အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၈။ ဘုရားသခင်၏အမှုတော်နှင့် လူသား၏လုပ်ဆောင်မှုကြား ကွဲပြားမှုများ

၁) ဘုရားသခင်၏အမှုတော်နှင့် လူသား၏လုပ်ဆောင်မှုကြားတွင် အဓိကကျသည့် ကွဲပြားမှုများက အဘယ်အရာများ ဖြစ်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်တွင် လူသားမျိုးနွယ် အားလုံး၏အလုပ် ပါဝင်ပြီး ယင်းသည် ခေတ်ကာလတစ်ခုလုံး၏ အလုပ်ကိုလည်း ကိုယ်စားပြုသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်အားလုံး၏ လှုပ်ရှားမှုနှင့် လားရာကို ကိုယ်စားပြုချိန်တွင် တမန်တော်များ၏ အလုပ်သည် ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်နောက်သို့လိုက်ပြီး ခေတ်ကာလကို မဦးဆောင်သကဲ့သို့ ခေတ်တစ်ခေတ်လုံးမှ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်လားရာကိုလည်း ကိုယ်စားမပြုပေ။ သူတို့သည် စီမံခန့်ခွဲမှုအလုပ် လုံးဝမပါဝင်သော လူတို့လုပ်သင့်သည့် အလုပ်ကိုသာ လုပ်သည်။ ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်သည် စီမံခန့်ခွဲမှုအလုပ်အတွင်းရှိ စီမံကိန်းဖြစ်သည်။ လူသား၏ အလုပ်သည် အသုံးပြုခြင်းခံရသော လူသားတို့၏ တာဝန်သာဖြစ်ပြီး စီမံခန့်ခွဲမှုအလုပ်နှင့် ဆက်နွှယ်ပတ်သက်မှု မရှိပေ။ အထက်ပါ အလုပ်နှစ်ခုစလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်သော်လည်း အလုပ်၏ မတူညီသော ကိုယ်ပိုင်လက္ခဏာများနှင့် ကိုယ်စားပြုမှုများကြောင့် ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်နှင့် လူသား၏ ကိုယ်ပိုင်အလုပ်ကြားတွင် ရှင်းလင်းပြီး ခြေခြေမြစ်မြစ်ရှိသော ကွဲပြားမှုများရှိလေသည်။ ထို့အပြင် မတူညီသော ကိုယ်ပိုင်လက္ခဏာများရှိသည့် အလုပ်ရည်ရွယ်ချက်များအပေါ်တွင် သန့်ရှင်းသော ဝိညာဉ်တော်က လုပ်ဆောင်သော အလုပ်၏ အတိုင်းအတာသည်လည်း ကွဲပြားသေးသည်။ ယင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ နိယာမများနှင့် နယ်ပယ်တို့ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

လူ့ဇာတိခံယူသော ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ခေတ်သစ်တစ်ခုကို စတင်ဖော်ဆောင်ကာ လူသားထုတစ်ရပ်လုံးကို လမ်းညွှန်ခြင်း၊ နက်နဲသောအရာများကို ဖော်ထုတ်ခြင်းနှင့် ခေတ်သစ်တစ်ခုတွင် လူသားများကို ရှေ့ဆောင်လမ်းပြ ပြုခြင်းတို့ကို လုပ်ဆောင်ပါသည်။ သို့သော် လူသားရရှိသော ဉာဏ်ပွင့်ခြင်းမှာမူ ရိုးရှင်းသော အလေ့အကျင့် သို့မဟုတ် ဗဟုသုတပြည့်စုံခြင်းသာ ဖြစ်ပါသည်။ ယင်းက လူသားထု တစ်ရပ်လုံးကို ခေတ်သစ်တစ်ခုဆီသို့ လမ်းညွှန်နိုင်ခြင်းမရှိပါ၊ သို့မဟုတ် ဘုရားသခင် ကိုယ်တိုင်နှင့် ပတ်သက်သည့် နက်နဲသောအရာကို ဖော်ထုတ်နိုင်ခြင်းမရှိပါ။ နောက်ဆုံးမှာတော့ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး လူသားသည် လူသားဖြစ်သည်။ ဘုရားသခင်တွင် ဘုရားသခင်၏ အနှစ်သာရရှိပြီး လူတွင် လူသားအနှစ်သာရရှိသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ

ဘုရားသခင်၏အမှုတော်နှင့် လူသား၏လုပ်ဆောင်မှုကြားတွင် အဘယ်အရာက အဓိကကျသည့် ကွဲပြားမှုဖြစ်သနည်း။

လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုသည် ခေတ်သစ်တစ်ခေတ်ကို စတင်ပေးပြီး၊ သူ၏အမှုကို ဆက်လက်လုပ်ဆောင်သူများသည် သူ၏အသုံးပြုခြင်းကို ခံရသောသူများဖြစ်သည်။ လူသားလုပ်ဆောင်သော အလုပ်အားလုံးသည် ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏ အမှုတော်အတွင်းတွင်သာရှိပြီး၊ ဤနယ်ပယ်အပြင်သို့ ကျော်သွားနိုင်စွမ်းမရှိပေ။ အကယ်၍ လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ရန် မကြွလာခဲ့လျှင် လူသားသည် ခေတ်ဟောင်းကို အဆုံးသတ်နိုင်စွမ်း မရှိသကဲ့သို့၊ ခေတ်သစ်ကို ဖွင့်လှစ်ပေးနိုင်စွမ်းလည်း မရှိပေ။ လူသားလုပ်ဆောင်သော အလုပ်သည် လူသားတို့လုပ်နိုင်သည့် တာဝန်ပမာဏအတွင်းတွင်သာရှိပြီး ဘုရားသခင်၏အမှုကို ကိုယ်စားမပြုပေ။ လူ့ဇာတိခံယူသော ဘုရားသခင်သာလျှင် သူလုပ်သင့်သောအမှုကို လာရောက်ကာ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပြီး၊ သူမှလွဲ၍ သူ့ကိုယ်စား မည်သူကမျှ ဤအလုပ်ကို မလုပ်ဆောင်နိုင်ပေ။ ငါပြောသော အကြောင်းသည် လူ့ဇာတိခံယူခြင်း အမှုနှင့် ပတ်သက်သည်မှာ မှန်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” မှ

လူ့ဇာတိခံယူထားသော ဘုရားသခင်သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူတို့နှင့် သိသိသာသာ ကွာခြားပေသည်။ လူ့ဇာတိခံယူထားသော ဘုရားသခင်သည် ဘုရားသဘောသဘာဝ၏အမှုကို လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူတို့ကမူ မလုပ်ဆောင်နိုင်ကြပါ။ ခေတ်ကာလအသီးသီး၏အစတွင် ဘုရားသခင်၏ဝိညာဉ်တော်သည် ခေတ်သစ်ကို အစပြုဖို့ရန်နှင့် လူကို အသစ်သောအစပြုရာအတွင်းသို့ ဆောင်ယူဖို့ ကိုယ်တိုင်ကိုယ်ကျ မိန့်ဆိုသည်။ သူ၏မိန့်ဆိုခြင်း ပြီးဆုံးသောအခါ ဤသည်မှာ ဘုရားသဘောသဘာဝအတွင်းရှိ သူ၏အမှုပြီးမြောက်ပြီဟူသည့် လက္ခဏာဖြစ်သည်။ ယင်းနောက်တွင် လူအားလုံးတို့သည် မိမိတို့၏ အသက်တာအတွေ့အကြုံများအတွင်းသို့ ဝင်ရောက်ရန် ဘုရားသခင်၏ အသုံးပြုခြင်းခံရသောသူတို့၏ ဦးဆောင်မှုကို လိုက်လျှောက်ကြလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့် ဘုရားအသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက်” မှ

