အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၂၅။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်မှာ အဘယ်နည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မည်သို့ ပြသပါသနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် လက်ဦးမှုရယူသောလမ်းညွှန်ခြင်းနှင့် အပြုသဘော ဉာဏ်အလင်းဖွင့်ပြခြင်း ပုံစံဖြစ်သည်။ ယင်းက လူတို့ကို အပြုခံရသောဖက်သို့ ရောက်စေရန် ခွင့်မပြုပေ။ ယင်းက လူတို့ကို စိတ်သက်သာမှုကို ဆောင်ကျဥ်းပေးကာ ယုံကြည်မှုနှင့် သန္နိဋ္ဌာန်ကို ပေးလျက် ဘုရားသခင်၏ စုံလင်အောင်ပြုလုပ်ခံရခြင်းကို မီအောင်လိုက်ရန် သူတို့အား တတ်နိုင်စေသည်။ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သောအခါ၊ လူတို့သည် တက်တက်ကြွကြွဖြင့် ၀င်ရောက်လာနိုင်သည်၊ မတုန်မလှုပ် သို့မဟုတ် အတင်းအကျပ်ပြုမခံရဘဲ၊ လက်ဦးမှုရယူလာကြသည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သောအခါ လူတို့သည် ၀မ်းမြောက်၍ လိုလိုလားလား ရှိလာကြသည်၊ သူတို့သည် နာခံရန် အလိုရှိလာ၍ မိမိကိုယ်ကို ၀မ်းမြောက်စွာ နှိမ့်ချတတ်လာကြသည်၊ သူတို့သည် အတွင်း၌ နာကျင်၍ ကြေကွဲလွယ်သော်လည်း ပူးပေါင်းလုပ်ဆောင်ရန် သန္နိဋ္ဌာန်ထားပြီး၊ ဝမ်းမြောက်စွာပင် ဝေဒနာ ခံစားကြသည်၊ သူတို့သည် နာခံနိုင်၍၊ သူတို့သည် လူ့အလိုအားဖြင့် စွန်းထင်းခံရခြင်း မရှိ၊ လူ့စိတ်ကူးအားဖြင့် စွန်းထင်းခံရခြင်း မရှိ၊ အမှန်ပင် လူ့ဆန္ဒများနှင့် လှုံဆော်တိုက်တွန်းမှုများ၏ စွန်းထင်းခံရခြင်းလည်း မရှိပေ။ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို တွေ့ကြုံရသောအခါ အထူးသဖြင့် သူတို့အတွင်း၌ သန့်ရှင်းလာကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ပိုင်ဆိုင်ရသော သူတို့သည် ဘုရားသခင်အားချစ်ခြင်း၊ သူတို့၏ ညီအစ်ကို မောင်နှမများအား ချစ်ခြင်း၊ ဘုရားသခင်အား ပျော်ရွှင်စေသည့် အရာများ၌ ဝမ်းမြောက်ပျော်ရွှင်ခြင်းနှင့် ဘုရားသခင် ရွံရှာသည့်အရာများကိုလည်း ရွံရှာခြင်းအားဖြင့် အသက်ရှင်နေထိုင်တတ်ကြ၏။ သန့်ရှင်းသောဝိညာဉ်တော်အမှု၏ ထိတွေ့ခြင်းခံရသောလူတို့၌ သာမန်လူ့သဘာဝရှိကြ၏၊ ထို့ပြင် သူတို့သည် သမ္မာတရားကို အဆက်မပြတ် လေ့လာလိုက်စားကြပြီး လူ့သဘာဝလည်း ပိုင်ဆိုင်ထားကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့အတွင်း၌ အလုပ်လုပ်သောအခါ သူတို့၏ အခြေအနေများသည် သာ၍သာ၍ ကောင်းလာကြပြီးလျှင် သူတို့၏ လူ့သဘာ၀သည် ပို၍ပို၍ ပုံမှန်ဖြစ်လာကြ၏။ သူတို့၏ ပူးပေါင်းလုပ်ဆောင်မှုအချို့သည် မိုက်မဲကောင်း မိုက်မဲနိုင်သော်လည်း သူတို့၏ စိတ်အားထက်သန်မှုသည် မှန်ကန်၏၊ သူတို့၏၀င်ရောက်မှုသည် အပြုသဘောဆောင်၏၊ သူတို့သည် ကြား၀င်မနှောင့်ယှက်တတ်၊ သူတို့အထဲ၌ ယုတ်မာမှုလည်း မရှိပေ။ သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်သည် ပုံမှန်ဖြစ်ပြီး အမှန်တကယ်ဖြစ်သည်။ သန့်ရှင်းသောဝိညာဥ်တော်သည် သာမန်လူသားဘ၀၏ စည်းမျဥ်းများနှင့်အညီ လူ့အတွင်း၌ အလုပ်လုပ်သည်။ ထို့ပြင် သူသည် သာမန်လူတို့၏ အမှန်တကယ်ရှာဖွေလိုက်စားခြင်းအတိုင်း လူတို့အထဲတွင် ဉာဏ်အလင်းပေးလျက် လမ်းပြလျက်ရှိပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့ အထဲတွင် အလုပ်လုပ်သောအခါ သူသည် သာမန်လူတို့၏ လိုအပ်ချက်နှင့်အညီ လမ်းညွှန်ပြီး ဉာဏ်အလင်းပေး၏။ သူသည် သူတို့၏ လိုအပ်ချက်များအပေါ်အခြေခံ၍ ထောက်ပံ့ပေး၏။ သူသည် သူတို့အား သူတို့လိုအပ်သည့်အရာနှင့် သူတို့၏ချို့တဲ့မှုများအပေါ်အခြေခံ၍ အပြုသဘောဖြင့် လမ်းပြလျက် ဉာဏ်အလင်းပေး၏။ သန့်ရှင်းသော ဝိညာဉ်တော် အမပြုသောအခါ၊ ဤအမှုသည် သာမန်လူသားဘ၀၏ စည်းမျဥ်းများနှင့် ကိုက်ညီသောအရာပင်ဖြစ်သည်။ ထို့ပြင် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို လူသားတို့သည် မြင်တွေ့ ကြရသည်မှာ လက်တွေ့ဘဝထဲမှာပင် ဖြစ်လေသည်။ သူတို့၏ နေ့စဥ်ဘ၀ထဲတွင် အကယ်၍ လူတို့သည် အပြုဆောင်သော အခြေအနေနှင့် သာမန်ဝိညာဉ်ရေး အသက်တာပိုင်ဆိုင်လျှင် သူတိုတွင် သန့်ရှင်းသောဝိညာဉ်တော်အလုပ်၏ စရိုက်လက္ခဏာ ရှိကြသည်ဖြစ်၏။ ထိုအခြေအနေမျိုးတွင် သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို စားသောက်သုံးကြသောအခါ သူတို့ ယုံကြည်ခြင်းရှိကြ၏၊ သူတို့ ဆုတောင်းကြသောအခါ လှုံ့ဆော်ခံကြရ၏၊ သူတို့အပေါ် တစ်စုံတစ်ရာဖြစ်ပျက်လာသောအခါ သူတို့သည် တုံဏှိဘာဝေ မနေကြတော့ဘဲ၊ ထိုအရာ သူတို့၌ ဖြစ်ပျက်နေသည်နှင့် သူတို့သည် ဘုရားသခင်မှ သူတို့ကို သင်ယူစေလိုသော သင်ခန်းစာများကို မြင်တွေ့လာနိုင်ကြ၏။ သူတို့သည် တုံဏှိဘာဝေနေသောသူများ၊ သို့မဟုတ် အားနည်းသောသူများ မဟုတ်တော့ဘဲ၊ သူတို့၌ တကယ့်အခက်အခဲများ ရှိကြသော်လည်း ဘုရားသခင်၏ စီစဥ်ပေးမှုများအားလုံးကို နာခံရန် ဆန္ဒရှိကြပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အမှု” မှ

သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့ကို အသိဉာဏ်ပွင့်လင်းစေရန် ပြုသောအခါ သူသည် ယေဘုယျအားဖြင့် ၎င်းတို့ကို ဘုရားသခင်၏အမှုအကြောင်း၊ ၎င်းတို့၏ စစ်မှန်သောဝင်ရောက်မှု နှင့် စစ်မှန်သောအခြေအနေအကြောင်း အသိပညာတစ်ခုကို ပေးပြီး ၎င်းတို့အား စိတ်ဆုံးဖြတ်ချက်ကိုလည်း ပေး၍ ၎င်းတို့အား ဘုရားသခင်၏ စိတ်ထက်သန်သော ရည်ရွယ်ချက်နှင့် လူတို့အတွက် ယနေ့ သူ၏သတ်မှတ်ချက်များကို နားလည်စေသည်၊ သူသည် ၎င်းတို့အား လမ်းအားလုံးကို ဖွင့်ရန် စိတ်ဆုံးဖြတ်ချက်ကို ပေးသည်။ လူတို့သည် သွေးထွက်သံယိုမှုနှင့် အနစ်နာခံမှုကို