အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၂၇။ နတ်ဆိုးများ၏ လုပ်ဆောင်ချက်မှာ အဘယ်နည်း။ ဝိညာဉ်ဆိုးများ၏ လုပ်ဆောင်ချက်ကို မည်သို့ ပြသပါသနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

စာတန်ထံမှ မည်သည့်အမှု ရောက်လာသနည်း။ စာတန်ထံမှလာသော အမှု၌ လူတို့၏စိတ်ကူးအမြင်တို့သည် မသဲကွဲ၊ စိတ်ကူးသက်သက်ဖြစ်ကာ သာမန်လူ့သဘာ၀ မရှိပါ။ ထို့ပြင် သူတို့၏ အပြုအမူများနောက်ကွယ်ရှိ အကြောင်းရင်းများမှာ မှားယွင်း၏။ သူတို့သည် ဘုရားသခင်ကို ချစ်လိုသော်လည်း သူတို့အထဲတွင် စွပ်စွဲချက်များ အမြဲရှိနေ၏။ ပြီးလျှင် ဤစွပ်စွဲချက်များနှင့် အတွေးများသည် သူတို့အထဲ၌ အမြဲတမ်း နှောင့်ယှက်နေတတ်ပြီး သူတို့၏ ဘ၀တိုးတက်မှုကို ကန့်သတ်နေကာ ဘုရားသခင်ရှေ့၌ ပုံမှန်အခြေအနေမျိုး မရရှိရန် သူတို့ကို ဟန့်တားနေကြ၏။ တစ်နည်းအားဖြင့်ဆိုလျှင်၊ လူတို့၏အထဲတွင် စာတန်၏အမှု ရှိသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ရှေ့တွင် သူတို့၏ စိတ်နှလုံးတို့သည် ငြိမ်သက်ခြင်းမရှိနိုင်တော့ဘဲ ကိုယ့်ကိုယ်ကို မည်သို့ပြုရမည်ကိုလည်းမသိ၊ လူအစုအ၀ေးမြင်ရလျှင် သူတို့မှာ အ၀ေးသို့ထွက်ပြေးချင်ကြပြီး အခြားသူများ ဆုတောင်းစဥ် သူတို့၏မျက်လုံးများကို ပိတ်ထားရန် မတတ်နိုင်ဘဲ ရှိကြ၏။ နတ်ဆိုးများ၏အလုပ်သည်ကား လူသားနှင့် ဘုရားသခင်ကြားကပုံမှန်ဆက်ဆံရေးကို ဖျက်ဆီးပစ်တတ်ပြီး လူတို့၏ ယခင်ရူပါရုံများ သို့မဟုတ် သူတို့၏ ယခင် အသက်တာဝင်ရောက်မှုလမ်းကြောင်းကို ကမောက်မကဖြစ်စေတတ်၏။ သူတို့၏ စိတ်နှလုံးများသည် ဘုရားသခင်နှင့် ဘယ်သောခါမျှ မနီးစပ်နိုင်၊ သူတို့အပေါ် နှောင့်ယှက်မှုကိုဖြစ်ပွားစေပြီး သံခြေကျင်းခတ်သလို ချုပ်နှောင်သည့် အမှုအရာတို့သည် အစဉ်အမြဲ ဖြစ်ပျက်တတ်၏။ ထို့ပြင် သူတို့၏ နှလုံးသားများသည် ငြိမ်သက်အေးချမ်းမှုကို ရှာမတွေ့နိုင်ဘဲ သူတို့၏ ဘုရားသခင်အားချစ်ခြင်းအတွက် အင်အားမဲ့စေပြီး သူတို့၏ စိတ်ဝိညာဉ်တို့လည်း ယုတ်လျော့ကျဆင်းစေကြ၏။ ယင်းတို့သည် စာတန်အလုပ်၏ သရုပ်သကန်များ ဖြစ်ကြ၏။ စာတန်၏အမှုသည် အောက်ပါအတိုင်း ပေါ်လွင်၏၊ သင့်ရပ်တည်ချက်နှင့် သက်သေအဖြစ် မရပ်တည်နိုင်ခြင်း၊ ဘုရားသခင်ရှေ့တွင် သင်သည် အမှားရှိသောသူနှင့် ဘုရားသခင်အပေါ် သစ္စာမရှိသောသူ ဖြစ်လာစေခြင်းတို့ ဖြစ်သည်။ စာတန်၏ ကြား၀င်နှောင့်ယှက်မှု၌ ဘုရားသခင်အား ချစ်ခြင်းနှင့် သစ္စာစောင့်သိခြင်းတို့သည် သင့်အထဲ၌ ပျောက်ဆုံးရ၏။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးမှ ဖယ်ရှားပစ်ခံရ၏။ သမ္မာတရား သို့မဟုတ် သင်ကိုယ်တိုင်၏တိုးတက်ကောင်းမွန်မှုကို မီအောင်မလိုက်တော့ဘဲ သင်သည် ဆုတ်ယုတ်လာကာ မလှုပ်မယှက် ဖြစ်လာ၏။ သင်သည် ကိုယ့်ကိုယ်ကိုအလိုလိုက်၍ အပြစ်တရား တိုးချဲ့ပြန့်ပွားရေးအလို့ငှာ အထိန်းအကွပ်ဇက်ကြိုးများကို ဖြည်ချလိုက်ပြီး အပြစ်ကို မမုန်းတော့၊ ထို့ပြင် စာတန်၏ ကြား၀င်နှောင့်ယှက်မှုသည် သင့်ကို အပျော်အပါး၌ မွေ့လျော်လာစေ၏။ ယင်းသည် သင့်အတွင်း၌ ဘုရားသခင်၏ ထိတွေ့မှုကို ပျောက်ကွယ်စေပြီးလျှင် သင့်အား ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ်ဖြစ်စေပြီး ဆန့်ကျင်စေကာ၊ ဘုရားသခင်အား မေးခွန်းထုတ်ရန် သွေးဆောင်သည်၊ သင် ဘုရားသခင်ကို စွန့်ပစ်နိုင်မည့် အလားအလာပင် ရှိ၏။ ဤသည်တို့ကား စာတန်၏အမှုပင် ဖြစ်သတည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အမှု” မှ

