုင်။ သို့သော်လည်း သူတို့၏လုပ်ရပ်များနှင့် လုပ်ဆောင်မှုများသည် အခြားသူများအတွက် ချီးမွမ်းထိုက်ဖွယ် ဖြစ်သည်။ ထိုကဲ့သို့သောလူများသာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက်ရှင်နေထိုင်သူများ ဖြစ်သည်ဟု ယူမှတ်နိုင်သည်။ အကယ်၍ နေ့စဉ် ဧဝံဂေလိ သတင်းကောင်းကို ဟိုလူ၊ သည်လူအား သင်ဟောပြောပြီး သူတို့ကို ကယ်တင်ခြင်းထံသို့ ဆောင်ယူလာသော်လည်း အဆုံးတွင် သင်သည် စည်းမျဉ်းများ၊ အယူဝါဒများဖြင့် ဆက်လက် အသက်ရှင်နေသေးလျှင် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေနိုင်မည် မဟုတ်။ ထိုသို့သော အမူအကျင့်မျိုး ရှိသူများသည် ဘာသာရေးသမားများဖြစ်ပြီး ကြောင်သူတော်များလည်း ဖြစ်သည်။

ထိုသို့သော ဘာသာရေးသမားများ စုရုံးကြသည့်အခါတိုင်း သူတို့က “ညီမ၊ ဒီရက်ပိုင်း ဘယ်လိုနေသလဲ” ဟုမေးကြပြီး အမေးခံရသောသူကလည်း “ဘုရားသခင်အပေါ် ကျေးဇူးကြွေးတင်သလို ခံစားမိပြီး သူ့နှလုံးသား အလိုဆန္ဒကို ပြည့်မီအောင် လုပ်ဆောင်နိုင်စွမ်း မရှိဘူးလို့ ခံစားရတယ်” ဟုပြန်ဖြေတတ်ကာ အခြားတစ်ယောက်ကလည်း “ငါလည်း ဘုရားသခင်အပေါ် ကျေးဇူးကြွေးတင်နေပြီး ဘုရားသခင်ကျေနပ်အောင် လုပ်ဆောင်နိုင်စွမ်း မရှိဘူး” ဟုပြောတတ်သည်။ အထက်ပါ ဝါကျအချို့နှင့် စကားလုံးအချို့ကပင် သူတို့၏နှလုံးသား အနက်ရှိုင်းဆုံးနေရာ၌ ရှိနေသည့် ညစ်ညူးသော အရာများကို ဖော်ပြနေသည်။ ထိုစကားများသည် စက်ဆုပ်ဖွယ် အကောင်းဆုံးဖြစ်သည်၊ အလွန်အမင်း မနှစ်မြို့ဖွယ်ဖြစ်သည်။ ထိုသို့သောလူများ၏ သဘာဝဗီဇသည် ဘုရားသခင်ကို ဆန့်ကျင်သည်။ လက်တွေ့အရှိတရားအပေါ်တွင် အာရုံစိုက်သူသည် မိမိ၏နှလုံးသားအတွင်း၌ ရှိသည့်အတိုင်း ဆက်သွယ်ပြောဆိုပြီး ထိုသို့ဆက်သွယ်ရာတွင်လည်း မိမိ၏နှလုံးသားအား ဖွင့်ဟလေ့ရှိသည်။ မမှန်ကန်သော အလေ့အကျင့် တစ်ခုမျှမရှိ၊ ယဉ်ကျေးရည်မွန်သော စကားများ၊ သို့မဟုတ် အနှစ်သာရ မရှိသော အာလာပသလ္လာပ စကားများ မပြောပေ။ သူတို့သည် အမြဲတမ်း လိုရင်းတိုရှင်း ပြောဆိုသူများဖြစ်ကြပြီး လောက၏ စည်းမျဉ်းများကို လိုက်နာလေ့ မရှိပေ။ အဓိပ္ပာယ်မရှိလျှင်ပင် အပြင်ပန်း ပြသမှုအတွက် အာသီသရှိသူများ ရှိသည်။ အခြားတစ်ယောက် သီချင်းဆိုလျှင် မိမိ၏ထမင်းအိုးအတွင်းရှိ ထမင်းများ တူးသွားသည်ကိုပင် သိရှိခြင်းမရှိဘဲ စတင်ကခုန်တတ်သည်။ ထိုကဲ့သို့ အမူအကျင့်မျိုးရှိသည့် လူများသည် ဘုရားတရား ကိုင်းရှိုင်းသည့်သူများ၊ သို့မဟုတ် ဂုဏ်သိက္ခာရှိသောသူများ မဟုတ်သကဲ့သို့၊ အလွန်အမင်း ပေါ့ပျက်လွန်းလှသည့် လူများဖြစ်သည်။ အဆိုပါအရာများ အားလုံးသည် လက်တွေ့အရှိတရားကင်းမဲ့မှုကို ဖော်ပြသောအရာများ ဖြစ်သည်။ လူအချို့သည် ဝိညာဉ်ထဲရှိ ဘဝနှင့်ဆိုင်သော ကိစ္စများကို ရင်းရင်းနှီးနှီး ပြောဆိုကြသည့်အခါ သူတို့သည် ဘုရားသခင်အပေါ် ကျေးဇူးကြွေးတင်သည့်အကြောင်း မပြောသော်လည်း သူတို့၏ နှလုံးသားအတွင်း၌ ဘုရားသခင်အပေါ်ထားသည့် စစ်မှန်သော ချစ်ခြင်းမေတ္တာအား ထိန်းသိမ်းထားကြသည်။ ဘုရားသခင်အပေါ် သင်၏ကျေးဇူးကြွေးတင်နေမှုသည် အခြားသူများနှင့် မည်ကဲ့သို့မျှ မသက်ဆိုင်ပေ။ သင်သည် ဘုရားသခင်အပေါ် ကျေးဇူးကြွေးတင်ခြင်း ဖြစ်သည်၊ လူအပေါ် ကျေးဇူးကြွေးတင်ခြင်း မဟုတ်။ သို့ဖြစ်လျှင် ထိုကိစ္စအား အခြားသူများကို အဆက်မပြတ် ပြောဆိုခြင်းသည် သင့်အတွက် အဘယ်အကျိုးရှိသနည်း။ သင်သည် လက်တွေ့အရှိတရားအတွင်းသို့ ဝင်ရောက်ခြင်းကို အရေးကြီးသည်ဟု ခံယူရမည်။ အပြင်ပန်း စိတ်အားထက်သန်မှု၊ သို့မဟုတ် အပြင်ပန်း ပြသဖို့သည် အရေးကြီးသည်ဟု မခံယူရ။

