အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၄၂။ မည်သည့်လူတို့ကို ဘုရားသခင် ကယ်တင်သနည်း။ မည်သည့်လူတို့ကို သူ ပယ်ရှင်းပါသနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

စာတန်နှင့် သက်ဆိုင်သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်ပါ။ ထို့အပြင် ဘုရားသခင်နှင့် သက်ဆိုင်သူများသည် ဘုရားသခင်၏ အသံတော်ကို ကြားနိုင်ကြ၏။ ငါပြောသည့် နှုတ်ကပတ်တော်အားလုံးကို သိ၍နားလည်သူ အားလုံးသည် ကယ်တင်ခြင်းခံရမည့်သူများနှင့် ဘုရားသခင်အတွက် သက်သေခံမည့်သူများ ဖြစ်ကြ၏။ ငါပြောသည့် နှုတ်ကပတ်တော်များကို နားမလည်သူ အားလုံးတို့သည် ဘုရားသခင်အတွက် သက်သေမခံနိုင်ကြပေ။ ထို့အပြင် ထိုသူတို့သည် ဖယ်ရှားခံရမည့်သူများဖြစ်ကြ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” မှ

လူသေတို့သည် ဝိညာဉ်မရှိသောသူများဖြစ်ပြီး၊ အလွန်အမင်း ထုံထိုင်းကြသူများနှင့် ဘုရားသခင်ကို ဆန့်ကျင်ကြသူများ ဖြစ်ကြသည်။ ထို့ပြင် သူတို့သည် ဘုရားသခင်ကို မသိသောသူများ ဖြစ်ကြသည်။ ဤလူတို့သည် ဘုရားသခင်ကို နာခံရန် ရည်ရွယ်ချက် စိုးစဉ်းမျှပင် မရှိကြချေ၊ သူတို့သည် သူ့ကို ပုန်ကန်၍ ဆန့်ကျင်ခြင်းသာပြုကြပြီး၊ သစ္စာစောင့်သိမှု စိုးစဉ်းမျှပင် မရှိကြချေ။ အသက်ရှင်သူများသည် ၎င်းတို့၏ဝိညာဉ်များ ပြန်လည်မွေးဖွားခြင်း ခံရသောသူများ၊ ဘုရားသခင်ကို နာခံရန် သိနားလည်သူများနှင့်၊ ဘုရားသခင်ကို သစ္စာစောင့်သိသူများ ဖြစ်ကြသည်။ သူတို့၌ သမ္မာတရားနှင့် သက်သေခံချက်တို့ လက်ဝယ်ရှိကြပြီး၊ ဤလူများသာလျှင် ဘုရားသခင်ကို သူ၏အိမ်တော်ထဲ၌ ကျေနပ်စေကြသည်။ ဘုရားသခင်သည် သက်ဝင်လှုပ်ရှားလာနိုင်သူများ၊ ဘုရားသခင်၏ကယ်တင်ခြင်းကို မြင်နိုင်သူများ၊ ဘုရားသခင်ကို သစ္စာစောင့်သိနိုင်သူများနှင့် ဘုရားသခင်အား ရှာဖွေရန်ဆန္ဒရှိသူများကို ကယ်တင်သည်။ ဘုရားသခင်၏လူ့ဇာတိခံယူခြင်း၌ ယုံကြည်သူများနှင့် သူ၏ပေါ်ထွန်းခြင်း၌ ယုံကြည်သူများကို သူကယ်တင်သည်။ လူအချို့သည် သက်ဝင်လှုပ်ရှားလာနိုင်ပြီး၊ လူအချို့သည် သက်ဝင်လှုပ်ရှားမလာနိုင်ပေ၊ ဤသည်မှာ ၎င်းတို့၏သဘာဝသည် ကယ်တင်ခြင်းခံရနိုင်၊ မခံရနိုင်အပေါ် မူတည်သည်။ လူများစွာတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို များစွာကြားဖူးခဲ့သော်လည်း ဘုရားသခင်၏အလိုတော်ကို နားမလည်ကြ၊ သူတို့သည် ဘုရားသခင်၏ များစွာသောနှုတ်ကပတ်တော်တို့ကို ကြားဖူးသော်လည်း ယင်းတို့ကို လက်တွေ့လုပ်ဆောင်ခြင်းငှာ မစွမ်းနိုင်ကြ၊ သူတို့သည် အဘယ်သမ္မာတရားကိုမျှ အသက်ရှင်နေထိုင်ခြင်းငှာ မစွမ်းနိုင်ကြရုံသာမက ဘုရားသခင်၏ အလုပ်ကိုလည်း တမင်သက်သက် နှောင့်ယှက်ကြသည်။ သူတို့သည် ဘုရားသခင်အတွက် အဘယ်အလုပ်ကိုမျှ လုပ်ဆောင်ခြင်းငှာ မစွမ်းနိုင်ကြ၊ သူတို့သည် ဘုရားသခင်အတွက် ဘာမျှမဆက်ကပ်နိုင်ကြရုံမက၊ သူတို့သည် အသင်းတော်၏ငွေကိုလည်း လျှို့ဝှက်စွာ သုံးကြပြီး၊ ဘုရားသခင်၏အိမ်တော်တွင် အလကားစားကြလေသည်။ ဤလူတို့သည် သေနေကြပြီး၊ သူတို့သည် ကယ်တင်ခံရမည် မဟုတ်ပါ။ ဘုရားသခင်သည် သူ၏အလုပ်ထဲ၌ရှိနေသော သူများကို ကယ်တင်သည်။ သို့သော် သူ၏ကယ်တင်ခြင်းကို မရရှိနိုင်သော လူအချို့ သူတို့ထဲတွင်ရှိသည်၊ လူအများစုမှာ သေနေကြသောကြောင့် သူ၏ကယ်တင်ခြင်းကို လူအနည်းငယ်သာ ရရှိနိုင်သည်၊ သူတို့သည် အလွန်သေနေကြသည့်အတွက် ကယ်တင်မခံရနိုင်ပါ၊ သူတို့သည် စာတန်၏ လုံးဝအသုံးချခံကြရပြီး၊ သူတို့သည် သဘာဝအလျောက် အလွန်ရန်ငြိုးထားကြသည်။ ထိုအနည်းငယ်မျှသော လူတို့ကလည်း ဘုရားသခင်ကို အပြည့်အဝ နာခံနိုင်ကြသည်တော့ မဟုတ်ပါ။ သူတို့သည် အစဦးကတည်းက ဘုရားသခင်ကို အပြည့်အဝသစ္စာရှိလာခဲ့ကြသူများ မဟုတ်သကဲ့သို့၊ အစဦးကတည်းက ဘုရားသခင်အတွက် အဆုံးစွန်သော ချစ်ခြင်းမေတ္တာ ရှိခဲ့ကြသူများလည်း မဟုတ်ပါ၊ ထို့အစား၊ သူတို့သည် ဘုရားသခင်၏သိမ်းပိုက်ခြင်း အလုပ်ကြောင့် ဘုရားသခင်ကို နာခံလာကြသည်၊ သူတို့သည် ဘုရားသခင်၏ အမြင့်ဆုံးသော ချစ်ခြင်းမေတ္တာကြောင့် ဘုရားသခင်ကို မြင်လာကြသည်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားကြောင့် သူတို့၏စိတ်နေသဘောထားတွင် ပြောင်းလဲမှုများ ရှိလာသည်၊ ထို့နောက် စစ်လည်းစစ်မှန်၍ ပုံမှန်လည်းဖြစ်သော ဘုရားသခင်၏အလုပ်ကြောင့် သူတို့သည် ဘုရားသခင်ကို သိလာကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သက်ဝင်လှုပ်ရှားလာပြီလော” မှ

