အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

မေးခွန်း ၃၄- ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် အားကောင်းသည့် ကျမ်းစာအသိပညာ ရှိကြသည်၊ အခြားသူများအတွက် ကျမ်းစာကို ၎င်းတို့ မကြာခဏ အနက်ပြန်ပေးကြပြီး ကျမ်းစာကို လိုက်နာစေကြသည်။ ထို့ကြောင့် သမ္မာကျမ်းစာပေါ် အသေးစိတ်ရှင်းပြခြင်းနှင့် သမ္မာကျမ်းစာကို ချီးမြှောက်ခြင်းသည် အမှန်တကယ် သခင့်ကို သက်သေခံခြင်းနှင့် ချီးမြှောက်ခြင်း ဟုတ်ပါသလား။ ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် သူတော်ကောင်းအယောင်ဆောင် ဖာရိရှဲများဖြစ်သည်ဟု အဘယ်ကြောင့် ဆိုရပါသနည်း။ ဤကိစ္စရပ်အပေါ် ကျွန်ုပ်တို့ မရှင်းလင်းသေးပါ။ ကျွန်ုပ်တို့အတွက် ဤအရာကို ဖြေပေးနိုင်ပါမည်လား။

အဖြေ-

လူများအတွက် သမ္မာကျမ်းစာ ရှင်းပြခြင်းက မမှားသင့် သော်လည်း၊ တစ်ချိန်တည်းမှာပင် သူတို့က သမ္မာကျမ်းစာ ရှင်းပြရင်းဖြင့် သူတို့ အမှန်တကယ်လုပ်သည့် အပြုအမူများက ဘုရားသခင်ကို ဆန့်ကျင်သည့် အပြုအမူများဖြစ်သည်။ ဤလူများက မည်ကဲ့သို့လူမျိုးများ ဖြစ်သနည်း။ သူတို့က သူတော်ကောင်း ယောင်ဆောင်သည့် ဖာရိရှဲများ မဟုတ်ပါလား။ သူတို့က ဘုရားသခင်ကို ဆန့်ကျင်သည့် အန္တိခရစ်များ မဟုတ်ပါလား။ သင်းအုပ်ဆရာများနှင့် အကြီးအကဲများ၏ ရှင်းပြချက်များက အဘယ့်ကြောင့် ဘုရားသခင်ကို ဆန့်ကျင်ခြင်း ဖြစ်ရသနည်း။ ယင်းက အဘယ့်ကြောင့် ဘုရားသခင်ကို ရှုတ်ချသနည်း။ နားမလည်ဘဲ၊ သမ္မာကျမ်းစာကို ရှင်းပြခြင်းက ဘုရားသခင်ကို ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်းဖြစ်သည်ဟု ထင်နေသေးသည့် လူများ ရှိနေသေးသည်။ အရင်က ဂျူးလူမျိုး ယဇ်ပုရောဟိတ် အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲများ အားလုံးက လူများအား သမ္မာကျမ်းချက်များကို မကြာခဏရှင်းပြသည့် သမ္မာကျမ်း ပညာရှင်များနှင့် ကျွမ်းကျင်သူများဖြစ်သည်။ အကယ်၍ သမ္မာကျမ်းစာရှင်းပြခြင်းက ဘုရားသခင်ကို ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်းဆိုပါက သခင်ယေရှု အမှုတော်လုပ်ဆောင်ဖို့နှင့် ဟောပြောဖို့ လာသည့်အချိန်က သခင်ယေရှုကို အဘယ့်ကြောင့် ပြင်းပြင်းထန်ထန် ဆန့်ကျင် ရှုတ်ချပြီး အဆုံးမှာ သခင်ယေရှုကို ကားတိုင်မှာ သံမှိုစွဲပြီးစီရင်ဖို့ အစိုးရနှင့် ပူးပေါင်းကြံစည်ခဲ့ကြသနည်း။ ခေတ်သစ် ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများ အားလုံးက သမ္မာကျမ်းစာနှင့် ရင်းနှီးကျွမ်းဝင်သည့်သူများဖြစ်ပြီး၊ သမ္မာကျမ်းစာကို နှစ်ပေါင်းများစွာ ရှင်းပြလာခဲ့ကြသည့် သူများဖြစ်သည်။ အကယ်၍ သမ္မာကျမ်းစာရှင်းပြခြင်းက ဘုရားသခင်ကို ချီးမြှောက်ခြင်း နှင့် သက်သေခံခြင်း ဖြစ်ပါက၊ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားကို ဖော်ပြဖို့နှင့် သူ့၏ တရားစီရင်သည့် အမှုတော်ကို လုပ်ဆောင်ဖို့ လာသည့်အချိန်က သူတို့က အဘယ့်ကြောင့် ရှာဖွေ စူးစမ်းလေ့လာဖို့ ပျက်ကွက်ရုံသာမကပဲ၊ ထိုအစား ဆန့်ကျင်ပြီး ရှုတ်ချကြသနည်း။ ဤနေရာတွင် ပြဿနာက မည်သည့်အရာ ဖြစ်သနည်း။ ဤသည်မှာ ယုံကြည်သူအားလုံး ပြန်လည် ဆင်ခြင်စဉ်းစား သင့်သည့် ဆိုးရွားသည့် ပြဿနာတစ်ခု မဟုတ်ပါလား။ ထို့အပြင် အကယ်၍ ဘာသာရေးခေါင်းဆောင်များ သမ္မာကျမ်းစာရှင်းပြခြင်းက ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံခြင်းနှင့် တူညီပါက၊ ကျေးဇူးတော်ခေတ်မှာ သူလာသည့်အချိန်က သခင်ယေရှုက အဘယ့်ကြောင့် ဗိမာန်တော်မှာ အလုပ်မလုပ်ခဲ့သနည်း။ နောက်ဆုံးသောကာလ၏ အနန္တတန်ခိုးရှင် ဘုရားသခင်က သူလာသည့်အချိန်က အဘယ့်ကြောင့် အသင်းတော်မှာ အလုပ်မလုပ်ခဲ့သနည်း။ အဘယ့်ကြောင့်ဆိုသော် ဘာသာရေး ခေါင်းဆောင်များက ဘုရားသခင်ကို လုံးဝ မချီးမြှောက်၊ သက်သေမခံဘဲ၊ သူတို့က သူတော်ကောင်းယောင်ဆောင်သည့်၊ စိတ်ကြီးဝင်သည့် ဖာရိရှဲများဖြစ်သောကြောင့် ပင်တည်း။ သူတို့အားလုံးက ဘုရားသခင်ကို ဆန့်ကျင်ပြီး ဘာသာရေးကို ထိန်းချုပ်သည့် အန္တိခရစ်များဖြစ်သည်။ သူတို့က ဘုရားသခင်တည်ရှိဖို့ သို့မဟုတ် ဘာသာရေးလောကမှာ ဘုရားသခင်ကို သက်သေခံသည့် အသံများရှိဖို့ မည်ကဲ့သို့ ခွင့်ပြုနိုင်မည်နည်း။ အကယ်၍ အကယ်၍ လူဇာတိခံခရစ်တော်က ဘာသာတရားထဲသို့ လာပြီး အသင်းတော်မှာ အလုပ်လုပ်ပြီး တရားဟောပြောခဲ့ပါက၊ သူက အမှန်တကယ် အဖမ်းခံရမှာဖြစ်ပြီး၊ အာဏာရပါတီကို လွဲပြောင်းပေးခံရကာ ကားစင်တင်စီရင်ခံရ လိမ့်မည်။ အကယ်၍ လူများက ဘုရားသခင်ကို သက်သေခံဖို့ ဘာသာရေးအသင်းတော်များကိုသွားပါက သူတို့ အမှန်တကယ် အဖမ်းခံရပြီး ညှဉ်းဆဲခံရမှာဖြစ်သည်။ သခင်ယေရှု မိန့်တော်မူခဲ့သကဲ့သို့ “တောခွေးစုထဲသို့ သိုးတို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။” (မ ၁၀:၁၆) လူများက ဤအဖြစ်မှန်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးဘူး လား။ ဘာသာရေး ဖာရိရှဲများ၏ ဆန့်ကျင်ခြင်းနှင့် ဘုရားသခင်ကို ရှုတ်ချသည့် အချက်များကို အခြေခံပြီး သမ္မာကျမ်းစာကို ချီးမြှောက်ခြင်းက ဘုရားသခင်ကို သက်သေခံခြင်း ဟုတ် မဟုတ် ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရမည်။ ဘုရားသခင်ကို အမှန်တကယ် ချီးမြှောက်ပြီး သက်သေခံသည့်လူများက ဘုရားသခင်ကို ဆန့်ကျင် နိုင်ပါသလား။ သူတို့က ဘုရားသခင်ကို သူတို့၏ ရန်သူကဲ့သို့ မြင်နိုင်ပါသလား။ ထို့အပြင် ကျွန်တော်တို့အားလုံး သိရမည့်အရာမှာ သမ္မာကျမ်းစာက ဘုရားသခင်၏နှုတ်ကပတ်တော်သာမက လူ့၏ စကားများစွာ လည်း ပါဝင်ပါသည်။ ထို့ကြောင့် သမ္မာကျမ်းစာကို ချီးမြှောက်ခြင်းနှင့် ဘုရားသခင်ကို ချီးမြှောက်ခြင်း မတူပါ။ သမ္မာကျမ်းစာကို ထိန်းသိမ်းခြင်းနှင့် သခင်၏ ပညတ်တော်များကို ထိန်းသိမ်းခြင်းက မတူပါ။ ဘာသာရေး ဖာရိရှဲများ သမ္မာကျမ်းစာကို ရှင်းပြသည့်အခါ သူတို့က သမ္မာကျမ်းစာထဲမှ လူများ၏ စကားများကိုသာ အာရုံစိုက်ပြီး ရှင်းပြကြသည်။ သမ္မာကျမ်းစာ အသိပညာနှင့် ဓမ္မပညာသဘောတရားများကို ရှင်းပြခြင်းနှင့် လူများ၏ စကားများကို ပြောပြီး သက်သေခံကြသည်။ သို့သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သက်သေခံဖို့၊ ဖြန့်ဝေဖို့နှင့် သမ္မာကျမ်းစာထဲမှ ဘုရားသခင်ဖွင့်ပြသည့် သမ္မာတရားများကိုမူ အာရုံမထားကြပါ။ ဤသည်မှာ ဘုရားသခင်ကို ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း ဖြစ်သည်ဟု ပြောနိုင်သေးရဲ့လား။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် သစ္စာဖောက်ခြင်းမဟုတ်ပါ လား။ ထို့ကြောင့် သမ္မာကျမ်းစာကို ရှင်းပြခြင်းကို ဘုရားသခင်ကို ချီးမြှောက်ပြီး၊ သက်သေခံခြင်းဟု ထင်သည့်လူများအားလုံးက ဝိညာဉ်ရေးရာ ကိစ္စများကို နားမလည်ဘဲ ပြဿနာ၏ အနှစ်သာရကို ထိုးဖောက်မမြင်နိုင် ကြပါ။ သူတို့က ရှုပ်ထွေးနေသည့်သူများ၊ ဘာသာရေး ခေါင်းဆောင်များ နောက်ကိုလိုက်ပြီး မျက်စိစုံမှိတ် ယုံကြည်ကိုးကွယ်နေသည့် လူများဖြစ်သည်။ ဤသည်မှာ အမှန်တရား မဟုတ်ပါ လား။

ယခင်က ဂျူးလူမျိုး ဖာရိရှဲများက သမ္မာကျမ်းစာအသိပညာနှင့် အယူဝါဒများကို ရှင်းပြဖို့သာ အာရုံထားကြသကဲ့သို့၊ ဘာသာရေးဓလေ့များကို စိတ်ပါဝင်စားပြီး၊ ဘာသာရေး စည်းမျဉ်းများနှင့် လူများ၏ ရိုးရာများ လေ့လာခြင်းကို အာရုံထားကြ သော်လည်း၊ ဘုရားသခင်၏ ပညတ်ချက်များကို ပစ်ပယ်ပြီး၊ ဘုရားသခင်၏လမ်းကို သွေဖယ်ခဲ့ကြသည်။ ဤသို့နှင့် သခင်ယေရှုလာသည့်အခါ သူတို့က သခင်ယေရှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်၊ ရှုတ်ချပြီး သူ့ကို ကားတိုင်မှာ သံမှိုစွဲ ကြသည်။ ရလဒ်အနေနှင့်၊ သူတို့က ဘုရားသခင်၏ ကျိန်ဆဲပြီး အပြစ်ဒဏ်ပေးခြင်းခံရသည်။ ယနေ့ ဘာသာရေးသင်းအုပ်ဆရာ များနှင့် အကြီးအကဲများက မကြာခဏ သမ္မာကျမ်းစာကိုရှင်းပြပြီး၊ လူများကို သမ္မာကျမ်းစာကို သက်သေခံခြင်းများလုပ်ကြသော်လည်း၊ သူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖြန့်ဝေဖို့နှင့် သက်သေခံဖို့ အာရုံမထားကြ သို့မဟုတ် သခင်ယေရှု၏အလိုတော်နှင့် လူသားအတွက် သူ့၏ သတ်မှတ်ချက်များကို ဟောပြောဖို့ အလေးမပေးကြဘဲ၊ သခင်ယေရှု၏ အံ့ဖွယ် အနှစ်သာရနှင့် နှစ်သက်ဖွယ်ဖြစ်ခြင်းများကိုလည်း သက်သေမခံကြပါ။ သူတို့က သခင်၏ နှုတ်ကပတ်တော်များကို လူများ လက်တွေ့လုပ်ဆောင်ဖို့နှင့် တွေ့ကြုံခံစားဖို့ လမ်းညွှန်မပေးရုံသာမကဘဲ၊ သခင့်၏ ပညတ်ချက်များကို ထိန်းသိမ်းဖို့နှင့် ဘုရားသခင်၏ အလိုတော်ကို လိုက်ဖို့အတွက် အလေးမထားကြပါ။ သူတို့က သမ္မာကျမ်းစာထဲမှ လူ၏စကားများကို ရှင်းပြဖို့နှင့် ချီးမြှောက်ဖို့ကိုသာ အာရုံစိုက်ကြသည်။ သမ္မာကျမ်းစာထဲမှ လူများ၏ စကားများကို ဘုရားသခင်၏ စကားများအဖြစ်ခံယူပြီး၊ သမ္မာတရားအဖြစ် လက်တွေ့လုပ်ဆောင်ကာ ထိန်းသိမ်းဖို့ တခြားသူများကို လုပ်ခိုင်းသည်။ ပြဿနာများကို သူတို့ ဖြေရှင်းသည့်အခါမှာလည်း သမ္မာကျမ်းစာထဲမှ ဘုရားသခင်၏ နှုတ်ကပတ်တော်အစား သမ္မာကျမ်းစာထဲမှ လူများ၏ စကားများအပေါ် အများဆုံး အခြေခံကြသည်။ သူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပစ်ပယ်ဖို့နှင့် ဆန့်ကျင်ဖို့ သမ္မာကျမ်းစာထဲမှ လူများ၏စကားကို သုံးကြသည်။ ဥပမာအားဖြင့် ကောင်းကင်နိုင်ငံတော်ကို ဝင်သည့်ကိစ္စမှာ သခင်ယေရှုက လူများကို ရှင်းရှင်းလင်းလင်း ပြောသည်မှာ၊ “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (မ ၇:၂၁) ဟု ဖြစ်သော်လည်း၊ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက သခင်ယေရှု၏ နှုတ်ကပတ်တော်ကို ဘေးဖယ်ထားပြီး၊ သမ္မာကျမ်းစာထဲမှ လူသားများပြောထားသည့် စကားများကိုသာ သမ္မာတရားအဖြစ် စံသတ်မှတ်ထားပြီး ကောင်းကင် နိုင်ငံတော်ဝင်ဖို့ သခင့်အတွက် အားသွန်ခွန်စိုက် အလုပ်လုပ်ဖို့သာ လိုသည်ဟု လူများကို သင်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပစ်ပယ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနေရာမှာ လူ၏စကားများကို သုံးကြပြီး ရလဒ်အနေနှင့်၊ လူများကို လမ်းလွဲစေကြသည်။ ဤသည်မှာ ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများ၏ ဘုရားသခင်ကို ဆန့်ကျင်သည့် အဖောက်ပြန်ဆုံးနှင့် မလိုမုန်းထားဆုံး သွင်ပြင်လက္ခဏာများသာ ဖြစ်သည်။ သူတို့က သမ္မာကျမ်းစာကို အဆက်အစပ်မရှိဘဲ အနက်ဖွင့်ကြသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆန့်ကျင်ပြီး ရှုတ်ချဖို့ သမ္မာကျမ်းစာထဲမှ လူ၏ စကားများကို သုံးပြီး ယုံကြည်သူများကို ထိန်းချုပ်ဖို့၊ ချည်နှောင်ဖို့နှင့် လှည့်ဖြားဖို့ မည်သို့မှ မရပ်တန့်ဘဲ၊ နောက်ဆုံးသောကာလ၏ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို လက်ခံခြင်းနှင့် စူးစမ်းလေ့လာ ခြင်းများမှနေ ပိတ်ဆို့ကြပြီး သူတို့၏ ထိန်းချုပ်မှုအောက်မှာ အခိုင်အမာ ထားကြသည်။ အနန္တတန်ခိုးရှင်ဘုရားသခင် ပြောသည့်အတိုင်းပင်- “ဂိုဏ်းဂဏတိုင်း၏ ခေါင်းဆောင်များကို ကြည့်လော့။ သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသူများဖြစ်ပြီး သမ္မာကျမ်းစာကို လိုချင်သည့်စကားလုံးများသာ ကောက်ယူ၍ မိမိတို့ကိုယ်ပိုင် စိတ်ကူးနှင့်အညီ အနက်ဖွင့်ကြသည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် စာပေကျမ်းဂန်နှံ့စပ်ခြင်းကို အားထားကြသည်။ အကယ်၍ သူတို့သည် မည်သည့်အရာကိုမျှ ဟောပြောခြင်းငှာ မတတ်စွမ်းနိုင်ခဲ့ပါက ထိုလူများသည် သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်နှင့် လှည့်ဖြားမှုအချို့ကို မည်ကဲ့သို့ အသုံးပြုရမည်ကိုလည်း သိကြသည်။ ထိုအရာများကို အသုံးပြုလျက် သူတို့သည် လူများကို မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ကြပြီး၊ လှည့်ဖြားကြသည်။ အမည်ခံသဘောအရ ထိုလူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း လက်တွေ့သဘောတွင်မူ သူတို့သည် သူတို့၏ခေါင်းဆောင်များနောက်သို့ လိုက်ကြသည်။ သူတို့သည် စစ်မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရလျှင် သူတို့ထဲမှ အချို့တို့သည် ‘ငါတို့၏ ယုံကြည်မှုနှင့် ပတ်သက်၍ ငါတို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်’ ဟု ဆိုကြသည်။ သူတို့၏ယုံကြည်ခြင်းသည် လူတစ်ယောက်၏ အတည်ပြုခြင်းကို လိုအပ်နေလေသည်၊ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များကကော အဘယ်အရာများ ဖြစ်လာကြသနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် စစ်မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ တိုက်မိ၍ လဲစရာများ ဖြစ်လာကြသည် မဟုတ်လော။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းသည်သာ ဘုရားသခင်အား စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်”) ဤအချက်များအပေါ်အခြေခံပြီး ထိုဘာသာရေး သင်းအုပ်ဆရာများ နှင့် အကြီးအကဲများ သမ္မာကျမ်းစာကို ရှင်းပြခြင်းက ဘုရားသခင်ကို သက်သေခံခြင်းနှင့် ချီးမြှောက်ခြင်း ဖြစ်သည်ဟု ကျွန်တော်တို့ မည်ကဲ့သို့ပြောနိုင်မည်နည်း။ သူတို့ကဘုရားသခင်ကို ဆန့်ကျင်ဖို့ သမ္မာကျမ်းစာနှင့် အဆက်အစပ်မရှိခြင်းများကို ယူပြီး သမ္မာကျမ်းစာကိုတလွဲ အနက်ပြန်ဖို့ သမ္မာကျမ်းစာ ရှင်းပြသည့်အခွင့်အရေးမှနေ အကျိုးအမြတ်ယူ နေခြင်းမဟုတ်ပါ လား။ စစ်မှန်သည့်လမ်းကို လက်ခံပြီး ဘုရားသခင်ဆီကို ပြန်လာသည့်လူများအတွက် သူတို့က အဟန့်အတားများနှင့် ခလုတ်ကန်သင်းများဖြစ်လာသည်မှာ ကြာခဲ့ပြီဖြစ်ပြီး၊ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်က ဖော်ထုတ်ပေးခဲ့သည့် အန္တိခရစ်များဖြစ်သည်မှာ အတိအကျပင် ဖြစ်သည်။ လူများက ဤအချက်ကို ရှင်းရှင်းလင်းလင်း မမြင်သေးဘူးလား။

လူများ၏ အယူအဆအရ၊ သမ္မာကျမ်းစာကိုရှင်းပြခြင်းက ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံခြင်း နှင့်တူသော်လည်း ဖာရိရှဲများနှင့် ဘာသာရေးခေါင်းဆောင်များ သမ္မာကျမ်းစာကို ရှင်းပြခြင်းမှနေ ဤသည်မှာ တကယ့် အကြောင်းအရာ မဟုတ် ကြောင်းကို ကျွန်တော်တို့ မြင်နိုင်သည်။ ဘာသာရေးဖာရိရှဲများ ချီးမြှောက်ပြီး၊ သက်သေခံနေခြင်းများက သမ္မာကျမ်းစာကိုသာ ဖြစ်သည်၊ ဘုရားသခင်ကို မဟုတ်ပါ။ သူတို့၏ ဟောပြောခြင်းက လူများ၏ စကားများကို အဓိကရှင်းပြနေခြင်းဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်မဟုတ်ပါ။ သူတို့က လူ၏စကားများကို သမ္မာကျမ်းစာထဲမှာ အစားထိုးဖို့သုံးပြီး၊ ဘုရား၏နှုတ်ကပတ်တော်များကို ဆန့်ကျင်ခဲ့သည်။ ပြီးတော့ ဘုရားသခင်၏အကြောင်းကို ကောက်ချက်ချပြီး၊ ဘုရားသခင်ကို ဆန့်ကျင်ဖို့ သမ္မာကျမ်းစာထဲ လူ၏စကားများကို အဆက်အစပ်မရှိ ယူကြသည်။ သူတို့၏ သမ္မာကျမ်းစာကိုရှင်းပြသည့်ရည်ရွယ်ချက်က ဘုရားသခင်ကို ချီးမြှောက်ဖိုနှင့် သက်သေခံဖို့ မဟုတ်ဘဲ၊ သူတို့၏ စက်ဆုပ်ဖွယ်ကောင်းသည့် ရည်ရွယ်ချက်များကို ရယူပြီး လူများကို လှည့်ဖြား ထိန်းချုပ်ဖို့ ဖြစ်သည်။ ဤကဲ့သို့ သမ္မာကျမ်းစာကို ရှင်းပြခြင်းက ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် ဆိုးညစ်ခြင်းကို လုပ်ခြင်းဖြစ်သည်။ ထိုအတွက်ကြောင့် အမှုတော်အတွက် ဘုရားသခင် လာသည့်အခါ၊ လူများကို မြဲမြဲဆက်စွဲဆောင်ဖို့ သမ္မာကျမ်းစာကို သုံးခဲ့သည်။ သမ္မာကျမ်းစာကို မျက်ကန်းယုံကြည်စေပြီး၊ စွဲကိုင်ထားစေပြီး သူတို့အားလုံးကို ဘုရားသခင်ကို ဆန့်ကျင်သည့်လမ်းကို ခေါ်သွားကြသည်။ ဤသည်မှာ ဖာရိရှဲများနှင့် ဘာသာရေးခေါင်းဆောင်များ၏ သမ္မာကျမ်းစာကို ရှင်းပြခြင်းက ဘုရားသခင်ကို ဆန့်ကျင်ခြင်းပဲဆိုသည့် အဓိပ္ပါယ်ကို ပြနေသည်။ သူတို့က ဘုရားသခင်ကို ခုခံပြီး ဆန့်ကျင်ဖို့၊ သူတို့၏ ကိုယ်ပိုင်လွတ်လပ်သည့် နိုင်ငံတည်ထောင်ဖို့ သမ္မာကျမ်းစာနှင့် အဆက်အစပ်မရှိသည့် လူ၏ စကားများကို အပြည့်အဝ ယူကြသည်။ သို့ပါက တစ်စုံတစ်ယောက်က ဘုရားသခင်ကို ချီးမြှောက်ဖို့နှင့် သက်သေခံဖို့ သမ္မာကျမ်းစာကို မည်ကဲ့သို့ရှင်းပြသင့်သနည်း။ သမ္မာကျမ်းစာမှတ်တမ်းများက ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်အကြောင်း သက်သေခံချက်များသာ ဖြစ်သည်။ သမ္မာကျမ်းစာကိုရှင်းပြခြင်း ဆိုသည်မှာ သမ္မာကျမ်းစာထဲမှ သမ္မာတရားများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ ဘုရားသခင်ကို ချီးမြှောက်ဖို့နှင့် သက်သေခံဖို့ဖြစ်သည်။ သမ္မာကျမ်းစာထဲမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ဝေဖို့နှင့် သက်သေခံဖို့ ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံပြီး ဘုရားသခင်၏ သတ်မှတ်ချက်များအရ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မိတ်သဟာယဖွဲ့ဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ သမ္မာတရားကို မိတ်သဟာယဖွဲဖို့ ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အမှုတော်နှင့် သူ့၏ စိတ်သဘောထားများအပေါ် လူ၏သက်သေခံချက်များကို ယူဆောင်လာဖို့နှင့် ဘုရားသခင်၏ အနှစ်သာရနှင့် သူ့၏ နှစ်သက်စရာကောင်းခြင်းတို့ကို သက်သေခံဖို့ဖြစ်သည်။ ယင်းမှာ လူများကို ဘုရားသခင်၏ နှုတ်ကပတ် တော်များကို လက်တွေ့လုပ်ဆာင်ဖို့ ဦးဆောင်ဖို့ ဖြစ်သည်။ သို့မှသာ ဘုရားသခင်၏နှုတ်ကပတ်တော်၏ လက်တွေ့ ဘဝကို ဝင်စားခွင့်ကို ရမှာဖြစ်သည်။ ယင်းမှာ သခင်ယေရှုကို ချီးမြှောက်ဖို့နှင့် အရာရာတိုင်းမှာ သူ့ကို သက်သေခံဖို့ ဖြစ်သည်။ ဤကဲ့သို့နည်းလမ်းများနှင့် သမ္မာကျမ်းစာကို ရှင်းပြခြင်းကသာ ဘုရားသခင်ကို ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်းဖြစ်သည်။ ဘုရားသခင်၏ နှလုံးသားကိုရှာပြီး ဘုရားသခင်ကို အမှန်တကယ် အစေခံခြင်း ဖြစ်ပါသည်။ သမ္မာကျမ်းစာထဲမှ လူ့၏စကားများက အကိုးအကားနှင့် ဖြည့်စွက်ချက် အတွက်ပဲသုံးနိုင်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မည်သည့်အခါမျှ မနှိုင်းယှဉ်နိုင်ပါ။ သို့သော်လည်းဘာသာရေးသင်းအုပ်ဆရာများနှင့် အကြီးအကဲများက သမ္မာကျမ်းစာထဲမှ လူ၏ စကားများကိုသာ အလေးထားပြီး ရှင်းပြကြသည်။ သူတို့က သမ္မာကျမ်းစာထဲမှ လူ၏စကားများကို ဘုရား၏ နှုတ်ကပတ်တော်အဖြစ်၊ သမ္မာတရားအဖြစ်နှင့် သူတို့၏ အပြုအမူနှင့် အနေအထိုင်အတွက် လမ်းညွှန်ချက် အဖြစ်၊ သူတို့ ပြဿနာများ ကိုင်တွယ်သည့်အခါ အခြေခံနည်းလမ်းများအဖြစ်နှင့် သုံးကြသည်။ သို့သော်လည်း သူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖော်ပြခဲပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်နေရာမှာ လူ၏ စကားများနှင့် အစားထိုးသုံးပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နောက်ချန်ခဲ့သည်။ ဤကဲ့သို့ နှုတ်ကပတ်တော် ရှင်းပြခြင်းမျိုးက ဘုရားသခင်ကို သက်သေခံခြင်းလား၊ ဤသည်မှာ လူကို ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်းပဲမဟုတ်ပါလား။ ထို့အပြင် သူတို့ သမ္မာကျမ်းစာကိုရှင်းပြသည့်အခါ သူတို့က ဓမ္မပညာဆိုင်ရာ သဘောတရားများကိုပဲ အလေးထား ရှင်းပြပြီး၊ သူတို့ထင်ပေါ်ဖို့ သမ္မာကျမ်းစာထဲမှ ပါဝင်သူများ၊ နေရာဒေသများ နှင့် သမိုင်းကြောင်းနောက်ခံများ ကိုရှင်းပြကြသည်။ ယင်းမှာ လူများကို လှည့်ဖြားပြီး ထောင်ချောက်ဆင်ခြင်းသာ မဟုတ်ပါလား။ ဤသည်မှာ လူများ သူတို့နောက်လိုက်ပြီး ကိုးကွယ်အောင် လုပ်ခြင်းသာ မဟုတ်ပါလား။ ယခင်က ထို သူတော်ကောင်း ယောင်ဆောင်သည့် ဖာရိရှဲများက လူများကို လှည့်ဖြားပြီး ထိန်းချုပ်ဖို့အတွက် သမ္မာကျမ်းစာကို တလွဲအနက်ဖွင့်ဖို့ သမ္မာကျမ်းစာ ရှင်းပြသည့်အခွင့်အရေးမှနေ အကျိုးအမြတ်ယူခဲ့ပြီး၊ အဆုံးမှာ ယုံကြည်သူများ ဘုရားသခင်ကို ဆန့်ကျင်ပြီး လူနောက်လိုက်ဖို့ လမ်းကို ခေါ်သွားကာ၊ ဂျူးဘာသာကို ဘုရားသခင်ကိုဆန့်ကျင်သည့် လွတ်လပ်သည့် နိုင်ငံအဖြစ် ရောက်စေခဲ့ပါသည်။ နောက်ဆုံးသောကာလမှာ၊ ဘာသာရေးသင်းအုပ်ဆရာများနှင့် အကြီးအကဲများက လူများ သမ္မာကျမ်းစာကို မျက်စိစုံမှိတ်ယုံကြည်ပြီး ကိုးကွယ်ဖို့ သမ္မာကျမ်းစာရှင်းပြခြင်းမှနေ အကျိုးအမြတ်ယူပြီး၊ လူများ၏ နှလုံးသားထဲမှာ ဘုရားသခင်၏ နေရာကို အစားထိုးဖို့ သမ္မာကျမ်းစာကို အသုံးပြုနေကြသည်။ ဘုရားသခင်ကို ဆန့်ကျင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သစ္စာဖောက်သည့် လမ်းပေါ်ကို ယုံကြည်သူများကို အမှတ်တမဲ့ ခေါ်သွားခဲ့သည်။ ဘာသာရေးလောကကိုလည်း ဘုရားသခင်၏ အမှုတော်ကို အတိုက်အခံလုပ်သည့် ခိုင်မာသည့် ခံတပ်ဖြစ်သည့် ဘုရားသခင်ကို ဆန့်ကျင်သည့် လွတ်လပ်သည့် နိုင်ငံတစ်ခုအဖြစ် ပြောင်းလဲသွားစေခဲ့ပါသည်။ သူတို့လုပ်သည့် သမ္မာကျမ်းစာ ရှင်းပြခြင်းက ဘုရားသခင်ကို စော်ကားပြောဆိုခြင်း၊ ဆန့်ကျင်ခြင်းသာ မဟုတ်ပါလား။ ဤသည်မှာ အန္တိခရစ် ဖာရိရှဲများ၏ ဘုရားသခင်ကိုဆန့်ကျင်သည့် ပရိယာယ်ဖြစ်ပြီး သူတို့၏ ကိုယ်ပိုင် လွတ်လပ်သည့်နိုင်ငံကို တည်ထောင်ခြင်း အတိအကျသာ မဟုတ်ပါလား။ ဤသည်မှာ ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံခြင်းဖြစ်သည်ဟု မည်သို့ ပြောနိုင်မည်နည်း။ ဘုရားသခင်ကို ဆန့်ကျင်သည့် ဘာသာရေး ဖာရိရှဲများ၏ စဉ်းလဲမှုက လူများကို လှည့်ဖြားပြီး ထိန်းချုပ်ဖို့အတွက် သမ္မာကျမ်းစာကို တလွဲအနက်ဖွင့်ဖို့ သမ္မာကျမ်းစာ ရှင်းပြသည့်အခွင့်အရေးကို သုံးခြင်းအပေါ်မှာ တည်နေသည်။ သမ္မာကျမ်းစာဆိုတာ မူလက ဘုရားသခင်၏ သက်သေခံချက် တစ်ခုသာဖြစ်သည်။ လူများ၏ အယူအဆအပေါ် အခြေခံပြီး၊ သူတို့ သမ္မာကျမ်းစာကို မည်ကဲ့သို့သာ ရှင်းပြရှင်းပြ သူတို့က ဘုရားသခင်ကို အမြဲတမ်း သက်သေခံနေသည်။ သို့သော်လည်းသူတော်ကောင်းယောင်ဆောင်သည့် ဖာရိရှဲများက လူ၏ ဤအယူအဆမှနေ အကျိုးအမြတ်ယူကြပြီး၊ သူတို့အတတ်နိုင်ဆုံး သမ္မာကျမ်းစာကို ချီးမြှောက်ပြီး သက်သေခံကြသည်။ သူတို့က လူများကို လှည့်ဖြားပြီး ဘုရားသခင်ကို ဆန့်ကျင်ဖို့နှင့် ဘုရားသခင်ကို အစားထိုးဖို့ သမ္မာကျမ်းစာကို သုံးကြသည်။ ဤသည်မှာ လူများအားလုံးကို သမ္မာကျမ်းစာကို မျက်ကန်းယုံကြည်စေပြီး၊ ကိုးကွယ်အောင်လုပ်ခြင်းဖြစ်သည့်အပြင်၊ လူများကို သူတို့လို သမ္မာကျမ်းစာပညာရှင်များနောက်ကိုလိုက်ပြီး ကိုးကွယ်စေသည်။ ထို့ကြောင့် ဘုရားသခင်ကို သစ္စာဖောက်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ စာတန်၏ ဘုရားသခင်ကို ဆန့်ကျင်ဖို့နှင့် လူများကိုလှည့်ဖြားဖို့ အဖောက်ပြန်ဆုံး၊ အကောက်ကျစ်ဆုံး ပရိယာယ်ဖြစ်ပြီး ဤရှုထောင့်က လူများအတွက် ထိုးဖောက်မြင်နိုင်ဖို့ အခက်ဆုံးနှင့် သူတို့က လူများကို လှည့်ဖြားဖို့ အလွယ်ဆုံး ရှုထောင့်သာဖြစ်သည်။

