အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

"မေးခွန် ၄၀- နောက်ဆုံးသော ကာလ ခရစ်တော်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြပြီး လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့ သူ၏ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်သည်။ သို့သော် သူသည် ဘာသာရေး လောကနှင့် တရုတ်ကွန်မြူနစ် အစိုးရ နှစ်ခုလုံး၏ ရူးသွပ်သော ဆန့်ကျင်ခြင်းနှင့် လူမဆန်သော နှိမ်နင်းမှုများကို ခံစားရလေသည်။ စီစီပီအစိုးရသည် ခရစ်တော်ကို ရှုတ်ချဖို့၊ သူ့ကို ပြစ်မှားစော်ကားဖို့နှင့် ဖမ်းဆီး၍ မျိုးဖြုတ်ဖို့ရန် ၎င်း၏ မီဒီယာတစ်ခုလုံးနှင့် လက်နက်ကိုင် အင်အားစုများကိုပင် ဆော်သြစည်းရုံးလေသည်။ သခင်ယေရှု မွေးဖွားလာခဲ့သည့်အချိန်က၊ “ဣသရေလ၏ ရှင်ဘုရင်” မွေးဖွားပြီဟု ဟေရုဒ်မင်းက ကြားခဲ့ပြီး ဗက်လင်မြို့ရှိ နှစ်နှစ်အောက် ကလေးသူငယ် ယောက်ျားလေးများအားလုံးကို သူ သတ်ဖြတ်စေခဲ့သည်၊ ခရစ်တော်ကို အသက်ရှင်ခွင့်ပေးသည်ထက် ကလေးငယ် တစ်သောင်းကို မှားယွင်းစွာ သတ်ဖြတ်ဖို့ သူပိုနှစ်သက်ခဲ့သည်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်သည် လူ့ဇာတိဖြစ်လာပြီဖြစ်သည်၊ ထို့ကြောင့် ဘာသာရေး လောကနှင့် ဘုရားမဲ့ တရုတ်အစိုးရက ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို အရူးအမူး ရှုတ်ချပြီး ပြစ်မှားစော်ကားကြသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့် သူတို့သည် ခရစ်တော်ကို ကားတိုင်တွင် သံမှိုရိုက်ဖို့ တစ်နိုင်ငံလုံး၏ သြဇာအာဏာကို အသုံးချပြီး မခြွင်းမချန် အားထုတ်ကြိုးပမ်းကြသနည်း။ လူသားမျိုးနွယ်သည် အဘယ်ကြောင့် အလွန် ဆိုးညစ်ရပါသနည်း။ ဘုရားသခင်ကို ၎င်းတို့ အဘယ်ကြောင့် အလွန်မုန်းတီးပြီး ကိုယ်တော့်ကို ဆန့်ကျင်ရန် မိမိတို့ကိုယ်ကိုယ် ပြင်ဆင်ကြပါသနည်း။ "