လူလုပ်ဆောင်သော အပေါ်ယံ ကောင်းမှုများသည် အဘယ်အရာကို ကိုယ်စားပြုသနည်း။ ၎င်းတို့သည် ဇာတိပကတိကို ကိုယ်စားပြုပြီး အကောင်းဆုံး အပြင်ပန်း လက်တွေ့ကျင့်သုံးခြင်းများပင်လျှင် အသက်ကို ကိုယ်စားပြုခြင်း မရှိဘဲ သင်တစ်ဦးတည်း၏ ပင်ကိုစရိုက်ကိုသာ ကိုယ်စားပြုသည်။ လူ၏ အပြင်ပန်း လက်တွေ့ကျင့်သုံးခြင်းများသည် ဘုရားသခင်၏ လိုအင်ကို မဖြည့်ဆည်းနိုင်ပေ။ သင်သည် ဘုရားသခင်အပေါ် ကျေးဇူးကြွေးတင်နေကြောင်းကို အစဉ်မပြတ် ပြောသော်လည်း တစ်ပါးသူများ၏ ဘဝများကို သင်မဖြည့်ဆည်း မထောက်ပံ့နိုင်ပေ။ သို့မဟုတ် အခြားသူများကို ဘုရားသခင်အားချစ်ရန် သင်မနှိုးဆွပေးနိုင်ပေ။ အဆိုပါလုပ်ရပ်များက ဘုရားသခင်ကို ကျေနပ်စေမည်ဟု သင်ယုံကြည်သလော။ ထိုသို့လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ နှလုံးသားလိုအင်ဖြစ်သည်၊ ဝိညာဉ်နှင့်ဆိုင်သောအရာ ဖြစ်သည်ဟု သင်ယုံကြည်သော်လည်း စင်စစ်အားဖြင့် အဓိပ္ပာယ်ကင်းမဲ့သည့် လုပ်ရပ်ဖြစ်သည်။ သင့်အား စိတ်ကျေနပ်မှုပေးသောအရာနှင့် သင်အလိုရှိသော အရာများသည် ဘုရားသခင် ပီတိဖြစ်သည့် အရာများဖြစ်သည်ဟု သင်ယုံကြည်သည်။ သင့်အား စိတ်ကျေနပ်မှုပေးသော အရာသည် ဘုရားသခင်အား စိတ်ကျေနပ်မှုပေးသောအရာကို ကိုယ်စားပြုနိုင်သလော။ လူ၏စရိုက်သည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သလော။ သင့်ကို စိတ်ကျေနပ်မှုပေးသော အရာသည် ဘုရားသခင် ရွံမုန်းသည့်အရာ အတိအကျပင်ဖြစ်ပြီး သင့်အကျင့်များသည် ဘုရားသခင် ရွံရှာ၍ ငြင်းပယ်သော အရာများ ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်ထံ ကျေးဇူးကြွေးတင်နေသည်ဟု ခံစားရပါက ဘုရားသခင်ရှေ့မှောက်သို့ သွားဆုတောင်းလော့။ ထိုအကြောင်းကို တစ်ပါးသူများအား ပြောဖို့မလို။ အကယ်၍ သင်သည် ဘုရားသခင်ရှေ့မှောက်၌ ဆုမတောင်းဘဲ အခြားသူများရှေ့၌ သင့်ကို လူအများ အာရုံစိုက်အောင် အစဉ်တစိုက် ပြုလုပ်နေလျှင် ထိုအရာသည် ဘုရားသခင်၏ နှလုံးသားလိုအင်ကို ဖြည့်ဆည်းနိုင်လိမ့်မည်လော။ သင်၏လုပ်ရပ်များသည် အစဉ်အမြဲ အပြင်ပန်းသာ ဖြစ်နေပါက သင်သည် အချည်းနှီး အဖြစ်ဆုံးသောသူ ဖြစ်သည်။ အပေါ်ယံကောင်းမှုများသာရှိပြီး လက်တွေ့အရှိတရား ကင်းမဲ့နေသည့် လူသည် မည်ကဲ့သို့သော အမူအကျင့်မျိုး ရှိသည့်လူ ဖြစ်သနည်း။ ထိုသို့သော လူများသည် ကြောင်သူတော် ဖာရိရှဲများနှင့် ဘာသာရေးသမားများသာ ဖြစ်လေစွတကား။ သင်တို့သည် သင်တို့၏ အပြင်ပန်း လက်တွေ့ကျင့်သုံးခြင်းများကို ရပ်ကာ မပြောင်းလဲနိုင်လျှင် သင်တို့အထဲရှိ အယောင်ဆောင်မှုအရိပ်လက္ခဏာများသည် ပို၍ပင် ကြီးထွားလာလိမ့်မည်။ အယောင်ဆောင်မှု အရိပ်လက္ခဏာများ ပိုများလာလေလေ၊ ဘုရားသခင်ကို ပိုပြီး တော်လှန်လေလေဖြစ်ပြီး အဆုံးတွင် ထိုသို့သော အမူအကျင့်မျိုးရှိသည့် လူများသည် ဧကန်ပင် နှင်ထုတ်ခြင်း ခံရလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်အား ယုံကြည်ခြင်း၌ ဘာသာရေး ထုံးတမ်းဓလေ့များထက် လက်တွေ့အရှိတရားအပေါ်တွင် အာရုံစိုက်သင့်သည်” မှ

