အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၃၃။ ကပ်ဘေးမတိုင်ခင် ချီဆောင်ခြင်းဆိုသည်မှာ အဘယ်နည်း။ ကပ်ဘေးမတိုင်ခင် ဖန်တီးခံရသည့် အောင်မြင်သူတစ်ဦးဆိုသည်မှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

“ဆောင်ယူခံရခြင်း” ဆိုသည်မှာ လူတို့ စိတ်ကူးသကဲ့သို့ နိမ့်သော နေရာ တစ်ခုမှ မြင့်သော နေရာ တစ်ခုသို့ ဆောင်ယူခြင်း မဟုတ်ပေ။ ဤသည်မှာ ကြီးမားသော အမှား တစ်ခု ဖြစ်သည်။ ဆောင်ယူခံရခြင်း ဆိုသည်မှာ ငါ၏ ကြိုတင်ခွဲခန့်မှတ်သားခြင်း နှင့် ရွေးကောက်ခြင်းကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ ၎င်းသည် ငါ ကြိုတင်ခွဲခန့်မှတ်သားပြီး ရွေးကောက်ထားသော သူ အားလုံးကို ပစ်မှတ်ထားခြင်း ဖြစ်သည်။ သားဦး၏ အရိုက်အရာ၊ သားများ သို့မဟုတ် လူမျိုး၏ အရိုက်အရာကို ရသော သူများသည် ဆောင်ယူခြင်းကို ခံရသော သူ အားလုံး ဖြစ်ကြသည်။ ဤ အချက်သည် လူတို့၏ အယူအဆများဖြင့် သဟဇာတ မဖြစ်ဆုံးသော အချက် ဖြစ်သည်။ အနာဂတ်တွင် ငါ၏ အိမ်၌ ဝေစု တစ်ခု ရှိကြသော သူများသည် ငါ့ ရှေ့တွင် ဆောင်ယူခြင်းကို ခံရသော သူ အားလုံး ဖြစ်ကြသည်။ ဤသည်မှာ အကြွင်းမဲ့ မှန်ကန်သည်၊ မည်သည့်အခါမျှ မပြောင်းလဲဘဲ မည်သူမျှ မငြင်းဆိုနိုင်ပေ။ ဤသည်မှာ စာတန်အား တန်ပြန်တိုက်ခိုက်ခြင်း ဖြစ်သည်။ ငါ ကြိုတင်ခွဲခန့်မှတ်သားထားသော သူ မည်သူမဆို ငါ၏ ရှေ့သို့ ဆောင်ယူခြင်း ခံရကြမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၀၄” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ဖီလာဒဲဖီးယားအသင်းတော်သည် ရုပ်လုံးပေါ်လာခဲ့သည်မှာ ဘုရားသခင်၏ကျေးဇူးနှင့် ကရုဏာတော်ကြောင့်လုံးလုံးဖြစ်၏။ သန့်ရှင်းသူတို့မှာ ဘုရားသခင်အတွက် ၎င်းတို့၏မေတ္တာကို ရှေ့တော်သို့ဆောင်ယူခဲ့ကြပြီး ၎င်းတို့၏ ဝိညာဥ်ရေးလမ်းကြောင်းမှ ဘယ်သောအခါမျှ မယိမ်းယိုင်ခဲ့ကြ။ ၎င်းတို့သည် တစ်ပါးတည်းသော စစ်မှန်သောဘုရားသခင်မှ လူသားအဖြစ်ကို ခံယူခဲ့သည့်အကြောင်းကို ခိုင်မြဲစွာယုံကြည်ကြကာ ကိုယ်တော်သည် စကြဝဠာ၏ ဦးဆောင်သူ ဖြစ်ပြီး၊ အရာရာတိုင်းကို အုပ်ချုပ် လျက်ရှိ၏။ ယင်းအကြောင်းကို သန့်ရှင်းသောဝိညာဉ်တော်ကလည်း အတည်ပြု၍ ယင်းအတွက် အလွန်တရာခိုင်မာသော သက်သေပြချက်၏ ပံ့ပိုးမှု လည်းရှိပေ၏။ ၎င်းသည် ဘယ်သောအခါမျှ မပြောင်းလဲနိုင်ပေ။

............

