အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၂၉။ မကောင်းဆိုးဝါးများ အပူးခံရခြင်း ဆိုသည်မှာ အဘယ်နည်း။ မကောင်းဆိုးဝါးများ အပူးခံရခြင်းကို မည်သို့ ပြပါသနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

မျက်မှောက်ကာလတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြနိုင်သည့်အပြင် နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများကိုလည်း ကျန်းမာစေနိုင်ကာ၊ တန်ခိုးများကို များစွာပြနိုင်သော လူတစ်ယောက်ပေါ်လာပြီး ထိုလူက သူသည် ကြွလာခဲ့သော ယေရှုဖြစ်သည်ဟုဆိုပါလျှင် ဤသည်မှာ နတ်ဆိုးများ၏ ဟန်ဆောင်တုပမှုနှင့် ယေရှုကို လိုက်လံအတုခိုးခြင်းသာ ဖြစ်လိမ့်မည်။ ဤအချက်ကို အမှတ်ရလော့။ ဘုရားသခင်သည် ပြုပြီးသား အမှုကို ပြန်မပြုပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးမြောက်ပြီးသားဖြစ်၍ ဘုရားသခင်သည် ထိုအဆင့်ကို နောက်တစ်ကြိမ် လုံးဝထပ်လုပ်မည်မဟုတ်ပေ။...အကယ်၍ နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်အမှုများကို ဆက်ပြနေမည်၊ နတ်ဆိုးများကို ဆက်လက်နှင်ထုတ်နေမည်၊ မကျန်းမာသောသူများကို ဆက်ကျန်းမာစေမည်၊ ယေရှုလုပ်ခဲ့သမျှအတိုင်း တစ်ပုံစံတည်း ထပ်လုပ်မည်ဆိုလျှင် ဘုရားသခင်သည် တူညီသော အလုပ်တစ်ခုကို နောက်တစ်ကြိမ် ထပ်လုပ်နေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ ထိုသို့ဖြစ်လျှင် ယေရှုလုပ်ခဲ့သော အမှုသည်လည်း မည်သည့်အရေးပါမှု၊ သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် သူ့အမှု၏ အဆင့်တစ်ခုချင်းစီကို လုပ်ဆောင်လေ့ရှိသည်။ သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးသွားပြီဆိုလျှင် မကြာမီမှာပင် နတ်ဆိုးများက လိုက်တုကြသည်။ စာတန်က ဘုရားသခင် လုပ်ဆောင်သည့်အတိုင်း စလုပ်ပြီဆိုလျှင် ဘုရားသခင်သည် အခြားနည်းလမ်းကို ပြောင်းလိုက်သည်။ ဘုရားသခင်က သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးသွားသည်နှင့် နတ်ဆိုးများက လိုက်တုလေ့ရှိသည်။ ဤအရာကို သင်တို့ ရှင်းရှင်းလင်းလင်း သိဖို့လိုသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ ယနေ့ကာလ အမှုကို သိခြင်း” မှ

အချို့သောလူတို့သည် နတ်ဆိုးများ၏ စိုးမိုးမှုကို ခံရပြီး “ငါသည် ဘုရားဖြစ်သည်” ဟု အာပေါင်အာရင်းသန်သန် ကြွေးကြော်ကြသည်။ သို့ရာတွင် သူတို့သည် သူတို့ကိုယ်စားပြုသည့်အရာ၌ မှားယွင်းကြသည့်အတွက် အဆုံး၌ ထုတ်ဖော်ခြင်းကို ခံကြရသည်။ သူတို့သည် စာတန်ကို ကိုယ်စားပြုပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်က သူတို့ကို အလေးမထားပါ။ သင့်ကိုယ်သင် မည်မျှပင် မြင့်မားစွာ ချီးမြှောက်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှပင် စွဲစွဲမြဲမြဲ ဟစ်ကြွေးသည်ဖြစ်စေ၊ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်ဆဲဖြစ်ပြီး၊ စာတန်၏ ပိုင်ဆိုင်ခြင်းခံရသူ တစ်ဦးဖြစ်သည်။...အကယ်၍ သင်သည် ခေတ်သစ်တစ်ခုအတွက် လမ်းမဖောက်နိုင်၊ သို့မဟုတ် ခေတ်ဟောင်းကို အဆုံးမသတ်နိုင်သည့်အပြင်၊ ခေတ်သစ်ကို မဖွင့်လှစ်ပေးနိုင်ပါက၊ သို့မဟုတ် အသစ်သော အလုပ်ကို မပြုလုပ်နိုင်ပါက သင့်ကို ဘုရားသခင်ဟု ခေါ်၍မရပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