ပုံမှန်ဝိညာဉ်အသက်တာသည် ဘုရားသခင် ရှေ့မှောက်တွင် နေထိုင်သည့် အသက်တာတစ်ခု ဖြစ်သည်။ ဆုတောင်းသည့်အခါ တစ်စုံတစ်ယောက်၏ စိတ်နှလုံးသည် ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်သက်ခြင်းရှိပြီး ဆုတောင်းခြင်းအားဖြင့် သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖွင့်ပြခြင်းကို ရှာဖွေနိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိရှိနိုင်ပြီး၊ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်သည်။ တစ်စုံတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သုံးဆောင်လျှင်၊ ယခု မျက်မှောက်တွင် ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်လိုသည်ကို ပိုမိုရှင်းလင်းပြီး မှန်ကန်စေလျက်၊ သူသည် ကျင့်သုံးမှု လမ်းကြောင်းသစ်ကို ရှေးရိုးမစွဲဘဲ ရရှိနိုင်ခြင်းဖြင့် သူ၏ ကျင့်သုံးသမျှအလုံးစုံတို့သည် အသက်တာတွင် တိုးတက်မှုရရှိစေမည့် ရည်ရွယ်ချက်အတွက် ဖြစ်ပေမည်။ ဥပမာအားဖြင့်- တစ်စုံတစ်ဦး၏ ဆုတောင်းခြင်းသည် လှပသော စကားလုံးအချို့ကို ပြောဆိုသည့် ရည်ရွယ်ချက်အတွက် မဟုတ်ပေ၊ သို့မဟုတ် ဘုရားသခင်၏ ရှေ့မှောက်တွင် သူ၏ အကြွေးကို အော်ဟစ်ကြေငြာရန် မဟုတ်ပေ၊ တကယ်တမ်းတွင် သူ၏ ဝိညာဉ်အလေ့အထကို လေ့ကျင့်ရန်ဖြစ်သည်၊ ဘုရားသခင်ရှေ့မှောက်တွင် သူ၏ စိတ်နှလုံးကို ငြိမ်သက်စေရန်ဖြစ်သည်၊ အရာရာ၌ ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုကို ရှာဖွေခြင်းအား လေ့ကျင့်ရန်ဖြစ်သည်၊ မိမိ၏ စိတ်နှလုံးကို နေ့စဉ် အသစ်သောအလင်းဆီသို့ ဆွဲယူသွားသော စိတ်နှလုံးကို ပြဋ္ဌာန်းရန်ဖြစ်သည်၊ မလှုပ်မယှက် စောင့်စားခြင်း သို့မဟုတ် ပျင်းရိခြင်း မဖြစ်ရဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျင့်သုံးခြင်း လမ်းကြောင်းမှန်ပေါ်သို့ ဝင်ရောက်ရန် ဖြစ်ပေသည်။ မျက်မှောက်တွင် လူအများစုတို့သည် နည်းလမ်းများကိုသာ အာရုံစိုက်ကြပြီး အသက်တာ တိုးတက်မှု ရရှိစေသည့် အမှန်တရားကို ရှာဖွေသည့်နောက်သို့လိုက်ရန် ကြိုးစားမနေကြပေ။ ယင်းသည် လူများ၏ လွဲမှားရာနေရာပင် ဖြစ်သည်။ အချို့သောလူများသည် အသစ်သောအလင်းကို ရရှိနိုင်ကြသည့်တိုင်၊ သူတို့၏ နည်းလမ်းများကို ပြောင်းလဲခြင်း မပြုကြ၊ အတိတ်က ဘာသာရေး အယူအဆများကို ယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရရှိစေရန် ထည့်သွင်းကြသည်၊ သူတို့ ရယူသည်မှာလည်း ဘာသာရေးအယူအဆများပါရှိသည့် အယူဝါဒများသာ ဖြစ်နေပြီးသူတို့သည် ယနေ့ သန့်စင်သည့် အလင်းတော်ကို ယူဆောင်နေခြင်း မရှိကြပေ။ သို့ဖြစ်ရာ သူတို့၏ အလေ့အကျင့်များသည် သန့်စင်ခြင်းမရှိ- သူတို့သည် လုပ်နေကျအလုပ်ကို အမည်သစ်နှင့် လုပ်နေခြင်းသာဖြစ်ရာ၊ သူတို့၏ အလေ့အကျင့်များ မည်မျှ ကောင်းမွန်သည်ဖြစ်စေ ယင်းတို့မှာ မရိုးသားဖြစ်နေမြဲပင်။ ဘုရားသခင်သည် လူတို့ကို နေ့စဉ် အသစ်သော အရာများကို လုပ်ဆောင်ရန် လမ်းညွှန်သည်၊ လူတို့ကို နေ့စဉ် အမြင်သစ်များနှင့် နားလည်မှု အသစ်များ ရရှိစေလိုပြီး၊ ပုံစံဟောင်း သို့မဟုတ် အမြဲတစ်ပုံစံတည်း မဖြစ်စေလိုပေ။ သင်သည် နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်လာခဲ့သော်လည်း၊ သင်၏ နည်းလမ်းများ လုံးဝ ပြောင်းလဲခြင်း မရှိခဲ့ပါက၊ သင်သည် စိတ်ခံစားမှုများနေပြီး အပြင်အပတွင်သာ အလုပ်ရှုပ်နေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ငြိမ်သက်သော စိတ်နှလုံးဖြင့် ခံစားရန် ကိုယ်တော်၏ ရှေ့မှောက်သို့ လာရောက်ခြင်း မရှိပါက၊ သင်သည် မည်သည့်အရာကိုမျှ ရရှိနိုင်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပုံမှန်ဝိညာဉ်အသက်တာနှင့် ပတ်သက်၍” မှ