ကြုံရသည့်အခါတွင်လည်း ၎င်းတို့သည် ဘုရားသခင်အတွက် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ ၎င်းတို့သည် နှိပ်စက်ညှဉ်းပန်းမှုနှင့် အခက်အခဲဘေးဒုက္ခကို ရင်ဆိုင်ရသည့်အခါတွင်လည်း ဘုရားသခင်ကို ဆက်၍ ချစ်ပြီး ဝမ်းနည်းမှုများ မရှိဘဲ ဘုရားသခင်အတွက် သက်သေခံရမည်။ ယင်းကဲ့သို့ စိတ်ဆုံးဖြတ်ချက်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ အစပျိုးပေးခြင်း ဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အမှုဖြစ်သည်၊ သို့သော်လည်း ကုန်လွန်သော အခိုက်အတန့်တိုင်းတွင် သင်၌ ယင်းကဲ့သို့ အစပျိုးပေးခြင်း မရှိသည်ကို သိလော့။ တစ်ခါတစ်ရံ အစည်းအဝေးများ၌ သင်သည် အလွန်အမင်း စေ့ဆော်ခြင်းနှင့် လှုံ့ဆော်ခြင်းကို ခံရကြောင်း ခံစားရပြီး သင်သည် အကြီးအကျယ် ချီးမွမ်းပြီး ကခုန်လေသည်။ အခြားသူများ မိတ်သဟာယဖွဲ့နေသည့်အရာအကြောင်းကို သင်၌ မယုံကြည်နိုင်လောက်သော အသိအမြင်တစ်ခု ရှိကြောင်း သင်ခံစားရသည်၊ သင်သည် အတွင်း၌ အသစ်စက်စက် ဖြစ်သကဲ့သို့ ခံစားရပြီး သင်၏စိတ်နှလုံးသည် ဗလာနတ္တိဖြစ်သော ခံစားချက်တစ်စုံတစ်ရာ မရှိဘဲ ရာနှုန်းပြည့် ရှင်းလင်းနေကြောင်းကို ခံစားရမည်ဖြစ်သည်၊ ဤအရာအားလုံးမှာ သန့်ရှင်းသောဝိညာဉ်တော်၏အမှုနှင့်သက်ဆိုင်သည်။ အကယ်၍ သင်သည် ဦးဆောင်သောသူတစ်စုံတစ်ဦး ဖြစ်ပြီး အမှုပြုရန် အသင်းတော်သို့ သင်သွားသောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို ထူးခြားသော အသိဉာဏ်ပွင့်စေခြင်းနှင့် အလင်းပေးခြင်းကို ပေးပြီး သင်၏အမှု၌ အလွန့်အလွန် စိတ်အားထက်သန်စေခြင်း၊ တာဝန်သိတတ်ခြင်းနှင့် အလေးအနက်ထားခြင်းကို ဖြစ်စေပါက ဤအရာမှာ သန့်ရှင်းသောဝိညာဉ်တော်၏အမှုနှင့် သက်ဆိုင်ခြင်းပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၁)” မှ

သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် အထူးသဖြင့် ပုံမှန်ဖြစ်၏။ သူက လူတို့အတွင်း၌ အမှုပြုနေသည့်တိုင် သူတို့သည် ဒုက္ခများ ရှိနေကြဆဲပင်။ သူတို့သည် ငိုနေရဆဲ၊ ဒုက္ခခံနေရဆဲ၊ အားနည်းနေကြဆဲပင် ဖြစ်၏။ သူတို့၌ မရှင်းလင်းသောအရာ များစွာရှိနေကြဆဲပင်။ ထိုအခြေအနေ ဖြစ်နေသည့်တိုင် သူတို့သည် နောက်ပြန် လဲကျမှုမရှိရန် ရန်တန့်နိုင်ကြပေသည်။ ဘုရားသခင်ကို ချစ်နိုင်ကြ ပေသည်။ သူတို့အတွင်းတွင် ဆင်းရဲ ဒုက္ခဖြင့် ငိုကြွေးနေရသော်လည်း သူတို့သည် ဘုရားသခင်အား ချီးမွမ်းနိုင်ကြဆဲပင် ဖြစ်၏။ သန့်ရှင်းသော ဝိညာဥ်တော်၏ အမှုကား အထူးသဖြင့် ပုံမှန်ပင်ဖြစ်၏။ သဘာ၀လွန်မှုမျိုး စိုးစဥ်းမျှပင် မရှိပါချေ။ လူအများ ယုံကြည်သည်မှာ သန့်ရှင်းသော ဝိညာဉ်တော်က အလုပ်စတင်လုပ်သည်နှင့် လူတို့၏အခြေအနေသည် ပြောင်းလဲမှု ဖြစ်ပွားကာ သူတို့၏ အခြေခံအရာများ အဖယ်ခံရမည် ဟူ၍ဖြစ်၏။ ထိုယုံကြည်မှုသည် ယုတ္တိအမှား ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်က လူ၏အထဲတွင် အလုပ်လုပ်သောအခါ လူကို ဖိစီးနေသော အရာများသည် ဆက်လက် ရှိနေမည် ဖြစ်ပြီး လူ၏ ဝိညာဥ်အသက်တာသည် တူညီစွာရှိနေဦးမည်။ သို့သော် သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းရခြင်းနှင့် အလင်းပေးခြင်းများ ရရှိနေလေပြီ။ ထို့ကြောင့်ပင် သူ၏အခြေအနေသည် ပို၍ လက်ဦးမှုရယူတတ်လာပြီး၊ သူ့အတွင်းရှိ အခြေအနေတို့မှာမူ ပုံမှန်ပင်ဖြစ်၍ သူသည် လျှင်မြန်စွာဖြင့် ပြောင်းလဲနေ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အမှု” မှ

သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်အားလုံးမှာ သာမန်သာဖြစ်ပြီး လက်တွေ့ကျသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်ဖတ်ပြီး ဆုတောင်းသည့်အခါ၊ အတွင်း၌ သင်သည် တောက်ပပြီး ခိုင်မာမှုရှိသည်၊ ပြင်ပကမ္ဘာက သင့်ကိုမနှောင့်ယှက်နိုင်ပေ၊ အတွင်း၌ သင်သည် ဘုရားသခင်ကိုချစ်ရန် လိုလိုလားလား ရှိသည်၊ အပြုသဘောဆောင်သော အရာများဆောင်ရွက်ရန် လိုလိုလားလားရှိပြီး၊ ဆိုးယုတ်သည့်ကမ္ဘာကို သင်စက်ဆုပ်သည်၊ ဤသည်ကား ဘုရားသခင်အတွင်း အသက်ရှင်ခြင်းဖြစ်သည်။ ယင်းသည် လူအများပြောဆိုသကဲ့သို့ အလွန် မွေ့လျော်နေခြင်း မဟုတ်၊ ထိုသို့သော အပြောမျိုးမှာ လက်တွေ့မကျပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့ကျခြင်းကို မည်သို့သိမည်နည်း” မှ

တစ်ခါတစ်ရံ ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် သင်ပျော်မွေ့နေသည့်အခါ သင်၏ဝိညာဉ်သည် တို့ထိခြင်းခံရကာ ဘုရားသခင်အား သင်မချစ်ဘဲမနေနိုင်ကြောင်း၊ သင့်အထဲ၌ ကြီးမားသော ခွန်အားရှိကြောင်းနှင့် သင်ဘေးချိတ်မထားနိုင်သည့်အရာ တစ်စုံတစ်ခုမျှမရှိကြောင်း သင်ခံစားရမည်။ အကယ်၍ သင်ဤကဲ့သို့ခံစားရပါက သင်သည် ဘုရားသခင်၏ ဝိညာဉ်တော်၏ တို့ထိခြင်းကို ခံရပြီး သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံသို့ လုံးလုံးလျားလျားလှည့်၍ သင်သည် ဘုရားသခင်ထံ ဆုတောင်းကာ “အို ဘုရားသခင်။ ကျွန်ုပ်တို့သည် ရှေးမဆွမီကတည်းက ကိုယ်တော်၏ ခွဲခန့်မှတ်သားခြင်းနှင့် ရွေးကောက်ခြင်းကို အမှန်တကယ် ခံရသောသူများ ဖြစ်ပါသည်။ ကိုယ်တော်၏ ဘုန်းတော်သည် ကျွန်ုပ်၏ ဂုဏ်ယူဖွယ်ာ ဖြစ်ပြီး၊ ကျွန်ုပ်သည် ကိုယ်တော်၏ လူများထဲမှ တစ်ဦးဖြစ်ရသည်မှာ အလွန်ဝမ်းမြောက်ဖွယ်ရာ ဖြစ်ပါ၏။ ကိုယ်တော်၏ အလိုတော်ကို ဆောင်ရွက်ရန် မည်သည့်အရာအတွက်မဆိုသုံး၍ မည်သည့်အရာကိုမဆို ပေးပါမည်၊ ကျွန်ုပ်၏ နှစ်ကာလအလုံးစုံနှင့် တစ်ဘဝလုံး အားထုတ်ကြိုးပမ်းမှုတို့ကို ကိုယ်တော့်ထံ ဆက်ကပ်ပါမည်” ဟု သင်ဆိုလိမ့်မည်။ သင်ဤကဲ့သို့ ဆုတောင်းပါက သင်၏စိတ်နှလုံးထဲတွင် အဆုံးမရှိသော