အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၄၉။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်

ဖန်ရှင်း၊ ဟေနန် ပြည်နယ်

လွန်ခဲ့သည့် အချိန်အနည်းငယ်က၊ ညီအစ်မ တစ်ဦးနှင့် ကျွန်မသည် ကျွန်မတို့၏ တာဝန်များကို အတူတကွ ဆောင်ရွက်ခဲ့ချိန်တွင်၊ ကျွန်မ၏ စိတ်နှလုံးတွင် အမြဲ သိမ်းထားခဲ့ပြီး သူမနှင့် ပွင့်ပွင့်လင်းလင်း မဆွေးနွေးဖြစ်ခဲ့သည့် သူမကို အမြင်စောင်းမှုတစ်ချို့ ဖြစ်ပေါ်ခဲ့သည်။ ကျွန်မတို့ လမ်းခွဲသွားကြသည့်အခါ၊ သင့်မြတ်သော ပူးပေါင်းလုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် သမ္မာတရားထဲသို့ ကျွန်မ မဝင်ခဲ့ရသေးပါ။ နောက်ပိုင်းတွင်၊ အသင်းတော်က အစ်မ ဝမ်နှင့်အတူ အလုပ်လုပ်ဖို့ ကျွန်မကို စီစဉ်ခဲ့ပြီး ဘုရားသခင်ရှေ့တွင် စိတ်ဆုံးဖြတ်ချက်တစ်ခု ကျွန်မချခဲ့သည်။ ခုချိန်ကစပြီး၊ ကျရှုံးခြင်း လမ်းကြောင်းကို ငါ မလျှောက်တော့ဘူး။ ငါ သင်ခန်းစာ ရခဲ့ပြီးပြီ၊ ဒီတော့ ဒီတစ်ခါ ဒီအစ်မနဲ့ ငါ သေချာပေါက် ပိုပွင့်လင်းတဲ့ ဆက်ဆံမှုရှိပြီး၊ သင့်မြတ်တဲ့ ပူးပေါင်းလုပ်ဆောင်မှုကို ငါရမှာပါ။

ကျွန်မတို့၏ တာဝန်များကို ကျွန်မတို့ အတူတကွ ဆောင်ရွက်ကြသည်နှင့်အညီ ကျွန်မတို့ကြားတွင် သဘောထားကွဲလွဲမှု သို့မဟုတ် သဘောထား ကွာဟချက်တစ်ခု ရှိသည့်အခါတိုင်း၊ အစ်မနှင့် မိတ်သဟာယပြုဖို့ ကျွန်မ လက်ဦးမှုယူပြီး လှိုက်လှိုက်လှဲလှဲ ကျွန်မ စကားပြောခဲ့ပြီး၊ မည်သည့်အရာကို ကျွန်မ မလျော်မကန် ဆောင်ရွက်နေမိခဲ့သည်ကို သူမထံ ကျွန်မ မေးခဲ့သည်။ ထို့နောက် သူမက ကျွန်မ အလွန် မာနထောင်လွှားခဲ့ပြီး၊ စိတ်ကြီးဝင်ခဲ့သည်၊ ပြီးလျှင် ကျွန်မတို့၏ ဆွေးနွေးမှုများနှင့် မိတ်သဟာယတွင် သူ၏ အမြင်များကို ကျွန်မ အမြဲ ငြင်းပယ်ခဲ့သည်ကို ထောက်ပြခဲ့သည်။ တစ်ခါတစ်ရံ သူမ၏ အခြေအနေကို ကျွန်မ ထောက်ပြသည့်အခါ သူမကို ကျွန်မ မမျှမတ သမုတ်ခဲ့သည်၊ တစ်ဖက်သတ် လုပ်ရပ်ကို ကျွန်မ အမြဲလုပ်ဆောင်ခဲ့ခဲ့ပြီး၊ အစည်းအဝေးများအတွင်းတွင် ကျွန်မ၏ ကိုယ်ပိုင် ဆန္ဒများအတိုင်း ဘုရားနှုတ်ကပတ်တော်များကို ကျွန်မ အမြဲရွေးပြီး ဖတ်ရှုခဲ့သည်ဟု သူ ဆိုလေသည်။ ကျွန်မနှင့် ပတ်သက်၍ သူမ ထောက်ပြခဲ့သည့် ဤအရာများအားလုံးကို သဘောတူမှုဖြင့် ကျွန်မ ခေါင်းညိတ်ခဲ့သည်။- “ကျွန်မ မာနထောင်လွှားတယ်လို့ ရှင်ပြောမှတော့၊ ခုချိန်ကစပြီး ပိုနှိမ့်ချတဲ့စိတ်နဲ့ ကျွန်မ စကားပြောပြီး၊ အမြော်အမြင်ရှိရှိ နဲ့ ပါးပါးနပ်နပ် စကားပြောတာကို အထူးအာရုံစိုက်ပါ့မယ်။ ရှင့်မှာရှိတဲ့ ပြဿနာတစ်ခုခုကို ကျွန်မ တွေ့ရင်၊ အဲဒါတွေကို ပြောတဲ့အခါ လျော့ပေါ့ဖို့ ကျွန်မ ကြိုးပမ်းမယ်။ အဲဒါတွေကို ရှင် သတိမပြုမိတဲ့အခါ၊ အဲဒါတွေအကြောင်းကို ကျွန်မ နောက်ထပ် မပြောတော့ပါဘူး။ အစည်းအဝေးအတွင်းမှာ၊ ရှင်ဖတ်ချင်တဲ့ ဘုရားရဲ့ ဘယ်နှုတ်ကပတ်တော်တွေကိုမဆို ကျွန်မ ဖတ်မယ်၊ ပြီးတော့ ရှင်ပြောသမျှကို ကျွန်မ နားထောင်ပါ့မယ်။ ဒါက ပြဿနာတိုင်းကို ဖြေရှင်းပေးမယ်မဟုတ်လား” ဟု ကျွန်မတွေးမိခဲ့သည်။ ထို့နောက်တွင်၊ ဤအရာကို ကျွန်မ စတင် လက်တွေ့လုပ်ဆောင်ခဲ့သည်။ စကားမပြောမီတွင်၊ သူမ၏ စိတ်ကူးကို အချည်းနှီးဖြစ်စေခြင်းအား မည်သို့ ရှောင်လွဲရမည်အကြောင်းကို ကျွန်မ စဉ်းစားခဲ့သည်။ ကျွန်မတို့၏ ရှုထောင့်အမြင်များ ကိုက်ညီသည့်အခါ၊ သူမ၏ ရှုထောင့်အမြင်ကို လိုက်လျာပြီး သူမ၏ စိတ်ကူးကို ဆောင်ရွက်ခဲ့သည်။ သူမ အမှားလုပ်ဆောင်နေသည့် အရာတစ်ခုကို ကျွန်မ တွေ့သည့်အခါ၊ ယင်းကို သူမထံ ရှင်းရှင်းလင်းလင်း မထောက်ပြခဲ့ပါ။ သို့သော် ဤနည်းဖြင့် ပြုမူသည့် အချိန်ကာလတစ်ခုကြာပြီးနောက်တွင်၊ “ဇာတိပကတိကို စွန့်လွှတ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပါ” ဟူသည့် ကျွန်မ၏ အတွေးအမြင်စနစ်က ကျွန်မတို့၏ ဆက်ဆံရေးကို လုံးဝ မပြောင်းလဲစေခဲ့သည်ကို ကျွန်မ နားလည်လိုက်ရသည်။ ထို့ထက်၊ ယင်းက သူ့ကို ဆန့်ကျင်သည့် ကျွန်မ၏ အမြင်စောင်းမှုများကို အားပေးခဲ့လေသည်။ ဤရလဒ်များကို မြင်ရခြင်းဖြင့်၊ ကျွန်မ စိတ်ပျက်ခဲ့ရသည်။ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ အကောင်းဆုံး ငါ ကြိုးစားပြီးပြီ၊ ဒီတော့ အဲဒါက ဘာလို့ အလုပ်မဖြစ်ရတာလဲ။ ဒီအစ်မနဲ့ အဆင်ပြေပြေနေဖို့ မလွယ်ဘူး၊ သူက လုံးဝကို ယုတ္တိမတန်ဘူး” ဟု ကျွန်မ တွေးခဲ့သည်။ ထို့ကြောင့်၊ စစ်ဆေးခြင်းတွင် ကျွန်မ ပိတ်မိခဲ့ပြီး၊ ကျွန်မ၏ စိတ်နှလုံးက အလွန်အမင်း နာကျင်လာခဲ့သည်။

တစ်နေ့တွင် ကျွန်မတို့၏ အလုပ်ကို နားလည်မှုရရှိရန် နှင့် ထိုအချိန်ကာလတစ်လျှောက် ကျွန်မတို့၏ အခြေအနေများ မည်သို့ ဖြစ်ခဲ့သည်ကို မေးရန် ကျွန်မတို့၏ ခေါင်းဆောင်က အလည်အပတ်လာခဲ့လေသည်။ ထို့နောက် ကျွန်မ၏ အခြေအနေနှင့် ပတ်သက်၍ မိတ်သဟာယ ကျွန်မ ဝေမျှခဲ့သည်။ နားထောင်ပြီးသည့်နောက်၊ ခေါင်းဆောင်က၊ “ခင်ဗျားရဲ့ ဒီနည်းစနစ်က သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာ မဟုတ်ဘူး။ အတွင်းမှာ ခင်ဗျားက မသန့်စင်ဘူးလေ။ ခင်ဗျားက ဒါကို ခင်ဗျားရဲ့ ကိုယ်ပိုင် ရည်ရွယ်ချက်တွေအတွက် လုပ်နေတာဖြစ်ပြီး၊ သမ္မာတရားနဲ့အညီ လုပ်ဆောင်နေတာ မဟုတ်ဘူး” ဟု ပြောခဲ့သည်။ ဤအရာပြီးနောက်၊ ဘုရားနှုတ်ကပတ်တော်များနှင့်ဆိုင်သည့် စာနှစ်ပိုဒ်ကို ကျွန်မတို့ ဖတ်ခဲ့ကြသည်။ “အပြင်ပန်းတွင် သင်သည် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်နေသကဲ့သို့ ထင်ရသော်လည်း လက်တွေ့တွင် သင်သည် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်နေကြောင်း သင်၏ လုပ်ဆောင်ချက်များ၏ သဘောသဘာဝက ညွှန်ပြခြင်း မရှိပေ။ တိကျသော အပြင်ပန်းအပြုအမူများ ရှိလျှင်ရှိချင်း များစွာသောသူများက ‘ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်များကို ကျေပွန်အောင်လုပ်ဆောင်နေခြင်း မရှိသလော။ ကျွန်ုပ်သည် ကျွန်ုပ်၏ မိသားစုနှင့် အလုပ်ကို ပစ်ပယ်ခဲ့သည် မဟုတ်သလော။ ကျွန်ုပ်၏ တာဝန်များကို ကျေပွန်အောင်လုပ်ဆောင်ခြင်းဖြင့် သမ္မာတရားကို ကျွန်ုပ် လက်တွေ့ကျင့်ဆောင်နေသည် မဟုတ်သလော’ ဟူ၍ ယုံကြည်ကြသည်။ သို့သော်လည်း သင်သည် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ကြောင်း ဘုရားသခင် အသိအမှတ်မပြုပေ။ ကိုယ်ရေးကိုယ်တာ အကြောင်းရင်းများနှင့် ရည်မှန်းချက်များဖြင့် စွန်းထင်းသော လုပ်ဆောင်ချက်များရှိသည့် သူအားလုံးသည် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်နေခြင်း မဟုတ်ပေ။ အတိအကျဆိုပါက ဤကဲ့သို့သော အပြုအမူမျိုးသည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကို ခံကောင်းခံရမည်၊ ယင်းသည် သူ၏ ချီးမွမ်းခြင်း သို့မဟုတ် အောက်မေ့ခြင်းကို ခံရမည် မဟုတ်ပေ။ ဤအရာကို ဆက်လက်၍ ခွဲစိတ်လေ့လာပါက သင်သည် မကောင်းမှုကို ပြုလျက်နေပြီး သင်၏အပြုအမူသည် ဘုရားသခင်ကို ဆန့်ကျင်လျက်ရှိ၏။ အပြင်ပန်းတွင် သင် ပြုနေသော အရာများမှာ သမ္မာတရားနှင့်ကိုက်ညီသကဲ့သို့ ထင်ရသည်၊ သင်သည် တစ်စုံတစ်ရာကို ကြားဖြတ်ခြင်း သို့မဟုတ် အနှောင့်အယှက်ပေးခြင်း မရှိသည့်အပြင် သမ္မာတရား တစ်စုံတစ်ရာကို အမှန်တကယ် ထိခိုက်စေခြင်း သို့မဟုတ် ချိုးဖောက်ခဲ့ဖူးခြင်းမရှိပေ။ ၎င်းသည် ကျိုးကြောင်းဆီလျော်ပြီး သင့်လျော်သည်ဟု ထင်ရသော်လည်း သင်၏ လုပ်ဆောင်ချက်များ၏ အနှစ်သာရသည် မကောင်းမှုပြုခြင်းနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် သက်ဆိုင်လျက်ရှိသည်။ ထို့ကြောင့် သင်သည် သင်၏ စိတ်သဘောထားအတွင်း ပြောင်းလဲမှုတစ်ခု ရှိမရှိနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ သင်၏ လုပ်ဆောင်ချက်များ၏ နောက်ကွယ်မှ ရည်ရွယ်ချက်များကို ကြည့်ခြင်းဖြင့် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်း ရှိမရှိကို ဆုံးဖြတ်သင့်သည်။ ၎င်းမှာ လူသားတို့၏ စကားများ သို့မဟုတ် ထင်မြင်ချက်များအားဖြင့် ဆုံးဖြတ်ခြင်း မဟုတ်ပေ။ အမှန်မှာ သူ၏ အလိုတော်နှင့် သင်ကိုက်ညီမှု ရှိမရှိ၊ သင်၏ လုပ်ဆောင်ချက်များတွင် သမ္မာတရား၏ လက်တွေ့ကျခြင်း ရှိမရှိနှင့် ၎င်းတို့သည် သူ၏ သတ်မှတ်ချက်များ၊ စံနှုန်းများနှင့် ပြည့်မီခြင်း ရှိမရှိ ဘုရားသခင် ပြောသောအရာအပေါ် မူတည်သည်။ သင့်ကိုယ်သင် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် တိုင်းထွာခြင်းသည်သာမျှ မှန်ကန်တိကျ၏။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စိတ်နေသဘောထား သဏ္ဌာန်ပြောင်းလဲခြင်းအကြောင်း သင်သိသင့်သည့်အရာ”) “လူသားတို့၏ အတွေးအခေါ်များသည် လူတို့အတွက် အများအားဖြင့် ကောင်းမွန်၍ မှန်ကန်ပုံရပြီး ၎င်းတို့သည် သမ္မာတရားကို ထိုမျှလောက် ချိုးဖောက်ခြင်း မရှိဟု ထင်ရသည်။ လူတို့က ဤပုံစံအတိုင်း ပြုခြင်းမှာ သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်း ဖြစ်သည်ဟု ထင်ကြသည်၊ ဤပုံစံအတိုင်း ပြုခြင်းမှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း ဖြစ်သည်ဟု ၎င်းတို့က ထင်ကြသည်။ အကယ်စင်စစ် လူတို့မှာ ဘုရားသခင်ကို အမှန်တကယ်ပင် ရှာဖွေနေခြင်း နှင့် ဤအရာအကြောင်းကို ဘုရားသခင်ထံ ဆုတောင်းနေခြင်း မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန်အလို့ငှာ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ကြိုးပမ်း လုပ်ဆောင်ခြင်း မရှိကြပေ။ ၎င်းတို့၌ စစ်မှန်သော ဤအခြေအနေ မရှိကြသည့်အပြင် ၎င်းတို့၌ ယင်းကဲ့သို့ ဆန္ဒတစ်ခု မရှိကြချေ။ ဤသည်မှာ လူတို့၏ လက်တွေ့လုပ်ဆောင်ခြင်း၌ ၎င်းတို့ ပြုကြသော အကြီးဆုံးအမှား ဖြစ်၏။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်သည် သင်၏ စိတ်နှလုံးထဲ၌ မရှိပေ။ ဤအရာမှာ အပြစ်တစ်ခု မဟုတ်ဘဲ အဘယ်သို့ ဖြစ်နိုင်သနည်း။ ဤအရာမှာ သင့်ကိုယ်သင် လိမ်လည်လှည့်ဖြားနေခြင်း မဟုတ်ဘဲ အဘယ်သို့ ဖြစ်နိုင်သနည်း။ ဤပုံစံဖြင့် ယုံကြည်ခြင်း၌ မည်သည့် အကျိုးဆက် ရှိလိမ့်မည်နည်း။ ဘုရားသခင်ကို ယုံကြည်ရာ၌ လက်တွေ့ကျသော အဓိပ္ပာယ်မှာ အဘယ်မှာနည်း။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလိုကို ရှာဖွေခြင်းမှာ သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ရန်အတွက် ဖြစ်၏”) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ နားလည် သဘောပေါက်ခဲ့ပြီး၊ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း” ဟု ခေါ်သည့် ကျွန်မ၏ အခြေအနေနှင့် ယင်းတို့ကို နှိုင်းယှဉ်ခဲ့သည်။ ကျွန်မ၏ စိတ်နှလုံး လင်းလက်သွားခဲ့သည်။ တစ်လျှောက်လုံး၊ ကျွန်မ၏ အစ်မနှင့် သင့်မြတ်စွာ ကျွန်မ ပူးပေါင်းလုပ်ဆောင်ချင်ရာတွင် ကျွန်မ၏ ရည်ရွယ်ချက်မှာ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ လုံးဝ မဟုတ်ခဲ့ဘဲ၊ ကျွန်မ၏ ကိုယ်ပိုင် မာနနှင့် အတ္တတို့ကို ကာကွယ်ဖို့ ဖြစ်ခဲ့ပေသည်။ ကျွန်မ၏ လူသားသဘာဝက အားနည်းချက်ရှိသည်၊ ကျွန်မ သမ္မာတရားကို မလိုက်စားခဲ့သည့်အပြင်၊ မည်သူနှင့်မျှ ကျွန်မ ကောင်းကောင်းမွန်မွန် အလုပ်မလုပ်ခဲ့ဟု ခေါင်းဆောင်ပြောမည်ကို ကျွန်မ စိုးရိမ်ခဲ့သည်။ ထို့အပြင်၊ ယင်းကို ကျွန်မနှင့် ကျွန်မ၏ အစ်မ ဆက်ဆံရေးကို စိုးရိမ်သောက လျော့ပါးစေပြီး၊ သဘောထားကွဲလွဲမှုက ဖြစ်စေသည့် စိတ်အနှောင့်အယှက်ဖြစ်ခြင်းနှင့် နာကျင်မှုတို့မှ လွတ်မြောက်ဖို့ နည်းလမ်းတစ်ခုအဖြစ် ကျွန်မ အသုံးပြုချင်ခဲ့သည်။ ယင်းက အခြားသူများ၏ အမြင်တွင် ကျွန်မ၏ အမည်ကို အဖတ်ဆယ်ပေးလိမ့်မည်ဖြစ်ပြီး၊ ကျွန်မ ပြောင်းလဲပြီးဖြစ်ကြောင်း သူတို့ကို မြင်ခွင့်ပေးလိမ့်မည်ဟု ကျွန်မ ထင်ခဲ့သည်။ ကျွန်မ၏ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း” ဟု ခေါ်သည့်အရာမှာ ကျွန်မ၏ ကိုယ်ပိုင် ရည်ရွယ်ချက်များအတွက် ဖြစ်ခဲ့သည်မှာ ရှင်းပါသည်။ ထိုအရာအားလုံးကို အခြားသူများ ရှေ့တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို စိတ်ကျေနပ်စေရန်အလို့ငှာ သမ္မာတရားကို သိနားလည်ခြင်း နှင့် သမ္မာတရား၏ စစ်မှန်မှုကို အသက်ရှင်နေထိုင်ခြင်း၏ အခြေခံအကြောင်းရင်းအပေါ် မတည်ဆောက် ခဲ့ပါ။ ကျွန်မသည် ကျွန်မ၏ မာနထောင်လွှားပြီး၊ စိတ်ကြီးဝင်သော သဘာဝကို မသိခဲ့သောကြောင့် ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်မရွံရှာခဲ့သလို ဇာတိပကတိကို ရိုးသားစွာ မစွန့်ပစ်ခဲ့ပါ။ ထိုအစ်မနှင့် ကျွန်မ၏ အလုပ်အပေါ် ပြန်လည်သုံးသပ်ရာတွင်၊ ကျွန်မ စကားပြောသည့်အခါ ကျွန်မ၏ အစ်မကို သေးသိမ်စေရင်း ကျွန်မ မိမိကိုယ်ကို အမှတ်တမဲ့ ဂုဏ်တင် မိခဲ့သည်။ ကိစ္စရပ်များကို ကိုင်တွယ်ရာတွင်၊ ကြီးကြပ်သူဖြစ်ဖို့ ကျွန်မ နှစ်သက်ခဲ့သည်။ အမှုအရာများကို ကျွန်မ၏ ကိုယ်ပိုင်နည်းလမ်းဖြင့် လုပ်ဆောင်ခဲ့ပြီး အခြားသူများကို သူတို့၏ စိတ်ကူးများနှင့် ပတ်သက်၍ ဘယ်သောအခါမျှ မတိုင်ပင်ခဲ့ပါ။ ကျွန်မတွင်ရှိသည့် ပြဿနာများကို သူမ ထောက်ပြခဲ့သည့်အခါ၊ ကျွန်မ သဘာဝ၏ အနှစ်သာရကို စိစစ်ပြီး၊ နားလည်ဖို့ လိုက်လျောညီထွေသော သမ္မာတရားကို ကျွန်မ မရှာဖွေခဲ့ပါ။ ထို့ထက်ပို၍၊ သမ္မာတရားနှင့်အညီ၊ ဘုရားသခင်၏ အလိုတော်နှင့် အညီ မည်သို့ လက်တွေ့လုပ်ဆောင်သင့် သည်ကို ကျွန်မ မရှာဖွေခဲ့ပါ။ ထိုသို့ ပြုမူခြင်းက မကောင်းသည့်အတွက်၊ အနာဂတ်တွင် ထိုအပြုအမူများကို အယောက်တိုင်း ကောင်းသည်ဟု မြင်ပြီး လူသား၏ အယူအဆများနှင့် ကိုက်ညီသည့် အပြုအမူများနှင့် လဲလိုက်လျှင် ယင်းက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်မည်ဟု တွေးရင်း၊ အပေါ်ယံ လုပ်ရပ်များ အနည်းငယ်ကိုသာ ကျွန်မ ပြောင်းလဲခဲ့သည်။ ကျွန်မ လက်တွေ့လုပ်ဆောင်သည့် အရာရာတိုင်းသည် ကျွန်မ၏ ကိုယ်ပိုင်အယူအဆများအပေါ် အခြေခံသည့် သမ္မာတရားများသာ ဖြစ်ခဲ့သည်ကို ကျွန်မ တွေ့ခဲ့ရသည်။ ယင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘာမျှမသက်ဆိုင်သလို ကျွန်မက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု ဘုရားသခင်က သိမှတ်မည်မဟုတ်ပါ။ ဘုရားသခင်၏ အမြင်တွင်၊ ကျွန်မ၏ လုပ်ရပ်များအားလုံးသည် သမ္မာတရားနှင့် ဆန့်ကျင်နေပြီး ဘုရားသခင်ကို အာခံနေပါသည်။

ဤအရာကို ကျွန်မ သတိပြုမိသည့်နောက်၊ ကျွန်မ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြသည့်အခါ သို့မဟုတ် ကျွန်မ၏ အခြေအနေ မမှန်သည်ကို ကျွန်မ သတိပြုမိသည့်အခါ၊ ကျွန်မ၏ ပြဿနာကို ထောက်ပြသည့် ဆီလျော်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်ရှာပြီး ကျွန်မ၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို စိတ်ဖြာလေ့လောပြီး၊ ဖောက်ပြန်ပျက်စီးခြင်း၏ အကြောင်းရင်းကို ဘုရားနှုတ်ကပတ်တော်များမှ သတိပြုမိခဲ့သည်။ အစည်းအဝေးများတွင် ကျွန်မ ဦးစွာ ဖွင့်ဟပြီး၊ သမ္မာတရားကို နားလည်ပြီး ဤပြဿနာကို ဖြေရှင်းရန် ကျွန်မ လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရား ရှုထောင့်များကို အတွေ့အကြုံရှိသည့် ညီအစ်ကို မောင်နှမများထံမှ ရှာဖွေခဲ့သည်။ ဤသို့သော လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ခြင်းမျိုးဖြင့်၊ ကျွန်မ၏ ပြောပုံဆိုပုံနှင့် လုပ်ရပ်များက ချိုးနှိမ်ခံရပြီး၊ ကျွန်မ၏ နေရာ မည်သည့်အရာဖြစ်သည်ကို ကျွန်မ သိခဲ့သည်။ လူတို့ကို လေးစားမှု ကျွန်မ ရှိခဲ့ပြီး၊ သည်းခံခြင်းဖြင့် ကျိုးနွံနာခံခဲ့သည်။ ဇာတိပကတိကို စွန့်လွှတ်ခြင်းက များစွာ မခက်ခဲတော့ဘဲ၊ ကျွန်မနှင့် တွဲဖက်ရသည့် အစ်မနှင့်လည်း ကျွန်မ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ခဲ့သည်။ ကျွန်မတို့၏ ပေါင်းသင်းဆက်ဆံမှုက ယခင်ထက် များစွာ ပို၍ သင့်မြတ်လာခဲ့သည်။

ဤအတွေ့အကြုံများမှတဆင့်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ် အခြေခံသင့်ပြီး၊ သမ္မာတရား၏ အခြေခံသဘောတရားများအပေါ် တည်ဆောက်သင့်သည်ကို ကျွန်မ နားလည်လာခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သွေဖည်သည့် မည်သည့် လက်တွေ့လုပ်ဆောင်မှုမဆိုသည် အပြင်ပန်း လုပ်ဆောင်ချက်သာဖြစ်ပြီး၊ ယင်းသည် မိမိတို့၏ ကိုယ်ပိုင် အယူအဆများနှင့် ပတ်သက်သည့် အမှန်တရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ အမှုအရာများကို ကျွန်မ ကောင်းကောင်းမွန်မွန်နှင့် မှန်ကန်စွာ လုပ်ဆောင်လျှင်ပင်၊ ယင်းကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် စဉ်းစား၍ ရမည်မဟုတုသည့်အပြင်၊ ယင်းက အထူးသဖြင့် ကျွန်မ၏ အသက်တာ စိတ်သဘောထားဆီ ပြောင်းလဲမှုများကို ယူဆောင်လိမ့်မည်မဟုတ်ပါ။ ယခုချိန်မှစ၍၊ ကျွန်မ မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ ကျွန်မ၏ အပြုအမူက သမ္မာတရားနှင့် ဘုရားသခင်၏ အလိုတော်နှင့်အညီ ဖြစ်ပြီး ဘုရားသခင် စိတ်ကျေနပ်မှုကို ကျွန်မ ရနိုင်ဖို့ရန်အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ အပြည့်အဝ လက်တွေ့လုပ်ဆောင်ချင်ပါသည်။

ယခင်က:အမည်ခံလူကောင်းတစ်ဦး၏ မှန်ကန်သောစိတ်သဘောထား

နောက်တစ်ခုသို့:စစ်မှန်သောမိတ်ဖက်ပြုခြင်း

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