မျက်မှောက်ကာလတွင် လူသားကို လှည့်ဖြားရန်အတွက် သဘာဝလွန်ဖြစ်ရပ်များအားဖြင့် လုပ်ဆောင်နေသည့် နတ်ဆိုးအချို့ ရှိသည် ၊ ယင်းသည် သူတို့အပိုင်းမှ အတုခိုးခြင်းသာဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော် လက်ရှိလုပ်ဆောင်ခြင်းမရှိသည့် အလုပ်အားဖြင့် လူသားကို လှည့်ဖြားရန်ဖြစ်သည်။ နတ်ဆိုးများစွာသည် နိမိတ်လက္ခဏာများ လုပ်ဆောင်ပြခြင်းနှင့် အနာရောဂါငြိမ်းစေခြင်းတို့ကို အတုခိုးကြသည်၊ လက်ရှိနေ့ရက်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုကဲ့သို့သောအလုပ်ကို မလုပ်ဆောင်တော့သည့်အတွက်၊ ယင်းတို့သည် နတ်ဆိုးများ၏ လုပ်ရပ်သာ ဖြစ်ကြသည်၊ ထို့ပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ထိုအချိန်မှစ၍ လိုက်လံအတုခိုးကြသူများ အားလုံးသည် ဧကန်စင်စစ် နတ်ဆိုးများ ဖြစ်ကြသည်။ ထိုအချိန်က ဣသရေလ တွင် လုပ်ဆောင်သည့် အလုပ်အားလုံးမှာ သဘာဝလွန်ဖြစ်ရပ်မှ ဖြစ်သည်။ သို့သော်၊ ယခုအချိန်တွင် သန့်ရှင်းသော ဝိညာဉ်တော်က ထိုကဲ့သို့သောနည်းဖြင့် လုပ်ဆောင်မှု မရှိတော့ဘဲ၊ ထိုကဲ့သို့သော လုပ်ဆောင်မှု ကို လိုက်လံ လုပ်ဆောင်နေသည်မှာ စာတန်နှင့် မကောင်းဆိုးဝါး ဝိညာဉ်များ၏ နှောင့်ယှက်မှုပင်ဖြစ်သည်။ သို့ရာတွင်၊ သင့်အနေဖြင့် သဘာဝလွန်ဖြစ်ရပ်များ အားလုံးသည် မကောင်းဆိုးဝါး ဝိညာဉ်များ၏ လုပ်ဆောင်မှုများ ဖြစ်သည်ဟု မပြောနိုင်ပါ။ ဤကား ဘုရားသခင် လုပ်ဆောင်မှု၏ ခေတ်အပေါ်တွင် မူတည်နေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” မှ

မျက်မှောက်ကာလတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြနိုင်သည့်အပြင် နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများကိုလည်း ကျန်းမာစေနိုင်ကာ၊ တန်ခိုးများကို များစွာပြနိုင်သော လူတစ်ယောက်ပေါ်လာပြီး ထိုလူက သူသည် ကြွလာခဲ့သော ယေရှုဖြစ်သည်ဟုဆိုပါလျှင် ဤသည်မှာ နတ်ဆိုးများ၏ ဟန်ဆောင်တုပမှုနှင့် ယေရှုကို လိုက်လံအတုခိုးခြင်းသာ ဖြစ်လိမ့်မည်။ ဤအချက်ကို အမှတ်ရလော့။ ဘုရားသခင်သည် ပြုပြီးသား အမှုကို ပြန်မပြုပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးမြောက်ပြီးသားဖြစ်၍ ဘုရားသခင်သည် ထိုအဆင့်ကို နောက်တစ်ကြိမ် လုံးဝထပ်လုပ်မည်မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ ယနေ့ကာလ အမှုကို သိခြင်း” မှ