ချစ်ခြင်းနှင့် ဘုရားသခင်အပေါ် မှန်သောနာခံမှု ရှိလာမည်။ ဤကဲ့သို့သော ဖြစ်ရပ်တစ်ခုကို သင်ကြုံဖူးသလော။ အကယ်၍ လူအများသည် ဘုရားသခင်၏ ဝိညာဉ်တော် တို့ထိမှုကို မကြာခဏ ခံရပါက ၎င်းတို့သည် ၎င်းတို့၏ ဆုတောင်းချက်များထဲ၌ “အို ဘုရားသခင်။ ကိုယ်တော် ဘုန်းထင်ရှားသော နေ့ရက်ကို ကျွန်ုပ်မျှော်လင့်ပါ၏၊ ကိုယ်တော့်အတွက် ကျွန်ုပ်အသက်ရှင်လိုပါ၏၊ ကိုယ်တော့်အတွက် အသက်ရှင်ခြင်းထက် ပို၍ထိုက်တန်သော သို့မဟုတ် အဓိပ္ပာယ်ရှိသောအရာ မရှိပါ၊ ထို့အပြင် ကျွန်ုပ်သည် စာတန်နှင့် ဇာတိပကတိအတွက် အသက်ရှင်လိုစိတ် အနည်းငယ်မျှ မရှိပါ။ ကိုယ်တော့်အတွက် ယနေ့ အသက်ရှင်နိုင်ရန် အကျွန်ုပ်အား တတ်နိုင်စေခြင်းဖြင့် ကိုယ်တော်သည် ကျွန်ုပ်အား ချီးမြှောက်တော်မူသည်” ဟူ၍ ထည့်သွင်းဆုတောင်းကာ မိမိတို့ကိုယ်ကို ဘုရားသခင်ထံ ဆက်ကပ်ရန် အထူးသဖြင့် ဆန္ဒရှိကြမည် ဖြစ်သည်။ သင်ဤသို့ဆုတောင်းသည့်အခါ သင်၏စိတ်နှလုံးကို ဘုရားသခင်အား မပေးဘဲ မနေနိုင်ကြောင်း၊ ဘုရားသခင်ကို မရဘဲ မနေနိုင်ကြောင်း သာမက သင်အသက်ရှိစဉ် ဘုရားသခင်ကို မရဘဲ သင်သေဆုံးသွားမည်ကို မုန်းတီးသကဲ့သို့ သင်ခံစားရလိမ့်မည်။ ထိုကဲ့သို့ဆုတောင်းချက်ကို နှုတ်ဖြင့်မြွက်ဆိုပြီးပါက သင့်အထဲ၌ မကုန်ခန်းနိုင်သောခွန်အား ရှိလာမည်ဖြစ်ပြီး ထိုခွန်အားသည် မည်သည့်နေရာမှ ရောက်လာကြောင်း သင်သိမည်မဟုတ်ပါ၊ သင့်စိတ်နှလုံးထဲ၌ အကန့်အသတ်မရှိသော တန်ခိုးရှိလာပြီး ဘုရားသခင်သည် ချစ်မြတ်နိုးဖွယ်ဖြစ်ကြောင်းနှင့် ဘုရားသခင်သည် အင်မတန်မှပင် ချစ်မြတ်နိုးရန် ထိုက်တန်ကြောင်းသိသည့် အသိစိတ် သင့်အထဲ၌ ရှိလာလိမ့်မည်။ ထိုအချိန်သည် ဘုရားသခင်၏ တို့ထိခြင်းကို သင်ခံရပြီးဖြစ်သည့် အချိန်ပင်ဖြစ်သည်။ ယင်းကဲ့သို့ ဖြစ်ရပ်ကို ကြုံဖူးသောသူအားလုံးသည် ဘုရားသခင်၏ တို့ထိခြင်းကို ခံရပြီးသူများဖြစ်ကြသည်။ ဘုရားသခင်၏ တို့ထိခြင်းကို မကြာခဏ ခံရသောသူများသည် ၎င်းတို့၏ အသက်တာများထဲ၌ အပြောင်းအလဲများ ဖြစ်လာသည်၊ ၎င်းတို့သည် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ပြီး ဘုရားသခင်ကို အပြည့်အဝရရန် အလိုရှိကြသည်၊ ၎င်းတို့စိတ်နှလုံးအထဲ၌ရှိသော ဘုရားသခင်အား ချစ်မြတ်နိုးသည့် စိတ်သည် ပို၍ပြင်းပြလာသည်၊ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံသို့ လုံးလုံးလျားလျား လှည့်သွားကြသည်။ ၎င်းတို့သည် မိသားစု၊ လောကကြီး၊ အရှုပ်အယှက်များ သို့မဟုတ် ၎င်းတို့၏ အနာဂတ်အပေါ် အလေးမထားကြ၊ ထို့အပြင် ၎င်းတို့သည် တစ်ဘဝလုံး အားထုတ်ကြိုးပမ်းမှုတို့ကို ဘုရားသခင်ထံ ဆက်ကပ်ရန် အလိုရှိကြသည်။ ဘုရားသခင်၏ ဝိညာဉ်တော် တို့ထိခြင်းကို ခံရသောသူအားလုံးသည် သမ္မာတရားနောက်သို့ အမီလိုက်သူများဖြစ်ကြပြီး စုံလင်ခြင်းသို့ ရောက်ရန်အတွက် ဘုရားသခင်ပြုမည်ကို တောင့်တသောသူများဖြစ်ကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အသစ်ဆုံးသော အလုပ်ကို သိပြီး ဘုရားသခင်၏ ခြေလှမ်းများအတိုင်း လိုက်လျှောက်ပါ” မှ

