အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

မေးခွန်း ၁၁- အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားကို ဖော်ပြပြီး နောက်ဆုံးသော ကာလ သူ၏ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်နေသည်ဟု သင်တို့ သက်သေခံကြသည်၊ သို့သော် သခင်ယေရှုကို ကျွန်ုပ်တို့ ယုံကြည်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို လက်ခံခြင်းဆိုသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို ကျွန်ုပ်တို့ ကြုံရပြီးဖြစ်သည်ကို ဆိုလိုသည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ သက်သေအဖြစ် သခင်ယေရှု၏ နှုတ်ကပတ်တော်များမှာ ဤသို့ဖြစ်၏- “အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။ ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်း ကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။” (ယော ၁၆:၇-၈) သခင်ယေရှုက ရွေးနုတ်ခြင်း အမှုကို ပြုခဲ့သော်လည်း၊ သူကောင်းကင်သို့ တက်ကြွသွားပြီးနောက် ပင်တေကုတ္တေနေ့တွင်၊ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်လာခဲ့ပြီး လူတို့အထဲတွင် အလုပ်လုပ်ခဲ့သည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြပါသည်- “ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်း ကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။” ယင်းမှာ နောက်ဆုံးသော ကာလ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော် ဖြစ်သင့်ပေသည်၊ ထို့ကြောင့် ကျွန်ုပ် ရှာဖွေလိုသည့်အရာမှာ၊ နောက်ဆုံးသော ကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် တရားစီရင်ခြင်း အမှုတော်နှင့် သခင်ယေရှု၏ အမှုတော်တို့ကြား ခြားနားချက်များမှာ မည်သည့်အရာ အတိအကျ ဖြစ်ပါသနည်း။

အဖြေ-

သခင်ယေရှု လုပ်ဆောင်ခဲ့သည့်အရာမှာ ရွေးနုတ်သော အမှုဖြစ်ပြီး နောင်တလမ်းကို ကျွန်ုပ်တို့ထံ သူယူဆောင်ခဲ့သည်ဟု သင်အသိအမှတ်ပြုသည့်အတွက်၊ “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။” (မ ၄:၁၇) သန့်ရှင်းသော ဝိညာဉ်တော်သည် ပင်တေကုတ္တေနေ့တွင် ကြွလာသည့်အချိန်၌ နောက်ဆုံးသော ကာလ၏ တရားစီရင်ခြင်း အမှုကို လုပ်ဆောင်ခဲ့သည်ဟု ဆုံးဖြတ်ရန် သင့်အတွက် မည်သည့်အထောက်အထား ရှိပါသနည်း။ သင်သည် သခင်ယေရှုပြောခဲ့သည့်အရာဖြစ်သည့်၊ “ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။ ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်း ကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။” (ယော ၁၆:၇-၈) ဆိုသည်ကိုသာ အခြေခံပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် နောက်ဆုံးသော ကာလ၏ တရားစီရင်ခြင်း အမှုကို ပြုဖို့ရန် ကြွလာခဲ့ပြီဟု