အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၂။ ဘုရားသခင်သည် အဘယ်ကြောင့် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမရသနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယေရှုသည် လူသားတို့အကြားတွင် အလုပ်များစွာ လုပ်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ် အားလုံးအတွက် ရွေးနုတ်ကယ်တင်ခြင်းကိုသာ ပြီးမြောက်စေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သည်။ သို့သော် လူသားတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို ပယ်ရှင်းမပေးခဲ့ပါ။ စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ် လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန်ယိုယွင်းဖျက်ဆီးခဲ့သော လူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့အပြစ်မှ ခွင့်လွှတ်ခြင်းခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကို ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန်ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အား ပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခုဆီသို့ ဆောင်ကြဉ်းခဲ့သည်။ သူ၏အုပ်စိုးမှုကို နာခံသူအားလုံးသည် ပိုမြင့်သော သမ္မာတရားနှင့် ပိုကြီးမြတ်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ သူတို့သည် အလင်းတွင် အမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကိုလည်း ရကြလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ

လူသည် ရွေးနုတ်ခြင်း မခံရမီ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အမြစ်စွဲလျက် ရှိပြီးဖြစ်သည်၊ စာတန်၏ ဖျက်ဆီးခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက် လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်နေသောသဘာဝ ရှိလာခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ လူသားကို ရွေးနုတ်ပြီးသောအခါ ယင်းသည် လူကိုအဖိုးအခကြီးစွာ ပေးဝယ်ရသည့် ရွေးနုတ်ခြင်းထက် ဘာမျှမပိုဘဲ သူ့အတွင်းတွင်ရှိသည့် အဆိပ်သင့်သော သဘာဝကမူ ဖယ်ထုတ်ခြင်းကို မခံရပေ။ ညစ်ညမ်းလွန်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို တွေ့ကြုံရန် လိုအပ်သည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဆိုင်ရာ ဤအလုပ်မှတစ်ဆင့် လူသည် သူ့ကိုယ်အတွင်းတွင်ရှိသော ညစ်ညူးပြီး ဖောက်ပြန်သည့် အရာများကို အပြည့်အဝသိလာလိမ့်မည်ဖြစ်သည်၊ ထို့ပြင် သူသည် လုံးလုံးပြောင်းလဲနိုင်ကာ သန့်စင်လာလိမ့်မည်။ ထိုနည်းလမ်းအားဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ လူသားသည် သန့်ရှင်းပြီး ပြောင်းလဲအောင် ပြုခံရနိုင်ရန်အလို့ငှာ ယနေ့မျက်မှောက်တွင် အလုပ်အားလုံးကို လုပ်ဆောင်ပြီးစီးခဲ့ခြင်းဖြစ်သည်၊ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့်သာမက စစ်ဆေးခြင်းအားဖြင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ထုတ်နိုင်ပြီး သန့်ရှင်းအောင်ပြုခြင်းကို ခံရနိုင်သည်။ ဤအဆင့်ရှိ အလုပ်ကို ကယ်တင်ခြင်းအလုပ်ဟု ယူဆမည့်အစား သန့်ရှင်းစင်ကြယ်စေခြင်း အလုပ်ဟု ပြောခြင်းက ပိုမိုသင့်တော်သည်။ အမှန်တကယ်အားဖြင့် ဤအဆင့်သည် သိမ်းပိုက်ခြင်းအဆင့်ဖြစ်သည်သာမက ကယ်တင်ခြင်းအလုပ်ရှိ ဒုတိယအဆင့်လည်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

နောက်ဆုံးကာလအတွင်းတွင် ယေရှုဆင်းသက်လာမည့်အကြောင်းကိုသာ သင်သိသည်၊ သို့သော်လည်း အတိအကျအားဖြင့် သူမည်သို့ဆင်းသက်လာမည်နည်း။ ရွေးနုတ်ခြင်းခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ မရောက်သေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေနှင့် သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်ဆိုလျှင် သင့်ကို ယေရှုက ကယ်တင်ခဲ့ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင့်ကို အပြစ်သားအဖြစ် မရေတွက်သည်မှာ မှန်သော်လည်း ၎င်းက သင်သည် အပြစ်ကင်းပြီး မသန့်ရှင်းသူမဟုတ်ကြောင်း သက်သေပြခြင်း