သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

သခင်ယေရှုက သူတစ်ဖန် ကြွလာမည်ဖြစ်ကြောင်း ပြောခဲ့သည်၊ ထို့ကြောင့် နောက်ဆုံးသောကာလတွင် သူ တကယ် ပြန်ကြွလာသည့်အခါ၊ လူများထံသို့ မည်သည့်နည်းလမ်းဖြင့် သူ ပေါ်ထွန်းမည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။ အဝတ် အချည်းစည်းနှင့် သွားလာ၍ သူတပါးရှေ့၌ ရှက်စရာ အကြောင်း မရှိစေခြင်းငှာ နိုးလျက်နေ၍၊ ကိုယ်အဝတ်ကို စောင့်သောသူသည် မင်္ဂလာရှိ၏။” (ဗျာဒိတ်ကျမ်း ၁၆:၁၆)

ထိုကြောင့်၊ စောင့်၍ မနေလျှင် သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည်။ လာမည့်အချိန်နာရီကိုလည်း သင်မသိရ။” (ဗျာဒိတ်ကျမ်း ၃:၃)

ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည် ကြွလာလိမ့်မည်။” (ရှင်လုကာခရစ်ဝင် ၁၂:၄၀)

ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။” (ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅)

သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။” (ရှင်မဿဲခရစ်ဝင် ၂၅:၆)

ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀)

ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။” (ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄:၃၀)

ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။” (ဗျာဒိတ်ကျမ်း ၁:၇)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသားတို့သည် ကယ်တင်ရှင်ကြွလာခြင်းကို တွေ့မြင်နိုင်ရန်အတွက် နှစ်ထောင်ပေါင်းများစွာ တောင့်တခဲ့ကြသည်။ ကယ်တင်ရှင် ယေရှုကို နှစ်ထောင်ပေါင်းများစွာတိုင် တမ်းတ စောင့်မျှော်နေကြသူများ အကြားတွင် လူသားတို့သည် ယေရှု ဖြူသောမိုးတိမ်စီးလျက် ဆင်းသက် လာသည်ကို ကိုယ်တိုင်ရှုမြင်ရန် တောင့်တခဲ့ကြသည်။ လူသားတို့သည် ကယ်တင်ရှင် ပြန်လာပြီး လူတို့နှင့် ပြန်လည် ပေါင်းစည်းနိုင်ရန် တောင့်တခဲ့ကြသည်၊ ဆိုလိုသည်မှာ နှစ်ထောင်ပေါင်း များစွာကြာအောင် လူတို့နှင့် ကွဲကွာနေခဲ့သည့် ကယ်တင်ရှင် ယေရှုကို လူသားထံသို့ ပြန်လာစေရန်ဖြစ်သည်။ ထို့နောက် ယုဒလူမျိုးများ အကြားတွင် သူပြုလုပ်ခဲ့သည့် ရွေးနှုတ် ကယ်တင်ခြင်းအမှုကို ပြန်လည်၍ ဆောင်ရွက်မည်၊ လူသားတို့အပေါ် မေတ္တာကရုဏာ ကြီးမားစွာဖြင့် ချစ်မြတ်နိုးမည်၊ လူသားတို့၏ အပြစ်များကို ခွင့်လွှတ်မည်၊ လူသား၏အပြစ်များကိုခံမည့်အပြင် လူသား၏အကျင့်သီလ ပျက်ပြားမှု အားလုံးကို ခေါင်းခံတာဝန်ယူ၍ လူသားအား ထိုအပြစ်များမှ လွတ်မြောက်စေမည်ဟု လူသားကမျှော်လင့်သည်။ ၎င်းတို့က ကယ်တင်ရှင် ယေရှုအား ယခင်အတိုင်း ချစ်မြတ်နိုးဖွယ်၊ နှစ်သက်ဖွယ်၊ ကြည်ညို လေးစားဖွယ်ကောင်းသော၊ လူသားအပေါ် မည်သည့်အခါမျှ အမျက်ဒေါသမရှိ၊ အပြစ်ဆိုခြင်း မရှိသော ကယ်တင်ရှင်အဖြစ် ရှိနေစေလိုကြသည်။ ဤကယ်တင်ရှင်သည် လူသား၏ အပြစ်အားလုံးကို ခါးဆီးခံပေးပြီး ခွင့်လွှတ်ပေးသူဖြစ်ကာ လူသားအတွက် လက်ဝါး ကပ်တိုင်ပေါ်တွင် နောက်တစ်ကြိမ် အသက်ပင် ပေးခဲ့သူဖြစ်သည်။ ယေရှု ခွဲခွာသွားပြီးနောက် သူ၏ နောက်လိုက် တပည့် များနှင့် သူ၏အမည် နာမကြောင့် ကယ်တင်ခြင်းခံရသည့် သန့်ရှင်းသူအားလုံးတို့က သူ့အား အလွန့်အလွန် အောက်မေ့တမ်းတပြီး စောင့်မျှော်နေကြသည်။ ကျေးဇူးတော်ခေတ်၌ ယေရှုခရစ်တော်၏ ကျေးဇူးကြောင့် ကယ်တင်ခြင်းခံခဲ့ရသော သူအပေါင်းတို့သည် နောက်ဆုံးသောကာလ၏ ဝမ်းမြောက်ဖွယ်ရာ နေ့ဖြစ်သော၊ ကယ်တင်ရှင်ယေရှု ဖြူသော မိုးတိမ်စီးလျက် လူသားများအကြား ပေါ်ပေါက်လာမည့်အချိန်အား တမ်းတလျက် ရှိနေကြသည်။ မှန်ပါ၏၊ ဤသည်မှာ ယနေ့ ကယ်တင်ရှင် ယေရှု၏ နာမကို လက်ခံသူအားလုံး၏ စုပေါင်းဆန္ဒလည်းဖြစ်ပါသည်။ စကြဝဠာ တစ်လျှောက်လုံးရှိ ကယ်တင်ရှင်ယေရှု၏ ကယ်တင်ခြင်း အကြောင်းကို သိသူအားလုံးတို့သည် ယေရှုကမ္ဘာမြေပေါ်တွင် ရှိစဉ်အခါက “ငါထွက်ခွာသွားသကဲ့သို့ပင် တဖန်ပြန်လည် ရောက်ရှိလာလိမ့်မည်” ဟု ပြောဆိုခဲ့သည့်စကားကို ဖြည့်ဆည်းပေးရန်အတွက် ယေရှုခရစ်တော် ရုတ်တရက် ကြွလာဖို့ အလွန့်အလွန် တမ်းတလျက်ရှိကြသည်။ လက်ဝါးကပ်တိုင်တွင် အဆုံးစီရင်ခံရကာ ရှင်ပြန်ထမြောက်ခဲ့ပြီး နောက်ပိုင်းတွင် ယေရှုသည် ဖြူသော မိုးတိမ်စီးလျက် ကောင်းကင်ဘုံသို့ ပြန်သွားခဲ့ပြီး အမြင့်ဆုံးသော ဘုရား၏ လက်ယာလက် နေရာကို ယူခဲ့သည်ဟု လူသားက ယုံကြည်သည်။ လူသားက ယင်းကို အလားတူပင် ထင်မြင်သည်၊ ယေရှုသည် နှစ်ထောင်ပေါင်းများစွာတိုင် သူ့အား အလွန့်အလွန် တောင့်တနေခဲ့ကြသူများအကြား ဖြူသောမိုးတိမ် (ဤမိုးတိမ်မှာ ယေရှု ကောင်းကင်ဘုံသို့ ပြန်စဉ်အခါက စီးနင်းသွားခဲ့သည့် မိုးတိမ်ကိုဆိုလိုပါသည်) စီးလျက် တဖန်ပြန်လည် ဆင်းသက်လာလိမ့်မည်၊ ယုဒလူမျိုးများ၏ ပုံသဏ္ဌာန်နှင့် အဝတ်အစားများကို ဝတ်စားထား လိမ့်မည်။ လူသားများအရှေ့တွင် ပေါ်လာပြီးနောက် သူသည် လူသားများကို အစားအစာများ ပေးသနားမည်၊ လူသားများအတွက် အသက်ရေများ တသွင်သွင်စီးဆင်းစေလိမ့်မည်၊ ကျေးဇူးတော်နှင့် ချစ်ခြင်းမေတ္တာ အပြည့်အဝဖြင့် လူသားတို့အကြားတွင် အမှန်တကယ် နေထိုင်သွားလိမ့်မည်၊ အစရှိသဖြင့် ဖြစ်၏။ သို့သော်လည်း ကယ်တင်ရှင် ယေရှုက ယင်းသို့ မပြုလုပ်ခဲ့ပါ၊ လူသားများ ထင်မြင်ထားခဲ့သည်နှင့် ဆန့်ကျင်ဘက်ကို သူပြုလုပ်ခဲ့သည်။ သူ၏ပြန်အလာကို တောင့်တ နေခဲ့ကြသူများအကြားတွင် သူပေါ်မလာခဲ့ပါ၊ ဖြူသော မိုးတိမ်ကို စီးနင်းလျက် လူသားအားလုံးထံသို့လည်း သူပေါ်လာခဲ့ခြင်း မရှိခဲ့ပါ။ ဘုရားသခင်သည် ရောက်ရှိနေခဲ့ပြီး ဖြစ်သော်လည်း လူသားမှာ သူ့အားမသိရှိဘဲ သူ့ကို ဆက်လက်၍ မသိဘဲနေဆဲပင်ဖြစ်သည်။ လူသားမှာ ရည်ရွယ်ချက် ကင်းမဲ့စွာဖြင့်သာ သူ့ကို စောင့်မျှော်နေသည်၊ “ဖြူသောမိုးတိမ်” ပေါ် (သူ၏ ဝိညာဉ်၊ နှုတ်ကပတ်တော်များနှင့် သူ၏ပင်ကိုစိတ်သဘောထားနှင့် ဖြစ်တည်မှုအားလုံးဖြစ်သော ထိုမိုးတိမ်) မှ ဘုရားသခင် ဆင်းသက်လာခဲ့ပြီးဖြစ်သည်ကို မသိရှိပေ၊ နောက်ဆုံးသောကာလတွင် သူပြုမည့် အောင်နိုင်သူများအုပ်စုထဲတွင် ယခုရှိနေပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကယ်တင်ရှင်သည် ‘ဖြူသောမိုးတိမ်’ အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်” မှ

