အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁။ တရားစီရင်ခြင်းဆိုသည်မှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှုဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင် ကိုယ်တိုင် သဘာဝအတိုင်းပင် ဆောင်ရွက်ပြီးသင့်ပေသည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်။ အကြောင်းမှာ တရားစီရင်ခြင်းသည် သမ္မာတရားအားဖြင့် လူသားမျိုးနွယ်ကို သိမ်းပိုက်အောင်နိုင်ခြင်း အကြောင်းဖြစ်သည်။ လူသားတို့အကြား ထိုအလုပ်ကို လုပ်ရန် ဘုရားသခင်သည် လူ့ဇာတိခံ ပုံသဏ္ဍာန်ဖြင့် ပေါ်နေဆဲဖြစ်သည်မှာ မေးစရာမလိုချေ။ ဆိုလိုသည်မှာ၊ နောက်ဆုံးသောကာလတွင် ခရစ်တော်သည် သမ္မာတရားကို အသုံးပြု၍ ကမ္ဘာတဝှမ်းရှိ လူတို့ကို သွန်သင်ကာ သမ္မာတရား အလုံးစုံကို သူတို့အား သိစေလိမ့်မည်။ ယင်းကား ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” မှ

“တရားစီရင်ခြင်း” ဟူသော နှုတ်ကပတ်တော်နှင့် ပတ်သက်လာသောအခါ ယေဟောဝါသည် နေရာတိုင်းကို မိန့်ခဲ့ပြီး၊ ယေရှုက ဖာရိရှဲတို့ကို ပြစ်တင်ပြောဆိုရာတွင် သုံးနှုန်းခဲ့သော နှုတ်ကပတ်တော်ဖြစ်၏ဟု သင်စဉ်းစားမိမည်။ သူတို့၏ ပြင်းထန်မှုများ အားလုံးရှိလင့်ကစား ထိုနှုတ်ကပတ်တော်များသည် လူသားအတွက် ဘုရားသခင်၏ တရားစီရင်မှု မဟုတ်ချေ၊ မတူသော ပတ်ဝန်းကျင်၊ အခင်းအကျင်းများ အတွင်း၌ ဘုရားသခင် မိန့်ခဲ့သော နှုတ်ကပတ်တော်များဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် နောက်ဆုံးသော ကာလ၌ ခရစ်တော်က လူသားကို တရားစီရင်ရာတွင် သူပြောခဲ့သော နှုတ်ကပတ်တော်များနှင့် မတူပါ။ နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို ခွဲခြမ်းစိတ်ဖြာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ထိုနှုတ်ကပတ်တော်များတွင် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝဖြင့် မည်သို့အသက်ရှင်နေထိုင်သင့်ပုံ၊ ထို့အပြင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘာထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ထိုနှုတ်ကပတ်တော်များအားလုံးမှာ လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ပြောဆိုထားခြင်းဖြစ်သည်။ ဘုရားသခင်ကို လူသားက မည်ကဲ့သို့ပစ်ပယ်သည့်အကြောင်း ဖော်ထုတ်ပြသည့် ထိုနှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ် မည်ကဲ့သို့ဖြစ်ကြောင်း၊ ဘုရားသခင်ကို ဆန့်ကျင်သော ရန်သူ့အင်အား မည်ကဲ့သို့ဖြစ်ကြောင်းနှင့်စပ်လျဉ်း၍ အထူးသဖြင့် ပြောထားခြင်းဖြစ်သည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင် ဘုရားသခင်သည် လူသား၏သဘာဝဗီဇကို စကားလုံးအနည်းငယ်မျှဖြင့်သာ ရှင်းလင်းအောင် မပြုပေ။ သူသည် ရေရှည်အတွက် ဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်းတို့ကိုပြု၏။ ထိုဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းတို့ကို