လူသားသည် ဘုရားသခင်အကြောင်း နားလည်မှုအချို့ ရှိသောအခါ သူ့အတွက် ဒုက္ခခံရန်နှင့် သူ့အတွက် အသက်ရှင်ရန် ဆန္ဒရှိလာသည်။ သို့သော်လည်း စာတန်သည် လူသားအတွင်းရှိ အားနည်းချက်များကို ချုပ်ကိုင်ထားနေဆဲဖြစ်၍ သူတို့အား ဒုက္ခခံစားစေနိုင်ဆဲ ဖြစ်၏။ နတ်ဆိုးတို့သည် လူတို့ကို နှောင့်ယှက်ရန်၊ စိတ်ဇဝေဇဝါ ဖြစ်စေ၍ အသိစိတ်ကင်းမဲ့သွားစေပြီး စိတ်ဝေဒနာခံစားကာ အရာခပ်သိမ်း၌ နှောင့်ယှက်မှုခံရရန် သူတို့အတွင်း၌ လုပ်ကိုင်နိုင်ဆဲဖြစ်၏။ လူသား၏အတွင်း၌ စာတန်က ချုပ်ကိုင်နိုင်သော၊ သို့မဟုတ် ကြိုးကိုင်ညွှန်ကြားနိုင်သော စိတ်ပိုင်းဆိုင်ရာ၊ သို့မဟုတ် စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ အရာတချို့ ရှိနေသေး၏။ ဤအကြောင်းကြောင့် သင်၌ ရောဂါဘယများ၊ ဒုက္ခများရှိနိုင်၍ မိမိကိုယ်ကို သေကြောင်းကြံလိုစိတ်ရှိကာ ရံဖန်ရံခါ လောက၏ အနိဋ္ဌာရုံကိုလည်း ခံစားခြင်း၊ သို့မဟုတ် ဘဝ၌ အဓိပ္ပာယ်ကင်းမဲ့သည်ဟု ခံစားခြင်းတို့ ရှိနိုင်ခြင်းဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် ဤဒုက္ခခံစားမှုသည် စာတန်၏ ထိန်းချုပ်အုပ်စိုးမှုအောက်၌ ရှိနေသေး၏၊ ယင်းသည် လူသား၏ သေနိုင်လောက်သော အားနည်းချက်များထဲမှ တစ်ခုဖြစ်၏။ စာတန်သည် သူဖျက်ဆီး၍ နင်းခြေခဲ့ပြီးသော ထိုအရာများကို အသုံးပြုနိုင်ဆဲဖြစ်၏၊ ယင်းတို့မှာ လူသားများကိုဆန့်ကျင်၍ စာတန်အသုံးပြုနိုင်သော လက်နက်များပင်ဖြစ်၏။...နတ်ဆိုးများသည် သူတို့၏အလုပ်ကို လုပ်ကိုင်နိုင်ရန် အခွင့်အရေးမှန်သမျှကို လက်မလွှတ်တမ်း အသုံးချကြသည်။ သူတို့သည် သင်၏အတွင်းထဲမှ ပြောနိုင်ကြ၏၊ သို့မဟုတ် သင်၏နားထဲသို့ တီးတိုးပြောနိုင်ကြသည်၊ သို့မဟုတ်ပါက သူတို့သည် သင်၏အတွေးများနှင့် သင်၏စိတ်ကို ကစဉ့်ကလျား ဖြစ်စေနိုင်သည်၊ ထို့ပြင် သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လှုပ်ရှားခြင်းကို မခံစားနိုင်စေရန်အလို့ငှာ သူတို့က ယင်းကို ဖုံးဖိထားနိုင်သည်၊ ထို့နောက် သူတို့သည် သင့်ကို စတင်နှောင့်ယှက်ကာ၊ သင်၏အတွေးအခေါ်ကို ရှုပ်ထွေးစေခြင်း၊ သင်၏ဦးနှောက်ကို ကြောင်တောင်တောင် ဖြစ်စေခြင်း၊ သင့်ကို ဂနာမငြိမ် ဖြစ်စေပြီး စိတ်ထိခိုက်ခြင်းတို့ ဖြစ်စေသည်။ ယင်းမှာ လူသားအပေါ် နတ်ဆိုးများပြုသော အလုပ်ပင်ဖြစ်ပြီး ယင်းကို သင်ထိုးထွင်းသိမြင်မှု မရှိပါက သင့်ကိုသင် ကြီးမားသောအန္တရာယ်ထဲ ရောက်စေလိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လောကကြီး၏ နာကျင်မှုကို ဘုရားသခင် တွေ့ကြုံခြင်း၏ အဓိပ္ပါယ်” မှ

သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အထဲ၌ အချိန်တိုင်းတွင် အလုပ်လုပ်နေသည်ဟု အချို့သော လူများက ပြောကြသည်။ ဤသည်မှာ မဖြစ်နိုင်ပေ။ အကယ်၍ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်မှာ ၎င်းတို့နှင့်အတူ အစဉ်အမြဲ ရှိနေသည်ဟု ပြောမည်ဆိုပါက၊ ယင်းသည် လက်တွေ့ကျပေလိမ့်မည်။ အကယ်၍ ၎င်းတို့သည် ၎င်းတို့၏ တွေးခေါ်ခြင်းနှင့် အသိစိတ်တို့သည် အချိန်တိုင်း ပုံမှန်ဖြစ်နေသည်ဟု ပြောမည်ဆိုပါက၊ ယင်းသည်လည်း လက်တွေ့ကျနေမည်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ ရှိနေကြောင်းကို ပြသနေပေလိမ့်မည်။ အကယ်၍ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့အတွင်း၌ အစဉ်အမြဲ အလုပ်လုပ်နေသည်ဟု သူတို့ပြောပြီး၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို တစ်ချိန်လုံး ခံစားနေရသည်ဟု သူတို့ပြောကာ၊ အချိန်တိုင်းတွင် အသစ်သော အသိပညာရရှိသည်ဟု ပြောမည်ဆိုပါက၊ ဤသည်မှာ ပုံမှန်မဟုတ်ချေ။ ဤသည်မှာ အလွန့်အလွန် သဘာဝလွန်သောအရာဖြစ်သည်။ ယင်းသို့သောလူများသည် ဆိုးညစ်သော ဝိညာဉ်များ ဖြစ်ကြသည်မှာ သံသယဖြစ်စရာ မလိုချေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည်ပင်လျှင် လူ့ဇာတိထဲသို့ ဆင်းကြွလာသောအခါတွင် သူစားသောက်ရမည့် အချိန်များနှင့် အနားယူရမည့် အချိန်များ ရှိပေသည်၊ လူသားကို မဆိုနှင့်ဦးတော့။ နတ်ဆိုးစွဲသောသူများသည် စိတ်ခံစားမှုနှင့် ဇာတိပကတိ၏ အားနည်းချက်တို့ မရှိသည့်ပုံပေါက်လေသည်။ ၎င်းတို့သည် အရာခပ်သိမ်းကို စွန့်ပစ်ရန် တတ်စွမ်းနိုင်ပြီး၊ ၎င်းတို့သည် ညှဉ်းဆဲခြင်းကို ကြံ့ကြံ့ခံခြင်းငှာ တတ်စွမ်းနိုင်ပြီးလျှင်၊ မောပန်းနွမ်းနယ်ခြင်းကို စိုးစဉ်းမျှပင် မခံစားရဘဲရှိသည်မှာ ၎င်းတို့သည် ဇာတိပကတိကို လွန်မြောက်သွားသည့်အလားပင် ဖြစ်သည်။ ဤသည်မှာ အလွန့်အလွန်မှပင် သဘာဝလွန်သောအရာ ဖြစ်သည်မဟုတ်လော။ နတ်ဆိုး၏ အလုပ်သည် သဘာဝလွန်ဖြစ်ပြီး ဤအရာများကို လူသားမှ ကြိုးပမ်းရရှိနိုင်ခြင်း မရှိချေ။ ထိုးထွင်းသိမြင်မှုကင်းမဲ့သောသူများကမူ ယင်းသို့သောလူများကို မြင်သည့်အခါ အားကျကြကာ၊ ထိုသူတို့သည် ဘုရားသခင်အား ယုံကြည်ခြင်း၌ ထိုသို့သောအားမာန်ရှိပြီး သူတို့တွင် ကြီးမားသောယုံကြည်မှုရှိသဖြင့် သူတို့သည် မည်သည့်အခါမျှ အားနည်းခြင်းမရှိကြပါဟု ပြောဆိုကြသည်။ စင်စစ်တွင်မူ ဤသည်မှာ နတ်ဆိုးအလုပ်၏ သရုပ်သကန်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သာမန်လူတို့တွင် မလွဲဧကန်ပင် လူသား၏ အားနည်းချက်များ ရှိကြသောကြောင့် ဖြစ်သည်၊ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် ရှိသောသူများ၏ ပုံမှန်အခြေအနေ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၄)” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

နတ်ဆိုးများ၏ အလုပ်နှင့်ဆိုင်သည့် အသိသာဆုံး သွင်ပြင်လက္ခဏာမှာ သဘာဝလွန်ဖြစ်ခြင်း၊ နတ်ဆိုးများပြောသော စကားလုံးများ၊ သို့မဟုတ် လူများကိုလုပ်ရန်စေခိုင်းသော အရာများသည် ပုံမှန်မဟုတ်၊ ယုတ္တိမရှိသည့်အပြင် သာမန်လူ့သဘာဝနှင့် လူသားဆက်ဆံရေး၏ အခြေခံ ကိုယ်ကျင့်တရားများကိုပင် အယုံအကြည်မဲ့စေခြင်းဖြစ်သည်၊ ထို့ပြင် ၎င်းတို့သည် လူများကို လှည့်ဖြားခြင်း၊ နှောင့်ယှက်ခြင်းနှင့် ဖျက်ဆီးခြင်းမှလွဲ၍ အခြားမည်သည့်အရာကိုမျှ ပြုရန်ရည်ရွယ်ချက် မရှိခြင်းဖြစ်သည်။ နတ်ဆိုးများ လူတို့ကို ပိုင်ဆိုင်သည့်အခါ အချို့သည် အလွန်ကြောက်ရွံ့ကြသည်၊ အချို့မှာ ပုံမှန်မဟုတ်ဘဲ ဖြစ်လာသည်၊ အခြားသူများမှာမူ မိန်းမောတွေဝေကြပြီး၊ အခြားသောသူများမှာ ၎င်းတို့ကို အလွန်စိုးရိမ်ကြောင့်ကြနေပြီး ငြိမ်ငြိမ်ထိုင်၍မရဖြစ်သည်ကို တွေ့ကြရသည်။ မည်သည့်နှုန်းဖြင့်မဆို နတ်ဆိုးများသည် လူများကို ပိုင်ဆိုင်သည့်အခါ ၎င်းတို့ပြောင်းလဲသွားသည်၊ လူသားလည်းမဟုတ် မကောင်းဆိုးဝါးလည်း မဟုတ်သော အနေအထား ဖြစ်လာပြီး ၎င်းတို့၏ သာမန်လူ့သဘာဝ ပျောက်ဆုံးသွားသည်။ ဤသည်မှာ နတ်ဆိုးများ၏ အနှစ်သာရသည် ဆိုးယုတ်ပြီး အကျည်းတန်ကြောင်း၊ ယင်းသည် စာတန်၏ အနှစ်သာရ အတိအကျပင်ဖြစ်ကြောင်း သက်သေပြရန် လုံလောက်သည်။ နတ်ဆိုးများသည် လူများကို ၎င်းတို့အား စက်ဆုပ်ရွံ့ရှာစေပြီး အထင်အမြင်သေးစေသည်၊ ထို့အပြင် လူများအတွက် မည်သည့်အကျိုးကျေးဇူး၊ သို့မဟုတ် မည်သည့်အကူအညီမျှ လုံးဝမရှိပါ။ စာတန်နှင့် နတ်ဆိုးအမျိုးအစားအားလုံးတို့ လုပ်နိုင်စွမ်းရှိသည့် တစ်ခုတည်းသောအရာမှာ လူများကို ဖျက်ဆီးခြင်း၊ ထိခိုက်နစ်နာစေခြင်းနှင့် မျိုချခြင်းပင် ဖြစ်သည်။