ဘုရားသခင်သည် သူ့အား အစေခံသောသူများကို အမြဲတမ်း ပြည့်စုံစေလေ့ရှိသည်။ ဘုရားသခင်သည် ထိုသူတို့ကို ပေါ့ပေါ့တန်တန် ဖယ်ထုတ်ပစ်လေ့မရှိပါ။ သင်သည် ဘုရားသခင့် နှုတ်ကပတ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို အမှန်တကယ် လက်ခံပြီး၊ သင်၏ ဘာသာရေး ဓလေ့ဟောင်း၊ စည်းစနစ်ဟောင်းများကို စွန့်လွှတ်ကာ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့် ဘာသာရေး အယူအဆဟောင်းများကို အသုံးပြုခြင်းအား ရပ်တန့်မည်ဆိုပါက သင့်အတွက် အနာဂတ် ရှိနေလိမ့်မည်။ သို့မဟုတ်ဘဲ ဟောင်းသော အမှုအရာများ အပေါ်မှာသာ တွယ်ကပ်ပြီး ယင်းအရာများကိုသာ တန်ဖိုးထားနေမြဲ ထားမည်ဆိုပါက သင့်အတွက် ကယ်တင်ခံရရန် နည်းလမ်းမရှိပါ။ ဘုရားသခင်သည် ထိုကဲ့သို့သော သူများကို အသိအမှတ် ပြုတော်မမူပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘာသာရေးအမှုဆောင်ခြင်းကို သန့်စင်ရမည်” မှ

ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့ အသုံးချဖို့ရန် ဆန္ဒရှိသောသူများ ဖြစ်ပြီး ထိုသူတို့သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ ဆန္ဒရှိသောသူများ ဖြစ်သည်။ ဘုရားသခင်ကို ဧကန်အမှန် သက်သေခံပြီး ရပ်တည်နိုင်သော သူများသည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်သုံးဖို့ ဆန္ဒရှိသောသူများ ဖြစ်ပြီး ထိုသူတို့သည် သမ္မာတရားဘက်၌ အမှန်တကယ် ရပ်တည်နိုင်သောသူများ ဖြစ်သည်။ လိမ်လည်လှည့်စားမှုများကို အသုံးပြုသောသူများနှင့် မတရားမှုကို လုပ်သောသူများအားလုံးသည် သမ္မာတရား မရှိသောသူများဖြစ်ပြီး သူတို့အားလုံးသည် ဘုရားသခင်ကို အရှက်ရစေသောသူများဖြစ်သည်။ အသင်းတော်တွင် အငြင်းအခုံ ပြုသောသူများသည် စာတန်၏ အစေအပါးများဖြစ်ကြပြီး စာတန်၏ပြယုဂ် ဖြစ်သည်။ ထိုကဲ့သို့သောသူသည် အင်မတန် မလိုမုန်းထားသောသူဖြစ်သည်။ ထိုးထွင်းသိမြင်မှုမရှိသော သူများနှင့် သမ္မာတရားဘက်၌ ရပ်တည်ဖို့ရန် မတတ်စွမ်းနိုင်သော သူများအားလုံးသည် ဆိုးယုတ်သော ရည်ရွယ်ချက်များကို သိုထားကြပြီး သမ္မာတရားကို ညှိုးနွမ်းစေသည်။ ဤလူများသည် သာ၍ပင် စာတန်ကို စင်စစ် ကိုယ်စားပြုသော သူများဖြစ်သည်။ သူတို့သည် ရွေးနုတ်၍ မရနိုင်လောက်အောင် ဖြစ်နေကြပြီး သူတို့သည် ဖယ်ရှားခံရမည့် အရာဝတ္ထုများဖြစ်သည်ဆိုခြင်းကို ပြောစရာပင် မလိုချေ။ သမ္မာတရားကို လက်တွေ့မကျင့်သုံးသောသူများကို ဘုရားသခင်၏မိသားစုတွင် ရှိနေဖို့ ခွင့်မပြုသင့်သကဲ့သို့ အသင်းတော်ကို ရည်ရွယ်ချက်ရှိရှိ ဖြိုချ သူများကိုလည်း ရှိနေခွင့် မပြု သင့် ပေ။ သို့သော် ယခုအချိန်သည် နှင်ထုတ်သော အလုပ်လုပ်ချိန် မဟုတ်ပေ။ ထိုသူတို့သည် နောက်ဆုံးတွင် ဖော်ထုတ်ခံရမည်ဖြစ်ပြီး ဖယ်ရှားခံရမည်ဖြစ်သည်။ အသုံးမဝင်သော မည်သည့်အလုပ်ကိုမျှ ထိုလူများအပေါ်၌ ထပ်လုပ်တော့မည်မဟုတ်။ စာတန်နှင့် သက်ဆိုင်သောသူများသည် သမ္မာတရားဘက်တွင် ရပ်တည်ဖို့ မတတ်စွမ်းနိုင်သော်လည်း သမ္မာတရားကို ရှာသောသူများသည် သမ္မာတရားဘက်တွင် ရပ်တည်နိုင်ကြသည်။ သမ္မာတရားကို လက်တွေ့မကျင့်သုံးသော သူများသည် သမ္မာတရားလမ်းကို ကြားရဖို့ရန် မထိုက်တန်၊ သမ္မာတရားကို သက်သေခံဖို့ရန်လည်း မထိုက်တန်ပေ။ သမ္မာတရားသည် အရင်းခံအားဖြင့် သူတို့၏နားအတွက် မဟုတ်ဘဲ သမ္မာတရားကို လက်တွေ့ကျင့်သုံးသော လူများ၏နားအတွက် ဟောခြင်းဖြစ်သည်။ လူတိုင်း၏အဆုံးသတ်ကို ဖွင့်မပြမီ အသင်းတော်ကို