အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

မေးခွန်း ၃၈- လတ်တလော နှစ်များတွင်၊ ဘာသာရေးလောကထဲရှိ ဂိုဏ်းဂဏအမျိုးမျိုးက ခြောက်ကပ်မှု ပို၍တိုးလာကြသည်၊ လူတို့သည် သူတို့ တစ်ချိန်က ရှိခဲ့ကြသည့် ယုံကြည်ခြင်းနှင့် ချစ်ခြင်းမျိုး ဆုံးရှုံးခဲ့ကြပြီး အရင်ထက် ပို၍ အပျက်သဘောဆောင်ပြီး အားနည်းလာနေကြသည်။ ကျွန်ုပ်တို့အားလုံးသည်လည်း စိတ်ဝိညာဉ် ညိုးနွမ်းမှုကို ခံစားခဲ့ရသည်၊ ဟောပြောဖို့ မည်သည့်အရာမျှ မကျန်ရှိသလို သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ကျွန်ုပ်တို့အားလုံး ဆုံးရှုံးခဲ့ကြသည်ဟု ခံစားခဲ့ရသည်။ ဘာသာရေး လောကတစ်ခုလုံးသည် အဘယ်ကြောင့် မျှော်လင့်အားရဖွယ်မရှိ ဖြစ်ရပါသနည်းဟု ကျွန်ုပ်တို့ မေးချင်ပါသည်။ ယင်းသည် ဘုရားသခင်၏ စက်ဆုပ်မှုကို အမှန်တကယ် ခံရပါသလား၊ ယင်းသည် အမှန်တကယ် ဘုရားသခင်၏ ဘေးဖယ်ထားခြင်း ခံရပါသလား။ ဘာသာရေး လောကအတွက် ဗျာဒိတ်ကျမ်းထဲရှိ ဘုရားသခင်၏ စီရင်ခြင်း နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ မည်သို့ နားလည် သင့်ပါသနည်း။

အဖြေ-

ယခုတွင်၊ ဘာသာတရား လောကတစ်ခုလုံးသည် ကျယ်ပြန့်စွာဖြင့် ယိုယွင်းပျက်စီးလျက်ရှိခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကင်းမဲ့ခြင်းတို့နှင့် ရင်ဆိုင်နေရပြီး များစွာသော လူတို့၏ ယုံကြည်ခြင်းမှာ အေးစက်ခဲ့ပြီဖြစ်သည်- ဤသည်မှာ လက်ခံထားရသည့် အချက်ဖြစ်လာခဲ့ပြီဖြစ်သည်။ ဘာသာရေးအသိုင်းအဝိုင်းထဲက ယိုယွင်းပျက်စီးလျက်ရှိခြင်း၏ အဓိကအကြောင်းရင်း အတိအကျမှာ အဘယ်နည်းဆိုသည်မှာ ကျွန်ုပ်တို့အားလုံး လုံးလုံးလျားလျား နားလည်သဘောပေါက်ရမည့် မေးခွန်းတစ်ခုဖြစ်သည်။ ပထမဦးစွာ၊ ပညတ်တော်ခေတ်နှောင်းပိုင်းနေ့ရက်များတွင် အဘယ်ကြောင့် ဗိမာန်တော် ယိုယွင်းပျက်ဆီးခဲ့သည်ကို တခဏမျှ ပြန်လည်ကြည့်ကြပါစို့၊ ပြီးနောက်တွင် နောက်ဆုံးသောကာလတွင် ဘာသာရေးလောက၏ ယိုယွင်းပျက်ဆီးရခြင်း အကြောင်းရင်းကို ကျွန်ုပ်တို့ လုံးလုံးလျားလျား နားလည်သဘောပေါက်နိုင်ကြလိမ့်မည်ဖြစ်သည်။ ပညတ်တော်ခေတ်နှောင်းပိုင်းနေ့ရက်များတွင် ဂျူးလူမျိုး ခေါင်းဆောင်များသည် ဘုရားသခင်၏ ပညတ်တော်များကို မစောင့်ထိန်းခဲ့ကြပါ။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်ခဲ့ကြကာ ဘုရားသခင်ကို ဆန့်ကျင်ခဲ့ကြသည်၊ ဤသည်မှာ ဗိမာန်တော် ယိုယွင်းပျက်ဆီးခြင်း၌ တိုက်ရိုက် အကျိုးဆက်ပေါ်ပေါက်ခဲ့ရသည့် အဓိကအကြောင်းရင်း ဖြစ်သည်။ သခင်ယေရှုက၊ “လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အဖြူ သုတ်သောသင်္ချိုင်းတွင်းနှင့်တူကြ၏။ ထိုတွင်းသည် အပြင်၌တင့်တယ်စွာတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးနှင့် ပြည့်လျက်ရှိ၏။ ထိုအတူ သင်တို့သည်အပြင်၌ လူတို့ရှေ့မှာဖြောင့်မတ်ဟန်ရှိ၏။ အတွင်း၌ကား လျှို့ဝှက်ခြင်း၊ မတရားသဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိကြ၏။” (မဿဲ ၂၃:၂၇-၂၈) ဟု ဆိုရင်း ဖာရိရှဲတို့ကို ဖော်ထုတ်ကာ ပြစ်တင်မောင်းမဲခဲ့သည်။

လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပရောဖက်မှစ၍ ဖြောင့်မတ်သောသူတို့၏ သင်္ချိုင်းတွင်းနှင့် အရိုးအိုးတို့ကို တည်လုပ်၍ တန်ဆာဆင်သဖြင့်၊ ငါတို့သည် ဘိုးဘေးတို့လက်ထက်၌ရှိလျှင်၊ ပရောဖက်တို့ကို သက်သည်အမှုကိုလက်မခံပြီဟု ဆိုကြ၏။ ထိုသို့ဆိုသော်၊ သင်တို့သည် ပရောဖက်တို့ကိုသတ်သောသူတို့၏ အမျိုးအနွယ်ဖြစ်သည်ကို ကိုယ်အဘို့ ကိုယ်သက်သေခံကြ၏။ သို့ဖြစ်၍ ဘိုးဘေးတို့၏ အကျင့်ပမာဏကိုမှီအောင် ကျင့်ကြလော့။ မြွေဆိုးအမျိုးတို့၊ သင်တို့သည် အပြစ်ငရဲမှ အဘယ်သို့လွတ်နိုင်ကြမည်နည်း။ ထို့ကြောင့် ဗျာဒိတ်တော်အချက်ဟူမူကား ပရောဖက်ပညာရှိကျမ်းပြုဆရာတို့ကို သင်တို့ရှိရာသို့ ငါ စေလွှတ်၏။ ထိုသူအချို့တို့ကိုကွပ်မျက်၍ လက်ဝါးကပ်တိုင်၌ သတ်ကြလိမ့်မည်။ အချို့တို့ကို တရားစရပ်၌ ရိုက်၍ တမြို့မှတမြို့သို့ ညှဉ်းဆဲနှင်ထုတ်ကြလိမ့်မည်။ ထို့ကြောင့် ဖြောင့်မတ်သော အာဗေလ၏အသွေးမှစ၍၊ အတွင်းဗိမာန်တော်နှင့် ယဇ်ပလ္လင်၏ အကြား ၌ သင်တို့သတ်ကြသော ဗာရခိသားဇာခရိ၏အသွေးတိုင်အောင် မြေကြီးအပေါ်၌ သွန်းပြီးသမျှသော သူတော် ကောင်းတို့၏အသွေးသည် သင်တို့ ခေါင်းပေါ်သို့ ရောက်လိမ့်မည်။ ငါအမှန်ဆိုသည်ကား၊ ဤအရာများတို့သည် ယခုဖြစ်သောလူများအပေါ်သို့ ရောက်ကြလိမ့်မည်။” (မ ၂၃:၂၉-၃၆)

ဟေရှာယသည် လျှို့ဝှက်သော သင်တို့ကိုရည်မှတ်လျက်၊ ဤလူမျိုးသည် နှုတ်ခမ်းနှင့်ငါ့ကို ရိုသေ ကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေပေးလျက်ပင်၊ ငါ့ကို အချည်းနှီးကိုးကွယ် ကြ၏ဟု၊ နောက်ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီ။ အကြောင်းမူကား၊ သင်တို့သည် ဘုရားသခင်၏ ပညတ်တော်ကို ပယ်၍ ခွက်ဖလားဆေးခြင်းတည်းဟူ သော လူတို့မှ ဆက်ခံသောနည်းဥပဒေသကို ခံယူလျှက်၊ ထိုသို့သော အခြားအကျင့်အလေ့များတို့ကို ကျင့်လေ့ ရှိကြ၏။ သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသကိုကျင့်ရသော အခွင့်ရှိစေခြင်းငှါ၊ ဘုရားသခင်၏ ပညတ်တော်ကို လျောက်ပတ်စွာ ပယ်ကြသည်တကား။” (မာ ၇:၆-၉)