သာမန်စကားလုံးများဖြင့် အစားမထိုးနိုင်ဘဲ၊ လူသားများ လုံးဝမပိုင်ဆိုင်သော သမ္မာတရားအားဖြင့်သာ အစားထိုးနိုင်သည်။ ဤကဲ့သို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှု အမျိုးအစားအားဖြင့်သာ လူသားကို ထိန်းချုပ်နိုင်ပြီး ဘုရားသခင်ထံ နာခံဆက်ကပ်ခြင်းငှာ လုံးလုံးလျားလျား လက်ခံယုံကြည်လာအောင် လူသားကို လုပ်နိုင်သည့်အပြင် ဘုရားသခင်နှင့်ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်သည်။ ဘုရားသခင်၏မျက်နှာစစ်ကို လူသားက သိနားလည်ခြင်းအကြောင်းနှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် သမ္မာတရားတို့ကို တရားစီရင်ခြင်းအမှုက ယူဆောင်လာသည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်နှင့် လူသားနားမလည်နိုင်သော နက်နဲရာများတို့နှင့်ပတ်သက်သည့် များပြားလှသော သဘောပေါက်နားလည်မှုကို ရရှိလာစေရန် လူသားကို အခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ဖောက်ပြန်ပျက်စီးသောအနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးမှု၏ ဇစ်မြစ်များကို သိနားလည်စေရန် အခွင့်ပေးလေ၏။ ထို့အပြင် လူသား၏ အကျည်းတန်မှုကိုပါ ရှာဖွေတွေ့ရှိစေလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်းအမှုအားဖြင့် ဆောင်ယူရရှိခဲ့လေ၏။ အကြောင်းမှာ ဤအမှု၏အနှစ်သာရသည် အကယ်စင်စစ် ဘုရားသခင်ကို ယုံကြည်သူများအားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ဖွင့်ပြပေးသည့် အမှုပင်ဖြစ်သည်။ ဤအမှုသည် ဘုရားသခင်ပြုသော တရားစီရင်ခြင်းအမှုပင် ဖြစ်ပေ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကျွန်ုပ်တို့ တွေ့ကြုံပြီးနောက်တွင်၊ သမ္မာတရား၏ အရင်းအမြစ်က ဘုရားသခင်ဖြစ်ပြီး အပြုသဘောဆောင်သော အရာအားလုံး၏ အရင်းအမြစ်မှာ ဘုရားသခင်ဖြစ်သည်ဆိုသော အချက်တစ်ချက်ကို ကျွန်ုပ်တို့ မြင်နိုင်သည်။ စာတန်၏ နှောင့်ယှက်ခြင်း၊ ဖောက်ပြန်ပျက်ဆီးခြင်းနှင့် ဘုရားသခင်ကို အာခံသော အပြစ် ရှိသည့်နေရာတိုင်းတွင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ လိုက်လာရန် သေချာသည်။ ဘုရားသခင်၏ တရားစီရင်ခြင်း ရှိသည့်နေရာတိုင်းတွင်၊ သမ္မာတရား၏ ပေါ်ထွန်းခြင်းနှင့် ဘုရားသခင်၏ စိတ်သဘောထား ထုတ်ဖော်ပြခြင်းတို့ ရှိသည်။ သမ္မာတရားနှင့် ဘုရားသခင်၏ စိတ်သဘောထားတို့ကို ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအချိန်ကာလအတွင်းတွင် ထုတ်ဖော်ပြထားသည်။ သမ္မာတရားရှိသော နေရာတွင်သာ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ရှိကြသည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ရှိသော နေရာတွင်သာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ ထုတ်ဖော်ပြခြင်း ရှိသည်။ ထို့ကြောင့်၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ရှိသော