အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

မေးခွန်း ၃၂- ဖာရိရှဲတို့သည် တရားဇရပ်၌ လူတို့ကို မကြာခဏ ကျမ်းစာ အသေးစိတ် ရှင်းပြခဲ့ကြသည်။ အပြင်ပန်းမှ၊ ၎င်းတို့သည် ဘာသာတရားကိုင်းရှိုင်းပြီး သနားကြင်နာမှုရှိပုံပေါ်ပြီး ပညတ်တရား၏ ချိုးဖောက်မှု တစ်ခုခု ရှင်းရှင်းလင်းလင်း မလုပ်ခဲ့ကြသည့်ပုံပေါ်ကြသည်။ ထို့သို့ဆိုလျှင် အဘယ်ကြောင့် ဖာရိရှဲတို့သည် သခင်ယေရှု၏ ကျိန်ဆဲခြင်းကို ခံခဲ့ကြရပါသနည်း။ ၎င်းတို့၏ သူတော်ကောင်းယောင်ဆောင်မှုကို မည်သို့ ပြသခဲ့ပါသနည်း။ ယနေ့ခေတ်၏ ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် သူတော်ကောင်းအယောင်ဆောင် ဖာရိရှဲတို့၏ လမ်းကြောင်းအတိုင်း လိုက်လျှောက်နေကြသည်ဟု အဘယ်ကြောင့် ဆိုရပါသနည်း။

အဖြေ-

သခင်ယေရှုက ဖာရိရှဲတို့ကို အမှန်တကယ် မုန်းခဲ့ပြီး၊ သူတို့ကို ကျိန်ခြင်းအမင်္ဂလာသင့်စေသည့်အပြင်၊ အမင်္ဂလာ ၇ ပါး စီရင်ချက်ချ ခဲ့ကြောင်းကို သခင့်ကို ယုံကြည်သက်ဝင်သူတိုင်း သိပြီးသားဖြစ်သည်။ ဤသည်မှာ သူတော်ယောင်ဖာရိရှဲတို့အကြောင်း သိခွင့်ရပြီး၊ သူတို့၏ အထိန်းချုပ်ခံ ကျေးကျွန်ဘဝကနေ ရုန်းထွက်နိုင်ခဲ့သည့်အပြင်၊ ဘုရားသခင်၏ ကယ်တင်ခြင်း ရရှိဖို့ သခင့်အပေါ် ယုံကြည်သူများအတွက် အဓိပ္ပာယ် အလွန်ရှိသော်လည်း ရှက်စရာဖြစ်သည်။ ယုံကြည်သူများစွာက ဖာရိရှဲတို့၏ သူတော်ယောင်လုပ်ရပ်၏ ဇစ်မြစ်ကို မမြင်နိုင်ကြပါ။ သခင်ယေရှုက ဖာရိရှဲတို့ကို အဘယ့်ကြောင့် အရမ်းမုန်းပြီး၊ ကျိန်ဆိုခဲ့ကြောင်း ကိုပင် သူတို့နားမလည်ကြပါ။ ယနေ့ ကျွန်တော်တို့ ဤပြဿနာများအကြောင်း အနည်းငယ် ဆွေးနွေးကြမည်။ ဖာရိရှဲတို့က တရားဇရပ်မှာ မကြာခဏဆိုသကဲ့သို့ သမ္မာကျမ်းစာကို ရှင်းလင်းခဲ့ကြသည်။ လူအများရှေ့မှာ မကြာခဏဆုတောင်းကြပြီး၊ လူများကို ရှုတ်ချဖို့ သမ္မာကျမ်းစာ၏ စည်းမျဉ်းများကို အသုံးချခဲ့သည်။ အပြင်ပန်းကြည့်သူများ အတွက်မူ သူတို့က သမ္မာကျမ်းစာကို ကြည်ညို စောင့်ထိန်းကြသူများ ကဲ့သို့ပင် ဖြစ်သည်။ သို့ပါက သခင်က အဘယ့်ကြောင့် သူတို့ကို အလွန်မုန်းတီးပြီး ကျိန်ခြင်းအမင်္ဂလာပြုခဲ့ရသနည်း။ အမှန်မှာမူ၊ အဓိကအကြောင်းရင်းက သူတို့၏ဇစ်မြစ်က သူတော်ကောင်း ယောင်ဆောင်သူများဖြစ်ပြီး၊ ဘုရားသခင်ကိုဆန့်ကျင်ခဲ့သောကြောင့် ဖြစ်သည်။ ဖာရိရှဲတို့က ဘာသာရေးပွဲတော်များနှင့် နည်းဥပဒေသများကို လိုက်နာဖို့ကို အလေးထားကြသည်။ သမ္မာကျမ်းစာထဲက စည်းမျဉ်းများနှင့် အယူဝါဒများကို ရှင်းလင်းပြပြီး၊ ဘုရားသခင်၏အလိုတော်ကို မည်သူနှင့်မျှ မိတ်သကယမဖွဲ့ခဲ့ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ဖို့၊ သို့မဟုတ် ဘုရားသခင်၏ ပညတ်တော်များကိုလည်း လိုက်နာဖို့ကိုလည်း အာရုံမစိုက်ခဲ့။ အမှန်မှာမူ သူတို့က ဘုရားသခင်၏ ပညတ်တော်များကို လျစ်လျူရှုခဲ့သည်။ သူတို့လုပ်ခဲ့သမျှအားလုံးက ဘုရားသခင်၏ အလိုတော်နှင့် တောင်းဆိုချက်များနှင့် လုံးဝ ဆန့်ကျင်ဘက်များ ဖြစ်သည်။ ဤသည်မှာ ဖာရိရှဲတို့၏ သူတော်ကောင်း ယောင်ဆောင်ခြင်း၏ အနှစ်သာရဖြစ်သည်။ ဤသည်မှာ သခင်ယေရှုက သူတို့ကို မုန်းတီးခဲ့ပြီး၊ ကျိန်ခြင်းအမင်္ဂလာပြုခဲ့ခြင်းသည့် အဓိက အကြောင်းရင်းဖြစ်သည်။ သခင်ယေရှုက သူတို့ကိုဖော်ထုတ်စဉ်က ဤမျှထိ ဆိုခဲ့သည်။ “သင်တို့သည်အဆက်ဆက်ခံသော် နည်းဥပဒေကိုအမှီပြု၍ ဘုရားသခင်၏ပညတ်တော် ကို အဘယ်ကြောင့်လွန်ကျူးကြသနည်း။ ဘုရားသခင်၏ပညတ်တော်ကား၊ မိဘကိုရိုသေစွာပြုလော့။ အကြင်သူသည် မိဘကိုနှုတ်ဖြင့်ပြစ်မှား ၏၊ ထိုသူသည် အသေသတ်ခြင်းကို ခံစေဟုလာသတည်း။ သင်တို့မူကား၊ အကြင်သူသည် ကိုယ့်မိဘကို၊ သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထု ဖြစ်စေဟုဆို၏၊ ထိုသူသည် ကိုယ်မိဘကိုပင် ရိုသေစွာမပြုရဟုဆို၏။ ထိုသို့သင်တို့သည် အဆက်ဆက်ခံသော နည်း ဥပဒေအားဖြင့် ဘုရားသခင်၏ပညတ်တော်ကို ပယ်ကြ၏။ လျှို့ဝှက်သောသူတို့၊ ဟေရှာယသည် သင်တို့ကိုရည်မှတ်လျက် ဤလူမျိုးသည်နှုတ်နှင့်ငါ့ထံသို့ ချဉ်း ကပ်၍ နှုတ်ခမ်းနှင့်ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သောပညတ်တို့ကိုသွန်သင်၍ နည်းဥပဒေသပေးလျက်ပင်ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏ဟု နောက်ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီဟုပြန်၍မိန့်တော်မူ၏။” (မ ၁၅:၃-၉) ယခုက ဖာရိရှဲတို့ကို သခင်ယေရှုဖော်ထုတ်ပြီးဖြစ်၍သာ ဖာရိရှဲတို့က မကြာခဏဆိုသကဲ့သို့ တရားဇရပ်မှာ လူအများကို သမ္မာကျမ်းစာအကြောင်းရှင်းပြသော်လည်း၊ ဘုရားသခင်ကို ကြည်ညိုခြင်းတို့၊ ချီးမြှောက်ခြင်းတို့ လုံးဝမလုပ်ခဲ့ကြောင်း ကို ကျွန်တော်တို့ ကွက်ကွက်ကွင်းကွင်း သိမြင်နိုင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ ပညတ်တော်များကိုလည်း မလိုက်နာခဲ့ကြပါ။ ပြီးလျှင် ဘုရားသခင်၏ ပညတ်တော်များကို လူများ၏ အဆက်ဆက် နည်းဥပဒေများနှင့်ပင် အစားထိုးခဲ့သည်။ ဘုရားသခင်၏ ပညတ်တော်များကို မေ့ထားခဲ့ကြသည်။ သူတို့က ဘုရားသခင်ကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်နေခဲ့ကြသည်။ ဤသည်မှာ ဖာရိရှဲတို့က ဘုရားသခင်ကို ဆက်ကပ်ရင်း ကိုယ်တော့်ကို ဆန့်ကျင်နေခဲ့ကြောင်း ငြင်းမရသည့် အထောက်အထားပင် မဟုတ်ပါလား။ ဘုရားသခင်၏ ကျိန်းခြင်းအမင်္ဂလာနှင့် မုန်းတီးခံရခြင်း မကျရောက်အောင် မည်သို့ ရှောင်လွှဲ နိုင်မည်နည်း။ ဘုရားသခင်၏ ပညတ်တော်များများက ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ “လူအသက်ကို မသတ်နှင့်။...