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်နှစ်ပိုဒ်ကို ကြည့်ကြစို့ “ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုတတ်သော ထိုသူများသည် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရွတ်နေသည့်တိုင် ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်ကို မည်သူမျှ နားမလည်။ ဘုရားသခင်ကို မည်သူမျှ မသိကျွမ်းနိုင်ကြသည့်အပြင်၊ ဘုရားသခင်၏ စိတ်နှလုံးနှင့်လည်း မည်သူမျှ တစ်ထပ်တည်းမကျပေ။ သူတို့သည် အသုံးမကျသောသူများဖြစ်၍ ဆိုးရွားသောသူများဖြစ်ကာ ဘုရားသခင်ကိုပင် သွန်သင်ရန် အမြင့်တွင် ကိုယ်စီရပ်တည်နေကြ၏။ သူတို့သည် ဘုရားသခင်၏နာမကို ကိုင်ဆောင်ပြတတ်သော်လည်း ဘုရားသခင်ကို တမင်ဆန့်ကျင်တတ်ကြ၏။ သူတို့သည် ဘုရားသခင်ကို ယုံကြည်သူများအဖြစ် ကိုယ့်ကိုယ်ကိုယ် တံဆိပ်ကပ်ထားကြသော်လည်း သူတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်သောသူများပင် ဖြစ်ကြ၏။ ထိုကဲ့သို့သောသူအားလုံးသည် လူ့ဝိညာဉ်ကို ဝါးမျိုတတ်သည့် မာရ်နတ်များ ဖြစ်ကြပြီး၊ မှန်ကန်သောလမ်းသို့ ခြေလှမ်းရန် ကြိုးစားသူတို့ကို ရည်ရွယ်ချက်ရှိစွာဖြင့် အနှောင့်အယှက်ပေးတတ်သော နတ်ဆိုးများဖြစ်ကြကာ၊ ဘုရားသခင်ကို ရှာဖွေသောသူတို့၏လမ်းကို ဟန့်တားကြန့်ကြာစေမည့် ခလုတ်တံသင်းများဖြစ်ကြ၏။ သူတို့သည် ‘အကြမ်းပတမ်းဇာတိခန္ဓာ’ များ ဖြစ်ကြသော်လည်း၊ သူတို့သည် အန္တိခရစ်များဖြစ်ကြကာ လူများအား ဘုရားသခင်တစ်ဘက် ဆန့်ကျင်ဘက်ပြုရန် ဦးဆောင်သောသူများဖြစ်ကြောင်း သူတို့၏ နောက်လိုက်များက မည်သို့သိနိုင်မည်နည်း။ ဤသူများမှာ ဝိညာဉ်များကို ဝါးမျိုရန် အထူးသဖြင့် ရှာဖွေနေကြသည့် ရှင်သန်နေသော နတ်ဆိုးများဖြစ်သည်ကို သူတို့သည် မည်ကဲ့သို့သိနိုင်မည်နည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်”) “သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ကြာသည်အထိ ယုံကြည်ခဲ့သော်လည်း ဘုရားသခင်ကို တစ်ခါမျှ မနာခံဖူးလျှင် (သို့မဟုတ်) သူ၏ နှုတ်ကပတ်တော် အားလုံးကို လက်မခံဖူးဘူးဆိုလျှင်၊ ထိုအစား ဘုရားသခင်အား သင်၏ အကြံအစည်များအတိုင်း ပြုမှုရန်နှင့် သင့်ကို လိုက်လျောရန် တောင်းဆိုမည်ဆိုလျှင် သင်သည် လူများ အားလုံးထဲတွင် အပုန်ကန်ဆုံးသူ ဖြစ်သည်၊ သင်သည် မယုံကြည်သူ တစ်ဦးပင်ဖြစ်သည်။ ထိုသို့သော သူတစ်ဦးက လူတို့၏ အယူအဆနှင့် ကိုက်ညီမှုမရှိသော ဘုရားသခင်၏ အလုပ်နှင့် နှုတ်ကပတ်တော်များကို မည်သို့ နာခံနိုင်သနည်း။ အပုန်ကန်ဆုံး သူသည် ဘုရားသခင်ကို တမင်သက်သက် ဖီဆန်၊ အာခံသူ ဖြစ်သည်။ သူသည် ဘုရားသခင်၏ ရန်သူ၊ အန္တိခရစ် ဖြစ်သည်။ ထိုသို့သောသူသည် ဘုရားသခင်၏အမှုသစ်အပေါ် ရန်လိုသော သဘောထားကို အစဉ်တစိုက် ကိုင်စွဲထားပြီး နာခံလိုသည့်သဘော နည်းနည်းလေးမျှမရှိ၊ နာခံလိုစိတ်ကို လိုလိုလားလား တစ်ခါမျှ မပြဖူး၊ သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် တစ်ခါမျှ မနှိမ့်ချဖူးပေ။ သူသည် အခြားလူများရှေ့၌ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်လေ့ရှိပြီး မည်သူ့ကိုမျှ မနာခံဖူးပေ။ ဘုရားသခင်၏ရှေ့၌ သူသည် သူ့ကိုယ်သူ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောကြားရာ၌ အကျွမ်းကျင်ဆုံးသူ၊ အခြားသူများကို ပြုပြင်ရာတွင် အကျွမ်းကျင်ဆုံးသူအဖြစ် သတ်မှတ်လေ့ရှိသည်။ သူသည် လက်ဝယ်ပိုင်ဆိုင်ထားပြီးသော ‘အဖိုးတန်ရတနာများ’ ကို ဘယ်တော့မျှ မစွန့်ပစ်ဘဲ ဝတ်ပြုကိုးကွယ်ရန်၊ အခြားသူများကို တရားဟောရန်နှင့် သူ့ကို ဘုရားကဲ့သို့ ကိုးကွယ်ကြသော အရူးများကို သင်ကြားပို့ချရန်အတွက် ထိုပစ္စည်းများကို ဘိုးစဉ်ဘောင်ဆက်အမွေပစ္စည်းများအဖြစ် သတ်မှတ်အသုံးပြုသည်။ အသင်းတော်ထဲ၌ ထိုသို့သောသူများမှာ အရေအတွက် အတိုင်းအတာ တစ်ခုအထိရှိသည်။ သူတို့ကို ဘုရားသခင်၏အိမ်တော်၌ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ယာယီနေထိုင်သော ‘နှိမ်နင်း၍မရသည့် သူရဲကောင်းကြီးများ’ ဟုခေါ်နိုင်သည်။ သူတို့သည် နှုတ်ကပတ်တော်များအား (အယူဝါဒ) ဟောပြောခြင်းကို ၎င်းတို့၏ အမြင့်မားဆုံးသော တာဝန်အဖြစ် မှတ်ယူကြသည်။ တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သူတို့၏ ‘အလေးအမြတ်ထားပြီး မချိုးဖောက်အပ်သော’ တာဝန်ကို အခြားသူများ လိုက်နာလုပ်ဆောင်အောင် သူတို့သည် အားသွန်ခွန်စိုက် လုပ်နေကြသည်။ မည်သူကမျှ သူတို့ကို မထိရဲ၊ တစ်ယောက်တလေကမျှ သူတို့ကို ပေါ်ပေါ်ထင်ထင် အပြစ်မတင်ရဲပေ။ သူတို့သည် တစ်ခေတ်ပြီးတစ်ခေတ် အခြားသူများကို အာဏာရှင်တစ်ဦးကဲ့သို့ ဆက်ဆံပြီး ပွားများနေကြလျက် ဘုရားသခင်၏အိမ်တော်၌ ‘ဘုရင်များ’ ဖြစ်လာကြသည်။ ထိုနတ်မိစ္ဆာအဖွဲ့သည် အချင်းချင်းလက်တွဲပြီး ငါ့အမှုကို ဖျက်ဆီးရန် ကြိုးစားကြသည်၊ အသက်ရှင်နေသော ထိုနတ်မိစ္ဆာများကို အဘယ်သို့ ငါ့မျက်စိရှေ့၌ ဆက်လက်နေထိုင်ခွင့် ပေးနိုင်မည်နည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည်”) သိသာထင်ရှားသည်မှာ၊ ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများက သမ္မာကျမ်းစာကို မကြာခဏ ရှင်းပြသော်လည်း၊ သူတို့က ဘုရားသခင်ကို သိပြီး သမ္မာတရားကို နားလည်သည့်လူများ မဟုတ်ကြပါ။ သူတို့က သူတော်ကောင်းယောင်ဆောင်သည့် ဖာရိရှဲများ အတိအကျပင် ဖြစ်သည်။ သူတို့က မှားယွင်းသည့် သိုးထိန်းများဖြစ်ပြီး၊ လူများကို လှည့်ဖြား ထိန်းချုပ်၊ ချည်နှောင် ဒုက္ခပေးသည့် အလုပ်လုပ်သူများ ဖြစ်သည်။ သူတို့က ခရစ်တော်ကို ငြင်းပယ် ရှုတ်ချဖို့ အတိုင်းအတာတစ်ခုအထိ ဘုရားသခင်ကို ဆန့်ကျင်ပြီး အတိုက်အခံလုပ်ခြင်းနှင့် လူများအားလုံးကို စာတန်၏ ကြံရာပါနှင့် ရုပ်သေးရုပ်များ ဖြစ်အောင် ဦးဆောင်သည်။ ဤသည်မှာ ပြဿနာဖြစ်သည်ကို မျက်စိရှိသည့် သူတိုင်း မြင်နိုင်သည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