ဖာရိရှဲတို့ကို ဖော်ထုတ်ခဲ့သော သခင်ယေရှု၏ စကားများမှ ဂျူးလူမျိုး ယဇ်ပရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲတို့၏ လုပ်ဆောင်မှုများက ဘုရားသခင်ကို ဖီဆန်ခြင်း နှင့် ဆန့်ကျင်ခြင်းတို့၌ ရှိသည်ကို ရှင်းလင်းစွာ မြင်နိုင်သည်။ ၎င်းတို့သည် ဘာသာရေး ထုံးတမ်းဓလေ့များကိုသာ လိုက်နာစောင့်ထိန်းရင်း ဘုရားသခင်၏ ပညတ်တရားနှင့် ပညတ်တော်များကို ချိုးဖောက်ခဲ့ကြသည်။ ဤသည်မှာ ၎င်းတို့၏ ဘုရားသခင်ကို အစေခံခြင်းသည် အမှန်တကယ်တွင် သူ့ကို အာခံခြင်းဖြစ့်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ဆန့်ကျင်သည်ကို သက်သေပြရန် လုံလောက်ပါသည်။ အထူးသဖြင့်၊ သခင်ယေရှု ထင်ရှားဖော်ပြခြင်းနှင့် အမှုတော်တို့၏ အချိန်ကာလတွင်၊ ၎င်းတို့သည် သူ့ကို ရိုင်းစိုင်းစွာ ရှုတ်ချခဲ့ပြီး ဖီဆန်ခဲ့ကြကာ ၎င်းတို့၏ သဘာဝနှင့် အနှစ်သာရတို့မှာ လုံးလုံးလျားလျား ဖော်ထုတ်ခြင်းခံခဲ့ရသည်။ ထို့ကြောင့်၊ ဂျူးဘာသာအယူဝါဒ ယိုယွင်းပျက်ဆီးခြင်းသို့ ဦးတည်စေခဲ့သော အဓိကအကြောင်းရင်းမှာ ဂျူးလူမျိုး ယဇ်ပရောဟိတ်များ၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲတို့က ဘုရားသခင်ကို ဖီဆန်ခဲ့ပြီး ဆန့်ကျင်ခဲ့သောကြောင့်ဖြစ်သည်ကို တွေမြင်နိုင်သည်။ အခြားသောအရာမှာ ဘုရားသခင်၏ အမှုတော်သည် ရွေ့ပြောင်းနှင့်ခဲ့ပြီဖြစ်သည်။ လူ့ဇာတိခံ သခင်ယေရှုသည် ကျေးဇူးတော်ခေတ်တွင် ဗိမာန်တော်ပြင်ပ၌ ရွေးနုတ်ခြင်းအမှုကို အစပြုခဲ့ပြီဖြစ်သည်။ ယင်းမှာ၊ ဘုရားသခင်၏ အမှုတော်သည် ပညတ်တော်ခေတ် အခြေခံအုတ်မြစ်ပေါ်တွင် ရှေ့ဆက်ခဲ့ပြီး ဘုရားသခင့်အမှုတော်၏ ဗဟိုချက်မှာ ကျေးဇူးတော်ခေတ်တွင် ရွေးနှုတ်ခြင်းအမှုအပေါ်သို့ ရွေ့လျားခဲ့သည်။ သခင်ယေရှုသည် သူ၏ ရွေးနှုတ်ခြင်းအမှုတော် စတင်သည်နှင့် တပြိုင်နက်၊ ကျေးဇူးတော်ခေတ် စတင်ခဲ့ပြီး ပညတ်တော်ခေတ် ပြီးဆုံးခဲ့သည်။ သခင်ယေရှုကို လက်ခံသောသူတို့သည်သာ ၎င်းတို့အထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် နှင့် သခင့်၏ ဦးဆောင်လမ်းပြမှု ရှိခဲ့ကြပြီး ဗိမာန်တော်ထဲ၌ ကျန်ရစ်ခဲ့ကြသောသူများ၊ သခင်ယေရှုကို ဘေးဖယ်ထားခဲ့သောသူများ၊ သူ့ကို ဖီဆန်ပြီး ရှုတ်ချခဲ့ကြသူများကတော့ မှောင်မိုက်ထဲသို့ ကျရောက်ပြီး ဘုရားသခင်၏ ကျိန်ခြင်းအမင်္ဂလာများနှင့် ပြစ်ဒဏ်ပေးခြင်းများကို ခံစားကြရရင်း ဘုရားသခင်၏ အမှုတော်အားဖြင့် အလိုအလျောက် စွန့်ပစ်ခြင်းခံခဲ့ကြရသည်။ ထို့ကြောင့် ပညတ်တော်ခေတ်တွင် ဘာသာရေးအသိုင်းအဝိုင်း ယိုယွင်းပျက်စီးခြင်းမှာ လုံးဝ သေချာပေါက် လူသားကြောင့်ဖြစ်ခဲ့ခြင်းဖြစ်ပြီး ဘာသာရေးခေါင်းဆောင်များမှ သခင်၏ လမ်းကြောင်းမှ သွေဖီခြင်း၊ သခင်၏ ပညတ်တော်များကို မစောင့်ထိန်းခြင်း၊ ဘုရားသခင်၏ အလိုတော်ကိုဆန့်ကျင်ကာ သူတို့ကိုယ်သူတို့ ဘုရားသခင်အား ဆန့်ကျင်ရန်ပြင်ဆင်ခဲ့ခြင်းတို့ကြောင် လုံးဝ ဖြစ်သည်ကို ကျွန်ုပ်တို့ သေချာပေါက် ပြောနိုင်ပါသည်။ အကယ်၍ ဂျူးလူမျိုး ခေါင်းဆောင်များက သခင့်လမ်းစဉ်ကို ကိုင်စွဲခဲ့ကြပြီး သခင်၏ ပညတ်တော်များကို စောင့်ထိန်းနိုင်ခဲ့ကြလျှင်၊ သခင်ယေရှုသည် တရားဟောရန်နှင့် အမှုပြုရန် တောထဲသို့ သွားခဲ့လိမ့်ဦးမည်လော။ ဘုရားသခင်နောက်သို့လိုက်လျှောက်မည့်သူများကို ရှာဖွေရန် မယုံကြည်သူများကြားတွင် သွားခဲ့လိမ့်ဦးမည်လော။ လုံးဝ သွားမည်မဟုတ်ပါ။ သခင်ယေရှုသည် လူ့ထံ ပေါ်ထွန်းပြီး သူ၏ အမှုတော်ကို လုပ်ဆောင်ရင်းဖြင့် တရားဟောပြောရန် ပထဦးစွာ ဗိမာန်တော်နှင့် တရားဇရပ်များထဲသို့ သေချာပေါက် သွားခဲ့ပါလိမ့်မည်။ သို့ဆိုလျှင်၊ အဘယ်ကြောင့် ဤအရာကို သခင်ယေရှု မလုပ်ဆောင်ခဲ့သနည်း။ သိသာထင်ရှားစွာပင်၊ ဗိမာန်တော်နှင့် တရားဇရပ်များထဲတွင် ရှိသောသူတို့သည် သခင်ယေရှုကို လက်မခံခဲ့ကြပဲ ယင်းအစား သူ့ကို ဖမ်းဆီးရန် ကြိုးစားဖို့ နေရာတိုင်းသို့ သွားကြသည်အထိပင် သူ့ကို ရှုတ်ချပြီး ဖီဆန်ခဲ့ကြသောကြောင့် သက်သက်သာ ဖြစ်သည်။ ဤအရာကြောင့်၊ သခင်ယေရှုအနေဖြင့် တရားဟောပြောရန်နှင့် အမှုပြုရန် တောထဲသို့သွားရောက်ပြီး သူ့နောက်သို့ လိုက်မည့်သူများကို ရှာဖွေရန် မယုံကြည်သူများကြားသို့ သွားရောက်ဖို့ရန်မှလွဲ၍ ရွေးချယ်စရာမရှိခဲ့ပါ။ အသိဉာဏ်ထက်သောလူတို့သည် ဤအချက်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြသည်။