နတ်ဆိုးများ၏အလုပ် ရှိထားသောသူများ၏ (မကောင်းဆိုးဝါးများ ပူးသောသူများ) အဓိက သရုပ်သကန်များမှာ-

ပထမတစ်မျိုးမှာ နတ်ဆိုးများသည် လူများကို ဤအရာ ထိုအရာများ လုပ်ရန်ပြောခြင်း၊ သို့မဟုတ် တစ်စုံတစ်ယောက်ကို တစ်စုံတစ်ခုပြောခြင်း၊ သို့မဟုတ် မမှန်ကန်သော ပရောဖက်ပြုချက်များကိုပြောရန် လူများကို ညွှန်ကြားခြင်းတို့ ဖြစ်သည်။

ဒုတိယတစ်မျိုးမှာ လူများသည် ဆုတောင်းရာတွင် မည်သူမျှ နားမလည်သော၊ ပြောသောသူများ ကိုယ်တိုင်ပင်လျှင် နားမလည်သော “အခြားသော ဘာသာစကားများ” ပြောဆိုခြင်းဖြစ်သည်။ ထိုသို့ပြောဆိုသောသူအချို့သည် ၎င်းတို့ကိုယ်တိုင် “အခြားသော ဘာသာစကားများကို ဘာသာပင်ပြန်” နိုင်ကြသည်။

တတိယတစ်မျိုးမှာ ဤအခိုက်အတန့်တွင် ဤလမ်းကို နတ်ဆိုးများ၏ လမ်းညွှန်မှုကို ခံနေရပြီး၊ နောက်အခိုက်အတန့်တွင် ထိုလမ်း၏ လမ်းညွှန်မှုကို ခံရကာ အတောမသတ်သည့် စိုးရိမ်ပူပန်မှုပုံစံဖြင့် ကြီးမားသည့် ဗျာဒိတ်တော်များကို မကြာခဏ၊ ကြိမ်ဖန်များစွာ ရရှိသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

စတုတ္ထတစ်မျိုးမှာ နတ်ဆိုးများ၏အလုပ် ရှိထားသောသူများသည် ဤအရာ၊ သို့မဟုတ် ထိုအရာကို အရေးတကြီး လုပ်လိုကြခြင်း၊ စောင့်စားရန် နည်းနည်းမျှ စိတ်မရှည်ဖြစ်ကြခြင်းဖြစ်သည်၊ ၎င်းတို့သည် အခြေအနေက ခွင့်ပြုမပြုကို မစဉ်းစားကြပေ၊ ညသန်းခေါင်တွင်ပင် အပြင်သို့ ထွက်ပြေးကြပြီး ၎င်းတို့၏ အပြုအမူသည် အထူးသဖြင့် ပုံမှန်မဟုတ်ကြပေ။

ပဉ္စမတစ်မျိုးမှာ နတ်ဆိုးများ၏အလုပ် ရှိထားသောလူများသည် လွန်ကဲစွာ မာနထောင်လွှားကြသည်၊ ၎င်းတို့သည် ဆင်ခြင်တုံတရားမဲ့ကြပြီး ၎င်းတို့ပြောသမျှသည် အထက်စီးဆန်ကာ အမိန့်ပေးသည့် အနေအထားမှ လာကြသည်။ ၎င်းတို့သည် လူများကို ဆုံးရှုံးစေသည်၊ မကောင်းဆိုးဝါးများကဲ့သို့ လူများကို အတင်းအကြပ် စေခိုင်းတတ်သည်။

ဆဌမတစ်မျိုးမှာ နတ်ဆိုးများ၏အလုပ် ရှိထားသောသူများသည် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့၍ မရနိုင်ကြပေ၊ ဘုရားသခင်၏ အမှုကို အာရုံထားရန်မှာ ပို၍ပင် မတတ်နိုင်ကြချေ။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး ထင်ရာစိုင်း ပြုမူကြသည်၊ အသင်းတော်၏ ပုံမှန်စနစ်ကျနမှုကို ဖျက်ဆီးရန် ရမ်းကားမှုအမျိုးအစားအားလုံးကို ကျူးလွန်သောသူများ ဖြစ်ကြသည်။

သတ္တမတစ်မျိုးမှာ နတ်ဆိုးများ၏အလုပ် ရှိထားသောသူတစ်ဦးသည် သူ့ကိုယ်သူ အကြောင်းမရှိဘဲ အခြားသူတစ်ယောက်အဖြစ် ဟန်ဆောင်သည်၊ သို့မဟုတ် သူ့ကို တစ်စုံတစ်ယောက်က စေလွှတ်သည်ဟု ပြောဆိုတတ်ပြီး သူ့ကို နားထောင်ရမည်ဟု လူတို့အားဆိုသည့် လူစားမျိုးဖြစ်သည်။ မည်သည့်နေရာက သူလာသည်ကို မည်သူကမျှ မဖော်ထုတ်နိုင်။

အဌမတစ်မျိုးမှာ နတ်ဆိုးများ၏အလုပ် ရှိထားသောသူများသည် အများအားဖြင့် သာမန်အသိစိတ် မရှိ၊ သို့မဟုတ် မည်သည့်သမ္မာတရားကိုမျှ ၎င်းတို့နားမလည်ကြချေ။ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ခံယူရန် မည်သည့်အရည်အသွေးကိုမျှ ပိုင်ဆိုင်ခြင်းမရှိဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းကိုလည်း မရရှိသည့်အပြင်၊ လူအများမြင်သည်မှာ ထိုလူများသည် အမှုအရာများကို လက်ခံရာတွင် ထူးခြားစွာ အဓိပ္ပာယ်မဲ့ပြီး အနိမ့်ဆုံး မှန်ကန်မှုမျှပင် မရှိသောသူများဖြစ်သည်။