လူတွေးထင်သကဲ့သို့ ယေရှုက တစ်ဖန်ပြန်လာပြီး၊ နောက်ဆုံးသော ကာလတွင် ယေရှုဟုပင် အခေါ်ခံရဆဲဖြစ်ပြီး၊ ဖြူသော မိုးတိမ်ကိုစီးပြီး ကြွလာကာ၊ လူများအကြားတွင် ယေရှု၏ ပုံရိပ်အားဖြင့် ဆင်းသက်ကြွလာမည် ဆိုပါက—သူ၏အလုပ်ကို တစ်ကျော့ပြန်ခြင်းပင် မဟုတ်သလော။ သန့်ရှင်းသော ဝိညာဉ်တော်က အဟောင်းကို တွယ်ဖက်ဖို့ ဖြစ်နိုင်သလော။ လူ၏ယုံကြည်မှုများ အားလုံးက စိတ်ကူးစိတ်သန်းများဖြစ်ပြီး၊ လူသား၏ နားလည်သဘောပေါက်မှု အားလုံးကလည်း သူတို့၏ မူရင်းစာနှင့် တိကျစွာတူညီသော အဓိပ္ပာယ်ကို နားလည်ခြင်း ဖြစ်သည်။ သူ၏ စိတ်ကူးအရလည်း ဖြစ်သည်။ ယင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အခြေခံသဘော တရားများနှင့် ကိုက်ညီမှုမရှိ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်လည်း လိုက်လျောညီထွေမှု မရှိပေ။ ဘုရားသခင်သည် ထိုနည်းလမ်းအတိုင်း လုပ်ဆောင်မည်မဟုတ်ချေ။ ဘုရားသခင်သည် မမိုက်မဲ မထုံအပေ၊ ထို့အတူ သူ၏အလုပ်သည်လည်း သင်တွေးထင်သကဲ့သို့ မရိုးစင်းလှပေ။ လူတွေးထင်၍ လုပ်ဆောင်သည့် အရာခပ်သိမ်းကို အခြေခံလျှင် ယေရှုသည် ဖြူသော မိုးတိမ်ကို စီးလျက် သင်တို့အလယ်သို့ ဆင်းသက်လာပေ မည်။ သင်တို့သည် မိုးတိမ်ကိုစီးလျက်နေသော သူ့ကိုမြင်တွေ့ရလိမ့်မည်၊ သင်တို့ကို သူသည် ယေရှုဖြစ်ကြောင်း ပြောပေမည်။ သင်တို့သည် သူ၏လက်များမှ သံမှိုအမှတ်အသားများကိုလည်း မြင်ရပြီး၊ သူက ယေရှု ဖြစ်ကြောင်းကို သိရပေမည်။ ထို့နောက် သူကသင်တို့ကို နောက်ထပ် ကယ်တင်ရပြီး၊ သင်တို့၏ ကြီးမြတ်သည့် ဘုရားသခင် ဖြစ်ရပေမည်။ သူသည် သင်တို့ကို ကယ်တင်ရပြီး၊ သင်တို့ကို အမည်အသစ်ပေးကာ၊ သင်တို့တစ်ဦးစီကို ကျောက်ဖြူလက်ဖွဲ့ တစ်ခုစီပေးပြီးနောက်၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ရန်အခွင့်ရပြီး ပရဒိသုဘုံက သင့်ကိုလက်ခံရပေမည်။ ဤယုံကြည်မှုများသည် လူသား၏ စိတ်ကူးစိတ်သန်းများပင် မဟုတ်သလော။ ဘုရားသခင်သည် လူသား၏ စိတ်ကူးစိတ်သန်းများအတိုင်း လုပ်ဆောင်သလော၊ သို့မဟုတ် လူသား၏ စိတ်ကူးစိတ်သန်းများကို ဆန့်ကျင်လျက် လုပ်ဆောင်သလော။ လူသား၏ စိတ်ကူးစိတ်သန်းများ အားလုံးသည် စာတန်ထံမှ ဆင်းသက်လာခြင်း မဟုတ်သလော။ လူသားအားလုံးသည် စာတန်၏ ဖျက်ဆီးမှုကို မခံခဲ့ရသလော။ ဘုရားသခင်သည် သူ့အလုပ်ကို လူသား၏ စိတ်ကူးစိတ်သန်းများအတိုင်း လုပ်ဆောင်ပါက၊ သူသည် စာတန်ဖြစ်လာလိမ့်မည် မဟုတ်လော။ သူ၏ ဖန်ဆင်းခံများနှင့် အမျိုးအစားအတူတူ ဖြစ်လာ လိမ့်မည် မဟုတ်လော။ သူ၏ဖန်ဆင်းခံများက ယခုတွင် စာတန်၏ ဖျက်စီးခြင်းကို ခံခဲ့ရပြီး၊ လူသားသည် စာတန်၏ ပြယုဂ်ဖြစ်လာခဲ့သောကြောင့် ဘုရားသခင်က စာတန်၏ အမှုအရာများအတိုင်း လုပ်ဆောင်သည် ဆိုပါက၊ သူသည် စာတန်နှင့် တစ်ဖွဲ့တည်း ဖြစ်လိမ့်မည် မဟုတ်လော။ လူက ဘုရားသခင်၏ အလုပ်ကို အဘယ်သို့လျှင် နားလည်သဘောပေါက် နိုင်မည်နည်း။ ထို့ကြောင့်၊ ဘုရားသခင်သည် လူ၏စိတ်ကူး စိတ်သန်းများအတိုင်း ဘယ်တော့မျှ မလုပ်ကိုင်ပါ၊ သင်စိတ်ကူးသည့် နည်းလမ်းများအတိုင်း ဘယ်တော့မှ မလုပ်ပါ။ ဘုရားသခင် ကိုယ်တော်တိုင်က သူသည် မိုးတိမ်စီးပြီး ရောက်လာမည်ဟု ပြောကြောင်း ပြောသည့် သူများရှိသည်။ ဘုရားသခင်က သူ့ကိုယ်သူပြောကြောင်း မှန်ကန်ပါသည်၊ သို့သော်လည်း ဘုရားသခင်၏ လျှို့ဝှက်ဆန်းကြယ်မှုကို ဘယ်လူသားကမှ နားမလည်နိုင်သည်ကို သင်မသိသလော။ ဘယ်လူသားကမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မရှင်းပြနိုင်ကြောင်း သင်မသိသလော။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်ဖွင့်ပေးမှုနှင့် အလင်းပေးမှုကို သင်ရရှိကြောင်း သံသယစိုးစဥ်းမျှမရှိဘဲ ကျိန်းသေသလော။ ထိုကဲ့သို့သော တိုက်ရိုက်ပုံစံကို ပြခြင်းက သန့်ရှင်းသောဝိညာဉ်တော် မဟုတ်ကြောင်း သေချာသလော။ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို ညွှန်ကြားခဲ့ခြင်းလော၊ သို့မဟုတ် သင်၏ကိုယ်ပိုင် စိတ်ကူးစိတ်သန်းကပင် သင့်ကို ထိုကဲ့သို့ တွေးတောစေခြင်းလော။ “ဒါကို ဘုရားသခင် ကိုယ်တော်တိုင်က ပြောခဲ့တာ” ဟုသင်ပြောသည်။ သို့ရာတွင် ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တိုင်းထွာရန်အတွက် ငါတို့၏ ကိုယ်ပိုင် စိတ်ကူးစိတ်သန်းများနှင့် အတွေးအခေါ်များကို အသုံးပြု၍မရပါ။ ဟေရှာယက ပြောခဲ့သည့် စကားများနှင့် ပတ်သက်ပြီး၊ သူ၏စကားများကို အကြွင်းမဲ့ သေချာမှုနှင့် သင်ရှင်းပြနိုင်သလော။ သူ၏စကားများကို သင် ရှင်းပြဝံ့သလော။ ဟေရှာယ၏ စကားများကို သင့်အနေဖြင့် မရှင်းပြဝံ့လျှင်၊ ယေရှု၏ နှုတ်ကပတ်တော် များကို အဘယ်ကြောင့် သင်ရှင်းပြဝံ့သနည်း။ မည်သူသည် သာ၍ ချီးမြှောက်ခြင်း ခံရသနည်း၊ ယေရှုလော သို့မဟုတ် ဟေရှာယလော။ အဖြေမှာ ယေရှုဖြစ်သည့်အတွက် အဘယ်ကြောင့် ယေရှုမှ ပြောခဲ့သည့် နှုတ်ကပတ်တော်များကို သင်သည် ရှင်းပြရသနည်း။ ဘုရားသခင်က သူ၏အလုပ်များကို သင့်အားကြိုတင်၍ ပြောမည်လော။ ဖန်ဆင်းခံ သတ္တဝါ တစ်ခုမျှ မသိနိုင်ပါ၊ ကောင်းကင်မှ တမန်တော်များပင် မသိနိုင်၊ လူသား၏ သားတော်လည်းမသိ၊ ဤသို့လျှင် သင်သည် အဘယ်သို့ သိနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းဟူသည်မှာ ဘုရားသခင်က သူ၏အလုပ်ကို ကိုယ်တိုင်ကိုယ်ကျလုပ်ရန်အတွက် လောကသို့ ဆိုက်ရောက်လာခြင်းကို ရည်ညွှန်းသည်။ ခေတ်တစ်ခေတ်ကို အစပြုသည့်အမှုနှင့် ခေတ်တစ်ခေတ်ကို အဆုံးသတ်သည့်အမှုတို့ကို လုပ်ဆောင်ရန် သူ၏ကိုယ်ပိုင်လက္ခဏာနှင့် စိတ်သဘောထား၊ ထို့ပြင် သူ့နည်းသူ့ဟန်နှင့် လူသားများထဲသို့ သူဆင်းကြွလာသည်။ ဤပေါ်ထွန်းခြင်းမျိုးသည် အခမ်းအနားအသွင် တစ်ခု မဟုတ်ပါ။ ယင်းမှာ သင်္ကေတတစ်ခုလည်းမဟုတ်၊ ပုံဆောင်မှု တစ်ခု၊ အံ့သြဖွယ်တစ်ခု၊ သို့မဟုတ် ခမ်းနားသည့် မြင်ကွင်းတစ်ခုလည်း မဟုတ်ပေ။ ထို့အပြင် ဘာသာရေးဖြစ်စဉ်မျိုး သာ၍ပင် မဟုတ်ပေ။ ၎င်းသည် စစ်မှန်သည့် အချက်အလက်တစ်ခုဖြစ်ပြီး ကိုင်တွယ်တို့ထိနိုင်သော၊ မည်သူမဆို မြင်နိုင်သောအရာဖြစ်သည်။ ဤပေါ်ထွန်းခြင်းမျိုးသည် ဟန်ဆောင်လုပ်ပြခြင်းအလို့ငှာ မဟုတ်ပေ၊ သို့မဟုတ် ရေတိုလုပ်ဆောင်မှုအလို့ငှာ မဟုတ်ပေ၊ စင်စစ်အားဖြင့် သူ၏စီမံခန့်ခွဲမှုအစီအစဉ်အတွင်းရှိ အလုပ်အဆင့်တစ်ဆင့်အလို့ငှာ ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် အမြဲအဓိပ္ပာယ်ရှိသည့်အပြင် သူ၏စီမံခန့်ခွဲမှု အစီအစဉ်နှင့်လည်း ဆက်စပ်မှုအချို့ အမြဲရှိသည်။ ဤနေရာ၌ပြောသည့် “ပေါ်ထွန်းခြင်း” ဆိုသည်မှာ လူသားကို ဘုရားသခင် လမ်းပြ၊ ဦးဆောင်ပြီး ဉာဏ်အလင်းပေးသည့် “ပေါ်ထွန်းခြင်း” နှင့် လုံးဝမတူပါ။ ဘုရားသခင်သည် မိမိကိုယ်မိမိ ထုတ်ဖော်ပြသည့် အကြိမ်တိုင်း၌ ကြီးမြတ်သော သူ့အလုပ်၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင် လေ့ရှိသည်။ ထိုအလုပ်သည် အခြားမည်သည့်ခေတ်၏ အလုပ်နှင့်မဆို ကွဲပြားခြားနားသည်။ လူသားအနေဖြင့် မစဉ်းစားတတ်သည့်အလုပ်၊ မည်သည့်အခါကမျှ မကြုံတွေ့ဖူးသော အလုပ်ဖြစ်သည်။ ၎င်းသည် ခေတ်ဟောင်းကို အဆုံးသတ်ပြီး ခေတ်သစ်တစ်ခေတ်ကို အစပြုသော အလုပ်ဖြစ်သည်။ လူတို့ ကယ်တင်ခြင်းရဖို့အတွက် အသစ်သော အလုပ်ပုံစံတစ်ခု၊ သာ၍ကောင်းသော အလုပ်ပုံစံတစ်ခု ဖြစ်သည်။ ထို့အပြင် လူသားများကို အသစ်သောခေတ်ထဲသို့ ပို့ဆောင်ပေးသည့် အလုပ်လည်း ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းမှာ ထိုသဘောကိုဆောင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏” မှ