နေရာတိုင်းတွင် ဘုရားသခင့် အမှုတော်၏ ခြေရာများကို ကျွန်ုပ်တို့ တွေ့နိုင်ပြီး ယင်းမှာ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှာဖွေဖို့ အမှန်ကန်ဆုံးသော နည်းလမ်းဖြစ်သည်။ တရားစီရင်မှုကို လုပ်ဆောင်ရန် ဘုရားသခင်သည်သာ သြဇာအာဏာရှိပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို တရားစီရင်ရန် ခရစ်တော်သာ တန်ခိုးအာဏာ ရှိသည်။ ဤအရာက၊ လူသားဖြစ်သော ခရစ်တော်သည် တရားစီရင်ခြင်း၏ အရှင်ဖြစ်သည်ကို အတည်ပြုပြီး ထင်ရှားစေသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမရှိပဲ၊ လူသားတို့သည် သမ္မာတရားကို ရရှိရန် နည်းလမ်းမရှိသလို၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ထုတ်ဖော်ပြသောအရာဖြစ်ပြီး ဘုရားသခင်ကို သိရှိရန် အခွင့်အရေးကို လူသားတို့အား ထောက်ပံ့ပေးသည်။ လူသားတို့ သမ္မာတရားကို သိနားလည်ရာတွင် အသုံးပြုသည့် လုပ်ငန်းစဉ်သည် ဘုရားသခင်ကို ၎င်းတို့ သိရှိရသည့် လုပ်ငန်းစဉ်ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အတွက် သမ္မာတရားမှာ တရားစီရင်ခြင်း၊ စိစစ်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ဖြစ်သည်။ သမ္မာတရားက ထုတ်ဖော်ပြသောအရာမှာ အတိအကျပင် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်တော် နှင့် အမျက်ဒေါသတို့ဖြစ်သည်။ သမ္မာတရားကို သိနားလည်သော လူတို့သည် ဖောက်ပြန်ပျက်စီးခြင်းကို စွန့်ပစ်နိုင်ပြီး စာတန်၏ စွမ်းအားမှ ထွက်ပြေးလွတ်မြောက်နိုင်ကြသည်။ ဤသည်မှာ လုံးဝ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တန်ခိုးအာဏာ နှင့် အနန္တတန်ခိုးရှိခြင်းကြောင့် ဖြစ်သည်။ သမ္မာတရားကို လူတို့ သိနားလည်ပြီး ရရှိခွင့်ပြုဖို့ရန် ဘုရားသခင်သည် လူတို့ကို ကယ်တင်ပြီး စုံလင်စေသည်။ သမ္မာတရားကို လူတို့ နားလည်လေလေ၊ ဘုရားသခင်ကို သိလေလေဖြစ်သည်။ ဤနည်းလမ်းဖြင့်၊ လူတို့သည် ဖောက်ပြန်ပျက်စီးခြင်းကို ပယ်ရှင်းနိုင်ပြီး သန့်စင်မှုကို ရရှိနိုင်ပေသည်။ လူတို့သည် သမ္မာတရားကို အသက်ရှင်နေထိုင်ပြီး သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ကြသောအခါ၊ ၎င်းတို့သည် အလင်းထဲတွင် အသက်ရှင်ကြလိမ့်မည်၊ ချစ်ခြင်းမေတ္တာထဲတွင် အသက်ရှင်ကြလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်ကြလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ခရစ်တော်က သမ္မာတရားကို ဟောပြီး တရားစီရင်ခြင်းကို ချမှတ်ခြင်းအားဖြင့် ရရှိသော ရလဒ်များ ဖြစ်သည်။ အမှန်တွင်၊ ဘုရားသခင်အားဖြင့် မိန့်ဆိုသော နှုတ်ကပတ်တော်အားလုံးသည် သမ္မာတရားဖြစ်ပြီး လူသားမျိုးနွယ်၏ တရားစီရင်ခြင်း ဖြစ်ပေသည်။ မည်သည့် ခေတ်ဖြစ်ပါစေ၊ ဘုရားသခင် မိန့်ဆိုသော စကားများတွင် တရားစီရင်ခြင်း၏ သက်ရောက်မှုရှိသည်။ ပညတ်တော်ခေတ်တွင်၊ ယေဟောဝါ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ တရားစီရင်ခြင်း