နဝမတစ်မျိုးမှာ နတ်ဆိုးများ၏အလုပ် ရှိထားသောသူများအနေဖြင့် အလုပ်လုပ်နေစဉ် အခြားသူများကို တရားဟောရန် အထူးသဖြင့် အာရုံစိုက်ကြသည်၊ ၎င်းတို့သည် လွန်ကဲစွာ အစဉ်အမြဲ ပြုမူတတ်ပြီး ပျက်စီးခြင်းနှင့် နှောင့်ယှက်ခြင်းများကို အစဉ်အမြဲ ဖြစ်စေသော လူများဖြစ်သည်။ ၎င်းတို့လုပ်သမျှ၊ ပြောသမျှသည် အခြားသူများကို တိုက်ခိုက်ခြင်း၊ ချည်နှောင်ခြင်းနှင့် ဖျက်ဆီးခြင်းတို့ဖြစ်ပြီး ၎င်းတို့သည် လူများအနေဖြင့် မိမိတို့ကိုယ်မိမိ ပြန်လည်မတင်ခြင်းငှာ မတတ်နိုင်တော့စေရန် လူတို့၏ဆုံးဖြတ်ချက်ကို ချိုးဖျက်ပြီး အပျက်သဘောဆောင်စေသည့်အထိ ပြုတတ်ကြသည်။ ၎င်းတို့သည် မကောင်းဆိုးဝါးများသက်သက်သာ ဖြစ်ကြသည်၊ အခြားသူများကို ထိခိုက်စေသည်၊ အခြားသူများကို ကစားပြီး ဝါးမျိုကြသည်၊ ထို့အပြင် ၎င်းတို့သည် ၎င်းတို့၏ ပုံစံကိုရလျှင် တိတ်တဆိတ် ပျော်ရွှင်ကြသည်။ ဤသည်မှာ နတ်ဆိုးများ၏ အလုပ်နှင့်ဆိုင်သော ပင်မရည်ရွယ်ချက် ဖြစ်သည်။

ဒဿမတစ်မျိုးမှာ နတ်ဆိုးများ၏အလုပ် ရှိထားသောသူများသည် လုံးဝ ပုံမှန်မဟုတ်သော အသက်တာဖြင့် နေထိုင်ကြသည်။ ၎င်းတို့၏ မျက်လုံးသည် လူသတ်လိုသော အရိပ်အရောင်များ စိမ့်ထွက်နေပြီး ၎င်းတို့ပြောသော စကားများသည်လည်း မကောင်းဆိုးဝါးတစ်ကောင် ကမ္ဘာမြေပေါ် ဆင်းသက်လာသကဲ့သို့ အလွန်အမင်း ထိတ်လန့်စက်ဆုပ်ဖွယ်ဖြစ်သည်။ ဤသို့သော လူပုဂ္ဂိုလ်၏ ဘဝထဲတွင် ငြိမ်ဝပ်ခြင်းမရှိ၊ ၎င်းတို့သည် အလွန်မတည်မငြိမ်ဖြစ်ကာ လေ့ကျင့်သင်ကြားပေးထားခြင်း မရှိသေးသော တောရိုင်းတိရစ္ဆာန်တစ်ကောင်ကဲ့သို့ ခန့်မှန်းရခက်ခဲသည်။ ၎င်းတို့သည် အခြားသူများကို အလွန်အမင်းရွံ့ရှာပြီး မုန်းတီးသည်။ ဤသည်မှာ မကောင်းဆိုးဝါများ၏ ချည်နှောင်ခြင်းကို ခံထားရသောသူ၏ ပုံစံအတိအကျ ဖြစ်သည်။

အထက်ပါဆယ်မျိုးမှာ နတ်ဆိုးများ၏ အလုပ်နှင့်ဆိုင်သော အဓိကဖော်ပြချက်များဖြစ်သည်။ ဤဖော်ပြချက်ဆယ်မျိုးထဲမှ တစ်ခုခုကို ဖော်ပြသည့် ပုဂ္ဂိုလ်တစ်စုံတစ်ဦးထံ၌ နတ်ဆိုးများ၏အလုပ် သေချာပေါက် ရှိသည်။ တိတိကျကျဆိုရလျှင်၊ အထက်ဖော်ပြပါ နတ်ဆိုးများ၏ အလုပ်ဖော်ပြချက်များ ရှိသောသူအားလုံးသည် ၎င်းတို့၌ မည်သည့်အမျိုးအစား ရှိသည်ဖြစ်စေ နတ်ဆိုးများ၏ အလုပ်ရှိသောလူများ ဖြစ်သည်။ နတ်ဆိုးများ၏ အလုပ်ရှိသော လူပုဂ္ဂိုလ်တစ်ဦးသည် သန့်ရှင်းသောဝိညာဉ်တော် အမှုပြုလျက်ရှိပြီး သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့နိုင်သော လူများကို မုန်းတီးကာ ထိုသူများနှင့် ဝေးဝေးနေလေ့ရှိသည်။ မကြာခဏပင် တစ်ဦးတစ်ယောက်သည် ပိုကောင်းလေ၊ သူသည် ထိုသူများကို ပိုမို၍ တိုက်ခိုက်၊ ရှုတ်ချလိုလေ ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ပို၍ မိုက်မဲလေ၊ သူသည် မျက်နှာလိုမျက်နှာရလုပ်ကာ မြှောက်ပင့်ရန် ကြိုးပမ်းလေဖြစ်ပြီး အထူးသဖြင့် ၎င်းတို့နှင့် အဆက်အသွယ်ရလိုကြသည်။ နတ်ဆိုးများ အလုပ်လုပ်သောအခါ၊ ၎င်းတို့အနေဖြင့် အပြုသဘောဆောင်သောအရာသည် အပျက်သဘောဆောင်ပြီး၊ အပျက်သဘောဆောင်သောအရာသည် အပြုသဘောဆောင်သည်ဟု ပြောကြကာ၊ သမ္မာတရားကို အစဉ်အမြဲ မမှန်ကန်မှုဖြင့် ရှုပ်ထွေးစေသည်။ ဤသည်မှာ နတ်ဆိုးများ၏ လုပ်ရပ်များ ဧကန်အမှန်ပင် ဖြစ်သည်။