ယခုတွင် ဘုရားသခင်၏အမှုသစ်က အစပြုပြီဖြစ်ပြီး၊ ယင်းက ခေတ်သစ်၏ အစကနဦးလည်းဖြစ်သည်။ ဘုရားသခင်သည် ကယ်တင်ခြင်းအမှုသစ်ကို အစပြုရန် ရွေးနုတ်ခြင်းခံရပြီးသော သူတို့ကို မိမိအိမ်သို့ ခေါ်ဆောင်သည်။ ဤတစ်ကြိမ်တွင် ကယ်တင်ခြင်းအမှုက လွန်လေပြီးသော ကာလများထက် ပို၍စေ့စပ်သည်။ လူသားကို မိမိဖာသာ ပြောင်းလဲစေရန် သူ့အထဲ၌ အမှုပြုနေသည်မှာ သန့်ရှင်းသောဝိညာဉ်တော် ဖြစ်မည်မဟုတ်သကဲ့သို့၊ လူသားများအကြား၌ ဤအမှုကိုပြုရန် ပေါ်ထွက်လာသည်မှာလည်း ယေရှု၏ခန္ဓာကိုယ် ဖြစ်မည်မဟုတ်ဘဲ၊ ဤအမှုကို အခြားနည်းလမ်းအားဖြင့် ပြုရန်မှာ အလားအလာမရှိဆုံး ဖြစ်သည်။ ထို့ထက် အမှုကိုပြုပြီး စီမံညွှန်ကြားသည်မှာ လူ့ဇာတိခံ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်လိမ့်မည် ဖြစ်သည်။ သူသည် ယင်းကို လူသားအား အမှုသစ်ထဲသို့ ခေါ်ဆောင်သွားရန်အလို့ငှာ ဤနည်းအတိုင်း လုပ်ဆောင်လေသည်။ ဤသည်မှာ ကြီးမားသောအမှု မဟုတ်ပေလော။ ဘုရားသခင်သည် ဤအမှုကို လူအချို့မှတစ်ဆင့် သို့မဟုတ် ပရောဖက်ပြုချက်များအားဖြင့် လုပ်ဆောင်သည်မဟုတ်။ ထို့ထက် ဘုရားသခင်က ယင်းကို ကိုယ်တော်တိုင် လုပ်ဆောင်ခြင်းဖြစ်သည်။ အချို့တို့က ဤသည်မှာ ကြီးမားသောအမှု မဟုတ်ကြောင်းနှင့် ယင်းက လူသားကို စိတ်ဓာတ်တက်ကြွခြင်း မယူဆောင်ပေးနိုင်ပါဟု ဆိုကောင်း ဆိုနိုင်သည်။ သို့သော် ဘုရားသခင်၏အမှုသည် ဤအရာသက်သက် မဟုတ်ဘဲ၊ ပိုကြီးမားပြီး ပိုများပြားသည်ဟု သင့်ကိုငါ ပြောရလိမ့်မည်။