သင်သည် ဘုရားသခင်ကို အဘယ့်ကြောင့် ယုံကြည်သနည်း။ လူအများသည် ဤမေးခွန်းကြောင့် စိတ်ရှုပ်ထွေးသွားကြ၏။ လက်တွေ့ ကျသော ဘုရားနှင့် ကောင်းကင်ဘုံတွင်ရှိသော ဘုရားနှင့် ပတ်သက်ပြီး၊ ထိုသူတို့တွင် လုံးဝမတူညီသည့် အမြင်နှစ်မျိုး အစဉ် ရှိကြသည်။ ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရာ၌ ဘုရားသခင်ကိုနာခံ ရန်မဟုတ်ဘဲ၊ ၎င်းတို့ အတွက် အကျိုးအမြတ်အချို့ရရှိရန် သို့မဟုတ် ဘေးဒုက္ခ ခံစားရခြင်းမှ လွတ်မြောက်ရန် ဖြစ်သည်။ သို့မှသာ နာခံမှုအနည်းငယ် ရှိကြသည်။ သို့သော် ထိုသူတို့၏ နာခံမှု မှာ၊ အခြေအနေအရသာ ဖြစ်ကာ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးကျေးဇူး အတွက်ဖြစ်ပြီး၊ ၎င်းတို့ကို အတင်းအကျပ် လုပ်စေခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ သင်သည် ဘုရားသခင်ကို အဘယ့်ကြောင့် ယုံကြည်သနည်း။ သင်၏ အကျိုးအမြတ်များနှင့် သင်၏ကံကြမ္မာတို့အတွက် သက်သက်ဆိုလျှင် သင်မယုံကြည်လျှင် အကောင်းဆုံး ဖြစ်လိမ့်မည်။ ဤကဲ့သို့သော ယုံကြည်ခြင်းသည်၊ ကိုယ့်ကိုယ်ကို လှည့်ဖြားခြင်း၊ ကိုယ့်ကိုယ်ကို စိတ်ချမှုရှိစေခြင်းနှင့် ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်း ဖြစ်သည်။ သင်၏ ယုံကြည်ခြင်းသည် ဘုရားသခင်ကို နာခံခြင်းအုတ်မြစ်အပေါ် တည်ဆောက် မထားပါက၊ သင်သည် နောက်ဆုံးတွင် ဘုရားသခင်ကို ဆန့်ကျင်ခြင်းအတွက် အပြစ်ဒဏ်ပေးခြင်း ခံရပါမည်။ ၎င်းတို့၏ ယုံကြည်ခြင်းတွင်၊ ဘုရားသခင်အား နာခံခြင်းကို ရှာဖွေခြင်းမပြုသူများသည် ဘုရားသခင်ကို ဆန့်ကျင်ကြသည်။ ဘုရားသခင်ကို နာခံမှု ရရှိစေရန် ဘုရားသခင်က လူတို့အား သမ္မာတရားကို ရှာဖွေရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆာလောင်မွတ်သိပ်ကြရန်၊ ဘုရားသခင်၏ နှုတ်ကပတ် တော်ကို စားကြသောက်ကြရန်၊ ၎င်းတို့ကို လက်တွေ့ကျင့်သုံးရန် တောင်းဆိုသည်။ သင်၏ အရင်းခံအကြောင်းများသည် အမှန်စဉ်စစ် ဤကဲ့သို့ဖြစ်လျှင်၊ ဘုရားသခင်သည် သင့်ကို အသေအချာ ချီးမြှောက်ပြီး၊ သင့်အပေါ်သို့ အသေအချာ ကရုဏာ သက်ရောက်ပါလိမ့်မည်။ ဤသည်ကို မည်သူမျှ သံသယဖြစ်စရာ အကြောင်း မရှိနိုင်ပါ။ မည်သူမျှလည်း ပြောင်းလဲ၍မရပါ။ အကယ်၍ သင်၏ အခြေခံအကြောင်းရင်း များသည် ဘုရားသခင်ကို နာခံရန်မဟုတ်ဘဲ၊ သင့်မှာ အခြားရည်ရွယ်ချက်များရှိပါက၊ သင်ပြောသမျှ လုပ်သမျှ၊ သင်၏ဘုရားသခင်ရှေ့ ဆုတောင်းခြင်းများနှင့် သင်လုပ်သမျှတိုင်းသည်၊ ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်မည်။ သင်သည် ညင်သာစွာ စကားပြောပြီး၊ သိမ်မွေ့သူ ဖြစ်လင့်ကစား၊ သင်လုပ်သမျှနှင့် မျက်နှာအမူအရာသည် မှန်ကန်ပုံရနိုင်ပြီး၊ သင်သည် နာခံသူတစ်ယောက်ဟု ထင်ရနိုင်သော်လည်း၊ ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့် သက်ဆိုင်သည့် သင်၏ အရင်းခံအကြောင်းများ နှင့် သင်၏ အမြင်နှင့် ပတ်သက်၍ သင်လုပ်သမျှသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး၊ ဆိုးယုတ်၏။ သိုးကဲ့သို့ နာခံမည်ဟု ထင်ရ သော်လည်း ၎င်းတို့စိတ်ထဲတွင် ဆိုးယုတ် သော ရည်ရွယ်ချက်များ ကိန်းအောင်းနေသောသူများသည် သိုးရေ ခြုံထားသော ဝံပုလွေများဖြစ်ကြပြီး၊ ၎င်းတို့သည် ဘုရားသခင်ကို တိုက်ရိုက်စော်ကားကြကာ ဘုရားသခင်သည် ၎င်းတို့ တစ်ဦးတစ်ယောက်ကိုမျှ ချမ်းသာပေးမည်မဟုတ်ပေ။ သန့်ရှင်းသောဝိညာဉ်တော်က ၎င်းတို့တစ်ဦးချင်းကို ဖေါ်ထုတ်လိမ့်မည်။ ထို့ကြောင့် သူတော်ကောင်း ယောင်ဆောင်သူ တစ်ဦးချင်းသည် အမှန်တကယ်ပင် အလွန်မုန်တီးခြင်းခံရပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ပစ်ပယ်ခြင်း ခံရမည်ကို အားလုံး တွေ့ကြနိုင်လိမ့်မည်။ ပူပန်ခြင်းမရှိပါနှင့်။ ဘုရားသခင်က ၎င်းတို့ တစ်ဦးချင်းကို ကိုင်တွယ်၍ အလှည့်ကျ ဖြေရှင်းလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ကို ယုံကြည်ရာတွင် ဘုရားသခင်ကို နာခံသင့်သည်” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

သင်းအုပ်ဆရာများနှင့် အကြီးအကဲများက သူတော်ကောင်း ယောင်ဆောင်သည့် ဖာရိရှဲများနှင့် အန္တိခရစ်များ ဟုတ် မဟုတ် ခွဲခြားခြင်းက လူများကို အပြင်ပန်းမှာ မည်သို့ဆက်ဆံကြောင်း ကို ကြည့်ရုံဖြင့် မပြီးနိုင်ပါ။ သူတို့ သခင်နှင့် သမ္မာတရားကို မည်သို့ ပြုမူဆက်ဆံကြောင်းကို ကြည့်ဖို့က အဓိကဖြစ်ပါသည်။ အပြင်ပန်းမှာမူ ယုံကြည်သူများကို ချစ်ပြနိုင်သော်လည်း သခင်ကိုရော ချစ်ခြင်းမေတ္တာရှိပါသလား။ သူတို့က လူများကို အတော်လေး ချစ်ပြသော်လည်း၊ သခင်နှင့်သမ္မာတရားကို မုန်းခြင်း ငြီးငွေ့ခြင်းများနှင့် ပြည့်နေပြီး အနန္တတန်ခိုးရှင်ဘုရားသခင်၊ နောက်ဆုံးသောကာလ ခရစ်တော်ကို ဝေဖန်ပြီး ရှုတ်ချ ကြပါက သူတို့က သူတော်ကောင်း ယောင်ဆောင်သည့် ဖာရိရှဲများမဟုတ်လား၊ သူတို့က အန္တိခရစ်များ မဟုတ်ပါလား။ သူတို့က အပြင်ပန်းမှာမူ ဟောပြောပြီး အလုပ်ကြိုးစားပုံ ရသော်လည်း၊ ဤသည်မှာ တကယ်တော့ သရဖူယူဖို့ နှင့် အကျိုးရယူဖို့ အတွက်သာ ဖြစ်ပါက၊ ဤသည်မှာ သခင့်ကို နာခံပြီး သစ္စာရှိသည်ဟု ဆိုနိုင်ပါမလား။ တစ်စုံတစ်ယောက်က သူတော်ကောင်း ယောင်ဆောင်ခြင်း ဟုတ် မဟုတ် ခွဲခြားသိမြင်နိုင်ဖို့ သူတို့၏ နှလုံးသားများထဲကို အဓိက ကြည့်ပြီး သူတို့၏ ရည်ရွယ်ချက်များကို မြင်ရမည်။ ဤသည်မှာ ခွဲခြားသိမြင်ခြင်းအကြောင်း၏ အရေးကြီးဆုံးအရာ ဖြစ်သည်။ ဘုရားသခင်က လူများ၏ နှလုံးသားကို စစ်ဆေးသည်။ ထို့ကြောင့် လူတစ်ယောက်က သခင့်ကို အစစ်အမှန်ချစ်ပြီး နာခံသလားဆိုတာ မြင်ဖို့ အဓိကအရာက သခင့်၏ နှုတ်ကပတ်တော်များကို လိုက်နာပြီး လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိ နှင့်၊ သူ့၏ ပညတ်တော်များကို ထိန်းသိမ်းခြင်း ရှိမရှိ တို့ကို ကြည့်ဖို့ဖြစ်သည်။ ထို့အပြင် သခင်ယေရှုကို ချီးမြှောက်ပြီး သက်သေခံခြင်း ရှိမရှိနှင့် သူတို့ ဘုရားသခင်၏ အလိုတော်ကို လိုက်နာခြင်း ရှိမရှိ တို့ကို ကြည့်ရမည်။ ဖာရိရှဲများ တရားဇရပ်မှာ လူများကို သမ္မာကျမ်းချက်များကို မကြာခဏရှင်းပြခြင်း အရာအားလုံးအတွက် သမ္မာကျမ်းစာ၏ စည်းမျဉ်းများကို စွဲကိုင်ခြင်းများနှင့် လူများကို