မဟုတ်ပေ။ သင်သည် မပြောင်းလဲသေးပါက မည်ကဲ့သို့လျှင် သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ ကံကောင်းလိုက်မည့် ဖြစ်ခြင်း။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ပျောက်ဆုံးခဲ့ပြီ။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသည်၊ သို့သော် သင်သည် မပြောင်းလဲသေး။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်အလို့ငှာ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင်လုပ်ရမည်။ သင်သည် အကယ်၍ ရွေးနုတ်ခြင်းကို ခံရရုံသာဖြစ်ပါက သင်သည် မွန်မြတ်သန့်ရှင်းခြင်းကို ရယူရန် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့်အတွက် ဤနည်းလမ်းအားဖြင့် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ရာ မကြာသေးမီက ရွေးနုတ်ခံရသော အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေအနှစ်ကို တိုက်ရိုက်အမွေဆက်ခံရန် စွမ်းဆောင်နိုင်မည်မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍” မှ

လူသားကို ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းသည် မည်သည့်အရာအားဖြင့် ပြီးမြောက်အောင်မြင်သနည်း။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအားဖြင့် ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားတွင် အဓိကအားဖြင့် ဖြောင့်မတ်ခြင်း၊ အမျက်ဒေါသ၊ ဘုန်းအာနုဘော်၊ တရားစီရင်ခြင်းနှင့် ကျိန်ဆိုခြင်းတို့ ပါဝင်ပြီး၊ ဘုရားသခင်သည် လူသားကို အဓိကအားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် စုံလင်စေခြင်းဖြစ်သည်။ လူအချို့က နားမလည်ဘဲ၊ ဘုရားသခင်သည် အဘယ်ကြောင့် တရားစီရင်ခြင်းနှင့် ကျိန်ဆိုခြင်းအားဖြင့်သာ လူသားကိုစုံလင်စေနိုင်သနည်းဟု မေးမြန်းကြ၏။ “အကယ်၍ ဘုရားသခင်သည် လူသားကိုကျိန်ဆိုခဲ့မည်ဆိုလျှင်၊ လူသား သေဆုံးသွားမည် မဟုတ်သလော။ အကယ်၍ ဘုရားသခင်သည် လူသားကိုတရားစီရင်မည်ဆိုလျှင်၊ လူသားသည် အစီရင်ခံရမည် မဟုတ်သလော။ ဤသို့ဆိုသော် သူ့ကို အဘယ်သို့ စုံလင်အောင်ပြုနိုင်ဦးမည်နည်း” ဟု ၎င်းတို့က ပြောကြသည်။ ထိုသို့သော စကားများသည် ဘုရားသခင်၏အမှုကို မသိသောလူများ ပြောသောစကားများ ဖြစ်သည်။ ဘုရားသခင် ကျိန်ဆိုသည့်အရာမှာ လူသား၏ နာခံမှုမရှိခြင်းကို ဖြစ်ပြီး၊ သူ တရားစီရင်သည့်အရာမှာ လူသား၏အပြစ်များ ဖြစ်သည်။ ကိုယ်တော်သည် သနားညှာတာခြင်းမရှိပဲ ပြင်းထန်စွာ ပြောဆိုသော်လည်း၊ သူသည် လူသားအတွင်းမှ အရာအားလုံးကို ထုတ်ဖော်ပြီး၊ ဤခက်ထန်သော နှုတ်ကပတ်တော်များအားဖြင့် လူသားအတွင်း၌ မည်သည့်အရာက အရေးကြီးကြောင်းကို သူဖော်ထုတ်လေ၏။ သို့ရာတွင် ယင်းကဲ့သို့သော တရားစီရင်မှုအားဖြင့်၊ သူသည် လူသားအား လူ့ဇာတိ အနှစ်သာရ၏ လေးနက်သော အသိပညာကို ပေးသောကြောင့် လူသားသည် ဘုရားသခင်၏ရှေ့မှောက်တွင် နာခံခြင်းကို ဆက်ကပ်ခြင်းဖြစ်သည်။ လူသား၏ ဇာတိပကတိသည် အပြစ်ဖြစ်ပြီး၊ စာတန်နှင့်သက်ဆိုင်သည်၊ ယင်းသည် မနာခံခြင်းဖြစ်၍၊ ဘုရားသခင် ပြစ်တင်ဆုံးမသည့် အရာဖြစ်သည်။ ထို့ကြောင့် လူသားအား သူ့ကိုယ်သူ သိစေရန် သူ့အပေါ်တွင် ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များ ကျရောက်စေကာ စစ်ဆေးခြင်းအမျိုးအစားတိုင်းကို အသုံးပြုရမည်ဖြစ်သည်။ ထိုမှသာလျှင်၊ ဘုရားသခင်၏အမှု ထိရောက်မှုရှိနိုင်မည်ဖြစ်သည်။

ဘုရားသခင်သည် လူသား၏ ဇာတိပကတိကို စီရင်ချက်ချနှင့်ပြီးဖြစ်ကြောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ တွေ့နိုင်သည်။ ထိုသို့ဆိုသော် ဤနှုတ်ကပတ်တော်များမှာ ကျိန်ဆိုသည့် နှုတ်ကပတ်တော်များ ဖြစ်သလော။ ဘုရားသခင်ပြောခဲ့သည့် နှုတ်ကပတ်တော်များသည် လူသား၏ စရိုက်အမှန်ကို ထုတ်ဖော်ပြီး၊ ယင်းကဲ့သို့ ထုတ်ဖော်ခြင်းအားဖြင့် သူသည် တရားစီရင်ခြင်းခံရ၏။ ထို့ပြင် သူသည် ဘုရားသခင်၏ အလိုတော်ကို မဖြည့်ဆည်းနိုင်ကြောင်း မြင်သည့်အခါ သူ၏အတွင်း၌ သောကနှင့် နောင်တကို ခံစားရ၏။ သူသည် ဘုရားသခင်အပေါ် အလွန်အကြွေးတင်နေပြီး ဘုရားသခင်၏အလိုတော်အတွက် ပြည့်စုံခြင်းမရှိဟု