ယနေ့၊ ကိုယ်တော်သည် အလုံးစုံသော အသင်းတော်တို့ကို ပြည့်စုံစေရာတွင်၊ ဖီလာဒဲဖီးယား အသင်းတော်သည် ကိုယ်တော်၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှုအစီအစဉ် ၏ အကောင်အထည်ဖော်မှုဖြစ်၏။ ယခု၊ ကိုယ်တော်၏ရှေ့တွင် သန့်ရှင်းသူတို့သည် နှိမ့်ချစွာဖြင့်နာခံနိုင်ကြ၏၊ ထိုသူတို့သည် တစ်ဦးနှင့်တစ်ဦး ဝိညာဉ်တော်၌ ဆက်သွယ်လျက်ရှိကြပြီး၊ ချစ်ခြင်းမေတ္တာဖြင့် တစ်ဦးနှင့်တစ်ဦး အတူပါရှိကြ၏။ ထိုသူတို့သည် စမ်းရေ၏မူလအရင်းအမြစ်နှင့် ဆက်သွယ်လျက်ရှိကြ၏။ ဘဝ၏ အသက်စမ်းရေသည် မရပ်မနား စီးဆင်းနေလျက် အသင်းတော် အတွင်းရှိ ညစ်ညမ်းမှုများနှင့် အနည်အနှစ်များအားလုံးကို သန့်စင်ဖယ်ရှား၍ ဆေးကြောလျက် ကိုယ်တော်၏ဗိမာန်တော်ကို တစ်ဖန်ထပ်၍ သန့်စင်၏။ ကျွန်ုပ်တို့သည် လက်တွေ့၊ စစ်မှန်သော ဘုရားသခင်ကို သိရှိခဲ့ကြရာ ကိုယ်တော်၏နှုတ်ကပတ်တော်အတိုင်း လျှောက်လှမ်းခဲ့ခြင်းနှင့်၊ ကျွန်ုပ်တို့၏ တာဝန်နှင့် ကိုယ်ပိုင်လုပ်ဆောင်မှုများကို သိရှိနားလည်လျက်၊ ကျွန်ုပ်တို့သည် တတ်နိုင်သမျှ အသင်းတော်အတွက် မိမိကိုယ်ကိုယ် အသုံးချခဲ့ပြီးဖြစ်သည်။ ကိုယ်တော်၏ အလိုတော်သည် ကျွန်ုပ်တို့အထဲပိတ်ဆို့မနေရန်၊ ကျွန်ုပ်တို့သည် အချိန်တိုင်း ရယူ၍ ကိုယ်တော်၏ ရှေ့တော်မှောက်တွင် ငြိမ်သက်၍ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ကို သတိပြုသင့်၏။ သန့်ရှင်းသူများအကြားတွင် ချစ်ခြင်းမေတ္တာများ အပြန်အလှန်ထားရှိကြပြီး၊ အချို့သူတို့၏ အားသာချက်တို့သည် အခြားသူတို့၏အားနည်းချက်တို့အတွက် အစားထိုး ပေးလိမ့်မည်။ ထိုသူတို့သည် အချိန်တိုင်းပင် ဝိညာဉ်တော်၌ လျှောက်လှမ်းနိုင်ကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ပွင့်ခြင်းနှင့် အလင်းပေးခြင်းတို့ကိုရနိုင်ကြ၏။ ၎င်းတို့သည် ထိုအကြောင်းကို သိရှိနားလည်ပြီးနောက် သမ္မာတရား၌ လက်တွေ့ပြုကြ၍၊ အသစ်သောအလင်းကို အမီလိုက်လျက် ဘုရားသခင်၏ ခြေလှမ်းများကို လိုက်လျှောက်ကြပါသည်။

............

ဘုရားသခင်နှင့်တက်ကြွစွာပူးပေါင်းဆောင်ရွက်လော့၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် အစေခံ၍ တစ်လုံးတစ်ဝတည်း ဖြစ်လော့၊ ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းလော့၊ သန့်ရှင်းသောဝိညာဉ်တော်ဆိုင်ရာ ကိုယ်ခန္ဓာဖြစ်ရန် လျင်မြန်စွာဆောင်ရွက်လော့၊ စာတန်အား နင်းခြေ၍ ၎င်း၏ခရီးပန်းတိုင်ကို အဆုံးသတ်လော့။ ဖီလာဒဲဖီးယားအသင်းတော်သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် ချီဆောင်ခံခဲ့ရပြီး ဘုရားသခင်၏ ဘုန်းတော်၌ ၎င်းကိုယ်ကိုယ် ဖော်ပြလျက် ရှိသတည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ဘုရားသခင်လာချိန်တွင်လူတို့သည် သူ၏ဘုန်းတန်ခိုးနှင့် သူ၏အမျက်တော် ကိုနှစ်သက်မွေ့လျော်သင့်သည်။ သို့သော်သူ၏နှုတ်ကပတ်တော်စကားများသည် မည်မျှပင်ပြင်းထန်စေကာမူသူသည် လူသားမျိုးနွယ်တို့ကို ကယ်တင်ရန်နှင့်စုံလင်စေရန်လာ ခဲ့ခြင်းဖြစ်သည်။ ဖန်ဆင်းခံများအနေဖြင့် လူတို့သည် သူတို့လုပ်ဆောင်သင့်သော တာဝန်များကို ပြီးမြောက်အောင်လုပ်ဆောင်ကာ စစ်ဆေးမှုတို့အလယ်တွင် ဘုရားသခင် အတွက် သက်သေအဖြစ် ရပ်တည်သင့်ပါသည်။ စစ်ကြောစုံစမ်းမှုတိုင်းတွင် သူတို့သက်သေခံမည့်အချက်တို့ကိုကိုင်စွဲထားသင့်ပြီး၊ ဘုရားသခင်အတွက် ထူးကဲသော သက်သေတစ်ဦးအဖြစ်သက်သေခံသင့်ပါသည်။ ထိုသူသည်အနိုင်ရကျော်လွှားနိုင်သူ တစ်ဦးဖြစ်သည်။ ဘုရားသခင်သည်သင့်ကိုမည်မျှပင်စစ်ဆေးစေကာမူ၊ သင်သည် ယုံကြည်မှုအပြည့်ဖြင့်ရှိနေဆဲဖြစ်ကာ၊ ဘုရားသခင်အတွက် ယုံကြည်ချက်ကို မည်သည့်အခါမျှဆုံးရှုံးမသွားပေ။ သင်သည်လူတို့ လုပ်သင့်သည့် အရာကိုလုပ်လေသည်။ ဤအချင်းအရာသည် ဘုရားသခင်မှ လူသားကိုလုပ်စေလိုသောအရာဖြစ်ပြီး၊ လူ့နှလုံးသားကိုဘုရားသခင်ထံသို့ အပြည့် အဝပြန်လည်ပေးအပ်ကာ အချိန်ကာလတိုင်းတွင် သူ့ထံသို့ ပြန်လှည့်လာသင့်ပါသည်။ ထိုသူသည် အောင်မြင်သောသူ တစ်ဦးဖြစ်သည်။ အောင်မြင်သောသူများဟု ဘုရားသခင်ရည်ညွှန်းခေါ်ဆိုသူများသည် သက်သေခံနိုင်သေးသောသူ၊ သူတို့၏ မိမိကိုယ်ကိုမိမိယုံကြည်မှုကို ထိန်းသိမ်းထားနိုင်သေးသူနှင့် စာတန်၏စွမ်းအားနှင့် စာတန်၏ဝန်းရံမှု အောက်၊ တနည်းအားဖြင့် အမှောင်စွမ်းအားအတွင်း၌ပင်လျှင် ဘုရားသခင်အား ကိုးကွယ်ယုံကြည်မှုပြုနိုင်သူများဖြစ်သည်။ အကယ်၍သင်သည် ဘာဖြစ်ဖြစ် သန့်စင်သော နှလုံးသားနှင့် ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်းမေတ္တာကို ဆက်လက်ထိန်းသိမ်း ထားနိုင်လျှင် ဘုရားသခင်ရှေ့တော်မှောက်၌ သက်သေအဖြစ်ရပ်တည်ခြင်းဖြစ်ပြီး၊ ဤအခြင်းအရာသည်ကား ဘုရားသခင်မှ အောင်မြင်သောသူဟု ရည်ညွှန်းသည့် အရာဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည်ဘုရားသခင်ကိုဝတ်ပြုဆည်းကပ်ခြင်းအစဉ်ပြုသင့်သည်” မှ

ဘုရားသခင်အား ယုံကြည်သောသူ တစ်ယောက်ဖြစ်သော သင်သည် ယနေ့ နောက်ဆုံးသောကာလရှိ ဘုရားသခင်၏အမှုနှင့် သင့်အထဲ၌ ဘုရားသခင်၏စီမံချက်၏ အမှုအားလုံးကိုလက်ခံရာ၌၊ သင်သည် ဘုရားသခင်၏ ကြီးစွာသော ချီးမြှောက်ခြင်းနှင့် ဘုရားသခင်ထံမှ ကယ်တင်ခြင်းကို အမှန်တကယ်ပင် လက်ခံရရှိပြီး ဖြစ်ကြောင်း နားလည်သင့်သည်။ စကြဝဠာတစ်ဝှမ်းလုံးရှိ ဘုရားသခင်၏ အမှုအားလုံးသည် ဤလူတစ်စုအပေါ်တွင် အာရုံစူးစိုက်ထားလျက်ရှိခဲ့သည်။ ဘုရားသခင်သည် သူ၏ ကြိုးစားအားထုတ်မှုအားလုံးအား သင်တို့အတွက် ပေးအပ်မြှုပ်နှံထားပြီး၊ သင်တို့အတွက် အရာအားလုံးကို စွန့်လွှတ်ပေးဆပ်ခဲ့၏၊ သူသည် စကြဝဠာတစ်ခွင်လုံးမှ ဝိညာဉ်တော်၏ အမှုများအား ပြန်လည်သိမ်းယူကာ သင့်အားပေးအပ်ခဲ့၏။ ထိုအကြောင်းကြောင့် သင်တို့သည် မင်္ဂလာရှိသူများ ဖြစ်သည်ဟု ငါပြောဆိုရခြင်းဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် သင်တို့ လူစုမှတစ်ဆင့် သူ့အစီအစဉ်၏ ရည်ရွယ်ချက်ကို အပြည့်အဝ ထင်ရှားပြသနိုင်ရန် သူ၏ဘုန်းတော်အား သူ၏ရွေးကောက်ခံ လူမျိုးဖြစ်သည့် ဣသရေလလူမျိုးထံမှ သင်တို့ထံသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်၏ အမွေအား လက်ခံရရှိမည့်သူများ ဖြစ်ရုံမျှသာမက ဘုရားသခင်၏ ဘုန်းတော်အား ဆက်ခံသော သူများလည်း သာ၍ ဖြစ်နေသည်။ “အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏” ဟူသည့် နှုတ်ကပတ်တော်အား သင်တို့အားလုံး မှတ်မိကောင်းမှတ်မိလိမ့်မည်။ အတိတ်ကာလက ဤစကားအား သင်တို့အားလုံး ကြားဖူးကြသော်လည်း မည်သူမျှ ဤနှုတ်ကပတ်တော်များ၏ စစ်မှန်သောအဓိပ္ပာယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့ ၎င်းတို့၏ စစ်မှန်သောရည်ရွယ်ချက်အား သင်တို့ ကောင်းစွာသိရှိ နေပြီဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် နောက်ဆုံးသောကာလတွင် ဘုရားသခင် ပြီးမြောက်စေမည့် အရာများဖြစ်ကြသည်။ ထိုအရာများတို့သည် အဆင်းနီသော နဂါးကြီး၏ ကိန်းဝပ်ရာနေရာ၌ ရက်စက်စွာ ဒုက္ခပေးခြင်းကို ခံစားရသူများအပေါ် ပြီးပြည့်စုံစေမည် ဖြစ်သည်။ အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်အား နှိပ်စက်ညှဉ်းပန်းပြီး ဘုရားသခင်၏ ရန်သူဖြစ်သောကြောင့် ဤနယ်မြေတွင် ဘုရားသခင်အား ယုံကြည်သော သူများတို့သည် အရှက်ကွဲခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းတို့ ခံစားကြရသည်။ ထိုအကြောင်းကြောင့် ဤနှုတ်ကပတ်တော်များသည် သင်တို့လူစုအတွင်းတွင် အမှန်တရားတစ်ခု ဖြစ်လာမည်။ ဘုရားသခင်အား ဆန့်ကျင်သည့်နယ်မြေတွင် ဤအမှုအား ဆောင်ရွက်နေစဉ်အတွင်း ဘုရားသခင်၏အမှုအားလုံးသည် လွန်ကဲသည့် အတားအဆီးများနှင့် တွေ့ကြုံရကာ သူ၏နှုတ်ကပတ်တော် များစွာသည်လည်း အချိန်အခါ ကောင်း၌ ပြည့်စုံနိုင်ခြင်း မရှိပေ၊ သို့ဖြစ်၍ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် စစ်ဆေးခြင်းခံကြရသည်။ ၎င်းအရာသည်လည်း ဒုက္ခဆင်းရဲခံခြင်း၏ အခြေခံကျသည့် အရာတစ်ခုဖြစ်သည်။ အဆင်းနီသောနဂါးကြီး၏ နယ်မြေ၌ သူ၏အမှုအား လုပ်ဆောင်ရခြင်းသည် ဘုရားသခင်အဖို့ လွန်စွာ အားစိုက် လုပ်ဆောင်ရသည့် ကိစ္စဖြစ်သော်လည်း ဘုရားသခင်သည် သူ၏ ဉာဏ်ပညာနှင့် အံ့သြဖွယ်ကောင်းသည့် အမှုအရာများအား ထင်ရှားစေရန် ဤကဲ့သို့သော ခက်ခဲမှုမှတစ်ဆင့် သူ့အမှု၏ အဆင့်တစ်ဆင့်အား ဆောင်ရွက်ခြင်းဖြစ်သည်။ ဘုရားသခင်သည် ဤလူစုအား စုံလင်စေရန် ဤအခွင့်အရေးကို အသုံးချသည်။ လူတို့၏ ဒုက္ခခံစားရခြင်း၊ သူတို့၏ အရည်အသွေးနှင့် ဤမသန့်ရှင်းသည့် နယ်မြေ၌ ရှိနေကြသည့် လူတို့၏ စာတန်ဆန်သော သဘောထားအားလုံးတို့ကြောင့်၊ ဘုရားသခင်သည် သူ၏ သန့်ရှင်းစေခြင်းနှင့် သိမ်းပိုက်အောင်မြင်ခြင်းအမှုအား ပြုရခြင်းဖြစ်ပြီး ထိုအရာမှတဆင့် သူဘုန်းပွင့်ကာ လုပ်ရပ်များအား သက်သေခံသူများ ရရှိရန်ဖြစ်သည်။ ၎င်းသည် ဤလူစုအတွက် ဘုရားသခင်ပြုသော စွန့်လွှတ်ခြင်းအရာများတို့၏ ရည်ရွယ်ချက် အပြည့်ပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားတွေးခေါ်သည့်အတိုင်း ဘုရားသခင်၏ အမှုသည် ရိုးရှင်းလွန်းသလော” မှ

နိုင်ငံတော်ခေတ်တွင် လူသားသည် စုံလင်ခြင်းသို့ ရောက်ရန် ပြုလုပ်ခြင်းကို လုံးလုံးလျားလျား ခံရလိမ့်မည်။ သိမ်းပိုက်ခြင်း အမှုအပြီးတွင်၊ လူသားသည် စစ်ဆေးခြင်းနှင့် အတိဒုက္ခ ခံရလိမ့်မည်။ ဒုက္ခဆင်းရဲ ခံရချိန်တွင် ယင်းကို ကျော်လွှားနိုင်ပြီး သက်သေခံအဖြစ် ရပ်တည်နိုင်သည့် သူတို့သည်၊ အဆုံးတွင် စုံလင်ခြင်းအောင် ပြုလုပ်ခံရမည့်သူများ ဖြစ်သည်။ သူတို့သည် အောင်နိုင်သူများ ဖြစ်ကြသည်။ ဤဒုက္ခဆင်းရဲ ခံရချိန်တွင် လူသားသည် ဤစစ်ဆေးခြင်းကို လက်ခံရန်လိုအပ်ပြီး၊ ဤစစ်ဆေးခြင်းက ဘုရားသခင် အမှု၏ နောက်ဆုံး ဖြစ်စဉ်ဖြစ်သည်။ ဘုရားသခင်အလုပ်၏ စီမံခန့်ခွဲမှု တစ်ခုလုံး အဆုံးမသတ်မီတွင် ယင်းသည် လူသားက စစ်ဆေးခြင်းခံရမည့် နောက်ဆုံးအချိန်ဖြစ်သည်။ ဘုရားသခင်နောက် လိုက်သည့်သူအားလုံးသည် ဤနောက်ဆုံးစမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းကို လက်ခံရမည်ဖြစ်သည်။ ဒုက္ခဆင်းရဲ၏ ဝန်းရံတိုက်ခိုက်ခြင်းကို ခံရသော ထိုသူများသည်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့် ဘုရားသခင်၏ လမ်းပြခြင်း မရှိသူများ ဖြစ်ကြသည်။ သို့သော်၊ ဘုရားသခင်ကို အမှန်တကယ် ရှာဖွေပြီး အမှန်တကယ် သိမ်းပိုက်ခြင်း ခံရသူများသည် နောက်ဆုံးတွင် မားမားမတ်မတ်ရပ်တည်နိုင်လိမ့်မည်။ သူတို့သည် လူ့သဘာဝကို ပိုင်ဆိုင်သူများ၊ ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသူများ ဖြစ်ကြသည်။ ဘုရားသခင် မည်သည့်အရာကိုပင် လုပ်ဆောင်ပါစေ၊ ဤအောင်နိုင်သူတို့သည် ရူပါရုံများနှင့် ကင်းမဲ့နေမည် မဟုတ်ဘဲ၊ သူတို့၏ သက်သေခံချက်များတွင် ချွတ်ယွင်းခြင်းမရှိဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဆဲ ဖြစ်လိမ့်မည်။ သူတို့သည် နောက်ဆုံးတွင် ကြီးမားသည့် ဒုက္ခဆင်းရဲမှ ထွက်ပေါ်လာသည့်သူများ ဖြစ်လာလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” မှ