ဘုရားသခင် ကိုယ်တော်တိုင် ဆောင်ရွက်သော အလုပ်သည်၊ သူ၏ကိုယ်ပိုင် စီမံခန့်ခွဲမှု အစီအစဉ်ဖြင့် ဆောင်ရွက်ရန် ရည်ရွယ်ထားပြီး ကြီးမြတ်သည့် စီမံခန့်ခွဲမှုနှင့် ဆက်စပ်နေသည့် အလုပ်ဖြစ်သည်။ လူသားက (သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကိုခံရသော လူသား) ဆောင်ရွက်သည့် အလုပ်၌ သူ၏ လူတစ်ဦးချင်းစီ အတွေ့အကြုံကို ထောက်ပံ့ပေးခြင်း ပါဝင်သည်။ သူ့ရှေ့တွင် လျှောက်ခဲ့ကြသူများ၏ အတွေ့အကြုံ လမ်းကြောင်းကို ကျော်လွန်၍ အသစ်သော အတွေ့အကြုံလမ်းကြောင်းကို ရှာတွေ့ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုအောက်တွင် သူ၏ညီအစ်ကိုများနှင့် ညီအစ်မများကို ဦးဆောင်ခြင်းတို့ ပါဝင်သည်။ ထိုသူများက ထောက်ပံ့ပေးသည့်အရာမှာ သူတို့တစ်ဦးချင်းစီ၏ အတွေ့အကြုံ၊ သို့မဟုတ် ဝိညာဉ်ရေးရာ လူသားများ၏ ဝိညာဉ်ရေးရာ အရေးအသားများဖြစ်သည်။ ဤလူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသော်လည်း၊ ထိုသို့သော လူများ၏ အလုပ်သည် အနှစ်ခြောက်ထောင် အစီအစဉ်အတွင်းရှိ ကြီးမြတ်သည့် စီမံခန့်ခွဲမှု အလုပ်နှင့် မသက်ဆိုင်ပါ။ သူတို့လုပ်ဆောင်နိုင်သည့် လုပ်ငန်းများ ဆုံးခန်းတိုင်သွားသည်အထိ၊ သို့မဟုတ် သူတို့၏ အသက်တာများ ဆုံးခန်းတိုင်သွားသည်အထိ၊ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်းရှိ လူများကို ဦးဆောင်ရန်အလို့ငှာ မတူညီသည့် ခေတ်ကာလများ၌ သန့်ရှင်းသော ဝိညာဉ်တော်၏ ပေါ်ထွန်းစေခြင်းကို ခံကြရသော လူသားများသက်သက်သာ ဖြစ်ကြသည်။ သူတို့လုပ်ဆောင်သည့် အလုပ်မှာ ဘုရားသခင် ကိုယ်တော်တိုင်အတွက် သင့်တော်သည့် လမ်းကြောင်းကို ပြင်ဆင်ပေးရန်၊ သို့မဟုတ် ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင် ကိုယ်တော်တိုင်၏ စီမံခန့်ခွဲမှုဆိုင်ရာ ရှုထောင့်တစ်ခုကို ဆက်လက်လုပ်ကိုင်ရန်သာ ဖြစ်သည်။ ထိုသို့သော လူများသည် သူတို့ကိုယ်၌အားဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွင်း သာ၍ကြီးမြတ်သည့် အလုပ်ကို မလုပ်နိုင်ကြပါ၊ ထို့ပြင် လမ်းသစ်များကိုလည်း မဖွင့်နိုင်ပါ၊ ယခင်ခေတ်ကာလမှ ဘုရားသခင်၏ အလုပ်အားလုံးကို အဆုံးသတ်ရန် သာ၍ပင် မပြုလုပ်နိုင်ပါ။ ထို့ကြောင့် သူတို့လုပ်သည့် အလုပ်သည် ဖန်ဆင်းခံ သတ္တဝါက မိမိ၏လုပ်ငန်းဆောင်တာကို လုပ်ကိုင်ခြင်းကိုသာ ကိုယ်စားပြုပြီး၊ ဘုရားသခင်ကိုယ်တော်တိုင်က သူ၏အမှုတော်ကို လုပ်ဆောင်ခြင်းကို ကိုယ်စားမပြုနိုင်ပါ။ ဤသို့ဖြစ်ရခြင်းမှာ သူတို့လုပ်ဆောင်သော အလုပ်သည် ဘုရားသခင်ကိုယ်တော်တိုင်က လုပ်ဆောင်သောအမှုနှင့် မတူညီသောကြောင့် ဖြစ်သည်။ ခေတ်သစ်တစ်ခေတ်ကို ဖွင့်လှစ်ပေးသည့် အလုပ်သည် ဘုရားသခင်ကိုယ်စား လူသားက ပြုလုပ်နိုင်သော အလုပ်မျိုး မဟုတ်ပါ။ ဘုရားသခင် ကိုယ်တော်တိုင်မှလွဲ၍ အခြားမည်သူတစ်ဦးတစ်ယောက်ကမျှ မပြုလုပ်နိုင်ပါ။ လူသားလုပ်ဆောင်သည့် အလုပ်အားလုံးသည် ဖန်ဆင်းခံသတ္တဝါတစ်ဦးအနေဖြင့် သူ၏တာဝန်ကို လုပ်ဆောင်ခြင်းဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်က တို့ထိသည့်အခါ၊ သို့မဟုတ် ဉာဏ်အလင်းပေးသည့်အခါ လုပ်ဆောင်ခြင်းဖြစ်သည်။ ထိုသို့သော လူများက ထောက်ပံ့ပေးသည့် လမ်းညွှန်မှုမှာ နေ့စဉ်အသက်တာ၌ လက်တွေ့ကျင့်သုံးခြင်း လမ်းကြောင်းကို ပြသပေးခြင်းနှင့် လူသားများက ဘုရားသခင်၏ အလိုတော်နှင့်အညီ မည်သို့ပြုမူသင့်သည်တို့ကို ပြသပေးခြင်းသက်သက်သာဖြစ်သည်။ လူသား၏အလုပ်၌ ဘုရားသခင်၏ စီမံခန့်ခွဲမှု မပါဝင်သကဲ့သို့ ယင်းအလုပ်သည် ဝိညာဉ်တော်၏ အလုပ်ကိုလည်း ကိုယ်စားမပြုပါ။ ဥပမာတစ်ခုအားဖြင့်၊ မျက်မြင်သက်သေ လီ (Lee) နှင့် စောင့်ကြပ်ကြည့်ရှုသူ နီ (Nee) တို့၏အလုပ်မှာ လမ်းခရီးကို ဦးဆောင်ရန်ဖြစ်သည်။ အသစ်သောလမ်းဖြစ်ပါစေ၊ သို့မဟုတ် ဟောင်းနွမ်းသည့်လမ်းဖြစ်ပါစေ၊ အလုပ်ကို လုပ်ဆောင်ပုံသည် သမ္မာကျမ်းစာကို မကျော်လွန်မှု သဘောတရားအပေါ် အခြေခံသည်။ ဒေသခံအသင်းတော်ကို ပြန်လည်ပြုပြင်သည်ဖြစ်စေ၊ သို့မဟုတ် ဒေသခံအသင်းတော်ကို တည်ဆောက်သည်ဖြစ်စေ၊ သူတို့၏အလုပ်မှာ အသင်းတော်များကို တည်ထောင်ခြင်း ဖြစ်သည်။ သူတို့လုပ်ဆောင်သည့် အလုပ်မှာ ယေရှုနှင့် သူ၏တမန်တော်များက မပြီးပြတ်ခဲ့သည့်အလုပ်၊ သို့မဟုတ် ကျေးဇူးတော်ခေတ်တွင် ဆက်လက်ဖွံ့ဖြိုးရန် မလုပ်ဆောင်ခဲ့သော အလုပ်ဖြစ်သည်။ သူတို့အလုပ်ထဲ၌ သူတို့လုပ်ဆောင်သည့်အရာမှာ ယေရှုက သူ၏နောက်ပိုင်းမျိုးဆက်များကို သူ၏ကနဦးအမှုတွင် တောင်းဆိုခဲ့သည့် ခေါင်းဖုံးခြင်း၊ ဗတ္တိဇံခံခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်း၊ သို့မဟုတ် စပျစ်ရည်သောက်ခြင်း စသည်တို့ကို ပြန်လည်ထိန်းသိမ်းထားရန် ဖြစ်သည်။ သူတို့၏အလုပ်က ကျမ်းစာကို လိုက်နာရန်နှင့် ကျမ်းစာအတွင်းမှ လမ်းများကို ရှာဖွေရန်မျှသာဖြစ်သည်ဟု ဆိုနိုင်သည်။ သူတို့သည် အသစ်ဖြစ်သော မည်သည့်တိုးတက်မှုများကိုမျှ လုပ်ဆောင်ခြင်း မရှိပါ။ ထို့အတွက်ကြောင့် သူတို့၏အလုပ်ထဲတွင် ကျမ်းစာအတွင်းမှ လမ်းသစ်များနှင့် ပိုကောင်းပြီး ပိုလက်တွေ့ကျသည့် ကျင့်ကြံမှုများကို ရှာဖွေတွေ့ရှိခြင်းကိုသာ မြင်တွေ့နိုင်သည်။ သို့သော် သူတို့၏အလုပ်ထဲတွင် ဘုရားသခင်၏ လက်ရှိအလိုတော်ကို မမြင်တွေ့နိုင်ပါ၊ နောက်ဆုံးသောကာလတွင် ဘုရားသခင် လုပ်ဆောင်ရန် စီစဉ်ထားသည့် အလုပ်အသစ်ကို ပို၍ပင် ရှာမတွေ့နိုင်ပါ။ ထိုသို့ဖြစ်ရခြင်းမှာ သူတို့လျှောက်နေသည့်လမ်းသည် လမ်းဟောင်းတစ်ခုဖြစ်နေသောကြောင့်ဖြစ်သည်၊ အသစ်ပြုပြင်ခြင်းနှင့် တိုးတက်မှုတစ်ခုမျှ မရှိပေ။ သူတို့သည် ယေရှု၏ ကားတိုင်တွင် အသေခံခြင်းအချက်ကို ဆက်လက်စွဲကိုင်ထားကြသည်၊ လူများကို နောင်တရ၍ သူတို့၏ အပြစ်များကိုဝန်ခံရန် တောင်းဆိုသည့် ကျင့်ကြံမှုကို ဆက်လက်လိုက်နာကြသည်၊ အဆုံးတိုင်အောင် တည်ကြည်သော အကြင်သူသည် ကယ်တင်ခံရလိမ့်မည်ဟူသည့် ဆိုရိုးစကားများနှင့် ယောက်ျားသည် မိန်းမ၏ ဦးခေါင်းဖြစ်သည်၊ မိန်းမသည် မိမိခင်ပွန်းကို နာခံရမည်ဟူသည့် ဆိုရိုးစကားများ၊ ထို့အပြင် ရှေးရိုးစွဲ အမြင်ဖြစ်သည့် ညီအစ်မများသည် တရားမဟောရ၊ နာခံခြင်းသာ ပြုရမည်ဆိုသည့် ဆိုရိုးစကားများကို စောင့်ထိန်းကြသည်။ အကယ်၍ ဤကဲ့သို့သော ဦးဆောင်မှုပုံစံကို ဆက်လက်လိုက်နာမည်ဆိုလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်က အမှုသစ်ကို ဘယ်သောအခါမျှ လုပ်ဆောင်နိုင်ခဲ့မည်မဟုတ်၊ လူသားများကို အယူဝါဒများထဲမှ လွတ်မြောက်စေနိုင်မည် မဟုတ်ပါ၊ သို့မဟုတ် လူသားကို လွတ်လပ်မှုနှင့် လှပမှု၏ နယ်ပယ်ထဲသို့ ဦးဆောင်လမ်းပြနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ခေတ်ကို ပြောင်းလဲသည့် အလုပ်၏ ဤအဆင့်ကို ဘုရားသခင်ကိုယ်တော်တိုင်က လုပ်ဆောင်ပြီး ပြောဆိုရမည်ဖြစ်သည်၊ ထိုသို့မဟုတ်ပါက မည်သည့်လူသားကမျှ ဘုရားသခင်ကိုယ်စား မလုပ်ဆောင်နိုင်ပါ။ ထို့ကြောင့် ယခုအချိန်ထိ၊ ဤရေစီးကြောင်းပြင်ပမှ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အားလုံးသည် လုံးဝဥဿုံရပ်တန့်သွားပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကိုခံရသော လူများသည်လည်း ရပ်တည်ရာများ ပျောက်ဆုံးသွားခဲ့သည်။ ထို့ကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသည့် လူသားများ၏ အလုပ်က ဘုရားသခင်ကိုယ်တော်တိုင် လုပ်ဆောင်သည့် အလုပ်နှင့် တူညီမှုမရှိသည့်အတွက်၊ သူတို့၏ သွင်ပြင်လက္ခဏာများနှင့် မည်သူ၏ကိုယ်စား သူတို့လုပ်ကိုင်သည်ဟူသည့် အကြောင်းအရာများသည်လည်း ကွဲပြားမှုရှိကြသည်။ ဤသို့ဖြစ်ရခြင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်က လုပ်ဆောင်ရန် ရည်ရွယ်သောအမှုသည် ကွဲပြားသောကြောင့်ဖြစ်သည်၊ သို့ဖြစ်၍ တူညီသော လုပ်ဆောင်သူများသည် မတူညီသည့် သွင်ပြင်လက္ခဏာများနှင့် အဆင့်အတန်းများကို အပ်နှင်းခြင်းခံရသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသည့် လူသားတို့သည် အသစ်သော အလုပ်အချို့ကို လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ပြီး၊ ယခင်ခေတ်က ပြီးမြောက်ခဲ့သော အလုပ်အချို့ကိုလည်း ဖယ်ထုတ်ကောင်း ဖယ်ထုတ်နိုင်ပေမည်၊ သို့သော် သူတို့လုပ်ဆောင်သည့်အရာသည် အသစ်သောခေတ်ထဲတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့် အလိုတော်ကို ဖော်ပြနိုင်ခြင်း မရှိပါ။ ယခင်ခေတ်က အလုပ်ကို ဖယ်ထုတ်ရန်သာ သူတို့လုပ်ဆောင်ကြသည်၊ ဘုရားသခင်ကိုယ်တော်တိုင်၏ စိတ်သဘောထားနှင့် အလိုတော်ကို တိုက်ရိုက်ကိုယ်စားပြုရန် ရည်ရွယ်သည့် အသစ်သော အလုပ်ကို လုပ်ဆောင်ရန် မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် ခေတ်မမီတော့သည့် ကျင့်ကြံမှု မည်မျှကို ပယ်ဖျက်သည်ဖြစ်စေ၊ သို့မဟုတ် သူတို့သည် ကျင့်ကြံမှုအသစ် မည်မျှကို စတင်လုပ်ဆောင်သည်ဖြစ်စေ၊ သူတို့သည် လူသားနှင့် ဖန်ဆင်းခံသတ္တဝါများကိုသာ ကိုယ်စားပြုဆဲဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင်က အလုပ်လုပ်သည့်အခါတွင်မူ သူသည် ယခင်ခေတ်က ကျင့်ကြံမှုများအား ပယ်ဖျက်ခြင်းများကို ပွင့်လင်းစွာ မကြေညာပါ၊ သို့မဟုတ် ခေတ်သစ်တစ်ခု၏ စတင်မှုကို တိုက်ရိုက် မကြေညာပါ။ သူအလုပ်လုပ်ရာ၌ သူသည် တဲ့တိုးဖြစ်ပြီး ဖြောင့်မတ်သည်။ သူရည်ရွယ်သည့်အလုပ်ကို ဆောင်ရွက်ရာ၌ သူသည် ဘွင်းဘွင်းရှင်းရှင်းပင် လုပ်သည်။ ဆိုလိုသည်မှာ၊ သူ၏ဖြစ်ခြင်းနှင့် စိတ်သဘောထားကို ဖော်ပြလျက် သူယူဆောင်လာသည့် အလုပ်အကြောင်းကို တိုက်ရိုက်ပင် သူထုတ်ဖော်သည်၊ မူလက ရည်ရွယ်ထားသည့်အတိုင်း သူ့အလုပ်ကို တိုက်ရိုက်ပင် လုပ်ဆောင်သည်။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အလုပ်တို့သည် ယခင်ခေတ်အဆက်ဆက်နှင့် ကွာခြားသည်ဟု လူသားက မြင်သည်။ သို့သော်၊ ဘုရားသခင် ကိုယ်တော်တိုင်၏ ရှုထောင့်မှဆိုလျှင်၊ ဤကား သူ့အလုပ်ကို ဆက်လက်လုပ်ကိုင်မှုနှင့် သူ့အလုပ်၏ ဆက်လက်ဖွံ့ဖြိုးမှုမျှသာ ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင် လုပ်ဆောင်သည့်အခါ၊ သူသည် သူ၏နှုတ်ကပတ်တော်ကို ထုတ်ဖော်ပြီး၊ အသစ်သော အလုပ်ကို တိုက်ရိုက်ယူဆောင်လာသည်။ ဆန့်ကျင်ဘက်အားဖြင့်၊ လူသားလုပ်ဆောင်သည့်အခါတွင်မူ၊ ယင်းသည် စဉ်းစားချင့်ချိန်မှုနှင့် လေ့လာမှုအားဖြင့် ဖြစ်သည်၊ သို့မဟုတ် ယင်းသည် အခြားသူများ၏ လုပ်ဆောင်မှုအပေါ် အခြေခံထားသည့် အသိပညာနှင့် ကျင့်ကြံမှုကို စနစ်ကျအောင် စီမံခြင်းတို့၏ အစိတ်အပိုင်းသာဖြစ်သည်။ ဆိုလိုသည်မှာ၊ လူသားက လုပ်ဆောင်သည့် အလုပ်၏အနှစ်သာရသည် ထုံးတမ်းစဉ်လာကို လိုက်လျှောက်ရန်ဖြစ်ပြီး “လမ်းဟောင်းများကို ဖိနပ်အသစ်များဖြင့် လျှောက်လမ်းရန်” ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကိုခံရသော လူသားများ လျှောက်သည့်လမ်းမှာ ဘုရားသခင်ကိုယ်တော်တိုင် ဖွင့်ပေးထားခဲ့သော လမ်းအပေါ်တွင် အခြေခံ၍ တည်ဆောက်ထားသည်ဟု ဆိုလိုသည်။ ထို့ကြောင့် နောက်ဆုံးစာရင်းချုပ်လိုက်လျှင် လူသားသည် လူသားသာဖြစ်ပြီး၊ ဘုရားသခင်က ဘုရားသခင်သာဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” မှ