နတ်ဆိုးများ ဝင်ပူးခံရသော လူတို့သည် ဝိညာဉ်ဆိုးများ၏ ကျူးကျော်ဝင်ရောက်ခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံထားရသူများ ဖြစ်သည်။ အဓိကသရုပ်သကန်မှာ စိတ်ပိုင်းဆိုင်ရာ ကစဉ့်ကလျားဖြစ်ခြင်း၊ သို့မဟုတ် တစ်ခါတစ်ရံ မကျန်းမာသောစိတ်ရှိခြင်း၊ ပုံမှန်အသိစိတ် လုံးဝဆုံးရှုံးခြင်း ဖြစ်သည်။ ဘုရားသခင်ကို ၎င်းတို့ယုံကြည်ကြသော်လည်း သမ္မာတရားကို လက်မခံနိုင်ကြသလို ဖျက်လိုဖျက်ဆီးလုပ်သော အခန်းကဏ္ဍ၌သာ ပါဝင်ကြသည်။ ဤသည်မှာ ဘုရားသခင်ကို ၎င်းတို့ယုံကြည်သော်လည်း ကယ်တင်မခံရနိုင်ဘဲ နှင်ထုတ်ခြင်းခံရမည့် အကြောင်းရင်းဖြစ်သည်။ ဝိညာဉ်ဆိုးများ ဝင်ပူးခြင်းခံရသော လူအများစုသည် စာတန်၏ လက်ပါးစေများအဖြစ် ပြုမူကြပြီး ဘုရားသခင်၏အမှုတော်ကို နှောင့်ယှက်ကြလေသည်။ အဓိကသရုပ်သကန်ဆယ်ခုမှာ အောက်ပါအတိုင်းဖြစ်သည်-

၁။ ဘုရားသခင်၊ သို့မဟုတ် ခရစ်တော်အဖြစ် ဟန်ဆောင်သောသူအားလုံးသည် ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားရသူများဖြစ်သည်။

၂။ ကောင်းကင်တမန်တို့၏ ဝိညာဉ်များကို ပိုင်ဆိုင်သည်ဟု ဟန်ဆောင်ကြသောသူအားလုံးသည် ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားရသူများဖြစ်သည်။

၃။ အခြားသော လူ့ဇာတိခံ ဘုရားသခင်အဖြစ် ဟန်ဆောင်သောသူအားလုံးသည် ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားရသူများဖြစ်သည်။

၄။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ ၎င်းတို့၏ ကိုယ်ပိုင်ဖြစ်သည်ဟု ပြောသောသူများ၊ သို့မဟုတ် အခြားသူများအား ၎င်းတို့၏စကားများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအဖြစ် သဘောထားစေသောသူအားလုံးသည် ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားရသူများဖြစ်သည်။

၅။ အခြားသူများက ၎င်းတို့နောက်လိုက်ပြီး ၎င်းတို့ကို နာခံကြစေဖို့အတွက် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသကဲ့သို့ ဟန်ဆောင်သောသူအားလုံးသည် ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားရသူများဖြစ်သည်။

၆။ အခြားသော ဘာသာစကားဖြင့် မကြာခဏ ပြောဆိုပြီး အခြားသော ဘာသာစကားများကို အနက်ပြန်ကြသူများနှင့် သဘာဝလွန် ရူပါရုံမျိုးစုံကို မြင်နိုင်သောသူများ၊ သို့မဟုတ် အခြားသူများ၏ အပြစ်များကို မကြာခဏ ထောက်ပြကြသောသူအားလုံးသည် ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားရသူများဖြစ်သည်။

၇။ ဝိညာဉ်များ၏ သဘာဝလွန်အသံများကို မကြာခဏ ကြားရသူများ၊ သို့မဟုတ် သရဲတစ္ဆေများကို မကြာခဏ မြင်ရသူများနှင့် သိသာထင်ရှားစွာပင် ခေါင်းသိပ်မမှန်သောသူများအားလုံးသည် ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားကြရပြီးဖြစ်သည်။

၈။ ပုံမှန်လူသား တွေးခေါ်မြော်မြင်မှုကို ဆုံးရှုံးသွားကြသူများ၊ စိတ်မနှံ့သော အသုံးအနှုန်းများဖြင့် မကြာခဏ စကားပြောကြသူများ၊ မိမိကိုယ်ကို မကြာခဏ စကားပြောကြသူများ၊ အဓိပ္ပာယ်မရှိသော စကားများကို ပြောကြသူများ၊ သို့မဟုတ် ဘုရားသခင်က ၎င်းတို့ကို သွန်သင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့ကို တို့ထိသည်ဟု မကြာခဏ ပြောကြသောသူအားလုံးသည်လည်း ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားကြရပြီး ဖြစ်သည်။

၉။ တစ်ခါတစ်ခါ မူမမှန်သော အပြုအမူရှိကြသူများ၊ မိုက်မိုက်မဲမဲ ပြုမူကြသူများနှင့် တစ်ခါတစ်ရံ ရူးသွပ်ကြသူများ၊ ထို့အပြင် အခြားသူများနှင့် ပုံမှန်စကားစမြည် မပြောနိုင်သောသူများအားလုံးသည် ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားကြရသောသူများ ဖြစ်ပေသည်။ လိင်တူဆက်ဆံသူများအဖြစ် အမျိုးအစား သတ်မှတ်ခံထားရသူများအားလုံးသည် နတ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားရသည့် လူအမျိုးအစားများဖြစ်ကြပြီး နှင်ထုတ်ခံကြရမည့်သူများကြားတွင် ရှိကြသည်။

၁၀။ အချို့သော လူတို့သည် များသောအားဖြင့် အတော်အတန် ပုံမှန်ဖြစ်ကြသော်လည်း လအနည်းငယ်တစ်လျှောက်တွင်၊ သို့မဟုတ် တစ်နှစ်နှစ်နှစ်အတောအတွင်းတွင် နှိုးဆွခြင်းကို ခံရနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှု ဖြစ်ပေါ်နိုင်ပေသည်။ စိတ်ဖောက်ပြန်ချိန်တွင် ၎င်းတို့သည် နတ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားရသော လူတို့နှင့် အတူတူပင်ဖြစ်လေသည်။ ဤလူတို့သည် တစ်ခါတစ်ရံတွင် ပုံမှန်ဖြစ်တတ်ကြသော်ငြား ၎င်းတို့ကိုလည်း ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားရသော သူများအဖြစ် အမျိုးအစား သတ်မှတ်ထားသည်။ (အကယ်၍ တစ်စုံတစ်ဦးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုရှိခဲ့သော်လည်း ထိုအရာပြီးနောက် နှစ်ပေါင်းများစွာ ကောင်းမွန်နေခဲ့လျှင်၊ ၎င်းတို့သည် ၎င်းတို့၏ယုံကြည်မှု၌ သမ္မာတရားကို နားလည်ပြီး လက်ခံနိုင်ကာ ပြောင်းလဲမှုအချို့ကို ကြုံထားရလျှင် ၎င်းတို့သည် ဝိညာဉ်များဆိုး၏ ဝင်ပူးခြင်းကို ခံထားရသူများအဖြစ် အမျိုးအစားသတ်မှတ်ခံရလိမ့်မည် မဟုတ်ပါ)။

နတ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံရသောလူတစ်ဦးသည် စာတန်၏ လုံးဝနေရာယူပြီး ထိန်းချုပ်ခြင်းကို ခံရ၍ စာတန်နှင့် သက်ဆိုင်ပြီး ကျိန်ခြင်းခံရလေသည်။

အနန္တတန်ခိုးရှင်အသင်းတော် အလုပ်အစီအစဉ်များ၏ လက်ရွေးစင် နှစ်အလိုက်မှတ်တမ်းတွင်ပါဝင်သော “အသင်းတော်အလုပ်ကို ကောင်းစွာ ဆောင်ရွက်နိုင်ရန် လူအမျိုးအစားအချို့ကို ပိုင်းခြားသိမြင်တတ်ရန် လိုအပ်သည်” မှ