သင်းအုပ်ဆရာများနှင့် အကြီးအကဲများ၏ သမ္မာကျမ်းစာအကြောင်း ရှင်းပြခြင်း နှင့် ချီးမြှောက်ခြင်းများသည် သခင့်ကို ချီးမြှောက်ခြင်း နှင့် သက်သေခံခြင်း တို့နှင့် မတူသည့် အားလျော်စွာ၊ သခင့်ကို အမှန်တကယ် ချီးမြှောက်ခြင်း နှင့် သက်သေခံခြင်း ဆိုသည်မှာ အဘယ်နည်း။ သခင့်ကို အမှန်တကယ် ချီးမြှောက်ခြင်း နှင့် သက်သေခံခြင်းတို့သည် ကျွန်တော်တို့ သမ္မာကျမ်းစာကို မည်သို့ အနက်အဓိပ္ပါယ်ကောက်သည် ဆိုသည့် အချက်နှင့် မဆိုင်ပါ။ အဓိကအချက်က၊ သူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိ၊ ကိုယ်တော့်အမှုတော်ကိုတွေ့ကြုံနိုင်ခြင်း ရှိမရှိ တို့ ဖြစ်သည လူများက သမ္မာတရားကိုချစ်မြတ်နိုးရင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းရခြင်းကို ရရှိလိမ့်မည်။ ပြီးလျှင် မှန်ကန်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော် ကို သိကျွမ်းခြင်းနှင့် အတွေ့အကြုံကို ရရှိမည်။ ဤဗဟုသုတကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခြင်းနှင့် ဖန်တီးထားခြင်းဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ်သိခြင်း ဆိုသည်မှာ ၎င်းကို ဆိုလိုခြင်း ဖြစ်သည်။ ထိုစစ်မှန်သည့် အတွေ့အကြုံနှင့် သက်သေရပ်တည်ခြင်းတို့ကို မိတ်သဟာယ ဖွဲ့ခြင်းက၊ ဘုရားသခင်ကို အမှန်တကယ်ချီးမြှောက်ခြင်းဖြစ်ပြီး၊ သက်သေခံခြင်းလည်းဖြစ်သည်။ ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံသည့် လူများပြောသည့် ကိုယ်တော့်အကြောင်း မှန်ကန်သည့်သိကျွမ်းခြင်းကို သူတို့၏ ကိုယ်ပိုင်အယူအဆ၊ စိတ်ကူးစိတ်သန်း သို့မဟုတ် ဆင်ခြင်တွေးခေါ်မှုမှနေ မရရှိနိုင်ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူတို့၏ရိုးစင်းသည့် ရှင်းလင်းချက်မှနေလည်း သေချာပေါက်မရနိုင်ပါ။ ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံသူများက သမ္မာကျမ်းစာထဲမှ ဘုရားသခင်၏နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင်၏ လူများဆီကို တောင်းဆိုချက်များ၊ ကိုယ်တော့်၏ စိတ်သဘောထားနှင့် ကိုယ်တော့်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို မိတ်သဟာယယဖွဲ့ဖို့တို့ကိုသာ အာရုံစိုက်ကြသည်။ လူများကို ဘုရားသခင်၏ အလိုတော်နှင့် စိတ်သဘောထားကို နားလည်စေပြီး၊ ဘုရားသခင်ကို အမှန်တကယ်သိစေဖို့သာ ဖြစ်သည်။ ဤသို့နှင့် လူများက ဘုရားသခင်ကို အမှန် တကယ်ကြောက်ရွံ့ပြီး လိုက်နာကြမည်။ ဤကဲ့သို့ သမ္မာကျမ်းစာရှင်းလင်းချက်များနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့ခြင်းတို့က သူတို့ ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံကြသည့်နည်း ဖြစ်သည်။ သို့သော်လည်း သင်းအုပ်ဆရာများနှင့် အကြီးအကဲများ သမ္မာကျမ်းကို ရှင်းလင်းသည့်အခါ၊ သူတို့က အမှန်တကယ် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ သမ္မာတရား၏ အခြေခံကို မိတ်သဟာယဖွဲ့နိုင်ကြသလား။ ဘုရားသခင်၏ အလိုတော်ကို မိတ်သဟာယဖွဲ့နိုင်ပါသလား။ ဘုရားသခင်၏ စိတ်သဘောထား ကိုရော သက်သေခံနိုင်ကြပါသလား။ သူတို့က တခြားလူများကို ဘုရားသခင်အကြောင်းသိအောင်၊ လိုက်နာအောင်၊ သို့မဟုတ် ကြောက်အောင်လုပ်နိုင်ပါသလား။ ဘာသာရေးအသိုင်းအဝိုင်းက၊ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက သမ္မာတရားကို မုန်းတီးပြီး၊ ဘုရားသခင်ကို ဆန့်ကျင်သည်ဆိုသည့် အချက်က ပြသပြီးဖြစ်သည်။ ဤသည်မှာ သူတို့၏သဘာဝအမှန်ပင် ဖြစ်သည်။ သူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင် ကြသကဲ့သို့၊ ကိုယ်တော့်အမှုတော်ကို မတွေ့ကြုံကြပါ။ သူတို့က ကိုယ်တော့်၏ အလိုတော်တို့ တောင်းဆိုချက်တို့ကို လုံးဝနားမလည်ကြပါ။ ပြီးလျှင် ကိုယ်တော့်၏ စိတ်သဘောထား၊ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို နားမလည်သည်မှာ သေချာသည်။ ထို့ကြောင့် သူတို့ကဘုရားသခင်နှင့်ပတ်သက်ပြီး မှန်ကန်သည့် ဗဟုသုတကို မိတ်သဟာယမဖွဲ့နိုင်ပါ။ ပြီးလျှင် သခင်ယေရှု၏ ဘုရားဖြစ်ခြင်း အနှစ်သာရသို့မဟုတ် နှစ်သက်ဖွယ်ကြန်အင်ကိုလည်း သက်သေမခံနိုင်ပါ။ သူတို့က သမ္မာကျမ်းဆိုင်ရာ အသိပညာနှင့် ဓမ္မပညာဆိုင်ရာ သဘောတရားများကိုသာ ရှင်းလင်းခြင်းဖြစ်သည်။ သို့မဟုတ် သမ္မာကျမ်းစာထဲမှ ဇာတ်ကောင်များ၏ ဇာတ်လမ်းတချို့ကို လူများလေးစားကြည်ညိုအောင် သမိုင်းနောက်ခံနှင့်အတူ ရှင်းလင်းပြခြင်း သာဖြစ်သည်။ သူတို့က သခင့်ကို ချီးမြှောက်ပြီး သက်သေခံနေခြင်း လုံးဝမဟုတ်ပါ။