နှောင့်ယှက်သောသူများနှင့် အမှုတော်ကို ကြားဖြတ်သောသူများသည် အခြားတစ်ဘက်တွင် ဦးစွာထားခဲ့ခြင်း ခံရမည်ဖြစ်သည်။ အမှု ပြီးပြည့်စုံသွားသည်နှင့် ဤလူများသည် ဖယ်ရှားခြင်းမခံရမီ တစ်ယောက်ပြီးတစ်ယောက် ဖော်ထုတ်ခံရမည်ဖြစ်သည်။ သမ္မာတရားကို ထောက်ပံ့ပေးစဉ်အတွင်း လောလောဆယ်တွင် သူတို့ကို အာရုံစိုက်မည်မဟုတ်။ လူသားထံ သမ္မာတရား တစ်ခုလုံးကို ဖွင့်ပြသောအခါ ထိုလူများသည် ဖယ်ရှားခံရမည်ဖြစ်သည်။ ထိုအချိန်သည် လူအားလုံးကို မိမိတို့၏ အမျိုးအစားအလိုက် အတန်းအစားသတ်မှတ်ခြင်းခံရမည့် အချိန်လည်းဖြစ်သည်။ သူတို့၏ သေးနုပ်လှသော ပါးနပ်မှုုကြောင့် ထိုးထွင်းသိမြင်မှု မရှိသောသူများသည် မကောင်းသောလူများ၏လက်ထဲ၌ ပျက်စီးသွားမည်ဖြစ်သည်။ သူတို့သည် မကောင်းသောလူများ၏ လွဲမှားသောလမ်းသို့ ဦးဆောင်ခြင်းကို ခံရမည်ဖြစ်ပြီး ပြန်လာနိုင်မည် မဟုတ်ချေ။ ထိုသူတို့သည် သမ္မာတရားကို မနှစ်သက်သည့်အားလျော်စွာ ထိုသူတို့ကို ဤနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းသင့်သည်။ အကြောင်းမှာ သူတို့သည် သမ္မာတရားဘက်က ရပ်တည်ဖို့ မတတ်စွမ်းနိုင်သောကြောင့်၊ မကောင်းသောလူများနောက် လိုက်လျှောက်ပြီး၊ မကောင်းသည့်လူများဘက်က ရပ်တည်သောကြောင့်၊ မကောင်းသောလူများနှင့် ပူပေါင်းကြံစည်ပြီး ဘုရားသခင်ကို ဖီဆန်သောကြောင့် ဖြစ်သည်။ ထိုမကောင်းသောလူများသည် ဒုစရိုက်ကိုပင် ရောင်ပြန်ဟပ်သည်ဆိုခြင်းကို သူတို့သည် ကောင်းစွာ သိသော်လည်း သမ္မာတရားနှင့် ဆန့်ကျင်ဘက်ကိုရွေ့လျက် မိမိတို့၏နှလုံးသားများကို မာကျောစေကြပြီး သူတို့နောက်ကို လိုက်ကြသည်။ သမ္မာတရားကို လက်တွေ့မကျင့်သုံးဘဲ ဖျက်စီး၍ ရွံရှာဖွယ် အရာများကို လုပ်သော ဤသူများ အားလုံးသည် ဒုစရိုက်ကို ပြုနေကြသည် မဟုတ်လော။ ထိုလူများအကြား၌ မိမိတို့ကိုယ်မိမိ ဘုရင်များအဖြစ် ပုံဖမ်းကြသော သူများနှင့် နောက်သို့ တကောက်ကောက်လိုက်သောသူများ ရှိကြသော်လည်း ထိုသူတို့၏ ဘုရားသခင်ကို ဖီဆန်သော သဘာဝများသည် အားလုံးအတူတူပင် မဟုတ်လော။ ဘုရားသခင်သည် သူတို့ကို မကယ်တင်ဟု ပြောရန် သူတို့၌ မည်သည့် အကြောင်းပြချက်ရှိသနည်း။ ဘုရားသခင်က မဖြောင့်မတ်ဟုပြောရန် သူတို့၌ မည်သည့် အကြောင်းပြချက်ရှိသနည်း။ သူတို့ကို ဖျက်ဆီးမည်မှာ သူတို့ကိုယ်တိုင်၏ ဒုစရိုက်ပင် မဟုတ်လော။ သူတို့ကို ငရဲဆီ ဆွဲခေါ်သွားမည်မှာ သူတို့ကိုယ်တိုင်၏ ပုန်ကန်မှုပင် မဟုတ်လော။ သမ္မာတရားကို လက်တွေ့ကျင့်သုံးသောသူများသည် အဆုံးတွင် ကယ်တင်ခံရမည်ဖြစ်ပြီး သမ္မာတရားမှတစ်ဆင့် စုံလင်အောင် ပြုခြင်းခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့မကျင့်သုံးသောသူများသည် အဆုံးတွင် သမ္မာတရားမှတစ်ဆင့် ပျက်စီးခြင်းကို ဖိတ်ခေါ်မည်ဖြစ်သည်။ ဤသည်တို့မှာ သမ္မာတရားကို လက်တွေ့ကျင့်သုံးသောသူတို့နှင့် လက်တွေ့ မကျင့်သုံးသောသူတို့ကို စောင့်နေသော အဆုံးသတ်တို့ပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မကျင့်သုံးသောသူများကို သတိပေးချက်” မှ

တချို့သူများသည် ဘုရားသခင် ရှေ့မှောက်တွင် အလွန်မှန်ကန်စွာပြုမူ၍ “အပြုအမူကောင်းများ” အထူးရှိပုံရသော်လည်း ဝိညာဉ်တော် ရှေ့မှောက်တွင်မူ ဖီဆန်အာခံသွားကာ ထိန်းချုပ်ထားမှုများ ပယ်ပျောက်တော့သည်။ ရိုးသားခြင်း အဆင့်များထဲတွင် ထိုကဲ့သို့သော လူသားကို သင်တို့ ထည့်တွက်မည်လား။ အကယ်၍ သင်သည် ကြောင်သူတော်တစ်ဦးဖြစ်ပြီး ဆက်ဆံရေး အထူးကောင်းမွန်ပါက သင်သည် ဘုရားသခင်အား မထီမဲ့မြင်ပြုသူ ဖြစ်သည်မှာ သေချာသည်ဟု ငါဆိုသည်။ အကယ်၍ သင့်စကားများက ဆင်ခြေများ၊ အဖိုးမတန်သော ကျိုးကြောင်းပြချက်များနှင့် ပြည့်နှက်နေမည်ဆိုပါက သင်သည် သမ္မာတရား လက်တွေ့ကျင့်သုံးရမည်ကို အလွန်တရာကို စက်ဆုတ်သောသူတစ်ဦး သာဖြစ်သည်ဟု ငါဆို၏။ အကယ်၍ သင်သည် လျှို့ဝှက်ချက်များ ရှိလွန်းသဖြင့် မျှဝေရန် တွန့်ဆုတ်နေပြီး အလင်းအတွက်လမ်းကြောင်းကို ရှာဖွေဖော်ထုတ်ရန် သင်၏ လျှို့ဝှက်ချက်များ— တနည်းအားဖြင့် ဆိုသော် သင့်အခက်အခဲများ— ကို အခြားသူများရှေ့တွင် ဖော်ပြရန် လိုလိုလားလားမရှိပါက၊ သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။ သမ္မာတရား၏ လမ်းကိုရှာဖွေခြင်းသည် သင့်ကို ကောင်းစွာ သဘောကျကျေနပ်စေသည်ဆိုပါက သင်သည် အလင်းထဲ၌ အစဉ်အမြဲ နေထိုင်သူတစ်ဦးဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အိမ်တော်၌ မထင်မရှားနေပြီး ကြိုးကြိုးစားစားနှင့် တာဝန်ကျေပွန်စွာ အလုပ်လုပ်လျက် အမြဲတမ်းပေးကမ်း၍ မည်သည့်အခါမျှ ရယူခြင်းမရှိသော အစေခံသူတစ်ဦး ဖြစ်ရသည်ကို အလွန်၀မ်းမြောက်ပါက သင်သည် သစ္စာရှိသော သန့်ရှင်းသူတစ်ယောက်ဖြစ်သည်ဟု ငါဆိုသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဆုလာဘ်ကိုမမျှော်ကိုးဘဲ ပကတိ ရိုးသားသူတစ်ယောက်သာ ဖြစ်သောကြောင့်တည်း။ သင်သည် ပွင့်လင်းရန် လိုလိုလားလား ရှိလျှင်၊ သင်သည် သင်၏အလုံးစုံကို အသုံးခံရန် လိုလိုလားလားရှိလျှင်၊ သင်သည် ဘုရားသခင်အတွက် သင့်ဘဝကိုစတေးနိုင်ကာ သက်သေရပ်တည်နိုင်လျှင်၊ သင်သည် မိမိအတွက်မစဉ်းစားဘဲ သို့မဟုတ် မိမိကိုယ်ကျိုးမပါဘဲ ဘုရားသခင် ကျေနပ်သဘောကျရန်ကိုသာ သိသောအဆင့်အထိ ရိုးသားသည်ဆိုပါက၊ ဤလူတို့သည် အလင်းထဲတွင် အားဖြည့်ပေးခြင်းခံရကာ နိုင်ငံတော်တွင် ထာဝရ အသက်ရှင်မည့်သူများ ဖြစ်သည်ဟု ငါဆိုသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သတိပေးချက် သုံးချက်” မှ

အချို့လူတို့သည် ၎င်းတို့အပေါ် အပျက်သဘောဆောင်သောအရာ တစ်စုံတစ်ခုကျရောက်သောအခါ၊ ၎င်းတို့၏ တာဝန်မှ နုတ် ထွက်ကြပြီး ဆုတ်ဆိုင်းမှုတစ်ခုချင်းစီ နောက်ပိုင်းတွင် မထနိုင်ကြချေ။ ဤလူအားလုံးမှာ သမ္မာတရားကို မချစ်သော လူနုံလူအများဖြစ်ကြပြီး၊ ၎င်းတို့သည် တစ်သက်တာလုံး ယုံကြည်ခြင်း ရှိသော်လည်း သမ္မာတရားကို ရကြလိမ့်မည်မဟုတ်ပေ။ ယင်းကဲ့သို့ လူနုံလူအများသည် အဆုံးတိုင် အဘယ်သို့ လိုက်နိုင်မည်နည်း။ ပါးနပ်ချက်ချာသောလူများနှင့် အတွင်းအရည်ချင်း အမှန်တကယ်ရှိပြီး ဝိညာဉ်ရေးရာကိစ္စများကို နားလည်သောသူများမှာ သမ္မာတရားကို ရှာဖွေသောသူများ ဖြစ်ပြီး၊ ၎င်းတို့သည် ဆယ်ကြိမ်တွင် ရှစ်ကြိမ် လှုံ့ဆော်အားပေးမှု၊ သင်ခန်းစာ၊ ဉာဏ်အလင်းနှင့် တိုးတက်မှု အချို့တို့ကို ရကောင်းရနိုင်ကြသည်။ ဝိညာဉ်ရေးရာကိစ္စများကို နားမလည်သော လူနုံလူအတစ်ဦးအပေါ် ၎င်းအရာပင် ဆယ်ကြိမ် ဖြစ်သောအခါ၊ ၎င်းတို့သည် ဆယ်ကြိမ်တွင် တစ်ကြိမ်တစ်ခါမျှ ဘဝအကျိုးကျေးဇူးတစ်စုံတစ်ရာ ရရှိလိမ့်မည်မဟုတ်၊ တစ်ကြိမ်တစ်ခါမျှ ပြောင်းလဲမှုတစ်စုံတစ်ရာ ပြုလိမ့်မည်မဟုတ်ဘဲ၊ ၎င်းတို့၏ ဗီဇကို တစ်ကြိမ်တစ်ခါမျှ နားလည်လိမ့်မည်မဟုတ်ပေ။ ၎င်းတို့ ဆယ်ကြိမ် ရှုံးနိမ့်သည်၊ ဆယ်ကြိမ် ခလုတ်တိုက်သော်လည်း ၎င်းတို့သည် နိုးကြားခြင်း မရှိသေးသည့်အပြင် ပြဿနာ၏အမြစ်ကို ရှာရန်အတွက် သမ္မာတရားကို ရှာဖွေခြင်း မပြုကြပေ။ ယင်းကဲ့သို့ လူအမျိုးအစားသည် တရားဟောချက်များကို မည်မျှပင် နားထောင်စေကာမူ၊ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ နားလည်မည်မဟုတ်ပေ၊ ၎င်းတို့သည် ဆန်ကုန်မြေလေးဖြစ်ကြ၏။ ၎င်းတို့ ခလုတ်တိုက်သည့်အကြိမ်တိုင်း ၎င်းတို့ ပြန်ထနိုင်စေရန်၊ ၎င်းတို့ကို ချော့မော့ရန် ကူညီပေးမည့် အခြားသူတစ်စုံတစ်ဦးကို လိုအပ်ကြသည်။ အကယ်၍ ၎င်းတို့ကို ချော့မော့ခြင်း သို့မဟုတ် ကူညီပေးခြင်းမရှိပါက ၎င်းတို့သည် နောက်တစ်ဖန် ပြန်ထမည် မဟုတ်ပေ။ ယင်းသို့ ဖြစ်သည့်အကြိမ်တိုင်း ကျဆင်းမည့်အန္တရာယ်ရှိပြီး၊ အကြိမ်တိုင်း ၎င်းတို့ ယိုယွင်းပျက်စီးမည့်အန္တရာယ် ရှိနေ၏။ ဤသည်မှာ ၎င်းတို့အတွက် အဆုံးသတ်ပင်ဖြစ်သည် မဟုတ်လော။ အသုံးမကျသော ဤလူများကို ကယ်တင်ရန်အတွက် အကြောင်းပြချက်တစ်စုံတစ်ရာ ရှိသေးသလော။ လူသားမျိုးနွယ်ကို ဘုရားသခင်၏ကယ်တင်ခြင်းမှာ သမ္မာတရားကို ချစ်သောသူများအတွက် ဖြစ်၏။ ၎င်းမှာ စိတ်စွမ်းအားနှင့် စိတ်ဓာတ်ကြံ့ခိုင်မှု ရှိသောသူများ၊ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းအတွက် ပြင်းပြင်သောဆန္ဒရှိသူများအတွက် ကယ်တင်ခြင်းဖြစ်သည်။ တစ်စုံတစ်ဦး၌ စိတ်ဓာတ်ကြံ့ခိုင်မှု ရှိသည်ဟုဆိုခြင်းမှာ ၎င်းတို့သည် ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းနှင့် သမ္မာတရားကို တမ်းတကြောင်းနှင့် ၎င်းတို့၌ အသိတရား ရှိကြောင်း ဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင်သည် ဤလူများထဲ၌ အမှုပြုခြင်းမှာ သမ္မာတရားကို ၎င်းတို့ နားလည်ပြီး ရရှိရန်၊ ၎င်းတို့၏ဖောက်ပြန်ပျက်စီးခြင်းကို ဆေးကြောသန့်စင်ပြီး ၎င်းတို့၏အသက်တာစိတ်သဘောထား ပြောင်းလဲနိုင်ရန် ်ဖြစ်သည်။ အကယ်၍ သင်အတွင်း၌ သမ္မာတရားကို ချစ်မြတ်နိုးခြင်း သို့မဟုတ် ဖြောင့်မတ်ခြင်းနှင့် အလင်းအတွက် ပြင်းပြသောဆန္ဒမရှိပါက သင် မကောင်းမှုနှင့် ကြုံတွေ့သည့်အခါတိုင်း သင်သည် မကောင်းသောအရာများကို စွန့်လွှတ်လိုစိတ် သို့မဟုတ် ဒုက္ခဆင်းရဲကို ခံစားရန် စိတ်ဓာတ်ကြံ့ခိုင်မှု ရှိလိမ့်မည်မဟုတ်ပေ၊ ထို့အပြင် သင်၏အသိတရားသည် ထုံထိုင်းနေပါက၊ သမ္မာတရားကို လက်ခံနိုင်သော သင်၏စွမ်းရည်မှာလည်း ထုံထိုင်းနေမည်ဖြစ်သည်၊ သင်သည် သမ္မာတရား သို့မဟုတ် ဖြစ်ပေါ်သော အမှုအရာများအတွက် အသိတရားမရှိပေ၊ တစ်စုံတစ်ရာကိုမျှ ဝေခွဲနိုင်ခြင်း မရှိသည့်အပြင်၊ အမှုအရာများကို ကိုင်တွယ်နိုင်စွမ်း သို့မဟုတ် ဖြေရှင်းနိုင်စွမ်း သင်၌မရှိသဖြင့် ကယ်တင်ခြင်းခံရရန် နည်းလမ်းမရှိပေ။ ဤကဲ့သို့ လူအမျိုးအစား၌ ၎င်းတို့ကို ထောက်ခံရန် တစ်စုံတစ်ခုမျှမရှိ၊ လုပ်ဆောင်ရန် ထိုက်တန်သောအရာ တစ်စုံတစ်ခုမျှ မရှိပေ။ ဘုရားသခင်သည် သမ္မာတရားအကြောင်း မည်မျှပင် ရှင်းရှင်းလင်းလင်း သို့မဟုတ် ပွင့်ပွင့်လင်းလင်း ပြောစေကာမူ၊ ၎င်းတို့သည် သေဆုံးနှင့်သကဲ့သို့ တုံ့ပြန်ခြင်းမရှိကြပေ။ ၎င်းတို့အတွက် ဆုံးခန်းတိုင်ပြီ မဟုတ်သလော။ ထွက်သက်ဝင်သက်ရှိသောမည်သူ့ကိုမဆို လူလုပ်အသက်ရှုစက်ဖြင့် ကယ်တင်နိုင်သည်။ သို့သော် အကယ်၍ ၎င်းတို့သည် သေဆုံးနှင့်ပြီး ၎င်းတို့၏ဝိညာဉ် ထွက်သွားခဲ့ပြီးသော်၊ လူလုပ်အသက်ရှုစက်မှာ မည်သည့်အရာကိုမျှ ပြောင်းလဲတော့မည် မဟုတ်ပေ။ တစ်စုံတစ်ရာ သင့်အပေါ် ကျရောက်သည့်အခါ၊ သင် နောက်တွန့်သွားပြီး သက်သေခံခြင်း မရှိသဖြင့်၊ သင့်ကို မည်သည့်အခါမျှ ကယ်တင်၍ရမည် မဟုတ်ဘဲ သင် ကြီးစွာ ဒုက္ခရောက်လေပြီ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စိတ်ဇဝေဇဝါဖြစ်နေသောလူများကို မကယ်တင်နိုင်ပေ” မှ

ထိုသို့သော လူများသည် ဘုရားသခင်၏ အလုပ်သစ်ကို လုံးဝ နားမလည်၊ အဆုံး မရှိသော အယူအဆများနှင့်သာ ပြည့်နေသူများ ဖြစ်သည်။ အသင်းတော်၌ သူတို့သည် ဘာအလုပ်မျှ မလုပ်ဘဲ ထိခိုက်နစ်နာမှုများ ဖြစ်စေကာ နေရာအနှံ့ အပျက်သဘောဆောင်သော သဘောထားများ ပျံ့နှံ့စေသည်၊ အသင်းတော်၌ လက်မခံနိုင်သော အပြုအမူနှင့် အနှောင့်အယှက်မျိုးစုံကိုပင် ဖြစ်စေပြီး အဆိုးနှင့် အကောင်း ခွဲခြားနိုင်စွမ်း မရှိသူများကို ဇဝေဇဝါ၊ ဖရိုဖရဲ ဖြစ်စေသည်။ အသက်ရှင်လျက်ရှိသော ထိုနတ်မိစ္ဆာများ၊ ထိုနတ်ဆိုးများသည် ဖြစ်နိုင်သမျှ မြန်မြန် အသင်းတော်မှ ထွက်သွားသင့်သည်။ သို့မဟုတ်လျှင် သင့်ကြောင့် အသင်းတော် တိုးပွားမှု တန့်မှာကို စိုးရိမ်ရသည်။ သင်သည် ယနေ့ လုပ်သောအလုပ်ကို ကြောက်ရွံ့ချင်မှ ကြောက်ရွံ့မည်ဖြစ်သော်လည်း နက်ဖြန်နေ့၌ ရောက်လာမည့် တရားသော အပြစ်ပေးခြင်းကို သင်မကြောက်ရွံ့ဘူးလော။ အသင်းတော်၌ သူများ၏ စေတနာပေါ် အခွင့်ကောင်း ယူတတ်သောသူများ အမြောက်အများရှိသည်၊ ဘုရားသခင် ပုံမှန်လုပ်နေသည့် အလုပ်ကို နှောင့်ယှက်တားဆီးဖို့ ကြိုးစားသော ဝံပုလွေများလည်း များစွာရှိသည်။ ထိုအရာများအားလုံးသည် မာရ်နတ် စေလွှတ်လိုက်သော နတ်ဆိုးများ၊ ရိုးသားသည့် သိုးများကို ဝါးမျိုရန် ရှာဖွေနေသည့် ဆိုးယုတ်သော ဝံပုလွေများ ဖြစ်ကြသည်။ “လူ” ဟုခေါ်ကြသော ထိုသူတို့ကို မနှင်ထုတ်လျှင် သူတို့သည် အသင်းတော်အပေါ်၌ ကပ်ပါးကောင်များ၊ ပေးလှူထားသော အရာများကို အငမ်းမရ ဝါးမျိုသူများ ဖြစ်လာလေ့ရှိသည်။ အထင်သေးစရာ ကောင်းသော၊ ပညာမဲ့သော၊ ယုတ်ညံ့သော၊ ရွံရှာဖွယ်ကောင်းသော ထိုလောက်ကောင်များသည် တစ်နေ့ အပြစ်ပေးခြင်း ခံရပေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည်” မှ