လူကို ဆိုးညစ်သည့် ဝိညာဉ်များက လှည့်ဖြားသည့် အခြေအနေ နှစ်မျိုးသာ ရှိသည်- တစ်မျိုးမှာ ဝိညာဉ်ဆိုးများ၏ သဘာဝလွန် လုပ်ဆောင်ချက်ဖြစ်ပြီး အခြားတစ်ခုမှာ ဝိညာဉ်ဆိုးများက လူသားများအဖြစ် ဝင်စားခြင်းဖြစ်သည်။ အဆင်းနီသော နဂါးကြီးဖြစ်သည့် နတ်ဆိုးကဲ့သို့သော ဘုရားသခင်နှင့် သမ္မာတရားကို ဆန့်ကျင်သူများသည်လည်း ဆိုးညစ်သော ဝိညာဉ်များ ဖြစ်ကြသည်။ ၎င်းတို့သည် ပိုမို၍ ချောင်းမြောင်းဖျက်ဆီး၊ ပိုမို၍ အငြိုးထားတတ်ကြ၏။ အချို့သော ဝိညာဉ်ဆိုးများက လူတို့၏ဘဝ တစ်ချိန်ချိန်၌ သူတို့၏ ခန္ဓာကိုယ်များကို ဝင်ပူးတတ်ကြသည်။ အချို့သော ဝိညာဉ်ဆိုးများမှာ နတ်ဆိုးများ၏ ဝင်စားခြင်းများ ဖြစ်သည်။ အပြင်ပန်းတွင် ဆိုးညစ်သော ဝိညာဉ်များ၏ သဘာဝလွန် လုပ်ဆောင်ချက် မရှိသလို မကောင်းဆိုးဝါးများ ဝင်ပူးခြင်း၏ မည်သည့်အရိပ်အယောင်မျှ သင် မတွေ့နိုင်သော်လည်း သူတို့က သမ္မာတရားကို သဲသဲမဲမဲ ဆန့်ကျင်ကြသည်။ ဘုရားသခင်ကို သူတို့ သွေးရူးသွေးတန်း ဆန့်ကျင်ပြီး အာခံကြသည်။ လူဝင်စားသော နတ်ဆိုးများမှာ သဘာဝလွန်မဟုတ်ကြဘဲ သာမန်ဖြစ်သည်။ သို့သော် သမ္မာတရားကို သူတို့ ရန်လိုကြသည်မှာ သိသာလှပေသည်။ အဆင်းနီသော နဂါးကြီးမှာ လူဝင်စားသော နတ်ဆိုးများ အမျိုးအစားနှင့် သက်ဆိုင်ပြီး ဘုရားသခင်ကို အာခံသော နိုင်ငံရေးသမားများနှင့် အစိုးရခေါင်းဆောင်များသည်လည်း ပြန်လည်မွေးဖွားလာသော နတ်ဆိုးများဖြစ်သည်။ ဆိုးညစ်သော ဝိညာဉ်များ၏ လုပ်ဆောင်မှုရှိသောသူများသည်သာ နတ်ဆိုးဝင်ပူးခံရသူများဖြစ်ပြီး သူတို့ကိုယ်တိုင် နတ်ဆိုးများဖြစ်သည်ဟု ဆိုခြင်းမှာ လက်တွေ့အရှိတရားနှင့် ကိုက်ညီမှုမရှိပါ။ အချို့သော ဝိညာဉ်ဆိုးများက မိမိတို့ကိုယ်ကို ပိုမိုနက်ရှိုင်းစွာ ရုပ်ဖျက်ထားကြပြီး သူတို့ကို သင် မရိပ်စားမိနိုင်ပါ။ လူဝင်စားသော နတ်ဆိုးများအမျိုးအစားတွင် သူတို့ ပါဝင်သည်။

အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၈) တွင်ပါဝင်သော “အမေး အဖြေများ” မှ

ယခင်က:သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နှင့် နတ်ဆိုးများ၏ လုပ်ဆောင်ချက်တို့ကြား ခြားနားချက်များမှာ အဘယ်နည်း။

နောက်တစ်ခုသို့:၎င်းတို့ထဲတွင် နတ်ဆိုးများ၏ လုပ်ဆောင်ချက်များ ရှိကြသူများ သို့မဟုတ် မကောင်းဆိုးဝါးများ အပူးခံရသူများကို ဘုရားသခင် အဘယ်ကြောင့် မကယ်တင်သနည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