အဖြေ-

ဤမေးခွန်းက တကယ်ကိုအရေးပါ ပြီး၊ ၎င်းကို လူသားမျိုးနွယ် တစ်ခုလုံးမှာ လူအနည်းအပါးလောက်သာ အလုံးစုံနားလည်သဘောပေါက် နိုင်ကြပါသည်။ လူသားများ ဘုရားသခင်ကို အရမ်းရိုင်းရိုင်းစိုင်းစိုင်း ဖီဆန်နေသည့် အကြောင်းအရင်းက ခေါင်းစီး သတင်းများဖြစ်လာနေပြီ။ ပြီးလျှင် လူ့ဇာတိခံယူခဲ့သည့်ခရစ်တော် လက်ဝါးကားတိုင်မှာ သံမှိုနှင့်ရိုက်ဆွဲခြင်းခံခဲ့ရသည့် ကြေကွဲစရာအတိတ်သမိုင်းများလည်း နောက်တစ်ပြန် ဖြစ်လာနေပြီ။ ဤသည်မှာ အမှန်တရား မဟုတ်ပါ လား။ သခင်ယေရှု ပြောခဲ့သည်မှာ- “အပြစ်စီရင်ခြင်းကို ခံရကြောင်းကား၊ အလင်းသည် ဤလောကသို့ဝင်၍၊ လူတို့သည် မကောင်းသော အကျင့်ကို ကျင့်သောကြောင့်၊ အလင်းထက် မှောင်မိုက်ကိုသာ၍နှစ်သက်ကြ၏။ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူအပေါင်းတို့သည် အလင်းကိုမြင်ပျင်း၍ မိမိတို့ အကျင့်၌ အပြစ်ပါမည်ကိုမထင်ရှားစေခြင်းငှါ အလင်းသို့ မချဉ်းကပ်ကြ။” (ယော ၃:၁၉-၂၀) “လောကီသားတို့သည် သင်တို့ကိုမုန်းလျှင်၊ သင်တို့ကို မမုန်းမှီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။” (ယော ၁၅:၁၈) “ဤလူမျိုးသည် ဆိုးညစ်သောအမျိုး ဖြစ်၏။” (လု ၁၁:၂၉) ပြီးလျှင် ၁ယော ၅:၁၉ မှာ “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်ကို၎င်း ငါတို့သိကြ၏။” (၁ ယော ၅:၁၉) ဟု ပြောထားသေးသည်။ ယခင်ကကျွန်တော်တို့ ကျမ်းစာထဲက ဤစကားလုံးများကို ဖတ်ခဲ့ရစဉ်က လုံးလုံးကို သဘောမပေါက်ခဲ့ပါ။ သို့သော်လည်း ဘုရားသခင်၏ လူ့ဇာတိခံယူတော်မူခြင်းက ဘုရားမဲ့ဝါဒီအစိုးရနှင့် ဘာသာရေးလောကတို့၏ လိုက်လံဖမ်းဆီးနှိမ်နင်းခြင်း၊ ပူးပေါင်းပြီး၊ ပြစ်တင်ရှုတ်ချကြခြင်းများကို ခံစားခဲ့ရ ကြောင်းကို သိရသည့်အခါကျမှ သမ္မာကျမ်းထဲမှာ ပါရှိနေသည့် ဤစကားလုံးများက တကယ့်ကို မှန်ကန်နေကြောင်း ကျွန်တော်တို့ နားလည်ရသည်။ လူများ၏လုပ်ဆောင်မှုများနှင့် သူတို့ခရစ်တော်ဆီကို ချဉ်းကပ်သည့် စိတ်သဘောထားများက လောကကြီးတစ်ခုလုံးက စာတန်၏ထိန်းချုပ်မှုနှင့်သူ့၏စွမ်းအားများအောက်ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း လုံလောက်စွာပြသနေခြင်း ဖြစ်သည်။ ယခုအခါမှာ ကျွန်တော်တို့အများစု ရှင်းရှင်းလင်းလင်း မြင်နေရသည်မှာ ဘာသာရေးလောက၏ သင်းအုပ်နှင့်အကြီးအကဲအများစုက ခရစ်တော်ကို အာခံရှုတ်ချပြီး ငြင်းပယ်နေကြကြောင်းဖြစ်သည်။ ပြီးလျှင် ဟိုးယခင်ကာလက ဘာသာရေးလောကကြီးကလည်း ထိုသူတော်ကောင်း ဟန်ဆောင်နေသည့် ဖာရိရှဲများနှင့် အန္တိခရစ်များ၏ ထိန်းချုပ်မှုအောက်ကို ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် လူ့ဇာတိခံယူထွန်းပေါ်လာပြီး အမှုတော်များကိုဆောင်ရွက်သည့်အခါ ဘာသာရေးလောက က သင်းအုပ်များနှင့် အကြီးအကဲများက ပထမဦးဆုံး ထကြွလာပြီး ဘုရားသခင်ကိုရှုတ်ချခြင်း ဖီဆန်ခြင်းများ လုပ်ကြခြင်း ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီအစိုးရက သမ္မာတရားကို လွန်စွာမုန်းတီးပြီး ဘုရားသခင်ကိုဖီဆန်သည့် ဆိုးယုတ်သည့် အစိုးဖြစ်ပြီး၊ ခရစ်ယာန်များကိုအမြဲတမ်း ဖမ်းဆီးပြီးညှဉ်းပန်း နှိပ်စက်နေသည်။ နောက်ဆုံးသောကာလ၏ခရစ်တော် ပေါ်ထွန်းလာပြီး သူ့၏အမှုတော်များကို တရုတ်နိုင်ငံမှာဆောင်ရွက်သည့်အခါ တရုတ်ကွန်မြူနစ်ပါတီအစိုးရက ရိုးဖြောင့်မှုကင်းမဲ့ပြီး ရိုင်းစိုင်းကြမ်းတမ်းစွာနှင့် ခရစ်တော်ကို လိုက်လံရှာဖွေ အမြစ်ဖြတ်သုတ်သင်ဖယ်ရှားဖို့ ကြိုးစားနေပြီး၊ ကမ္ဘာတစ်ခုလုံးကို ဂယက်ထစေခဲ့သည်။ ဤအချက်က သခင်ယေရှု၏ဗျာဒိတ်တော်ကို လုံးဝပြည့်စုံစေခြင်း ဖြစ်သည်။ “ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။” (လု ၁၇:၂၄-၂၅) ဘုရားသခင်က စကားပြောဆိုပြီး လုပ်ဆောင်ဖို့၊ လူသားများကိုရွေးနှုတ်ဖို့နှင့် လူသားများကိုကယ်တင်ဖို့ လူသားများ၏ကြားမှာ နှစ်ကြိမ်တိုင်တိုင် လူ့ဇာတိခံယူခဲ့သည်။ ထိုနှစ်ကြိမ်စလုံး ဘာသာရေးခေါင်းဆောင်များနှင့် လက်ရှိအာဏာရ ပါတီတို့၏ စုပေါင်းပြီးရှုတ်ချခြင်းများ၊ နာမတော်ကို စော်ကားပြောဆို ခြင်းများ လိုက်လံရှာဖွေခြင်းများကို ခံခဲ့ရသည်။ ဤအချက်က ဤလောကကြီးက အမှောင်ထုနှင့် ဆိုးယုတ်မှုများ အလွန်ကိုဖုံးလွှမ်းနေပြီး လူသားများဖောက်ပြန်နေကြကြောင်းကို ပြသနေသည့် လုံလောက်သည့်သက်သေဖြစ်ပါသည်။ လူများက သမ္မာတရားကို စိတ်ကုန်လာသည့်အထိ သမ္မာတရားကို မုန်းတီးလာသည့်အထိ ဖောက်ပြန်ပျက်စီးပြီး နိမ့်ကျလာခဲ့သည်။ စာတန်ကဲ့သို့ဖြစ်လာသည်။ စာတန်၏ သားသမီးများဖြစ်လာပြီး၊ ဘုရားသခင် တည်ရှိမှုကို မခံနိုင်တော့ပါ။ ထို့ကြောင့် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ ကိုယ်ထင်ပြခြင်းနှင့် အမှုတော်က နှိပ်စက်ညှဉ်းပန်းမှုများ၊ စွန့်ပစ်မှုများကို မလွဲမသွေခံစားရမှာဖြစ်သည်။ လူသားများ ဘုရားသခင်ကို ဖီဆန်ရသည့် အကြောင်းအရင်းနှင့်ပတ်သက်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ဤသမ္မာတရားရှုထောင့်ကို ဖော်ထုတ်ပြသခဲ့ပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုဖတ်ကြည့် သည့်အခါ ဤအရာက ရှင်းလင်းသွားမည် ဖြစ်ပါသည်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသားမျိုးနွယ်သည် ယနေ့ မိမိတို့ရောက်ရှိနေသော နေရာသို့ရောက်ဖို့ရန် သမိုင်းနှစ်ပေါင်း သောင်းချီပြီး တိုးတက်လာခဲ့ရသည်။ သို့သော်လည်း ငါ၏ အစမူလ ဖန်ဆင်းခြင်းဖြစ်သော လူသားမျိုးနွယ်သည်ကား ကြာမြင့်စွာကတည်းက ဆုတ်ယုတ်ခြင်းထဲသို့ ကျဆင်းသွားခဲ့ပြီ။ ငါအလိုရှိသည့်အရာဖြစ်ရန် သူတို့ မစွမ်းဆောင်ကြတော့။ ထို့ကြောင့် လူသားတို့သည် ငါ့ရှေ့မှောက်၌ ဖြစ်ပေါ်သည်အတိုင်း လူသားမျိုးနွယ်ဟူသော အမည်နှင့် မထိုက်တန်တော့။ သူတို့သည် စာတန်၏ ဖမ်းဆီးချုပ်နှောင်သွားခြင်းခံရသော လူသားမျိုးနွယ်၏ လူဖျင်းလူသွမ်းမျှသာဖြစ်ပြီး အထဲ၌ စာတန် အသက်ရှင်နေပြီး ၎င်းမှ အရေခြုံထားသည့် လမ်းလျှောက်နေသော ပုပ်ပွနေသည့် အလောင်းကောင်များပင် ဖြစ်သည်။ လူများသည် ငါ၏ဖြစ်တည်ခြင်းကို စိုးစဉ်းမျှပင် မယုံကြည်ကြသကဲ့သို့ ငါ၏ကြွလာခြင်းကိုလည်း သူတို့မကြိုဆိုကြချေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်မှန်သော လူသားဆိုသည်မှာ အဘယ်နည်း”)

စာတန်၏ လူသားကို ဖျက်ဆီးခြင်းသည် လူသား၏ ဘုရားသခင်ကို အတိုက်အခံပြုခြင်းနှင့် ပုန်ကန်ခြင်း၏ အရင်းအမြစ်ဖြစ်သည်။ လူသားသည် စာတန်၏ ဖျက်ဆီးမှုကို ခံထားရသောကြောင့် လူ့အသိဉာဏ်ထုံသွားကာ၊ ကိုယ်ကျင့်တရား ယိုယွင်းပြီး သူ၏အတွေးများ ဆုတ်ယုတ်သွား၍ သူ၌ ခေတ်နောက်ကျော့သော စိတ်ပိုင်းဆိုင်ရာ ရှုမြင်ပုံလည်း ရှိလာသည်။ စာတန်၏ ဖျက်ဆီးခြင်းမခံရမီ လူသားသည် သဘာဝအားဖြင့် ဘုရားသခင်နောက်လိုက်ကာ သူ၏နှုတ်ကပတ်တော်ကို ကြားပြီးနောက် ၎င်းတို့ကို နာခံခဲ့သည်။ သူ၌ ပင်ကိုအားဖြင့် ယုတ္တိတန်သော အသိစိတ်နှင့် အသိတရားရှိခဲ့ပြီး ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်ခဲ့သည်။ စာတန်၏ ဖျက်ဆီးမှုကိုခံရပြီးနောက် သူ၏နဂိုအသိစိတ်၊ နဂိုအသိတရားနှင့် လူ့သဘာဝသည် ထုံထိုင်းသွားကာ စာတန်၏ ထိခိုက်စေခြင်းကို ခံခဲ့ရသည်။ ထိုကြောင့် သူသည် ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်အပေါ်ချစ်ခြင်း ပျောက်ဆုံးခဲ့ရသည်။ လူ့အသိစိတ် မူမမှန်ဖြစ်လာကာ၊ သူ၏စိတ်သဘောထားသည် တိရိစ္ဆာန်၏ စိတ်သဘောထားနှင့် တူလာ၍ ဘုရားသခင်ကို သူ၏ပုန်ကန်ခြင်းသည် သာ၍ပင် အကြိမ်ရေစိပ်လာကာ သာ၍ပြင်းထန်လာသည်။ သို့ပါလျက် လူသားသည် ထိုအခြင်းအရာကို သိမှတ်ခြင်း၊ ရိပ်မိခြင်းမရှိဘဲ မဆင်မခြင် ဆန့်ကျင်ပုန်ကန်ခြင်းသာ ပြုလေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည်”)