ပရောဖက်များ ပြောသောစကားများနှင့် ပြုသောအမှုများသာမက သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသော သူများ၏ ပြောသောစကားများနှင့် ပြုသောအမှုများသည် လူသားတို့၏တာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်သည်၊ ၎င်းတို့သည် ဖန်ဆင်းခံသတ္တဝါအနေဖြင့် မိမိ၏အလုပ်ကို ဆောင်ရွက်နေခြင်းဖြစ်ပြီး လူသားတို့ လုပ်သင့်သောအမှုတို့ကို လုပ်ဆောင်နေခြင်းဖြစ်သည်။ သို့သော် လူ့ဇာတိခံယူသော ဘုရားသခင်ပြုသော အမှုနှင့် နှုတ်ကပတ်တော်သည် သူ၏အမှုတော်ကို ထမ်းရွက်ရန်ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ အပြင်ပန်းအသွင်သဏ္ဌာန်သည် ဖန်ဆင်းခံသတ္တဝါ၏ အသွင်သဏ္ဌာန်ရှိသော်လည်း သူ၏အမှုမှာ သူ၏အလုပ်တာဝန်ကို လုပ်ဆောင်ရန်မဟုတ်ဘဲ သူ၏အမှုတော်ကို ထမ်းရွက်ရန်ဖြစ်သည်။ "တာဝန်"ဟူသော ဝေါဟာရကို ဖန်ဆင်းခံသတ္တဝါများနှင့်စပ်လျဉ်း၍ အသုံးပြုသော်လည်း "အမှုတော်"ဟူသော ဝေါဟာရကိုမူ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာနှင့်စပ်လျဉ်း၍ အသုံးပြုသည်။ ထိုဝေါဟာရနှစ်လုံးအကြားတွင် အခြေခံအားဖြင့် ကွာခြားမှုရှိပြီး ၎င်းတို့မှာ အပြန်အလှန်အဓိပ္ပာယ်ရှိသော ဝေါဟာရများ မဟုတ်ပေ။ လူ၏အမှုမှာ သူ၏တာဝန်ကို လုပ်ဆောင်ရန်သာ ဖြစ်သော်လည်း ဘုရားသခင်၏အမှုမှာ သူ၏အမှုတော်ကို စီမံခန့်ခွဲရန်နှင့် ဆောင်ရွက်ရန်ဖြစ်သည်။ ထို့ကြောင့် တမန်တော်များစွာသည် သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းကိုခံခဲ့ရပြီး ပရောဖက်များစွာသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝကြသော်လည်း ၎င်းတို့ပြုသော အမှုနှင့် ပြောသောစကားများသည် ၎င်းတို့၏တာဝန်ကို ဖန်ဆင်းခံသတ္တဝါအနေဖြင့် လုပ်ဆောင်ရုံမျှသာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ၎င်းတို့၏ပရောဖက်ပြုချက်များသည် လူ့ဇာတိခံယူသော ဘုရားသခင်မြွက်ဆိုသည့် အသက်လမ်းခရီးထက် သာ၍ကြီးမြတ်ကောင်း ကြီးမြတ်နိုင်သည့်အပြင် ၎င်းတို့၏လူ့သဘာဝသည်ပင် လူ့ဇာတိခံယူသော ဘုရားသခင်၏ လူ့သဘာဝထက် သာ၍ကျော်လွန်ခဲ့သော်လည်း ၎င်းတို့သည် ၎င်းတို့၏တာဝန်ကိုသာ ဆက်လက် ထမ်းဆောင်နေကြခြင်း ဖြစ်ပြီး ၎င်းတို့၏အမှုတော်ကို ကျေပွန်အောင်ဆောင်ရွက်နေခဲ့ကြခြင်း မဟုတ်ပါ။ လူသားများ၏တာဝန်သည် လူသားများ၏အလုပ်ကို ရည်ညွှန်းပြီး လူသားများ ကြိုးပမ်းလုပ်ဆောင်နိုင်သောအရာ တစ်စုံတစ်ခုဖြစ်သည်။ သို့သော်လည်း လူ့ဇာတိခံယူသော ဘုရားသခင် ထမ်းရွက်သောအမှုတော်သည် သူ၏စီမံခန့်ခွဲမှုနှင့်သက်ဆိုင်ပြီး ထိုအရာကို လူသားများ ကြိုးပမ်းလုပ်ဆောင်၍မရပေ။ လူ့ဇာတိခံယူသော ဘုရားသခင် မြွက်ဆိုသည်ဖြစ်စေ၊ အမှုပြုသည်ဖြစ်စေ သို့မဟုတ် အံ့သြဖွယ်ရာများ ပြသည်ဖြစ်စေ၊ သူသည် သူ၏စီမံခန့်ခွဲမှုအတွင်းရှိ ကြီးမားသောအမှုကို ပြုနေခြင်းပင်ဖြစ်၍ ထိုသို့သောအမှုကို လူသားများက သူ၏ကိုယ်စား ဝင်ရောက်လုပ်ဆောင်၍ မရနိုင်ပါ။ လူသားများ၏အလုပ်မှာ ဘုရားသခင် စီမံခန့်ခွဲသောအမှုထဲမှ ပေးထားသောအဆင့်ထဲတွင် ဖန်ဆင်းခံသတ္တဝါအနေဖြင့် မိမိ၏တာဝန်ကိုသာ လုပ်ဆောင်ရန် ဖြစ်သည်။ ဘုရားသခင်၏စီမံခန့်ခွဲမှု မရှိဘဲ၊ ဆိုလိုသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုတော်သည် ဆုံးရှုံးခြင်းသို့ ရောက်ခဲ့မည်ဆိုပါက ဖန်ဆင်းခံသတ္တဝါ၏ တာဝန်သည်လည်း ဆုံးရှုံးခြင်းသို့ရောက်မည် ဖြစ်သည်။ ဘုရားသခင်သည် သူ၏အမှုတော်ကို ထမ်းရွက်စဉ်ပြုသောအမှုမှာ လူသားတို့ကို စီမံခန့်ခွဲရန်ဖြစ်သည်၊ တစ်ဖက်တွင် လူသားတို့သည် ၎င်းတို့၏တာဝန်ကို လုပ်ဆောင်ခြင်းမှာ ဖန်ဆင်းရှင်၏ တောင်းဆိုချက်များ ပြည့်မီစေရန်အတွက် ၎င်းတို့၏ကိုယ်ပိုင် ဝတ္တရားများကို ဆောင်ရွက်နေခြင်းဖြစ်ပြီး တစ်ဦးတစ်ယောက်၏ အမှုတော်ကို ထမ်းရွက်နေသည်ဟု ယူဆ၍မရနိုင်ပါ။ ဘုရားသခင်၏ရှိရင်းစွဲ အနှစ်သာရ၊ တစ်နည်းအားဖြင့်ဆိုသော် သူ၏ဝိညာဉ်တော်အတွက် ဘုရားသခင် ပြုသောအမှုဆိုသည်မှာ သူ၏စီမံခန့်ခွဲမှု ဖြစ်သော်လည်း ဖန်ဆင်းခံသတ္တဝါ၏ အသွင်သဏ္ဌာန်ကိုဆောင်သည့် လူ့ဇာတိခံယူသော ဘုရားသခင်အတွက်မူ သူ၏အမှုမှာ မိမိ၏အမှုတော်ကို ထမ်းရွက်ရန်ပင်ဖြစ်သည်။ သူပြုသော အမှုမှန်သမျှသည် သူ၏အမှုတော်ကို ထမ်းရွက်ရန်ပင်ဖြစ်ပြီး လူသားများအနေဖြင့် လုပ်ဆောင်နိုင်သောအရာ တစ်ခုတည်းမှာ သူ၏စီမံခန့်ခွဲမှုအတိုင်းအတာအတွင်း၊ သူ၏ဦးဆောင်မှုအောက်တွင် ၎င်းတို့၏ အကောင်းဆုံးသော အရာများကို ဆက်ကပ်ပေးအပ်ခြင်းပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်တို့အကြား ကွဲပြားခြားနားမှု” မှ