ထိုအရာနှင့်ပင် မကသေးဘဲ၊ သင်းအုပ်ဆရာတွေနှင့် အကြီးအကဲများက အများအားဖြင့် သမ္မာကျမ်းစာထဲမှ ပေါလု၏ စကားများကဲ့သို့၊ လူသား၏ စကားတို့ကိုပဲ ရှင်းလင်းကြသည်။ ပေါလု၏ စကားအရ၊ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊” (၂ တိ ၃:၁၆) ဟု ဆိုထားသည်။ သူတို့က သမ္မာကျမ်းစာထဲမှ စကားအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအလား ယူဆကြသည်။ ဤသည်မှာ ဘာသာရေးအသိုင်းအဝိုင်းတစ်ခုလုံးကို တမန်တော်များ၏ စကားများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအဖြစ် ယုံစားစေပြီး၊ ယုံကြည်သူတို့ကို ထိုစကားများအတိုင်း လက်တွေ့လုပ်ဆောင်ပြီး လေ့လာစေသည်။ သူတို့က တရားဟောကြားသည့်အခါ၊ မိတ်သဟာယဖွဲ့သည့်အခါ၊ သို့မဟုတ် သက်သေခံသည့်အခါ၊ တမန်တော်များ၏ စကားများကို ကြိမ်ဖန်များစွာ ညွှန်းဆိုနေကြသည်။ သို့သော်လည်း၊ သူတို့က ဘုရားသခင်နှင့် သခင်ယေရှု တို့ကိုမူ နည်းသထက်နည်း၍ ညွှန်းဆိုကြသည်။ အဆုံးသတ်ရလဒ်ကမူ သမ္မာကျမ်းစာ ထဲမှ ဘုရားသခင်နှင့် သခင်ယေရှု၏ နှုတ်ကပတ်တော်များ အားလုံးက အစားထိုးခံရပြီး ပယ်ဖျက်ပစ်ခံရသည်။ လူများ၏ နှလုံးသားထဲမှာ ပေါလုနှင့် တခြားတမန်တော်များ၏ နေရာက ဆက်တိုက်တိုးပွားလာ သည့်အခါ၊ သခင်ယေရှု၏ နေရာက ဆက်တိုက်လျော့နည်းလာ ပြီဖြစ်သည်။ ဤသည်မှာ ပေါလု၏ စကားများနှင့်အတူ၊ သမ္မာကျမ်းစာထဲမှ တခြားလူတို့၏ စကားများက လူများ၏ နှလုံးသားများကို သိမ်းပိုက်စေသည်။ လူများက သခင်ယေရှုကို အမည်ခံယုံကြည်ကြသော်လည်း၊ တကယ်တမ်းကျ၊ သမ္မာကျမ်းစာ ထဲမှ ပေါလုကဲ့သို့ လူသားများ၏ စကားများအရသာ ရှေ့ဆက်လုပ်နေကြသည်။ သူတို့ကိုယ်ပိုင်လမ်းကြောင်းအတိုင်း ဘုရားသခင်ကို ယုံကြည်ကြသည်။ ဘုရားသခင်ကို ဤကဲ့သို့ နည်းလမ်းနှင့် ယုံကြည်နေသူများက သခင်၏လမ်းစဉ်မှနေ မလွဲချော်ဘဲနေမလား။ ဤကဲ့သို့ဆက်ကပ်ပုံက ဘုရားသခင်၏ အလိုတော်အတိုင်း ဖြစ်ပါ့မလား။ ဥပမာပြောရရင်၊ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ခြင်းနှင့် ပတ်သက်ပြီး တစ်ခါက သခင်ယေရှုဤကဲ့သို့မြွက်ဆိုခဲ့သည်။ “ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၁) သို့သော်လည်း သင်းအုပ်ဆရာများနှင့် အကြီးအကဲတို့ကမူ ပေါလု၏စကားများအရသာ ကယ်တင်ခြင်းနှင့် ကောင်းကင် နိုင်ငံတော်ကို ဝင်ခွင့်ရခြင်းအကြောင်းကို ပြောကြသည်။ ဤသည်မှာ သခင်ယေရှု၏ နှုတ်ကပတ်တော်များကို လုံးဝသစ္စာဖောက် ခြင်းသာဖြစ်သည်။ ရလဒ်ကမူ ယုံကြည်သူအများစုက ဘုရားသခင်၏ အလိုတော်ကို မည်ကဲ့သို့လိုက်နာရမည်ကို မသိကြတော့ပါ။ မည်ကဲ့သို့လူမျိုးများက ကောင်းကင်နိုင်ငံတော်ကို ဝင်ခွင့်ရမည်ကို ရှင်းရှင်းလင်းလင်းနားမလည်ကြတော့ပါ။ လူများက ပေါလု၏ စကားများကို သူတို့၏ ဆောင်ပုဒ်ကဲ့သို့ သုံးကြသည်။ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည် ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေဩဝါဒစာဒုတိယစောင် ၄:၇-၈) သင်းအုပ်ဆရာများနှင့် အကြီးအကဲများက တခြားလူများကို သင်ပေးခြင်းက၊ ပေါလုလုပ်ခဲ့သကဲ့သို့ သခင့်အတွက် အလုပ်အကျွေးပြုပြီး ဒုက္ခဝေဒနာကို သည်းခံသရွေ့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ခွင့်ရမည်ဟု ဆိုသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူများ၏ စကားများနှင့် အစားထိုးပစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖယ်ရှားပစ်လိုက်သည်။ ရလဒ်ကမူ သူတို့က လူများကို လမ်းမှားဦးဆောင်နေခြင်းသာဖြစ်သည် သူတို့က သမ္မာကျမ်းကို ဤကဲ့သို့ နည်းလမ်းနှင့် ရှင်းလင်းသည့်အခါ၊ သူတို့က ဘုရားသခင်ကို ချီးမြှောက်ခြင်း သို့မဟုတ် သက်သေခံခြင်းဖြစ်ပါသလား။ ကျွန်တော်ကမူ သူတို့က ဘုရားသခင်နှင့် တိုက်ရိုက်ဆန့်ကျင်ဘက် ရောက်နေသည် ဟု ထင်သည်။ ဤပြဿနာက အရမ်းအရေးကြီးသည်။ ဘာသာရေး သင်းအုပ်ဆရာများ နှင့် အကြီးအကဲများက မကြာခဏ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သမ္မာကျမ်းစာထဲမှ လူတို့စကားများ နှင့် အစားထိုးပစ်သည်။ ယခု ဤလုပ်ရပ်၏ အကျိုးဆက်ကို ကျွန်တော်တို့ ရှင်းသင့်ပြီ မဟုတ်ပါ လား။ လူအများက သခင့်ကို နှစ်ပေါင်းများစွာယုံကြည်လာပြီး၊ သူ့ကို အဘယ့်ကြောင့် မသိကြသေးသနည်း။ သခင်၏ နှုတ်ကပတ်တော်များကို အဘယ့်ကြောင့် တစ်ခါမှမတွေ့ကြုံဖူး သနည်း။ သခင့်ကို ဤကဲ့သို့ နည်းလမ်းနှင့် ယုံကြည်ကြသည့် သူတို့က မည်ကဲ့သို့ သမ္မာတရားတို့၊ အသက်တို့ကို ရရှိနိုင်မည်နည်း။ ဤသည်မှာ သင်းအုပ်ဆရာများနှင့် အကြီးအကဲတို့က သမ္မာကျမ်းထဲမှ လူတို့စကားများကို ရှင်းလင်းသက်သေခံပြီး၊ သူတို့နောက်လိုက် သူများကို ထိုစကားများကိုစောင့်ရှောက်ဖို့ တိုက်တွန်းသောကြောင့် မဟုတ်ပါလား။

နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်က ဘာသာရေးအသိုင်းအဝိုင်းက အန္တိခရစ် မကောင်းဆိုးဝါးများဖြစ်သည့် သင်းအုပ်ဆရာများနှင့် အကြီးအကဲများ ကို ဖော်ထုတ်ခဲ့သည်။ ထိုကဲ့သို့ မဟုတ်ပါက၊ သူတို့၏ သမ္မာကျမ်းစာကို ချီးမြှောက်ခြင်းနှင့် ရှင်းလင်းခြင်းတို့က အမှန်မှာမူ လူများကို လှည့်စားထိန်းချုပ်ဖို့ ပျံ့နှံ့နေသည့် နည်းလမ်းများ ဖြစ်ကြောင်းကို မည်သူမျှ သိမြင်နိုင်မှာမဟုတ်ပါ။ မည်သူမျှ သမ္မာတရားကို သိမြင်နိုင်မှာမဟုတ်ပါ။ သူတို့က ဘုရားသခင်၏ ရန်သူများအနေနှင့် ကိုယ်ပိုင်လွတ်လပ်သည့် နိုင်ငံတော်တည်ထောင် နေကြခြင်း ဖြစ်သည်။ ဟိုတစ်ချိန်၊ ဖာရိရှဲတို့ သမ္မာကျမ်းစာကို ချီးမြှောက်ပြီး သက်သေခံခဲ့သည်။ သမ္မာကျမ်းထဲမှ ဘုရားသခင်ကိုမူ ကန့်သတ်ခဲ့ကြသည်။ သမ္မာတရားကို မရှာဖွေခဲ့သကဲ့သို့၊ ဘုရားသခင်၏ ခြေလှမ်းတော်တို့နောက်လိုက်ဖို့ မကြည့်ခဲ့ပါ။ သူတို့၏ရှင်းချက်အနေနှင့် သခင်ယေရှုက ဓမ္မဟောင်းကျမ်းကို လိုက်နာဖို့ ငြင်းပယ်ခြင်းကို အသုံးချပြီး ကိုယ်တော့်ကို ကားစင်တင်ခဲ့သည်။ သူတို့က အလွန့်အလွန်ပြင်းထန်သည့်အပြစ်ကို ကျူးလွန်ခဲ့သည်။ နောက်ဆုံးသောကာလက