ဖြစ်ခဲ့သည်။ ကျေးဇူးတော်ခေတ်တွင်၊ သခင်ယေရှု မိန့်ဆိုခဲ့သော စကားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ တရားစီရင်ခြင်း ဖြစ်ခဲ့သည်။ ယခု၊ နိုင်ငံတော်ခေတ်တွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်က သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုတော်တွင် မိန့်ဆိုသောအရာအားလုံးသည် နောက်ဆုံးတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လူသားမျိုးနွယ်အပေါ် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် ဘုရားသခင်၏ အကြီးမြတ်ဆုံးသော ချစ်ခြင်းမေတ္တာဖြစ်ကြောင်း လူသားမျိုးနွယ်အား တွေ့မြင်စေနိုင်လိမ့်မည်ဖြစ်သော နောက်ထပ် တရားစီရင်ခြင်းပင် ဖြစ်ပေသည်။ လူသားမျိုးနွယ်ထံ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ပေးအပ်သောအရာမှာ ကယ်တင်ခြင်းနှင့် စုံလင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံခြင်းနှင့် နာခံခြင်းတို့အားဖြင့်သာ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝသော ကယ်တင်ခြင်းကို ရရှိပေသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ငြင်းပယ်သော သူအားလုံးသည်၊ ဘုရားသခင်၏ ပြစ်ဒဏ်ပေးခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး ပျက်စီးခြင်းနှင့် ပျက်သုန်းခြင်းထဲသို့ ကျဆင်းလိမ့်မည်…။

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

ယခင်က:မေးခွန်း ၄၁- အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အပုပ်ချသည့်၊ အသရေပျက်အောင်ပြောဆိုပြီး တိုက်ခိုက်ကာ သိက္ခာချသည့် တရုတ်ကွန်မြူနစ်အစိုးရနှင့် ဘာသာရေးလောကတို့ထံမှ (ရှန်ဒုံပြည်နယ်၊ ချောင်းယွမ်ရှိ “မေလ ၂၈ ရက်” အဖြစ်အပျက်ကဲ့သို့သော) အွန်လိုင်းပေါ်က စကားများစွာကို ကျွန်ုပ်တို့ မြင်ကြပြီးဖြစ်သည်။ စီစီပီသည် အလိမ်အညာများ ပြောဆိုရာတွင်၊ အမှုအရာများကို လုပ်ကြံဖန်တီးရခြင်းနှင့် လူတို့ကို လှည့်ဖြားဖို့ အချက်အလက်များကို တလွဲတချော်ပြောဆိုရာတွင် အလွန် ကျွမ်းကျင်သည်ကိုလည်း ကျွန်ုပ်တို့ သိကြသည်။ ၎င်းက ရန်လိုသည့် တိုင်းနိုင်ငံများကို အပုပ်ချခြင်း၊ တိုက်ခိုက်ခြင်း နှင့် ဝေဖန်ခြင်းတို့တွင်လည်း ၎င်းသည် အလွန်တော်လေသည်၊ ထို့ကြောင့် စီစီပီ ပြောဆိုသမျှတိုင်းသည် လုံးဝ ယုံကြည်လောက်ဖွယ်မရှိပါ။ သို့သော်၊ ဘာသာရေး လောကအတွင်းရှိ သင်းအုပ်ဆရာများနှင့် အကြီးအကဲများ ပြောဆိုသည့် အရာများစွာသည် စီစီပြောဆိုသည့်အရာနှင့် ဆင်တူနေသည်၊ ထိုသို့ဆိုလျှင် စီစီပီနှင့် ဘာသာရေးလောကက ဖြန့်သည့် ကောလဟလများနှင့် အသရေဖျက်မှုအပေါ် အမှန်တကယ် ပိုင်းခြားသိမြင်မှု ကျွန်ုပ်တို့ မည်သို့ ရှိနိုင်မည်နည်း။

နောက်တစ်ခုသို့:ဘုရားသခင်သည် အဘယ်ကြောင့် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမရသနည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