ယခုတွင်၊ ပညတ်တော်ခေတ်နှောင်းပိုင်း နေ့ရက်များတွင် ဘာသာရေးလောက၏ ယိုယွင်းပျက်ဆီးခြင်းအကြောင်းရင်းကို ကျွန်ုပ်တို့ နားလည်သဘောပေါက်ပြီးသည့်အခါတွင် နောက်ဆုံးသောကာလထဲက ဘာသာရေးလောက၏ ယိုယွင်းပျက်ဆီးခြင်းအကြောင်းရင်းကို ကျွန်ုပ်တို့ ကြည့်ကြပါစို့။ နောက်ဆုံးသောကာလထဲက ဘာသာရေးလောက၏ သင်းအုပ်ဆရာများ နှင့် အကြီးအကဲများသည် အသင်းတော်များအတွင်းတွင် ၎င်းတို့၏ ဦးစားပေးအဖြစ် ကျမ်းစာအသိပညာ နှင့် ဓမ္မပညာဆိုင်ရာ သဘောတရားများကို ဟောပြောခြင်းအား အဓိကထားကြသည်။ အခြားသူများက ၎င်းတို့ကို ကိုးကွယ်ကြစေဖို့အလို့ငှာ ကျမ်းစာ အနက်ပြန်မှုများကို မိမိတို့ကိုယ်ကို ကြွားလုံးထုတ်ဖို့နှင့် ပြစားဖို့ရန် အသုံးပြုကြပြီး သခင်ယေရှု၏ နှုတ်ကပတ်တော်များနှင့် ပညတ်တော်များကို မလိုက်လျှောက်ကြသလို သခင်၏လမ်းစဉ်ကို မစောင့်ထိန်းကြပေ။ အသက်တာထဲ ဝင်ရောက်ခြင်းအကြောင်းကို ၎င်းတို့ ဟောခဲလှပြီး သမ္မာတရားအား နားလည်သဘောပေါက်ခြင်း နှင့် သခင့်ကို သိကျွမ်းခြင်းတို့ကို ရယူနိုင်စေမည့် နည်းလမ်းဖြင့် သခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် သို့မဟုတ် တွေ့ကြုံရန် လူတို့ကို ဘယ်သောအခါမျှ ၎င်းတို့ မဦးဆောင်ကြချေ။ ဤရာက ဘာသာရေးအသိုင်းအဝိုင်းထဲက ယုံကြည်သူအားလုံးသည် သခင့်လမ်းစဉ်မှ လမ်းလွဲခဲ့စေသည့် ရလဒ်ကိုဖြစ်ပေါ်စေသည်။ ၎င်းတို့သည် သခင့်ကို နှစ်ပေါင်းများစွာပင် ယုံကြည်ကောင်း ယုံကြည်ခဲ့ကြလိမ့်မည်၊ သို့သော်လည်း ၎င်းတို့ နားလည်သဘောပေါက်သည်မှာ ကျမ်းစာအသိပညာနှင့် ဓမ္မပညာဆိုင်ရာ သဘောတရားများသာဖြစ်သည်။ ၎င်းတို့သည် သခင့်ကို သိကျွမ်းခြင်း လုံးဝကင်းမဲ့ကြပြီး သူ့အတွက် ကြောက်ရွံ့မှု သို့မဟုတ် နာခံမှု မရှိကြပါ။ ၎င်းတို့သည် သခင့်လမ်းမှ လုံးဝ သွေဖည်ခဲ့ကြပြီး သခင့်ကို ယုံကြည်သော်လည်း သူ့ကို မသိရှိသောသူများနှင့် သခင့်ကို ဖီဆန်ပြီး သစ္စာဖောက်နိုင်စွမ်းရှိသော လူများ ဖြစ်လာခဲ့ကြသည်။ ဤအရာမှ၊ ဘာသာတရား လောက၏ခေါင်းဆောင်များသည် သခင့်လမ်းမှ လုံးလုံးလျားလျား သွေဖည်ခဲ့ကြပြီး၊ ၎င်းတို့အထဲတွင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုနှင့် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများ ဆုံးရှုံးခြင်း အကျိုးဆက်ဖြစ်ပေါ်စေခဲ့သည်ကို မြင်နိုင်သည်။ ယင်းကို ဘာသာရေးလောက၏ ယိုယွင်းပျက်ဆီးခြင်း အဓိကအကြောင်းရင်းဖြစ်သည်ဟု ဆိုနိုင်သည်။ အခြားသော အကြောင်းရင်းမှာ၊ ဘုရားသခင်၏ အမှုတော် ရွေ့ပြောင်းခဲ့ပြီဖြစ်ပြီး သခင်ယေရှုသည် လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် ပြန်ကြွလာခဲ့နှင့်ပြီးဖြစ်ကာ သခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှုတော်အပေါ် အခြေပြုကာ ဘုရားသခင်၏ အိမ်တော်မှ အစပြုသော တရားစီရင်ခြင်းအမှုတော်အား လုပ်ဆောင်နေခြင်းဖြစ်သည်။ သူသည် နိုင်ငံတော်ခေတ်ကို တည်ထောင်ခဲ့ပြီဖြစ်ပြီး ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အမှုတော်၏ ဗဟိုချက်မှာ နောက်ဆုံးသော ကာလ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်ထဲသို့ ရွေ့ပြောင်းခဲ့ပြီဖြစ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံသောသူတို့သည်သာ သန့်ရှင်းသော ဝိညာဉ်တော်၏လုပ်ဆောင်မှု ် ရှိလိမ့်မည်ဖြစ်ပြီး ပလ္လင်တော်မှ စီးဆင်းသော အသက်ရေ၏ အထောက်အပံ့ကိုခံစားနိုင်ကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ လက်ရှိအမှုတော်ကို အမှီမလိုက်နိုင်သူများနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံရန် ငြင်းဆန်သောသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးပြီး မှောင်မိုက်ထဲသို့ ကျဆင်းခဲ့ကြပြီဖြစ်သည်။ အထူးသဖြင့်၊ ဘာသာရေး လောက၏ သင်းအုပ်ဆရာများ နှင့် အကြီးအကဲများသည် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို ရင်ဆိုင်ရင်း၊ ယင်းကို ၎င်းတို့ မရှာဖွေ၊ မစူးစမ်းကြသည်သာမက ရိုင်းစိုင်းစွာ ဘုရားသခင်ကို ဖီဆန်ပြီး ရှုတ်ချကြသည်။ ယုံကြည်သူများအား လှည့်ဖြားပြီး ထိန်းချုပ်ဖို့ရန် နှင့် မှန်ကန်သော လမ်းကို ရှာဖွေခြင်းနှင့် လေ့လာစုံစမ်းခြင်းမှ လူတို့ကို တားဆီးဖို့ရန် ကောလာဟလနှင့် မုသားမျိုးစုံတို့ကို ဖြန့်ဖြူးခဲ့ကြသည်။ ၎င်းတို့သည် အချိန်ကြာမြင့်စွာကပင် ဘုရားသခင်၏ စိတ်သဘောထားကို နှောင့်ယှက်ခဲ့ပြီး ဘုရားသခင်၏ မုန်းတီးမှုနှင့် ကျိန်ခြင်းအမင်္ဂလာများကို ရရှိခဲ့ကြသည်၊ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်အားဖြင့် စွန့်ပစ်ခံရပြီး ပယ်ရှင်းမခံရပဲ မည်သို့ရှိနိုင်မည်နည်း။ ယခုတွင်၊ သွေးရောင်လလေးစင်း ပေါ်ထွက်ခဲ့ပြီးနောက် ကပ်ဘေးကြီးများမှာ ဖြစ်ပေါ်လုနီးနီး ဖြစ်လိမ့်မည်ကို ကျွန်ုပ်တို့ တွေ့မြင်နိုင်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံသော သူတို့သည် ကပ်ဘေးများမတိုင်ခင် ချီဆောင်ခြင်းခံရသူများ ဖြစ်ကြစဉ်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်မခံသော သူတို့သည် ကပ်ဘေးများထဲသို့ သေချာပေါက် ကျဆင်းလိမ့်မည်ဖြစ်ပြီထိုနေရာတွင် ပြစ်တင်ဆုံးမခြင်းနှင့် စစ်ဆေးခြင်းတို့ကို ခံစားရကြလိမ့်မည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်မခံသောသူတို့သည် ကပ်ဘေးထဲသို့သာ ကျနိုင်ကြပြီး ကပ်ဘေးများပြီးနောက် ချီဆောင်ခံရဖို့သာ စောင့်ရကြလိမ့်မည်။ ထိုကဲ့သို့သော လူများသည် သခင်အားဖြင့် စွန့်ပစ်မခံရသကဲ့သို့ ပယ်ရှင်းမခံရပဲ ရှိကြလိမ့်မည်လော။ ကပ်ဘေးများပြီးနောက်တွင်၊ ချီဆောင်ခံရဖို့အတွက် လူမည်မျှ ကျန်ရစ်နိုင်မည်နည်း။ ယခုတွင်၊ ဘာသာရေး လောကတစ်ခုလုံးနီးပါးသည် သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်ကို ဆန့်ကျင်ကြသော ဤသင်းအုပ်ဆရာများနှင့် အကြီးအကဲများ ဂိုဏ်း၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်၊ ထို့ကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ဤအခြေအနေတွင် မည်သို့ ရရှိနိုင်မည်နည်း။ ပြီးလျှင် ယိုယွင်းပျက်ဆီးလာခြင်းကို အဘယ်သို့ ရှောင်ရှားခဲ့နိုင်မည်နည်း။ ဤသည်မှာ ဘာသာရေးလောက ယိုယွင်းပျက်ဆီးခြင်း၏ အဓိကကျသော အကြောင်းရင်းဖြစ်သည်။