သို့ဖြစ်လျှင် ယောဟန်၊ ပေတရုနှင့် ပေါလုတို့သည် ယေရှုနှင့် တူညီသော သွင်ပြင်လက္ခဏာ မရှိခဲ့သော်လည်း နှုတ်ကပတ်တော်များကို အဘယ်ကြောင့် ယေရှုပြောခဲ့သလို ပြောခဲ့ကြသနည်း။ ယင်းမှာ ယေဘူယျအားဖြင့်ဆိုရသော် သူတို့လုပ်ဆောင်ခဲ့သော အလုပ်မှာ မတူညီသောကြောင့်ဖြစ်သည်။ ယေရှုသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ကိုယ်စားပြုပြီး ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက်အလုပ်လုပ်ခဲ့သည်။ သူသည် ခေတ်သစ်၏အလုပ်ကို လုပ်ခဲ့သည်၊ ယင်းအလုပ်များကို ယခင်က မည်သူမျှ မလုပ်ခဲ့ဖူးသေးပေ။ သူသည် အသစ်သောလမ်းကို ဖွင့်ခဲ့သည်။ သူသည် ယေဟောဝါကို ကိုယ်စားပြုခဲ့ပြီး သူသည် ဘုရားသခင် ကိုယ်တိုင်ကို ကိုယ်စားပြုခဲ့သည်။ ပေတရု၊ ပေါလုနှင့် ဒါဝိဒ်တို့သည် သူတို့ကို မည်သို့ပင်ခေါ်သည်ဖြစ်စေ သူတို့သည် ဘုရားသခင်ဖန်ဆင်းထားသော သတ္တဝါတစ်ခု၏ သွင်ပြင်လက္ခဏာကိုသာ ကိုယ်စားပြုသည်၊ ထို့ပြင် သူတို့ကို ယေရှု သို့မဟုတ် ယေဟောဝါက စေလွှတ်သည်။ ထို့ကြောင့် သူတို့သည် မည်မျှအလုပ်လုပ်သည် ဖြစ်စေ၊ သူတို့သည် မည်မျှသော တန်ခိုးများကို ပြသခဲ့သည်ဖြစ်စေ၊ သူတို့သည် ဘုရားသခင်ဖန်ဆင်းသော သတ္တဝါများသာဖြစ်ပြီး ဘုရားသခင်၏ ဝိညာဉ်တော်ကို ကိုယ်စားမပြုနိုင်ကြပေ။ သူတို့သည် ဘုရားသခင်၏ နာမတော်၌ သို့မဟုတ် ဘုရားသခင်၏ စေလွှတ်ခြင်း၌ အလုပ်လုပ်ကြသည်။ ထို့အပြင် သူတို့သည် ယေရှု သို့မဟုတ် ယေဟောဝါစတင်ခဲ့သောခေတ်တွင် အလုပ်လုပ်ပြီး သူတို့လုပ်သော အလုပ်သည် သီးခြားမဟုတ်ပေ။ အဆုံးတွင် သူတို့သည် ဘုရားသခင်က ဖန်ဆင်းသော သတ္တဝါများသာဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍” မှ

ယေရှုပြုခဲ့သည့် အလုပ်နှင့် ယောဟန် ပြုခဲ့သည့် အလုပ်နှစ်ခု အကြား မည်သည့်အရာများက တိကျစွာ ကွာခြားနေသနည်း။ ယောဟန်က ယေရှုအတွက် လမ်းကြောင်းခင်း ပေးခဲ့သူသည် တစ်ခုတည်းသော အကြောင်းပြချက်လား။ သို့မဟုတ် ဘုရားသခင်က ရှေးမဆွက ခွဲခန့် မှတ်သား ထား၍လော။ "နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ" ဟု ယောဟန် ပြောခဲ့ပြီး၊ ကောင်းကင်နိုင်ငံတော် သတင်းကောင်းကို ဟောကြားခဲ့သော်လည်း၊ သူ၏ လုပ်ဆောင်မှုသည် နက်နဲမှုမရှိဘဲ၊ စတင်မှု၏ ပါဝင်ခြင်းတစ်ခုမျှသာ ဖြစ်သည်။ မတူညီချက်မှာ၊ ယေရှုက ခေတ်သစ်တစ်ခုကို ဖွင့်ပေးခဲ့ပြီး၊ အဟောင်းကို အဆုံးသတ်ခဲ့သည်။ သူသည် ဓမ္မဟောင်းကျမ်း၏ ဥပဒေသကိုလည်း ဖြည့်ဆည်း ပေးခဲ့သည်။ သူပြုခဲ့သည့် အမှုသည် ယောဟန်ထက် ပိုမိုကြီးမြတ်၍ သူသည် လူသားများအားလုံးကို ရွေးနှုတ်ရန် ကြွလာခြင်းဖြစ်သည်— သူသည် ထိုလုပ်ငန်းအဆင့်ကို လုပ်ဆောင်ခဲ့သည်။ ယောဟန်သည် ရိုးရှင်းစွာပင် လမ်းကြောင်းကို ပြင်ဆင်ပေးခဲ့သည်။ သူ၏ လုပ်ဆောင်မှုသည် ကြီးမြတ်သည်၊ သူသည် စကားလုံးများစွာ ပြောဆိုခဲ့ပြီး၊ သူ့နောက်သို့လိုက်သည့် တပည့်များစွာ ရှိပါသော်လည်း၊ သူ၏လုပ်ဆောင်မှုမှာ လူသားကို အသစ်သောစတင်ခြင်းသို့ ယူဆောင်လာခြင်းထက် ပိုမများပါ။ လူသားသည် သူ့ထံမှ အသက်၊ လမ်းခရီး သို့မဟုတ် ပိုနက်နဲသည့် သမ္မာတရားများကို ဘယ်သောအခါမျှ မရခဲ့သကဲ့သို့၊ သူ့အားဖြင့် ဘုရားသခင်၏ အလိုကို နားလည်နိုင်စွမ်းလည်း တစ်ခါမျှ မရရှိခဲ့ပါ။ ယောဟန်သည် ကြီးမြတ်သည့် ပရောဖက် (ဧလိယ) ဖြစ်သည်။ ယေရှု၏ အလုပ်အတွက် နေရာအသစ်ကို ရှေ့ပြေး ဆောင်ရွက်ပေးခဲ့သည်၊ ရွေးကောက်ခြင်း ခံရသည့်သူကို ပြင်ဆင်ပေးခဲ့သည်။ သူသည် ကျေးဇူးတော်ခေတ်၏ ရှေ့ပြေးတစ်ဦး ဖြစ်ခဲ့သည်။ ဤသို့သော အကြောင်းအရာများကို သူတို့၏ ပုံမှန် လူသားမျက်နှာ ဟန်ပန်များကို လေ့လာရုံဖြင့် မသိမမြင်နိုင်ပါ။ အထူးသဖြင့်၊ ယောဟန်သည် အတော်အတန် ကြီးမြတ်သည့် အလုပ်ကို ဆောင်ရွက်ခဲ့သည်။ ထို့ပြင်သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ကတိတော်အားဖြင့် မွေးဖွားခဲ့ပြီး သူ၏လုပ်ဆောင်မှုများကို သန့်ရှင်းသော ဝိညာဉ်တော်က ထောက်ပံ့ပေးခဲ့သည်။ ထိုသို့သော အရာများကြောင့်၊ သူတို့နှစ်ဦးကြား သက်ဆိုင်ရာ သွင်ပြင်လက္ခဏာများသည် သူတို့၏လုပ်ဆောင်မှုအားဖြင့်သာ ခွဲခြားနိုင်သည်၊ လူသားတစ်ဦး၏ ပြင်ပသွင်ပြင်လက္ခဏာသည် သူ၏အနှစ်သာရကို မပြောနိုင်သကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော်၏ စစ်မှန်သည့် သက်သေခံချက်ကို လူသားအနေဖြင့် သေချာမလေ့လာ မစီစစ်နိုင်ပေ။ ယောဟန် လုပ်ဆောင် ခဲ့သည့် အလုပ်နှင့် ယေရှုပြုခဲ့သည့် အမှုတို့သည် တူညီမှုမရှိဘဲ သဘာဝခြင်းလည်း ခြားနားပါသည်။ ဤအရာကို ကြည့်ခြင်းအားဖြင့် သူသည် ဘုရားသခင် ဟုတ်လား၊ မဟုတ်လား ဆိုသည်ကို ဆုံးဖြတ်သင့် သည်။ ယေရှု၏ လုပ်ဆောင်မှုသည် စတင်ရန်၊ ဆက်သွားရန်၊ အဆုံးသတ်ရန်နှင့် ပြီးမြောက်အောင်မြင်ရန် ဖြစ်သည်။ ဤအဆင့် တစ်ဆင့်ချင်းစီကို ယေရှုက လုပ်ဆောင်ခဲ့သည်၊ တစ်နည်းဆိုရလျှင် ယောဟန်သည် အစပိုင်းထက်ပိုပြီး မလုပ်ဆောင်ခဲ့ပါ။ အစပိုင်းတွင် ယေရှုသည် ဧဝံဂေလိတရားကို ပြန့်ပွားစေပြီး နောင်တ တရား ရစေသည့် လမ်းခရီးကို ဟောပြောခဲ့သည်။ ထို့နောက် လူတွေကို ရေနှစ်ခြင်းပေးသည်၊ ဖျားနာမှုတွေကို ကုသပျောက်ကင်းစေပြီး နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်။ အဆုံးတွင်၊ လူသားများကို အပြစ်မှ ရွေးနှုတ်ခဲ့ပြီး ခေတ်တစ်ခုလုံးအတွက် သူ၏အမှုကို အပြီးသတ်ခဲ့သည်။ သူသည် လူသားကို တရားဒေသနာ ဟောကြားခဲ့ပြီး ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိ တရားတော်ကို နေရာအနှံ့အပြား၌ ပြန့်ပွားစေခဲ့သည်။ ဤအရာသည် ယောဟန်နှင့် အတူတူပင်ဖြစ်သည်၊ မတူညီသည့်အရာမှာ ယေရှုက ခေတ်သစ်ကို ဖွင့်ပေးခဲ့ပြီး၊ ကျေးဇူးတော် ခေတ်ကို လူသားများဆီသို့ ယူဆောင်လာပေးခဲ့သည်။ လူသားသည် အဘယ်အရာကို ကျင့်ကြံသင့်သည်နှင့် ကျေးဇူးတော်ခေတ်တွင် လူသားက လိုက်လျှောက်ရမည့် လမ်းကြောင်းကို သူ၏ နှုတ်မှ စကားလုံးကို ဖွင့်ဟခဲ့ပြီး၊ အဆုံးတွင် ရွေးနှုတ်ခြင်းအမှုကို သူအပြီးသတ်ခဲ့သည်။ ယောဟန်သည် ထိုကဲ့သို့သော အလုပ်ကို ဘယ်သောအခါမျှ မလုပ်ဆောင်နိုင်ခဲ့ပါ။ ထို့ကြောင့်၊ ယေရှုသည် ဘုရားသခင်ကိုယ်တိုင်၏ အလုပ်ကို လုပ်ဆောင်ခဲ့ပြီး၊ သူသည် ဘုရားသခင် ကိုယ်တိုင်ပင်ဖြစ်ကာ ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားပြုသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” မှ

သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲမှ အလုပ်သည် ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်ဖြစ်စေ၊ အသုံးပြုခံရသော လူသားများ၏အလုပ်ဖြစ်စေ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင်၏ အနှစ်သာရသည် သန့်ရှင်း သော ဝိညာဉ်တော် သို့မဟုတ် ခုနှစ်ဆပြင်းထန်သော ဝိညာဉ်တော်ဟု ခေါ်ဆိုနိုင်သော ဝိညာဉ်တော်ဖြစ်သည်။ အားလုံးခြုံကြည့်လျှင် ယင်းတို့သည် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည်။ ယင်းတို့မှာ ဘုရားသခင်၏ ဝိညာဉ်တော်ကို မတူညီသော ခေတ်ကာလများအတွင်း မတူညီသည့် ခေါ်ဆိုမှုများသာဖြစ်သည်။ သို့ရာတွင် သူတို့၏ အနှစ်သာရသည် တစ်ခုတည်းသာဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ အလုပ်သည်လည်း သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်နေသောအလုပ်ထက် လျော့နည်းခြင်းမရှိပေ။ အသုံးပြုခြင်း ခံရသော လူသားတို့၏ အလုပ်သည်လည်း သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ပင်ဖြစ်သည်။ ဘုရားသခင်၏ အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပြီးပြည့်စုံသော ဖော်ပြချက်သာဖြစ်ပြီး ကွဲပြားခြားနားမှု မရှိပေ။ တစ်ဖက်တွင် အသုံးပြုခြင်းခံရသော လူသားတို့၏အလုပ်သည် လူ့အမှုအရာများစွာနှင့် ရောနှောနေပြီး ပြီးပြည့်စုံသော ဖော်ပြချက်ကို မဆိုထားနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက်ပင် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

ဘုရားသခင်ဖော်ပြသည့် အရာသည် ဘုရားသခင် ကိုယ်တော်တိုင်အကြောင်းဖြစ်ပြီး ထိုအရာသည် လူတို့လက်လှမ်းမီနိုင်သည်ထက် ကျော်လွန်သည်။ ထိုအရာသည် လူသားတို့၏ စဉ်းစားနိုင်မှုထက် ကျော်လွန်သည်။ သူသည် လူသားအားလုံးကို ဦးဆောင်သည့် သူ့အလုပ်ကိုဖော်ပြပြီး ထိုအလုပ်သည် လူသားအတွေ့အကြုံနှင့်ပတ်သက်သော အချက်အလက် အတိအကျများနှင့် သင့်လျော်မှု မရှိပေ။ ထိုအစား သူ၏ကိုယ်ပိုင်စီမံခန့်ခွဲမှုနှင့် သက်ဆိုင်လေသည်။ လူသားသည် သူ၏အတွေ့အကြုံကို ဖော်ပြနေသော်လည်း ဘုရားသခင်သည် သူ၏ဖြစ်တည်မှုကို ဖော်ပြလေသည်။ ဤဖြစ်တည်မှုသည် သူ၏ပင်ကိုစိတ်သဘောထားဖြစ်ပြီး လူသား လက်လှမ်းမီနိုင်သည်ထက် ကျော်လွန်လေသည်။ လူသား၏ အတွေ့အကြုံသည် ဘုရားသခင်က သူ၏ဖြစ်တည်မှုကို ဖော်ပြသည့် အပေါ်တွင်အခြေခံပြီး ရလာသည့် သူတွေ့မြင်သည့်အရာနှင့် အသိပညာတို့ဖြစ်သည်။ ထိုတွေ့မြင်ခြင်းနှင့် အသိပညာကို လူသား၏ ဖြစ်တည်မှုဟု ခေါ်သည်။ ယင်းတို့ကို လူသား၏ ပင်ကိုစိတ်သဘောထားနှင့် သူ၏ အရည်အချင်းမှန်တို့၏ အခြေခံပေါ်တွင် ဖော်ပြခြင်းခံရသည်။ သို့ဖြစ်၍ ယင်းတို့ကို လူသား၏ ဖြစ်တည်မှုဟုလည်းခေါ်သည်။...လူတို့ပြောသောအရာသည် လူတို့ တွေ့ကြုံသောအရာဖြစ်သည်။ ယင်းသည် သူတို့တွေ့မြင်ခဲ့ရသောအရာ၊ သူတို့၏စိတ်များ လက်လှမ်းမီနိုင်သောအရာနှင့် သူတို့အာရုံများထဲတွင် ခံစားနိုင်သောအရာဖြစ်သည်။ ယင်းသည် သူတို့မိတ်သဟာရပြုနိုင်သောအရာ ဖြစ်သည်။ ဘုရားသခင်၏ ခံယူထားသော လူ့ဇာတိဖြင့်ပြောသော စကားလုံးများသည် ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြမှုဖြစ်ပြီး ဝိညာဉ်တော်က ပြုခဲ့သောအလုပ်ကို ဖော်ပြသည်။ ဇာတိခန္ဓာသည် ယင်းကိုမတွေ့ကြုံခဲ့ရ သို့မဟုတ် မတွေ့မြင်ခဲ့ရပေ။ သို့ရာတွင် သူ၏ဖြစ်ခြင်းကို ဖော်ပြနိုင်သေးသည်။ အကြောင်းမှာ ဇာတိခန္ဓာ၏ အနှစ်သာရသည် ဝိညာဉ်ဖြစ်ပြီး သူသည် ဝိညာဉ်တော်အလုပ်ကို ဖော်ပြနိုင်သည်။ ဇာတိခန္ဓာသည် ယင်းကို မရောက်ရှိနိုင်သော်လည်း ယင်းသည် ဝိညာဉ်တော်မှ ပြုလုပ်နှင့်ပြီးသောအလုပ်ဖြစ်သည်။ လူ့ဇာတိ ခံယူပြီးနောက်တွင် ဇာတိခန္ဓာ၏ ဖော်ပြချက်မှတစ်ဆင့် သူသည် လူတို့ကို ဘုရားသခင်၏ဖြစ်ခြင်းကို သိခွင့်ပေးပြီး ဘုရားသခင်၏စိတ်သဘောထားနှင့် သူပြုခဲ့သောအလုပ်တို့ကို မြင်တွေ့ခွင့်ပေးသည်။ လူသားအလုပ်သည် လူသားတို့ကို သူတို့ဝင်ရောက်သင့်သော၊ သူတို့နားလည်သင့်သော အရာတို့နှင့် ပတ်သက်၍ ပိုရှင်းလင်းစေခွင့်ပေးသည်။ ထိုအထဲတွင် လူတို့ကို သမ္မာတရားအား နားလည်မှုနှင့် တွေ့ကြုံခြင်းထံသို့ ဦးဆောင်သွားသည်။ လူသား၏အလုပ်သည် လူတို့ကို အဓွန့်ရှည်စေရန်ဖြစ်သည်။ ဘုရားသခင်၏အလုပ်သည် လမ်းသစ်များကို ဖွင့်ပေးရန်၊ လူသားမျိုးနွယ်အတွက် ကာလသစ်များကို ဖွင့်လှစ်ပေးရန်နှင့် သေမျိုးသေနွယ်များက မသိထားသည့်အရာတို့ကို လူတို့ထံသို့ပြသရန်ဖြစ်သည်။ သူတို့ကို ဘုရားသခင်၏ စိတ်သဘောထားကို သိခွင့်ပေးလေသည်။ ဘုရားသခင်၏ အလုပ်သည် လူသားမျိုးနွယ် အားလုံးကို ဦးဆောင်ရန်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