ယခုတစ်ကြိမ်တွင်မူ ဘုရားသခင်သည် ဝိညာဏခန္ဓာကိုယ်အားဖြင့် မဟုတ်ဘဲ အလွန်သာမညကျသော ခန္ဓာကိုယ်အားဖြင့် အမှုပြုရန် ကြွလာသည်။ ထို့ပြင် ယင်းမှာ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူသည့် ခန္ဓာကိုယ်ဖြစ်ရုံသာမက၊ ဇာတိအသွေးအသားသို့ ဘုရားသခင်ပြန်ကြွလာသည့် ခန္ဓာကိုယ်လည်း ဖြစ်သည်။ ယင်းမှာ အလွန်သာမညကျသော ဇာတိခန္ဓာဖြစ်သည်။ သူ့အား အခြားသူတို့အနက် ပေါ်လွင်ထင်ရှားစေသည့် အရာတစ်ခုကိုမျှ သင်မမြင်နိုင်သော်လည်း၊ ယခင်က မကြားသိခဲ့ရသည့် သမ္မာတရားများကို သူ့ထံမှ သင်ရရှိနိုင်သည်။ ဤအရေးမပါသော ဇာတိခန္ဓာသည် ဘုရားသခင်ထံမှ သမ္မာတရား၏ နှုတ်ကပတ်တော်များအားလုံးကို သရုပ်ထင်စေသည့်အရာ၊ နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏အမှုကို ထမ်းဆောင်သောအရာနှင့်၊ လူသားက နားလည်ရန်အတွက် ဘုရားသခင်၏ စိတ်သဘောထားတစ်ရပ်လုံးကို ဖော်ပြသောအရာလည်း ဖြစ်သည်။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုမြင်ရဖို့ ဆန္ဒကြီးစွာ မရှိသလော။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သိနားလည်ဖို့ ဆန္ဒကြီးစွာ မရှိသလော။ သင်သည် လူသားမျိုးနွယ်၏ ခရီးဆုံးပန်းတိုင်ကို မြင်ရဖို့ ဆန္ဒကြီးစွာ မရှိသလော။ သူသည် မည်သည့်လူသားကမျှ သင့်ကို ပြောပြနိုင်စွမ်းမရှိခဲ့သည့် ဤလျှို့ဝှက်ချက်များ အားလုံးကို သင့်အားပြောပြမည်ဖြစ်ပြီး၊ သင်နားမလည်သည့် သမ္မာတရားများကိုလည်း သင့်အား သူပြောမည်ဖြစ်သည်။ သူသည် နိုင်ငံတော်အတွင်းဝင်ရောက်ရာ သင်၏ တံခါးဝဖြစ်ပြီး ခေတ်သစ်ထဲသို့ ဝင်ရောက်ရာ သင်၏လမ်းပြရှင်ဖြစ်သည်။ ထိုကဲ့သို့သော သာမန်ဇာတိခန္ဓာသည် ဉာဏ်မမီနိုင်သည့် များစွာသော နက်နဲရာများကို ဆုပ်ကိုင်ထားသည်။ သူ၏လုပ်ဆောင်ချက်များမှာ သင့်အတွက် နားမလည်နိုင်စရာ ဖြစ်နိုင်သော်လည်း၊ သူလုပ်ဆောင်သည့် အမှု၏ ပန်းတိုင်တစ်ခုလုံးမှာ သူသည် လူတို့ယုံကြည်သကဲ့သို့ ရိုးရိုးဇာတိခန္ဓာ မဟုတ်သည်ကို သင့်အား မြင်ခွင့်ပေးရန်အတွက် လုံလောက်သည်။ အကြောင်းမှာ သူသည် ဘုရားသခင်၏အလိုတော်နှင့် နောက်ဆုံးသောကာလ၌ လူသားမျိုးနွယ်ထံ ဘုရားသခင်ပြသသည့် ဂရုစိုက်မှုကို ကိုယ်စားပြုလေသည်။ သင်သည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေပုံရသည့် သူ၏ နှုတ်ကပတ်တော်များကို မကြားနိုင် သို့မဟုတ် ဟုန်းဟုန်းတောက်နေသော မီးလျှံများနှင့်တူသည့် သူ၏မျက်လုံးများကို မမြင်နိုင်သော်လည်း၊ ထို့ပြင် သင်သည် သူ၏သံလှံတံ၏ ဆုံးမပဲ့ပြင်မှုကို မခံစားရနိုင်သော်ငြားလည်း၊ သင်သည် သူ၏နှုတ်ကပတ်တော်များမှနေ၍ ဘုရားသခင်သည် အမျက်ဒေါသ ထွက်သည်ကို ကြားနိုင်ပြီး ဘုရားသခင်သည် လူသားတို့အပေါ် သနားခြင်းကရုဏာကို ပြနေကြောင်း သိနိုင်သည်။ သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် သူ၏ဉာဏ်ပညာကို မြင်တွေ့နိုင်သည့်အပြင် လူသားမျိုးနွယ် တစ်ရပ်လုံး အတွက် ဘုရားသခင်၏ အရေးတယူရှိမှုကို နားလည်သဘောပေါက် နိုင်သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အမှုသည် မြေကြီးပေါ်ရှိ လူသားများကြားတွင် နေထိုင်လျက်ရှိသော ကောင်းကင်ဘုံရှိ ဘုရားသခင်ကို လူသားအား မြင်တွေ့ခွင့်ပေးရန်၊ ထို့ပြင် လူသားအနေဖြင့် ဘုရားသခင်အား သိရှိရန်၊ နာခံရန်၊ ကြောက်ရွံ့ရန်နှင့် ချစ်ရန်အတွက် ထောက်ကူပေးဖို့ဖြစ်သည်။ ဤအကြောင်းကြောင့် သူသည် ဒုတိယအကြိမ် လူ့ဇာတိကို ခံယူရန် ပြန်ကြွဆင်းလာခဲ့ခြင်းပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ” မှ

