၂၀၄ တစ်ဖန် ပြန်ထရန် ကျွန်ုပ် ဆန္ဒရှိ
၁
အခွင့်အလမ်းနှင့် ကျော်ကြားမှုတို့မှာ ကျွန်ုပ် စိတ်နှလုံးကို ချည်နှောင်သော အချုပ်အနှောင်များဖြစ်ပေ။
အောင်မြင်မှုသက်သက်အတွက်၊ ကျွန်ုပ် အဘယ်သို့ ပျပ်ဝပ်ကာ ဖြည့်ဆည်းရ။
အကြည့်တစ်ချက်၊ အခြားထံမှ သဘောမကျမှုတစ်ချက်က ကျွန်ုပ်၏ စိတ်နှလုံးကို ပြိုင်ဆိုင်နေစေသည်။
အခြားသူများ၏ အရေးမထားမှုကို ကြောက်ရွံ့လျက်၊ လူအုပ်ထဲတွင် ကျွန်ုပ်နေရာအတွက် ကျွန်ုပ် အမြဲ ရှာဖွေသည်။
ကျွန်ုပ်၏ စိတ်နှလုံးက ရည်မှန်းချက်နှင့် လွန်ကဲသော စိတ်ဆန္ဒများခံ ၏ စိုးမိုးခြင်းကို ခံရသည်၊ သမ္မာတရားကို လိုက်စားခြင်း တန်ဖိုး ကျွန်ုပ် နားမလည်ပေ။
အပျက်သဘောဆောင်မှုများစွာ၊ အလုပ်ပြီးမြောက်မှုများစွာ၊ အားလုံးက အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အခွင့်အလမ်းတို့အတွက် ဖြစ်ပေ။
ကျွန်ုပ်၏ အလုပ်နှင့် တရားဟောခြင်းတွင်၊ ကျွန်ုပ် မိမိကိုယ်ကိုယ် မြင့်မြင့်ထားကာ ကြွားဝါသည်။ အမှုအရာများကို ကျွန်ုပ် စွန့်ကာ အဖိုးအခပေးဆပ်သော်လည်း ယင်းသည်လည်း ဘုရားသခင်နှင့် အပေးအယူတစ်ခု ဖြစ်ပေ။
ကျွန်ုပ်သည် တစ်ကိုယ်ကောင်းဆန်ကာ ယုတ်ညံ့သည်၊ လူ့သဘာဝ အလွန်ကင်းမဲ့လှ၊ အလွန်မနာခံဘဲလျက်၊ ဘုရားသခင်အားဖြင့် ကျွန်ုပ် အဘယ်သို့ ပစ်ပယ်ခြင်းမခံရဘဲ ရှိမည်နည်း။
၂
အမှောင်ကြားတွင် ရုန်းကန်ရင်း၊ ကျွန်ုပ်၏ ဝိညာဉ် အနှစ်မဲ့လှသည်။
ဘုရားသခင်၏ မျက်မှောက်တော် မရှိဘဲ၊ ကျွန်ုပ်သည် လမ်းလျှောက်နေသည့် အသေကောင်ကဲ့သို့ ဆင်းရဲဒုက္ခနှင့် နာကျင်မှုတို့ဖြင့် ဖုံးလွှမ်းသွားရသည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်အသီးသီးက သမ္မာတရားဖြစ်ပေ။ ယင်းတို့ကို တန်ဖိုးမထားခြင်းနှင့် မမြတ်နိုးခြင်းအတွက် ကျွန်ုပ် မိမိကိုယ်ကိုယ် စက်ဆုပ်မိ။
ယနေ့တွင်၊ ဘုရားသခင်၏ စိတ်သဘောထား ချိုးဖောက်မရနိုင်မှုကို မြည်းစမ်းရင်း၊ မြေပေါ် ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ပျပ်ဝပ်ကာ နောင်တဖြင့် ပြည့်ရသည်။
အို ဘုရားသခင်။ ကိုယ်တော်၏ တရားစီရင်ခြင်း ကြွရောက်မှုကို မိုးရေကို ဆာငတ်သည့် ကန္တာရကဲ့သို့ ကျွန်ုပ် တောင့်တသည်။
ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အလယ် အသက်ရှင်ဖို့ ကျွန်ုပ် ဆန္ဒရှိပေ၊ စာတန်အတွက် ကျွန်ုပ် အသက်ရှင်တော့မည် မဟုတ်။
ကျွန်ုပ် အဘယ်မျှ အားနည်းသည်ကို၊ ကျွန်ုပ်အပေါ် စာတန် နှင်းချေဖို့ အဘယ်သို့ ကျွန်ုပ် ခွင့်ပြုခဲ့သည်ကို ကျွန်ုပ် စက်ဆုပ်မိ၊
အို ဘုရားသခင်။ ကိုယ်တော် သနားကရုဏာထားဖို့ရန်နှင့် ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် သန့်စင်စေခြင်းတို့ကို ကျွန်ုပ်အား ရရှိခွင့်ပေးဖို့ ကျွန်ုပ် တောင်းလျှောက်ပါ၏။
၃
ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်၏ ဝိညာဉ်ကို ထိုးဖောက်ရင်း ထက်သော ဓါးတစ်စင်းကဲ့သို့ ဖြစ်ပေ။
ကျွန်ုပ် စာတန်အားဖြင့် မည်မျှ ဖောက်ပြန်ပျက်စီးသည်၊ ကျွန်ုပ်၏ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့ ကျွန်ုပ် ဆုံးရှုံးခဲ့သည်ကို ယခုတွင်မှ ကျွန်ုပ် မြင်ရသည်။
ကျွန်ုပ်သည် သေးငယ်ကာ နိမ့်ကျသည့် မြေမှုန့်ဖြစ်သည်။ဘုရားသခင်က ကျွန်ုပ်ကို အသက်ပေးကာ သူသည် ကျွန်ုပ်အပေါ် သနားကရုဏာရှိကာ ပူပန်တော်မူသည်။
ဘုရားသခင်၏ အလိုတော်ကို သတိမပြုသည့်၊ ကျွန်ုပ်သည် ကိုယ်တော်ကိုများစွာ အကြွေးတင်မိပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပျော်မွေ့ရန် အမှန်ပင် ကျွန်ုပ် မသင့်တော်ပေ။
အို ဘုရားသခင်။ လူကို ကယ်တင်ရန် လူကြားတွင် အရှက်ရခြင်းကို သည်းခံရင်း ကိုယ်တော် နှိမ့်ချစွာ လူ့ဇာတိ ဖြစ်လာ။
လူသားအတွက် ကိုယ်တော် အစွမ်းကုန် လုပ်ဆောင်ခဲ့။ ကိုယ်တော်၏ နှုတ်ကပတ်တော်များအတွင်းတွင် များစွာသော ချစ်ခြင်း ပါရှိလေ။
ကိုယ်တော်၏ ကြင်နာမှုနှင့် အလှတရားတို့ကို သိရှိရင်း၊ ကျွန်ုပ် မိမိကိုယ်ကိုယ် သာ၍ပင် စက်ဆုပ်မိ။
ယနေ့ ကျွန်ုပ် လဲကျပြီးသော်လည်း၊ သမ္မာတရားကို လိုက်စားကာ အသစ်တစ်ဖန် အစပြုရန်အတွက် တစ်ဖန်ပြန်ထရန် ရှိသမျှကို ပေးဖို့ ကျွန်ုပ် ဆန္ဒရှိပေ။