ကြီးစွာသော ဆင်းရဲခြင်းဘေးမှလာသော အောင်မြင်သောသူ တစ်စုကို အရှေ့အရပ်မှ ရယူခဲ့ပြီး ဖြစ်သည်ဟု အရင်က ငါပြောခဲ့ပြီး ဖြစ်သည်။ ထိုစကားများ၏ အဓိပ္ပာယ်က အဘယ်နည်း။ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီးသော ထိုသူတို့သည် တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၊ ရိုက်နှက်ဆုံးမမှု၊ ပြုပြင်မှုနှင့် စစ်ဆေးမှုမျိုးစုံကို ခံပြီးမှ အမှန်တကယ် နာခံကြသည်ဟု အဓိပ္ပာယ်ရသည်။ ထိုသို့သော လူများ၏ ယုံကြည်ခြင်းသည် မရေရာသော ယုံကြည်ခြင်း မဟုတ်၊ စိတ်ကူးသက်သက်ဖြစ်သော ယုံကြည်ခြင်းမဟုတ်၊ စစ်မှန်သော ယုံကြည်ခြင်း ဖြစ်သည်။ သူတို့သည် မည်သည့် နိမိတ်လက္ခဏာ၊ အံ့သြဖွယ်ရာနှင့် သဘာဝလွန်ဖြစ်ရပ်ကိုမျှ မမြင်ရသေးပေ။ သူတို့သည် နက်နဲသော အက္ခရာများ၊ အယူဝါဒများ သို့မဟုတ် အလွန်လေးနက်သော ထိုးထွင်း နားလည်မှုများ အကြောင်းကို မပြောကြပေ။ သူတို့၌ လက်တွေ့အရှိသဘော၊ ဘုရားသခင်၏ စကားများနှင့် ဘုရားသခင်၏ လက်တွေ့အရှိသဘောနှင့် ပတ်သက်သည့် စစ်မှန်သော အသိတို့သာ ရှိကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ဘုရားသခင်ကယ်တင်မည့် သူများသည် အသုတ်လိုက် ပြန်လည်ဆောင်ယူခံကြရသည်။ ပထမအုပ်စုမှာ တရုတ်ပြည်မမှ လူများဖြစ်သည်၊ ဒုတိယအုပ်စုမှာ ပင်လယ်မြေခြားမှ လူများဖြစ်ကြသည်။ ပင်လယ်ရပ်ခြား၌ရှိသော သူများသည် ယခုတွင် ဘုရားသခင်ထံသို့ စတင်လှည့်ပြန်နေကြပေသည်။ တတိယအုပ်စုမှာ ကပ်ဘေးကြီးများ ကျရောက်ပြီးနောက်တွင် ၎င်းတို့၏ အသိစိတ်များ ပြန်လည်လာကြပြီး ဘေးဒုက္ခများအလယ်တွင် ဘုရားသခင်ရှေ့သို့ ပြန်လာကြမည့်သူများ ဖြစ်သည်။ ကပ်ဘေးများမတိုင်မီ ချီဆောင်ခံရပြီး ဘုရားသခင်ရှေ့မှောက်သို့ ပြန်လာကြမည့်သူများသည် များပြားပေသည်။ ယခုတွင် ကပ်ဘေးကြီးမတိုင်မီ ချီဆောင်ခံရခြင်းအဖြစ်နှင့်ဆိုင်သော အမှုတော်သည် အဆုံးသို့ လျင်လျင်မြန်မြန် ရောက်ရှိလာနေသည်။ “အဆုံးသို့ လျင်လျင်မြန်မြန် ရောက်ရှိလာနေသည်” ဟူသည်မှာ မည်သည့်အရာကို ရည်ညွှန်းပါသနည်း။ ဤအရာကို အဘယ်ကြောင့် ကျွန်ုပ်ပြောရသနည်း။ ယင်းမှာ ကပ်ဘေးကြီးများ မကြာခင် ရောက်ရှိလာတော့မည် ဖြစ်သောကြောင့်ဖြစ်သည်။ အကယ်၍ နှစ်နှစ်အတွင်း ကပ်ဘေးများ ရောက်ရှိလာလျှင် ဤနှစ်နှစ်တစ်လျှောက် ဘုရားသခင်ထံသို့ လှည့်ပြန်ကြသူများသည်လည်း ကပ်ဘေးများမတိုင်မီ ချီဆောင်ခံရသူများအုပ်စု၏ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။ ဤနှစ်နှစ်အတွင်း ဘုရားသခင်ထံသို့ မလှည့်ပြန်ကြသူများအတွက်မူ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလရှိ အမှုတော်ကို အခြားသူများက ၎င်းတို့ထံ သက်သေခံကြသော်လည်း ၎င်းတို့က “ဒါမှားတယ်၊ မဖြစ်နိုင်ဘူး။ ငါကိုယ်တိုင် မမြင်ရတဲ့ ဘယ်အရာမဆိုကို ငါမယုံဘူး” ဟု ပြတ်ပြတ်ငြင်းကြသည်။ အခြားသူများက မည်သည့်အရာကို ပြေဆိုကောင်း ပြောဆိုပါလေ့စေ ၎င်းတို့သည် လက်ခံရန် ငြင်းကြဆဲဖြစ်သည်။ ဘုရားသခင်သည် ဤလူတို့ကို ကပ်ဘေးများ၏ အလယ်တည့်တည့်တွင် နေရာချထားမည်ဖြစ်သည်။ ၎င်းတို့သည် မှောင်မိုက်အတွင်း ကပ်ဘေးများ၏ ဗဟိုတွင် ငိုကြွေးကြပြီး အံသွားခဲကြိတ်ကြစေဖို့အလို့ငှာ ၎င်းတို့ကို စစ်ဆေးရန်နှင့် ပြစ်ဒဏ်ပေးရန် သူသည် ကပ်ဘေးများကို အသုံးပြုလိမ့်မည်ဖြစ်သည်။