ခံစားရ၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် အတွင်းမှသင့်ကို ဆုံးမပဲ့ပြင်သော အချိန်များရှိပြီး ဤဆုံးမပဲ့ပြင်ခြင်းသည် ဘုရားသခင်၏တရားစီရင်ခြင်းမှ လာခြင်းဖြစ်သည်။ ဘုရားသခင်သည် သင့်ကို အပြစ်တင်ပြီး သင့်ထံမှ မျက်နှာတော်ကို ဝှက်ထားသောအချိန်များ၊ သင့်ကို ဂရုမပြုဘဲ သင့်အထဲ၌ အလုပ်မလုပ်သည့်အချိန်များ၊ သင့်ကို စစ်ဆေးရန်အတွက် အသံမထွက်ဘဲ ပြစ်တင်ဆုံးမနေသောအချိန်များ ရှိသည်။ လူသားအတွင်း၌ ဘုရားသခင်၏အမှုမှာ အဓိကအားဖြင့် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ထင်ရှားပေါ်လွင်စေရန် ဖြစ်သည်။ လူသားသည် အဆုံး၌ ဘုရားသခင်ထံ မည်သည့်သက်သေခံချက်ကို သက်သေခံသနည်း။ ဘုရားသခင်သည် ဖြောင့်မတ်သည့် ဘုရားသခင်ဖြစ်ကြောင်း၊ သူ၏စိတ်သဘောထားသည် ဖြောင့်မတ်ခြင်း၊ အမျက်ဒေါသ၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ ဖြစ်ကြောင်း လူသားက ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သက်သေခံ၏။ ဘုရားသခင်သည် လူသားကို စုံလင်စေရန်အတွက် သူ၏တရားစီရင်ခြင်းကို အသုံးပြုသည်။ သူသည် လူသားကို ချစ်မြဲချစ်လျက်ရှိပြီး ကယ်တင်လျက်နေသည်၊ သို့သော် သူ၏ချစ်ခြင်းမေတ္တာထဲတွင် မည်မျှ ပါဝင်သနည်း။ တရားစီရင်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသနှင့် ကျိန်ဆိုမှု ရှိသည်။ ဘုရားသခင်သည် လူသားများကို ယခင်က ကျိန်ဆိုခဲ့သော်လည်း၊ သူသည် လူသားကို အနက်ဆုံးသောတွင်းထဲသို့ လုံးလုံးလျားလျား မကျစေခဲ့ပေ။ သို့သော် ယင်းနည်းလမ်းများကို အသုံးပြု၍ လူသား၏ ယုံကြည်ခြင်းကို စစ်ဆေးခဲ့သည်။ သူသည် လူသားကို အသက်မသေဆုံးစေခဲ့သော်လည်း လူသားကို စုံလင်စေရန် လုပ်ဆောင်ခဲ့သည်။ လူ့ဇာတိ၏ အနှစ်သာရမှာ စာတန်၏အနှစ်သာရ ဖြစ်သည်။ ဘုရားသခင်က ၎င်းကို တိကျမှန်ကန်ကြောင်း ပြောခဲ့သည်။ သို့သော် ဘုရားသခင်၏ လုပ်ဆောင်ခဲ့သော အချက်များသည် ကိုယ်တော်၏ နှုတ်ကပတ်တော်များနှင့်အညီ ပြီးမြောက်ခြင်းမရှိပေ။ သူသည် သင့်ကိုကျိန်ဆိုရခြင်းမှာ သင်သူ့ကို ချစ်လာကောင်းချစ်လာစေရန်နှင့် သင်သည် ဇာတိပကတိ၏ အနှစ်သာရကို သိကောင်းသိနိုင်စေရန် ဖြစ်သည်။ သင်နိုးကြားကောင်းနိုးကြားလာစေရန်၊ သင့်အထဲမှ အားနည်းချက်များကို သင် သိစေရန်နှင့် လူသား၏ အကြွင်းမဲ့ မထိုက်တန်မှုကို သိစေရန် သင့်အား သူ ပြစ်တင်ဆုံးမခြင်းဖြစ်သည်။ ထို့အတွက်ကြောင့်၊ ဘုရားသခင်၏ ကျိန်ဆိုခြင်းများ၊ တရားစီရင်ခြင်းများ၊ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသ အားလုံးတို့သည် လူသားကို စုံလင်အောင်ပြုလုပ်ပေးရန်ဖြစ်သည်။ ယနေ့ ဘုရားသခင် လုပ်ဆောင်သည့်အရာများ အားလုံးနှင့် သင်တို့အတွင်း၌ သူ ထင်ရှားပေါ်လွင်စေသည့် ဖြောင့်မတ်သည့် စိတ်သဘောထားသည် လူသားကို စုံလင်စေရန် ပြုလုပ်ခြင်း အားလုံးသာဖြစ်ပြီး၊ ယင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်” မှ

အမှန်အားဖြင့် ယခု လုပ်ဆောင်ပြီးသော အလုပ်မှာ လူတို့အနေဖြင့် စာတန်ကို စွန့်လွှတ်ရန်၊ ၎င်းတို့၏ ဘိုးဘေးဘီဘင်ဟောင်းကို စွန့်လွှတ်ရန် ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်း အားလုံးသည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးတတ်သော စိတ်သဘောထားကို ဖော်ထုတ်ရန်နှင့် အသက်၏ အနှစ်သာရကို လူတို့နားလည်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ထပ်တလဲလဲဖြစ်သော အဆိုပါတရားစီရင်ခြင်းများသည် လူတို့၏ စိတ်နှလုံးများကို ထိုးဖောက်သည်။ တရားစီရင်ခြင်းအားလုံးသည် လူတို့၏ ကံကြမ္မာအပေါ် တိုက်ရိုက်အကျိုးသက်ရောက်ပြီး၊ ၎င်းတို့၏ စိတ်နှလုံးကို ထိခိုက်နာကျင်စေရန် ရည်ရွယ်ခြင်းဖြစ်သောကြောင့်၊ ၎င်းတို့သည် ထိုအရာများ အားလုံးကို လက်လွှတ်နိုင်ကာ အသက်အကြောင်း သိလာမည်၊ ညစ်ညူးသော ဤကမ္ဘာကြီးအကြောင်း သိလာမည်၊ ထို့အပြင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးအကြောင်းကိုလည်း သိလာပြီး၊ စာတန်၏ ဖျက်စီးခြင်းခံထားရသော ဤလူသားတို့အကြောင်း သိလာမည်ဖြစ်သည်။ ဤကဲ့သို့ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမျိုး သာ၍များလေလေ၊ လူ၏ စိတ်နှလုံးအား ပို၍ ထိခိုက်နာကျင်စေနိုင်လေဖြစ်ပြီး၊ သူ၏ဝိညာဉ်ကို ပို၍ နိုးထစေနိုင်လေဖြစ်သည်။ ဤကဲ့သို့သော တရားစီရင်ခြင်းမျိုး၏ ရည်မှန်းချက်မှာ အလွန့်အလွန် ဖောက်ပြန်ပျက်စီးနေပြီး အနက်ဆုံးအထိ လှည့်ဖြားခြင်း ခံထားရသော အဆိုပါ လူတို့၏ ဝိညာဉ်များကို နိုးထပေးရန် ဖြစ်သည်။ လူ၌ ဝိညာဉ်မရှိ၊ ဆိုလိုသည်မှာ၊ သူ၏ဝိညာဉ်သည် ကုန်လွန်ခဲ့သော အတိတ်တွင် သေဆုံးခဲ့ပြီ၊ သူသည် ကောင်းကင်ဘုံရှိကြောင်းကို မသိ၊ ဘုရားသခင်တစ်ပါးရှိကြောင်းကို မသိပေ၊ ထို့ပြင် သေခြင်းတရား၏ ချောက်နက်ကြီးထဲတွင် သူရုန်းကန်နေမှန်း သူမသိမည်မှာ ကျိန်းသေပါသည်၊ သူသည် ဤကမ္ဘာကြီးပေါ်ရှိ ဆိုးယုတ်သော ငရဲထဲတွင် အသက်ရှင်နေကြောင်း မည်သို့သိမည်နည်း။ စာတန်ဖျက်ဆီးခြင်း ခံထားရသည့် သူ၏ပုပ်စပ်သော ဤအသေကောင်သည် သေမင်း၏ မရဏနိုင်ငံသို့ ကျရောက်နေကြောင်း သူမည်သို့သိမည်နည်း။ ကမ္ဘာမြေကြီးပေါ်ရှိ အရာခပ်သိမ်းသည် ပြုပြင်၍ မရနိုင်လောက်အောင် လူသားတို့၏ ဖျက်ဆီးခြင်းကို ခံနေရသည်မှာ ကြာပြီဖြစ်ကြောင်း သူမည်သို့သိမည်နည်း။ ထို့အပြင် ဖန်ဆင်းရှင်သည် ကမ္ဘာမြေကြီးပေါ်သို့ ယနေ့ကြွလာကာ သူကယ်တင်နိုင်မည့် ဖောက်ပြန်ပျက်စီးသော လူတစ်စုကို ရှာဖွေနေကြောင်းကို သူမည်သို့သိမည်နည်း။ လူတို့သည် ဖြစ်နိုင်သော စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်း အားလုံးကို ကြုံခဲ့ပြီးလျှင်ပင်၊ သူတို့၏ လေးလံထုံထိုင်းသော အသိစိတ်သည် အနည်းငယ်မျှသာ နိုးကြားပြီး၊ တုံ့ပြန်ခြင်း မရှိသလောက် ဖြစ်နေသည်။ လူသားမျိုးနွယ်သည် အလွန်ကျဆင်းယိုယွင်းနေပါတကား။ ဤကဲ့သို့သော တရားစီရင်ခြင်းမျိုးသည် မိုးကောင်းကင်မှ ကျလာသော ရက်စက်ကြမ်းတမ်းသည့် မိုးသီးသဖွယ်ဖြစ်သော်လည်း၊ ၎င်းသည် လူသားတို့အတွက် အကြီးမားဆုံးသော အကျိုးပေးသည့်အရာဖြစ်သည်။ လူတို့ကို ဤသို့တရားမစီရင်ပါက ရလဒ်ရှိလာမည် မဟုတ်ဘဲ၊ လူတို့ကို ဒုက္ခဆင်းရဲ ချောက်နက်ထဲမှ ကယ်တင်ရန် လုံးဝဖြစ်နိုင်ခြေရှိမည် မဟုတ်ပါ။ အကယ်၍ ဤအမှုကြောင့်သာ မဟုတ်လျှင်၊ လူတို့၏ စိတ်နှလုံးသည် လွန်လေပြီးသော အတိတ်ကတည်းက သေဆုံးနေခဲ့ပြီး ၎င်းတို့၏ ဝိညာဉ်များသည်လည်း စာတန်၏ နင်းခြေမှုကို ခံနေရသည်မှာ အချိန် ကြာမြင့်နေပြီ ဖြစ်သောကြောင့် သူတို့သည် သေမင်း၏ မရဏနိုင်ငံမှ ရုန်းထွက်ရန် အလွန်ခက်ခဲမည် ဖြစ်သည်။ ပျက်စီးဆုံးရှုံးခြင်း ချောက်နက်၏ တွင်းဆုံးအထိ နစ်မြှပ်နေသော သင်တို့ကို ကယ်တင်ရန်အလို့ငှာ သင်တို့ကို အစွမ်းကုန် ခေါ်ထုတ်ရန်၊ အစွမ်းကုန် တရားစီရင်ရန် လိုအပ်ပြီး၊ ထိုသို့ပြုသည့်အခါမှ သင်တို့၏ ရေခဲသဖွယ် အေးစက်နေသော စိတ်နှလုံးကို နိုးထနိုင်ပါလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်သော သူများသာ အဓိပ္ပါယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်” မှ

လူသားသည် သူနှင့်ပတ်သက်သော အသိဉာဏ်ကို ရရှိကောင်းရရှိစေရန်နှင့် သူ၏သက်သေခံချက်အတွက် ဘုရားသခင်သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို လုပ်ဆောင်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအပေါ် သူ၏တရားစီရင်မှုမရှိပါက လူသားသည် မကောင်းမှုကို သည်းမခံသည့် ဘုရားသခင်၏ ဖြောင့်မတ်သောစိတ်သဘောထားကို သိနိုင်ကောင်းမည် မဟုတ်သကဲ့သို့ ဘုရားသခင်နှင့် ပတ်သတ်သော သူ၏အသိဉာဏ်ဟောင်းကို အသစ်တစ်ခုဆီသို့ ပြောင်းလဲနိုင်မည်လည်း မဟုတ်ပေ။ သူ၏သက်သေခံချက်အတွက်၊ ထို့ပြင် သူ၏စီမံခန့်ခွဲမှုအတွက် သူ၏အလုံးစုံကို အများသိရှိအောင် သူပြုလုပ်သည်။ သို့ဖြင့် လူသိရှင်ကြားပေါ်ထွန်းခြင်းအားဖြင့် လူသားကို ဘုရားသခင်နှင့် ပတ်သက်သောအသိဉာဏ်အား ရရှိရန်၊ သူ၏စိတ်သဘောထား၌ ပြောင်းလဲရန်နှင့် ဘုရားသခင်အတွက် ထူးကဲလှသော သက်သေခံချက်ကို လုပ်ဆောင်ခံရန် လူသားကို ထောက်ကူပေးသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်အတွက် သက်သေကို ခံနိုင်ကြသည်” မှ