အနန္တတန်ခိုးရှင်အသင်းတော် အလုပ်အစီအစဉ်များ၏ လက်ရွေးစင် နှစ်အလိုက်မှတ်တမ်း တွင်ပါဝင်သော “အသင်းတော်များအားလုံး အရေးပေါ် ဖြေရှင်းရမည့် ပြဿနာများ ၁၂ ခု” မှ

မည်သည့်ဝိညာဉ်မဆို သူ၏အလုပ်သည် သဘာဝလွန်ဖြစ်သော သွင်ပြင်လက္ခဏာရှိလျှင် နတ်ဆိုးတစ်ကောင်ဖြစ်ပြီး၊ လူများထဲ၌ လုပ်ဆောင်သည့် ဝိညာဉ်တစ်ခုခု၏ သဘာဝလွန်အလုပ်နှင့် မိန့်မြွက်ချက်များသည် နတ်ဆိုးတစ်ကောင်၏ အလုပ်ဖြစ်သည်။ နတ်ဆိုးများ အလုပ်လုပ်သည့် နည်းလမ်းများ အားလုံးသည် ပုံမှန်မဟုတ်ဘဲ သဘာဝလွန်ဖြစ်ပြီး အောက်ပါနည်းလမ်းခြောက်မျိုးအားဖြင့် အဓိက ပေါ်လွင်သည်-

၁။ လူများ၏ ပြောဆိုမှုများကို တိုက်ရိုက်ထိန်းချုပ်ခြင်း ဖြစ်သည်၊ ယင်းမှာ လူများသည် ၎င်းတို့ကိုယ်တိုင် ပုံမှန်စကားပြောနေခြင်း မဟုတ်ဘဲ နတ်ဆိုးက စကားပြောနေခြင်း ဖြစ်ကြောင်းကို ထင်ရှားစွာ ပြသသည်။

၂။ နတ်ဆိုးက လူများကို လမ်းညွှန်ပြီး ၎င်းတို့ကို ဤအရာ ထိုအရာ လုပ်ရန် ခိုင်းစေနေသည့် ခံစားချက်။

၃။ အခန်းထဲတွင် ရှိနေသောအခါ တစ်ယောက်ယောက် လာတော့မည်ကို ပြောနိုင်သောသူများ။

၄။ အခြားသူများ မကြားနိုင်သော သူတို့အား ပြောနေသည့် အသံများကို မကြာခဏ ကြားရသောလူများ။

၅။ အခြားသူများ မမြင်မကြားနိုင်သော အရာများကို မြင်နိုင်၊ ကြားနိုင်သောလူများ။

၆။ အစဉ်အမြဲ စိတ်တုန်လှုပ်နေသူ၊ ၎င်းတို့ကိုယ်ကို စကားပြောသူ၊ လူများနှင့် ပုံမှန်စကားမပြောနိုင်သူ၊ သို့မဟုတ် အပြန်အလှန် မဆက်သွယ်နိုင်သောလူများ။