သင်သည် မိုက်မဲသောသူ ဖြစ်နိုင်ပြီး သင်၏အတွင်းတွင် ကွဲခြားခြင်း မရှိဘဲ ဖြစ်နေနိုင်သည်၊ သို့သော် သင့်အတွင်းတွင် ယုံကြည်မှုရှိလာရန်၊ ဘုရားသခင်ကို လုံလောက်အောင် မချစ်နိုင်ဟူ၍ သင်အစဉ်အမြဲခံစားရရန်၊ သင်၌ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိရန်၊ ရှေ့တွင် အခက်အခဲများသည် မည်မျှပင်ကြီးမားသည်ဖြစ်စေ သင်၌ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိရန် သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်လုပ်ရန်သာရှိသည်။ အကြောင်းကိစ္စတို့သည် သင်၌ ဖြစ်ပျက်လာလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်ထံမှ လာသလော၊ သို့မဟုတ် စာတန်ထံမှ လာသလောဆိုသည်မှာ သင့်အတွက် ရှင်းလင်းလိမ့်မည် မဟုတ်ပေ၊ သို့သော် သင်သည် စောင့်ဆိုင်းနိုင်လိမ့်မည်၊ ထို့ပြင် သင်သည် တုံဏှိဘာဝေဖြစ်ခြင်း၊ သို့မဟုတ် ပေါ့လျော့ခြင်း ဖြစ်လိမ့်မည်မဟုတ်။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပုံမှန်အမှုဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့အထဲတွင် အလုပ်လုပ်သောအခါ၌ပင် လူတို့သည် ခက်ခဲမှုများကို ကြုံတွေ့ကြရဆဲဖြစ်သဖြင့် တစ်ခါတစ်ရံ သူတို့ငိုကြွေးကြပြီး၊ တစ်ခါတစ်ရံ သူတို့ မကျော်လွှားနိုင်သော ကိစ္စရပ်များနှင့်လည်း ကြုံတွေ့ရသည်၊ သို့သော် ဤအရာအားလုံးမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ သာမန်အမှုနှင့်ဆိုင်သော အဆင့်တစ်ဆင့်ပင်ဖြစ်၏။ သူတို့သည် ထိုကိစ္စများကို မအောင်မြင်သော်လည်း၊ ထို့ပြင် ထိုအချိန်၌ သူတို့သည် အားနည်းပြီး မကျေမနပ် ဖြစ်ကြသော်ငြားလည်း ယင်းနောက်တွင် သူတို့သည် အကြွင်းမဲ့သော ယုံကြည်ခြင်းဖြင့် ဘုရားသခင်ကို ချစ်နိုင်ကြဆဲဖြစ်၏။ သူတို့၏ တုံဏှိဘာဝေဖြစ်ခြင်းသည် ပုံမှန်အတွေ့အကြုံများကို သူတို့မရအောင် မဟန့်တားနိုင်ပေ၊ ထို့အပြင် အခြားသူများ မည်သို့ပင်ပြောသည်ဖြစ်စေ၊ မည်သို့ပင် တိုက်ခိုက်သည်ဖြစ်စေ သူတို့သည် ဘုရားသခင်ကို ချစ်နိုင်ဆဲရှိကြ၏။ ဆုတောင်းနေစဉ်အတွင်းတွင် သူတို့အနေဖြင့် ဘုရားသခင်ထံ၌ ကျေးဇူးကြွေးများစွာ တင်ဖူးသည်ကို အမြဲပင် ခံစားကြရပြီး ဘုရားသခင်ကျေနပ်စေရန် သူတို့သည် စိတ်ပိုင်းဖြတ်ကြကာ ယင်းအရာများကို ထပ်မံကြုံရချိန်တွင် ဇာတိပကတိကို ပစ်ပယ်ကြတော့၏။ ထိုအင်အားသည် သူတို့အတွင်း၌ ရှိနေသော သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ဖော်ပြနေပြီး ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သော ပုံမှန်အခြေအနေပင် ဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အမှု” မှ