လူသားမျိုးနွယ်သည် ငါ၏ရန်သူမှလွဲ၍ အခြားမဟုတ်ပေ။ လူသားမျိုးနွယ်သည် ငါ့ကို ဆန့်ကျင်၍ မနာခံသော မာရ်နတ် ဖြစ်သည်။ လူသားမျိုးနွယ်သည် ငါ၏ကျိန်ခြင်းခံထားရသော မာရ်နတ်၏ သားသမီးပင် ဖြစ်သည်။ လူသားမျိုးနွယ်သည် ငါ့ကိုသစ္စာဖောက်ခဲ့သော ကောင်းကင်တမန်မင်းဆီက ဆင်းသက်လာသူမှလွဲ၍ အခြားမဟုတ်ပေ။ လူသားမျိုးနွယ်သည် ရှေးကတည်းက ငါရွံရှာစွန့်ပယ်ခဲ့ပြီး ထိုအချိန်မှစ၍ ငါနှင့် မည်သည့်အခါမျှ မသင့်မြတ်နိုင်သော ရန်သူဖြစ်နေခဲ့သည့် မာရ်နတ်ဆိုး၏ အမွေအနှစ်ပင် ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်မှန်သော လူသားဆိုသည်မှာ အဘယ်နည်း”)

စာတန်သည် နိုင်ငံတော်အစိုးရများ၏ ပညာရေးနှင့် လွှမ်းမိုးမှု၊ ကျော်ကြားသူများနှင့် ကြီးမြတ်သူများမှတစ်ဆင့် လူတို့ကို ဖောက်ပြန်ဖျက်ဆီးသည်။ သူတို့၏ ပေါက်ကရစကားတို့သည် လူတို့၏ ဘဝနှင့် သဘာဝဗီဇဖြစ်လာသည်။ ‘မိမိကိုယ်သာ ကိုးကွယ်ရာ၊ ဘယ်သူသေသေ ငတေမာပြီးရော’ ဆိုသည်မှာ ခပ်သိမ်းသောလူတို့အထဲသို့ သွတ်သွင်းပေးထားသည့် လူသိများသော စာတန်နှင့်ဆိုင်သည့် ဆိုရိုးတစ်ခုဖြစ်ပြီး လူတို့၏ဘဝများ ဖြစ်လာလေပြီ။ ဤအရာနှင့်တူသော ဘဝဒဿနဆိုင်ရာ အခြားစကားလုံးများလည်း ရှိသည်။ စာတန်သည် လူတို့ကို ပညာပေးဖို့ နိုင်ငံတစ်နိုင်ငံစီ၏ နှစ်လိုဖွယ်ကောင်းသော ရိုးရာယဉ်ကျေးမှုကို အသုံးပြုလျက် လူသားမျိုးနွယ်ကို အတိုင်းမသိ ပျက်စီးခြင်း၏ ချောက်နက်ထဲသို့ ကျဆင်းနစ်မြှုပ်သွားစေပြီးအဆုံးတွင် လူတို့သည် စာတန်ကိုအစေခံ၍ ဘုရားသခင်ကို ခုခံသောကြောင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံကြရသည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”)

ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာသောလူသားသည် လူ့အဖွဲ့အစည်း၏ ပြင်းထန်စွာ ထိခိုက်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးဖြစ်သည်။ လူသားသည် ပဒေသရာဇ်စနစ်ဆိုင်ရာ ကိုယ်ကျင့်တရားများ၏ လွှမ်းမိုးခြင်းခံရကာ ‘အဆင့်မြင့်ပညာသင်ကျောင်းများ’ တွင် သင်ယူခဲ့ကြသည်။ ခေတ်နောက်ကျသော စဉ်းစားတွေးတောခြင်း၊ ပျက်စီးယိုယွင်းသော စာရိတ္တ၊ လူ့ဘဝကို တန်ဖိုးမထားခြင်း၊ စက်ဆုပ်ဖွယ် အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော ဘဝ၊ စာရိတ္တပျက်ပြားသော အသက်ရှင်ပုံနှင့် ဓလေ့စရိုက်များ၊ စသည်တို့ အားလုံးသည် လူ့နှလုံးသားအတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ တိုက်ခိုက်၍ အားလျော့စေခဲ့သည်။ အကျိုးဆက်မှာ လူသားသည် ဘုရားသခင်နှင့် ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ဆန့်ကျင်မှု ပိုမိုဆိုးရွားလာသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည်”)

လူတို့တွင် လူမှုရေးသိပ္ပံပညာများ စတင်ထွန်းကားလာသည့် အချိန်မှစ၍ လူတို့၏စိတ်ထဲတွင် သိပ္ပံပညာနှင့် အသိပညာများက နေရာယူလာခဲ့ကြသည်။ သိပ္ပံနှင့် အသိပညာသည် လူသားတို့ကို အုပ်စိုးခြင်းအတွက် တန်ဆာပလာများဖြစ်လာခဲ့ပြီး လူသားတို့အတွက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် နေရာအလုံအလောက် မရှိတော့၊ ထို့ပြင် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် အခြေအနေများလည်း မပေးတော့ပေ။ ဘုရားသခင်၏နေရာသည် လူတို့၏ နှလုံးသားထဲတွင် နိမ့်သည်ထက်နိမ့်ဆင်းလာခဲ့သည်။ ဘုရားသခင်အတွက် နေရာမရှိသော လူတို့၏ စိတ်နှလုံးထဲရှိ ကမ္ဘာမှာ မှောင်မိုက်ပြီး မျှော်လင့်ချက်ကင်းမဲ့ကာ အချည်းနှီးပင် ဖြစ်လေသည်။ သို့နှင့် လူတို့၏ စိတ်နှလုံးကို ဖြည့်ဆည်းရန်အတွက် လူမှုသိပ္ပံသီအိုရီများ၊ လူသားဆင့်ကဲဖြစ်စဉ်သီအိုရီနှင့် ဘုရားသခင်က လူကိုဖန်ဆင်းခဲ့သည်ဟူသော အမှန်တရားကို ဆန့်ကျင်သည့် အခြားသော သီအိုရီများကို ဖော်ပြရန် လူမှုရေးသိပ္ပံပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးသမားများ များစွာပေါ်ထွက်လာခဲ့ကြသည်။ ဤနည်းဖြင့် ဘုရားသခင်က အရာရာကို ဖန်ဆင်းခဲ့ကြောင်းကို ယုံကြည်သူများ နည်းသည်ထက်နည်းပါးလာခဲ့ပြီး ဆင့်ကဲဖြစ်စဉ်သီအိုရီကို ယုံကြည်သူများမှာ ပိုမိုများပြားလာခဲ့လေသည်။ ဘုရားသခင်၏ အမှုတော်နှင့် ဓမ္မဟောင်းကာလအတွင်း သူ၏နှုတ်ကပတ်တော်များအကြောင်း မှတ်တမ်းများကို ဒဏ္ဍာရီများနှင့် ရိုးရာပုံပြင်များအဖြစ် သဘောထားသောသူတို့ တစ်နေ့တခြား သာ၍များလာကြသည်။ လူများသည် ၎င်းတို့၏နှလုံးသားများထဲတွင် ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် ကြီးမြတ်မှု၊ ဘုရားသခင် ရှိတော်မူခြင်းနှင့် အရာရာအပေါ် အုပ်စိုးခြင်းတို့အပေါ် သက်ဝင်ယုံကြည်မှုတို့ကို စိတ်မဝင်စားကြတော့ပါ။ လူသားတို့၏ ဆက်လက်ရှင်သန်မှုနှင့် တိုင်းနိုင်ငံများနှင့် လူမျိုးများ၏ ကံကြမ္မာတို့သည်လည်း ၎င်းတို့အတွက် အရေးပါခြင်း မရှိတော့ပေ။ လူတို့သည် စားခြင်း၊ သောက်ခြင်းနှင့် အပျော်အပါးလိုက်စားခြင်းတို့ကိုသာ အလေးထားသော အနှစ်သာရကင်းမဲ့သည့် လောကကြီးတွင် နေထိုင်ကြလေသည်။...ယနေ့ ဘုရားသခင် အလုပ်လုပ်သည့်နေရာကို ရှာဖွေရန် သို့မဟုတ် လူသားတို့၏ ခရီးပန်းတိုင်ကို ဘုရားသခင်က မည်သို့ဦးဆောင်ပြီး ပြင်ဆင်ပေးသည်ကို ရှာဖွေရန် မိမိတွင် တာဝန်ရှိသည်ဟု လူအနည်းငယ်ကသာ မှတ်ယူထားကြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်”)

