အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၄။ ဘာသာရေး အခမ်းအနားတွင် ပါဝင်ခြင်းမှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ပုံမှန် ဝိညာဉ်အသက်တာကို ဆုတောင်းပထ္ထနာ၊ ဓမ္မတေး၊ အသင်းတော်အသက်တာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သုံးဆောင်ခြင်းနှင့် ထိုသို့သော အခြားအလေ့အထများသာဟု ကန့်သတ်မထားဘဲ၊ ယင်းသည် သစ်လွင်ပြီး ဖျတ်လတ်တက်ကြွနေသော ဝိညာဉ်အသက်တာတွင် နေထိုင်ရန် ဆိုလိုသည်။ ယင်းသည် နည်းလမ်းနှင့် မပတ်သက်ပါ။ သို့သော်လည်း ရလဒ်ဖြစ်သည်။ ပုံမှန်ဝိညာဉ်အသက်တာကို ရရှိနိုင်ရန် တစ်ဦးတစ်ယောက်သည် ဆုတောင်းရမည်၊ ဓမ္မတေးသီချင်း သီဆိုရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သုံးဆောင်ရမည်၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်အောင်ကြိုးစားရမည်ဟု လူအများစုတို့က ထင်ကြသည်။ ရလဒ်တစုံတရာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ သို့မဟုတ် မှန်ကန်သည့် နားလည်မှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ထိုပုဂ္ဂိုလ်တို့သည် အပြင်အပ လှုပ်ရှားမှုများမှတဆင့် သွားရန်သာ အာရုံစိုက်ကြပြီး ရလဒ်ကို အာရုံမစိုက်ကြချေ၊— ယင်းပုဂ္ဂိုလ်တို့မှာ ဘာသာရေး ဓလေ့ထုံးစံများအတွင်း နေထိုင်ကြသူများဖြစ်ပြီး၊ အသင်းတော်အတွင်းတွင် နေထိုင်သူများ မဟုတ်ကြဘဲ၊ သူတို့သည် ဘုရားသခင်နိုင်ငံတော်သားများ ဖြစ်ရန် ပို၍ပင် လိုသေးသည်။ ဤသို့သော လူပုဂ္ဂိုလ်မျိုး၏ ဆုတောင်းပထ္ထနာများ၊ သီဆိုခြင်းနှင့်ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သုံးဆောင်မှုတို့အားလုံးသည် စည်းမျဉ်းစည်းကမ်းများဖြင့် ချည်နှောင်ထားခြင်းခံရသည်၊ ထိုအရာများကို သူတို့ မလုပ်မနေရ လုပ်ကြရသည်၊ သူတို့သည် လမ်းကြောင်းများကို ထိန်းသိမ်းပြီး လုပ်ဆောင်ကြရသည်၊ ၎င်းတို့သည် စိတ်အားထက်သန်စွာ လုပ်ဆောင်ခြင်းမဟုတ် သို့မဟုတ် စိတ်နှလုံးအတွင်းမှ လုပ်ဆောင်ခြင်း မဟုတ်ကြချေ။ ယင်းလူပုဂ္ဂိုလ်တို့ မည်မျှပင် ဆုတောင်းသည်ဖြစ်စေ၊ ဓမ္မတေးသီဆိုသည်ဖြစ်စေ မည်သည့်ရလဒ်မျှ ထွက်ပေါ်လာမည် မဟုတ်ချေ၊ အဘယ်ကြောင့်ဆိုသော် သူတို့ လုပ်ဆောင်သမျှသည် ဘာသာရေး စည်းမျဉ်းစည်းကမ်းများနှင့် ဓလေ့ထုံးစံများသာဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျင့်သုံးခြင်း မဟုတ်သောကြောင့်ဖြစ်သည်။ နည်းလမ်းအပေါ်သာ အာရုံစိုက်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ထိန်းသိမ်းရမည့် စည်းကမ်းကဲ့သို့ ဆောင်ယူပါက၊ ယင်းကဲ့သို့သော ပုဂ္ဂိုလ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျင့်သုံးခြင်းမဟုတ်ဘဲ၊ သွေးသားအာရုံကို ဖြည့်ဆည်းခြင်းဖြစ်ပြီး၊ လုပ်ဆောင်သမျှအရာတို့သည် သူတပါးကို ပြသရန်သာ ဖြစ်ပေသည်။ ထိုကဲ့သို့သော ဘာသာရေးထုံးတမ်းနှင့် စည်းမျဉ်းစည်းကမ်းများသည် လူသားထံမှလာသည်၊ ဘုရားသခင်ထံမှလာခြင်း မဟုတ်ပါ။ ဘုရားသခင်သည် စည်းကမ်းများကို ထိန်းသိမ်းခြင်းမရှိ၊ မည်သည့် ဥပဒေများများကိုမျှ လိုက်နာခြင်းလည်း မရှိ၊ သူသည် နေ့စဉ် အသစ်သောအရာများကို လုပ်ဆောင်ပြီး လက်တွေ့ကျသော အလုပ်များကို လုပ်ဆောင်သည်။ နေ့စဉ် နံနက်ခင်း စောင့်ကြည့်ခြင်း၊ ညနေခင်း ဆုတောင်းခြင်း၊ အစာမစားမီ ကျေးဇူးတော်ချီးမွမ်းခြင်း၊ အရာရာအတွက် ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် အခြား