ထိုသို့သောအရာကို လေ့လာရန် မခက်ခဲပါ။ သို့သော် ငါတို့ တစ်ဦးချင်းစီသည် ဤသမ္မာတရားကို သိရန်လိုအပ်သည်၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရ ရှိမည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကိုလည်း စွဲကိုင်ထားမည်ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူပြုရမည့်အမှုကို လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားတို့ဆီသို့ သမ္မာတရားကို သယ်ဆောင်လာမည်၊ လူသားတို့အပေါ် အသက်ကို အပ်နှင်းမည်၊ လူသားတို့အား လမ်းခရီးကို ပြမည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မပါဝင်သော ဇာတိပကတိသည် လူ့ဇာတိခံယူသော ဘုရားသခင် မဟုတ်သည်မှာ မုချဖြစ်၏၊ ဤသည်ကို သံသယဖြစ်ဖွယ် မရှိချေ။ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ်မဟုတ် စစ်ဆေးရန်အတွက် လူသားတို့သည် သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ စိစစ်ဆုံးဖြတ်ရပေမည်။ ဆိုလိုသည်မှာ ဘုရားသခင် ခံယူထားသော လူ့ဇာတိဟုတ်မဟုတ်၊ မှန်ကန်သော လမ်းခရီး ဟုတ်မဟုတ်ကို သူ၏အနှစ်သာရကိုကြည့်၍ ဆုံးဖြတ်ရမည်။ ထို့အတွက်ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆုံးဖြတ်ရာ၌က သူ၏အပြင်ပန်းပုံသဏ္ဌာန်ထက် သူ၏အနှစ်သာရ (သူ၏အမှု၊ သူ၏နှုတ်ကပတ်တော်များ၊ သူ၏စိတ်နေသဘောထားနှင့် အခြားသောအရာများစွာ) ကို ဂရုပြုရမည်မှာ အဓိကဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ အပြင်ပန်းပုံသဏ္ဌာန်ကိုသာမြင်ပြီး ဘုရားသခင်၏ အနှစ်သာရကို သတိမမူမိပါက ယင်းသည် လူသားတို့၏ မသိနားမလည်ခြင်းနှင့် နုံအခြင်းကို ပြနေသည်။ အပြင်ပန်း ပုံသဏ္ဌာန်သည် အနှစ်သာရကို အဆုံးအဖြတ်မပေးနိုင်ပါ၊ ထို့ပြင် ဘုရားသခင်၏ အမှုသည် လူတို့၏ အယူအဆများနှင့် ဘယ်သောအခါမျှ သဘောချင်း ကိုက်ညီနိုင်မည် မဟုတ်ပါ။ ယေရှု၏ အပြင်ပန်းပုံသဏ္ဌာန်သည် လူတို့၏ အယူအဆများနှင့် ကွဲပြားခဲ့သည် မဟုတ်ပါလား။ ယေရှု၏သွင်ပြင်နှင့် အဝတ်အစားက သူသည် အမှန်တကယ် မည်သူမည်ဝါ ဖြစ်ကြောင်းကို သဲလွန်စပေးနိုင်ခြင်း မရှိခဲ့ဘူး မဟုတ်လား။ အစောပိုင်းက ဖာရိရှဲများအနေဖြင့် ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း အကြောင်းရင်းမှာ သူ၏ အပြင်ပန်းသွင်ပြင်ကိုသာ ကြည့်ပြီး သူပြောသော စကားများကိုမူ နှလုံးမသွင်းခဲ့ကြခြင်းကြောင့် မဟုတ်ပါလား။ ဘုရားသခင်၏ ကြွလာခြင်းကို ရှာဖွေကြသော ညီအစ်ကို မောင်နှမများသည် သမိုင်းထဲက အဖြစ်ဆိုးကို ထပ်ကျော့မပြန်ကြရန် ငါမျှော်လင့်သည်။ သင်တို့သည် ခေတ်သစ်ဖာရိရှဲများအဖြစ် ဘုရားသခင်ကို ကားတိုင်တွင် ရိုက်ထားသူများ ထပ်မံမဖြစ်ပါစေနှင့်။ သင်တို့သည် ဘုရားသခင် ပြန်လည်ကြွလာခြင်းကို မည်သို့ကြိုဆိုရန် သေသေချာချာ စဉ်းစားထားသင့်ပြီး သမ္မာတရားကို ကျိုးနွံအပ်နှံထားသည့်သူတစ်ဦး မည်သို့ဖြစ်ရန် ကြည်လင်သောစိတ်ထား ရှိသင့်ပါသည်။ ဤသည်မှာ သခင်ယေရှုသည် မိုးတိမ်များနှင့်အတူ ပြန်လည်ကြွမြန်းလာမည်ကို စောင့်ကြိုနေသည့် လူတိုင်း၏ တာဝန်ဖြစ်ပါသည်။ ငါတို့၏ ဝိညာဉ်မျက်စိများကို ပွတ်သပ်ကြည့်သင့်ပြီး စိတ်ကူးယဉ် စကားလုံးများ၏ သားကောင်ဘဝသို့ မကျရောက်သင့်ပါ။ ငါတို့သည် ဘုရားသခင်၏ လက်တွေ့လုပ်ဆောင်မှုအကြောင်းကို စဉ်းစားသင့်ပြီး ဘုရားသခင်၏ စစ်မှန်သည့်ဘက်ကို ကြည့်သင့်သည်။ စိတ်ကူးယဉ်မှုများတွင် သင်တို့ကိုယ်သင်တို့ ပျောက်ဆုံး ဝေးလွင့်မသွား ပါစေနှင့်၊ သူ့ကို ဘယ်သောအခါကမျှ မသိခဲ့ဖူး သို့မဟုတ် မမြင်ဖူးရုံမျှမက သူ၏အလိုကို မည်သို့ဆောင်ရွက်ရမည်ကို မသိသော သင်တို့အား ဆောင်ယူရန် သခင်ယေရှုသည် သင်တို့အကြားသို့ မိုးတိမ်ပေါ်မှ ရုတ်တရက် ကြွရောက်ဆင်းသက်လာမည့်နေ့ကို အမြဲတမ်း စောင့်စားမနေပါနှင့်။ လက်တွေ့ကျသော ကိစ္စများအကြောင်း တွေးတော ကြည့်ရသည်မှာ ပိုကောင်းသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “အနေနှင့်”။