သင်တို့သည် ဘုရားသခင်၏အလုပ်ကို လူသား၏အလုပ်နှင့် မည်သို့ခွဲခြားရမည်ဆိုသည်ကို သိရမည်။ လူသား၏အလုပ်မှ မည်သည့်အရာကို သင်မြင်နိုင်သနည်း။ လူသား၏အလုပ်တွင် လူသားအတွေ့အကြုံ၏ အရိပ်လက္ခဏာများစွာရှိသည်။ လူသားဖော်ပြသည့်အရာသည် သူ၏ဖြစ်ခြင်းဖြစ်သည်။ ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်သည်လည်း သူ၏ဖြစ်ခြင်းကိုသာ ဖော်ပြသည်၊ သို့ရာတွင် ဘုရားသခင်၏ ဖြစ်ခြင်းသည် လူသား၏ဖြစ်ခြင်းနှင့် ကွာခြားသည်။ လူသား၏ ဖြစ်ခြင်းသည် လူသား၏အတွေ့အကြုံနှင့် အသက်တာတို့ကို (လူသား၏ အသက်တာတွင် လူသားတွေ့ကြုံသည့်အရာ၊ သို့မဟုတ် ကြုံဆုံသည့်အရာ၊ သို့မဟုတ် သူ့တွင်ရှိသော အသက်တာဒဿနိကများ) ကိုယ်စားပြုခြင်းဖြစ်ပြီး ကွဲပြားသော ပတ်ဝန်းကျင်များတွင် နေထိုင်သည့် သူများသည် ကွဲပြားသော ဖြစ်ခြင်းများကို ဖော်ပြသည်။ သင့်ထံတွင် လူမှုရေးအတွေ့အကြုံများ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင်သည် သင့်မိသားစုအတွင်းတွင် မည်သို့အမှန်တကယ်အသက်ရှင်ပြီး တွေ့ကြုံသည်ကို သင်ဖော်ပြသောအရာတွင် တွေ့နိုင်သည်၊ သို့သော် လူ့ဇာတိခံယူသော ဘုရားသခင်၏အလုပ်ကိုမူ ဘုရားသခင်ထံတွင် လူမှုရေးအတွေ့အကြုံများရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင်သည်မမြင်နိုင်ပေ။ သူသည် လူသားအနှစ်သာရကို ကောင်းမွန်စွာ သတိပြုမိပြီး၊ လူအမျိုးအစားအားလုံးထံသို့ သက်ဆိုင်ရာ အလေ့အကျင့် အမျိုးအစားအားလုံးကို သူဖော်ပြနိုင်သည်။ သူသည် လူသား၏ ဖောက်ပြန်သော စိတ်သဘောထားနှင့် ပုန်ကန်တတ်သော အပြုအမူတို့ကိုဖော်ပြရာတွင် ပို၍တော်လေသည်။ သူသည် လောကီနှင့်ဆိုင်သော လူများအကြားတွင် နေထိုင်ခြင်းမရှိပေ၊ သို့ရာတွင် သူသည် သေမျိုးများ၏သဘာဝနှင့် လောကီနှင့်ဆိုင်သော လူများ၏ ဖောက်ပြန်မှုအားလုံးကို သတိပြုမိသည်။ ယင်းသည် သူ၏ဖြစ်ခြင်းဖြစ်သည်။ သူသည် လောကနှင့် ဆက်ဆံမှုမရှိသော်လည်း ကမ္ဘာကြီးနှင့်ဆက်ဆံသည့် စည်းမျဉ်းများကို သူသိသည်၊ အကြောင်းမှာ သူသည် လူသား၏သဘာဝကို အပြည့်အဝ နားလည်သောကြောင့်ဖြစ်သည်။ သူသည် လူသားမျက်လုံးဖြင့် မမြင်နိုင်သော၊ လူသားနားဖြင့် မကြားနိုင်သော၊ ယနေ့နှင့် အတိတ်နှစ်ခုစလုံးမှ ဝိညာဉ်တော်၏ အလုပ်အကြောင်းကို သိသည်။ ထိုအထဲတွင် ဘဝဒဿနိက မဟုတ်သော အသိဉာဏ်နှင့် လူတို့နားလည်ရန် ခက်ခဲသော အံ့ဖွယ်ရာတို့ပါဝင်သည်။ ယင်းသည် သူ၏ဖြစ်ခြင်းဖြစ်ပြီး၊ လူတို့ကိုသိအောင်ပြုပြီး လူတို့ထံမှလည်း ဖုံးကွယ်ထားလေသည်။ သူဖော်ပြသည့်အရာသည် သာမန်မဟုတ်သောသူတစ်ဦး၏ ဖြစ်ခြင်းမဟုတ်ဘဲ ဝိညာဉ်တော်၏ ပင်ကိုအရည်အချင်းများနှင့် ဖြစ်ခြင်းတို့ပင်ဖြစ်သည်။ သူသည် ကမ္ဘာပတ်ခရီး မထွက်သော်လည်း အရာအားလုံးကိုသိသည်။ သူသည် အသိတရား၊ သို့မဟုတ် ထိုးထွင်းအသိဉာဏ်မရှိသော “လူမျောက်ဝံများ” ကိုဆက်သွယ်သော်လည်း အသိတရားထက်မြင့်သော စကားလုံးများနှင့် ကြီးမြတ်သော လူသားများအထက်မှ စကားလုံးများကို ဖော်ပြသည်။ သူသည် လူ့သဘာဝမရှိသော၊ လူသား၏ အစဉ်အလာများနှင့် အသက်တာများကို နားမလည်သော၊ အကင်းမပါးဘဲ ထုံအသော လူအုပ်စုတစ်စုအကြားတွင် နေထိုင်သည်။ သို့ရာတွင် သူသည် လူသားမျိုးနွယ်ကို ပုံမှန်လူ့သဘာဝဖြင့် နေထိုင်အောင်စေခိုင်းနိုင်ပြီး တစ်ချိန်တည်းတွင် လူသားမျိုးနွယ်၏ အခြေကျပြီး နှိမ့်ကျသော လူ့သဘာဝကို ဖော်ပြနိုင်သည်။ ဤအရာအားလုံးသည် သူ၏ဖြစ်ခြင်းဖြစ်ပြီး အသွေးအသားရှိသည့် မည်သည့်လူသားမဆို၏ ဖြစ်ခြင်းထက် မြင့်မားလေသည်။ သူ့အတွက်ဆိုလျှင် သူလုပ်ရန်လိုသော အလုပ်ကိုလုပ်ရန် ရှုပ်ထွေးသော၊ ဝန်လေးစေပြီး ယုတ်ညံ့သော လူမှုရေးအသက်တာကို တွေ့ကြုံရန်နှင့် လူသားမျိုးနွယ်၏ ဖောက်ပြန်မှု၏ အနှစ်သာရကို နှံ့စပ်စွာဖော်ပြရန် မလိုအပ်ပေ။ ယုတ်ညံ့သော လူမှုရေးအသက်တာသည် သူ၏ဇာတိခန္ဓာကို မတည်ဆောက်ပေ။ သူ၏အလုပ်နှင့် နှုတ်ကပတ်တော်များသည် လူသား၏ မနာခံမှုကိုသာ ဖော်ပြပြီး၊ လူသားကို လောကနှင့်ဆက်စပ်ရန်အတွက် အတွေ့အကြုံများနှင့် သင်ခန်းစာများပေးအပ်ခြင်း မပြုပေ။ လူသားတို့ကို အသက်ဖြင့် ထောက်ပံ့စဉ်တွင် လူ့အသိုင်းအဝိုင်း၊ သို့မဟုတ် လူသား၏မိသားစုကို စုံစမ်းရန် သူမလိုအပ်ပေ။ လူသားကို ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်းသည် ဘုရားသခင်၏ ဇာတိခန္ဓာနှင့်ဆိုင်သော အတွေ့အကြုံများ၏ ဖော်ပြချက်တစ်ခု မဟုတ်ပေ။ ယင်းသည် လူသား၏မနာခံမှုနှင့် လူသားမျိုးနွယ်၏ စက်ဆုပ်ရွံရှာကောင်းသော ဖောက်ပြန်မှုကို ကြာမြင့်စွာ သိရှိထားပြီးနောက်တွင် လူသား၏မဖြောင့်မတ်မှုကို ဖော်ထုတ်ရန်ဖြစ်သည်။ သူပြုသော အမှုအားလုံးသည် လူသားထံသို့ သူ၏စိတ်သဘောထားကို ပြသရန်နှင့် သူ၏ဖြစ်တည်မှုကို ဖော်ပြရန်အတွက် ဖြစ်သည်။ သူသာလျှင် ဤအလုပ်ကို လုပ်ဆောင်နိုင်ပြီး၊ ယင်းသည် အသွေးအသားနှင့် လူသားက စွမ်းဆောင်ရရှိနိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပေ။ သူ့အလုပ်နှင့် ပတ်သက်လာလျှင် လူသားအနေဖြင့် ဘုရားသခင်သည် မည်သည့်ပုဂ္ဂိုလ်မျိုး ဖြစ်သည်ကို မပြောနိုင်ကြပေ။ ဖန်ဆင်းခံလူသားတစ်ဦး အနေဖြင့် လူသားသည် ဘုရားသခင်၏ အလုပ်ပေါ်တွင်အခြေခံကာ ဘုရားသခင်ကို အတန်းအစား ပိုင်းခြားနိုင်ခြင်းလည်း မရှိပေ။ ဘုရားသခင်၏ဖြစ်ခြင်းသည် ဘုရားသခင်ကို ဖန်ဆင်းခံ လူသားတစ်ဦးကဲ့သို့ ပိုင်းခြားသတ်မှတ်နိုင်ခြင်း မပြုနိုင်မှုကိုလည်း ဖြစ်ပေါ်စေသည်။ လူသားသည် ဘုရားသခင်ကို လူသားမဟုတ်သည့်အရာတစ်ခုဟုသာ စဉ်းစားနိုင်ပြီး ဘုရားသခင်အား မည်သည့်အမျိုးအစားတွင် ထည့်သွင်းရမည်ကို မသိကြပေ။ ထို့ကြောင့် လူသားသည် ဘုရားသခင်ကို ဘုရားအမျိုးအစားထဲတွင် ထည့်သွင်းထားရန် တွန်းအားပေးခြင်း ခံရလေသည်။ ထိုသို့ပြုရန်လူသားအတွက် မတရားရာကျနေပေသည်။ အကြောင်းမှာ ဘုရားသခင်သည် လူသားများကြားတွင် လူသားတို့ မလုပ်ဆောင်နိုင်သည့် မြောက်မြားစွာသော အမှုတို့ကို လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