ထိုကဲ့သို့သော အလေ့အထများအတွင်း ကန့်သတ်ခံထားရသော Three-Self Church (သုံးမျိုး- ကိုယ်ပိုင် အသင်းတော်)မှ လူများကဲ့သို့ပင်၊ ထိုလူများ မည်မျှလုပ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် သူတို့ မည်မျှလေ့ကျင့်သည်ဖြစ်စေ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ခြင်းကို ရရှိမည်မဟုတ်ပေ။ အကယ်၍ လူတို့သည် စည်းကမ်းများအတွင်းတွင်နေပြီး သူတို့၏ စိတ်နှလုံးများသည် လက်တွေ့ကျင့်သုံးမှုထဲသို့ တဖြည်းဖြည်းရောက်ရှိသွားပါက သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်နိုင်မည် မဟုတ်ချေ၊ အဘယ်ကြောင့်ဆိုသော် လူတို့၏စိတ်နှလုံးများတွင် စည်းမျဉ်းစည်းကမ်းများက နေရာယူထားကြသည်၊ လူ့စိတ်ကူးစိတ်သန်းများကို လက်ခံထားကြသည်။ သို့ဖြစ်ရာ ဘုရားသခင် အလုပ်လုပ်ရန် လမ်းမရှိပေ။ လူများသည် ဥပဒေ၏ ထိန်းချုပ်မှုအောက်တွင်သာ အစဉ်အမြဲ နေထိုင်လျက်ရှိနေမည်၊ ယင်းသို့သော လူပုဂ္ဂိုလ်မျိုးသည် ဘုရားသခင်၏ ချီးမြှောက်ခြင်းကို မည်သည့်အခါမျှ ရရှိနိုင်မည် မဟုတ်ချေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပုံမှန်ဝိညာဉ်အသက်တာနှင့် ပတ်သက်၍” မှ

အကယ်၍ လူတို့သည် သမ္မာတရားကို ၎င်းတို့၏ယုံကြည်ခြင်း၌ လိုက်နာစောင့်ထိန်းရန် တရားသေလက်ခံထားသော ဝါဒအဖြစ် သဘောထားပါက ၎င်းတို့သည် ဘာသာရေးဟိတ်ဟန်ထဲသို့ ရောက်ရှိသွားတတ်လေ့ရှိသလော။ ဤကဲ့သို့ ဘာသာရေးဟိတ်ဟန်ကို လိုက်နာစောင့်ထိန်းခြင်းနှင့် ခရစ်ယာန်ဘာသာ၏ ယုံကြည်ခြင်းအကြား ကွာခြားမှုမှာ အဘယ်နည်း။ သွန်သင်ချက်အဟောင်များနှင့် အသစ်များအကြားတွင် ကွာခြားချက်များ ရှိနိုင်သည်၊ ထို့အပြင် ပြောခဲ့သောအရာသည် ပိုမိုနက်နဲ၍ ပိုမိုတိုးတက်နိုင်သည်၊ သို့သော်လည်း အကယ်၍ သွန်သင်ချက်များမှာ အယူအဆပုံစံမျိုးထက် မပိုဘဲ ၎င်းတို့သည် ဟိတ်ဟန်ပုံစံတစ်ခု၊ လူတို့အတွက် သြဝါဒပုံစံတစ်ခု ဖြစ်လာခဲ့သော်၊ ထိုနည်းတူ ၎င်းတို့သည်လည်း ယင်းထံမှ သမ္မာတရားကို ရနိုင်မည် သို့မဟုတ် သမ္မာတရား၏စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်ပါက၊ ၎င်းတို့၏ယုံကြည်ခြင်းမှာ ခရစ်ယာန်ဘာသာကဲ့သို့ပင် ဖြစ်သည်မဟုတ်လော။ အနှစ်သာရအားဖြင့် ဤသည်မှာ ခရစ်ယာန်ဘာသာ မဟုတ်သလော။ ထိုသို့ဆိုသော် သင်တို့၏အပြုအမူနှင့် သင်တို့၏တာဝန်ထမ်းဆောင်မှုတွင် မည်သည့်အရာများ၌ ခရစ်ယာန်ဘာသာမှ ယုံကြည်သူများနှင့် တူညီစွာ ကိုင်စွဲထားသနည်း၊ သို့မဟုတ် အမြင်ချင်း ဆင်တူသနည်း။ အပေါ်ယံအပြုအမူကောင်းကို လိုက်စားပြီး၊ ဝိညာဉ်ရေးရာ ပုံပန်းကို အသုံးပြုပြီး သင်တို့အတွက် အယောင်ဆောင်ခြင်းတစ်ခု ဖန်တီးရန် အစွမ်းကုန် လုပ်ဆောင်ခြင်း၊ ဝိညာဉ်ရေးရာ လူတစ်ဦးအဖြစ် အယောင်ဆောင်ခြင်း၊ သင် ပြောသောအရာ၊ လုပ်သောအရာနှင့် ထုတ်ဖော်သောအရာတွင် ဝိညာဉ်ရေးရာ ပုံပန်းကို ပေးခြင်း၊ လူတို့၏အယူအဆများနှင့် စိတ်ကူးများထဲတွင် ချီးမွမ်းရန်ထိုက်တန်သည်ဟု ယူဆသော အရာအနည်းငယ်ကို လုပ်ဆောင်ခြင်း၊ ဤအရာအားလုံးမှာ မှားယွင်းသော ယုံကြည်သက်ဝင်မှုနောက် လိုက်စားခြင်းဖြစ်ပြီး၊ ၎င်းမှာ သူတော်ကောင်းယောင်ဆောင်ခြင်း ဖြစ်၏။ သင်သည် မြင့်သောအရပ်တွင် ရပ်ကာ နှုတ်ကပတ်တော်များနှင့် အယူအဆတို့ကို ဟောပြော၍၊ လူတို့အား ကောင်းသောအကျင့်များကို ကျင့်ကြရန်၊ ကောင်းသောလူများ ဖြစ်ကြရန်နှင့် သမ္မာတရားကို လေ့လာလိုက်စားမှုအပေါ် အာရုံစိုက်ကြရန် ပြောသော်လည်း