မည်သူတစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ ခြေလှမ်းများနှင့် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တက်တက်ကြွကြွ ရှာဖွေခြင်းမရှိပေ၊ ထို့ပြင် မည်သူတစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ စောင့်ရှောက်ပေးမှုနှင့် ထိန်းသိမ်းပေးမှုထဲ၌ တည်နေလိုသောဆန္ဒ မရှိကြပေ။ ထိုသို့ပြုမည့်အစား သူတို့သည် ဤလောကကြီးနှင့် လိုက်လျောညီထွေဖြစ်ရန်အလို့ငှာ၊ ထို့အပြင် ဆိုးသွမ်းသော လူသားမျိုးနွယ်တို့ လိုက်နာကျင့်သုံးသည့် ဖြစ်တည်မှုစည်းမျဉ်းများနှင့် လိုက်လျောညီထွေဖြစ်ရန်အလို့ငှာ ဆိုးယုတ်သည့်သူဖြစ်သော စာတန်၏ ယိုယွင်းပျက်စီးခြင်းအပေါ် အမှီပြုလိုကြသည်။ ဤအချိန်တွင် လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်တို့သည် စာတန်အတွက် လူသား၏ လက်ဆောင်ပဏ္ဏာ ဖြစ်သွားခဲ့ကာ စာတန်၏ ခဲဖွယ်စားဖွယ် ဖြစ်သွားသည်။ ထိုထက်ပင်ပို၍ လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်သည် စာတန်နေထိုင်နိုင်သည့် နေရာတစ်ခုနှင့် ၎င်းနှင့်သင့်တော်သည့် ပျော်ပါးရာနေရာတစ်ခုဖြစ်လာသည်။ ဤနည်းအားဖြင့် လူသားသည် လူသားဖြစ်ရခြင်း၏ နိယာမများနှင့်ဆိုင်သည့် သူ၏နားလည်ခြင်း၊ ထို့ပြင် လူသားဖြစ်တည်မှု၏ တန်ဖိုးနှင့် အဓိပ္ပာယ်တို့နှင့်ဆိုင်သည့် သူ၏နားလည်ခြင်းတို့ကို အမှုမဲ့အမှတ်မဲ့ ဆုံးရှုံးလိုက်ရသည်။ ဘုရားသခင်၏ ပညတ်တရားများနှင့် ဘုရားသခင်နှင့် လူသားကြားမှ ပဋိညာဉ်သည် လူသား၏နှလုံးသားထဲမှ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ပြီး သူသည် ဘုရားသခင်ကို ရှာဖွေခြင်း၊ သို့မဟုတ် ဂရုပြုခြင်း မရှိတော့ပေ။ အချိန်ကာလ ကြာညောင်းလာသည်နှင့်အမျှ လူသားသည် ဘုရားသခင်က သူ့အား အဘယ်ကြောင့် ဖန်ဆင်းခဲ့သည်ကို နားမလည်တော့သကဲ့သို့ ဘုရားသခင်၏ နှုတ်မှလာသော နှုတ်ကပတ်တော်များနှင့် ဘုရားသခင်ထံမှလာသော အရာအားလုံးတို့ကို နားမလည်တော့ပေ။ ထို့နောက် လူသားသည် ဘုရားသခင်၏ ပညတ်တရားများနှင့် အမိန့်များကို စတင်အာခံလာသည်၊ ထို့ပြင် သူ၏နှလုံးသားနှင့် စိတ်ဝိညာဉ်တို့သည် ထုံထိုင်းလာသည်...။ ဘုရားသခင်သည် သူမူလအစက ဖန်ဆင်းထားသော လူသားကို ဆုံးရှုံးသွားပြီး လူသားသည် သူ၏ မူလအရင်းအမြစ်ကို ဆုံးရှုံးသွားသည်။ ၎င်းသည် ဤလူသားမျိုးနွယ်အတွက် ဝမ်းနည်းစရာဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်”)