မိမိတို့၏ ဇာတိပကတိအကြောင်းကိုသာ တွေးတောပြီး သက်သောင့်သက်သာ နေရသည်ကို နှစ်သက်သူများ၊ မပြတ်သားသော ယုံကြည်ခြင်းရှိသူများ၊ ယုတ်ညံ့သော ဆေးပညာနှင့် မှော်အတတ်ကို ကျင့်သူများ၊ လူတကာနှင့် သောင်းပြောင်း လိင်ဆက်ဆံသူများ၊ ထို့ပြင် မသပ်မရပ် စုတ်စုတ်ပြတ်ပြတ်နေကြသူများ၊ ယေဟောဝါကို ပူဇော်ထားသည့်အရာများနှင့် သူ၏ပိုင်ဆိုင်မှုများကို ခိုးယူကြသူများ၊ တန်စိုးလက်ဆောင်ကို နှစ်သက်သူများ၊ ကောင်းကင်ဘုံသို့သွားရန် အကြောင်းမဲ့သက်သက် အိပ်မက်မက်ကြသူများ၊ မာနထောင်လွှားပြီး စိတ်ကြီးဝင်ကာ မိမိနာမည်ကြီးဖို့၊ မိမိချမ်းသာဖို့သာ ကြိုးစားကြသူများ၊ ရိုင်းသောစကားများကို ပျံ့အောင်လုပ်သူများ၊ ဘုရားသခင်ကိုယ်တော်တိုင်ကို စော်ကားပြောဆိုကြသူများ၊ မည်သည့်အလုပ်မျှ မလုပ်ဘဲ ဘုရားသခင်ကိုယ်တော်တိုင်ကို ဆန့်ကျင်ဝေဖန်မှုပြုပြီး အသရေဖျက်သူများ၊ အခြားသူများနှင့် အုပ်စုဖွဲ့ပြီး သီးခြားအဖွဲ့ဖွဲ့ရန် ကြိုးစားသူများ၊ ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်ထက် ပိုမြင့်အောင် ချီးမြှောက်သူများ၊ ဘာကိုမျှ အလေးအနက်မထားဘဲ အသက်ရှင်နေသည့် ငယ်ရွယ်သော အမျိုးသားများနှင့် အမျိုးသမီးများ၊ ကာမဂုဏ်လိုက်စားမှုတွင် ပိတ်မိနေကြသော လူလတ်ပိုင်းနှင့် အသက်ကြီးသော အမျိုးသားများနှင့် အမျိုးသမီးများ၊ မိမိ၏နာမည်ကြီးမှုနှင့် ကြွယ်ဝချမ်းသာမှု၌ မွေ့လျော်ကာ အခြားသူများအကြား၌ ကိုယ်ပိုင်အဆင့်အတန်းကို ရှာဖွေကြသော အမျိုးသားများနှင့် အမျိုးသမီးများ၊ အပြစ်နွံထဲ၌ ပိတ်မိနေပြီး နောင်တမရကြသူများ၊ အစရှိသည့်သူများအားလုံးသည် ကယ်တင်ရန် မဖြစ်နိုင်သူများဖြစ်သည် မဟုတ်လော။ ကာမဂုဏ်လွန်ကျူးခြင်း၊ အပြစ်လွန်ကျူးခြင်း၊ ဆိုးယုတ်သော ဆေးပညာ၊ မှော်အတတ်၊ ရိုသေလေးမြတ်မှုမရှိသော အပြုအမူ၊ ရိုင်းစိုင်းသော စကားများ စသည့်အရာများအားလုံးသည် သင်တို့အကြား၌ အထိန်းအကွပ်မရှိ ဖြစ်နေကြပြီး သမ္မာတရားနှင့် အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်များကမူ သင်တို့အကြား နင်းခြေခံကြရသည်၊ ထို့ပြင် သန့်ရှင်းသောဘာသာစကားသည် သင်တို့အကြားတွင် ညစ်ညမ်းစေခြင်းကိုခံရ၏။ ညစ်ညမ်းမှုနှင့် မနာခံမှုတို့လွန်ကဲနေသည့် တစ်ပါးအမျိုးသားတို့။ အဆုံး၌ သင်တို့သည် မည်သည့်နေရာသို့ ရောက်ကြမည်နည်း။ ဇာတိပကတိကို ချစ်မြတ်နိုးကြသူများ၊ ဇာတိပကတိ၏ မကောင်းမှုများကို လွန်ကျူးသူများ၊ ကာမဂုဏ်လွန်ကျူးသည့် အပြစ်များထဲတွင် မိနေသောသူများသည် အဘယ်ကြောင့် ဆက်လက်အသက်ရှင်ရဲကြသနည်း။ သင်တို့ကဲ့သို့သောလူများသည် ကယ်တင်ရန် မဖြစ်နိုင်သည့် လောက်ကောင်များဖြစ်သည်ကို မသိကြသလော။ ဟိုဟိုသည်သည် တောင်းဆိုဖို့ရန် သင်တို့၌ မည်သည့်အရည်အချင်းများ ရှိသနည်း။ သမ္မာတရားကို ချစ်မြတ်နိုးခြင်းမရှိဘဲ ဇာတိပကတိကိုသာ ချစ်မြတ်နိုးကြသူများ၏ အတွင်း၌ ယနေ့တိုင် ပြောင်းလဲမှုအနည်းငယ်မျှပင် မရှိချေ။ သို့ဖြစ်၍ ထိုကဲ့သို့သောသူများကို မည်သို့ကယ်တင်၍ ရမည်နည်း။ ယနေ့ထိတိုင် အသက်လမ်းကို ချစ်မြတ်နိုးခြင်း မရှိသူများ၊ ဘုရားသခင်ကို မချီးမြှောက်သူများ၊ သူ့အတွက် သက်သေခံခြင်း မပြုသူများ၊ မိမိတို့၏ ဂုဏ်အဆင့်အတန်း အဖို့အလို့ငှာ လျှို့ဝှက်ကြံစည်ကြသူများနှင့် ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းကြသူများသည် ယခင်အတိုင်း ဖြစ်နေကြဆဲပင် မဟုတ်လော။ သူတို့ကို ကယ်တင်ရာ၌ မည်သည့်တန်ဖိုးရှိသနည်း။ သင့်ကို ကယ်တင်၍ရနိုင်၊ မရနိုင်ဟူသည့် အချက်သည် သင်၌ အရည်အချင်း