သင် ပိုင်းဖြတ်ဝံ့ခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲတွင် အခြေပြုချက်တစ်ခုတစ်လေ ရှိပါသလား။ သခင်ယေရှုက၊ “နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း အမှုကို ပြုဖို့ သန့်ရှင်းသော ဝိညာဉ်တော် ကြွလာပြီ” ဟု ပြောဖူးပါသလား။ ဤအရာကို ဘယ်သောအခါမျှ သခင်ယေရှု မပြောဖူးပါ။ သခင်ယေရှု ပြောခဲ့သည်မှာ- “ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သော သူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။” (ယော ၁၂:၄၇-၄၈) ဟု ရှင်းလင်းစွာ ပြောဆိုခဲ့ပါသည်။ သခင်ယေရှု၏ သတင်းစကားမှာ အလွန်အရှင်းလင်းပြီး တရားစီရင်ခြင်းက သူ၏ အမှုတော်မဟုတ်ပေ။ နောက်ဆုံးသော ကာလတွင် သခင်ယေရှု ပြန်ကြွလာသည့်အခါ၊ တရားစီရင်ခြင်း အမှုကို လုပ်ဆောင်ရန် သမ္မာတရားကို သူ ဖော်ပြလိမ့်မည်ဖြစ်သည်။ သေချာစေရန်၊ ကျေးဇူးတော်ခေတ်ထဲက သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်အဖြစ် ရည်ညွှန်းဖို့ရန်မှာ ကျွန်ုပ်တို့အတွက် မှားယွင်းပေသည်။ သဘာဝအားဖြင့်၊ ကျွန်ုပ်တို့အတွက် အပြစ်များအပေါ် စစ်မှန်စွာဝန်ချခြင်းနှင့် နောင်တရရှိဖို့ သန့်ရှင်းသော ဝိညာဉ်တော်၏ ထိတွေ့ခြင်း၊ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ လိုအပ်သည်။ သို့သော်၊ ခါးသီးသော မျက်ရည်များဖြင့် သခင့်ရှေ့မှောက်တွင် ဝန်ချခြင်းနှင့် နောင်တရခြင်းသည် ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်နှင့် လုံးဝ ကွဲပြားခြားနားသည့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ရလဒ်ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် စာနှစ်ပိုဒ်ကို ဖတ်ကြပါစို့၊ ပြီးလျှင် တရားစီရင်ခြင်းက အမှန်တကယ် မည်သည့်အရာဆိုလိုသည်ကို ကျွန်ုပ်တို့ နားလည်ကြပါလိမ့်မည်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “‘တရားစီရင်ခြင်း’ ဟူသော နှုတ်ကပတ်တော်နှင့် ပတ်သက်လာသောအခါ ယေဟောဝါသည် နေရာတိုင်းကို မိန့်ခဲ့ပြီး၊ ယေရှုက ဖာရိရှဲတို့ကို ပြစ်တင်ပြောဆိုရာတွင် သုံးနှုန်းခဲ့သော နှုတ်ကပတ်တော်ဖြစ်၏ဟု သင်စဉ်းစားမိမည်။ သူတို့၏ ပြင်းထန်မှုများ အားလုံးရှိလင့်ကစား ထိုနှုတ်ကပတ်တော်များသည် လူသားအတွက် ဘုရားသခင်၏ တရားစီရင်မှု မဟုတ်ချေ၊ မတူသော ပတ်ဝန်းကျင်၊ အခင်းအကျင်းများ အတွင်း၌ ဘုရားသခင် မိန့်ခဲ့သော နှုတ်ကပတ်တော်များဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် နောက်ဆုံးသော ကာလ၌ ခရစ်တော်က လူသားကို တရားစီရင်ရာတွင် သူပြောခဲ့သော နှုတ်ကပတ်တော်များနှင့် မတူပါ။ နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို ခွဲခြမ်းစိတ်ဖြာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ထိုနှုတ်ကပတ်တော်များတွင် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝဖြင့် မည်သို့အသက်ရှင်နေထိုင်သင့်ပုံ၊ ထို့အပြင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘာထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ထိုနှုတ်ကပတ်တော်များအားလုံးမှာ လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ပြောဆိုထားခြင်းဖြစ်သည်။ ဘုရားသခင်ကို လူသားက မည်ကဲ့သို့ပစ်ပယ်သည့်အကြောင်း ဖော်ထုတ်ပြသည့် ထိုနှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ် မည်ကဲ့သို့ဖြစ်ကြောင်း၊ ဘုရားသခင်ကို ဆန့်ကျင်သော ရန်သူ့အင်အား မည်ကဲ့သို့ဖြစ်ကြောင်းနှင့်စပ်လျဉ်း၍ အထူးသဖြင့် ပြောထားခြင်းဖြစ်သည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင် ဘုရားသခင်သည် လူသား၏သဘာဝဗီဇကို စကားလုံးအနည်းငယ်မျှဖြင့်သာ ရှင်းလင်းအောင် မပြုပေ။ သူသည် ရေရှည်အတွက် ဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်းတို့ကိုပြု၏။ ထိုဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းတို့ကို သာမန်စကားလုံးများဖြင့် အစားမထိုးနိုင်ဘဲ၊ လူသားများ လုံးဝမပိုင်ဆိုင်သော သမ္မာတရားအားဖြင့်သာ အစားထိုးနိုင်သည်။ ဤကဲ့သို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှု အမျိုးအစားအားဖြင့်သာ လူသားကို ထိန်းချုပ်နိုင်ပြီး ဘုရားသခင်ထံ နာခံဆက်ကပ်ခြင်းငှာ လုံးလုံးလျားလျား လက်ခံယုံကြည်လာအောင် လူသားကို လုပ်နိုင်သည့်အပြင် ဘုရားသခင်နှင့်ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်သည်။ ဘုရားသခင်၏မျက်နှာစစ်ကို လူသားက သိနားလည်ခြင်းအကြောင်းနှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် သမ္မာတရားတို့ကို တရားစီရင်ခြင်းအမှုက ယူဆောင်လာသည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်နှင့် လူသားနားမလည်နိုင်သော နက်နဲရာများတို့နှင့်ပတ်သက်သည့် များပြားလှသော သဘောပေါက်နားလည်မှုကို ရရှိလာစေရန် လူသားကို အခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ဖောက်ပြန်ပျက်စီးသောအနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးမှု၏ ဇစ်မြစ်များကို သိနားလည်စေရန် အခွင့်ပေးလေ၏။ ထို့အပြင် လူသား၏ အကျည်းတန်မှုကိုပါ ရှာဖွေတွေ့ရှိစေလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်းအမှုအားဖြင့် ဆောင်ယူရရှိခဲ့လေ၏။ အကြောင်းမှာ ဤအမှု၏အနှစ်သာရသည် အကယ်စင်စစ် ဘုရားသခင်ကို ယုံကြည်သူများအားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ဖွင့်ပြပေးသည့် အမှုပင်ဖြစ်သည်။ ဤအမှုသည် ဘုရားသခင်ပြုသော တရားစီရင်ခြင်းအမှုပင် ဖြစ်ပေ၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏”)

တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှုဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင် ကိုယ်တိုင် သဘာဝအတိုင်းပင် ဆောင်ရွက်ပြီးသင့်ပေသည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်။ အကြောင်းမှာ တရားစီရင်ခြင်းသည် သမ္မာတရားအားဖြင့် လူသားမျိုးနွယ်ကို သိမ်းပိုက်အောင်နိုင်ခြင်း အကြောင်းဖြစ်သည်။ လူသားတို့အကြား ထိုအလုပ်ကို လုပ်ရန် ဘုရားသခင်သည် လူ့ဇာတိခံ ပုံသဏ္ဍာန်ဖြင့် ပေါ်နေဆဲဖြစ်သည်မှာ မေးစရာမလိုချေ။ ဆိုလိုသည်မှာ၊ နောက်ဆုံးသောကာလတွင် ခရစ်တော်သည် သမ္မာတရားကို အသုံးပြု၍ ကမ္ဘာတဝှမ်းရှိ လူတို့ကို သွန်သင်ကာ သမ္မာတရား အလုံးစုံကို သူတို့အား သိစေလိမ့်မည်။ ယင်းကား ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏”)

ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်သည် နက်နဲမှုတစ်ခုဖြစ်ပြီး သူ၏ ထုတ်ဖော်ပြချက်မရှိဘဲ မည်သူမျှ မသိမြင်နိုင်ပါ။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် တရားစီရင်ခြင်းက မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် တရားစီရင်ခြင်း အမှုတော်အားဖြင့် စွမ်းဆောင်ရရှိနိုင်သည့် အကျိုးတရားများကို ရှင်းရှင်းလင်းလင်း ရှင်းပြပြီးဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင်၊ ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်အကြောင်းကို ကျွန်ုပ်တို့ ပိုမို သိနားလည်ကြသည်။ နောက်ဆုံးသော ကာလတွင်၊ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်မှာ လူသားမျိုးနွယ်ကို လုံးလုံးလျားလျား သန့်စင်ပြီး ကယ်တင်ရန် ဖြစ်သည်။ ဘုရားသခင်သည် လူတို့ထံ ပြစ်တင်ခြင်းနှင့် ကျိန်ဆဲခြင်း စကားအနည်းငယ်သာ ပြောလိမ့်မည်မဟုတ်ပါ။ နှုတ်ကပတ်တော် စာပိုဒ်အနည်းငယ်သည် ကျွန်ုပ်တို့ကို အပြစ်တရား၏ ချည်နှောင်ခြင်းမှ လွတ်စေဖို့ နှင့် ဘုရားသခင်၏ သန့်စင်ခြင်း၊ ကယ်တင်ခြင်းတို့ကို ရရှိစေဖို့ အခွင့်ပေးရန် မလုံလောက်ပါ။ သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းအတွက် လူသားမျိုးနွယ်က နားလည်သင့်ပြီး ဝင်ရောက်သင့်သည့် သမ္မာတရား ရှုထောင့်အားလုံးကို ဖော်ပြဖို့နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ နက်နဲမှုများအားလုံးကို လူသားမျိုးနွယ်ထံ ဖွင့်ဟဖို့ ဘုရားသခင်သည် လုံလောက်သော နှုတ်ကပတ်တော်များကို ပြောဆိုသည်။ နှုတ်ကပတ်တော် အရေအတွက်မှာ ရာချီ၊ ထောင်ချီပင်ရှိပြီး၊ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှု ဖော်ပြခဲ့သည်ထက် အဆများစွာ ပိုလေသည်။ ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း၏ အာရုံစိုက်ရာနေရာမှာ လူသားအပေါ် သမ္မာတရားနှင့် တရားစီရင်ခြင်း နှုတ်ကပတ်တော်များကို ဖော်ပြခြင်း ဖြစ်သည်။ ဘုရားသခင်ကို အာခံပြီး သစ္စာဖောက်သည့် ကျွန်ုပ်တို့၏ ဆိုးယုတ်သော သဘာဝအပြင်၊ စာတန်အားဖြင့် ဖောက်ပြန်ဖျက်ဆီးခြင်း ခံရသည့် ကျွန်ုပ်တို့ ဖြစ်တည်မှု၏ အနှစ်သာရနှင့် အမှန်တရားတို့ကို တရားစီရင်ခြင်းနှင့် ထုတ်ဖော်ပြခြင်းအားဖြင့်၊ ဘုရားသခင်၏ သန့်ရှင်းပြီး ဖြောင့်မတ်ကာ ပုန်ကန်ပြစ်မှား၍မရနိုင်သည့် စိတ်သဘောထားကို ထုတ်ဖော်ပြလေသည်။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် သတ်မှတ်ချက်များအကြောင်း၊ မည်သူ ကယ်တင်ခံရပြီး မည်သူအပြစ်ပေးခံရမည်၊ စသဖြင့်နှင့်ပတ်သက်သည့် သမ္မာတရား ရှုထောင့်အားလုံးကို ကျွန်ုပ်တို့ထံ ပြောပြလေသည်။ ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်ကို တွေ့ကြုံရင်းဖြင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ ရည်ရွယ်ချက်ကို ကျွန်ုပ်တို့ နားလည်နိုင်လိမ့်မည်ဖြစ်သည်။ အပြုသဘောဆောင်သော အရာများကို အပျက်သဘောဆောင်သောအရာများမှ ကျွန်ုပ်တို့ ခွဲခြားသိမြင်နိုင်လိမ့်မည်။ ဘုရားသခင်အပေါ် စာတန်၏ အရူးအမူး ဆန့်ကျင်ခြင်း၏ ဘီလူးသရဲစီးသော စရိုက်ကို ကျွန်ုပ်တို့ မြင်နိုင်လိမ့်မည်၊ စာတန်အားဖြင့် ကျွန်ုပ်တို့ လုံးဝ ဖောက်ပြန်ပျက်စီးသော အဖြစ်၏ အနှစ်သာရနှင့် အမှန်တရားကို သိမြင်ပြီး၊ ဘုရားသခင်ကို အာခံကာ သစ္စာဖောက်သည့် ကျွန်ုပ်တို့၏ ဆိုးယုတ်သော သဘာဝကို သတိပြုမိနိုင်လိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၊ ဘုရားသခင်၏ အနန္တတန်ခိုးရှိခြင်း နှင့် ဉာဏ်ပညာ၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့နှင့် ပတ်သက်သည့် စစ်မှန်သော သိနားလည်မှုအချို့ကို ကျွန်ုပ်တို့ ရရှိသောအခါတွင်၊ ဘုရားသခင်အတွက် ကြောက်ရွံ့ကြည်ညိုသော စိတ်နှလုံးတစ်ခု ကျွန်ုပ်တို့ ဖြစ်ပေါ်လိမ့်မည်ဖြစ်သည်။ ဆိုးရွားသော အရှက်ရခြင်းဖြင့် ကျွန်ုပ်တို့ပျပ်ဝပ်ပြီး ဘုရားသခင်ရှေ့တွင် အသက်ရှင်ဖို့ ကျွန်ုပ်တို့ မသင့်လျော်ဟု ခံစားရလိမ့်မည်။ ကျွန်ုပ်တို့ စိတ်နှလုံးများထဲတွင် မိမိကိုယ်ကိုယ် မုန်းတီးမိကြလိမ့်မည်၊ မိမိကိုယ်ကိုယ် ပုန်ကန်မိကြလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို အမှန်တကယ် ကြည်ညိုပြီး နာခံသည့် လူတစ်ဦးဖြစ်လာလျက် စစ်မှန်သော လူတစ်ဦးကဲ့သို့ အသက်ရှင်ဖို့ အပြစ်တရား၏ ချည်နှောင်မှုမှ တဖြည်းဖြည်း ထွက်ပြေးလွတ်မြောက်ကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုတော်ကို တွေ့ကြုံရခြင်း၏ ရလဒ်ဖြစ်သည်။ ဤသို့သော အမှုမျိုးသည်သာ နောက်ဆုံးသောကာလ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော် ဖြစ်သည်။

သို့ဆိုလျှင် ကျေးဇူးတော်ခေတ်ကို ကြည့်ကြပါစို့။ သခင်ယေရှု လုပ်ဆောင်ခဲ့သည့်အရာသည် ရွေးနုတ်ခြင်း အမှုတော်ဖြစ်ပြီး သူ ဟောကြားခဲ့သည့်အရာမှာ နောင်တတရားလမ်းဖြစ်သည်။ ဘုရားသခင်၏ သနားကရုဏာနှင့်ပြည့်စုံသည့် ဘက်ခြမ်းကိုသာ ကျွန်ုပ်တို့ထံ သူပြသခဲ့သည်။ ဖာရိရှဲများကို ဆန့်ကျင်၍ တရားစီရင်ခြင်း၊ ရှုတ်ချခြင်းနှင့် ကျိန်ဆဲခြင်း စကားအချို့ကိုလည်း သခင်ယေရှု ပြောခဲ့သော်လည်း၊ သူ၏ အမှုတော်မှာ အပြစ်များကို ခွင့်လွှတ်ခြင်း၊ နောင်တတရားကို သွန်သင်ခြင်း၊ လူသားအပေါ် သနားကရုဏာနှင့် ကျေးဇူးတော်ကို နှင်းအပ်ခြင်းတို့အပေါ် ဗဟိုပြုသည့် ရွေးနုတ်ခြင်း အမှုတော်သာ ဖြစ်ခဲ့သည်။ ယင်းသည် လူသား၏ အပြစ်များကို တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းတို့အပေါ် အာရုံစိုက်သည့် အမှုမျိုး မဟုတ်ခဲ့ပါ။ ထို့ကြောင့် သခင်ယေရှု၏ အမှုတော်က ရွေးနုတ်ခြင်း အမှုကိုသာ ဗဟိုပြုနေခဲ့ပြီး၊ မည်သို့နောင်တရပြီး ကျွန်ုပ်တို့၏ အပြစ်များကို ဝန်ခံရမည်၊ မည်သို့ နှိမ့်ချပြီး သည်းခံရမည်၊ မည်သို့ နှစ်ခြင်းမင်္ဂလာခံယူရမည်၊ ကားတိုင်ကို ထမ်းပြီး မည်သို့ ဆင်းရဲဒုက္ခခံစားရမည်၊ စသည်တို့ကို ကျွန်ုပ်တို့အား သွန်သင်ခြင်းအပေါ် အကန့်အသတ်ရှိသည့် နှုတ်ကပတ်တော်များကို သူ ဖော်ပြခဲ့လေသည်။ သခင့်ကို ကျွန်ုပ်တို့ ယုံကြည်သည့်အခါ ကျွန်ုပ်တို့၏ အပြစ်များကို ဝန်ခံအပ်နှံပြီး နောင်တရဖို့ သခင့်၏ နှုတ်ကပတ်တော်နောက်သာ လိုက်လျှောက်ဖို့ လိုအပ်ခဲ့သည်။ ထို့နောက်တွင် ကျွန်ုပ်တို့၏ အပြစ်များ ခွင့်လွှတ်ခံရပြီး ပညတ်တရားအားဖြင့် ကျွန်ုပ်တို့ စီရင်ချက်ချခံရလိမ့်မည် မဟုတ်သလို ကွပ်မျက်ခံရလိမ့်မည် မဟုတ်ပါ။ ဘုရားသခင်ထံ ဆုတောင်းဖို့ ကျွန်ုပ်တို့ အရည်အချင်း ပြည့်မှီကြလိမ့်မည် ဖြစ်သလို၊ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာတို့ကို ခံစားကြလိမ့်မည်ဖြစ်သည်။ ဤသည်မှာ နောက်ဆုံးသော ကာလဘုရားသခင်၏ တရားစီရင်ခြင်း ရလဒ်နှင့် လုံးဝ ကွဲပြားခြားနားသည့် ကျေးဇူးတော်ခေတ်ရှိ ဘုရားသခင်၏ ရွေးနုတ်ခြင်း အမှုတော် ရလဒ် ဖြစ်လေသည်။ သို့သော်၊ လူအချို့က ကျေးဇူးတော်ခေတ်ရှိ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို တွေ့ကြုံခြင်း၊ သူ၏ ဉာဏ်အလင်းပေးခြင်း၊ အပြစ်တင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို ရရှိခြင်း၊ ခါးသီးသော မျက်ရည်များဖြင့် ဆုတောင်းခြင်းနှင့် အပြစ်ကို ဝန်ခံခြင်းအပြင်၊ ကောင်းမှုအချို့ကို လုပ်ဆောင်ခြင်းအားဖြင့်၊ ယင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းကို တွေ့ကြုံခြင်းနှင့် သန့်စင်ခြင်းကို ရရှိခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ယင်းက အမှန်ဖြစ်လျှင်၊ သင့် အပြစ်များ၏ အရင်းအမြစ်များကို သင် သိပါသလား။ ဘုရားသခင်ကို ဆန့်ကျင်သည့် သင်၏ ဆိုးယုတ်သော သဘာဝ၏ အနှစ်သာရ၊ လူသားမျိုးနွယ်၏ လုံးလုံးဖောက်ပြန်ပျက်စီးခြင်း နှင့် စာတန်၏ ဆိုးညစ်သော အနှစ်သာရတို့ကို သင် သိပါသလား။ ဘုရားသခင်၏ ဖြောင့်မတ်ပြီး ဘုန်းအာနုဘော်တော်ဖြစ်သော၊ ပုန်ကန်ပြစ်မှား၍မရနိုင်သော