သင်ကိုယ်တိုင်၏အပြုအမူနှင့် တာဝန်ထမ်းဆောင်မှုတွင် သင်သည် သမ္မာတရားကို မည်သည့်အခါမျှ ရှာဖွေခဲ့ခြင်းမပြု၊ သမ္မာတရား၏ အခြေခံသဘောတရားများနှင့်အညီ မည်သည့်အခါမျှ ပြုမူလုပ်ဆောင်ခဲ့ခြင်းမရှိ၊ သမ္မာတရားထဲ၌ မည်သည့်အရာကို ပြောထားကြောင်း၊ ဘုရားသခင်၏အလိုတော်မှာ မည်သည့်အရာဖြစ်ကြောင်း၊ သူသည် လူသားကို မည်သည့်စံနှုန်းများ သတ်မှတ်ထားကြောင်း မည်သည့်အခါမျှ သင် နားလည်ခဲ့ခြင်းမရှိပေ၊ သင်သည် ဤအရာတစ်စုံတစ်ခုကို မည်သည့်အခါမျှ အလေးအနက် သဘောထားခဲ့ခြင်းမရှိပေ။ ပြဿနာအချို့ကို သင် ကြုံတွေ့သောအခါ၊ သင်သည် သင်၏အလိုအတိုင်း လုံးလုံးလျားလျား လုပ်ဆောင်ပြီး ဘုရားသခင်ကို ဘေးချိတ်ထား၏။ ဤပြင်ပလုပ်ဆောင်ချက်များနှင့် အတွင်းပိုင်းအခြေအနေများသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကိုရှောင်ခြင်းလော။ အကယ်၍ လူတို့၏ယုံကြည်ခြင်းနှင့် သမ္မာတရားအပေါ် ၎င်းတို့၏လိုက်စားမှုအကြား ဆက်နွှယ်မှု မရှိပါက ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ပါစေ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်လိမ့်မည်။ ထိုသို့ဆိုသော် ယင်းကဲ့သို့ လူများသည် မည်သည့်လမ်းကြောင်းမျိုးကို လျှောက်သနည်း။ ၎င်းတို့ကိုယ်ကို မည်သည့်အရာများဖြင့် တပ်ဆင်ပြီး ၎င်းတို့၏ နေ့ရက်များကို ကုန်လွန်စေကြသနည်း။ နှုတ်ကပတ်တော်များနှင့် အယူအဆများဖြင့် မဟုတ်လော။ ၎င်းတို့သည် ၎င်းတို့ကိုယ်ကို ဖာရိရှဲများ၊ ဘုရားသခင်ကို အစေခံသည်ဟု ယူဆရသောလူများနှင့် ပို၍တူစေရန်၊ ဘုရားသခင်ကို အစေခံသည်ဟု ယူဆရသောလူများနှင့် ပို၍တူစေရန်၊ နှုတ်ကပတ်တော်များနှင့် အယူအဆများဖြင့် ၎င်းတို့ကိုယ်ကို လက်နက်တပ်ဆင်ခြင်း၊ ဝတ်ဆင်ခြင်းဖြင့် ၎င်းတို့၏နေ့ရက်များကို ကုန်လွန်စေကြသည်မဟုတ်လော။ ဤလုပ်ရပ်အားလုံးမှာ မည်သည့်အရာဖြစ်သနည်း။ ၎င်းတို့သည် ဟန်ဆောင်လုပ်ပြနေခြင်းသာ ဖြစ်သည်၊ ၎င်းတို့သည် ယုံကြည်ခြင်းအလံကို လှုပ်ယမ်းကြပြီး ဘာသာရေးထုံးတမ်းများကို လုပ်ဆောင်ခြင်း၊ ကောင်းချီးမင်္ဂလာခံစားရစေရန် ရည်မှန်းချက် ပြည့်မီရေးအတွက် ဘုရားသခင်ကို လိမ်လည်လှည့်ဖြားရန် ကြိုးစားခြင်းတို့ကို ပြုကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကိုးကွယ်ခြင်း လုံးဝမပြုကြပေ။ အဆုံးတွင် ယင်းကဲ့သို့ လူတစ်စုသည် အသင်းတော်အတွင်း ဘုရားသခင်ကို အစေခံသည်ဟု ယူဆရပြီး ဘုရားသခင်ကို ယုံကြည်ပြီး နောက်လိုက်ကြသောသူများကဲ့သို့ပင် အဆုံးသတ်မည် မဟုတ်လော။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ရှေ့တွင် အချိန်ပြည့် အသက်ရှင်မှသာ ကယ်တင်ခြင်းလမ်းကို သင်လျှောက်နိုင်မည်” မှ

လူအချို့သည် လူအများက သူတို့အပေါ် အာရုံစိုက်အောင် လုပ်ရသည်ကို ခုံမင်ကြသည်။ သူတို့၏ ညီအစ်ကို မောင်နှမများရှေ့တွင် သူတို့သည် ဘုရားသခင်အပေါ် ကျေးဇူးကြွေးတင်ရှိနေသည်ဟု ပြောသည်။ သို့သော် နောက်ကွယ်တွင်မူ သူတို့သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းမရှိဘဲ လုံးလုံးလျားလျား ခြားနားသောအရာများ ပြုလုပ်ကြသည်။ သူတို့သည် ဘာသာရေးကိုင်းရှိုင်းသော ဖာရိရှဲများ မဟုတ်လော။ ဘုရားသခင်ကို အမှန်တကယ်ချစ်ပြီး သမ္မာတရား ရှိသောသူသည် ဘုရားသခင်ကို သစ္စာစောင့်သိသူဖြစ်ပြီး အပြင်ပန်း၌ ထိုကဲ့သို့ ဖော်ပြလေ့မရှိပေ။ သူသည် ကိစ္စများ ပေါ်လာချိန်တွင် သမ္မာတရားကို