အသက်တာထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ၊ အတွဲ ၁၃၃ မှ

“အနန္တတန်ခိုးရှင် ဘုရားသခင်ကို ခင်ဗျားဘာကြောင့်ယုံကြည်တာလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာက ဘာအဓိပ္ပာယ်ရှိလဲ။” ဤအရာကို သဘောပေါက်ရန် အလွန်အရေးကြီးပေသည်။ “အစတုန်းက သခင်ယေရှုကို ငါယုံကြည်ခဲ့တယ်။ အခု အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ဧဝံဂေလိဆရာတွေဆီကနေ အဲဒီလိုရှင်းလင်းလှတဲ့ သမ္မာကျမ်းစာရဲ့ သမ္မာတရားနဲ့ဆိုင်တဲ့ သက်သေခံချက်တစ်ခုကို ကြားရပြီ။ အထူးသဖြင့် အားလုံးက သမ္မာတရားဖြစ်တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ မိန်မြွက်ချက်တွေကို ငါကြားရပြီးပြီ၊ ပြီးတော့ အဲဒါတွေဟာ ဘုရားရဲ့ အသံတော်ဖြစ်တာကို ငါကြားရတယ်။ အဲဒါဟာ ဗျာဒိတ်ကျမ်းထဲက ‘ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည်ကား ကြားပါစေ။’ (ဗျာဒိတ် ၂:၇) လို့ ရေးသားထားတာကို အတိအကျ ပြည့်စုံစေတာပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ မိန့်မြွက်ချက်တွေအားလုံးကို ကြားပြီးနောက်မှာ ငါတစ်ခုအတည်ပြုမိတယ်- သခင်ယေရှုပြန်ကြွလာခဲ့ပြီ၊ သူက အနန္တတန်ခိုးရှင် ဘုရားသခင်ပဲ” ဟု လူအချို့က တွေးဆကြလေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူများဖြစ်သည့် ကျွန်ုပ်တို့သည် သခင်၏ချီဆောင်ခြင်းကို ခံရမည့်လူစုတွင် ပါဝင်သည်။ ဤအရာက သမ္မာကျမ်းစာထဲမှ သခင်ယေရှု၏ ပရောဖက်ပြုချက်များကို အတိအကျ ပြည့်စုံစေခဲ့လေသည်။ “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။” (မဿဲ ၂၅:၆) ထို့အပြင် “ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာဒိတ် ၃:၂၀) “သူခိုးကဲ့သို့ ငါလာ၏။ အဝတ် အချည်းစည်းနှင့် သွားလာ၍ သူတပါးရှေ့၌ ရှက်စရာ အကြောင်း မရှိစေခြင်းငှာ နိုးလျက်နေ၍၊ ကိုယ်အဝတ်ကို စောင့်သောသူသည် မင်္ဂလာရှိ၏။” (ဗျာဒိတ် ၁၆:၁၆) သခင်၏ ပရောဖက်ပြုချက်များ ပြည့်စုံပြီးဖြစ်သည့်အတွက် ကျွန်ုပ်တို့သည် ယခုတွင် သခင်နှင့်အတူ စားပွဲတော် တည်နေကြခြင်းဖြစ်သည်။ သမ္မာကျမ်းစာထဲတွင် ယင်းကို သခင်ယေရှုက “သိုးသငယ်၏ မင်္ဂလာစားပွဲတော်” ဟု ခေါ်ခဲ့သည်။ “သိုးသငယ်၏ မင်္ဂလာစားပွဲတော်” ၏အဓိပ္ပာယ်မှာ အဘယ်နည်း။ “သိုးသငယ်၏ မင်္ဂလာစားပွဲတော်” ဟု အဘယ်ကြောင့်ခေါ်သနည်း။ “သိုးသငယ်” မှာ ခရစ်တော်ဖြစ်ပြီး သိုးသငယ်၏ မင်္ဂလာပွဲဆိုသည်မှာ လူတစ်စုကို စုံလင်အောင် ပြုလုပ်ပေးရန် ခရစ်တော်ကြွလာခြင်းကို ဆိုလိုပေသည်။ သူသည် သူ၏ကြိုတင်ခွဲခန့်မှတ်သားထားခြင်းကို ခံထားရသောသူများဖြစ်သည့် သူ၏သိုးများကို အောင်မြင်သော သူများဖြစ်အောင် ကပ်ဘေးမတိုင်မီတွင် ပြုလုပ်လိမ့်မည်ဖြစ်သည်၊ ထို့ကြောင့် ဤအရာကို “စားပွဲတော်သို့ တက်ရောက်ခြင်း” ဟု ခေါ်လေသည်။ “မင်္ဂလာပွဲ” သည် ရယူရန်ဖြစ်ပြီး ယင်းနောက် ကျွန်ုပ်တို့သည် မိသားစုတစ်စု ဖြစ်လာကြသည်။ ထို့ကြောင့် ဤကျမ်းစာ၏ အချို့သော အနက်ပြန်မှုများက ခရစ်တော်ကို သတို့သားအဖြစ် ရည်ညွှန်းပြီး အသင်းတော်ကို သတို့သမီးအဖြစ် ရည်ညွှန်းခြင်းဖြစ်သည်။ ဤသည်ကို မင်္ဂလာပွဲဟုခေါ်ပြီး ယင်းသည် တစ်စုံတစ်ရာကို ရရှိခြင်းဖြစ်သည်။ ရရှိခြင်းဟုဆိုရာတွင် ဤသည်မှာ နောက်ဆုံးသောကာလမှ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုတော်နှင့် ဆက်နွှယ်ပြီး ယင်းသည် ဘုရားသခင်၏အိမ်တော်မှ အစပြုသော တရားစီရင်ခြင်း အမှုဖြစ်သည်။ ဤအမှုတော်ကို ကြုံရခြင်းဆိုသည်မှာ ဦးစွာပထမ ဘုရားသခင်၏ သိမ်းပိုက်ခံရခြင်းဖြစ်ပြီး ယင်းနောက်တွင် သန့်စင်ခံရခြင်း၊ စုံလင်ခံရခြင်း၊ ရယူခံရခြင်းနှင့် စုံလင်အောင် ပြုလုပ်ခံရခြင်းတို့ဖြစ်သည်။ ဘုရားသခင်၏အိမ်တော်မှ အစပြုသော တရားစီရင်ခြင်းအမှုသည် ထိုသို့သောအမှုတစ်ခုဖြစ်သည်။ နောက်ဆုံးသောကာလမှ ဘုရားသခင်၏ အမှုတော်ကို လူတို့ကြုံရပြီး ခရစ်တော်နှင့် သဟဇာတဖြစ်လာပြီးနောက်တွင် ဘုရားသခင်၏အိမ်တော်မှ အစပြုသော တရားစီရင်ခြင်းအမှုက အဆုံးသို့ ရောက်လာသည်။ ယင်းသည် ပြည့်စုံသည်နှင့်တစ်ပြိုင်နက် စုံလင်အောင် ပြုလုပ်ခံရသော လူစုသည် ကပ်ဘေးမတိုင်မီ ပြုလုပ်ခံရသည့် အောင်မြင်သောသူများအုပ်စု ဖြစ်သည်။ ဘုရားသခင်၏ နိုင်ငံတော်ထဲတွင် အောင်မြင်သော သူတို့၏ အနေအထားမှာ အဘယ်နည်း။ ၎င်းတို့သည် ခရစ်တော်နိုင်ငံတော်၏ မဏ္ဍိုင်များ ဖြစ်ကြသည်။ ကပ်ဘေးများမတိုင်မီ ဘုရားသခင်၏ ပြုလုပ်ခြင်းကို ခံရသော ဤအောင်နိုင်သူများသည် ခရစ်တော်နိုင်ငံတော်၏ မဏ္ဍိုင်များ ဖြစ်လာကြလိမ့်မည်။ ယင်းမှာ ကြီးမားသော ကောင်းချီးမင်္ဂလာဖြစ်သည်ဟု သင်မထင်သလော။ ဤသည်မှာ ကြီးမားသော ကောင်းချီးမင်္ဂလာပင် ဖြစ်ပေသည်။

အသက်တာထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ၊ အတွဲ ၁၃၀ မှ

ယခင်က:ပညာသတိရှိသော သတို့သမီးများသည် မည်သည့် ဆုလာဘ်ပေးအပ်ခံရပါသနည်း။ မိုက်မဲသော သတို့သမီးများသည် ကပ်ဘေးကို မလွန်ဆန်နိုင် ဖြစ်လိမ့်မည်လော။

နောက်တစ်ခုသို့:အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်မခံသူ အယောက်တိုင်းသည် ကပ်ဘေးကို အမှန်တကယ် မလွန်ဆန်နိုင် ဖြစ်လိမ့်မည်လော။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