နောက်ဆုံးသော ကာလသည် ရောက်ရှိလာပြီ ဖြစ်သည်။ ဖန်ဆင်းထားသော အရာအားလုံးကို သူတို့၏ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး သူတို့၏သဘာဝအပေါ်မူတည်၍ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားလိမ့်မည်။ ယင်းအချိန်သည် ဘုရားသခင်က လူသားမျိုးနွယ်၏ ရလဒ်နှင့် သူတို့၏ ခရီးဆုံးပန်းတိုင်ကို ဖော်ထုတ်သည့် အချိန်ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မခံရပါက သူတို့၏ မနာခံမှုနှင့် မဖြောင့်မတ်မှုများကို ဖော်ထုတ်ရန် နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာလျှင် ဖန်ဆင်းခံအားလုံးအတွက် ရလဒ်များကို ဖော်ထုတ်နိုင်သည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းခံရသော အခါမှသာ သူ၏စရိုက်အမှန်ကို ပြသသည်။ မကောင်းမှုပြုသူများကို မကောင်းသောသူများ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ်အားလုံးသည် သူ့အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခြင်း ခံရလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ဖန်ဆင်းခံအားလုံးအတွက် ရလဒ်များကို ဖော်ထုတ်နိုင်ခြင်းဖြင့် မကောင်းသောသူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရလိမ့်မည်။ ယင်းအလုပ်များအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရမည်။ လူသား၏ ဖောက်ပြန်ခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီး သူ၏ မနာခံခြင်းသည်လည်း အလွန်အကျွံ ဆိုးဝါးလာနေခြင်းကြောင့်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာလျှင်၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကအားဖြင့် ပေါင်းစပ်ထားသော စိတ်သဘောထားသည်သာလျှင်၊ နောက်ဆုံးသောကာလတွင် ဖော်ထုတ်ခြင်းခံရသော စိတ်သဘောထားသည်သာလျှင် လူသားကို အပြည့်အဝ ပြောင်းလဲပြီး စုံလင်စေလိမ့်မည်။ ဤစိတ်သဘောထားသည်သာလျှင် မကောင်းမှု ပြုသူများကို ဖော်ထုတ်နိုင်ပြီး ထိုသို့အားဖြင့် မဖြောင့်မတ်မှုအားလုံးကို ပြင်းထန်စွာ အပြစ်ဒဏ်ပေးနိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှု၏ အနှစ်သာရသည် လူသားတို့ကို သန့်ရှင်းစေရန်ဖြစ်ပြီး ယင်းသည် နောက်ဆုံးသော အနားယူရာနေ့အတွက်ဖြစ်သည်။ သို့မဟုတ်ပါက လူသားမျိုးနွယ်တစ်ရပ်လုံးသည် သူတို့၏ ကိုယ်ပိုင်အမျိုးအစားနောက်သို့ လိုက်နိုင်ကြမည်မဟုတ်ပေ၊ သို့မဟုတ် အနားယူခြင်းထဲသို့ ဝင်ရောက်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ဤအမှုသည် လူသားအတွက် အနားယူခြင်းထဲသို့ ဝင်ရောက်ရန် တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်၏ သန့်စင်စေခြင်းအမှုသည်သာ လူသားမျိုးနွယ်ကို သူတို့၏ မဖြောင့်မတ်ခြင်းမှ သန့်စင်စေလိမ့်မည်ဖြစ်ပြီး သူ၏ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုသည်သာလျှင် လူသားမျိုးနွယ်အကြားမှ မနာခံသော ထိုအရာများကို ဖော်ထုတ်လိမ့်မည်။ ထိုသို့ဖြင့် ကယ်တင်ခြင်း ခံရနိုင်သူတို့ကို မခံရနိုင်သူတို့နှင့် ခွဲခြားပြီး ကျန်ရှိမည့်သူများကို မကျန်ရှိမည့်သူများနှင့် ခွဲခြားထားလိမ့်မည်။ သူ၏အမှုပြီးဆုံးသောအခါ ကျန်ရှိမည့်သူများသည် သန့်စင်စေခြင်း ခံကြရမည်ဖြစ်ပြီး လူသားမျိုးနွယ်၏ ပို၍မြင့်သောနယ်ပယ်သို့ သူတို့ဝင်ရောက်သည်နှင့် ပိုမိုပျော်ရွှင်ဖွယ်ကောင်းသော ဒုတိယလူသားဘဝကို ကမ္ဘာမြေပေါ်တွင် ခံစားကြရမည်။ တစ်နည်းအားဖြင့်ဆိုသော် သူတို့သည် လူသား၏ အနားယူရာနေ့ထဲသို့ ဝင်ရောက်ကြမည်ဖြစ်ပြီး ဘုရားသခင်နှင့်အတူ နေထိုင်ကြလိမ့်မည်။ မကျန်ရှိနိုင်သော သူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ခံကြရပြီးနောက်တွင် သူတို့၏ မူလရုပ်ဆင်းသဏ္ဌာန်မှာ လုံးဝဥဿုံ ထုတ်ဖော်ခြင်းခံရလိမ့်မည်။ ထို့နောက်တွင် သူတို့အားလုံးသည် စာတန်ကဲ့သို့ပင် ဖျက်ဆီးခြင်းကိုခံကြရမည်ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက်ရှင်သန်ခွင့်ရှိတော့မည် မဟုတ်ပေ။ အနာဂတ်လူသားတို့တွင် ဤကဲ့သို့သောလူများ ဆက်လက်ပါဝင်တော့မည် မဟုတ်ပေ၊ ထိုလူများသည် လုံးဝအနားယူရာပြည်အတွင်းသို့ ဝင်ရောက်ရန် မထိုက်တန်ကြသကဲ့သို့ ဘုရားသခင်နှင့် လူသားတို့ မျှဝေခံစားကြမည့် အနားယူရာနေ့ရက်ကို ဝင်ရောက်ရန်လည်း မထိုက်တန်ကြပေ။ အကြောင်းမှာ ထိုသူတို့သည် အပြစ်ဒဏ်ပေးခြင်းကိုခံရမည့် ပစ်မှတ်များဖြစ်ကြပြီး ကောက်ကျစ်စဉ်းလဲသူများဖြစ်ကာ သူတို့သည် မဖြောင့်မတ်သောလူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။...မကောင်းသောသူများကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းဟူသည့် သူ၏နောက်ဆုံးအမှုသည် လူသားအားလုံးကို လုံးဝသန့်စင်စေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ထိုသို့အားဖြင့် သူသည် သန့်ရှင်းသော လူသားအားလုံးကို ထာဝရအနားယူခြင်းထဲသို့ ဆောင်ယူသွားရန်ဖြစ်သည်။ သူ့အမှု၏ ဤအဆင့်သည် အရေးကြီးဆုံးအလုပ်ဖြစ်သည်။ ယင်းမှာ သူ့စီမံခန့်ခွဲမှု အလုပ်တစ်ခုလုံး၏ နောက်ဆုံးအဆင့်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို အဘယ်ကြောင့်တရားစီရင်ပြီး ပြစ်တင်ဆုံးမရမည်နည်း၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ဤသမ္မာတရားသည် အထူးအရေးကြီးပေ၏၊ အကြောင်းမှာ ဤအရာတွင် ဘုရားသခင့်အမှုတော်၏ ရူပါရုံများနှင့် စပ်လျဉ်းသော သမ္မာတရားပါဝင်သည့်အတွက် ဖြစ်သည်။ အကယ်၍ လူတို့သည် ၎င်းတို့၏ ယုံကြည်ခြင်းတွင် ရူပါရုံမရှိလျှင် ဘုရားသခင်ကို အဘယ်သို့ ယုံကြည်ရမည်ကို ၎င်းတို့မသိကြချေ။ ဘုရားသခင်ကို ၎င်းတို့ယုံကြည်လျှင်ပင် မှန်သောလမ်းကြောင်းကို ၎င်းတို့မရွေးချယ်နိုင်ပါ။ သို့ဆိုလျှင် သူ့ကို ဆန့်ကျင်ပြီး သစ္စာဖောက်သော ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်ကို ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် မည်သည့်အဓိပ္ပာယ်ကို ဆောင်လိမ့်မည်နည်း။ ပထမဦးစွာ ဤအရာကို ကျွန်ုပ်တို့ ရှင်လင်းစွာ နားလည်ထားရပါမည်- ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ပြီး ဖန်ဆင်းခံတို့အပေါ် အုပ်စိုးရန်၊ တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန် သူ့တွင် သြဇာအာဏာရှိသည်။ ထို့အပြင် ဘုရားသခင်၏ စိတ်သဘောထားသည် ဖြောင့်မတ်ပြီး သန့်ရှင်းသည်။ သူ့ကို ဆန့်ကျင်ပြီး သစ္စာဖောက်သော လူသားများကို သူ၏မျက်မှောက်တော်ထဲတွင် နေထိုင်ခွင့်ကို သူမပေးပါ။ ညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးသော အရာများကို သူ၏မျက်မှောက်တော်ထဲတွင် တည်ရှိခွင့်ကို ဘုရားသခင်မပေးပါ။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်တို့ကို ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် မှန်ကန်ပြီး လျော်ကန်မှုရှိကာ ယင်းသည် ဘုရားသခင်၏ စိတ်သဘောထားအားဖြင့် ဆုံးဖြတ်ထားခြင်းဖြစ်သည်။ ဘုရားသခင်သည် ဖြောင့်မတ်သည်၊ ဘုရာသခင်သည် သမ္မာတရားဖြစ်သည်တို့ကို ကျွန်ုပ်တို့အားလုံး သိကြသည်။ သူထုတ်ဖော်ပြသော စိတ်သဘောထားမှ ဤအရာကို ကျွန်ုပ်တို့ မြင်နှင့်ကြပြီးဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားလုံးသည် သမ္မာတရားဖြစ်သည်။ ဘုရားသခင်သည် ကောင်ကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ဖန်ဆင်းခဲ့ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အရာအားလုံးကို ဖန်ဆင်းနိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အရာအားလုံးကို တရားစီရင်နိုင်သော သမ္မာတရားလည်း ဖြစ်ပေသည်။ ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုတော်ကို ဆောင်ရွက်နေပေသည်။ “ဘုရားသခင်က တရားစီရင်ခြင်းအမှုကို အရင်တုန်းက လုပ်ခဲ့ဖူးသလား” ဟု လူအချို့က မေးကောင်းမေးနိုင်သည်။ သူသည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုများစွာကို အမှန်ပင် လုပ်ဆောင်ခဲ့ပြီးဖြစ်သည်၊ ထိုအကြောင်းကို လူတို့က မျက်မြင်မတွေ့ခဲ့ကြခြင်းသာ ဖြစ်ပေသည်။ လူသားများ မတည်ရှိမီတွင် စာတန်သည် ဘုရားသခင်ကို အာခံပြီး သစ္စာဖောက်ခဲ့သည်၊ ဘုရားသခင်သည် စာတန်ကို မည်သို့တရားစီရင်ခဲ့ပါသနည်း။ စာတန်ကို ကမ္ဘာမြေသို့ သူနှင်ချခဲ့ပြီး စာတန်နောက်ကို လိုက်ခဲ့ကြသည့် ကောင်းကင်တမန်အားလုံးသည် စာတန်နှင့်အတူ မြေပေါ်သို့ ချပစ်ခြင်းကို ခံခဲ့ကြရသည်။ ဘုရားသခင်သည် စာတန်ကို ကောင်းကင်မှ မြေကြီးပေါ်သို့ နှင်ချခဲ့သည်- ဤသည်မှာ စာတန်အပေါ် တရားစီရင်ခြင်းတစ်ခု မဟုတ်ခဲ့ပါသလော။ ဟုတ်ခဲ့သည့်အပြင် သူ၏ပြစ်တင်ဆုံးမခြင်းလည်း ဖြစ်ပေသည်။ ထို့ကြောင့် လူသားတို့ မရှိမီတွင် ဘုရားသခင်သည် စာတန်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမနှင့်ခဲ့ပြီးဖြစ်သည်။ ဤအရာကို သမ္မာကျမ်းစာမှ ကျွန်ုပ်တို့မြင်နိုင်ပါသည်။ ဤလူသားမျိုးနွယ် မတည်ရှိမီတွင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ခံခဲ့ကြရသည့် အခြားသော လူသားများ၊ သို့မဟုတ် အခြားသောဖန်ဆင်းခံသတ္တဝါများ တစ်ဦးတလေ ရှိခဲ့ပါသလား။ ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံခဲ့ကြရသူ အားလုံးသည် ဘုရားသခင်ကို အာခံပြီး ပုန်ကန်ခဲ့ကြသည့် လူများဖြစ်ပြီး ၎င်းတို့အားလုံးသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ခံခဲ့ကြရသည်ကို ကျွန်ုပ်တို့ တပ်အပ်သေချာစွာ ပြောနိုင်ပါသည်။ ထို့ကြောင့် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို သူဖန်ဆင်းခဲ့ကတည်းက ဆက်လက်တည်ရှိနေခဲ့ပြီး ဖြစ်သည်။ ဤသည်မှာ အရာခပ်သိမ်းတို့အပေါ် အုပ်စိုးရာတွင် ဘုရားသခင့်အမှုတော်၏ ရှုထောင့်တစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ စိတ်သဘောထားသည် မပြောင်းလဲနိုင်သောကြောင့်ဖြစ်သည်- ယင်းသည် ဘယ်သောအခါမျှ မပြောင်းလဲနိုင်ပါ။ လူသားမျိုးနွယ် တည်ရှိခဲ့ကတည်းက ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ပြီး စာတန်နောက်လိုက်ခဲ့ကြသည်ကို ကျွန်ုပ်တို့မြင်နိုင်သည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ ကျိန်ခြင်းအောက်တွင် နေထိုင်လာခဲ့ကြသည်။ လူများစွာတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဆိုးယုတ်သော လုပ်ဆောင်မှုကြောင့် ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုအောက်တွင် သေဆုံးခဲ့ကြရပြီး အချို့သည် အမြစ်ဖြတ် သုတ်သင်ခြင်းကို ခံခဲ့ကြရသည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကိုအာခံကြသော လူများစွာရှိခဲ့ပြီး နောက်ဆုံးတွင် ၎င်းတို့အားလုံး ပျက်စီးခဲ့ကြရသည်။ လူအချို့တို့သည် ဝိညာဉ်ရေးရာလောက၌ ပြစ်ဒဏ်ပေးခံခဲ့ကြရသော်လည်း အခြားသော သူတို့သည် အသက်ရှင်စဉ် ပြစ်တင်ဆုံးမခြင်းကို ခံခဲ့ကြရလေသည်။ ဤအကြောင်းကြောင့်ပင် လူသားမျိုးနွယ်က ဤအရာကို “ကောင်းမြတ်ခြင်းသည် ကောင်းမြတ်ခြင်းဖြင့် ဆုလာဘ်ချီးမြှင့်ခံရမည်ဖြစ်ပြီး ဆိုးယုတ်မှုသည် ဆိုးယုတ်မှုဖြင့် အကျိုးပေးခံရမည်” ဟူ၍ ပေါင်းရုံးဖော်ပြကြခြင်းဖြစ်သည်။ ဤအရာအားလုံးမှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းပင်ဖြစ်သည်။ နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့နှင့်သက်ဆိုင်သော ဘုရားသခင်၏အမှုတော်သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအဖို့အလို့ငှာဖြစ်သည်။ ဘုရားသခင်၏ အမှုတော်ကို လက်ခံရာတွင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံနေကြခြင်းဖြစ်သည်။ ဘုရားသခင်၏အမှုတော်ကို ကြုံရစဉ်တွင် သူ့ကို ဆန့်ကျင်ပုန်ကန်ပြီး မနာခံသောသူအားလုံးသည် သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံကြရသည်။ လူတို့သည် အများအားဖြင့် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ခံကြရသော်လည်း တစ်ခါတစ်ရံတွင် ၎င်းတို့အပေါ် ကျရောက်လာသော အမှန်တရားများ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အပြင် ဘုရားသခင်၏ ပြစ်ဒဏ်ခတ်ခြင်းကိုလည်း လက်ခံရရှိကြသည်။ ဤအရာကို ကျွနုပ်တို့အားလုံး မြင်ခဲ့ကြရပြီးဖြစ်သည်။ အချို့က “မယုံကြည်သူတွေက တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတို့နဲ့ဆိုင်တဲ့ ဘုရားသခင်ရဲ့အမှုတော်ကို ဘယ်တော့မှ လက်မခံခဲ့ကြဘူး၊ ဒီတော့ သူတို့က ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေကို လွတ်မြောက်နိုင်ကြမလား” ဟု ဆိုကြသည်။ နောက်ဆုံးသောကာလ၌ ဘုရားသခင်၏အမှုတော်ကို လူတို့လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ခံကြရမည်ဖြစ်သည်။ အဘယ်သူမျှ မလွတ်မြောက်နိုင်ပါ- ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ ဘာသာတရားထဲ၌ရှိကြသော သူတို့သည် ဘုရားသခင်၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်မခံခဲ့ကြသော်လည်း ထိုအရာကို ၎င်းတို့မလွတ်မြောက်နိုင်ပါ။ လူသားအတွက် ဘုရားသခင်ကြိုတင်ပြဋ္ဌာန်းထားနှင့်ပြီးသော ပြစ်တင်ဆုံးမမှုကို အဘယ်သူမျှ မလွတ်မြောက်နိုင်ပါ- အချိန်ကိုသာ မေးစရာရှိသည်၊ အယောက်တိုင်း၌ မိမိတို့တစ်ဦးချင်း၏ ကိုယ်ပိုင်အဆုံးသတ်ရှိကြသောကြောင့် ဤအဆုံးသတ်ကိုလည်း ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားပေသည်။ လူအသီးသီးတို့က မည်သည့်တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမျိုး ရရှိသည်ကို ၎င်းတို့၏အဆုံးသတ်မှ ကျွန်ုပ်တို့မြင်တွေ့နိုင်သည်။ လူအချို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံကြသည်၊ ဘုရားသခင်ထံမှ သန့်စင်ခြင်းကို ရရှိကြသည်၊ သူ့ထံသို့ လုံးဝလှည့်ပြန်ကြပြီး ၎င်းတို့၏အဆုံးသတ်သည် နိုင်ငံတော်ထဲ ဝင်ရောက်ခြင်းနှင့် ထာဝရအသက်ကို ရရှိခြင်းဟူသည့် ကောင်းမြတ်သော ခရီးပန်းတိုင်ဖြစ်လေသည်။ ထိုသို့သော လူမျိုးသည် ကယ်တင်ခြင်းကို ရှရှိသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်မခံသော သူတို့သည်၊ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်၏ အမှုတော်ကို လက်မခံသော သူတို့သည် နောက်ဆုံးတွင် ထာဝရအပြစ်ဒဏ်နှင့် ပျက်သုန်းခြင်းကို ခံစားကြရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားနှင့်ပြီးဖြစ်သည့် ၎င်းတို့၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ဖြစ်သည့်အပြင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့် သတ်မှတ်ထားပြီးဖြစ်သော ၎င်းတို့၏နောက်ဆုံးအဆုံးသတ်ဖြစ်လေသည်။ လက်ရှိအချိန်တွင် ဘာသာရေးအသိုင်းအဝိုင်းထဲ၌ ဘုရားသခင်ကို အာခံနေကြသည့် ခေါင်းဆောင်များစွာရှိသည်- ၎င်းတို့၏ နောက်ဆုံးအဆုံးသတ်မှာ အဘယ်အရာဖြစ်လိမ့်မည်နည်း။ ၎င်းတို့နောင်တမရလျှင် နောက်ဆုံးတွင် ၎င်းတို့သည် ပျက်စီးခြင်းနှင့် ထာဝရအပြစ်ဒဏ်ထဲ နှစ်မြှုပ်သွားဖို့ သေချာပေသည်၊ အကြောင်းမှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို အဘယ်သူမျှ မလွတ်မြောက်နိုင်သောကြောင့်ဖြစ်သည်။ ဤသည်မှာ အကြွင်းမဲ့ဖြစ်၏။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံခဲ့ကြပြီးဖြစ်သည်၊ ယင်းမှာ ကျွန်ုပ်တို့သည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ကယ်တင်ခြင်းအမှုတော်ကို လက်ခံကြပြီးဖြစ်သည်ဟု ဆိုလိုသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို အပြုသဘောဆောင်သော နည်းလမ်းဖြင့် လက်ခံကာ တွေ့ကြုံနေကြပြီး မှန်ကန်သော နောင်တတရားကို ဖွံ့ဖြိုးစေရင်းဖြင့် နောက်ဆုံးတွင် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် ကျွန်ုပ်တို့အသက်တာ၏ စိတ်သဘောထားနှင့်ဆိုင်သည့် ပုံသဏ္ဌာန်ပြောင်းလဲမှုတို့ကို ရရှိနေကြလေသည်။ ကျွန်ုပ်တို့အတွက်ဆိုလျှင် ဤသို့သော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းဖြစ်သည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရန် ငြင်းပယ်သောသူတို့အတွက်မူ ၎င်းတို့၏အဆုံးသတ်သည် ပြစ်ဒဏ်ပေးခံရခြင်းဖြစ်လိမ့်မည်ဖြစ်ပြီး နောက်ဆုံးတွင် ၎င်းတို့သည် ထာဝရအပြစ်ဒဏ်နှင့် ပျက်စီးခြင်းတို့ကို ရင်ဆိုင်ကြရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ရှောင်လွှဲခြင်း၏ အကျိုးဆက်ဖြစ်ပေသည်။

အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၃) တွင်ပါဝင်သော “လူသားမျိုးနွယ်ကို ကယ်တင်ဖို့အလို့ငှာ နည်းလမ်းအမျိုးမျိုးဖြင့် ဘုရားသခင်အမှုပြုခြင်း၌ ကြီးမားသော အဓိပ္ပာယ်ရှိ၏” မှ

ယခင်က:တရားစီရင်ခြင်းဆိုသည်မှာ အဘယ်နည်း။

နောက်တစ်ခုသို့:ကယ်တင်ခြင်းရှရှိဖို့ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မည်သို့ တွေ့ကြုံသင့်သနည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