နှစ်ပေါင်းထောင်ချီတိုင်အောင် ဤကုန်းမြေသည် ညစ်ညူးခြင်း၏ ကုန်းမြေ ဖြစ်ခဲ့သည်၊ ထိုကုန်းမြေ သည် မခံမရပ်နိုင်လောက်အောင် ညစ်ညမ်းကာ စိတ်ဆင်းရဲမှုနှင့် ပြည့်နှက်နေပြီး တစ္ဆေများသည် နေရာတိုင်းတွင် သောင်းကျန်းနေကြကာ လိမ်လှည်လှည့်ဖြား နေကြ၍ အခြေအမြစ် မရှိသော စွပ်စွဲချက်များကို ပြုလုပ်နေကြလျက် အကြင်နာတရား ကင်းမဲ့ကာ ရက်စက်ကြမ်းကြုတ် နေကြ၍ ဤတစ္ဆေမြို့အား နင်းခြေလျက် ယင်းမြို့ကို အသေကောင်များဖြင့် ပြန့်ကျဲနေစေခဲ့သည်။ ယိုယွင်းနေသော အရာ၏ အပုပ်နံ့သည် ကုန်းမြေကို ဖုံးလွှမ်းနေပြီး လေထုတွင် စိမ့်ဝင်ပျံ့နှံ့လျက် ရှိကာ၊ ယင်းသည် တင်းကျပ် စွာ စောင့်ကြပ်ခြင်း ခံနေရ၏။ မိုးကောင်းကင်အား လွန်၍ လောကကြီးအား မည်သူ မြင်နိုင်သနည်း။ မာရ်နတ်သည် လူသား၏ ခန္ဓာကိုယ်တစ်ခုလုံးကို တင်းကျပ်စွာ တုတ်နှောင်ထားပြီး၊ သူ၏ မျက်လုံး နှစ်လုံး စလုံးကို ထုတ်ပစ်ကာ သူ၏နှုတ်ခမ်းများအားလည်း ခိုင်မြဲစွာ စေ့စေ့ ပိတ်ထားလေသည်။ ထိုးဖောက်၍ မရနိုင်သော မာရ်နတ်တို့၏ နန်းတော်လေအလား တစ္ဆေမြို့အပေါ် အနီးကပ် ဆက်လက် စောင့်ကြပ်နေရင်း မာရ်နတ်များ၏ ရှင်ဘုရင်သည် ယနေ့ထက်ထိ နှစ်ထောင်ပေါင်း အချို့တိုင်အောင် သောင်းကျန်းနေခဲ့သည်။ ဤခြံစောင့်ခွေးအုပ်စုသည် ဘုရားသခင်သည် ၎င်းတို့ကို မသိလိုက်သည့်ချိန်မှာ ဖမ်းဆီးသွားပြီး ၎င်းတို့အားလုံးကို သုတ်သင်ပယ်ရှင်းကာ ပျော်ရွှင်ခြင်းနှင့် ငြိမ်သက်ခြင်း၏ နေရာမရှိဘဲ ဖြစ်စေ မည်ကို နက်ရှိုင်းစွာ ကြောက်ရွံ့ နေကြလျက် စူးရဲသော မျက်လုံးများနှင့် စူးစိုက်ကြည့်နေသည်။ ဤတစ္ဆေ မြို့၏ လူများသည် ဘုရားသခင်အား မည်သို့လျှင် မြင်တွေ့ဖူးလိမ့်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကြင်နာခြင်းနှင့် ချစ်မြတ်နိုးဖွယ်ကောင်းခြင်းကို ခံစားခဲ့ဖူးသလော။ လူ့လောက၏ အရေးကိစ္စများနှင့် ပတ်သက်၍ ၎င်းတို့တွင် အဘယ်သုံးသပ်ချက်တို့ ရှိကြသနည်း။ ၎င်းတို့အထဲမှ မည်သူသည် ဘုရားသခင်၏ ထက်သန်သော အလို်ကို နားလည်နိုင်သနည်း။ လူ့ဇာတိခံယူသော ဘုရားသခင်သည် လုံးလုံး ်ကွယ်ဝှက် လျက် ရှိရစ်နေသည်မှာ သိပ်အံ့သြစရာ မဟုတ်ပါချေ။ မာရ်နတ်များသည် သနားကြင်နာခြင်းကင်း၍ လူမဆန်သည့် ဤကဲ့သို့သော အမိုက်မှောင် လူ့အဖွဲ့အစည်းတွင် မျက်စိတစ်မှိတ်အတွင်း လူများကို သတ်သော မာရ်နတ်များ၏ ရှင်ဘုရင် သည် ချစ်ခင်၍ ကြင်နာကာ သန့်ရှင်းသော ဘုရားသခင်၏ တည်ရှိမှုကို အဘယ်သို့လျှင် သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ ကြွရောက်လာခြင်းကို အဘယ်သို့လျှင် ၎င်းသည် လက်ခုပ်တီး၍ သြဘာပေးနိုင်မည်နည်း။ ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းနှင့် ပြန်ပေးဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့် စွာကတည်းက ဘုရားသခင်အား အထင်အမြင်သေးကြသည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဥ်းပန်းနှိပ်စက် ကြသည်၊ ၎င်းတို့သည် အစွန်းရောက်သော အစွန်းရောက်သော လူရိုင်းများ ဖြစ်သည်၊ ၎င်းတို့၌ ဘုရားသခင် အား အလေးထားမှု စိုးစဥ်းမျှပင် မရှိ၊ ၎င်းတို့သည် အဓမ္မလုယူကာ လုယက်တိုက်ဖျက်ကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ကွယ်ပျောက်ကြပြီး ကြင်နာခြင်း အစအနမျှပင် မရှိဘဲ အပြစ်မဲ့သော သူကို အသိစိတ် မဲ့ခြင်းသို့ သွေးဆောင်ကြလေသည်။ ရှေးကာလ၏ ဘိုးဘေးများလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များ လော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြလေသည်။ ၎င်းတို့၏ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်သည့်အနေအထားနှင့် ပရမ်းပတာအနေအထားတွင် ထားခဲ့လေ၏။ ဘာသာရေး လွတ်လပ်ခြင်းလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့ အားလုံးသည် အပြစ်အား ဖုံးကွယ်ဖို့ရန်အတွက် လှည့်စားမှုများပင် ဖြစ်ကြသည်။...ဘုရားသခင်၏ အလုပ်အတွက် ထိုကဲ့သို့သော ထိုးဖောက်၍ မရနိုင်သည့် အတားအဆီးကို အဘယ်ကြောင့် တည်ထောင်ရ သနည်း။ ဘုရားသခင်၏ လူစုများကို လှည့်ဖြားရန် အဘယ်ကြောင့် အမျိုးမျိုးသော လှည့်ကွက်များကို အသုံး ချသနည်း။ စစ်မှန်သော လွတ်လပ်မှု၊ တရားဝင် ရပိုင်ခွင့်နှင့် အကျိုးစီးပွားတို့က အဘယ်မှာများနည်း။ တရား မျှတခြင်းကား အဘယ်မှာနည်း။ နှစ်သိမ့်ရာကား အဘယ်မှာနည်း။ နွေးထွေးမှုကား အဘယ်မှာနည်း။ ဘုရား သခင်၏ လူများအား လှည့်စားရန် အဘယ်ကြောင့် ကောက်ကျစ်သော အကြံအစည်များကို အသုံးပြုသနည်း။ ဘုရားသခင်၏ ကြွလာခြင်းကို ဖိနှိမ်ရန် အဘယ်ကြောင့် အင်အားသုံးရသနည်း။ ဘုရားသခင်အား သူဖန်ဆင်း ခဲ့သည့် ကမ္ဘာမြေကြီးပေါ်တွင် အဘယ်ကြောင့် လွတ်လပ်စွာ သွားလာခွင့် မပြုရသနည်း။ ဘုရားသခင်အား ခေါင်းချစရာ နေရာမရှိသည့်တိုင်အောင် အဘယ်ကြောင့် လိုက်လံဖမ်းဆီးသနည်း။ လူသားတို့အကြား နွေးထွေးမှုကား အဘယ်မှာနည်း။ လူတို့အကြား ကြိုဆိုခြင်းကား အဘယ်မှာနည်း။ ဘုရားသခင်၌ ထိုကဲ့သို့ အလွန်အမင်း တောင့်တခြင်းကို အဘယ်ကြောင့် ဖြစ်စေသနည်း။ ဘုရားသခင်အား အဘယ်ကြောင့် အထပ် ထပ် ခေါ်ခိုင်းအောင် လုပ်ရသနည်း။ ဘုရားသခင်အား သူ၏ ချစ်လှစွာသော သားအတွက် စိတ်ပူစေရန် အဘယ်ကြောင့် အတင်းအကျပ်ပြုရသနည်း။ ဤအမိုက်မှောင် လူ့အဖွဲ့အစည်းနှင့် ၎င်း၏ ဝမ်းနည်းဖွယ် ခြံစောင့်ခွေးများတို့သည် ဘုရားသခင်အား သူဖန်ဆင်းခဲ့သည့် လောကကြီးထဲ လွတ်လပ်စွာ ဝင်ထွက် သွားလာခွင့်ကို အဘယ်ကြောင့် မပြုရသနည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)”)