ဘုရားသခင်မှာ မည်သည့်အရာဖြစ်သည်ကို သင်တို့မသိ၊ ခရစ်တော်မှာ မည်သည့်အရာဖြစ်သည်ကို သင်တို့မသိ၊ ယေဟောဝါကို မည်သို့ရိုသေလေးမြတ်ရမည်ကို သင်တို့မသိ၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်အတွင်း မည်သို့ဝင်ရောက် ရမည်ကို သင်တို့မသိ၊ ဘုရားသခင်ကိုယ်တိုင်၏ အမှုတော်နှင့် လူသား၏လှည့်ဖြားမှုများအကြား မည်သို့ခွဲခြားရမည်ကို သင်တို့ မသိကြချေ။ သင့်အတွေးအခေါ်နှင့် မကိုက်ညီသော ဘုရားသခင် ထုတ်ဖော်ပြောကြားသည့် သမ္မာတရား၏ နှုတ်ကပတ်တော်ကို ရှုတ်ချရန်သာ သင်သိသည်။ သင်၏ နှိမ့်ချမှုသည် အဘယ်မှာနည်း။ သင်၏ နာခံမှုသည် အဘယ်မှာနည်း။ သင်၏သစ္စာရှိမှုသည် အဘယ်မှာနည်း။ သင်၏ သမ္မာတရားရှာလိုစိတ်သည် အဘယ်မှာနည်း။ ဘုရားသခင်အပေါ် သင်၏ရိုသေလေးမြတ်စိတ်သည် အဘယ်မှာနည်း။ နိမိတ် လက္ခဏာများကြောင့် ဘုရားသခင်ကို ယုံကြည်သောသူများသည် ပျက်စီးခြင်းသို့ ဧကန်အမှန် ရောက်မည့်အမျိုးအစားဖြစ်ကြောင်း သင်တို့ကို ငါပြော၏။ လူ့ဇာတိသို့ တစ်ဖန်ပြန်၍ ကြွလာသော ယေရှု၏နှုတ်ကပတ်တော်များကို လက်မခံနိုင်သူများသည် ငရဲ၏သားသမီးများ၊ ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များ ဖြစ်သည်မှာ သေချာပြီး ၎င်းတို့သည် ထာဝရပျက်စီးခြင်းသို့ ရောက်မည့်အမျိုးအစားဖြစ်သည်။ ငါပြောသည့်အရာများကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်။ သို့သော် ဖြူသောမိုးတိမ်ပေါ်မှနေ၍ ယေရှုသည် ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြားပေါ်ထွက်လာခြင်းဖြစ်၏ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင်တွေ့ချိန်သည် အပြစ်ဒဏ် ပေးခံရရန် သင်ငရဲသို့ဆင်းချိန်ဖြစ်ကြောင်းကိုလည်း သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်မည်ဖြစ်ပြီး ဘုရားသခင်မှ ကောင်းသောသူများကို ဆုချ၍ စဉ်းလဲသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရားကို ဖော်ပြချက်သာရှိသည့် အချိန်ဖြစ်သော၊ လူသားသည် နိမိတ်လက္ခဏာများကို မမြင်မီတွင် ဘုရားသခင်၏ တရားစီရင်ခြင်း အမှုသည် ပြီးဆုံးခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံ၍ နိမိတ်လက္ခဏာများကို ရှာဖွေခြင်းမရှိသဖြင့် သန့်စင်ခြင်းခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်တော်ရှေ့သို့ တစ်ဖန် ပြန်ရောက်ပြီး ဖန်ဆင်းရှင်၏ ထွေးပိုက်မှုသို့ ဝင်ရောက်ရမည်။ “ဖြူသောမိုးတိမ်မစီးသည့် ယေရှုသည် မှားယွင်းသော ယေရှုဖြစ်သည်” ဟု မလျှော့တမ်းယုံကြည်သူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် နိမိတ် လက္ခဏာများပြသော ယေရှုကိုသာယုံကြည်ကြကာ ပြင်းထန်သည့် တရားစီရင်မှုကို ကြွေးကြော်၍ စစ်မှန်သော အသက်လမ်းကို ထုတ်ပေးသော ယေရှုကိုကား အသိအမှတ်မပြုကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်ပေါ်မှ ပွင့်လင်းစွာ တစ်ဖန်ကြွလာချိန်မှ ထိုသူတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။ ထိုသူတို့သည် ခေါင်းမာလွန်း၏။ မိမိကိုယ်ကိုယုံကြည်စိတ်များလွန်းပြီး ဝင့်ဝါလွန်းကြသည်။ ဤမျှကိုယ်ကျင့်တရားပျက်ယွင်းနေသူများကို ယေရှုအနေဖြင့် မည်သို့ဆုချနိုင်မည်နည်း။ သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများအတွက် ယေရှုတစ်ဖန်ပြန်ကြွလာခြင်းသည် ကြီးမားသည့် ကယ်တင်ခြင်းတစ်ရပ်ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ဤသည်မှာ ပြစ်ဒဏ်စီရင်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိလမ်းကြောင်း မိမိရွေးချယ်ရမည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားပြောဆိုခြင်းနှင့် သမ္မာတရားကို ငြင်းပယ်ခြင်းတို့ မပြုရ။ သင်တို့သည် အသိဉာဏ်ကင်းမဲ့သူနှင့် ဝင့်ဝါသူများ မဖြစ်ရ။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို လိုက်နာ၍ သမ္မာတရားကို တမ်းတကာ ရှာဖွေသူများ ဖြစ်ရမည်။ ဤနည်းဖြင့်သာ သင့်အတွက် အကျိုးရှိမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်” မှ