စိတ်သဘောထားအကြောင်းကို သင် သိပါသလား။ အပြစ်တရား၏ ကျေးကျွန်ဘဝ နှင့် ထိန်းချုပ်မှုတို့မှ သင် အမှန်တကယ် ထွက်ပြေးလွတ်မြောက်ပြီးပြီလား။ ဆိုးယုတ်သော စိတ်သဘောထားမှ မိမိကိုယ်ကိုယ် သန့်စင်ပြီး ဘုရားသခင်ကို ကြည်ညိုကာ သင် နာခံမှု ရှိလာပြီလား။ ဤအရာများကို သင် မပြီးမြောက်သေးလျှင်၊ ဘုရားသခင်၏ တရားစီရင်ခြင်းကို တွေ့ကြုံပြီး သန့်စင်ခြင်းကို ရရှိခြင်းအကြောင်းအား သင် မည်သို့ပြောနိုင်ပါသနည်း။ ဤနည်းဖြင့် ဆွေးနွေးခြင်းကို လူတိုင်း နားလည်ပါသလား။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှု လုပ်ဆောင်ခဲ့သည့် အမှုတော်မှာ တရားစီရင်ခြင်း အမှု မဟုတ်ခဲ့ပါ။ နိုင်ငံတော်ခေတ်ရှိ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်သည်သာ နောက်ဆုံးသော ကာလ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော် ဖြစ်သည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

ယခင်က:မေးခွန်း ၁၀- သခင်ယေရှုက ဘုရားသခင်၏ သားတော်၊ ခရစ်တော် ဖြစ်သည်ကို ကျမ်းစာထဲတွင် ရှင်းရှင်းလင်းလင်း ရေးထားပြီး၊ သခင့်ကို ယုံကြည်သူအားလုံးကလည်း သခင်ယေရှုသည် ဘုရားသခင်၏ သားတော်၊ ခရစ်တော် ဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့သော် သင်တို့က လူ့ဇာတိခံ ခရစ်တော်သည် ဘုရားသခင်၏ သရုပ်သကန်ဖြစ်သည်၊ သူသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်ဟု သက်သေခံသည်။ သို့ဆိုလျှင် လူ့ဇာတိခံ ခရစ်တော်သည် အမှန်တကယ် ဘုရားသခင်၏ သားတော်လား၊ သို့မဟုတ် သူသည် ဘုရားသခင် ကိုယ်တော်တိုင်လား။

နောက်တစ်ခုသို့:မေးခွန်း ၁၂- သခင် ပြန်ကြွလာပြီဖြစ်ပြီး နောက်ဆုံးသောကာလတွင် ဘုရားအိမ်တော်မှ အစပြုသော တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်နေသည်ဟု သင်တို့ သက်သေခံကြသည်။ ဤသည်မှာ ဗျာဒိတ်ကျမ်းထဲက ကြီးမြတ်သော ပလ္လင်ဖြူ တရားစီရင်ခြင်းနှင့် မတူကွဲပြားပုံရလေသည်။ ဘာသာရေးအသိုင်းအဝိုင်းထဲက လူအများစုက ကြီးမြတ်သော ပလ္လင်ဖြူ တရားစီရင်ခြင်းသည် နတ်ဆိုး စာတန်နှင့် သက်ဆိုင်သည့် မယုံကြည်သူများကို ပစ်မှတ်ထားသည်ဟု ယုံကြည်ကြသည်။ သခင် ကြွလာသည့်အခါ၊ ယုံကြည်သူများသည် ကောင်းကင်သို့ ချီဆောင်ူခံရမည်ဖြစ်ပြီးနောက်၊ မယုံကြည်သူများကို ဖျက်ဆီးရန် ကပ်ဘေးများကို သူ စေလွှတ်ပါလိမ့်မည်။ ယင်းမှာ ကြီးမြတ်သော ပလ္လင်ဖြူရှေ့ တရားစီရင်ခြင်း ဖြစ်သည်။ သင်တို့က ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အစပြုသည်ကို သက်သေခံသည်၊ သို့သော်၊ ဘုရားသခင်က မယုံကြည်သူများကို ဖျက်ဆီးဖို့ ကပ်ဘေးများတစ်ခုတစ်လေ ယူဆောင်လာသည်ကို ကျွန်ုပ်တို့ မမြင်ရသေးပါ။ သို့ဆိုလျှင်၊ ယင်းက ကြီးမြတ်သော ပလ္လင်ဖြူ တရားစီရင်ခြင်း မည်သို့ဖြစ်နိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