လက်တွေ့ကျင့်သုံးလိုပြီး သူ၏အသိစိတ်ကို ဆန့်ကျင်ကာ ပြောဆိုခြင်း သို့မဟုတ် ပြုမူခြင်း ပြုလုပ်လေ့ မရှိပေ။ သူသည် ကိစ္စများပေါ်လာချိန်တွင် သူ၏ဉာဏ်ပညာအား သိသာထင်ရှားစေလေ့ရှိပြီး အခြေအနေများ မည်သို့ပင် ဖြစ်နေပါစေ သူ၏လုပ်ရပ်များ၌ ကိုယ်ကျင့်တရား ကောင်းမွန်အောင် ပြု၏။ ထိုကဲ့သို့သောသူသည် အမှန်တကယ် အစေခံသောသူ ဖြစ်သည်။ ဘုရားသခင်ထံ ကျေးဇူးကြွေးတင်နေခြင်းကို နှုတ်ဖြင့် တဖွဖွပြောသူတချို့ ရှိသည်။ ၎င်းတို့သည် မိမိတို့၏ နေ့ရက်များကို ပူပန်ပြီး မျက်မှောင်ကုတ်ကာ ကုန်လွန်စေလေ့ရှိသည်၊ လေကြီးမိုးကြီး ဟန်လုပ်တတ်သည့်အပြင် စိတ်ဆင်းရဲဟန်လည်း ယောင်ဆောင်တတ်ကြသေးသည်။ မည်မျှ စက်ဆုပ်ရွံရှာဖွယ် ကောင်းသနည်း။ “ဘုရားသခင်ထံ၌ မည်သို့ အကြွေးတင်နေသနည်း။ ပြောပြပါ” ဟု သူတို့အား မေးလျှင် သူတို့သည် အာစေးမိသွားမည် ဖြစ်သည်။ သင်သည် ဘုရားသခင်အပေါ် အမှန်တကယ် သစ္စာစောင့်သိလျှင် လူရှေ့တွင် ထိုအကြောင်းကို မပြောဘဲ ဘုရားသခင်ကို သင်အမှန်တကယ် ချစ်ကြောင်း ပြသဖို့အတွက် သင်၏ လက်တွေ့ကျင့်သုံးမှုအမှန်ကို အသုံးပြုလော့၊ စစ်မှန်သော နှလုံးသားဖြင့် သူ့ထံ ဆုတောင်းလော့။ ဘုရားသခင်နှင့် ပြောဆိုဆက်ဆံသော အခါ၌ စကားသာ ပြောသူများသည် ကြောင်သူတော်များသာ ဖြစ်သည်။ အချို့တို့သည် ဆုတောင်းပတ္ထနာပြုတိုင်း ဘုရားသခင်အပေါ် ကျေးဇူးကြွေးတင်နေကြောင်း ပြောကာ သန့်ရှင်းသောဝိညာဉ်တော်၏ နှိုးဆော်ခြင်းပင် မပါဘဲ သူတို့ ဆုတောင်းသည့် အခါတိုင်း ငိုကြွေးတတ်ကြသေးသည်။ ထိုသို့သော လူများသည် ဘာသာရေး ထုံးတမ်းဓလေ့များနှင့် အယူအဆများ စွဲနေသူများဖြစ်ကာ ထိုသို့သော အပြုအမူများသည် ဘုရားသခင်ကို ကျေနပ်စေသည်၊ အပေါ်ယံ၌ ဘာသာရေး ကိုင်းရှိုင်းမှု သို့မဟုတ် အပေါ်ယံ၌ကျသော ဝမ်းနည်းမျက်ရည်များသည် ဘုရားသခင်နှစ်သက်သော အရာများဖြစ်သည်ဟု အစဉ်ယုံကြည်လျက် ထိုသို့သောထုံးတမ်းဓလေ့များနှင့် အယူအဆများဖြင့် အသက်ရှင်ကြသည်။ ထိုသို့သော အဓိပ္ပာယ်မဲ့သူများထံမှ မည်သည့်ကောင်းကျိုး ရနိုင်မည်နည်း။ အချို့က မိမိတို့၏ နှိမ့်ချမှုကို ပြသရန်အတွက် အခြားသူများရှေ့၌ စကားပြောစဉ်တွင် သဘောထားကြီးဟန် ယောင်ဆောင်ကြသည်။ အချို့ကမူ အားအင်လုံးဝ မရှိတော့သည့် သိုးသူငယ်ကဲ့သို့ အခြားသူများရှေ့တွင် တမင်တကာ ရိုကျိုးပြလွန်းကြသည်။ ဤသည်မှာ နိုင်ငံတော်၏ လူသူများ ပြုလုပ်သင့်သည့် အပြုအမူများ ဖြစ်သလော။ နိုင်ငံတော်၏လူသည် ရွှင်ရွှင်ပျပျရှိသူ၊ အချုပ်အနှောင်နှင့် ကင်းသောသူ၊ အပြစ်ကင်းပြီး ပွင့်လင်းသောသူ၊ ရိုးသားပြီး ချစ်ဖွယ်ကောင်းသူ၊ လွတ်လပ်စွာ အသက်ရှင်သူ ဖြစ်သင့်သည်။ ထိုသူ၌ သမာဓိနှင့် ဂုဏ်သိက္ခာရှိပြီး သွားလေရာရာ၌ သက်သေခံနိုင်သည်။ သူသည် ဘုရားသခင်နှင့် လူ၏ ချစ်ခြင်းကိုလည်း ခံရသူဖြစ်သည်။ ယုံကြည်ခြင်း နုနယ်သော သူတို့၌ များပြားစွာသော အပြင်ပန်း လက်တွေ့ကျင့်သုံးမှုများ ရှိကြသည်။ ၎င်းတို့သည် အစပိုင်းတွင် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ချိုးဖျက်ခြင်းခံရသည့် ကာလကို ဖြတ်သန်းကြရမည်။ စိတ်နှလုံးအတွင်း၌ ဘုရားသခင်အား ယုံကြည်သောသူများကို အခြားသူများနှင့် အပြင်ပန်းအားဖြင့် ကြည့်ရုံနှင့် ခွဲခြား၍မရနိုင်။ သို့သော်လည်း သူတို့၏လုပ်ရပ်များနှင့် လုပ်ဆောင်မှုများသည် အခြားသူများအတွက် ချီးမွမ်းထိုက်ဖွယ် ဖြစ်သည်။ ထိုကဲ့သို့သောလူများသာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက်ရှင်နေထိုင်သူများ ဖြစ်သည်ဟု ယူမှတ်နိုင်သည်။ အကယ်၍ နေ့စဉ် ဧဝံဂေလိ သတင်းကောင်းကို ဟိုလူ၊ သည်လူအား သင်ဟောပြောပြီး သူတို့ကို ကယ်တင်ခြင်းထံသို့ ဆောင်ယူလာသော်လည်း အဆုံးတွင် သင်သည် စည်းမျဉ်းများ၊ အယူဝါဒများဖြင့် ဆက်လက် အသက်ရှင်နေသေးလျှင် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေနိုင်မည် မဟုတ်။ ထိုသို့သော အမူအကျင့်မျိုး ရှိသူများသည် ဘာသာရေးသမားများဖြစ်ပြီး ကြောင်သူတော်များလည်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်အား ယုံကြည်ခြင်း၌ ဘာသာရေး ထုံးတမ်းဓလေ့များထက် လက်တွေ့အရှိတရားအပေါ်တွင် အာရုံစိုက်သင့်သည်” မှ

လူ့ဘဝသည် ဝင်ရောက်နေသည့် ကာလ၌ အမြဲပင် ပျင်းစရာကောင်းတတ်သည်၊ ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်း သို့မဟုတ် စုဝေးခြင်း စသည်တို့ဖြင့် ဝိညာဉ်အသက်တာသည် ငြီးငွေ့ဖွယ်ရာများနှင့် အမြဲပြည့်နေတတ်သည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကြီးကြီးမားမား ဝမ်းမြောက်ဖွယ်မရှိဟု လူတို့ အမြဲ ခံစားရကြသည်။ ဝိညာဉ်ရေးရာနှင့်ဆိုင်သည့် ထိုသို့သော လုပ်ဆောင်မှုများသည် စာတန်ဖျက်ဆီးထားသည့် လူ့မူလစိတ်သဘောထားဖြင့် လူတို့ အမြဲလုပ်ဆောင်လေ့ရှိသော အရာများဖြစ်သည်။ လူတို့သည် တစ်ခါတစ်ရံ၌ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကို လက်ခံရရှိနိုင်သော်လည်း သူတို့၏ ပင်ကိုအတွေးအခေါ်၊ စိတ်သဘောထား၊ အသက်ရှင်မှုပုံစံများနှင့် အမူအကျင့်တို့သည် အထဲ၌ အမြစ်တွယ်လျက် ရှိနေသေးသည်။ ထို့ကြောင့် သူတို့၏ စရိုက်သည် မပြောင်းလဲပေ။ လူတို့ လုပ်ဆောင်ကြသည့် အယူသီးသည့် လုပ်ဆောင်မှုများသည် ဘုရားသခင် အမုန်းဆုံး အရာများဖြစ်သည်။ သို့သော် လူတော်တော်များများသည် ထိုအရာများကို စွန့်လွှတ်နိုင်စွမ်း မရှိသေးပေ။ အယူသီးသည့် အဆိုပါ လုပ်ဆောင်မှုများသည် ဘုရားသခင် စေခိုင်းသည့် အရာများဖြစ်သည်ဟု တွေးထင်ကြပြီး ယနေ့တိုင် ထိုအရာများကို လုံးလုံးလျားလျား မစွန့်လွှတ်နိုင်သေးပေ။ လူငယ်များ စီစဉ်ကြသည့် မင်္ဂလာဆောင်အတွက် စားသောက်ပွဲများ၊ သတို့သမီး အဆင်တန်ဆာများ စသည့်အရာများ၊ ငွေလက်ဆောင်များ၊ ညစာစားပွဲများ၊ ပျော်ရွှင်ဖွယ် အချိန်သမယများကို ကျင်းပသည့် အလားတူ လုပ်ဆောင်မှုများ၊ ဘိုးဘွားများက လက်ဆင့်ကမ်းပေးသည့် ပုံသေနည်းများ၊ သေသူကိုယ်စား လုပ်ဆောင်သည့် အဓိပ္ပာယ်မဲ့သည့် အယူသီးသော လုပ်ဆောင်မှုများနှင့် အသုဘအခမ်းအနားများ စသည့်အရာများသည် ဘုရားသခင်အတွက် သာ၍ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အရာများဖြစ်သည်။ ဝတ်ပြုရာနေ့သည်ပင်လျှင် (ဘာသာရေးလောကမှ စောင့်ထိန်းသည့် ဥပုသ်နေ့အပါအဝင်) ဘုရားသခင်အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်။ လူတစ်ဦးနှင့် တစ်ဦးအကြားရှိ ဆက်ဆံရေးနှင့် လောကီဆန်သော အပြန်အလှန် ပေါင်းသင်းဆက်ဆံမှုများအားလုံးသည် ဘုရားသခင် လုံးဝ မနှစ်သက်သောအရာများ၊ ဘုရားသခင်က လက်မခံသော အရာများ ဖြစ်သည်။ လူတိုင်းသိကြသည့် နွေဦးပွဲတော်နှင့် ခရစ်စမတ်နေ့တို့နှင့်ဆိုင်သော ကစားစရာအရုပ်များ၊ တန်ဆာဆင်မှုများ (ဆင်တူပစ္စည်းများ၊ နှစ်သစ်ကူးကိတ်မုန့်၊ မီးရှူးမီးပန်းများ၊ မီးပုံးများ၊ ခရစ်စမတ် လက်ဆောင်များ၊ ခရစ်စမတ်ပွဲများနှင့် သန့်ရှင်းသော ပွဲတော်စားပွဲ) အကြောင်းကို