လူသား၏အလုပ်သည် အတိုင်းအတာနှင့် အကန့်အသတ်များရှိသည်။ လူတစ်ဦးသည် တိကျသော အဆင့်တစ်ခု၏ အလုပ်ကိုသာ လုပ်နိုင်ပြီး ခေတ်တစ်ခေတ်လုံး၏ အလုပ်ကို မလုပ်နိုင်ပေ၊ သို့မဟုတ်ပါက သူသည် လူတို့ကို စည်းမျဉ်းစည်းကမ်းများဖြင့် ဦးဆောင်လိမ့်မည် ဖြစ်သည်။ လူသား၏အလုပ်သည် အချိန်တစ်ခု၊ သို့မဟုတ် အဆင့်တစ်ဆင့်တွင်သာ သင့်လျော်နိုင်သည်။ ထိုသို့ဖြစ်ရခြင်းမှာ လူသား၏ အတွေ့အကြုံသည် အတိုင်းအတာတစ်ခုရှိသောကြောင့် ဖြစ်သည်။ တစ်ယောက်သောသူသည် လူသား၏အလုပ်ကို ဘုရားသခင်၏အလုပ်နှင့် နှိုင်းယှဉ်ခြင်းမပြုနိုင်ပေ။ လူသား၏ကျင့်ကြံမှု နည်းလမ်းများနှင့် သမ္မာတရားနှင့်ပတ်သက်သော သူ၏အသိပညာသည် တိကျသော အတိုင်းအတာတစ်ခုအတွက်သာ အားလုံးသင့်လျော်လေသည်။ လူသားတို့ နင်းလျှောက်သော လမ်းကြောင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလိုတော်အပြည့်အဝဖြစ်သည်ဟု သင်မပြောနိုင်ပေ၊ အကြောင်းမှာ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဉာဏ်အလင်းပေးခြင်းကိုသာ ခံရနိုင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် အလုံးစုံ ပြည့်ဝခြင်း မခံရနိုင်သောကြောင့်ဖြစ်သည်။ လူသားတို့ တွေ့ကြုံနိုင်သည့် အရာများအားလုံးသည် သာမန်လူ့သဘာဝ၏ အတိုင်းအတာအတွင်းတွင်သာရှိပြီး သာမန်လူသား၏စိတ်အတွင်းမှ အတွေးများ၏ အပိုင်းအခြားထက် မကျော်လွန်နိုင်ပေ။ လက်တွေ့ကျသော ဖော်ပြချက်များနှင့် လူအားလုံးသည် ဤအပိုင်းအခြားအတွင်း တွေ့ကြုံကြသည်။ သူတို့သည် သမ္မာတရားကို တွေ့ကြုံချိန်တွင် ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုအောက်မှ သာမန်လူသား အသက်တာဖြင့် အတွေ့အကြုံတစ်ခုသာ အမြဲဖြစ်ပြီး၊ သာမန်လူသားအသက်တာမှ ကွဲလွဲသောနည်းလမ်းတစ်ခုဖြင့် တွေ့ကြုံခြင်းမဟုတ်ပေ။ သူတို့၏ လူသားအသက်တာ၌ နေထိုင်ခြင်း အခြေခံပေါ်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးသော သမ္မာတရားကို သူတို့သည် တွေ့ကြုံကြသည်။ ထို့အပြင် ဤသမ္မာတရားသည် လူတစ်ဦးနှင့်တစ်ဦး ကွဲပြားပြီး၊ ထိုအရာ၏အတိမ်အနက်သည် လူတစ်ဦး၏ အခြေအနေနှင့် ဆက်နွှယ်သည်။ လူတစ်ယောက်က သူတို့လျှောက်သော လမ်းကြောင်းသည် သမ္မာတရားကို လိုက်လျှောက်သော လူသားတစ်ဦး၏ သာမန်လူ့အသက်တာဖြစ်ပြီး၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းရှိသော သာမန်လူသားတစ်ဦးကလျှောက်သော လမ်းကြောင်းဖြစ်သည်ဟုသာ ဆိုနိုင်ပါသည်။ လူတစ်ယောက်က သူတို့နင်းလျှောက်သော လမ်းကြောင်းသည် သန့်ရှင်းသော ဝိညာဉ်တော်သုံးသော လမ်းကြောင်းမဟုတ်ဟု သင်မဆိုနိုင်ပေ။ သာမန်လူသားအတွေ့အကြုံတွင် လိုက်လျှောက်သော လူတို့သည် မတူညီသောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည်လည်း တူညီမှုမရှိပေ။ ထို့အပြင် သူတို့တွေ့ကြုံသော ပတ်ဝန်းကျင်များနှင့် သူတို့အတွေ့အကြုံ၏ အပိုင်းအခြားများသည် မတူညီခြင်းကြောင့်၊ သူတို့၏စိတ်နှင့်အတွေးများ ရောနှောနေခြင်းကြောင့်၊ သူတို့၏အတွေ့အကြုံသည် မတူညီသော အဆင့်များဖြင့် ရောနှောနေပါသည်။ လူတစ်ဦးစီသည် သူတို့တစ်ဦးစီ၏ မတူညီသောအခြအနေများနှင့်အညီ သမ္မာတရားကို နားလည်ကြသည်။ သမ္မာတရား၏ စစ်မှန်သောအဓိပ္ပာယ်အပေါ် သူတို့၏နားလည်မှုသည် မပြည့်စုံဘဲ ယင်း၏ ရှုထောင့်တစ်ခု၊ သို့မဟုတ် ရှုထောင့်အနည်းငယ်သာ ဖြစ်လေသည်။ လူသားတွေ့ကြုံသော သမ္မာတရား၏ အတိုင်းအတာသည် လူတစ်ဦးစီ၏ မတူညီသောအခြေအနေများပေါ်တွင် အခြေခံသောကြောင့် တူညီမှုမရှိကြပေ။ ဤနည်းအားဖြင့် မတူညီသောသူများက တူညီသောသမ္မာတရားကို ဖော်ပြသည့် အသိပညာသည် ကွဲပြားလေသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် လူသား၏အတွေ့အကြုံသည် အမြဲတမ်း အကန့်အသတ်များရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလိုတော်ကို အပြည့်အဝကိုယ်စားပြုနိုင်ခြင်းမရှိပေ၊ ထို့ပြင် လူသားဖော်ပြသော အရာသည် ဘုရားသခင်၏ အလိုတော်နှင့် အလွန်နီးစပ်စွာ ဆက်စပ်နေလျှင်ပင်ဖြစ်စေ၊ လူသား၏ အတွေ့အကြုံသည် သန့်ရှင်းသောဝိညာဉ်တော်က လုပ်ဆောင်သော စုံလင်စေခြင်းအလုပ်နှင့် အလွန်နီးစပ်နေလျှင်ပင်ဖြစ်စေ၊ လူသားအလုပ်ကို ဘုရားသခင်၏အလုပ်ကဲ့သို့ ရှုမြင်၍ မရနိုင်ပေ။ လူသားသည် ဘုရားသခင်က သူ့အပေါ် တာဝန်ပေးစေခိုင်းထားသောအလုပ်ကို လုပ်ဆောင်လျက် ဘုရားသခင်၏ငယ်သားသာ ဖြစ်နိုင်ပါသည်။ လူသားသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုအောက်မှ အသိပညာနှင့် သူ၏ကိုယ်ပိုင်အတွေ့အကြုံများထံမှရရှိသော သမ္မာတရားများကိုသာ ဖော်ပြနိုင်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ထွက်ပေါက်ဖြစ်ရန် လူသားသည် အရည်အချင်းမပြည့်မီ၊ အခြေအနေများမရှိပေ။ လူသား၏အလုပ်သည် ဘုရားသခင်၏ အလုပ်ဖြစ်သည်ဟု သူဆိုနိုင်ခွင့်မရှိပေ။ လူသားတွင် လူသား၏ အလုပ်လုပ်သည့် နည်းဥပဒေသများရှိပြီး၊ လူသားအားလုံးသည် ကွဲပြားသော အတွေ့အကြုံများရှိကာ မတူညီသော အခြေအနေများကို ပိုင်ဆိုင်သည်။ လူသားအလုပ်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုအောက်မှ သူ၏အတွေ့အကြုံအားလုံး ပါဝင်သည်။ ဤအတွေ့အကြုံများသည် လူသား၏ဖြစ်ခြင်းကိုသာ ကိုယ်စားပြုနိုင်ပြီး ဘုရားသခင်၏ဖြစ်ခြင်း၊ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ အလိုတော်ကို ကိုယ်စားပြုနိုင်ခြင်းမရှိပေ။ ထို့ကြောင့် လူသားလျှောက်သော လမ်းကြောင်းသည် သန့်ရှင်းသော ဝိညာဉ်တော်လျှောက်သော လမ်းဖြစ်သည်ဟု မဆိုနိုင်ပေ၊ အကြောင်းမှာ လူသား၏အလုပ်သည် ဘုရားသခင်၏အလုပ်ကို ကိုယ်စားမပြုနိုင်သောကြောင့်ဖြစ်ပြီး၊ လူသား၏အလုပ်နှင့် လူသား၏ အတွေ့အကြုံသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလိုတော်အပြည့်အဝ မဟုတ်သောကြောင့်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

လူသား၏အလုပ်သည် စည်းမျဉ်းတစ်ခုအတွင်းသို့ ကျရောက်လေ့ရှိပြီး၊ သူ့အလုပ်၏နည်းလမ်းသည် အကန့်အသတ်ရှိသော နယ်ပယ်တစ်ခုအတွင်းတွင် လွယ်လင့်တကူ ဘောင်ခတ်ထားခြင်းခံရကာ၊ လူသားတို့ကို လွတ်မြောက်ခြင်းလမ်းသို့ ဦးဆောင်နိုင်ခြင်းမရှိပေ။ နောက်လိုက်အများစုသည် အကန့်အသတ်ရှိသော နယ်ပယ်တစ်ခုအတွင်းတွင် နေထိုင်ပြီး၊ သူတို့၏တွေ့ကြုံမှုနည်းလမ်းသည်လည်း ထိုနယ်ပယ်အတွင်းတွင် ကန့်သတ်ခြင်းခံထားရလေသည်။ လူသား၏အတွေ့အကြုံသည် အမြဲတမ်း အကန့်အသတ်ရှိသည်။ သူ့အလုပ်၏ နည်းလမ်းသည်လည်း အမျိုးအစား အနည်းငယ်အတွင်းတွင် ကန့်သတ်ထားခြင်းခံရပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်၊ သို့မဟုတ် ဘုရားသခင် ကိုယ်တော်တိုင်၏အလုပ်နှင့် နှိုင်းယှဉ်နိုင်ခြင်းမရှိပေ၊ ယင်းသို့ဖြစ်ရခြင်းမှာ နောက်ဆုံး၌ လူသား၏ အတွေ့အကြုံသည် အကန့်အသတ်ရှိခြင်းကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သူ၏အလုပ်ကို မည်သို့ပင်လုပ်သည်ဖြစ်စေ၊ ထိုအထဲတွင် စည်းမျဉ်းများ မပါဝင်ပေ၊ ထိုအလုပ်ကို မည်သို့ပင်ပြုလုပ်ပြီးစီးသည်ဖြစ်စေ၊ ယင်းကို နည်းလမ်းတစ်ခုတည်းဖြင့် ကန့်သတ်ထားခြင်းမဟုတ်ပေ။ ဘုရားသခင်၏ အလုပ်အတွက် စည်းမျဉ်းစည်းကမ်းများ လုံးဝမရှိပေ၊ သူ၏အလုပ်အားလုံးကို လွတ်လပ်စွာ လုပ်ဆောင်လေသည်။ လူသားသည် ဘုရားသခင်နောက်လိုက်ပြီး အချိန်မည်မျှကုန်ဆုံးခဲ့စေကာမူ သူ့အလုပ်၏နည်းလမ်းများအတွက် ဥပဒေများကို အကျဉ်းချုံးဖော်ပြနိုင်ခြင်း မရှိပေ။ ဘုရားသခင်၏ အလုပ်သည် စည်းကမ်းရှိသော်လည်း ယင်းကို အမြဲတမ်းနည်းလမ်းသစ်များဖြင့် ပြုလုပ်ပြီး၊ ယင်းသည် လူသားတို့ လက်လှမ်းမီနိုင်မှုမှကျော်လွန်သည့် အသစ်သော တိုးတက်မှုများ အစဉ်အမြဲရှိသည်။ အချိန်ကာလ တစ်ခုအတွင်းတွင် ဘုရားသခင်သည် ကွဲပြားသော အလုပ်အမျိုးအစားများနှင့် ကွဲပြားသော ဦးဆောင်မှုနည်းလမ်းများရှိနိုင်ကာ လူသားတို့ကို အသစ်သော ဝင်ရောက်မှုများနှင့် အသစ်သော ပြောင်းလဲမှုများရှိရန် ခွင့်ပြုလေသည်။ သင်သည် ဘုရားသခင်အလုပ်၏ ဥပဒေသများကို ရှာဖွေနိုင်ခြင်းမရှိပေ၊ အကြောင်းမှာ သူသည် အမြဲတမ်း အသစ်သော နည်းလမ်းများဖြင့် အလုပ်လုပ်ကိုင်သောကြောင့် ဖြစ်သည်။ ဤနည်းလမ်းဖြင့်သာ ဘုရားသခင်၏ နောက်လိုက်များသည် စည်းမျဉ်းများထဲသို့ မကျရောက်နိုင်မည် ဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင်၏အလုပ်သည် လူတို့၏အယူအဆများကို ရှောင်ရှားပြီး သူတို့၏ အယူအဆများကို ဆန့်ကျင်သည်။ စစ်မှန်သော နှလုံးသားတစ်ခုနှင့် ဘုရားသခင်နောက်သို့လိုက်ပြီး ရှာမှီးသောသူများသာလျှင် သူတို့၏ စိတ်သဘောထားများ အသွင်သဏ္ဌာန်ပြောင်းလဲမှုရှိနိုင်ပြီး၊ မည်သည့်စည်းမျဉ်းအောက်တွင်မျှမရှိဘဲ၊ သို့မဟုတ် မည်သည့် ဘာသာတရားအယူအဆများဖြင့် ချုပ်နှောင်ထားခြင်းမရှိဘဲ လွတ်လပ်စွာ နေနိုင်လေသည်။ လူသား၏အလုပ်က လူတို့ကို တောင်းဆိုသည့် အရာသည် သူ၏ကိုယ်ပိုင်အတွေ့အကြုံနှင့် သူကိုယ်တိုင်စွမ်းဆောင်နိုင်သော အရာပေါ်တွင် အခြေခံသည်။ ဤသတ်မှတ်ချက်များ၏ အဆင့်အတန်းသည် တိကျသော နယ်ပယ်တစ်ခုအတွင်းတွင် ကန့်သတ်ထားပြီး ကျင့်ဆောင်သည့် နည်းလမ်းများသည်လည်း အလွန်အကန့်အသတ်ရှိသည်။ ဤသို့ဖြင့် နောက်လိုက်သူများသည် ဤကန့်သတ်သော နယ်ပယ်အတွင်းတွင် မရည်ရွယ်ဘဲနှင့် အသက်ရှင်ကြသည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ ၎င်းတို့သည် စည်းမျဉ်းများနှင့် ရိုးရာဓလေ့များဖြစ်လာသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