ချစ်ပြခြင်းများကို ကျွန်တော်တို့ မြင်သည်။ သို့သော်လည်း တကယ့်လက်တွေ့မှာမူ၊ သူတို့လုပ်ခဲ့သည့်အရာ အားလုံးက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နေခြင်း၊ ဘုရားသခင်၏ ပညတ်တော်များကို ထိန်းသိမ်းခြင်းများ မဟုတ်ဘဲ၊ နှင့် လူများမြင်ဖို့ လုပ်ခဲခြင်းသာ ဖြစ်သည်။ သူတို့ကို သခင်ယေရှု ပြောခဲ့သကဲ့သို့ “သူတို့သည် ပြုသမျှသောအကျင့်အမှုတို့ကို လူများရှေ့မှာ ထင်ရှားစေခြင်းငှါပြုကြ၏။ ကျယ်သော လက်ဖွဲ့တို့ကို၎င်း၊ ကြီးသော ပန်းပွားတို့ကို၎င်း ဝတ်လေ့ရှိကြ၏။” (မ ၂၃:၅) သူတို့က တရားဇရပ်မှာ တမင်သက်သက် မတ်တပ်ရပ်ပြီး လမ်းထောင့်များမှာ ဆုတောင်းချက် အရှည်ကြီး တောင်းကြသည်။ အစာရှောင်ချိန် အတောအတွင်းမှာ သူတို့၏ မျက်နှာများ ကို တမင်တကာ အလွန်ညှိုးငယ်သည့်ပုံဖမ်းကြသည်။ သို့မှသာ သူတို့ အစာရှောင်နေသည်ကို လူများပြောနိုင်ကြမည် ဖြစ်သည်။ သူတို့က လူများအားလုံး မြင်နိုင်ဖို့အတွက် လမ်းပေါ်မှာ ကုသိုလ်ကောင်းမှုများကို တမင်သက်သက် လုပ်ကြသည်။ လက်ကို သသေချာချာမဆေးဘဲ မစားရကြောင်း ရှေးဟောင်း ဓလေ့ထုံးစံနှင့် ဘာသာရေး ဓလေ့များ ကိုပင် သူတို့ ဆက်စွဲကိုင်ထားကြသည်။ သူတို့ကို ထောက်ပံ့ ကိုးကွယ်ခြင်းများ အတွက် လူများကို လှည့်ဖြားဖို့ ဖာရိရှဲများက သူတို့ကိုယ်ကို သူတို့ ဖုံးကွယ်ဖို့ ကိစ္စအသေးလေးကနေ အကြီးကြီးဖြစ်အောင်လုပ်ပြီး၊ လူများကို ဘာသာရေးနှင့်ဆိုင်သည့် ကိုးကွယ်ခြင်း၊ သီချင်းဆိုခြင်းနှင့် ချီးမွမ်းခြင်းများကိုသာ လုပ်ခိုင်းသည် သို့မဟုတ် ဘိုးဘွားပိုင် တချို့ဓလေ့ထုံးစံများကို စွဲကိုင်ထားသည်။ သို့သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့ လုပ်ဆောင်ဖို့၊ ဘုရားသခင်၏ ပညတ်ချက်များကို ထိန်းသိမ်းဖို့ နှင့် သမ္မာတရား၏ စစ်မှန်ခြင်းထဲကို ဝင်ဖို့ လူများကို လမ်းမပြခဲ့ပါ။ ထို့အပြင် သူတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင် ဖို့နှင့် ဘုရားသခင်ကို နာခံပြီး ကိုးကွယ်ဖို့ လူများကို လမ်းမပြခဲ့ပါ။ ယုံကြည်သူများကို လှည့်ဖြား၊ ရှုပ်ထွေးစေဖို့ တချို့ အပြင်ပန်းလုပ်ဆောင်မှုများက သူတို့လုပ်ခဲ့သည့် အရာ အကုန်ဖြစ်သည်။ သခင်ယေရှု အမှုတော်ဆောင်ရွက်ဖို့နှင့် ဟောပြောဖို့ လာသည့်အခါ ဘုရားတရား ကိုင်းရှိုင်းဟန်ဆောင်သည့် ဖာရိရှဲများက သူတို့၏ ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းနှင့် အသက်မွေးမှုတို့ကို ကာကွယ်ဖို့အတွက် သမ္မာကျမ်းစာကို ခုခံကာကွယ်ခြင်းဆိုသည့် အယောင်ဆောင်မှု အောက်မှာ ဘုရားသခင်၏ ပညတ်ချက် ဥပဒေများကို အမှန်တကယ် ပွင့်ပွင့်လင်းလင်း ပစ်ပယ်ခဲ့သည်။ သူတို့က ကောလဟလများလုပ်ကြံဖန်တီးခြင်း၊ မမှန်သည့်သက်သေခံခြင်းနှင့် သခင်ယေရှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး၊ အကွက်ဆင်ခြင်း စသည့် ယုံကြည်သူများကို သခင်ယေရှု ကို နောက်လိုက်ရာကနေ ဟန့်တားဖို့ သူတို့ လုပ်နိုင်သည့်အရာများ အားလုံးလုပ်ခဲ့သည်။ အဆုံးမှာ သူတို့က သခင်ယေရှုကို ကားတိုင်ပေါ်မှာ သံမှိုးစွဲစီရင်ဖို့ အာဏာရှိသူများနှင့်ပင် ပူးပေါင်း ကြံစည်ခဲ့သည်။ ထို့ကြောင့် ဖာရိရှဲများ၏ သူတော်ကောင်းယောင်ဆောင်၊ သမ္မာတရားမုန်းသည့် အနှစ်သာရများက လုံးလုံးလျားလျားကို