ဘုရားသခင်သည် သူ၏အမှုတော်ကို အဖန်ဖန်မပြုလုပ်ပေ၊ လက်တွေ့မကျသောအလုပ်ကို ဘုရားသခင်မလုပ်ဆောင်ပေ၊ သူသည် လူသားကို အလွန်အကျွံ တောင်းဆိုမှုများ မပြုလုပ်သလို လူသား၏အသိစိတ်ကို ကျော်လွန်သောအလုပ်ကိုလည်း သူမလုပ်ဆောင်ပေ။ သူလုပ်သော အမှုဟူသမျှသည် လူသား၏ သာမန်အသိစိတ် အတိုင်းအတာအတွင်း၌ရှိပြီး သာမန်လူ့သဘာဝ၏ အသိစိတ်ကို မကျော်လွန်သည့်အပြင် သူ၏အမှုသည် လူသားမျိုးနွယ်၏ သာမန်လိုအပ်ချက်များနှင့်အညီ ဖြစ်သည်။ ထိုအရာက သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်လျှင်၊ လူသားသည် ပို၍ပို၍ ပုံမှန်ဖြစ်လာပြီး သူ၏လူ့သဘာဝမှာ ပို၍ပို၍ ပုံမှန်ဖြစ်လာသည်။ လူသားသည် သူ၏ဆိုးယုတ်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားနှင့် လူသား၏အနှစ်သာရတို့အပေါ် အသိပညာတိုးပွားနေပြီး သမ္မာတရားကို ပို၍ပို၍ ကြီးမားစွာ တောင့်တမှုတစ်ခု သူ၌ရှိလေသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် လူသား၏အသက်တာ ပိုမိုကြီးထွားလေလေ၊ လူသား၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပိုမိုပြောင်းလဲနိုင်စွမ်း ရှိလာလေလေဖြစ်သည်— ယင်းအရာအားလုံးသည် ဘုရားသခင်က လူ့အသက်ဖြစ်လာခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏” မှ

သန့်ရှင်းသော ဝိညာဉ်တော်သည် လူတစ်ဦးတစ်ယောက်ချင်းစီ၏ အသက်တာတွင် လျှောက်လှမ်း ရမည့် လမ်းကြောင်းရှိပြီး အယောက်စီတိုင်းကို ပြီးပြည့်စုံမှုကို ခံရနိုင်သည့် အခွင့်အရေးများကို ပေးသည်။ သင်၌ရှိသည့် အပျက်သဘောထားမှတစ်ဆင့် သင့်ကို မိမိကိုယ်တိုင်၏ ယိုယွင်းပျက်စီးခြင်းကို သိလာစေပြီး၊ ထိုအပျက်သဘောထားကို စွန့်လွှတ်လိုက်ခြင်းအားဖြင့် လိုက်လျှောက်ရမည့် လမ်းကို ရှာတွေ့နိုင်မည် ဖြစ်သည်။ ထိုအရာသည် သင်၏ပြီးပြည့်စုံမှုပေတည်း။ ဆက်လက်ကာ သင်၌ရှိသည့် ကောင်းသောအရာများ ၏ လမ်းပြပို့ဆောင်မှုနှင့် အလင်းပေးခြင်းအားဖြင့် သင်သည် သင်၏ လုပ်ငန်းတာဝန်ကို တက်ကြွစွာ ဖြည့်ဆည်းလာမည် ဖြစ်ပြီး၊ ဉာဏ်ပညာနှင့် အမြော်အမြင်ရှိမှုတို့ ကြီးထွား လာမည် ဖြစ်သည်။ သင်သည် အဆင်ပြေနေသည့် အချိန်မျိုးတွင်၊ ဘုရားသခင်၏ သမ္မာတရားကို အထူးသဖြင့် ဖတ်ရှုလိုစိတ်ရှိသည်။ အထူး သဖြင့် ဆုတောင်းလိုစိတ်လည်း ရှိသည်။ ကြားနာရသည့် ဒေသနာများကိုလည်း မိမိ၏အသက်တာနှင့် ဆက်စပ်ယူ၍ရသည်။ ထိုကဲ့သို့သော အချိန်များတွင် ဘုရားသခင်သည် သင်၏အတွင်း၌ တစ်စုံတစ်ခုကို အသိဉာဏ်ပွင့်လင်းစေကာ၊ ကောင်းသည့် အပေါင်းလက္ခဏာ တစ်ခုခုကို နားလည်သဘောပေါက်စေသည်။ ဤအရာသည် ကောင်းသည့်အပေါင်းလက္ခဏာဖက်မှ သင်၏ ပြီးပြည့်စုံခြင်းဖြစ်သည်။ အဆိုးလက္ခဏာ ဖက်တွင်မူ သင်သည် အားနည်းကာ အနုတ်လက္ခဏာဆောင်သည်။ ဘုရားသခင်သည် သင့်ကိုအလင်းပေးကာ လိုက်လျှောက်ကျင့်သုံးဖို့ရာ လမ်းကို ပြနေသော်လည်း သင်သည် သင်၏နှလုံးသားထဲတွင် ဘုရားသခင် မရှိသကဲ့သို့ ခံစားနေရသည်။ ဤအခြေအနေမျိုးမှ ထွက်လာခြင်းသည် အဆိုးလက္ခဏာထဲမှ ပြီးပြည့်စုံခြင်းကို ရရှိခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လိုက်လျှောက်အသက်ရှင်မှုကို အာရုံစူးစိုက်မှုရှိသူများသာ ပြီးပြည့်စုံမှုရရှိနိုင်မည်” မှ

သင်၏ အတွင်းမှဝမ်းမြောက်မှုကို သင်ဆုံးရှုံးရခြင်းနှင့် ဘုရားသခင်၏ မျက်မှောက်တော်ကို သင်ဆုံးရှုံးရခြင်းနှင့် သင်သည် မှောင်မိုက်ထဲ၌ ရှိနေခြင်း စသဖြင့် တစ်ခါတစ်ရံ ဘုရားသခင်သည် သင့်ကို အချို့သော ခံစားချက်အမျိုးအစားကို ပေးသည်။ ဤသည်မှာ စစ်ဆေးခြင်းအမျိုးအစားတစ်ခု ဖြစ်သည်။ တစ်စုံတစ်ရာကို သင်လုပ်ဆောင်သည့်အခါ အလွဲလွဲအချော်ချော် ဖြစ်ခြင်း သို့မဟုတ် ဆက်မလုပ်နိုင်အောင် ရပ်တန့်သွားခြင်း ဖြစ်နေမည်။ ဤသည်မှာ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်း ဖြစ်သည်။ တစ်စုံတစ်ရာကို သင်လုပ်ကောင်းလုပ်နေပြီး လုပ်နေသည့်အရာအတွက် အထူးတလည် ခံစားချက်မရှိသည့်အပြင် အခြားသူများ မသိသော်လည်း ဘုရားသခင် သိသည်။ သူသည် သင့်ကို အလွတ်မပေး၊ သင့်ကို သူဆုံးမပဲ့ပြင်လိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော် ပြုသောအမှုသည် အလွန်အသေးစိတ်ကျသည်။ သူသည် လူတို့၏ စကားနှင့် အပြုအမူတစ်ခုချင်းစီ၊ ၎င်းတို့၏ လုပ်ဆောင်မှုနှင့် ရွေ့လျားမှုတစ်ခုချင်းစီကိုသာမက ၎င်းတို့၏ အကြံအစည်နှင့် အတွေးအခေါ် တစ်ခုချင်းစီကို အလွန်တိတိကျကျလေ့လာကာ လူတို့အား ထိုအရာများကို အတွင်းထဲမှ သတိပြုမိစေသည်။ တစ်စုံတစ်ရာကို သင်တစ်ကြိမ်လုပ်သောအခါ အလွဲလွဲအချော်ချော် ဖြစ်နေသည်၊ ၎င်းကို နောက်တစ်ကြိမ် သင်လုပ်သောအခါတွင်လည်း အလွဲလွဲအချော်ချော် ဆက်ဖြစ်နေသည့်အခါ သန့်ရှင်းသောဝိညာဉ်တော် ပြုသောအမှုကို သင်တဖြည်းဖြည်း နားလည်လာမည်။ အကြိမ်များစွာ ဆုံးမပဲ့ပြင်ခံခြင်းအားဖြင့် သင်သည် ဘုရားသခင်၏အလိုအတော်နှင့်အညီ မည်သည်တို့ကို လုပ်ရမည်ကိုသာမက သူ၏အလိုတော်နှင့်မညီသောအရာမှာ မည်သည့်အရာ ဖြစ်ကြောင်း သင်သိလာမည်။ အဆုံးတွင် သင့်အထဲမှ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို မှန်ကန်တိကျစွာ တုံ့ပြန်မှုများ ရှိလာမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” မှ

ယခင်က:ကောင်းသော အစေခံနှင့် ဆိုးညစ်သော စေခံတို့ကြား ခြားနားချက်မှာ အဘယ်နည်း။

နောက်တစ်ခုသို့:သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မည်သို့ ရရှိနိုင်ပါသနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