သင်းအုပ်ဆရာများနှင့် အကြီးအကဲများကလည်း ဖာရိရှဲတို့အတိုင်းဖြစ်သည်။ သူတို့လည်း သမ္မာကျမ်းစာကိုချီးမြှောက်ပြီး သက်သေခံသည်။ သမ္မာကျမ်းစာထဲမှာ ဘုရားသခင်ကို ဘောင်ခတ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်က သမ္မာကျမ်းစာအပြင်မှာ မရှိ၊ သမ္မာကျမ်းစာကို ယုံကြည်ခြင်းက ဘုရားသခင်ကိုယုံကြည်ဖို့ ဖြစ်သည်၊ သမ္မာကျမ်းစာက ဘုရားသခင်ကို ကိုယ်စားပြုသည်၊ သင်တို့မှာ သမ္မာကျမ်းစာရှိပါက၊ ဘုရားသခင်ကို ယုံဖို့မလိုတော့ဟု ဆိုပြီး အတွေးမှားများကိုလည်း ဖြန့်ဖြူးကြသည်။ သူတို့က ထိုစကားများကိုသုံးပြီး လူများကို သမ္မာကျမ်းစာကိုသာ ယုံကြည်ကိုးကွယ်ဖို့ လမ်းမှားလွှဲပေးသည်။ သမ္မာကျမ်းစာကို ဘုရားသခင်အလား ဆက်ဆံကြသည်။ ဘုရားသခင်ကို သမ္မာကျမ်းစာနှင့် အစားထိုးပစ်သည်။ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက ဤလျှို့ဝှက်ကလိမ်ကျသည့်နည်းကို သုံးပြီး ဘုရားသခင်ဆီက လူများကိုခိုးယူပြီး၊ သမ္မာကျမ်းစာရှေ့တော်ကို ခေါ်သွားကြသည်။ လူများကို သူတို့နှင့် ဘုရားသခင်တို့ ဆက်နွယ်မှုကို ဝိုးတဝါးဆုံးရှုံးစေသည်။ ဘုရားသခင်ကို တစ်ခါယုံကြည်ခဲ့သည့် လူများက ယခု သမ္မာကျမ်းစာကို ယုံကြည်နေကြပြီ။ သမ္မာကျမ်းစာက သူတို့နှလုံးသားများထဲမှ သခင်၊ သူတို့နှလုံးသားများထဲမှ ဘုရားသခင်ဖြစ်နေပြီ။ ထို့ကြောင့် သူတို့၏ သမ္မာကျမ်းစာကို မျက်စိစုံမှိတ်ယုံကြည်ပြီး ကိုးကွယ်ခြင်းက၊ သမ္မာကျမ်းဆိုင်ရာ ပညာရှင်များဖြစ်သည် ဟု ဆိုသည်။ သင်းအုပ်ဆရာများနှင့် အကြီးအကဲတို့ကို ကိုးကွယ်ပြီး နောက်လိုက်စေသည်။ သင်းအုပ်ဆရာများနှင့် အကြီးအကဲများကမူ၊ ဘာသာရေး အသိုင်းအဝိုင်းကို ချုပ်ကိုင်ဖို့နှင့် သူတို့ကိုယ်ပိုင် ရည်မှန်းချက်များကို အောင်မြင်ဖို့ သမ္မာကျမ်းစာကို လက်နက်လို အသုံးချကြသည်။ သူတို့က သမ္မာကျမ်းစာကို ချီးမြှောက်ပြီး၊ လူများကို လှည့်စားဖို့၊ ထောင်ဖမ်းဖို့နှင့် ချုပ်ကိုင်ဖို့အတွက် အဆက်အစပ်မရှိ အနက်အဓိပ္ပာယ်ပြန်ကြသည်။ သူတို့က လူများကို လူသားကိုးကွယ်ခြင်း၊ လူသားနောက်ကိုလိုက်ခြင်း၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် ဘုရားသခင်၏ ရန်သူများအဖြစ်ရောက်ခြင်း၊ လမ်းကြောင်းတစ်ခုပေါ် ဝိုးတဝါးနှင့် ဦးဆောင်ခေါ်သွားပြီ သူတို့က သမ္မာကျမ်းစာကို ကိုးကွယ်ပြီး သမ္မာကျမ်းစာကို စောင့်ရှောက်ခြင်းက ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်သကဲ့သို့၊ ဘုရားသခင်၏ မျက်မှောက်တော်ရှိခြင်းပဲဟု ထင်နေကြသည်။ ထို့ကြောင့် ထိုလူများက နောက်ဆုံးသောကာလမှာ ဘုရားသခင်၏အမှုတော်ကို ရှာဖွေခြင်း၊ လေ့လာခြင်း မပြုတော့ဘဲ၊ ကယ်တင်ခံရမည့် နောက်ဆုံးအခွင့်အရေးနှင့် လွဲချော်ကုန်သည်။ ဤသည်မှာ စာတန်၏ မာယာအများဆုံး၊ အစဉ်းလဲဆုံး အစီအစဉ် ဖြစ်သည်။ ထို့ကြောင့် ဘာသာရေးအသိုင်းအဝိုင်းက သင်းအုပ်ဆရာများနှင့် အကြီးအကဲများက ဖာရိရှဲအစစ်အမှန်များနှင့် လူလိမ်အုပ်စုတစ်ခုသာ ဖြစ်သည်။ သူတို့က ဘုရားသခင်၏ ရွေးကောက်သူများကို လမ်းလွဲစေပြီး၊ ချုပ်ကိုင်ကြသည့် သိုးထိန်းအတုအယောင်များသာ ဖြစ်သည်။ ဘုရားသခင်ကို ဆန့်ကျင်သည့် ဖာရိရှဲများနှင့် အန္တိခရစ် မကောင်းဆိုးဝါးအုပ်စုက ဘာသာရေးအသိုင်းအဝိုင်းကို ချုပ်ကိုင်နေခြင်း ဖြစ်သည်။ ဤနေရာက သူ့အမှုတော်ကို ဘုရားသခင် မလုပ်ဆောင်နိုင်တော့သည့်နေရာဖြစ်သည်မှာ ကြာခဲ့ပါပြီ။ ဤနေရာက ဘုရားသခင်ကို ရန်သူအဖြစ် မှတ်ယူသည့် ဆိုးယုတ်သည့် စခန်းတစ်ခုဖြစ်နေပြီ။ ဟိုးတစ်ချိန်က ဗာဗုလုန်မြို့တော်ကြီးဖြစ်ခဲ့ပြီ။ ဘာသာရေးဗာဗုလုန်မြို့က အဘယ့်ကြောင့် ဘုရားသခင်၏ အမျက် မရှဘဲနေမည်နည်း။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

ယခင်က:မေးခွန်း ၃၃- သခင်ယေရှုက သူ၏ အမှုတော်ကို လုပ်ဆောင်ဖို့ ကြွလာသည့်အချိန်တွင်၊ ဂျုးလူမျိုး ဖာရိရှဲတို့က သူ့ကို ပြင်းပြင်းထန်ထန် အာခံပြီး ရှုတ်ချခဲ့ကြသလို၊ ကားတိုင်တွင် သူ့ကို သံမှိုရိုက်ခဲ့ကြသည်။ ယခုတွင် နောက်ဆုံးသော ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူ၏အမှုတော်ကို လုပ်ဆောင်ဖို့ ကြွလာပြီဖြစ်သည့်အတွက် ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည်လည်း ဘုရားသခင်ကို ကားတိုင်တွင် တဖန် သံမှိုရိုက်လျက် ပြင်းပြင်းထန်ထန် အာခံပြီး ရှုတ်ချကြသည်။ အဘယ်ကြောင့် ဂျူးလူမျိုး ဖာရိရှဲများနှင့် ဘာသာရေး သင်းအုပ်ဆရာ၊ အကြီးအကဲများသည် သမ္မာတရားကို ထိုသို့ မုန်းတီးပြီး၊ မိမိကိုယ်ကိုယ် ခရစ်တော်ကို ထိုသို့နည်းဖြင့် ဆန့်ကျင်စကြသနည်း။ ၎င်းတို့၏ သဘာဝနှင့် အနှစ်သာရမှာ တိတိကျကျ အဘယ်အရာနည်း။

နောက်တစ်ခုသို့:မေးခွန်း ၃၅- ဘာသာရေး အသိုင်းအဝိုင်းထဲက လူအများစုက သင်းအုပ်ဆရာနှင့် အကြီးအကဲများကို သခင်က ရွေးချယ်ကာ ခန့်အပ်ထားခြင်းဖြစ်ပြီး၊ ၎င်းတို့သည် အသင်းတော်အတွင်း သခင့်ကို အစေခံကြသည့် လူများဖြစ်သည်ဟု ယုံကြည်ကြသည်၊ အကယ်၍ ဤသင်းအုပ်ဆရာများနှင့် အကြီးအကဲများနောက် ကျွန်ုပ်တို့ လိုက်ပြီး နာခံလျှင်၊ သခင့်ကို အမှန်တကယ် ကျွန်ုပ်တို့ နာခံပြီး နောက်လိုက်ခြင်းဖြစ်သည်။ လူသားကို နာခံခြင်းနှင့် လူနောက်လိုက်ခြင်းမှာ မည်သည့်အရာ အတိအကျ ဆိုလိုသည်ဆိုသည်နှင့် ဘုရားသခင်ကို နာခံခြင်းနှင့် နောက်လိုက်ခြင်းမှာ မည်သည့်အရာကို အတိအကျဆိုလိုသည်နှင့် ပတ်သက်၍၊ လူအများစုက သမ္မာတရား၏ ဤရှုထောင့်ကို နားမလည်ကြပါ။ ကျေးဇူးပြုပြီး ဤအရာပေါ် ဆွေးနွေးပေးပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