အနန္တတန်ခိုးရှင်ဘုရားသခင်က လူသားများအကျင့်ပျက်ပြားမှု၏ ဇစ်မြစ်နှင့် လက်ရှိအခြေအနေများကို ပြောခဲ့ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ကြည့်သည့်အခါ ဤကမ္ဘာပေါ်မှာ အလွန်အမှောင် ဖုံးလွှမ်းခြင်းများနှင့် ဆိုးယုတ်မှုများ ရှိနေရသည့် အကြောင်းအရင်းကို သိမြင်နားလည်မှုတစ်ချို့ ရရှိခဲ့သည်။ လူသားက ဘုရားသခင်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သည့် အကြောင်းအရင်း နှင့်၊ စာတန်အားဖြင့် လူသားတို့၏ သမ္မာတရားနှင့်အနှစ်သာရ ပျက်စီးခြင်းတို့ကို နားလည်လာသည်။ ၎င်းတို့အားလုံးကို သင် နားလည်ပါသလား။ အမှောင်ဖုံးနေသည့် ဤအချိန်ကာလများက လူသားများစာတန်၏ လက်ထဲမှာ ဖျက်ဆီးခြင်းခံနေရကြောင်းကို သက်သေပြနေခြင်း ဖြစ်သည်။ သို့ပါက လူသားများထဲမှာ မည်မျှများပြားသော လူများက ဘုရားသခင် ပေါ်ထွန်းလာခြင်းကို ဆာငတ်တောင့်တပြီး သူ့၏ကြွရောက်လာခြင်းကို ကြိုဆိုကြမည်နည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားထောင်ချင်ပြီး၊ သမ္မာတရားကို လက်ခံသည့်သူ မည်မျှ ရှိဦးမည်နည်း။ နောက်ဆုံးသောကာလ ဘုရားသခင်၏အမှုတော်ကို မည်မျှ လေ့လာဆည်းပူးပြီးကြပြီနည်း။ လူအတော်များများက ဤအရာများကို လစ်လျူရှုထားကြရုံမကဘဲ၊ ဆိုးယုတ်သည့် တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ အလိမ်အညာများကိုပါ နားထောင်ကြသည်။ ပြီးလျှင် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆန့်ကျင် ရှုတ်ချဖို့ စာတန်၏အင်အားစုများနှင့်အတူတကွ လုပ်ဆောင်ကြသည်။ ဤသည်မျာ အားလုံးရှင်းရှင်းလင်းလင်း နားလည်သည့်အချက် ဖြစ်သည်။ ဘုရားသခင်ကိုယုံကြည်ကြသည့်သူများ များစွာ ရှိသော်လည်း၊ သမ္မာတရားကိုလက်ခံနိုင်သည့်သူများ၊ သမ္မာတရားကို ရှာဖွေကြသူများ၊ နှင့် ဘုရားသခင်ကို အမှန်တကယ်နာခံသည့် သူများ မည်မျှရှိသနည်း။ သခင်ယေရှု သူ့အမှုတော်ဆောင်ဖို့ ထွန်းပေါ်လာခဲ့သည့်အချိန်ကို ပြန်ကြည့်မည်ဆိုပါက ယဇ်ပရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲများနောက်ကို လိုက်ကြသည့် ဂျူးများအားလုံးက သခင်ယေရှုကိုဆန့်ကျင်ပြီး အတိုက်အခံလုပ်ခဲ့ ကြသည်ကို တွေ့ရမည် ဖြစ်သည်။ နောက်ဆုံးသောကာလ၏ အနန္တတန်ခိုးရှင်ဘုရားသခင် အမှုတော်ထမ်းရွက်ဖို့ ပေါ်ထွန်းလာစဉ်ကတည်းက ဘာသာရေးလောက က ခေါင်းဆောင်အားလုံးနီးပါးက သူ့ကို ငြင်းပယ်ရှုတ်ချကြသည်။ သူတို့က သူတို့များ၏အသင်းတော်များကို ပိတ်ထားကြပြီး၊ ယုံကြည်သူများကို မှန်ကန်သည့်လမ်းကိုလေ့လာဖို့ ခွင့်မပြုသည်အထိပင် ပြုလုပ်ကြသည်။ ၎င်းက ဤအချိန်ဤလောကကြီးထဲမှာ အမှောင်ထုနှင့်ဆိုးယုတ်မှုများ ပြည့်ဝနေကြောင်းကိုပြသဖို့ လုံလောက်သည့်သက်သေများဖြစ်သည်။ လူသားများက သမ္မာတရားကို ငြင်းပယ်ကြသည်။ သမ္မာတရားကို မုန်းတီးကြသည်။ ပြီးလျှင် ဘုရားသခင်ကိုဆန့်ကျင်ပြီးနေဖို့ ရွေးချယ်ကြသည်။ ဤဆိုးယုတ်မှုများဖြစ်ရသည့် အဓိကအကြောင်းက စာတန်က လူသားများကိုထိန်းချုပ်နေသောကြောင့် ဖြစ်သည်။ ကမ္ဘာလောကကြီးတစ်ခုလုံးက စာတန်၏အုပ်စိုးမှုအောက်မှာ ရှိနေသောကြောင့် ဖြစ်သည်။ နှစ်ထောင်ပေါင်းအတော်များများ စာတန်က လူသားများကိုဖျက်ဆီးဖို့ ဘုရားမဲ့ဝါဒများ၊ ဆင့်ကဲပြောင်းလဲမှုသီအိုရီများ၊ ရုပ်ဝါဒများနှင့် အခြားသော မိစ္ဆာဒိဌိအယူဝါဒများကို အသုံးချခဲ့သည်။ ထို့ကြောင့် လူသားများက “ဘုရားသခင်မရှိ ကယ်တင်ရှင်မရှိ” ဟု ပြောဆိုနေကြသည့် လွဲမှားနေသည့် “ကြီးမြတ်သူများ” ဟုဆိုကြသည့် သူများ၊ အမျိုးမျိုးသောနတ်ဆိုးများ၏ လိမ်ညာမှုများကို ကိုးကွယ်ဝတ်ပြုဖို့ အကြောင်းဖန်လာခဲ့ပါသည်။ နောက်ပြီး လူတစ်ဦး၏ကံကြမ္မာက သူ့လက်ထဲမှာ ရှိသည်၊ “လူသားက ကောင်းကင်နှင့်မြေကြီးကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပြီး သဘာဝတရားကို အနိုင်ယူသည်” “လူတိုင်းကိုယ့်အတွက် ကိုယ်ကြည့်ပါ” “ဘယ်သူသေသေ ငတေမာပြီးရော” “ဦးနှောက်ကခွန်အားကိုထိန်းချုပ်ရမည်” “ငွေကကမ္ဘာကိုလှည့်ပတ် သွားစေသည်” “စိတ်သဘောထားနူးညံ့ရင် လူကြီးလူကောင်းမဖြစ်ဘူး၊ အကြင်နာမဲ့မှလူသားစစ်မှန်မည်” စသဖြင့်ပြောဆိုကြသည်။ လူသားများက ထိုအတွေးမှား အမြင်မှားစေမည့် ဆိုးယုတ်သည့်သွန်သင်မှု များ၏ ဖျက်ဆီးခြင်းနှင့်လှည့်ဖြားခြင်းကို ခံခဲ့ကြရသည်။ ၎င်းကသူတို့ကို မာနထောင်လွှားလာစေသည်၊ လိမ်လည်လှည့်ဖြားလာစေသည်၊ တကိုယ်ကောင်း ဆန်လာစေသည်၊ လောဘကြီးလာစေသည်၊ ပြီးလျှင် ကောက်ကျစ်စဉ်းလဲ လာစေသည်။ ကိုယ်ချင်းစာတရားနှင့် ကိုယ်ကျင့်သိက္ခာ အကြောင်း၊ အသိတရားနှင့်အသိစိတ်အကြောင်း၊ ပြီးလျှင် ရိုးသားမှုရှိရမည့် အကြောင်း စသည်တို့ကို ပြောသည့် သူတစ်ယောက်မှမရှိတော့ပါ။ ကျော်ကြားမှုနှင့် ဂုဏ်အဆင့်အတန်းကို ရှာဖွေရယူဖို့အတွက် လူသားများက အချင်းချင်းတိုက်ခိုက်ကြသည်၊ အချင်းချင်းလိမ်လည် လှည့်ဖြား ကြံစည်ကြသည်၊ ပြီးလျှင် အချင်းချင်းပင် သတ်ဖြတ်ကြသည်။ မတူညီသည့်အကျိုးစီးပွားများအတွက် တစ်နိုင်ငံနှင့်တစ်နိုင်ငံတိုက်ခိုက် နေကြပြီး၊ မဆုံးနိုင်သည့် ပဋိပက္ခများ ဖြစ်နေကြသည်။ ဤသည်မှာ စာတန်လူသားများကိုဖျက်ဆီးခြင်း၏ ရလဒ်များမဟုတ် ပါလား။ ဤအချက်အလက်များက စာတန်ကလူသားများကို အကုန်အစင် ဖျက်ဆီးနေကြောင်းကို ပြသနေခြင်းဖြစ်ပြီး၊ ကျွန်တော်တို့က စာတန်ကဲ့သို့ စာတန်ဆီက ဆင်းသက်လာသကဲ့သို့ ဖြစ်လာနေကြပြီ။ လူသားများက ဘုရားသခင်ကိုဆန့်ကျင်ကြသည့် ဆိုးယုတ်သည့်အင်အားစုများ ဖြစ်လာနေကြပြီ။ ထိုအကြောင်းများကြောင့် ဘုရားသခင်နှစ်ကြိမ်တိုင် လူ့ဇာတိခံယူပြီး၊ လူများ၏ကြားမှာ သူ့အမှုတော်ကိုထမ်းဆောင်ပြီး ပြောဆိုသည့်အခါ ဖောက်ပြန်ပျက်စီးနေသည့်လူများက သူ့ကိုခုခံကြသည်၊ ရှုတ်ချကြသည်။ ပြီးလျှင် ထိုအခြေအနေနှစ်ခုစလုံးမှာ သူ့ကိုစွန့်ခွာကြပြီး ကားတိုင်ပေါ်ပင် တင်သတ်ခဲ့ကြသည်။ ဤသည်မှာ လူများ ဘုရားသခင်ကိုဆန့်ကျင်ကြသည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး ဖော်ပြနေသည့် အချက်အလက်တစ်ချို့ဖြစ်ပါသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ အရှေ့အရပ်မှလျှပ်ပြက်ခြင်း အပေါ် နှိမ်နင်းတိုက်ခိုက် နေခြင်းများက ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်ချောက်ချား သွားစေသည်။ သူတို့ ဘုရားသခင်ကို အဘယ့်ကြောင့် ထိုမျှ ဆန့်ကျင်အန်တု နေကြကြောင်း လူအတော်များများက နားမလည်ကြပါ။ အကြောင်းမှာ လူ့ဇာတိခံယူသည့် အနန္တတန်ခိုးရှင်ဘုရားသခင်က အမှန်တရား အများအပြားကို ဖွင့်ဟပြသခဲ့သောကြောင့် ဖြစ်သည်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏နှင့် ဤစာအုပ်က