မဆိုထားနှင့် ထိုပွဲတော်များကို ကျင်းပဖို့သည်ပင်လျှင် ဘုရားသခင်က မစေခိုင်းခဲ့ပါ။ ဤအရာများသည် လူတို့၏ စိတ်ထဲ၌ရှိသော ရုပ်တုဆင်းတုများ မဟုတ်လော။ ဥပုသ်နေ့၌ ချိုးဖဲ့သော ပေါင်မုန့်၊ စပျစ်ရည်နှင့် အထည်အကောင်းစားတို့သည်လည်း လူတို့အတွက် ရုပ်တုဆင်းတုများကဲ့သို့ ဖြစ်သည်မှာ သာ၍ပင် ရှင်းလင်းပေါ်လွင်လှသည်။ တရုတ်နိုင်ငံ၌ လူသိများသော ရိုးရာပွဲတော်များဖြစ်သည့် နဂါးခေါင်းမြှင့်တင်သည့်နေ့၊ နဂါးလှေပွဲတော်၊ ဆောင်းဦးအလယ်ပွဲတော်၊ လားဘာပွဲတော်၊ နှစ်သစ်ကူးနေ့စသည့် ပွဲတော်များအားလုံးနှင့် ဘာသာရေးလောကမှ အခြားပွဲတော်များဖြစ်သည့် အီစတာပွဲတော်၊ ဗတ္တိဇံခံသည့်နေ့၊ ခရစ်စမတ်နေ့စသည့် မလျော်ကန်သော ပွဲတော်များအားလုံးသည် ရှေးကတည်းက ယနေ့ထိတိုင် လူတော်တော်များများက လက်ဆင့်ကမ်း ကျင်းပခဲ့ကြသည့် ပွဲတော်များဖြစ်သည်။ ထိုပွဲများအားလုံးသည် ဘုရားသခင် ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်နှင့် လားလားမျှ သဟဇာတ မဖြစ်သော ပွဲများဖြစ်သည်။ လူသားများ၏ စိတ်ကူးစိတ်သန်း ကြွယ်ဝမှုနှင့် တီထွင်တတ်သော စိတ်ကူးများကြောင့် လူတို့သည် ထိုပွဲတော်များကို ယနေ့တိုင် လက်ဆင့်ကမ်း ကျင်းပနေကြခြင်းဖြစ်သည်။ ထိုအရာများအားလုံးသည် အပြစ်ကင်းသည့် အရာများဟု ထင်ရသော်လည်း အမှန်မှာ လူသားများအပေါ်၌ စာတန်လုပ်ဆောင်သော လှည့်စားမှုများဖြစ်သည်။ နေရာတစ်နေရာ၌ စာတန်များ ပြည့်နှက်နေလေလေ၊ ထိုနေရာသည် သာ၍ ခေတ်နောက်ကျရုံသာမက ခေတ်နောက်ပြန်ဆွဲသောနေရာ ဖြစ်လေလေ၊ ထိုနေရာ၌ ခေတ်နောက်ကျသော ဓလေ့ထုံးစံများ သာ၍ နက်ရှိုင်းစွာ အမြစ်တွယ်လေလေဖြစ်သည်။ ထိုအရာများသည် လူတို့ လုံးဝမလှုပ်ရှားနိုင်အောင် တင်းကျပ်စွာ ချည်နှောင်ထားသည်။ ဘာသာရေးလောကမှ ပွဲတော်အများအပြားသည် မူလအစပြုခဲ့သည့် အချိန်ကအတိုင်း ဖြစ်သည်ဟု ထင်ရသည်၊ ဘုရားသခင်၏ အလုပ်နှင့် ဆက်စပ်ပေးသည့် ပေါင်းကူးတံတားကို ဖန်တီးပေးသည်ဟု ထင်ရသည်။ သို့သော် အမှန်မှာ အဆိုပါပွဲတော်များသည် ဘုရားသခင်ကို လူများမသိအောင် စာတန်က ချည်နှောင်ထားသော မမြင်နိုင်သည့်ကြိုးများဖြစ်သည်။ ထိုပွဲတော်များအားလုံးသည် စာတန်၏ ကောက်ကျစ်သော မဟာဗျူဟာများ ဖြစ်သည်။ အမှန်မှာ ဘုရားသခင်၏ လုပ်ငန်းအဆင့်တစ်ခု ပြီးသောအချိန်၌ ဘုရားသခင်သည် ထိုကာလ၌ အလုပ်လုပ်ပုံနှင့် ထိုကာလ၌ အသုံးပြုခဲ့သည့် အရာများကို ခြေရာ၊ လက်ရာတစ်ခုမျှ မချန်ဘဲ ဖျက်ဆီးလိုက်ပြီးဖြစ်သည်။ သို့သော်လည်း “ဘာသာတရား အလွန်ရိုသေကိုင်းရှိုင်းသော ယုံကြည်သူများ” သည် ထိုရုပ်ဝတ္ထုပစ္စည်းများကို ဆက်လက် ကိုးကွယ်နေကြသည်။ ထိုအချိန်အတောအတွင်း၌ သူတို့သည် ဘုရားသခင်၌ ရှိသော အရာများအကြောင်း သိသော်လည်း အလေးထား ဆင်ခြင်ခြင်း မရှိ၊ ဆက်လက်၍လည်း မလေ့လာကြ။ သူတို့သည် ဘုရားသခင်၏ မေတ္တာတရားနှင့် ပြည့်ဝနေကြသည်ဟု ထင်ရသော်လည်း အမှန်မှာ သူတို့သည် ဘုရားသခင်ကို သူတို့၏အိမ်မှ နှင်ထုတ်ခဲ့ကြပြီး စာတန်ကို စားပွဲပေါ်တင် ကိုးကွယ်နေခဲ့ကြသည်မှာ အချိန်အတန်ကြာပြီ ဖြစ်သည်။ ယေရှု၏ ရုပ်ပုံ၊ လက်ဝါးကပ်တိုင်၊ မာရိ၊ ယေရှု၏ ဗတ္တိဇံနှင့် နောက်ဆုံးသော ညစာစားပွဲစသည့်အရာများကို လူတို့သည် ကောင်းကင်နိုင်ငံ၏သခင်အဖြစ် သဘောထားကာ အလေးအမြတ်ထားကြသည်။ ထိုသို့လုပ်နေစဉ်တလျှောက်လုံးတွင် ""အဖဘုရား"" ဟု အကြိမ်ကြိမ်အော်ခေါ်ကြသည်။ ဤအရာများအားလုံးသည် ရယ်ဖွယ်ရာကောင်းလှသည် မဟုတ်လော။...