နတ်ဆိုးဝင်ရောက် အလုပ်လုပ်နေသူများ အားလုံးတွင် ဤသွင်ပြင်လက္ခဏာခြောက်ခု ဧကန်ရှိနေသည်။ ၎င်းတို့သည် အကျိုးအကြောင်း မဆီလျော်သော၊ သဲထိတ်ရင်ဖို ဖြစ်နေသော၊ လူများနှင့် ပုံမှန် အပြန်အလှန်ဆက်ဆံမှု မပြုလုပ်နိုင်သောသူများ ဖြစ်သည်။ ၎င်းတို့သည် အကြောင်းပြချက်ကို လိုလိုလားလား လက်မခံသကဲ့သို့ ဖြစ်ကြပြီး ၎င်းတို့နှင့်ပတ်သက်ပါက အဆက်ပြတ်နေပြီး ဝိညာဉ်လောကနှင့် စပ်ဆိုင်နေသော အရာတစ်စုံတစ်ခု ရှိနေတတ်သည်။ ထိုသို့သော လူများမှာ နတ်ဆိုးတစ်ကောင်၏ ဝင်ပူးခြင်း ခံထားရသည်၊ သို့မဟုတ် နတ်ဆိုးသည် ၎င်းတို့အတွင်း အလုပ်လုပ်နေသည်၊ ထို့အပြင် နတ်ဆိုးများ၏ အလုပ်အလုံးစုံမှာ သိသာထင်ရှားပြီး သဘာဝလွန်ဖြစ်သည်။ ယင်းသည် အလွယ်ကူဆုံး ခွဲခြားသိမြင်နိုင်သော နတ်ဆိုးများ၏အလုပ် ဖြစ်သည်။ တစ်စုံတစ်ယောက်ကို နတ်ဆိုးဝင်ပူးသည့်အခါ ယင်းသည် ၎င်းတို့ကို အလုံးစုံ ရှုပ်ထွေးသွားစေရန် ကစားသည်။ ၎င်းတို့မှာ ကျိုးကြောင်းဆင်ခြင်မှု မရှိသူ၊ သွေးစုပ်ဖုတ်ကောင်ကဲ့သို့ ဖြစ်လာကြသည်၊ ဤအရာမှာ အနှစ်သာရအားဖြင့် နတ်ဆိုးများသည် ကောက်ကျစ်စဉ်းလဲသော ဝိညာဉ်များဖြစ်ကြပြီး လူများကို ဖျက်ဆီးကာ ဝါးမျိုကြောင်းကို သက်သေပြသည်။ နတ်ဆိုးများ၏ မိန့်မြွက်ချက်များကို အလွယ်တကူ ခွဲခြားသိမြင်နိုင်သည်။ ၎င်းတို့၏ မိန့်မြွက်ချက်များသည် ၎င်းတို့၏ ကောက်ကျစ်စဉ်းလဲသော အနှစ်သာရကို အပြည့်အဝ စံနမူနာဖြစ်စေသည်။ ၎င်းတို့မှာ ရပ်တန့်နေသည်၊ နောက်ကျိပြီး နံစော်သည်။ ၎င်းတို့သည် သေခြင်းတရားအနံ့များ စိမ့်ထွက်နေသည်။ အစွမ်းအစကောင်းရှိသော လူများအတွက် နတ်ဆိုးများ၏ စကားလုံးများသည် အနှစ်မပါသည့်အပြင် စိတ်ဝင်စားဖွယ် မကောင်းပေ၊ တည်ဆောက်စရာလည်း မဖြစ်စေဘဲ၊ မုသားများနှင့် အချည်းနှီးသော စကားများသာဖြစ်သည်။ ၎င်းတို့သည် အဓိပ္ပာယ်မဲ့အရာများတစ်ပုံတစ်ခေါင်းကဲ့သို့ ကမောက်ကမဖြစ်၍ သပွတ်အူလိုက်သလို ခံစားရသည်။ ယင်းမှာ နတ်ဆိုးများ၏ အဓိပ္ပာယ်မဲ့ခြင်းထဲမှ အလွယ်ကူဆုံး ခွဲခြားသိမြင်နိုင်သော အရာအချို့ဖြစ်သည်။ လူများကို ညှို့ယူဖမ်းစားရန်အတွက် ပိုမိုအဆင့်မြင့်သော နတ်ဆိုးအချို့သည် ၎င်းတို့စကားပြောသည့်အခါ ဘုရားသခင်၊ သို့မဟုတ် ခရစ်တော်အဖြစ် ဟန်ဆောင်ကြသည်၊ အချို့က ကောင်းကင်တမန်များ၊ သို့မဟုတ် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များအဖြစ် ဟန်ဆောင်ကြသည်။ ၎င်းတို့စကားပြောသောအခါ ဤနတ်ဆိုးများသည် ဘုရားသခင်၏ အချို့သော နှုတ်ကပတ်တော်များ၊ သို့မဟုတ် စကားစုများကို သို့မဟုတ် ဘုရားသခင်၏ လေသံကို အတုခိုးတတ်ကြသည်၊ သမ္မာတရားကို နားမလည်သော လူတို့သည် ထိုသို့သော အဆင့်မြင့်သည့် နတ်ဆိုးများ၏ လှည့်ဖြားခြင်းကို အလွယ်တကူ ခံကြရသည်။ ဘုရားသခင်၏ ရွေးကောက်ခြင်းကို ခံရသောသူများသည် ရှင်းရှင်းလင်းလင်း သိထားရမည်မှာ၊ အနှစ်သာရအားဖြင့် နတ်ဆိုးများသည် ကောက်ကျစ်စဉ်းလဲသည်၊ အရှက်ကင်းမဲ့သည်၊ ထို့အပြင် ၎င်းတို့သည် အဆင့်မြင့်သော နတ်ဆိုးများ ဖြစ်သည့်တိုင်အောင် ၎င်းတို့သည် သမ္မာတရားနှင့် လုံးဝကင်းမဲ့ကြသည်။ အဆုံးတွင် နတ်ဆိုးများမှာ နတ်ဆိုးများပင် ဖြစ်သည်၊ နတ်ဆိုးများ၏ အနှစ်သာရသည် ကောက်ကျစ်စဉ်းလဲပြီး စာတန်နှင့် အတူတူပင် ဖြစ်သည်။

အနန္တတန်ခိုးရှင်အသင်းတော် အလုပ်အစီအစဉ်များ၏ လက်ရွေးစင် နှစ်အလိုက်မှတ်တမ်းတွင်ပါဝင်သော “နတ်ဆိုးများ၊ ခရစ်တော်အယောင် ဆောင်သူများနှင့် အန္တိခရစ်များ၏ မာရ်နတ်နှင့်ဆိုင်သော စကားများနှင့် အတွေးမှားများကို ပိုင်းခြားသိမြင်ပုံ” မှ

ယခင်က:သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မည်သို့ ရရှိနိုင်ပါသနည်း။

နောက်တစ်ခုသို့:သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နှင့် နတ်ဆိုးများ၏ လုပ်ဆောင်ချက်တို့ကြား ခြားနားချက်များမှာ အဘယ်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