ယခင်က:မေးခွန်း (၁) သခင်က ကျွန်တော်တို့ကို ကောင်းကင်နိုင်ငံတော်ဆီ ခေါ်ဆောင်ဖို့ ပြန်ပြီးကြွလာမယ်လို့ ကတိပြုထားတယ် ဒါပေမဲ့ နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကိုပြုဖို့အတွက် သခင်ဟာ လူ့ဇာတိခံယူထားပြီးပြီလို့ ခင်ဗျားတို့က သက်သေထူတယ် သမ္မာကျမ်းမှာတော့ သခင်ဟာ ကောင်းကင်ထက်ကနေ ဘုန်းကျက်သရေအပြည့်နဲ့ ကြွရောက်လာမယ်လို့ အရှင်းဆုံးဟောကိန်းထုတ်ထားတယ် ခင်ဗျားတို့သက်သေထူသလို သခင်က လူ့ဇာတိခံယူပြီးတဲ့အပြင်၊ လူတွေကြားထဲ တိတ်တဆိတ်ကြွရောက်နေပြီဆိုတာနဲ့ကျတော့ တော်တော်ကွဲလွဲနေတယ်

နောက်တစ်ခုသို့:မေးခွန်း (၁)- ကိုယ်တော်ဟာ အရင်ကတည်းက ကျွန်မတို့ကို ကတိပေးခဲ့တယ်လေ- “သင်တို့နေစရာ အရပ်ကို ပြင်ဆင်ခြင်းငှာ ငါသွားရ၏၊ ငါသည်သွား၍ သင်တို့နေစရာ အရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်” တဲ့ (ရှင်ယောဟန် ၁၄:၂-၃) သခင် ယေရှုကကျွန်မတို့အတွက်နေရာတစ်ခုကိုကောင်းကင်ဘုံမှာပြင်ဆင်ပေးထားပြီးသားပါ။ သူပြန်ကြွလာတဲ့အခါ၊ သူဟာ တို့တွေကို ချက်ချင်း ကောင်းကင်နိုင်ငံတော်ဆီ ချီဆောင်သွားလိမ့်မယ်။ တကယ်လို့သာ သခင်ပြန်ကြွလာခဲ့ပြီဆိုရင်၊ ဘာကြောင့် ကိုယ်တော့်ရဲ့ သန့်ရှင်းသူတွေဟာကမ္ဘာပေါ်မှာရှိနေသေးတာလဲ။ ဘာကြောင့် တို့တွေ ချီဆောင်မခံရသေးတာလဲ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