ကိုယ်နှင့်စပ်ဆိုင်သောသူတဘက်၌ မမှန်သောသက်သေကို မခံနှင့်။” (ထွ ၂၀:၁၃-၁၆) သို့သော်လည်း ဖာရိရှဲတို့က ဘုရားသခင်၏ပညတ်တော်ကို မသိကျိုးကျွန်ပြု ခဲ့ကြသည်။ သူတို့က မှားယွင်းစွာ ပေါ်ပေါ်ထင်ထင် သက်သေခံခဲ့သကဲ့သို့၊ ပရောဖက်များနှင့် ဘုရားသခင် ပို့လိုက်သည့်၊ ဖြောင့်မတ်သည့် လူများကို ရှုတ်ချပြစ်တင်ပြီး သတ်ပစ်ခဲ့သည်။ ဘုရားသခင်ကို တိုက်ရိုက်ဆန့်ကျင် ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သခင်ယေရှုက ဖာရိရှဲတို့ကို ရှုတ်ချပြစ်တင်ပြီး ကျိန်ခြင်းအမင်္ဂလာ ခံယူစေခဲ့ကာ ဤကဲ့သို့ဆိုခဲ့သည်။ “မြွေဆိုးအမျိုးတို့၊ သင်တို့သည် အပြစ်ငရဲမှ အဘယ်သို့လွတ်နိုင်ကြမည်နည်း။ ထို့ကြောင့် ဗျာဒိတ်တော်အချက်ဟူမူကား ပရောဖက်ပညာရှိကျမ်းပြုဆရာတို့ကို သင်တို့ရှိရာသို့ ငါ စေလွှတ်၏။ ထိုသူအချို့တို့ကိုကွပ်မျက်၍ လက်ဝါးကပ်တိုင်၌ သတ်ကြလိမ့်မည်။ အချို့တို့ကို တရားစရပ်၌ ရိုက်၍ တမြို့မှတမြို့သို့ ညှဉ်းဆဲနှင်ထုတ်ကြလိမ့်မည်။ ထို့ကြောင့် ဖြောင့်မတ်သော အာဗေလ၏အသွေးမှစ၍၊ အတွင်းဗိမာန်တော်နှင့် ယဇ်ပလ္လင်၏ အကြား ၌ သင်တို့သတ်ကြသော ဗာရခိသားဇာခရိ၏အသွေးတိုင်အောင် မြေကြီးအပေါ်၌ သွန်းပြီးသမျှသော သူတော် ကောင်းတို့၏အသွေးသည် သင်တို့ ခေါင်းပေါ်သို့ ရောက်လိမ့်မည်။” (မ ၂၃:၃၃-၃၅) ဖာရိရှဲတို့က ဘုရားသခင်ကို တဇွတ်ထိုးဆန့်ကျင်ခဲ့ပြီး၊ ပရောဖက်များနှင့် ကိုယ်တော်ပို့လိုက်သည့် ဖြောင့်မတ်သည့် လူများကိုသတ်ပစ်ခဲ့သည်။ ဘုရားသခင်၏အမှုတော်ကို ဖျက်ဆီးဖို့ကြိုးစားခဲ့ပြီး၊ ကိုယ်တော့် အလိုတော်၏ လုပ်ဆောင်ခြင်းကို ပိတ်ပင်ခဲ့သည်။ ဘုရားသခင်၏ စိတ်သဘောထားကို အပြင်းအထန် အမျက်ထွက်စေခဲ့သည်။ ၎င်းတို့က ကိုယ်တော်၏ ကျိန်ခြင်းအမင်္ဂလာကို မခံယူရဘဲနေမလား။ ဖာရိရှဲတို့ လုပ်ခဲ့သမျှများက အဖြစ်မှန် မဟုတ်ပါလား။ ဖာရိရှဲတို့၏ သူတော်ယောင် အနှစ်သာရနှင့် လုပ်ဆောင်ပုံများကို ကျွန်တော်တို့ မသိမြင်နိုင်ပါလား။

ဖာရိရှဲတို့က အပြင်ပန်းကသာ ကြည်ညိုနေသယောင်ယောင် ရှိ သော်လည်း သူတို့၏ စိတ်ရင်းမှန်က ပရိယာယ်များပြီး စဉ်းလဲသည်။ အထူးသဖြင့် အယောင်ဆောင်ခြင်းနှင့် လူများကိုလှည့်စားခြင်းကို ကျွမ်းကျင် ကြသည်။ သူတို့ ဘုရားသခင်၏ ပညတ်တော်များကို ပစ်ပယ်ပြီး၊ သစ္စာဖောက်ခဲ့ခြင်း အပါအဝင် သူတို့၏ ယုတ်မာသည့် လုပ်ရပ်များကို သခင်ယေရှုက မထုတ်ဖော်ခဲ့ပါက၊ ဖာရိရှဲတို့၏ သူတော်ယောင်အနှစ်သာရကို ကျွန်တော်တို့ သိမြင်နိုင်မှာမဟုတ်ပါ။ ယခု သခင်ယေရှု၏ နောက်ထပ်ဖော်ထုတ်မှုနှင့် ဖာရိရှဲတို့၏ ဝေဖန်ရှုတ်ချချက်များကို ကြည့်ရအောင် “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်း၊ စမွှတ်၊ ဇိယာ၊ အသီးအရွက်တို့ကို ဆယ်ဘို့တဘို့ လှူကြသည်တွင် တရားသဖြင့်စီရင်ခြင်း၊ သူတပါးကို သနား ခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ်၍ထားကြ၏။ အရင် ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည်။ လမ်းပြသောလူကန်းတို့၊ သင်တို့သည် ခြင်တကောင်ကိုမျှ မပါစေခြင်းငှါ ရေကိုစစ်လျက်နှင့် ကုလား အုပ်ကို မျိုကြ၏။” (မ ၂၃:၂၃-၂၄) “လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အဖြူ သုတ်သောသင်္ချိုင်းတွင်းနှင့်တူကြ၏။ ထိုတွင်းသည် အပြင်၌တင့်တယ်စွာတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးနှင့် ပြည့်လျက်ရှိ၏။ ထိုအတူ သင်တို့သည်အပြင်၌ လူတို့ရှေ့မှာဖြောင့်မတ်ဟန်ရှိ၏။ အတွင်း၌ကား လျှို့ဝှက်ခြင်း၊ မတရား သဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိကြ၏။” (မ ၂၃:၂၇-၂၈) ဖာရိရှဲတို့က လူများရှေ့မှာတော့ အရမ်းကြည်ညိုသယောင် ဟန်ဆောင်ကြသည်။ တရားဇရပ်နှင့် လမ်းထောင့်များမှာ တမင်သက်သက် ဆုတောင်းကြသည်။ သူတို့ဥပုသ်စောင့်ရင် သူတို့မျက်နှာမှာ တမင်သက်သက် စိတ်မချမ်းသာသည့် ပုံဖမ်းထားပြီး၊ သူတို့ဝတ်ရုံ၏ ပန်းပွားများပေါ်မှာလည်း ကျမ်းစာများကို ရေးထားခဲ့သည်။ ​ပေးကမ်းစွန့်ကြဲသည့်အခါမှာလည်း သူတို့လုပ်သည့် အရာများကို တခြားလူများမြင်အောင် သေချာလုပ်သည်။ ပေးလှူရမည့် ပင်စိမ်း၊ ဇီရာစေ့နှင့် စမုန်စပါးဖြစ်သည့် ဆယ်ဖို့တဖို့ကို မမေ့မလျော့ ပေးလှူကြသည်။ "လက်များကို သေချာမဆေးကြောဘဲ အစားအသောက် မသုံးဆောင်နှင့်" စသည့် သမိုင်းဝင်စည်းမျဉ်းဥပဒေများကို လိုက်နာခဲ့ကြသည်။ ဖာရိရှဲတို့က အသေးစိတ်လေးများထိ အသေအချာ ဂရုစိုက်ခဲ့ကြသည်။ သို့သော်လည်း ဘုရားသခင်၏ ဥပဒေပြဌာန်းချက်များ ဖြစ်သည့် ဘုရားကို ချစ်ဖို့၊ တပါးသူကို ချစ်ဖို့၊ ဖြောင့်မတ်ဖို့၊ ကရုဏာတရားရှိဖို့နှင့် သစ္စာရှိဖို့စသည့်အရာများကို မလိုက်နာခဲ့ကြပါ။ ဘုရားသခင်၏ ပညတ်တော်များကို လုံးဝမလိုက်နာ ကြပါ။ သူတို့က သမ္မာကျမ်းစာဗဟုသုတနှင့် ဓမ္မပညာဆိုင်ရာ သဘောတရားများ အကြောင်းကိုသာ ပြောဆိုကြသည်။ ဘာသာရေး ပွဲတော်များကို ကျင်းပပြီး ဥပဒေသများကိုသာ လိုက်နာကြသည်။ ဤသည်မှာ သူတို့၏ သူတော်ကောင်း ယောင်ဆောင်မှု အထွတ်အထိပ်ဖြစ်ပြီး၊ တခြားလူများကို လှည့်စားသည့်နည်းလည်းဖြစ်သည်။ သူတို့၏ အပြုအမူများက ကျွန်တော်တို့ကို ပြသနေသည်။ ဖာရိရှဲတို့ လုပ်ခဲ့သမျှ အားလုံးက လူများကိုလှည့်စားပြီး ဘောင်ခတ်ဖို့အတွက် ကြိုးစားမှု တစ်စိတ်တစ်ဒေသသာ ဖြစ်သည်။ အကိုးကွယ်ခံရဖို့အတွက် သူတို့ကိုယ်သူတို့ သက်သေပြဖို့ ကြိုးစားမှုသက်သက်သာ ဖြစ်သည်။ သူတို့ရာထူး နေရာများနှင့် ထမင်းစားလက်မှတ်များကို ထိန်းသိမ်းဖို့နှင့် ခိုင်မာဖို့အတွက် ပူပန်ကြသည်။ သူတော်ကောင်းယောင်ဆောင်မှုနှင့် ဘုရားကို ဆန့်ကျင်ခြင်းလမ်းမှားကို သူတို့ လျှောက်ကြသည်။ ဘုရားသခင်က သူတို့ကို ကျိန်ခြင်းအမင်္ဂလာပြုသည့်ထိ ဖြစ်စေသည့် ဘုရားသခင်ကို ဆန့်ကျင်ရသည့် သူတို့၏အကြောင်းရင်းသာ ဖြစ်သည်။

ဖာရိရှဲတို့က သမ္မာတရားကိုမမြတ်နိုးကြပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ ပညတ်တော်များကို စောင့်ထိန်းခြင်းတို့ကို တစ်ခါမှ အာရုံမစိုက်ခဲ့ကြပါ။ ဘာသာရေး ပွဲတော်များ ကျင်းပဖို့နှင့် ဘုရားသခင်ကို ဆန့်ကျင်ရာ လမ်းကြောင်းတစ်ခုပေါ် လျှောက်ဖို့ကို သူတို့အာရုံစိုက်ကြသည်။ ထို့ကြောင့် သခင်ယေရှုက အမှုတော်ဆောင်ကျဉ်းဖို့နှင့် တရားဟောပြောဖို့ ရောက်လာ သည့်အချိန်တွင်၊ ဘုရားသခင်ကိုဆန့်ကျင်သည့် သူတို့၏ သူတော်ကောင်းယောင် ဆောင်ခြင်းနှင့် ရန်လိုခြင်းဆိုသည့် ဆိုးယုတ်သည့် သဘာဝကို ဘုရားသခင်က လုံးဝဖော်ထုတ်ခဲ့သည်။ သခင်ယေရှု၏ နှုတ်ကပတ်တော် များက သြဇာအာဏာနှင့် တန်ခိုးရှိခြင်းကို ဖာရိရှဲတို့က ကောင်းကောင်းကြီး သိခဲ့သည်။ သူတို့က သခင်ယေရှု၏ နှုတ်ကပတ်တော်များနှင့် အမှုတော်၏ အရင်းအမြစ်နှင့် ဇစ်မြစ်အတွက် မကြိုးစားခဲ့ရုံသာမက၊ သခင်ယေရှုကို အငြိုးကြီးစွာတိုက်ခိုက်ပြီး အသရေဖျက်ခဲ့သည်။ သခင်ယေရှုက နတ်ဆိုးမင်းအားဖြင့် နတ်ဆိုးများကို နှင်ထုတ်နေခြင်းဟု ပြောခဲ့သည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးတို့နှင့် ပြည့်ဝနေသည့် သခင်ယေရှု၏ အမှုတော်ကို ရူးသွပ်မိုက်မဲခြင်းဟု သတ်မှတ်ကြသည်။ သန့်ရှင်းသည့်ဝိညာဉ်တော်ကို ကျိန်ဆဲခြင်းအပြစ်ကို ကျူးလွန်ခဲ့ကြပြီး၊ ဘုရားသခင်၏ စိတ်သဘောထားကို အပြင်းအထန်ပုန်ကန်ပြစ်မှားခဲ့သည်။ ဖာရိရှဲတို့က သခင်ယေရှုကို ကိုယ်တိုင်ကျိန်ဆဲခဲ့ကြပြီး၊ ရှုတ်ချခဲ့ကြရုံမကဘဲ၊ ယုံကြည်သူများကိုပါ သခင်ယေရှုကို ဆန့်ကျင်ရှုတ်ချဖို့ လှုံ့ဆော် ဖြားယောင်း ခဲ့ကြသေးသည်။ ယုံကြည်သူများက သခင်၏ ကယ်တင်ခြင်းကို ဆုံးရှုံးစေပြီး၊ ၎င်းတို့ကို သူတို့၏ဈာပနဆိုင်ရာ ရုပ်ဝတ္ထုများနှင့် သားကောင်များအဖြစ် ပြောင်းလဲပစ်လိုက်သည်။ ထို့ကြောင့် သခင်ယေရှုက သူတို့ကို ရှုတ်ချပြီး၊ ကျိန်ခြင်းပြုသည့်အခါ ဤကဲ့သို့ပြောခဲ့သည်။ “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်း ကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတား ကြ၏။” (မ ၂၃:၁၃) “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူ တ ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်းရေကြောင်းပတ်ပတ်လှည့်လည်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။” (မ ၂၃:၁၅) ထို့ကြောင့် ကျွန်တော်တို့သိမြင်နိုင်သည်။ ဖာရိရှဲတို့က ဘုရားသခင်ကို ဆန့်ကျင်ပြီး ကျိန်ဆဲသည့်အပြစ်ကို ကျူးလွန်ခဲ့သည့် ကြောင်သူတော်များ၊ ဘုရားသခင်၏ရန်သူများ အဖြစ် ရပ်တည်နေသည့် အန္တီခရစ်များဖြစ်သည်။ လူတို့၏ စိတ်ဝိညာဉ်ကို ဝါးမျိုပြီး၊ ငရဲရောက်အောင် သွေးဆောင် ဖြားယောင်းခဲ့ကြသည့် ဆိုးယုတ်သည့်အုပ်စုဖြစ်သည်။ ထို့ကြောင့် သခင်ယေရှုက ဖာရိရှဲတို့ကို သူတို့၏ ယုတ်မာသည့် အပြုအမူကြောင့် အမင်္ဂလာ ၇ ပါးနှင့် ရှုတ်ချခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်၏ ပုန်ကန်ပြစ်မှားလို့မရသည့် သန့်စင်မှုနှင့် ဖြောင့်မတ်သည့် စိတ်သဘောထားကို လုံးဝ သက်သေပြလိုက်ခြင်း ဖြစ်သည်။