ဘာသာရေးအားလုံး နှင့် ဂိုဏ်းဂဏအားလုံး တို့ကို လှုပ်ခါစေခဲ့သည့် စာအုပ်ဖြစ်သည်။ သခင့်ကိုယုံကြည်သည့်သူအများအပြားက အနန္တတန်ခိုးရှင်ဘုရားသခင် ၏ မိန့်မြွက်ချက်များကို ကြားခဲ့ကြပြီး၊ ထိုဖွင့်ဟမှုများကို ဘုရားသခင်အသံတော်နှင့် အမှုတော်အဖြစ် အခိုင်အမာအတည်ပြုကြပြီး သူ့ဆီကို ပြန်လှည့်ခဲ့ကြသည်။ အနန္တတန်ခိုးရှင်ဘုရားသခင် ကို ထုတ်ဖော်ပြောဆို သက်သေခံလာကြသည့် လူများ၏အရေအတွက် ပုံမှန်တိုးပွားလာခြင်းက တရုတ်ကွန်မြူနစ်ပါတီကို ထိတ်ထိတ်ပျာပျာ ဖြစ်စေခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီကလည်း ဘုရားသခင်ကို သက်သေခံကြသည့် မရေမတွက်နိုင်အောင် များပြားလှသည့်လူများကို ဖမ်းဆီးပြီး၊ နှုတ်ကပတ်တော်သည်လူ့ဇာတိ၌ပေါ်လာ၏ ဆိုသည့်စာအုပ် အများအပြားကိုလည်း သိမ်းဆည်းခဲ့သည်။ သူတို့က ဤစာအုပ်ကို တစ်နေ့ပြီးတစ်နေ့ သုတေသနပြုလုပ်ကြပြီး မည်မျှ စွမ်းအားကြီးကြောင်းကို ပိုမိုနားလည်သဘောပေါက်လာသည်။ ဤစာအုပ်က အားလုံးကို အောင်နိုင်သည့် အစွမ်းရှိသည်။ တရုတ်ကွန်မြူနစ်ပါတီအနေနှင့် အနန္တတန်ခိုးရှင်ဘုရားသခင်ကို မည်သို့ အသရေဖျက်ဖျက်၊ မည်သို့ အကဲဖြတ်ဖြတ်၊ မည်သို့ သိက္ခာချချ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏ ကိုမူ လူများသိအောင် မလုပ်ရဲကြပါ။ သူတို့က အနန္တတန်ခိုးရှင်ဘုရားသခင် မည်သည့်အရာ ပြောခဲ့ကြောင်းကို နည်းနည်းလေးပင် မဖော်ပြကြပါ။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏ နှင့်ပတ်သက်ပြီး အဘယ့်ကြောင့် ဖုံးကွယ်ထားကြသနည်း။ ဘုရားသခင် အရှေ့အရပ်ကပေါ်ထွန်းလာပြီး သူ့၏အမှုတော်ကိုဆောင်ရွက်ကြောင်း၊ အရှေ့အရပ်တွင် လူသားမျိုးနွယ်၏ ကယ်တင်ရှင် ပေါ်ထွန်းခဲ့ပြီ ဖြစ်ကြောင်း၊ နှင့် ယင်းတွင် လူသားမျိုးနွယ်၏ မျှော်လင့်ချက် ရှိကြောင်း ကို တစ်ကမ္ဘာလုံးကလူများ မြင်တွေ့သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ လူများ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏” ကိုဖတ်မည်ကို တရုတ်ကွန်မြူနစ်ပါတီက အဘယ့်ကြောင့် ကြောက်နေသနည်း။ အကြောင်းမှာ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏” ဆိုသည်မှာ ဘုရားသခင်၏အသံတော်ဖြစ်သည်၊ သမ္မာတရားကို ဖွင့်ဟပြသနေမှုလည်းဖြစ်သည်၊ ပြီးလျှင် အရှေ့အရပ်က ပေါ်ထွန်းလာသည့် စစ်မှန်သည့်အလင်းလည်း ဖြစ်နေသောကြောင့်ပင်တည်း။ တရုတ်ကွန်မြူနစ်ပါတီက အဆိုးယုတ်ဆုံး နှင့် သမ္မာတရားကိုမုန်းတီးနေသည့် စာတန်၏အစိုးရဖြစ်သည်။ သမ္မာတရား လူသားများ၏လောကထဲရောက်လာပြီး ထိုသမ္မာတရားကို လူသားများလက်ခံသွားမည်ကို စာတန်အကြောက်ဆုံးဖြစ်သည်။ ဘုရားသခင်က ဘုရင်တစ်ယောက်ကဲ့သို့ စွမ်းအားနှင့် လူသားများ၏ ကမ္ဘာကိုအုပ်စိုးမည် ဖြစ်သကဲ့သို့ ခရစ်တော်၏နိုင်ငံတော်လည်း ဤကမ္ဘာပေါ်မှာ ပေါ်ထွန်းလာလိမ့်မည်။ ထို့ကြောင့် တရုတ်ကွန်မြူနစ်ပါတီက ခရစ်တော်ကို ကျယ်ကျယ်ပြန့်ပြန့် မီးခိုးကြွက်လျှောက်လိုက်နေပြီး အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို ပုံစံချဖို့၊ မှားယွင်းစွာဆွဲချက်တင်ဖို့ သိက္ခာချဖို့ မီဒီယာကွန်ရက် အားလုံးကိုအသုံးပြုပြီး ဝါဒဖြန့်မှုများလုပ်နေခြင်း ဖြစ်သည်။ သူတို့များက နိုင်ငံ၏လက်နက်ကိုင်ရဲအင်အားများကိုပင် ဆော်သြစည်းရုံးပြီး၊ ဘုရားသခင်ရွေးချယ်ထားသည့်သူများကို လိုက်လံနှိမ်နင်း ဖမ်းဆီးတာများအပြင် နှိပ်စက်ညှဉ်းပန်းတာများကိုလည်း ပြုလုပ်ကြသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ညဉှ်းပန်းနှိပ်စက်မှုများကြောင့် သူ့၏ရွေးကောက်ခြင်း ခံထားရသည့်သူများက ပုန်းခိုစရာနေရာမရှိဘဲ၊ အတင်းအကြပ် ပြည်နှင်ဒဏ်ပေးခြင်းခံရသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ လက်အောက်မှာ တရုတ်အစိုးရက အခြားနိုင်ငံတိုင်းနှင့် ဖြန့်ကျက်ဆောင်ရွက်နေပြီး နိုင်ငံခြားကိုထွက်ပြေးလွတ်မြောက်သွားသည့် ခရစ်ယာန်များကို ညဉှ်းပန်းနှိပ်စက်ဖို့အတွက် ပြန်ခေါ်ဖို့ နိုင်ငံရေးအရရော၊ စီးပွားရေးအရရော၊ သံသမန်နည်းလမ်းအရရော ထိုနိုင်ငံများကို ဖိအားပေးပြီး ဆော်သြစည်းရုံးနေသည်။ ထို့ထက်ပိုပြီး စက်ဆုပ်ရွံရှာစရာကောင်းသည်မှာ တရုတ်ကွန်မြူနစ်ပါတီက နိုင်ငံခြားကို ထွက်ပြေးလွတ်မြောက်သွားသည့် ခရစ်ယာန်များ၏ဆွေမျိုးသားချင်းများကို ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်ကို ခြောက်လှန့်ဖို့ ထိုသူများကို ဓါးစာခံများအဖြစ် ထိန်းသိမ်းထားခြင်း ဖြစ်သည်။ နိုင်ငံခြားကိုသွားဖို့ သူတို့၏နိုင်ငံကူးလက်မှတ်များကို ရအောင် အတင်းအကြပ်ဖိအားပေးပြီး နိုင်ငံအသီးသီးက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော် ကို ဖျက်လိုဖျက်ဆီး လုပ်ကြသည်။ ပြီးလျှင် သံတမန်နည်းလမ်းများကနေ တဆင့် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို အသရေပျက်အောင် ကောလာဟလများနှင့် အထင်အမြင်မှားစေပြီး လူထု၏အတွေးအမြင်ကို ကြိုးကိုချယ်လှယ်ရင်း သိက္ခာချနေခြင်း ဖြစ်သည်။ သူတို့က အခြားတိုင်းပြည်များက အစိုးရများနှင့် ပြည်သူများကိုပါ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော် ကိုငြင်းပယ်ဖို့ လှုံ့ဆော်နေသည်။ ပြီးလျှင် နိုင်ငံခြားမှာရောက်နေကြသည့် အသင်းသားများကိုပြန်လွှဲအပ်ပေးဖို့ ဆော်သြနေသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ဆိုးယုတ်သည့်ရည်ရွယ်ချက်က အောင်အောင်မြင်မြင် ပိတ်ဆို့ ဟန့်တားဖို့၊ နိုင်ငံခြားမှာ ပျံ့နှံ့ရောက်ရှိနေသည့် အနန္တတန်ခိုးရှင်ဘုရာသခင်အသင်းတော် နှင့် သတင်းကောင်း ဟောပြောသည့်လုပ်ဆောင်မှုများကို တားမြစ်ပိတ်ပင်ပြီး ထိန်းချုပ်နှိမ်နင်းဖို့ ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီက သမ္မာတရားနှင့်ဘုရားသခင်ကို မုန်းတီးနေသည့် မကောင်းဆိုးဝါး စာတန် ဟု မပြောနိုင်ပါ လား။ တရုတ်ကွန်မြူနစ်ပါတီက လူများကိုရက်ရက်စက်စက်နှိပ်ကွပ်သည့်နေရာမှာ၊ ပြီးလျှင် ဝိညာဉ်များကိုဝါးမြိုသည့်နေရာမှာ တကယ်ကို ဆရာတစ်ဆူ ဖြစ်ပါသည်။ ပြီးလျှင် တရုတ်ကွန်မြူနစ်ပါတီက အရိုးများကိုပင်မထုတ်ဘဲ လူသားများကိုစားသုံးနေသည့် ဘီလူးသရဲတစ်ကောင်ဖြစ်ပါသည်။ ယခုဆိုလျှင်တရုတ်ကွန်မြူနစ်ပါတီ၏အုပ်စိုးမှုအောက်က တရုတ်အစိုးရက အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို့ ဆန့်ကျင်ပြစ်တင်ရှုတ်ချ နေသည့် အကြောင်းအရင်းကို အားလုံးသဘောပေါက် လောက်ပြီဟု ထင်ပါသည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