ယခုတွင်၊ ဘာသာရေးလောက၏ ယိုယွင်းပျက်ဆီးခြင်းနှင့်ဆိုင်သော အဓိကအကြောင်းရင်းကို ကျွန်ုပ်တို့ နားလည်ကြရသည်၊ ဘာသာတရားအသိုင်းအဝိုင်း၏ ခေါင်းဆောင်များက သခင်၏ နှုတ်ကပတ်တော်များကို မလိုက်လျှောက်ကြပဲ ဆန့်ကျင်ဖက်အနေဖြင့် သူ၏ လမ်းစဉ်မှ သွေဖည်သွားကြပြီး သူ၏ ပညတ်တော်များကို ၎င်းတို့ မစောင့်ထိန်းကြဘဲ ဘုရားသခင်၏ အလိုတော်ကို လုံးလုံးလျားလျား ချိုးဖောက်ခဲ့ကြပြီး ဘုရားသခင်ကို ဖီဆန်သောလူများ ဖြစ်လာကြခြင်းဖြစ်သည်။ ဒုတိယအနေဖြင့်၊ ဘာသာတရား လောကကြီး၏ ခေါင်းဆောင်များသည် ဘုရားသခင်ကို ဖီဆန်ကြသောလူများဖြစ်လာကြပြီး ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အမှုတော်ကို လက်ခံနိုင်စွမ်း သို့မဟုတ် နာခံနိုင်စွမ်းမရှိကြသလို၊ ဘုရားသခင်သည် သူ၏ အမှုတော်ကို ရွေ့ပြောင်းခဲ့ပြီးဖြစ်ကာ ဘာသာတရားလောကကြီးက သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို ဆုံးရှုံးခဲ့ပြီး မှောင်မိုက်ထဲသို့ ကျဆင်းခဲ့သောကြောင့် ဖြစ်သည်။ ယခင်အချိန်က သခင်ယေရှုသည် သူ၏ အမှုတော်ကို လုပ်ဆောင်ခဲ့သည့် အခါတွင်၊ အဘယ်ကြောင့် ဗိမာန်တော်ထဲတွင် သူတရားမဟောခဲ့ပါသနည်း။ ယင်းမှာ ဗိမာန်တော်ထဲရှိ ယဇ်ပရောဟိတ်များနှင့် အကြီးအကဲများသည် သခင့်ကို ဖီဆန်ခဲ့ကြသော လူများ ဖြစ်သောကြောင့် ဖြစ်သည်။ သခင်ယေရှုသည် ဗိမာန်တော်ထဲသို့ ဝင်ရောက်ခဲ့လျှင် သူသည် ဖယ်ရှားခြင်းခံခဲ့ပြီး ရှုတ်ချခြင်းသာ ခံခဲ့ရလိမ့်မည် သို့မဟုတ် ချက်ချင်း အဖမ်းခံရပြီး ကားတိုင်ပေါ်တွင် သံဖြင့်ရိုက်ခြင်းခံခဲ့ရလိမ့်မည်- ယင်းမှာ အမှန်တရားတစ်ခု မဟုတ်လော။ ဤသည်မှာ ဘုရားသခင်က သူ၏ အမှုတော်ကို ရွေ့ပြောင်းရခြင်းအတွက် အဓိကအကြောင်းရင်း ဖြစ်သည်။ အကယ်၍ ဗိမာန်တော်ထဲရှိ ယဇ်ပရောဟိတ်များနှင့် အကြီးအကဲများသည် သခင်၏ နှုတ်ကပတ်တော်များကို လိုက်နာနိုင်ခဲ့ပြီး ဘုရားသခင်ကို သူ့အလိုတော်နှင့် ကိုက်ညီုစွာဖြင့် အစေခံနိုင်ခဲ့ကြလျှင် ဗိမာန်တော်သည် အဘယ်သို့ ယိုယွင်းပျက်ဆီးလာနိုင်ခဲ့မည်နည်း။ ပြီးနောက် ဘုရားသခင်သည် သူ၏ အမှုတော်ကို အဘယ်သို့ ရွေ့ပြောင်းနိုင်ခဲ့မည်နည်း။ ဤသို့ ဖြစ်ရမည်မဟုတ်လော။ ဘာသာတရား လောက၏ ယိုယွင်းပျက်ဆီးခြင်းက သမ္မာကျမ်းစာထဲရှိ ပရောဖက်ပြုချက်ကိုလည်း လုံးဝ ပြည့်စုံစေပါသည်၊ “စပါးရိတ်ရာကာလမရောက်မှီ သုံးလအထက်က၊ မိုဃ်းမရွာစေခြင်းငှါ မိုဃ်းကိုငါဆီးတားပြီ။ မြို့တမြို့ပေါ်မှာ ရွာစေခြင်းငှါ၎င်း၊ တမြို့ပေါ်မှာမရွာစေခြင်းငှါ၎င်းပြုလျက်၊ မြေတကွက်သည် မိုဃ်းရေကိုခံရ၍ တကွက်သည် မခံရ၊ သွေ့ခြောက်လျက် နေရ၏။ ထိုသို့မြို့နှစ်မြို့သုံးမြို့သားတို့သည် ရေသောက်ခြင်းငှါ မြို့တမြို့သို့သွားရ၍ မဝရကြ။ သို့သော်လည်း၊ သင်တို့သည် ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရားမိန့်တော်မူ၏။” (အာမုတ် ၄:၇-၈) “အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ မွတ်သိပ်ခြင်းဘေးကို တပြည်လုံး၌ ငါဖြစ်စေသောကာလ ရောက်လိမ့်မည်။ အစာခေါင်းပါး၍ မွတ်သိပ်ခြင်းဘေးမဟုတ်၊ ရေငတ်ခြင်းဘေးလည်းမဟုတ်၊ ထာဝရဘုရား၏ အမိန့်တော်ကို မကြားရသောမွတ်သိပ်ခြင်းဘေးဖြစ်လိမ့် မည်။” (အာမုတ် ၈:၁၁) ဤသမ္မာကျမ်းစာ၏ ကျမ်းနှစ်ပိုဒ်မှ “မြို့တမြို့ပေါ်မှာ ရွာစေခြင်းငှါ” ထဲမှ “တမြို့” သည် လူ့ဇာတိခံ ဘုရားသခင်ပေါ်ထွန်းပြီး သူ၏ အမှုတော်ကို လုပ်ဆောင်သော အသင်းတော်ကို ရည်ညွှန်းပြီး “တမြို့ပေါ်မှာမရွာစေခြင်းငှါ” ထဲမှ “တမြို့” သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမစိုက်၊ ဘုရားသခင်၏ ပညတ်တော်များကို မလိုက်လျှောက်သလို လူ့ဇာတိခံ ဘုရားသခင်၏ သရုပ်သကန်နှင့် အမှုတော်ကို ငြင်းပယ်ဖီဆန်ပြီး ရှုတ်ချသော ဘာသာရေးလောကကြီးကို အလိုအလျောက် ရည်ညွှန်းသည်ကို ကျွန်ုပ်တို့ နားလည်သဘောပေါက်နိုင်သည်။ ဘုရားသခင်သည် ဘာသာတရားအတွင်းက ဘုရားသခင်ကို စိတ်ရင်းအမှန်နှင့် ယုံကြည်ပြီး သမ္မာတရားကို ချစ်သောသူတို့က ယင်းကို စွန့်ခွာဖို့ရန်၊ ဘုရားသခင့် အမှုတော်၏ ခြေလှမ်းများကို ရှာဖွေရန်၊ အသင်းတော်အားလုံးကို သန့်ရှင်းသော ဝိညာဉ်တော်က အဘယ်အရာပြောဆိုသည်ကို ရှာဖွေရန်နှင့် ဘုရားသခင်၏ သရုပ်သကန်နှင့် အမှုတော်ကို ရှာဖွေရန် တွန်းအားပေးဖို့အတွက် ဘာသာရေးလောကကို ငတ်မွတ်ခေါင်းပါးခြင်း ဆိုက်ရောက်စေသည်။ ဘုရားသခင်၏ အသံတော်ကို ကြားပြီး နောက်ဆုံးသော ကာလထဲက အနန္တတန်ခိုးရှင် ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို လက်ခံပြီး နာခံသောသူတို့သည် ပညာသတိရှိသော အပျိုကညာများဖြစ်ပြီး ဘုရားသခင်၏ ပလ္လင်တော်ရှေ့သို့ ဆောင်မခြင်းခံရသောသူများ ဖြစ်ကြသည်။ ဤလူအားလုံးသည် သိုးသငယ်၏ မင်္ဂလာစားပွဲတော်ကို တက်ရောက်ကြပြီး ပလ္လင်တော်မှ စီးဆင်သော အသက်ရေ၏ အာဟာရကို ပျော်မွ့ခံစားကြရသည်။ ၎င်းတို့၏ မူလယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့သည် နဂိုအတိုင်း ပြန်လည်ဖြစ်လာခဲ့ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ တွေ့ကြုံခြင်းနှင့် လက်တွေ့လုပ်ဆောင်လျက်ရှိကြပြီး သမ္မာတရားကို သိနားလည်ခြင်းနှင့် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်းကို ၎င်းတို့ ရရှိကြပါလိမ့်မည်။ ဤလူတို့သည် သမ္မာတရားကို နားလည်ပြီး ဘုရားသခင်ကို အမှန်သိကျွမ်းခြင်းရှိသည်နှင့် တပြိုင်နက် ဘုရားသခင်ကို ၎င်းတို့ ကြောက်ရွံ့ပြီး နာခံကြလိမ့်မည်ဖြစ်ပြီး ဤနည်းလမ်းဖြင့် ဘုရားသခင်ထံမှာ အသက်ကို ရရှိကြပါလိမ့်မည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို လက်မခံသော ဘာသာရေးအဖွဲ့အစည်းများ သို့မဟုတ် တစ်ဦးချင်းတစ်ယောက်ချင်းသည် ဘုရားသခင်အားဖြင့်၊ စက်ဆုပ်ခံရကာ ငြင်းပယ်ခံရပြီး ပယ်ရှင်းခြင်းခံကြရသလို သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ကင်းမဲ့ကြသည်။ ဤသည်မှာ အလွန်သေချာလှပေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကြပါစို့။ “ဘုရားသခင်သည် ဤအချက်အား ပြည့်စုံစေမည် ဖြစ်သည်၊ စကြဝဠာ တစ်လျှောက်လုံး၌ ရှိသော လူများကို သူ့ရှေ့မှောက်သို့ ပြန်လာစေမည်။ ပြီးလျှင် ကမ္ဘာကြီးပေါ်၌ ဘုရားသခင်ကို ကိုးကွယ်စေမည်။ အခြားနေရာများ၌ ရှိသော သူ၏ အမှုသည် ရပ်တန့်သွားမည်ဖြစ်ပြီး လူများသည် မှန်ကန်သော လမ်းခရီးကို ရှာဖွေရန် တွန်းအားပေးခြင်း ခံရမည်။ ဤအရာသည် ယောသပ်ကဲ့သို့ပင် ဖြစ်လိမ့်မည်။ လူတိုင်းသည် အစားအစာကိုရဖို့ သူ့ထံလာကြသည်၊ ပြီးလျှင် သူ့ရှေ့၌ ဦးညွှတ်ကြသည်၊ အဘယ့်ကြောင့်ဆိုလျှင် သူ၌ အစားအစာရှိသောကြောင့် ဖြစ်သည်။ ငတ်မွတ်ခေါင်းပါးခြင်းမှ ကင်းလွတ်ဖို့ လူများသည် မှန်သော လမ်းခရီးကို ရှာဖွေရန် တွန်းအားပေးခြင်း ခံရမည်။ ဘာသာရေး အသိုင်းအဝိုင်းကြီး တစ်ခုလုံးသည် ပြင်းထန်သော ငတ်မွတ် ခေါင်းပါးခြင်းဒဏ်ကို ခံနေရပြီး ယနေ့ကာလ၏ ဘုရားသခင် တစ်ပါးတည်းသာလျှင် အသက်စမ်းရေတွင်း ဖြစ်ကာ လူများကို ဝမ်းမြောက်ခြင်းများ ထောက်ပံ့ပေးနေပြီး ရေမပြတ်သော စမ်းရေတွင်းကိုလည်း ပိုင်ဆိုင်ထားသည်။ လူများသည် သူ့ထံလာပြီး သူ့ကို မှီခိုကြလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ”) “စကြဝဠာတစ်ဝှမ်းလုံးရှိ ဘုရားသခင်၏ အမှုအားလုံးသည် ဤလူတစ်စုအပေါ်တွင် အာရုံစူးစိုက်ထားလျက်ရှိခဲ့သည်။ ဘုရားသခင်သည် သူ၏ ကြိုးစားအားထုတ်မှုအားလုံးအား သင်တို့အတွက် ပေးအပ်မြှုပ်နှံထားပြီး၊ သင်တို့အတွက် အရာအားလုံးကို စွန့်လွှတ်ပေးဆပ်ခဲ့၏၊ သူသည် စကြဝဠာတစ်ခွင်လုံးမှ ဝိညာဉ်တော်၏ အမှုများအား ပြန်လည်သိမ်းယူကာ သင့်အားပေးအပ်ခဲ့၏။ ထိုအကြောင်းကြောင့် သင်တို့သည် မင်္ဂလာရှိသူများ ဖြစ်သည်ဟု ငါပြောဆိုရခြင်းဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် သင်တို့ လူစုမှတစ်ဆင့် သူ့အစီအစဉ်၏ ရည်ရွယ်ချက်ကို အပြည့်အဝ ထင်ရှားပြသနိုင်ရန် သူ၏ဘုန်းတော်အား သူ၏ရွေးကောက်ခံ လူမျိုးဖြစ်သည့် ဣသရေလလူမျိုးထံမှ သင်တို့ထံသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်၏ အမွေအား လက်ခံရရှိမည့်သူများ ဖြစ်ရုံမျှသာမက ဘုရားသခင်၏ ဘုန်းတော်အား ဆက်ခံသော သူများလည်း သာ၍ ဖြစ်နေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားတွေးခေါ်သည့်အတိုင်း ဘုရားသခင်၏ အမှုသည် ရိုးရှင်းလွန်းသလေ”)