ယခု ဖာရိရှဲတို့၏ သူတော်ယောင်အခြေအမြစ်နှင့်ပတ်သက်ပြီး ကျွန်တော်တို့ နည်းနည်းနားလည်သွားပြီ။ သို့ပါက ယခုခေတ် သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို ကြည့်ကြစို့။ သူတို့က သမ္မာကျမ်းစာဗဟုသုများနှင့် ဓမ္မပညာဆိုင်ရာ သဘောတရားများကို ရှင်းလင်းခဲ့ကြသည်။ ဘာသာရေးပွဲတော်များ ကျင်းပပြီး နည်းဥပဒေသများ ကို လိုက်စားကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း လုံးဝမရှိသကဲ့သို့၊ ကိုယ်တော့်၏ ပညတ်တော်များ ကိုလည်း မကျင့်သုံးကြ။ သူတို့က ဖာရိရှဲတို့နှင့် တစ်ပုံစံတည်း၊ သူတို့အလုပ်အကျွေးပြုရာ လမ်းကြောင်းပေါ်မှာ လျှောက်ရင်း ဘုရားသခင်ကို ဆန့်ကျင်နေခြင်း ဖြစ်သည်။ သခင်ယေရှု ပြောခဲ့သည်မှာ- “သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယကပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။” (မ ၂၂:၃၇-၃၉) ဘုရားသခင်ကို ချစ်မြတ်နိုးသူများက ကိုယ်တော့်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး၊ ကိုယ်တော့် အလိုတော်ကို နှလုံးသွင်းထားရမည်။ သူတို့၏ ညီအစ်ကိုမောင်နှမတို့၏ ဘဝများအတွက် တာဝန်ယူသင့်သည်။ ယခု သင်းအုပ်ဆရာများနှင့် အကြီးအကဲများက အသင်းတော်များပျက်စီးခြောက်ကပ်လာမှုနှင့်၊ ယုံကြည် သူတို့၏ ယုံကြည်မှုနှင့် ချစ်မေတ္တာတို့ ဆုတ်ယုတ်လာခြင်းကို ရင်ဆိုင်နေ ရသည်။ ယုံကြည်သူများအတွက် အသက်တာ၏ အသက်ရေကို ရှာမပေးကြပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်က သမ္မာတရားကို လာဖော်ပြပြီး၊ လူများကို အသက်ပေးသည့်အခါ၊ သူတို့ငြင်းပယ်ကြသည်၊ မလေ့လာသည့်အပြင်၊ လက်မခံကြပါ။ ၎င်းကို တောက်လျှောက် ဆန့်ကျင်ရှုတ်ချပြီး ယုံကြည်သူများကိုလည်း မှန်ကန်သည့်လမ်းစဉ်ကို မရှာဖွေအောင် ပိတ်ပင်ထားကြသည်။ ယုံကြည်သက်ဝင်သူများကို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က လူများနှင့် ဆက်သွယ်ခွင့် မပြုကြပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း ဖတ်ခွင့်မပေးပါ။ ပိုဆိုးသည်မှာ ကိုယ်တော့်၏ နိုင်ငံတော်အကြောင်း ဧဝံဂေလိတရားကို ဖြန့်ဝေသည့် ကျွန်တော်တို့၏ ညီအစ်ကို မောင်နှမများကိုလည်း ကျိန်ဆဲခြင်းတို့ တိုက်ခိုက်ခြင်းတို့ လုပ်ခဲ့သည်။ ရဲတပ်ဖွဲ့ကိုတောင် တိုင်ပြီး ဖမ်းခိုင်းကောင်း ဖမ်းခိုင်းမည်။ သူတို့က ယုတ်ညံ့ခြင်းများလုပ်ပြီး သူတို့လုပ်သမျှအားလုံးနှင့် ဘုရားသခင်ကို ဆန့်ကျင်နေကြခြင်း မဟုတ်ပါလား။ သူတို့လုပ်ရပ်က ဖာရိရှဲတို့ သခင်ယေရှုကို ဆန့်ကျင်ရှုတ်ချခဲ့သည့် လမ်းစဉ်နှင့် မည်သို့များကွာခြား သနည်း။ သူတို့၏ ရာထူးနေရာနှင့် ထမင်းစားလက်မှတ်များကို ကာကွယ်ဖို့၊ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက ယုံကြည်သူတို့ကို နောက်ဆုံးသောကာလမှာ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်မခံခိုင်းပါ။ လူများကို ငရဲပြည်ဆွဲခေါ်နေခြင်း မဟုတ်ပါလား။ သူတို့က သခင်ယေရှု မြွက်ကြားခဲ့သည့် ဆိုးညစ်သည့် အစေခံများ မဟုတ်ပါလား။ သူတို့က ခေတ်သစ်ဖာရိရှဲများမဟုတ်ပါလား။

သင်းအုပ်ဆရာများနှင့် အကြီးအကဲများက အမှန်တကယ် ယုံကြည်သူများ မဟုတ်သကဲ့သို့၊ ဘုရားသခင်ကို ဆက်ကပ်သူများ မဟုတ်ကြပါ။ စဉ်ဆက်မပြတ် သခင့်၏ နှုတ်ကပတ်တော်များကို သစ္စာဖောက်ဖျက်သည့် အပြင်၊ ကိုယ်တော့်၏ ပညတ်တော်များကို ပစ်ပယ်ပြီး ကိုယ်တော့်ကို သူတို့၏ရန်သူကဲ့သို့သတ်မှတ်ထားသည်။ ကောင်းကင်ဘုံ၌ ရှိသော အဘ၏ ဆန္ဒအတိုင်း လုပ်ဆောင်သည့် လူများဖြစ်သည်။ ကိုယ်တော့်၏ နိုင်ငံတော်ထဲကို ဝင်ရောက်ခွင့်ရမည်ဟု သခင်ယေရှုက ပြောခဲ့သည်။ သို့သော်လည်း၊ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက ယုံကြည်မှုကြောင့် ဖြောင့်မတ်ရာရောက်ရပြီး ကျေးဇူးတော်ကြောင့် ကယ်တင်ခံရမည် ဖြစ်သောကြောင့်၊ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ခွင့်ရမည်ဟု ပြောသည်။ သခင်၏နှုတ်ကပတ်တော်များကို သစ္စာဖောက်ပြီး၊ ကိုယ်တော်နှင့် ဆန့်ကျင်ဘက်စကားကိုဆိုနေကြခြင်း မဟုတ်ပါလား။ သခင်ယေရှုက “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။” (မ ၅:၃၇) ဟု ပြဠာန်းထား ခြင်း ဖြစ်သည်။ သို့သော်လည်း သင်းအုပ်ဆရာများနှင့် အကြီးအကဲများက မုသားများကို ဖြန့်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ကို ရှုတ်ချပြီး ကျိန်ဆဲကြသည်။ သူတို့က မှားယွင်းသည့် သက်သေကိုခံပြီး အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်ကို အသရေဖျက်နေကြသည်။ သခင်ယေရှုက- “ငါစေလွှတ်သောသူကိုလက်ခံသောသူသည် ငါ့ကိုလက်ခံ၏။” (ယော ၁၃:၂၀) ဟု ရှင်းရှင်းလင်းလင်းပြောထားသည်။ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက ယုံကြည်သူများကို နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်ဖြူးသည့် ညီအစ်ကိုမောင်နှမတို့ကို လက်ခံခွင့်မပြုပါ။ သူတို့ကို လက်ခံသည့်သူတိုင်းကို အသင်းတော်ကနေ ထုတ်ပယ်သည်။ သခင်ယေရှုက