အောက်ခြေမှတ်စု(များ)-

၁။ “အခြေအမြစ် မရှိသော စွပ်စွဲချက်များကို ပြုလုပ်နေကြလျက်” သည် မာရ်နတ်မှ လူတို့အား ဘေးပြုရာတွင် သုံးသော နည်းလမ်းများကို ရည်ညွှန်းသည်။

၂။ “တင်းကျပ်စွာ စောင့်ကြပ်ခြင်း ခံနေရ၏” သည် မာရ်နတ်သည် လူတို့အား နှိပ်စက်ဖိစီးရာတွင် သုံးသော နည်းလမ်းများသည် အထူးသဖြင့် ရက်စက်လှပြီး လူတို့ကို အလွန်တရာမှပင် ထိန်းချုပ်သည့် အတွက် ၎င်းတို့မှာ ရွေ့လျားရန်ပင် နေရာလွတ် မကျန်တော့ကြောင်းကို ညွှန်ပြသည်။

ယခင်က:မေးခွန်း ၃၉- ပြီးခဲ့သည့် ထောင်စုနှစ် နှစ်ခုကြာ၊ ဘာသာရေးလောကတစ်ခုလုံးက ဘုရားသခင်သည် သုံးပါးတစ်ဆူဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။ သုံးပါးတစ်ဆူသည် ခရစ်ယာန် အယူဝါဒတစ်ခုလုံး၏ ဂန္တာဝင် သီအိုရီတစ်ခု ဖြစ်ခဲ့သည်။ ထို့ကြောင့် သုံးပါးတစ်ဆူနှင့်ဆိုင်သော အနက်ပြန်ခြင်းသည် အမှန်တကယ် ခိုင်မြဲပါသလား။ သုံးပါးတစ်ဆူ အမှန်တကယ် တည်ရှိပါသလား။ သုံးပါးတစ်ဆူသည် ဘာသာရေး လောက၏ အကြီးမားဆုံး အတွေးမှားဖြစ်သည်ဟု သင်တို့ အဘယ်ကြောင့် ဆိုပါသနည်း။

နောက်တစ်ခုသို့:မေးခွန်း ၄၁- အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အပုပ်ချသည့်၊ အသရေပျက်အောင်ပြောဆိုပြီး တိုက်ခိုက်ကာ သိက္ခာချသည့် တရုတ်ကွန်မြူနစ်အစိုးရနှင့် ဘာသာရေးလောကတို့ထံမှ (ရှန်ဒုံပြည်နယ်၊ ချောင်းယွမ်ရှိ “မေလ ၂၈ ရက်” အဖြစ်အပျက်ကဲ့သို့သော) အွန်လိုင်းပေါ်က စကားများစွာကို ကျွန်ုပ်တို့ မြင်ကြပြီးဖြစ်သည်။ စီစီပီသည် အလိမ်အညာများ ပြောဆိုရာတွင်၊ အမှုအရာများကို လုပ်ကြံဖန်တီးရခြင်းနှင့် လူတို့ကို လှည့်ဖြားဖို့ အချက်အလက်များကို တလွဲတချော်ပြောဆိုရာတွင် အလွန် ကျွမ်းကျင်သည်ကိုလည်း ကျွန်ုပ်တို့ သိကြသည်။ ၎င်းက ရန်လိုသည့် တိုင်းနိုင်ငံများကို အပုပ်ချခြင်း၊ တိုက်ခိုက်ခြင်း နှင့် ဝေဖန်ခြင်းတို့တွင်လည်း ၎င်းသည် အလွန်တော်လေသည်၊ ထို့ကြောင့် စီစီပီ ပြောဆိုသမျှတိုင်းသည် လုံးဝ ယုံကြည်လောက်ဖွယ်မရှိပါ။ သို့သော်၊ ဘာသာရေး လောကအတွင်းရှိ သင်းအုပ်ဆရာများနှင့် အကြီးအကဲများ ပြောဆိုသည့် အရာများစွာသည် စီစီပြောဆိုသည့်အရာနှင့် ဆင်တူနေသည်၊ ထိုသို့ဆိုလျှင် စီစီပီနှင့် ဘာသာရေးလောကက ဖြန့်သည့် ကောလဟလများနှင့် အသရေဖျက်မှုအပေါ် အမှန်တကယ် ပိုင်းခြားသိမြင်မှု ကျွန်ုပ်တို့ မည်သို့ ရှိနိုင်မည်နည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