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ဘုရားသခင်သည် သူ့ကို စိတ်ရင်းအမှန်ဖြင့် ယုံကြည်ပြီး သူ၏ ထင်ရှားပြသခြင်းကို တောင့်တသောသူများကို ဘယ်သောအခါမျှ မဖယ်ရှားခဲ့သည်ကို ကျွန်ုပ်တို့ ရှင်းလင်းစွာ တွေ့ရသည်။ သူ၏ အနန္တတန်ခိုးရှိခြင်းနှင့် ပညာဉာဏ်တို့မှတဆင့်၊ အန္တိခရစ်နှင့် ဘာသာရေးလာက၏ ဆိုးညစ်သောလူတို့ ချည်နှောင်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့မှ လွတ်မြောက်ကြစေနိုင်ဖို့အလို့ငှာ ဘုရားသခင်သည် သူ့ကို စိတ်ရင်းအမှန်ဖြင့် ယုံကြည်သောသူတို့ကို ကယ်တင်ပြီး ဘုရားသခင်၏ ပလ္လင်တော်ရှေ့သို့ ချီဆောင်ခံရစေပြီး ဘုရားသခင်၏ တရားစီရင်ခြင်း၊ သန့်စင်ပေးခြင်း နှင့် စုံလင်စေခြင်းတို့ လက်ခံစေသည်။ နောက်ဆုံးသော ကာလ၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူ၏ တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်ပြီး သူ၏ အဦးသီးသောအသီးများအဖြစ် အောင်နိုင်သူအုပ်စုတစ်စုကို ကပ်ဘေးများမတိုင်မီ ပြုလုပ်ဖို့ရန်အလို့ငှာ လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်သော သမ္မာတရားအလုံးစုံကို ဖော်ပြလေသည်။ဤအရာက ဗျာဒိတ်ကျမ်းထဲရှိ ပရောဖက်ပြုချက်ဖြစ်သော- “ထိုသူတို့သည် ကညာဖြစ်၍မေထုန်အမှုနှင့် မညစ်ညူးသော သူဖြစ်ကြ၏။ သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ် အဘို့ အဦးသီးသော အသီးဖြစ်ကြ၏။” (ဗျာဒိတ် ၁၄:၄) ကို ပြည့်စုံစေသည်။ ဘုရားသခင်အားဖြင့် အောင်နိုင်သူအုပ်စု ပြုလုပ်ခံရပြီးနောက်တွင်၊ လူ့ဇာတိခံဘုရားသခင်အားဖြင့် ပြီးမြောက်သော ဘုရားသခင်၏ အိမ်တော်မှ အစပြုသည့် တရားစီရင်ခြင်းအမှုသည် ခေတ္တခဏ အဆုံးသတ်မည်ဖြစ်သည်။ ထို့နောက်၊ ဘုရားသခင်သည် ကောင်းသောသူများကို ဆုချီးမြှင့်ရန်နှင့် ဆိုးသောသူများကို ဒဏ်ခတ်ရန် ဘေးဒဏ်ကြီးများကို ကျရောက်စေလိမ့်မည်။ ထိုအချိန်တွင်၊ နောက်ဆုံးသော ကာလ၌ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်ကို လက်မခံသောသူများ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ရှုတ်ချပြီး ဖီဆန်သောသူများတို့သည် ဘေးဒဏ်များထဲ အားလုံးကျရောက်ကြလိမ့်မည်ဖြစ်ပြီးထိုနေရာတွင်တွင် တရားစီရင်ခံရပြီး ပြစ်တင်ဆုံးမခံရခြင်းနှင့်ဆိုင်သော စစ်ဆေးမှုကို ခံရကြလိမ့်မည်။ ကျွန်ုပ်တို့အနေဖြင့်၊ ဘာသာတရားကို စွန့်လွှတ်ခြင်း၊ သိုးသငယ်၏ ခြေလှမ်းများကို အမှီလိုကခြင်း၊ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို လက်ခံခြင်း၊ နာခံခြင်း တို့ပြုလုပ်ပြီး ခရစ်တော်၏ ပလ္လင်ရှေ့ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းတို့ကို ကြုံရမှသာလျှင် အောင်နိုင်သူများအဖြစ်သို့ ဘုရားသခင်အားဖြင့် စုံလင်စေခြင်းခံရမည်ဖြစ်သည်။ ထို့နောက်မှသာ ကောင်းကင်အောက် အရာခပ်သိမ်းတို့သည် စမ်းသပ်မှုများကို ခံစားကြရစဉ်တွင် ကျွန်ုပ်တို့သည် စမ်းသပ်မှုများမှ ချမ်းသာရာရကြမည်ဖြစ်သည်။ ဘုရားသခင်အားဖြင့် ပြုလုပ်ခြင်းခံရသောသူ၊ အဦးသီးသော အသီးများဖြစ်သည့် ဤအောင်နိုင်သောသူများသာလျှင် ဘုရားသခင်၏ ကတိတော်နှင့် ကောင်းကြီးမင်္ဂလာများကို အမွေခံရန် အရည်အချင်းရှိကြသည်။ ယခုတွင်၊ ဘုရားသခင်သည် တရုတ်ပြည်မတွင် အောင်နိုင်သူများ အုပ်စုတစ်စုကို ပြုလုပ်နှင့်ပြီးဖြစ်ကာ၊ ကပ်ဘေးကြီး ကျရောက်လုနီးသည်နှင့်အတူ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ရှုတ်ချပြီး ဖီဆန်ကြသောသူအားလုံးသည် ကယ်တင်ခံရရန် အခွင့်အရေးတိုင်းကို အစဉ်ထာဝရ ဆုံးရှုံးလျက် ကပ်ဘေးများထဲ ကျရောက်ပြီး ပြစ်ဒဏ်ပေးခံရကြလိမ့်မည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