ဉာဏ်ပညာရှိသတို့သမီးများဖြစ်ဖို့ လူများကို ပြဠာန်းထားသည်။ မင်္ဂလာဆောင်လုလင်၏ အသံကို နားထောင်ပြီး၊ ကိုယ်တော့်ကို နှုတ်ခွန်း ဆက်သဖို့သွားရမည်။ သို့သော်လည်း သခင်ယေရှု၏ ပြန်ကြွလာခြင်းကို သက်သေခံသူကို သင်းအုပ်ဆရာများနှင့် အကြီးအကဲ များက ကြားသည်နှင့် သူတို့က မဆန်းစစ်ဘဲ ၎င်းကိုအကဲဖြတ်ပြီး ရှုတ်ချကြသည်။ ကျွန်မကမူ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက သခင်၏ နှုတ်ကပတ်တော် များထဲက မည်သည့်စာကြောင်းကိုများ လက်တွေ့လုပ်ဆောင်ကြသနည်း။ အမှန်တကယ်ပင် မသိတော့ပါ။ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက ဘုရားသခင်ကို တကယ်ယုံကြည်ပါက၊ ဘုရားသခင်ကို အနည်းငယ် ကြောက်ရွံ့သည်ဆိုပါက၊ ဤကဲ့သို့မုသားစကားမျိုးများကို ဖြန့်မည် မဟုတ်သကဲ့သို့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို တဇွတ်ထိုး ရှုတ်ချပြစ်တင်ပြီး ဆန့်ကျင်မှာမဟုတ်ပါ။ ဤသည်မှာ အမှန်တရား ဖြစ်သည်။ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက ခေတ်သစ် ဖာရိရှဲများဖြစ်သည်။ ဤကိစ္စ လုံးဝမှန်ကန်သည်။

ရုပ်ရှင်ဇာတ်ညွှန်း မေးခွန်းများအတွက် အဖြေများ မှ

ယခင်က၊ ဂျူးလူမျိုး ဖာရိရှဲများက တရားဇရပ်မှာ မကြာခဏ သမ္မာကျမ်းချက်များကို ရှင်းပြပြီး ယုံကြည်သူများအတွက် ဆုတောင်း ပေးသည်။ သူတို့က လူများအတွက် ဘုရားကို အတော်ချစ်သည့် ပုံပေါက်သည် မဟုတ်လား။ သို့ပါက သခင်ယေရှုက ဖာရိရှဲများကို အဘယ့်ကြောင့် ဖော်ထုတ်ပြီး ကျိန်ဆဲရသနည်း။ သခင်ယေရှုက သူတို့အပေါ် မှားခဲ့ခြင်း ဖြစ်ပါသလား။ ကျွန်တော်တို့က သခင်ယေရှု၏ နှုတ်ကပတ်တော်သည် သမ္မာတရား ဖြစ်ကြောင်းကို မယုံကြည်ကြခြင်း ဖြစ်ပါသလား။ ကျွန်တော်တို့က သခင်ယေရှု အမှား လုပ်ခဲ့သည်ဟု သံသယရှိနေခြင်း ဖြစ်ပါသလား။ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက သူတော်ကောင်း ယောင်ဆောင်သည့် ဖာရိရှဲများနှင့် အန္တိခရစ်များ ဟုတ် မဟုတ် ခွဲခြားခြင်းက လူများကို အပြင်ပန်းမှာ မည်သို့ဆက်ဆံကြောင်း ကို ကြည့်ရုံဖြင့် မပြီးနိုင်ပါ။ သူတို့ သခင်နှင့် သမ္မာတရားကို မည်သို့ ပြုမူဆက်ဆံကြောင်းကို ကြည့်ဖို့က အဓိကဖြစ်ပါသည်။ အပြင်ပန်းမှာမူ ယုံကြည်သူများကို ချစ်ပြနိုင်သော်လည်း သခင်ကိုရော ချစ်ခြင်းမေတ္တာရှိပါသလား။ သူတို့က လူများကို အတော်လေး ချစ်ပြသော်လည်း၊ သခင်နှင့်သမ္မာတရားကို မုန်းခြင်း ငြီးငွေ့ခြင်းများနှင့် ပြည့်နေပြီး အနန္တတန်ခိုးရှင်ဘုရားသခင်၊ နောက်ဆုံးသောကာလ ခရစ်တော်ကို ဝေဖန်ပြီး ရှုတ်ချ ကြပါက သူတို့က သူတော်ကောင်း ယောင်ဆောင်သည့် ဖာရိရှဲများမဟုတ်လား၊ သူတို့က အန္တိခရစ်များ မဟုတ်ပါလား။ သူတို့က အပြင်ပန်းမှာမူ ဟောပြောပြီး အလုပ်ကြိုးစားပုံ ရသော်လည်း၊ ဤသည်မှာ တကယ်တော့ သရဖူယူဖို့ နှင့် အကျိုးရယူဖို့ အတွက်သာ ဖြစ်ပါက၊ ဤသည်မှာ သခင့်ကို နာခံပြီး သစ္စာရှိသည်ဟု ဆိုနိုင်ပါမလား။ တစ်စုံတစ်ယောက်က သူတော်ကောင်း ယောင်ဆောင်ခြင်း ဟုတ် မဟုတ် ခွဲခြားသိမြင်နိုင်ဖို့ သူတို့၏ နှလုံးသားများထဲကို အဓိက ကြည့်ပြီး သူတို့၏ ရည်ရွယ်ချက်များကို မြင်ရမည်။ ဤသည်မှာ ခွဲခြားသိမြင်ခြင်းအကြောင်း၏ အရေးကြီးဆုံးအရာ ဖြစ်သည်။ ဘုရားသခင်က လူများ၏ နှလုံးသားကို စစ်ဆေးသည်။ ထို့ကြောင့် လူတစ်ယောက်က သခင့်ကို အစစ်အမှန်ချစ်ပြီး နာခံသလားဆိုတာ မြင်ဖို့ အဓိကအရာက သခင့်၏ နှုတ်ကပတ်တော်များကို လိုက်နာပြီး လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိ နှင့်၊ သူ့၏ ပညတ်တော်များကို ထိန်းသိမ်းခြင်း ရှိမရှိ တို့ကို ကြည့်ဖို့ဖြစ်သည်။ ထို့အပြင် သခင်ယေရှုကို ချီးမြှောက်ပြီး သက်သေခံခြင်း ရှိမရှိနှင့် သူတို့ ဘုရားသခင်၏ အလိုတော်ကို လိုက်နာခြင်း ရှိမရှိ တို့ကို ကြည့်ရမည်။ ဖာရိရှဲများ တရားဇရပ်မှာ လူများကို သမ္မာကျမ်းချက်များကို မကြာခဏရှင်းပြခြင်း အရာအားလုံးအတွက် သမ္မာကျမ်းစာ၏ စည်းမျဉ်းများကို စွဲကိုင်ခြင်းများနှင့် လူများကို ချစ်ပြခြင်းများကို ကျွန်တော်တို့ မြင်သည်။ သို့သော်လည်း တကယ့်လက်တွေ့မှာမူ၊ သူတို့လုပ်ခဲ့သည့်အရာ အားလုံးက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နေခြင်း၊ ဘုရားသခင်၏ ပညတ်တော်များကို ထိန်းသိမ်းခြင်းများ မဟုတ်ဘဲ၊ နှင့် လူများမြင်ဖို့ လုပ်ခဲခြင်းသာ ဖြစ်သည်။ သူတို့ကို သခင်ယေရှု ပြောခဲ့သကဲ့သို့ “သူတို့သည် ပြုသမျှသောအကျင့်အမှုတို့ကို လူများရှေ့မှာ ထင်ရှားစေခြင်းငှါပြုကြ၏။ ကျယ်သော လက်ဖွဲ့တို့ကို၎င်း၊ ကြီးသော ပန်းပွားတို့ကို၎င်း ဝတ်လေ့ရှိကြ၏။” (မ ၂၃:၅) သူတို့က တရားဇရပ်မှာ တမင်သက်သက် မတ်တပ်ရပ်ပြီး လမ်းထောင့်များမှာ ဆုတောင်းချက် အရှည်ကြီး တောင်းကြသည်။ အစာရှောင်ချိန် အတောအတွင်းမှာ သူတို့၏ မျက်နှာများ ကို တမင်တကာ အလွန်ညှိုးငယ်သည့်ပုံဖမ်းကြသည်။ သို့မှသာ သူတို့ အစာရှောင်နေသည်ကို လူများပြောနိုင်ကြမည် ဖြစ်သည်။ သူတို့က လူများအားလုံး မြင်နိုင်ဖို့အတွက် လမ်းပေါ်မှာ ကုသိုလ်ကောင်းမှုများကို တမင်သက်သက် လုပ်ကြသည်။ လက်ကို သသေချာချာမဆေးဘဲ မစားရကြောင်း ရှေးဟောင်း ဓလေ့ထုံးစံနှင့် ဘာသာရေး ဓလေ့များ ကိုပင် သူတို့ ဆက်စွဲကိုင်ထားကြသည်။ သူတို့ကို ထောက်ပံ့ ကိုးကွယ်ခြင်းများ အတွက် လူများကို လှည့်ဖြားဖို့ ဖာရိရှဲများက သူတို့ကိုယ်ကို သူတို့ ဖုံးကွယ်ဖို့ ကိစ္စအသေးလေးကနေ အကြီးကြီးဖြစ်အောင်လုပ်ပြီး၊ လူများကို ဘာသာရေးနှင့်ဆိုင်သည့် ကိုးကွယ်ခြင်း၊ သီချင်းဆိုခြင်းနှင့် ချီးမွမ်းခြင်းများကိုသာ လုပ်ခိုင်းသည် သို့မဟုတ် ဘိုးဘွားပိုင် တချို့ဓလေ့ထုံးစံများကို စွဲကိုင်ထားသည်။ သို့သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့ လုပ်ဆောင်ဖို့၊ ဘုရားသခင်၏ ပညတ်ချက်များကို ထိန်းသိမ်းဖို့ နှင့် သမ္မာတရား၏ စစ်မှန်ခြင်းထဲကို ဝင်ဖို့ လူများကို လမ်းမပြခဲ့ပါ။ ထို့အပြင် သူတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင် ဖို့နှင့် ဘုရားသခင်ကို နာခံပြီး ကိုးကွယ်ဖို့ လူများကို လမ်းမပြခဲ့ပါ။ ယုံကြည်သူများကို လှည့်ဖြား၊ ရှုပ်ထွေးစေဖို့ တချို့ အပြင်ပန်းလုပ်ဆောင်မှုများက သူတို့လုပ်ခဲ့သည့် အရာ အကုန်ဖြစ်သည်။ သခင်ယေရှု အမှုတော်ဆောင်ရွက်ဖို့နှင့် ဟောပြောဖို့ လာသည့်အခါ ဘုရားတရား ကိုင်းရှိုင်းဟန်ဆောင်သည့် ဖာရိရှဲများက သူတို့၏ ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းနှင့် အသက်မွေးမှုတို့ကို ကာကွယ်ဖို့အတွက် သမ္မာကျမ်းစာကို ခုခံကာကွယ်ခြင်းဆိုသည့် အယောင်ဆောင်မှု အောက်မှာ ဘုရားသခင်၏ ပညတ်ချက် ဥပဒေများကို အမှန်တကယ် ပွင့်ပွင့်လင်းလင်း ပစ်ပယ်ခဲ့သည်။ သူတို့က ကောလဟလများလုပ်ကြံဖန်တီးခြင်း၊ မမှန်သည့်သက်သေခံခြင်းနှင့် သခင်ယေရှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး၊ အကွက်ဆင်ခြင်း စသည့် ယုံကြည်သူများကို သခင်ယေရှု ကို နောက်လိုက်ရာကနေ ဟန့်တားဖို့ သူတို့ လုပ်နိုင်သည့်အရာများ အားလုံးလုပ်ခဲ့သည်။ အဆုံးမှာ သူတို့က သခင်ယေရှုကို ကားတိုင်ပေါ်မှာ သံမှိုးစွဲစီရင်ဖို့ အာဏာရှိသူများနှင့်ပင် ပူးပေါင်း ကြံစည်ခဲ့သည်။ ထို့ကြောင့် ဖာရိရှဲများ၏ သူတော်ကောင်းယောင်ဆောင်၊ သမ္မာတရားမုန်းသည့် အနှစ်သာရများက လုံးလုံးလျားလျားကို ပေါ်လာခဲ့သည်။ သူတို့၏ အန္တိခရစ်အနှစ်သာရက ဤနည်းနှင့် လုံးလုံးလျားလျား ထုတ်ဖော်ခံ လိုက်ရသည်။ ဖာရိရှဲများ၏ အနှစ်သာရက သူတော်ကောင်း ယောင်ဆောင်ခြင်း၊ သစ္စာဖောက်ခြင်း၊ လိမ်လည်လှည့်ဖြား ခြင်းနှင့် မလိုမုန်းထားခြင်းများကို ၎င်းက ဖော်ပြ နေသည်။ သူတို့အားလုံးက ဘုရားသခင်၏ လမ်းကို စွန့်ပယ်ပြီး လူများကို လှည့်ဖြား၊ လှောင်ပိတ်သည့် မှားယွင်းသည့် သိုးထိန်းများ သူတို့က ယုံကြည်သူများကို လှည့်ဖြား ချည်နှောင်ပြီး ဘုရားသခင်ကိုဆန့်ကျင်ဖို့ ဘာသာရေးလောကကြီးကို ထိန်းချုပ်သည်။ လူ့ဇာတိခံ ခရစ်တော်ကို ပြင်းပြင်းထန်ထန် ငြင်းပယ်၊ ရှုတ်ချပြီး မုန်းတီးကြသည်။ ဤသည်မှာ သူတို့က ကိုယ်ပိုင် လွတ်လပ်သည့် နိုင်ငံထောင် ချင်သည့် အန္တိခရစ်များ ဖြစ်ကြောင်း သက်သေပြဖို့ လုံလောက် ဖြစ်သည်။

ယခု ကျွန်မတို့ ဖာရိရှဲများ၏ သူတော်ကောင်း ယောင်ဆောင်မှု ဖွင့်ပြချက် အမျိုးမျိုးကို ရှင်းရှင်း လင်းလင်း မြင်ရသည်။ ယနေ့ ဘာသာရေး သင်းအုပ်ဆရာများ၊ အကြီးအကဲများနှင့် နှိုင်းယှဉ်သည့်အခါ သူတို့က ဖာရိရှဲများနှင့် အတူတူဖြစ်ကြောင်း နှင့် သခင့်၏ နှုတ်ကပတ်တော်ကို လက်တွေ့မလုပ်ဆောင် သကဲ့သို့ သခင့်၏ ပညတ်ချက် များကို မထိန်းသိမ်းသည့် လူများအားလုံးဖြစ်သည့်အပြင် သခင့်ကို ချီးမြှောက်ပြီး သခင့်အတွက် သက်သေခံသည့် လူများ မဟုတ်ကြကြောင်းကို ကျွန်မတို့ တွေ့ရှိရသည် မဟုတ်ပါလား။ သူတို့က သမ္မာကျမ်းစာကို မျက်ကန်း ယုံကြည်ကြ သူများ၊ သမ္မာကျမ်းစာကို ကိုးကွယ်ပြီး ထိန်းသိမ်းသည့် သူများ ဖြစ်သည်။ သူတို့က ဘာသာရေး ဓလေ့အမျိုးမျိုးဖြစ်သည့် ပုံမှန်ဝတ်ပြု စည်းဝေးတက်ခြင်း၊ မနက်ဝတ်၊ မုန့်ကို ချိုးဖဲ့ခြင်း၊ သန့်ရှင်းသည့်ပွဲတော်မှာ ပါဝင်ဆင်နွှဲခြင်း စသည်တို့ကို စွဲကိုင်ကြသည်။ သူတို့က လူများကို နှိမ့်ချဖို့၊ သည်းခံဖို့၊ ဘုရားကို ကိုင်းရှိုင်းဖို့နှင့် ချစ်ဖို့ ကို ဦးစားပေးပြောသော်လည်း သူတို့၏ နှလုံးသားထဲမှာမူ ဘုရားသခင်ကို မချစ်ဘဲ၊ သူတို့က ဘုရားသခင်ကို မနာခံသကဲ့သို့ ကြောက်ရွံ့ရိုသေသည့် နှလုံးသား လုံးဝမရှိကြပါ။ သူတို့၏ အလုပ်နှင့် ဟောခြင်းများက သမ္မာကျမ်း အသိပညာနှင့် ဓမ္မပညာဆိုင်ရာ သဘောတရားများကို ရှင်းပြခြင်း၊ စွဲကိုင်ခြင်းများအပေါ် အာရုံစိုက်ကြ သည်။ သို့သော်လည်း သခင်၏ နှုတ်ကပတ်တော်ကို မည်သို့ လက်တွေ့လုပ်ဆောင်ပြီး မည်သို့ တွေ့ကြုံခံစားပုံ၊ သခင်၏ ပညတ်ချက်များကို မည်သို့ ထိန်းသိမ်းပြီး သူ့၏ နှုတ်ကပတ်တော်ကို မည်သို့ ဖြန့်ဝေပြီး သက်သေခံပုံ၊ ကောင်းကင်အဖ၏ အလိုတော်ကို လူများ မည်သို့ လိုက်လျှောက်သင့်ပုံ၊ ဘုရားသခင်ကို မည်သို့ အစစ်အမှန် ချစ်ပုံ၊ နာခံပုံ၊ ပြီးလျှင် မည်သို့ ကိုးကွယ်ပုံ စသည့် သခင်ယေရှုက လူသားများကို စေခိုင်းသည့် ဤအမျိုးမျိုးသောအရာများနှင့် ပတ်သက်လာသည့်အခါ၊ သူတို့က သခင့်၏ ရည်ရွယ်ချက်များကို မရှာဖွေ၊ မလေ့လာ၊ မဖော်ထုတ်သည့်အပြင် လူများကို လက်တွေ့လုပ်ဆောင်ဖို့ လိုက်နာဖို့ ဦးမဆောင်ကြပါ။ သူတို့ နေရာတကာ လှည့်လည်ပြီး သမ္မာကျမ်းအသိ ပညာနှင့် ဓမ္မပညာသဘောတရားများကို ဟောပြောရခြင်း ၏ရည်ရွယ်ချက်က သူတို့ကိုသူတို့ ပြစားဖို့၊ တည်ဆောက်ဖို့နှင့် လူများ သူတို့ကို မော့ကြည့်ပြီး ကိုးကွယ်အောင်လုပ်ခြင်း ဖြစ်သည်။ ထို့ကြောင့်် အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားများကို ဖော်ပြပြီး နောက်ဆုံးသောကာလ သူ့၏ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ဖို့ လာသည့်အခါ၊ ဤ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက ဘာသာရေးလောကမှာ တည်မြဲသည့်စွမ်းအား ရယူဖို့အတွက်နှင့် သူတို့၏ ပန်းတိုင်ဖြစ်သည့် ယုံကြည်သူများကို ချုပ်ကိုင်ဖို့၊ သူတို့၏ ကိုယ်ပိုင် လွတ်လပ်သည့် နိုင်ငံဖန်တီးဖို့နှင့် သခင်ယေရှု၏ နှုတ်ကပတ်တော်များကို ပွင့်ပွင့်လင်းလင်း ချိုးဖောက်ဖို့ အတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကြမ်းကြမ်းတမ်းတမ်း စကားပြောဆိုခြင်း၊ တိုက်ခိုက်ခြင်း၊ ဝေဖန်ခြင်း၊ ကောလဟလ လုပ်ကြံဖန်တီးခြင်း၊ ယုံကြည်သူများကို စစ်မှန်သည့်လမ်း ရှာဖွေ စူးစမ်းလေ့လာခြင်းကနေ ပိတ်ဆို့ဖို့ သူတို့၏ အစွမ်းရှိသလောက် လုပ်ကြသည်။ ဥပမာ သခင်ယေရှုက လူများကို ပညာရှိသည့် သတို့သမီးများဖြစ်ဖို့ သွန်သင်ခဲ့သည်။ တစ်စုံတစ်ယောက်က “ကြည့်ပါ၊ မင်္ဂလာဆောင်လုလင်သည် လာပြီ” ဟု အော်ခြင်းကို တစ်ယောက်ကကြားသည့်အခါ သူ့ကို ကြိုဖို့ အပြင်ကို ထွက်သင့်သည်။ သို့သော်လည်း သင်းအုပ်ဆရာများနှင့် အကြီးအကဲများက သခင်ယေရှု ဒုတိယအကြိမ်ကြွလာ သည့်သတင်းကို ကြားပြီးသည့်အခါ၊ သူတို့က အသင်းတော်ကို ချိတ်ပိတ်ပြီး စစ်မှန်သည့်လမ်းကို ရှာဖွေ စူးစမ်းလေ့လာခြင်းမှနေ ယုံကြည်သူများကို တားဆီးဖို့ သူတို့ လုပ်နိုင်သလောက် လုပ်ကြသည်။ သခင်ယေရှုက "ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှချစ်ရမယ်" ဟု မိန့်တော်မူသည်။ သို့သော်လည်း သူတို့က နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို သက်သေခံသည့် ညီအစ်ကို မောင်နှမများကို အသရေဖျက်ဖို့နှင့် ရိုက်နှက်ဖို့ ယုံကြည်သူများကို လှုံ့ဆော်ခဲ့ကြသည်။ သခင်ယေရှုက လူကို မလိမ်ဖို့၊ မမှန်သည့်သက်သေမခံဖို့ ပြောခဲ့သော်လည်း သင်းအုပ်ဆရာများနှင့် အကြီးအကဲများက အနန္တတန်ခိုးရှင်ဘုရားသခင်ကို အသရေဖျက်ဖို့ အလိမ်အညာအမျိုးမျိုးကို လုပ်ကြံဖန်တီးပြီး အနန္တတန်ခိုးရှင် ဘုရားသခင်၏အသင်းတော်ကို ညစ်စွန်းစေကာ၊ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို ရှုတ်ချ၊ ဆန့်ကျင်ဖို့ ဆိုးယုတ်သည့် တရုတ်ကွန်မြူနစ်ပါတီအစိုးရနှင့်ပင် ပူးပေါင်းကြံစည်ခဲ့သည်။ ထို့ကြောင့် ဘာသာရေးသင်းအုပ်ဆရာများနှင့် အကြီးအကဲများပြောခြင်းနှင့် လုပ်ခဲ့ခြင်းများက သခင့်၏ သွန်သင်ခြင်းများကို လုံးလုံးလျားလျား ချိုးဖောက်နေသည်ကို တွေ့ရသည်။ သူတို့က သူတော်ကောင်း ယောင်ဆောင်သည့် ဖာရိရှဲများကဲ့သို့ဖြစ်သည်။ သူတို့အားလုံးက လူများကို လှည့်ဖြားပြီး ဘုရားသခင် ကို ဆန့်ကျင်ဖို့ မျက်စိစုံမှိတ် ဦးဆောင်နေသည့် လူများ ဖြစ်ပါသည်။

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ပိုဒ်ကို ဖတ်ကြပါစို့။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “၎င်းတို့၏ ယုံကြည်ခြင်းတွင်၊ ဘုရားသခင်အား နာခံခြင်းကို ရှာဖွေခြင်းမပြုသူများသည် ဘုရားသခင်ကို ဆန့်ကျင်ကြသည်။ ဘုရားသခင်ကို နာခံမှု ရရှိစေရန် ဘုရားသခင်က လူတို့အား သမ္မာတရားကို ရှာဖွေရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆာလောင်မွတ်သိပ်ကြရန်၊ ဘုရားသခင်၏ နှုတ်ကပတ် တော်ကို စားကြသောက်ကြရန်၊ ၎င်းတို့ကို လက်တွေ့ကျင့်သုံးရန် တောင်းဆိုသည်။ သင်၏ အရင်းခံအကြောင်းများသည် အမှန်စဉ်စစ် ဤကဲ့သို့ဖြစ်လျှင်၊ ဘုရားသခင်သည် သင့်ကို အသေအချာ ချီးမြှောက်ပြီး၊ သင့်အပေါ်သို့ အသေအချာ ကရုဏာ သက်ရောက်ပါလိမ့်မည်။ ဤသည်ကို မည်သူမျှ သံသယဖြစ်စရာ အကြောင်း မရှိနိုင်ပါ။ မည်သူမျှလည်း ပြောင်းလဲ၍မရပါ။ အကယ်၍ သင်၏ အခြေခံအကြောင်းရင်း များသည် ဘုရားသခင်ကို နာခံရန်မဟုတ်ဘဲ၊ သင့်မှာ အခြားရည်ရွယ်ချက်များရှိပါက၊ သင်ပြောသမျှ လုပ်သမျှ၊ သင်၏ဘုရားသခင်ရှေ့ ဆုတောင်းခြင်းများနှင့် သင်လုပ်သမျှတိုင်းသည်၊ ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်မည်။ သင်သည် ညင်သာစွာ စကားပြောပြီး၊ သိမ်မွေ့သူ ဖြစ်လင့်ကစား၊ သင်လုပ်သမျှနှင့် မျက်နှာအမူအရာသည် မှန်ကန်ပုံရနိုင်ပြီး၊ သင်သည် နာခံသူတစ်ယောက်ဟု ထင်ရနိုင်သော်လည်း၊ ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့် သက်ဆိုင်သည့် သင်၏ အရင်းခံအကြောင်းများ နှင့် သင်၏ အမြင်နှင့် ပတ်သက်၍ သင်လုပ်သမျှသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး၊ ဆိုးယုတ်၏။ သိုးကဲ့သို့ နာခံမည်ဟု ထင်ရ သော်လည်း ၎င်းတို့စိတ်ထဲတွင် ဆိုးယုတ် သော ရည်ရွယ်ချက်များ ကိန်းအောင်းနေသောသူများသည် သိုးရေ ခြုံထားသော ဝံပုလွေများဖြစ်ကြပြီး၊ ၎င်းတို့သည် ဘုရားသခင်ကို တိုက်ရိုက်စော်ကားကြကာ ဘုရားသခင်သည် ၎င်းတို့ တစ်ဦးတစ်ယောက်ကိုမျှ ချမ်းသာပေးမည်မဟုတ်ပေ။ သန့်ရှင်းသောဝိညာဉ်တော်က ၎င်းတို့တစ်ဦးချင်းကို ဖေါ်ထုတ်လိမ့်မည်။ ထို့ကြောင့် သူတော်ကောင်း ယောင်ဆောင်သူ တစ်ဦးချင်းသည် အမှန်တကယ်ပင် အလွန်မုန်တီးခြင်းခံရပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ပစ်ပယ်ခြင်း ခံရမည်ကို အားလုံး တွေ့ကြနိုင်လိမ့်မည်။ ပူပန်ခြင်းမရှိပါနှင့်။ ဘုရားသခင်က ၎င်းတို့ တစ်ဦးချင်းကို ကိုင်တွယ်၍ အလှည့်ကျ ဖြေရှင်းလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ကို ယုံကြည်ရာတွင် ဘုရားသခင်ကို နာခံသင့်သည်”) ဤဘာသာရေး သင်းအုပ်ဆရာ များနှင့် အကြီးအကဲများက အပြင်ပန်းကတော့ နှိမ့်ချ၊ သည်းခံပြီး ချစ်သည့်ပုံ ပေါ်သော်လည်း၊ သူတို့၏ နှလုံးသားထဲမှာတော့ ဖောက်ပြန်ခြင်း၊ လိမ်ညာခြင်း နှင့် မလိုမုန်းထားစိတ်များ ပြည့်နေသည်။ စစ်မှန်သည့်လမ်းကို ခုခံကာကွယ်၊ သိုးအုပ်ကို လုံလုံခြုံခြုံထား ဆိုသည့် အယောင်ဆောင်မှု အောက်မှာ သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ရှုတ်ချပြီး ဘာသာရေးလောကမှာ တည်မြဲသည့်စွမ်းအားနှင့် သူတို့၏ ကိုယ်ပိုင် လွတ်လပ်သည့်နိုင်ငံတည်ထောင်ဖို့ ဆိုသည့် သူတို့၏ ပန်းတိုင်ကို အရယူဖို့ ယုံကြည်သူများကို ထိန်းချုပ်ဖို့ အစီအစဉ်ဆွဲကြသည်။ သမ္မာတရားနှင့် ဘုရားသခင်ကို မုန်းသည့် ဤသူတော်ကောင်း အယောင်ဆောင် ဖာရိရှဲများက နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်က ဖော်ထုတ်ခဲ့သည့် ဘုရားသခင်ကို ဆန့်ကျင်သည့် ခေါင်းမာသည့် အန္တိခရစ်အုပ်စုများဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို အစစ်အမှန် ယုံကြည်သူများအားလုံးက သူတို့၏ သူတော်ကောင်း ယောင်ဆောင်သည့် အနှစ်သာရနှင့် ဆိုးယုတ်သည့် အန္တိခရစ် သဘာဝကို ခွဲခြားသိမြင်ဖို့ လေ့လာသင့်သည်။ သူတို့၏ လှည့်ဖြား၊ ရှုတ်ထွေးစေခြင်း၊ ပိတ်လှောင်ချခြင်း နှင့် ထိန်းချုပ်ခြင်းများကို နောက်ထပ် မခံရသင့်ပါ။ နောက်ဆုံးသောကာလ၏ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီး စစ်မှန်သည့်လမ်းကို ရှာဖွေ စူးစမ်းလေ့လာပြီး ဘုရားသခင်၏ ပလ္လင်တော်ရှေ့ကို ပြန်လာသင့်သည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

ယခင်က:မေးခွန်း ၃၁- နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ထဲက အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ တကယ့်နှုတ်တော်မှ မိန့်မြွက်ချက်များဖြစ်သည်ဟု သင်တို့ သက်သေခံကြသည်၊ သို့သော် ထိုအရာများက သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခံရသည့် တစ်စုံတစ်ဦး၏ စကားများဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။ ထို့ကြောင့်၊ ကျွန်ုပ်ရှာဖွေချင်သည့်အရာမှာ၊ လူ့ဇာတိခံ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့်အတူ တစ်စုံတစ်ဦး ပြောဆိုသည့် စကားများကြားက ကွဲပြားခြားနားချက်မှာ အတိအကျ မည်သည့်အရာနည်း။

နောက်တစ်ခုသို့:မေးခွန်း ၃၃- သခင်ယေရှုက သူ၏ အမှုတော်ကို လုပ်ဆောင်ဖို့ ကြွလာသည့်အချိန်တွင်၊ ဂျုးလူမျိုး ဖာရိရှဲတို့က သူ့ကို ပြင်းပြင်းထန်ထန် အာခံပြီး ရှုတ်ချခဲ့ကြသလို၊ ကားတိုင်တွင် သူ့ကို သံမှိုရိုက်ခဲ့ကြသည်။ ယခုတွင် နောက်ဆုံးသော ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူ၏အမှုတော်ကို လုပ်ဆောင်ဖို့ ကြွလာပြီဖြစ်သည့်အတွက် ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည်လည်း ဘုရားသခင်ကို ကားတိုင်တွင် တဖန် သံမှိုရိုက်လျက် ပြင်းပြင်းထန်ထန် အာခံပြီး ရှုတ်ချကြသည်။ အဘယ်ကြောင့် ဂျူးလူမျိုး ဖာရိရှဲများနှင့် ဘာသာရေး သင်းအုပ်ဆရာ၊ အကြီးအကဲများသည် သမ္မာတရားကို ထိုသို့ မုန်းတီးပြီး၊ မိမိကိုယ်ကိုယ် ခရစ်တော်ကို ထိုသို့နည်းဖြင့် ဆန့်ကျင်စကြသနည်း။ ၎င်းတို့၏ သဘာဝနှင့် အနှစ်သာရမှာ တိတိကျကျ အဘယ်အရာနည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