ပေါ်လာခဲ့သည်။ သူတို့၏ အန္တိခရစ်အနှစ်သာရက ဤနည်းနှင့် လုံးလုံးလျားလျား ထုတ်ဖော်ခံ လိုက်ရသည်။ ဖာရိရှဲများ၏ အနှစ်သာရက သူတော်ကောင်း ယောင်ဆောင်ခြင်း၊ သစ္စာဖောက်ခြင်း၊ လိမ်လည်လှည့်ဖြား ခြင်းနှင့် မလိုမုန်းထားခြင်းများကို ၎င်းက ဖော်ပြ နေသည်။ သူတို့အားလုံးက ဘုရားသခင်၏ လမ်းကို စွန့်ပယ်ပြီး လူများကို လှည့်ဖြား၊ လှောင်ပိတ်သည့် မှားယွင်းသည့် သိုးထိန်းများ သူတို့က ယုံကြည်သူများကို လှည့်ဖြား ချည်နှောင်ပြီး ဘုရားသခင်ကိုဆန့်ကျင်ဖို့ ဘာသာရေးလောကကြီးကို ထိန်းချုပ်သည်။ လူ့ဇာတိခံ ခရစ်တော်ကို ပြင်းပြင်းထန်ထန် ငြင်းပယ်၊ ရှုတ်ချပြီး မုန်းတီးကြသည်။ ဤသည်မှာ သူတို့က ကိုယ်ပိုင် လွတ်လပ်သည့် နိုင်ငံထောင် ချင်သည့် အန္တိခရစ်များ ဖြစ်ကြောင်း သက်သေပြဖို့ လုံလောက် ဖြစ်သည်။

ယခု ကျွန်မတို့ ဖာရိရှဲများ၏ သူတော်ကောင်း ယောင်ဆောင်မှု ဖွင့်ပြချက် အမျိုးမျိုးကို ရှင်းရှင်း လင်းလင်း မြင်ရသည်။ ယနေ့ ဘာသာရေး သင်းအုပ်ဆရာများ၊ အကြီးအကဲများနှင့် နှိုင်းယှဉ်သည့်အခါ သူတို့က ဖာရိရှဲများနှင့် အတူတူဖြစ်ကြောင်း နှင့် သခင့်၏ နှုတ်ကပတ်တော်ကို လက်တွေ့မလုပ်ဆောင် သကဲ့သို့ သခင့်၏ ပညတ်ချက် များကို မထိန်းသိမ်းသည့် လူများအားလုံးဖြစ်သည့်အပြင် သခင့်ကို ချီးမြှောက်ပြီး သခင့်အတွက် သက်သေခံသည့် လူများ မဟုတ်ကြကြောင်းကို ကျွန်မတို့ တွေ့ရှိရသည် မဟုတ်ပါလား။ သူတို့က သမ္မာကျမ်းစာကို မျက်ကန်း ယုံကြည်ကြ သူများ၊ သမ္မာကျမ်းစာကို ကိုးကွယ်ပြီး ထိန်းသိမ်းသည့် သူများ ဖြစ်သည်။ သူတို့က ဘာသာရေး ဓလေ့အမျိုးမျိုးဖြစ်သည့် ပုံမှန်ဝတ်ပြု စည်းဝေးတက်ခြင်း၊ မနက်ဝတ်၊ မုန့်ကို ချိုးဖဲ့ခြင်း၊ သန့်ရှင်းသည့်ပွဲတော်မှာ ပါဝင်ဆင်နွှဲခြင်း စသည်တို့ကို စွဲကိုင်ကြသည်။ သူတို့က လူများကို နှိမ့်ချဖို့၊ သည်းခံဖို့၊ ဘုရားကို ကိုင်းရှိုင်းဖို့နှင့် ချစ်ဖို့ ကို ဦးစားပေးပြောသော်လည်း သူတို့၏ နှလုံးသားထဲမှာမူ ဘုရားသခင်ကို မချစ်ဘဲ၊ သူတို့က ဘုရားသခင်ကို မနာခံသကဲ့သို့ ကြောက်ရွံ့ရိုသေသည့် နှလုံးသား လုံးဝမရှိကြပါ။ သူတို့၏ အလုပ်နှင့် ဟောခြင်းများက သမ္မာကျမ်း အသိပညာနှင့် ဓမ္မပညာဆိုင်ရာ သဘောတရားများကို ရှင်းပြခြင်း၊ စွဲကိုင်ခြင်းများအပေါ် အာရုံစိုက်ကြ သည်။ သို့သော်လည်း သခင်၏ နှုတ်ကပတ်တော်ကို မည်သို့ လက်တွေ့လုပ်ဆောင်ပြီး မည်သို့ တွေ့ကြုံခံစားပုံ၊ သခင်၏ ပညတ်ချက်များကို မည်သို့ ထိန်းသိမ်းပြီး သူ့၏ နှုတ်ကပတ်တော်ကို မည်သို့ ဖြန့်ဝေပြီး သက်သေခံပုံ၊ ကောင်းကင်အဖ၏ အလိုတော်ကို လူများ မည်သို့ လိုက်လျှောက်သင့်ပုံ၊ ဘုရားသခင်ကို မည်သို့ အစစ်အမှန် ချစ်ပုံ၊ နာခံပုံ၊ ပြီးလျှင် မည်သို့ ကိုးကွယ်ပုံ စသည့် သခင်ယေရှုက လူသားများကို စေခိုင်းသည့် ဤအမျိုးမျိုးသောအရာများနှင့် ပတ်သက်လာသည့်အခါ၊ သူတို့က သခင့်၏ ရည်ရွယ်ချက်များကို မရှာဖွေ၊ မလေ့လာ၊ မဖော်ထုတ်သည့်အပြင် လူများကို လက်တွေ့လုပ်ဆောင်ဖို့ လိုက်နာဖို့ ဦးမဆောင်ကြပါ။ သူတို့ နေရာတကာ လှည့်လည်ပြီး သမ္မာကျမ်းအသိ ပညာနှင့် ဓမ္မပညာသဘောတရားများကို ဟောပြောရခြင်း ၏ရည်ရွယ်ချက်က သူတို့ကိုသူတို့ ပြစားဖို့၊ တည်ဆောက်ဖို့နှင့် လူများ သူတို့ကို မော့ကြည့်ပြီး ကိုးကွယ်အောင်လုပ်ခြင်း ဖြစ်သည်။ ထို့ကြောင့်် အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားများကို ဖော်ပြပြီး နောက်ဆုံးသောကာလ သူ့၏ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ဖို့ လာသည့်အခါ၊ ဤ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက ဘာသာရေးလောကမှာ တည်မြဲသည့်စွမ်းအား ရယူဖို့အတွက်နှင့် သူတို့၏ ပန်းတိုင်ဖြစ်သည့် ယုံကြည်သူများကို ချုပ်ကိုင်ဖို့၊ သူတို့၏ ကိုယ်ပိုင် လွတ်လပ်သည့် နိုင်ငံဖန်တီးဖို့နှင့် သခင်ယေရှု၏ နှုတ်ကပတ်တော်များကို ပွင့်ပွင့်လင်းလင်း ချိုးဖောက်ဖို့ အတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကြမ်းကြမ်းတမ်းတမ်း စကားပြောဆိုခြင်း၊ တိုက်ခိုက်ခြင်း၊ ဝေဖန်ခြင်း၊ ကောလဟလ လုပ်ကြံဖန်တီးခြင်း၊ ယုံကြည်သူများကို စစ်မှန်သည့်လမ်း ရှာဖွေ စူးစမ်းလေ့လာခြင်းကနေ ပိတ်ဆို့ဖို့ သူတို့၏ အစွမ်းရှိသလောက် လုပ်ကြသည်။ ဥပမာ သခင်ယေရှုက လူများကို ပညာရှိသည့် သတို့သမီးများဖြစ်ဖို့ သွန်သင်ခဲ့သည်။ တစ်စုံတစ်ယောက်က “ကြည့်ပါ၊ မင်္ဂလာဆောင်လုလင်သည် လာပြီ” ဟု အော်ခြင်းကို တစ်ယောက်ကကြားသည့်အခါ သူ့ကို ကြိုဖို့ အပြင်ကို ထွက်သင့်သည်။ သို့သော်လည်း သင်းအုပ်ဆရာများနှင့် အကြီးအကဲများက သခင်ယေရှု ဒုတိယအကြိမ်ကြွလာ သည့်သတင်းကို ကြားပြီးသည့်အခါ၊ သူတို့က အသင်းတော်ကို ချိတ်ပိတ်ပြီး စစ်မှန်သည့်လမ်းကို ရှာဖွေ စူးစမ်းလေ့လာခြင်းမှနေ ယုံကြည်သူများကို တားဆီးဖို့ သူတို့ လုပ်နိုင်သလောက် လုပ်ကြသည်။ သခင်ယေရှုက “ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှချစ်ရမယ်” ဟု မိန့်တော်မူသည်။ သို့သော်လည်း သူတို့က နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို သက်သေခံသည့် ညီအစ်ကို မောင်နှမများကို အသရေဖျက်ဖို့နှင့် ရိုက်နှက်ဖို့ ယုံကြည်သူများကို လှုံ့ဆော်ခဲ့ကြသည်။ သခင်ယေရှုက လူကို မလိမ်ဖို့၊ မမှန်သည့်သက်သေမခံဖို့ ပြောခဲ့သော်လည်း သင်းအုပ်ဆရာများနှင့် အကြီးအကဲများက အနန္တတန်ခိုးရှင်ဘုရားသခင်ကို အသရေဖျက်ဖို့ အလိမ်အညာအမျိုးမျိုးကို လုပ်ကြံဖန်တီးပြီး အနန္တတန်ခိုးရှင် ဘုရားသခင်၏အသင်းတော်ကို ညစ်စွန်းစေကာ၊ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို ရှုတ်ချ၊ ဆန့်ကျင်ဖို့ ဆိုးယုတ်သည့် တရုတ်ကွန်မြူနစ်ပါတီအစိုးရနှင့်ပင် ပူးပေါင်းကြံစည်ခဲ့သည်။ ထို့ကြောင့် ဘာသာရေးသင်းအုပ်ဆရာများနှင့် အကြီးအကဲများပြောခြင်းနှင့် လုပ်ခဲ့ခြင်းများက သခင့်၏ သွန်သင်ခြင်းများကို လုံးလုံးလျားလျား ချိုးဖောက်နေသည်ကို တွေ့ရသည်။ သူတို့က သူတော်ကောင်း ယောင်ဆောင်သည့် ဖာရိရှဲများကဲ့သို့ဖြစ်သည်။ သူတို့အားလုံးက လူများကို လှည့်ဖြားပြီး ဘုရားသခင် ကို ဆန့်ကျင်ဖို့ မျက်စိစုံမှိတ် ဦးဆောင်နေသည့် လူများ ဖြစ်ပါသည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

ယခင်က:ခေါင်းဆောင် အယောင်ဆောင်သူတစ်ဦး သို့မဟုတ် သိုးထိန်း အယောင်ဆောင်သူတစ်ဦးဆိုသည်မှာ အဘယ်နည်း။ ခေါင်းဆောင် အယောင်ဆောင်သူတစ်ဦး သို့မဟုတ် သိုးထိန်း အယောင်ဆောင်သူတစ်ဦးကို မည်သို့ သိမြင်နိုင်သနည်း။

နောက်တစ်ခုသို့:မယုံကြည်သူတစ်ဦး ဆိုသည်မှာ အဘယ်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