အမှန်မှာမူ၊ အနည်းဆုံး ပညတ်တော်ခေတ်၏ အဆုံးသတ်ကို ပြန်ရောက်သွားပြီ ဖြစ်ကြောင်း ကျွန်တော်တို့အားလုံး ရှင်းရှင်းလင်းလင်း မြင်သင့်သည်။ ကျေးဇူးတော်ခေတ်တွင်းမှာ ဘုရားသခင်က လူဇာတိခံပြီး၊ ပထမဆုံး ကိုယ်တော့်အမှုတော်ကို လုပ်ဆောင်သည့်အချိန်က၊ ဘာသာရေး အသိုင်းအဝိုင်းကို ဖာရိရှဲတို့၊ အန္တိခရစ်တို့က အာဏာသိမ်းပြီးသည်မှာ ကြာပါပြီ။ သခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှုတော်ကို ဆန့်ကျင်သည့် အင်အားစုဖြစ်ခဲ့ပြီ။ နောက်ဆုံးသောကာလ၏ ခရစ်တော်၊ အနန္တတန်ခိုးရှင်ဘုရားသခင် ပေါ်ထွန်းလာပြီး၊ သူ့အမှုတော်ကို လုပ်ဆောင်ချိန်မှာ ဘာသာရေးအသိုင်းအဝိုင်းထဲက သူတို့က နောက်ဆုံးသောကာလမှာ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်၏ ရန်သူများအဖြစ် ရပ်တည်နေကြဆဲ ဖြစ်သည်။ သူတို့က အနန္တတန်ခိုးရှင်ဘုရားသခင်ကို တယူသန်စွာ ရှုတ်ချ ကျိန်ဆဲရုံသာမက၊ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ညှဉ်းပန်းနှိပ်စက်ပြီး၊ ဖိနှိပ်ဖို့အတွက် ဆိုးယုတ်သည့် တရုတ်ကွန်မြူနစ်ပါတီအစိုးရနှင့် ပူးပေါင်းကြသည်။ သူတို့က ဘုရားသခင်ကို နောက်တစ်ကြိမ် ကားစင်ထပ်တင်သည့် စက်ဆုပ်ဖွယ်အပြစ်ကို ကျူးလွန်ခဲ့ပြီးပြီ။ သခင်ယေရှုက ဘာသာရေးအသိုင်းအဝိုင်း၏ အမှောင်ထုကိုဖော်ထုတ်ရင်း ဖာရိရှဲတို့ကို ကျိန်ခြင်းအမင်္ဂလာသင့်စေခဲ့ရုံမက၊ အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံးသော ကာလမှာ ကိုယ်တော့်၏ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ချိန်မှာ၊ သင်းအုပ်ဆရာများနှင့် အကြီးအကဲတို့၏ အနှစ်သာရမှန်နှင့် ဘုရားသခင်အပေါ် သူတို့ဆန့်ကျင်မှု တို့ကို ထုတ်ဖော်ခဲ့သေးသည်။ ထပ်လောင်း ပြောရပါက၊ သူက ဘုရားသခင်ကို နောက်တစ်ကြိမ်ကားစင် ထပ်တင်ခဲ့သည့် အန္တိခရစ်တို့ကို ကျိန်ခြင်းပြုခဲ့သည်။ ဤသည်မှာ တကယ်စဉ်းစားစရာ ဖြစ်သည်။ ဘုရားသခင် လူဇာတိခံသည့် နှစ်ခါလုံး၊ သူက ဘာသာရေးအသိုင်းအဝိုင်းကို ရှုတ်ချပြီး၊ ကျိန်ခြင်းပြုခဲ့သည်။ ဤသည်မှာ မည်သည့်အရာကိုပြနေသနည်း။ ကြီးမြတ်သည့် ဗာဗုလုန်မြို့ဖြစ်သည့် ဘာသာရေးအသိုင်းအဝိုင်းက ကျဆုံးဖို့ ကံပါလာခြင်း ဖြစ်သည်။ နောက်ဆုံးမှာမူ ဘုရားသခင်၏ ရွေးကောက်သူများက နားလည်သွားပါပြီ။ ဘာသာရေး အသိုင်းအဝိုင်းက ဘုရားသခင်ကို အမည်ခံသာ ယုံကြည်ကြ သော်လည်း၊ ဘုရားသခင်ကို တစ်ခါမှ တကယ်ချီးမြှောက်ခြင်း၊ သက်သေခံခြင်းမလုပ်ခဲ့ပါ။ သူတို့က ကိုယ်တော်၏ အလိုတော်ကို လုံးဝအကောင်အထည်မဖော်ကြပါ။ ဘုရားသခင်၏ ရွေးကောက်သူ များကို ကိုယ်တော့်ပလ္လင် ရှေ့တော်မှောက်ကို မခေါ်ဆောင်နိုင်ကြပါ။ သမ္မာတရားကို နားလည်ပြီး၊ ကိုယ်တော့်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်၊ တွေ့ကြုံခြင်းအားဖြင့် ဘုရားသခင်ကိုသိကျွမ်းဖို့အတွက် လမ်းကြောင်း မှန်ရောက်အောင် သူတို့ ဦးမဆောင်နိုင်ကြပါ။ ဘာသာရေး ခေါင်းဆောင်များက ဘုရားသခင်၏အလိုတော်နှင့် လုံးဝဆန့်ကျင်နေပြီ။ သူတို့က သမ္မာတရားကို ကိုယ်တိုင် လက်တွေ့မလုပ်ဆောင်ကြသည့်အပြင်၊ ကြွားဝါဖို့နှင့် လူများ သူတို့ကိုအထင်ကြီးကိုးကွယ်ကြဖို့ သမ္မာကျမ်းအသိပညာများနှင့် ဓမ္မပညာဆိုင်ရာ သဘောတရားများကို ဟောပြောကြသည်။ သူတို့က ယုံကြည်သူများကို ဖာရိရှဲတို့၏ သူတော်ယောင် လမ်းကြောင်းပေါ် ပို့နေခြင်း ဖြစ်သည်။ ဘုရားသခင်၏ ရွေးကောက်သူကို ထိခိုက်ဖျက်ဆီးပစ်သည်။ ဘာသာရေး ခေါင်းဆောင်များက စာတန်၏ လက်နက်များဖြစ်သည့်၊ စစ်မှန်သည့် အန္တိခရစ်များ ဖြစ်သွားကြပြီ။ လူသားတို့ကို ကယ်တင်မည့် ကိုယ်တော်၏ အမှုတော်အဆင့် ၃ဆင့် လုပ်နေစဉ်မှာ၊ လူတို့ကိုရွေးနှုတ်ဖို့နှင့် ကယ်တင်ဖို့ ဘုရားသခင်က နှစ်ခါလူဇာတိခံပြီးပြီ။ ဘာသာရေးအသိုင်းအဝိုင်းတစ်ခုလုံးက ခရစ်တော်၏ ရန်သူများ ဖြစ်ပါသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းအမှုတော်အတွက် ခလုတ်တံသင်းများဖြစ်နေကြပြီ။ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားကြ သောကြောင့် ရလဒ်အနေနှင့် ကိုယ်တော်၏ ကျိန်ခြင်းသင့်ပြီး၊ အပြစ်ပေးခံခဲ့သည်။ ပရောဖက်ပြုချက်ထဲမှာ ဆိုထားသည့် အတိုင်းပင် ဖြစ်ပါသည်။ “ဗာဗုလုန်မြို့ကြီးပြိုလဲပြီ။ ပြိုလဲပြီ။ နတ်ဆိုးနေရာ ဖြစ်လေ ပြီ။ ညစ်ညူးသော ဝိညာဉ်မျိုး၏ တွင်းဖြစ်လေပြီ။” (ဗျာ ၁၈:၂) “ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ။ မိမိမတရာသေား မေထုန်၏ အဆိပ် အတောက်တည်းဟူသော စပျစ်ရည်ကို လူမျိုးအပေါင်း တို့အား တိုက်လေပြီးသော ဗာဗုလုန်မြို့ကြီးပြိုလဲပြီဟု လိုက်၍ပြောဆို၏။” (ဗျာ ၁၄:၈) “ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း။ ဗာဗုလုန်မြို့ကြီး၊ မြို့စွမ်း၊ သင်သည်တနာရီခြင်းတွင် အပြစ်စီရင်ခြင်းသို့ ရောက်ပါပြီတကားဟူ၍ သူ့ကြောင့် ငိုကြွေးမြည်တမ်းကြလိမ့်မည်။” (ဗျာ ၁၈:၁၀)

အနန္တတန်ခိုးရှင်ဘုရားသခင်က ဘုရားသခင်ကို ဆန့်ကျင်သည့် ထိုအန္တိခရစ်တို့နှင့် အန္တိခရစ်တို့ ချုပ်ကိုင်ထားသည့် ဘာသာရေးအသိုင်းအဝိုင်းတို့ကို မည်ကဲ့သို့ ရှုတ်ချထားသည်ကို ကြည့်ကြစို့။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ့ကို စစ်မှန်စွာ ယုံကြည်သူအားလုံး အသက်ရရှိစေရန် ခရစ်တော်သည် နောက်ဆုံးသောကာလတွင် လာခြင်းဖြစ်သည်။ သူ၏အမှုသည် ခေတ်အဟောင်းကို အဆုံးသတ်၍ ခေတ်အသစ်ထဲသို့ ဝင်ရောက်ရန်ဖြစ်ကာ ခေတ်အသစ်သို့ ဝင်ရောက်မည့်သူအားလုံး လိုက်လျှောက်ရမည့် လမ်းကြောင်းဖြစ်၏။ သူ့ကို အသိအမှတ်ပြုနိုင်စွမ်း သင့်တွင်မရှိဘဲ ပြစ်တင်ရှုတ်ချခြင်း၊ ပုတ်ခတ်ပြောဆိုခြင်း၊ သို့မဟုတ် သူ့ကို ညှဉ်းပန်းနှိပ်စက်ခြင်းပင် ပြုပါက သင်သည် ထာဝရလောင်ကျွမ်းခံရ၍ ဘုရားသခင်၏ နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရောက်ရမည် မဟုတ်သည်မှာ သေချာ၏။ အဘယ်ကြောင့်ဆိုသော် ဤခရစ်တော်ကိုယ်တိုင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖော်ပြချက်၊ ဘုရားသခင်၏ ဖော်ပြချက်၊ ဘုရားသခင်က ကမ္ဘာမြေကြီးတွင် သူ၏အမှုကို ဆောင်ရွက်ရန် တာဝန်ပေးစေခိုင်းခဲ့သူ ဖြစ်သောကြောင့်ဖြစ်၏။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်က ဆောင်ရွက်ခဲ့သည့် အရာအားလုံးကို သင်လက်မခံနိုင်ပါက သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပုတ်ခတ်ပြောဆိုခြင်းဖြစ်သည်ဟု ငါပြော၏။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပုတ်ခတ်ပြောဆိုသူတို့ ခံစားရမည့် အကျိုးအပြစ်မှာ အားလုံးအတွက် သက်သေပြရန် မလိုပါ။ သင်သည် နောက်ဆုံးသောကာလ ခရစ်တော်ကို ဆန့်ကျင်ပြီးနောက် သူ့ကိုငြင်းပယ်ပါက အကျိုးသက်ရောက်မှုများကို သင့်ကိုယ်စား ခံစားပေးနိုင်သူ တစ်ဦးမျှ မရှိဟုလည်း ငါသင့်ကို ပြော၏။ ထို့အပြင် ယနေ့မှစ၍ သင်သည် ဘုရားသခင်၏ ထောက်ခံမှုကိုရရှိရန် အခွင့်အရေး နောက်တစ်ရပ်ရှိမည် မဟုတ်ပါ။ သင့်ကိုယ်သင် ရွေးနုတ်ရန် ကြိုးစားလျှင်ပင် သင်သည် ဘုရားသခင်၏မျက်နှာကို နောက်တစ်ကြိမ် မြင်ရတော့မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင်ဆန့်ကျင်သောသူမှာ လူသားတစ်ဦးမဟုတ်၊ သင်ငြင်းပယ်သောသူမှာ သေးနုပ်သည့်သတ္တဝါမဟုတ်ဘဲ ခရစ်တော်ဖြစ်သောကြောင့် ဖြစ်၏။ ဤအကျိုးသက်ရောက်မှုကို သင်သိပါသလား။ သင်ပြုလိုက်သည်မှာ သေးငယ်သည့် အမှားတစ်ရပ် မဟုတ်ဘဲ အလွန်စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ပြစ်မှုတစ်ရပ်ဖြစ်၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်”)

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ကျော်က ယေရှုကို ကားတိုင်ပေါ်တွင် ရိုက်ထားပြီးနောက် ယုဒလူမျိုးများ မည်သို့ဖြစ်သွားခဲ့ကြသည်ကို ပြန်ပြောင်းသတိရလော့။ ယုဒလူမျိုးများသည် ဣသရေလပြည်မှ နှင်ထုတ်ခံခဲ့ရပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများဆီသို့ ပြန့်နှံ့ရောက်ရှိသွားခဲ့ကြသည်။ လူအများအပြား အသတ်ခံခဲ့ရပြီး ယုဒလူမျိုးတစ်မျိုးလုံးသည် မကြုံစဖူးသော ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။ သူတို့သည် ဘုရားသခင်ကို ကားတိုင်ပေါ်တွင် ရိုက်ခဲ့ကြပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့ကြကာ ဘုရားသခင်၏ စိတ်နေသဘောထားကို ထိပါးစော်ကားခဲ့ကြသည်။ သူတို့လုပ်ခဲ့သည့် အပြစ်ကို သူတို့ပေးဆပ်ခဲ့ရပြီး သူတို့လုပ်ရပ်များ၏ နောက်ဆက်တွဲ အကျိုးဆက်ကို ခံခဲ့ကြရသည်။ သူတို့သည် ဘုရားသခင်ကို ရှုတ်ချခဲ့သည်၊ ငြင်းပယ်ခဲ့သည်၊ သို့အတွက်ကြောင့် သူတို့တွင် ဘုရားသခင်၏ အပြစ်ပေးခံရခြင်းဟူသည့် ကံကြမ္မာတစ်ခုသာ ရှိလေသည်။ ဤသည်မှာ သူတို့၏ တိုင်းနိုင်ငံနှင့် လူမျိုးအပေါ် သူတို့၏အုပ်ချုပ်သူများက သက်ရောက်စေခဲ့သော ခါးသီးဖွယ် အကျိုးဆက်နှင့် ဘေးဒုက္ခပင် ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်”)