လူ့စိတ်သဘောထားကို ပြောင်းလဲဖို့အတွက် အကောင်းဆုံးနည်းမှာ သူတို့၏ အတွင်းနှလုံးသားထဲ၌ အကြီးအကျယ် အဆိပ်ခတ်ထားခြင်းခံရသည့် အစိတ်အပိုင်းများကို ပြန်ကောင်းအောင်လုပ်ပြီး လူတို့၏ အတွေးနှင့် အကျင့်သိက္ခာကို သူတို့ကိုယ်တိုင် စတင်ပြောင်းလဲနိုင်အောင် အခွင့်ပေးရန်ဖြစ်သည်။ ပထမဦးဆုံးအနေနှင့် ဘာသာရေးဓလေ့ထုံးစံများ၊ ဘာသာရေးလှုပ်ရှားမှုများ၊ နှစ်များ၊ လများနှင့် ပွဲများသည် ဘုရားသခင်အတွက် မုန်းတီးဖွယ်ကောင်းသည့် အရာများဖြစ်ကြောင်းကို လူတို့မြင်ဖို့ လိုအပ်သည်။ သူတို့သည် ထိုသို့ရှေးဆန်သော အတွေးအခေါ်များ၏ ချုပ်နှောင်မှုများမှ ရုန်းထွက်ပြီး အရိုးစွဲနေသည့် အယူသီးမှုများအတိုင်း လုပ်ဆောင်လိုစိတ်တိုင်းကို လုံးလုံးလျားလျား ဖယ်ဖျောက်သင့်သည်။ ထိုအရာများအားလုံးသည် ဝင်ရောက်ရန်အတွက် လူသားများ လုပ်ဆောင်ရမည့် အရာများဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၃)” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

မှန်ကန်သော ဝိညာဉ်ရေးရာ အသက်တာတွင် မှန်ကန်စွာ ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်း၊ မိမိ၏ တာဝန်ကို လုပ်ဆောင်ခြင်း နှင့် ချီးမွမ်းခြင်း ဓမ္မတေးများကို သီဆိုခြင်းတို့ ပါဝင်သည်။ ဤလက်တွေ့ လုပ်ဆောင်မှုများသည် လူတို့၏ သမ္မာတရားထဲ ဝင်ရောက်ခြင်း နှင့် စိတ်သဘောထား ပြောင်းလဲခြင်းတို့အတွက် အလွန်အကျိုးပြုလေသည်။ သို့သော်၊ ဘာသာရေး ထုံးတမ်းဓလေ့များမှာ အပေါ်ယံ လုပ်ဆောင်ခြင်းမျှသာဖြစ်ပြီး၊ ် ပြောသည့်အတိုင်း တကယ်မလုပ်သလို၊ ဖြစ်ကတတ်ဆန်းဖြစ်ခြင်း၊ ဝတ်ကျေတန်းကျေဖြစ်ခြင်း နှင့် သူတော်ကောင်း ယောင်ဆောင်ခြင်းဖြစ်ပေသည်။ ဤအရာအားလုံးသည် ဘုရားသခင်ကို လှည့်စားသည့် အပေါ်ယံ နည်းစနစ်များဖြစ်ကြသည်။ ဘာသာရေး ထုံးတမ်းဓလေ့များကို ဆောင်ရွက်ခြင်းသည် လက်တွေ့အရှိတရားမှ ခွဲထွက်ပြီး စစ်မှန်မှု စိုးစဉ်းမျှပင် မရှိချေ။ယင်းမှာ ကြည့်ကောင်းရန်အတွက် စကားလုံးများကို ရေရွတ်ခြင်းဖြစ်ပြီး လုံးဝ အရာမရောက်ချေ။ မှန်ကန်သော ဝိညာဉ်ရေးရာ အသက်တာသည် လက်တွေ့အရှိတရားတွင် လုံးဝ အခြေခံသည်။ယင်းသည် လက်တွေ့အရှိတရားနှင့် ပေါင်းစပ်ခြင်းအဖြစ်မှ လာသည်၊ ထို့အပြင်၊ ယင်းသည် စိတ်နှလုံးမှလာသော ရိုးသားမှု ဖြစ်ပြီး၊ ထိုကဲ့သို့ ထိရောက်ကာ ဘုရားသခင်က ဝမ်းမြောက်စွာ လက်ခံလေသည်။ သာဓကအနေဖြင့်၊ မှန်ကန်သော ဆုတောင်းခြင်းကို ကြည့်ပါ။ယင်းသည် လူတစ်ဦး၏ တကယ့်အခက်အခဲများမှ ထွက်လာပြီး အသက်တာထဲတွင် ၎င်းတို့ လိုအပ်ချက်များမှ ထွက်လာခဲ့ပေသည်။ ယင်းသည် ၎င်းတို့၏ အတွင်းပိုင်းဖြစ်တည်မှု၏ စစ်မှန်သည့် အရေးပေါ်ဖြစ်မှုများကို ကိုယ်စားပြုပြီး ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိလေသည်။ သို့သော်၊ ဘာသာရေး ဓလေ့ထုံးတမ်းနှင့် စပ်ဆိုင်သော ဆုတောင်းချက်မှာ ဤအခြေခံသဘောတရားကို ချိုးဖောက်ပေသည်။ လူတစ်ဦးသည် သူ၏ စိတ်နှလုံးတွင် ငြီးငွေ့လျက်၊ စိတ်မပါလျက်ဖြင့် ဆုတောင်းချက် စာကြောင်းအနည်းငယ်ကို မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို ခပ်ပေါ့ပေါ့ရေရွတ်ကောင်း ရွေရွတ်လိမ့်မည် ဖြစ်သည်။ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မည်သို့ ရရှိနိုင်မည်နည်း။ သူ ဆုမတောင်းချင်သည်မှာ သိသာနေသော်လည်း မိမိကိုယ်ကို လုပ်ဆောင်ရန် အတင်းအကျပ် တိုက်တွန်းလေသည်။ဤသည်မှာ အခြေခံသဘောတရားကို ဆန့်ကျင်သော အရာတစ်စုံတစ်ခု ဖြစ်သည်။ သာမန် အခြေအနေများအောက်တွင်၊ လူတစ်ဦးသည် စဉ်ဆက်မပြတ် ဆုမတောင်းနိုင်ချေ။ ဆုမတောင်းသော အချိန်တွင်၊ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ပြီး သမ္မာတရားအပေါ် မိတ်သဟာယပြုနိုင်ပေသည်။ ဤသည်မှာ ဝိညာဉ်ရေးရာ အသက်တာသည် စည်းမျဉ်းဖြင့် ထိန်း၍မရသော အရာတစ်ခု ဖြစ်ပြီး မိမိ၏ ကိုယ်ပိုင်အခြေအနေနှင့် တကယ့်လိုအပ်ချက်များအားဖြင့်သာ အဆုံးအဖြတ်ပေးခြင်းကြောင့်ဖြစ်သည်။ ဤသည်မှာ ကောင်းမွန်သော ရလဒ်များရရှိဖို့ တစ်ခုတည်းသော လမ်းဖြစ်သည်။ စစ်မှန်သော ဝိညာဉ်ရေးရာ အသက်တာသည် မှန်ကန်ပြီး ယင်းသည် အမှုအရာများ သဘာဝအလျောက်ဖြစ်ပျက်သောအခါ ဖြစ်ပျက်လေသည်။ ယင်းသည်စည်းမျဉ်းစည်းကမ်းများလိုက်နာခြင်း သို့မဟုတ် ထုံးတမ်းဓလေ့များကို ဦးဆောင်ဦးရွက်ပြု လုပ်ဆောင်ခြင်းများ နည်းနည်းမှ မပါဝင်ပါ။ ဘာသာရေး ထုံးတမ်းဓလေ့များအားလုံးသည် စည်းမျဉ်းစည်းကမ်းများဖြစ်ပြီး လူလုပ်သည့်အတုအယောင်များဖြစ်သည်၊ ၎င်းတို့တွင် လေးလေးနက်နက် ရှာဖွေခြင်း မပါဝင်ပေ။ ဤသည်မှာ ဘုရားသခင်က ၎င်းတို့ကို သူတော်ကောင်းအယောင်ဆောင်များဟု ခေါ်ဆိုရသည့် အကြောင်းရင်းဖြစ်သည်။ မှန်ကန်သော ဝိညာဉ်ရေးရာ အသက်တာသည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရခြင်းမှလာပြီး သန်ရှင်းသော ဝိညာဉ်တော် အလုပ်နှင့် လူသားများအားဖြင့် အစပြုသော လုပ်ဆောင်ချက်များ ရောနှောပေါင်းစပ်မှုတစ်ခု ဖြစ်သည်။ ဤသို့သော ဝိညာဉ်ရေးရာ အသက်တာထဲတွင် စည်းမျဉ်းစည်းကမ်းများ သို့မဟုတ် ထုံးတမ်းဓလေ့များ မရှိသော်လည်း ခိုင်မာသည့် အကျိုးရှိသော ရလဒ်များကို အမှန်တကယ် ယူဆောင်ပေးပါသည်။ သင်သည် ဘာသာရေး ထုံးတမ်းဓလေ့များမှ မှန်ကန်သော ဝိညာဉ်ရေးရာ အသက်တာထဲသို့ ရွေ့ပြောင်းသောအခါ၊ ထို့နောက်တွင်မှ သင်သည် ဘုရားသခင်ကို ယုံကြည်မှုတွင် မှန်ကန်သော လမ်းကြောင်းပေါ်သို့ ဝင်ရောက်ခြင်းဖြစ်ပေသည်။

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

ယခင်က:သမ္မာတရားကို နားလည်ခြင်းနှင့် အယူဝါဒကို နားလည်ခြင်းတို့ကြား ခြားနားချက်မှာ အဘယ်နည်း။

နောက်တစ်ခုသို့:အသင်းတော်များသည် ဘာသာတရားများအဖြစ် ပြောင်းလဲသွားရသည်မှာ အဘယ်ကြောင့်နည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