မည်မျှရှိသနည်း၊ သို့မဟုတ် သင်အလုပ်လုပ်သည်မှာ နှစ်ပေါင်းမည်မျှ ကြာပြီးဖြစ်သနည်း ဟူသည့်အချက်အပေါ်၌ မမူတည်ပေ၊ သင်မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားများအပေါ်၌ သာ၍ပင် မမူတည်ပေ။ သင်၏လိုက်လျှောက်မှုသည် အသီးအပွင့်ဖြစ်ထွန်းခြင်း ရှိမရှိဟူသည့်အချက်အပေါ်၌ မူတည်သည်။ ကယ်တင်ခြင်းခံရသူများသည် အသီးသီးသည့် “သစ်ပင်များ” ဖြစ်ကြောင်း၊ စိမ်းစိုသည့် သစ်ရွက်များနှင့် ဖွေးဖွေးလှုပ်အောင် ပန်းများပွင့်နေသော်လည်း အသီးမသီးသည့် သစ်ပင်များမဟုတ်ကြောင်းကို သင်သိသင့်သည်။ လမ်းပေါ်၌ နှစ်ပေါင်းများစွာ သင်အချိန်ကုန်ခဲ့လျှင်ပင် မည်သည့်အကျိုးရှိသနည်း။ သင်၏သက်သေခံချက်ကား အဘယ်မှာနည်း။ ဘုရားသခင်ကို သင်၏ရိုသေလေးမြတ်ခြင်းသည် သင့်ကိုယ်သင် ချစ်သော အချစ်နှင့် ရာဂစိတ်ပြင်းထန်သော သင်၏ဆန္ဒနှင့်ယှဉ်လျှင် အလွန်ပင်နည်းသည်။ ထိုကဲ့သို့သောသူသည် ကိုယ်ကျင့်တရားပျက်ယွင်းသူတစ်ဦး မဟုတ်လော။ ထိုသူတို့သည် ကယ်တင်ခြင်းအတွက် စံနမူနာ အဘယ်သို့ဖြစ်နိုင်မည်နည်း။ သင်၏သဘာဝသည် ပြောင်းလဲ၍မရ၊ သင်သည် အလွန်ပုန်ကန်တတ်ပြီး သင့်ကို ကယ်တင်ရန် မဖြစ်နိုင်ပေ။ ထိုလူအမျိုးအစားသည် သုတ်သင်ဖယ်ရှားခြင်းခံရမည့် အမျိုးအစားဖြစ်သည် မဟုတ်လော။ ငါ၏အမှုပြီးသည့်အချိန်သည် သင့်အတွက် နောက်ဆုံးသောကာလ ဆိုက်ရောက်မည့် အချိန်ဖြစ်သည် မဟုတ်လော။ သင်တို့အကြားတွင် ငါသည်အလုပ်များစွာကို လုပ်ခဲ့ပြီး နှုတ်ကပတ်တော်များစွာကို ပြောဆိုခဲ့၏။ ထိုအရာများထဲမှ မည်မျှသည် သင်တို့နားထဲသို့ ရောက်သနည်း။ ထိုအရာများထဲမှ မည်မျှကို သင်တို့နာခံဖူးကြသနည်း။ ငါ၏အမှု အဆုံးသတ်သည့်အချိန်သည် သင်ငါ့ကို ဆန့်ကျင်ခြင်း ရပ်တန့်သည့်အချိန်နှင့် ငါ့ကို အန်တုခြင်း ရပ်တန့်သည့်အချိန်လည်း ဖြစ်မည်။ ငါအမှုပြုနေစဉ်ကာလအတွင်း သင်တို့သည် ငါ့ကိုအမြဲဆန့်ကျင်သည်၊ ငါ၏နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ သင်တို့ မလိုက်နာကြ။ ငါက ငါ့အမှုကိုပြုပြီး သင်က သင့်ကိုယ်ပိုင် “အလုပ်” ကိုလုပ်သည်၊ သင်၏ကိုယ်ပိုင်နိုင်ငံကို ဖန်တီးသည်။ အသင်မြေခွေးနှင့် ခွေးအုပ်များ၊ သင်တို့လုပ်သမျှသည် ငါ့ကို ဆန့်ကျင်သည့်အရာများ ဖြစ်သည်တကား။ သင်တို့ကိုသာ ချစ်သည့်သူများကို ထွေးပွေ့ထားရန် သင်တို့ အမြဲကြိုးစားနေကြသည်။ သင်တို့၏ ရိုသေလေးမြတ်ခြင်းက အဘယ်မှာရှိသနည်း။ သင်တို့လုပ်သမျှသည် မရိုးသားပေ။ သင်တို့၌ နာခံခြင်းသော်လည်းကောင်း၊ ရိုသေလေးမြတ်ခြင်းသော်လည်းကောင်း မရှိ၊ သင်တို့လုပ်သမျှသည် မရိုးသားသကဲ့သို့ ပြစ်မှားစော်ကားမူများ ဖြစ်သည်။ ယင်းကဲ့သို့သော သူများသည် ကယ်တင်ခြင်းခံရနိုင်ပါမည်လော။ လိင်ကိစ္စ၌ စောင့်စည်းမှု မရှိသော၊ ကာမရာဂစိတ်ပြင်းပြသော ယောက်ျားများသည် ၎င်းတို့၏ ကိုယ်ပိုင်ပျော်ရွှင်မှုအတွက် ကလက်တက်တက် ပြည့်တန်ဆာများကို အမြဲဆွဲခေါ်လိုကြသည်။ ထိုသို့သော လိင်ကိစ္စ၌ စောင့်စည်းမှုမရှိသည့် နတ်ဆိုးများကို ငါလုံးဝကယ်တင်မည်မဟုတ်။ ညစ်ညမ်းသော နတ်ဆိုးများဖြစ်သည့် သင်တို့ကို ငါမုန်းတီးသည်။ သင်တို့၏ ကာမရာဂစိတ်ပြင်းပြမှုနှင့် ကလက်တက်တက်ပြုမူမှုတို့သည် သင်တို့အား ငရဲသို့ ထိုးဆင်းသွားစေမည်ဖြစ်သည်။ သင်တို့ကိုယ်တိုင်အတွက် သင်တို့၌ ပြောစရာ မည်သည့်အရာရှိသနည်း။ ညစ်ညမ်းသော နတ်ဆိုးများဖြစ်သော၊ ဝိညာဉ်ဆိုးများဖြစ်သော သင်တို့သည် အလွန်ပင် စက်ဆုပ်ဖွယ် ကောင်းတော့သည်။ သင်တို့သည် ရွံရှာဖွယ်ဖြစ်သည်တကား။ ထိုကဲ့သို့သော အမှိုက်သရိုက်သည် မည်သို့ကယ်တင်ခြင်းခံရပါမည်နည်း။ အပြစ်တရား၏ ချုပ်နှောင်ခြင်းကို ခံနေရသူများသည် ကယ်တင်ခြင်း ခံရနိုင်သလော။ ယနေ့ ဤသမ္မာတရား၊ ဤလမ်းနှင့် ဤအသက်တို့သည် သင်တို့အတွက် ဆွဲဆောင်မှုမရှိပေ။ အပြစ်လွန်ကျူးခြင်း၊ ငွေကြေး၊ အဆင့်အတန်း၊ ကျော်ကြားမှုနှင့် ဥစ္စာတိုးပွားမှု၊ ဇာတိပကတိ၏ ပျော်ရွှင်မှုများ၊ အမျိုးသားများ၏ ခန့်ညားမှုနှင့် အမျိုးသမီးများ၏ ကလက်တက်တက် အပြုအမူများသည်သာ သင်တို့အတွက် ဆွဲဆောင်မှုရှိသော အရာများဖြစ်သည်။ ငါ၏နိုင်ငံတော်သို့ဝင်ရန် သင်တို့၌ မည်သို့သော အရည်အချင်းများ ရှိသနည်း။ သင်တို့၏ ဂုဏ်သိက္ခာအကြောင်း မဆိုနှင့် သင်တို့၏ ပုံသဏ္ဌာန်သည် ဘုရားသခင်၏ပုံသဏ္ဌာန်ထက်ပင် ပိုမိုကြီးမြတ်နေပြီး သင်တို့၏ အဆင့်အတန်းသည် ဘုရားသခင်၏အဆင့်အတန်းထက် မြင့်ကာ သင်တို့သည် လူများကိုးကွယ်သည့် ဆင်းတုသဖွယ် ဖြစ်လာနေသည်။ သင်သည် ကောင်းကင်တမန်မင်းဖြစ်နေပြီ မဟုတ်လော။ လူတို့၏ ရလဒ်များကို ထုတ်ဖော်ပြသောအခါ၌ တစ်နည်းအားဖြင့် ကယ်တင်ခြင်းအမှု ပြီးဆုံးခါနီးအချိန်၌ သင်တို့အနက်မှ လူအများအပြားသည် ကယ်တင်ရန် မဖြစ်နိုင်သည့် အသေကောင်များ ဖြစ်လိမ့်မည်ဖြစ်ပြီး သုတ်သင်ဖယ်ရှားခံရမည်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၇)”)

အနားယူခြင်းအားဖြင့် နောက်ပိုင်းရှင်သန်မည့် သူအားလုံးတို့သည် ကြီးစွာဆင်းရဲဒုက္ခခံရမည့်နေ့ကို သည်းခံပြီး ဘုရားသခင်အတွက် သက်သေခံကြသည်၊ သူတို့အားလုံးသည် သူတို့၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး ဘုရားသခင်ကို နာခံလိုသူများဖြစ်ကြသည်။ သမ္မာတရားကို လက်တွေ့ကျင့်သုံးမှုအား ရှောင်ရှားရန် အစေခံခြင်း အခွင့်အရေးကို အသုံးပြုရုံမျှသာ ပြုလိုသူတို့သည် ကျန်ရစ်နိုင်ကြမည်မဟုတ်ပေ။ ဘုရားသခင်၌ လူအားလုံးတို့၏ ရလဒ်များအပေါ် စီမံခန့်ခွဲမှုအတွက် သင့်လျော်သော စံချိန်စံညွှန်းများရှိသည်။ သူသည် လူတစ်ဦးတစ်ယောက်၏ စကားလုံးများနှင့် လုပ်ဆောင်မှုအပေါ်တွင်မူတည်ကာ ယင်းဆုံးဖြတ်ချက်များကို ချမှတ်မည်မဟုတ်သကဲ့သို့ အချိန်တစ်ခုအတောအတွင်းရှိ သူတို့၏ အပြုအမူအပေါ်တွင်မူတည်ကာ ယင်းဆုံးဖြတ်ချက်များကို ချမှတ်မည်လည်း မဟုတ်ပေ။ တစ်စုံတစ်ယောက်က ဘုရားသခင်အတွက် အတိတ်တွင် တစ်ကြိမ်တစ်ခါ အစေခံခဲ့သောကြောင့် သူ၏ ကောက်ကျစ်စဉ်းလဲသော လုပ်ဆောင်မှုအားလုံးကို ဘုရားသခင်အနေဖြင့် သက်ညှာပေးမည်မဟုတ်သကဲ့သို့ ဘုရားသခင်အတွက် တစ်ကြိမ်တစ်ခါ အသုံးခံခဲ့မှုအတွက်လည်း သူသည် တစ်စုံတစ်ယောက်ကို သေခြင်းမှ ချမ်းသာပေးလိမ့်မည် မဟုတ်သည်မှာ သေချာသည်။ မိမိတို့၏ စဉ်းလဲခြင်းအတွက် မည်သူမျှ ပြစ်ဒဏ်ပေးဆပ်ခြင်းကို ရှောင်လွဲနိုင်မည်မဟုတ်ဘဲ မည်သူတစ်ဦးတစ်ယောက်မျှလည်း သူတို့၏ကောက်ကျစ်စဉ်းလဲသော လုပ်ဆောင်မှုကို ဖုံးကွယ်၍ မထားနိုင်သောကြောင့် ဖျက်ဆီးခံရခြင်း၏ အကြီးအကျယ်ဒုက္ခရောက်ရခြင်းကို ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။ တစ်စုံတစ်ယောက်သည် မိမိ၏တာဝန်ကို အမှန်တကယ် လုပ်ဆောင်နိုင်ပါက ဤသည်မှာ သူတို့သည် ကောင်းချီးမင်္ဂလာ ရရှိသည်ဖြစ်စေ သို့မဟုတ် ကံဆိုးခြင်းကို ခံစားရသည်ဖြစ်စေ ဘုရားသခင်ကို အဆုံးအစမရှိ သစ္စာရှိပြီး ဆုလာဘ်များကို မမျှော်ကိုးဟု အဓိပ္ပာယ်ရသည်။ လူများသည် ကောင်းချီးမင်္ဂလာကို တွေ့ရသောအခါ ဘုရားသခင်ကို သစ္စာရှိသော်လည်း သူတို့သည် ကောင်းချီးမင်္ဂလာကို မတွေ့မြင်ရသည့်အခါ သူတို့၏ သစ္စာရှိမှု လျော့နည်းပြီး နောက်ဆုံးတွင် ဘုရားသခင်အတွက် သက်သေခံခြင်းကို မထမ်းဆောင်နိုင်သေးပါက၊ သူတို့ထမ်းဆောင်သင့်သည့် တာဝန်များကို မထမ်းဆောင်နိုင်ပါက၊ တစ်ချိန်က ဘုရားသခင်ကို သစ္စာရှိစွာ အစေခံခဲ့သော ထိုသူတို့သည် ဖျက်ဆီးခြင်းကို ခံကြရဆဲဖြစ်လိမ့်မည်။ အတိုချုပ်ပြောရလျှင် ကောက်ကျစ်စဉ်းလဲသူတို့သည် အစဉ်ထာဝရ ရှင်သန်နိုင်မည် မဟုတ်သကဲ့သို့ အနားယူခြင်းထဲသို့လည်း ဝင်ရောက်နိုင်မည်မဟုတ်ပေ၊ ဖြောင့်မတ်သော သူတို့သည်သာ အနားယူခြင်း၏ အရှင်သခင်များဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

ယခင်က:ဒုစရိုက်မှုများဆိုသည်မှာ အဘယ်နည်း။ ဒုစရိုက်မှုများ၏ သရုပ်သကန်များမှာ အဘယ်နည်း။

နောက်တစ်ခုသို့:လူတစ်ဦး၏ နောက်ဆုံး ရလဒ်ကို မည်သည့်အချက်အပေါ်အခြေပြု၍ ဘုရားသခင် ဆုံးဖြတ်ပါသနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