ဘုရားသခင် ရယူရန် အလိုတော်ရှိသည့်အရာကို မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့်စွမ်းအားကမျှ မတားဆီးနိုင်ကြောင်း ငါတို့ယုံကြည်သည်။ ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်သူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆန့်ကျင်ပြီး ဘုရားသခင်၏ အကြံအစည်တော်ကို နှောင့်ယှက်ဟန့်တားသူများသည် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို နောက်ဆုံးတွင် ခံရကြမည်။ ဘုရားသခင်၏ အမှုတော်ကို အာခံဖီဆန်သူသည် ငရဲသို့ချခြင်းခံရမည်၊ ဘုရားသခင်၏ အမှုတော်ကို အာခံဖီဆန်သော မည်သည့်နိုင်ငံမဆိုသည် ဖျက်ဆီးခြင်းကိုခံရမည်၊ ဘုရားသခင်၏ အမှုတော်ကို ဆန့်ကျင်ရန် ပုန်ကန်သော မည်သည့်လူမျိုးမဆိုသည် ဤကမ္ဘာပေါ်မှ ဖယ်ရှားခံရမည်ဖြစ်ပြီး အပြီးတိုင် ကွယ်ပျောက်သွားလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်”)

သို့သော်လည်း လောကဟောင်း ဆက်လက်တည်ရှိနေသရွေ့ ငါ၏ဒေါသကို ၎င်း၏တိုင်းနိုင်ငံများအပေါ်သို့ ငါစေလွှတ်မည်ဖြစ်ပြီး၊ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို စကြဝဠာတစ်လျှောက်တွင် ပွင့်လင်းစွာ ထုတ်ပြန်ကြေညာမည်ဖြစ်ကာ၊ ၎င်းတို့ကို ချိုးဖောက်သည့် မည်သူမဆို ပြစ်တင်ဆုံးမခြင်း ခံရမည်ဖြစ်သည်။

ငါသည် ပြောဆိုရန် စကြဝဠာထံသို့ ငါ၏မျက်နှာကို လှည့်လေသောအခါ၊ လူသားမျိုးနွယ် အားလုံးသည် ငါ၏အသံကို ကြားပြီးနောက် ချက်ချင်း စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့် အလုပ်များ အားလုံးကို မြင်လေသည်။ ငါ၏အလိုနှင့် ဆန့်ကျင်သော သူတို့သည်၊ ဆိုလိုသည်မှာ၊ ငါ့ကို လူသား၏အပြုအမူများဖြင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ပြစ်တင်ဆုံးမမှုအောက်သို့ ကျရောက်လိမ့်မည် ဖြစ်သည်။ ငါသည် ကောင်းကင်တစ်ခွင်ရှိသည့် မြောက်မြားလှစွာသောကြယ်များကို ယူငင်လျက် ၎င်းတို့ကို အသစ်ပြုပြင်မည်ဖြစ်ပြီး၊ ငါ့ကျေးဇူးကြောင့် နေနှင့် လသည်လည်း အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ မိုးကောင်းကင်သည် ယခင်ကဲ့သို့ ရှိတော့မည်မဟုတ်၊ ကမ္ဘာမြေကြီးပေါ်ရှိ အသင်္ချေများလှသော အရာများသည် အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ခပ်သိမ်းသောအရာတို့သည် ပြီးပြည့်စုံလင်လာကြလိမ့်မည်။ စကြဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရလိမ့်မည်ဖြစ်ပြီး ငါ၏တိုင်းနိုင်ငံနှင့် အစားထိုးခြင်း ခံရပေလိမ့်မည်၊ ထိုသို့အားဖြင့် ကမ္ဘာမြေကြီးအပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး၊ ငါ့ကို ဝတ်ပြုကိုးကွယ်သော တိုင်းနိုင်ငံတစ်ခု ဖြစ်လာပေလိမ့်မည်။ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများအားလုံးသည် ဖျက်ဆီးခံရလိမ့်မည်ဖြစ်ပြီး၊ တည်ရှိတော့မည် မဟုတ်ချေ။ စကြဝဠာအတွင်းရှိ သက်ရှိလူသားများတွင် မာရ်နတ်နှင့် သက်ဆိုင်သော သူအားလုံးတို့သည် ရှင်းရှင်းသုတ်သင်ခြင်းကို ခံရလိမ့်မည်၊ စာတန်ကို ဝတ်ပြုကိုးကွယ်သော သူအားလုံးတို့သည် ငါ၏လောင်သောမီးဖြင့် အောက်သို့ချထားခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းရေအတွင်း၌ရှိသော သူများမှလွဲ၍၊ ကျန်သောသူတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်းခံရလိမ့်မည်။ လူမျိုးများစွာတို့ကို ငါပြစ်တင်ဆုံးမသောအခါ ဘာသာရေးလောက၌ရှိသော သူတို့သည် ကွဲပြားခြားနားသော အတိုင်းအတာများဖြင့် ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည်ဖြစ်ပြီး ငါ့အလုပ်များ၏ သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသောသူမှာ ဖြူသောမိုးတိမ်ကိုစီးလျက် ရောက်ရှိလာသည်ကို ထိုသူတို့ မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူသားမျိုးနွယ်အားလုံးသည် မိမိတို့၏ တူရာအမျိုးအစားနောက်သို့ လိုက်ကြလိမ့်မည်ဖြစ်ပြီး၊ သူတို့ပြုခဲ့သော အရာများအလိုက် ကွဲပြားသော ပြစ်တင်ဆုံးမခြင်းများကို ခံယူကြရမည် ဖြစ်သည်။ ငါ့တဘက်တွင် ရပ်တည်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးကြလိမ့်မည်ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်မှ ၎င်းတို့၏ အပြုအမူများတွင် ငါမပါဝင်ခဲ့သော သူများကမူ၊ သူတို့၏ မိမိတို့ကိုယ်ုမိမိ ကင်းလွတ်စေခဲ့ပုံကြောင့် ထိုသူတို့သည် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက်တည်ရှိကြလိမ့်မည်။ ငါသည် လူအသင်္ချေထံသို့နှင့် တိုင်းနိုင်ငံအသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြသမည်၊ လူသားမျိုးနွယ်အားလုံးအတွက် ငါ၏ကြီးမြတ်သောအလုပ် စုံလင်သွားခြင်းကို သူတို့၏ကိုယ်ပိုင်မျက်စိနှင့် မြင်နိုင်ကြရန် ကြွေးကြော်ဖို့ အလို့ငှာ ကမ္ဘာမြေကြီးအပေါ်တွင် ငါ၏ကိုယ်ပိုင်အသံနှင့် မြွက်ဆိုမည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၆” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ)

ကမ္ဘာကြီးသည် ဆုတ်ယုတ်လာလေပြီတကား။ ဗာဗုလုန်သည် မလှုပ်မယှက်နိုင် ဖြစ်နေပြီတကား။ ဘာသာရေး လောက၊ အဘယ်သို့လျှင် ယင်းသည် ကမ္ဘာမြေကြီးပေါ်ရှိ ငါ၏သြဇာအာဏာအားဖြင့် ဖျက်ဆီးခြင်းကို မခံရဘဲနေနိုင်သနည်း။ မည်သူသည် ငါ့ကို မနာခံ၍ ဆန့်ကျင်ရန် ဝံ့ရဲသေးသနည်း။ ကျမ်းတတ် ပုဂ္ဂိုလ်များလော။ ဘာသာရေး အာဏာပိုင်များလော။ ကမ္ဘာမြေကြီးပေါ်ရှိ အုပ်ချုပ်သူများနှင့် အခွင့်အာဏာရှိသူများလော။ ကောင်းကင်တမန်များလော။ မည်သူသည် ငါ့ခန္ဓာကိုယ်၏ ပြည့်ဝခြင်းနှင့် ပြီးပြည့်စုံခြင်းကို ချီးကျူးဂုဏ်ပြုခြင်း မပြုသနည်း။ လူများအားလုံးအကြားတွင်၊ မည်သူသည် မရပ်မနား ငါ့ကို ချီးမွမ်းထောမနာသီချင်း မဆိုသနည်း၊ မည်သူသည် အစဉ်မပျော်ရွှင်သနည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၂” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ)

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ စာကြောင်းတိုင်းက သမ္မာတရားဖြစ်သည်။ ဩဇာအာဏာနှင့် တန်ခိုးလည်းရှိသည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသနှင့် ပုန်ကန်ပြစ်မှားလို့မရသည့် စိတ်သဘောထားတို့ကို လုံးဝတင်ပြထားသည်။ ဘုရားသခင်ကို ဆန့်ကျင်ကြသူများ၊ ဘုရားသခင်၏ အမှုတော်ကို ကြားဖြတ်သူများ၊ သို့မဟုတ် နှောင့်ယှက်သူများကို၊ ဘုရားသခင်က သေချာပေါက် အပြစ်ဒဏ်ပေးမှာဖြစ်ပြီး၊ ဒဏ်ခတ်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားအားဖြင့် ဆုံးဖြတ်ထားသည်။ ပညတ်တော်ခေတ်မှာ၊ သောဒုံမြို့သူမြို့သားတို့က လူသိထင်ရှား ဘုရားသခင်ကိုငြင်းပယ်ပြီး၊ ဆန့်ကျင်ခဲ့သည်။ ကိုယ်တော်၏ စိတ်သဘောထားကို အမျက်ထွက်စေပြီး၊ ဘုရားသခင်၏ အလုံးစုံဖျက်ဆီးခြင်းကိုခံခဲ့ရသည်။ သူတို့က ကောင်းကင်ဘုံမှ မီးအားဖြင့် တစ်ခုမကျန် မီးလောင်ဖျက်ဆီး ခံခဲ့ရသည်။ ​ကျေးဇူးတော်ခေတ်မှာ၊ ယဇ်ပရောဟိတ်တို့၊ ကျမ်းတတ်ဆရာတို့နှင့် ဖာရိရှဲတို့က သခင်ယေရှုကို လူသိထင်ရှားဆန့်ကျင်ရှုတ်ချခဲ့သည်။ ​ရောမအစိုးရနှင့် ပူးပေါင်းကြံစည်ပြီး၊ သခင်ယေရှုကို ကားစင်တင်စီရင်ခဲ့သည်။ ဘုရားသခင်၏စိတ်သဘောထားကို ရန်စပြီး၊ သေလောက်သည့် အပြစ်တစ်ခုကို ကျူးလွန်ခဲ့သည်။ ယုဒပြည်တစ်ပြည်လုံးက မကြုံစဖူး ဖျက်ဆီးခြင်းကို ခံစားခဲ့ရသည်။ ​နောက်ဆုံးသောကာလမှာ၊ ဘာသာရေး ခေါင်းဆောင်တို့က အနန္တတန်ခိုးရှင်ဘုရားသခင်ကို အကြောင်းမဲ့ စီရင်သည်၊ ဆန့်ကျင်သည်၊ ရှုတ်ချကြသည်။ မကောင်းဆိုးဝါး တရုတ်ကွန်မြူနစ်ပါတီနှင့်ပင် ပူးပေါင်းကြံစည်ပြီး၊ နိုင်ငံတော်၏ ဧဝံဂေလိတရားတော်ဖြန့်ကျက်သူ၊ ထိုညီအစ်ကို မောင်နှမတို့ကို ဖိနှိပ်ဖမ်းဆီးပြီး၊ နှိပ်စက်ကြသည်။ သန့်ရှင်းသည့်ဝိညာဉ်တော်ကို ကျိန်ဆဲခြင်း၊ ဘုရားသခင်ကို ထပ်ပြီး ကားစင်တင်ခြင်း၊ စက်ဆုပ်ဖွယ် အပြစ်များကို ကျူးလွန်နေသည်မှာ ကြာပြီ။ သူတို့၏ ယုတ်ညံ့သည့်အပြုအမူက သောဒုံမြို့က လူများထက်ပင် ပို၍ဆိုးသေးသည်။ ဂျူးဖာရိရှဲတို့နှင့် ယှဉ်၍မရအောင်ကို ပိုဆိုးသည်။ သူတို့က ​နောက်ဆုံးသောကာလအတွင်းမှာ ဘုရားသခင်၏ အမှုတော်က ဖော်ထုတ်ခဲ့သည့် အန္တိခရစ်များ ဖြစ်ပါသည်။ သူတို့က သမိုင်းထဲက တခြားလူများထက် ဘုရားသခင်ကို ပိုပြင်းပြင်းထန်ထန်နှင့် မိုက်မိုက်ကန်းကန်း ဆန့်ကျင်ခဲ့သည့် အယုတ်အမာဘာသာရေးအင်အားစု ဖြစ်ပါသည်။ ဘာသာရေးအသိုင်းအဝိုင်းက ဘုရားသခင်ကို ဆန့်ကျင်ကြသည့် အယုတ်တမာအင်အားစုအားလုံးနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ၎င်းက အန္တိခရစ်မကောင်းဆိုးဝါးများ၏ အသိုက်အမြုံတစ်ခု ဖြစ်သည်။ ခရစ်တော်၏ နိုင်ငံတော်နှင့် တန်းတူရည်မျှရပ်တည်ဖို့ ကြိုးစားသည့် အစွဲကြီးခံတပ်တစ်ခုဖြစ်သည်။ သူတို့က ဘုရားသခင်ကို ခေါင်းမာမာနှင့် ဆန့်ကျင်သည့် ကျမ်းကျိန်ရန်သူများ၏ ဆိုးယုတ်သည့်စခန်းတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို စော်ကား၍မရပါ။ ဘုရားသခင်၏ သန့်ရှင်းခြင်းကို အသရေဖျက်၍မရပါ။ ​နောက်ဆုံးသောကာလမှာ ဘုရားသခင်၏ အမှုတော်က ခေတ်ဟောင်းတစ်ခုကို အဆုံးသတ်ပြီး၊ ခေတ်သစ် အစပျိုးခြင်း ဖြစ်သည်။ မကောင်းဆိုးဝါး အန္တိခရစ် အမျိုးမျိုး ချုပ်ကိုင်ခြင်းကို ခံထားရသည့် ဘာသာရေးအသိုင်းအဝိုင်းနှင့် ဤဆိုးညံ့သည့် လောကကြီးသည် နောက်ဆုံးသောကာလမှာ ဘုရားသခင်၏ ဘေးဒုက္ခဆိုးအားဖြင့် မကြာခင်အဖျက်ဆီးခံရ မည် ဖြစ်သည်။ ဘုရားသခင်၏ဖြောင့်မတ်သည့်အပြစ်ပေးခြင်းက ရောက်နှင့်နေပြီ။ အနန္တတန်ခိုးရှင်ဘုရားသခင်မြွက်ဆိုထားကဲ့သို့ ဖြစ်သည်။ “ကမ္ဘာကြီးသည် ဆုတ်ယုတ်လာလေပြီတကား။ ဗာဗုလုန်သည် မလှုပ်မယှက်နိုင် ဖြစ်နေပြီတကား။ ဘာသာရေး လောက၊ အဘယ်သို့လျှင် ယင်းသည် ကမ္ဘာမြေကြီးပေါ်ရှိ ငါ၏သြဇာအာဏာအားဖြင့် ဖျက်ဆီးခြင်းကို မခံရဘဲနေနိုင်သနည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၂” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ)

နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို လက်မခံသူအားလုံးက၊ ဘာသာရေးအသိုင်းအဝိုင်းမှာ သခင်ယေရှု၏ အမည်နာမတော်ကို သူတို့ မည်မျှ စောင့်ရှောက်ပါစေ၊ သမ္မာကျမ်းစာ၊ လက်ဝါးကပ်တိုင်၏ ကယ်တင်ခြင်း သို့မဟုတ်၊ ဘာသာရေးပွဲတော်များကို မည်မျှ လိုက်နာပါစေ၊ သူတို့မည်မျှ အစေခံပါစေ၊ ဒုက္ခခံပါစေ၊ ပူဇော်ပါစေ၊ သူတို့သာ နောင်တမရဘဲ အနန္တတန်ခိုးရှင် ဘုရားသခင်ထံသို့ မလှည့်ပါက၊ ကျန်သည့် ဘာသာရေး အသိုင်းအဝိုင်းနှင့်အတူ မှောက်လှန်ခံရပြီး၊ ဖျက်ဆီးခံရလိမ့်မည်။ ဘုရားသခင်က ၎င်းကိုစီမံပြီးသည်မှာကြာပြီ ဖြစ်သည်။ မည်သူမျှ မပြောင်းလဲနိုင်ပါ။ ဘုရားသခင်က ဗျာဒိတ်တော်ထဲက ပရောဖက်ပြုချက်တွင် ကိုယ်တော့်၏ရွေးကောက်သူကို ကြေညာခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ “ငါ၏ လူမျိုးတို့၊ သူ၏ အပြစ်တို့ကို ဆက်ဆံခြင်းနှင့်၎င်း၊ သူ၏ ဘေးဒဏ်များကို ခံခြင်းနှင့်၎င်း၊ ကင်းလွတ်အံ့သောငှါ၊ သူ၏အထဲကထွက်ကြလော့။” (ဗျာ ၁၈:၄)

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

ယခင်က:မေးခွန်း ၃၇- သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် ဘာသာရေးအသိုင်းအဝိုင်းထဲတွင် သြဇာအာဏာကိုင်စွဲကြပြီး သူတော်ကောင်း အယောင်ဆောင် ဖာရိရှဲတို့၏ လမ်းကြောင်းကို သူတို့ လျှောက်ကြသော်လည်း၊ ကျွန်ုပ်တို့သည် သခင်ယေရှုကို ယုံကြည်ကြပြီး သူတို့ကို မယုံကြည်ကြပါ၊ ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း ဖာရိရှဲတို့၏ လမ်းကြောင်းကို လျှောက်ကြသည်ဟု သင်တို့ အဘယ်ကြောင့် ဆိုနိုင်သနည်း။ ဘာသာတရားအတွင်းရှိ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းမှတဆင့် ကျွန်ုပ်တို့ အမှန်တကယ် ကယ်တင်မခံရနိုင်ပါသလား။

နောက်တစ်ခုသို့:မေးခွန်း ၃၉- ပြီးခဲ့သည့် ထောင်စုနှစ် နှစ်ခုကြာ၊ ဘာသာရေးလောကတစ်ခုလုံးက ဘုရားသခင်သည် သုံးပါးတစ်ဆူဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။ သုံးပါးတစ်ဆူသည် ခရစ်ယာန် အယူဝါဒတစ်ခုလုံး၏ ဂန္တာဝင် သီအိုရီတစ်ခု ဖြစ်ခဲ့သည်။ ထို့ကြောင့် သုံးပါးတစ်ဆူနှင့်ဆိုင်သော အနက်ပြန်ခြင်းသည် အမှန်တကယ် ခိုင်မြဲပါသလား။ သုံးပါးတစ်ဆူ အမှန်တကယ် တည်ရှိပါသလား။ သုံးပါးတစ်ဆူသည် ဘာသာရေး လောက၏ အကြီးမားဆုံး အတွေးမှားဖြစ်သည်ဟု သင်တို့ အဘယ်ကြောင့် ဆိုပါသနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