ဘုရားသခင်လုပ်သော အလုပ်သည် သူ့ဇာတိခန္ဓာ၏အတွေ့အကြုံကို ကိုယ်စားမပြုပေ။ လူသားလုပ်သောအလုပ်မှာမူ လူသား၏အတွေ့အကြုံကို ကိုယ်စားပြုသည်။ လူတိုင်းသည် သူတို့၏ ကိုယ်ပိုင်အတွေ့အကြုံနှင့်ပတ်သက်၍ ပြောဆိုကြသည်။ ဘုရားသခင်သည် သမ္မာတရားကို တိုက်ရိုက်ဖော်ပြနိုင်ချိန်တွင် လူသားသည် သမ္မာတရားကို တွေ့ကြုံပြီးနောက် သက်ဆိုင်သော အတွေ့အကြုံကိုသာ ဖော်ပြနိုင်လေသည်။ ဘုရားသခင်၏အလုပ်၌ စည်းမျဉ်းများ မရှိပေ၊ ထို့ပြင် ထိုအလုပ်ကို အချိန်၊ သို့မဟုတ် တည်နေရာနယ်နိမိတ်များဖြင့် ပိုင်းခြားထားခြင်းမရှိပေ။ ဘုရားသခင်သည် သူ၏ဖြစ်ခြင်းကို အချိန်မရွေး၊ နေရာမရွေးတွင် ဖော်ပြနိုင်သည်။ သူစိတ်ရှိသည့်အတိုင်း သူအလုပ်လုပ်လေသည်။ လူသား၏အလုပ်၌ အခြေအနေများနှင့် နောက်ခံအကြောင်းအရာများရှိသည်၊ သို့မဟုတ်လျှင် သူသည် သူ၏အလုပ်ကို လုပ်နိုင်ခြင်းမရှိဘဲ ဘုရားသခင်နှင့်ပတ်သက်သော သူ၏အသိပညာကို ဖော်ပြနိုင်ခြင်း၊ သို့မဟုတ် သမ္မာတရားနှင့်ပတ်သက်သော သူ၏အတွေ့အကြုံကို ဖော်ပြနိုင်ခြင်း မရှိပေ။ သင့်အနေဖြင့် ထိုအလုပ်သည် ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်လော၊ သို့မဟုတ် လူသား၏အလုပ်လောဆိုသည်ကို ပြောရန် သူတို့ကြားမှ မတူညီသည့်အရာများကို နှိုင်းယှဉ်ရုံသာဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင်ပြုသော အလုပ်မရှိဘဲ လူသား၏အလုပ်သာရှိလျှင် လူသားတို့၏ သွန်သင်ချက်များသည် အဆင့်မြင့်ကာ လူတိုင်း၏ တတ်ကျွမ်းမှုစွမ်းရည်ထက် ကျော်လွန်နေသည်ကို သင် အလွယ်တကူ သိလိမ့်မည်။ သူတို့၏ စကားပြောသည့် အသံနေအသံထား၊ သူတို့၏ အရာရာတို့ကို ကိုင်တွယ်သည့် နိယာမများနှင့် အလုပ်လုပ်ခြင်းတွင် သူတို့၏ အတွေ့အကြုံများနှင့် တည်ငြိမ်သည့်ပုံစံများသည် အခြားသူတို့ လက်လှမ်းနိုင်သည်ထက် ကျော်လွန်နေမည်။ သင်တို့အားလုံးသည် မြင့်မားသော လူ့သဘာဝနှင့် ဤသို့သောသူများကို အားကျနှစ်ခြိုက်ကြသည်။ သို့ရာတွင် ဘုရားသခင်၏အလုပ်နှင့် နှုတ်ကပတ်တော်များထံမှ ဘုရားသခင်၏ လူ့သဘာဝ မည်မျှမြင့်မားသည်ကို သင်တို့မတွေ့မြင်နိုင်ပေ။ ထို့အစား သူသည် ရိုးရိုးသာဖြစ်ပြီး သူအလုပ်လုပ်ချိန်တွင် သူသည်သာမန်ဖြစ်၍ စစ်မှန်မှုရှိသော်လည်း သေမျိုးသေနွယ်များအနေဖြင့် တိုင်းတာ၍မရနိုင်ပေ။ ထို့ကြောင့် လူသားတို့အား သူ့ကို ရိုသေလေးမြတ်ခြင်း တစ်မျိုးကို ခံစားရစေသည်။ လူသားတစ်ဦး၏အလုပ်မှ အတွေ့အကြုံသည် မြင့်မားကောင်း မြင့်မားနေမည် သို့မဟုတ် သူ၏အတွေးအထင်နှင့် ဆင်ခြင်နိုင်စွမ်းတို့သည် အထူးသဖြင့် မြင့်မားနေပြီး သူ၏ လူ့သဘောသဘာဝသည် အထူးသဖြင့် ကောင်းမွန်နေမည်။ ဤအရာအားလုံးသည် လူသား၏ ချစ်ခင်မြတ်နိုးမှုကိုသာ ရရှိစေနိုင်သော်လည်း သူတို့၏ လေးစားမှုနှင့် ကြောက်ရွံ့မှုကို မထွက်ပေါ်လာစေနိုင်ပေ။ လူတို့သည် အလုပ်လုပ်နိုင်သော စွမ်းရည်ရှိသူများ၊ အထူးသဖြင့် လေးနက်သော အတွေ့အကြုံရှိသူများနှင့် သမ္မာတရားကို ကျင့်ကြံနိုင်သောသူများကို အားလုံးလေးစားကြသော်လည်း သူတို့သည် လေးစားခြင်းနှင့် မနာလိုမှုမျှသာဖြစ်ပြီး၊ အံ့သြမှုကို သူတို့သည် မည်သည့်အခါမျှ မထုတ်ဖော်နိုင်ကြပေ။ သို့ရာတွင် ဘုရားသခင်၏အလုပ်ကို ကြုံတွေ့ခဲ့ရသောလူများသည် ဘုရားသခင်ကို လေးစားမှုမရှိကြပေ။ ထို့အစား ဘုရားသခင်၏အလုပ်သည် လူသားတို့ လက်လှမ်းမီသည်ထက် ကျော်လွန်သည်၊ လူသားတို့နားမလည်နိုင်၊ ယင်းသည် လတ်ဆတ်ပြီး အံ့ဖွယ်ဖြစ်သည်ဟု ခံစားကြသည်။ လူတို့သည် ဘုရားသခင်၏အလုပ်ကို ကြုံတွေ့ရချိန်တွင် သူနှင့်ပတ်သက်သော သူတို့၏ ပထမအသိပညာမှာ ဘုရားသခင်သည် နားလည်ရန် ခက်ခဲလှသည်၊ ဉာဏ်ပညာရှိပြီး အံ့ဖွယ်ဖြစ်သည်ဟူ၍ ဖြစ်သည်။ သူတို့သည် မသိလိုက်ဘဲ ဘုရားသခင်ကို ရိုသေလေးမြတ်နေပြီး သူပြုသောအလုပ်သည် လူသားတို့စိတ်က လက်လှမ်းမမီနိုင်သည့် လျှို့ဝှက်ဆန်းကြယ်ဖြစ်သည်ဟု ခံစားရသည်။ လူသားသည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီအောင်၊ ဘုရားသခင် စိတ်ကျေနပ်မှုရှိအောင်သာ အလိုရှိပြီး၊ ဘုရားသခင်ထက် ကျော်လွန်လိုသော ဆန္ဒမရှိပေ။ အကြောင်းမှာ ဘုရားသခင်ပြုသောအမှုသည် လူသားတို့ တွေးထင်ထားမှုနှင့် စိတ်ကူးတို့ထက်ကျော်လွန်ပြီး လူသားက အစားထိုးမလုပ်ဆောင်နိုင်ခြင်းကြောင့် ဖြစ်သည်။ လူသားကိုယ်တိုင်ပင်လျှင် သူ၏ကိုယ်ပိုင်မပြည့်စုံမှုများကို မသိပေ။ တစ်ဖက်တွင် ဘုရားသခင်သည် လမ်းအသစ်တစ်ခုကို ဖွင့်ထားပြီး လူသားတို့ကို ပို၍သစ်သော ပို၍လှပသော ကမ္ဘာတစ်ခုသို့ ယူဆောင်ရန် လာလေသည်။ သို့မှသာ လူသားမျိုးနွယ်သည် အသစ်သောတိုးတက်မှုကို ပြုလုပ်နိုင်ကာ အသစ်သော စတင်မှုရှိပေမည်။ ဘုရားသခင်အပေါ် လူသားခံစားသည့်အရာသည် လေးစားမှုမဟုတ်ပေ။ လေးစားမှုတစ်ခုတည်းလည်း မဟုတ်ပေ။ သူတို့၏အလေးနက်ဆုံး အတွေ့အကြုံသည် ရိုသေခံ့ညားခြင်းနှင့် ချစ်ခြင်းမေတ္တာဖြစ်ပြီး သူတို့၏ ခံစားချက်မှာ ဘုရားသခင်သည် အမှန်ပင် အံ့ဖွယ်ဖြစ်သည်ဆိုခြင်းတည်း။ ဘုရားသခင်သည် လူသားတို့ မလုပ်နိုင်သောအရာကို လုပ်သည်၊ မပြောနိုင်သောအရာကို ပြောသည်။ ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံဖူးသောသူများသည် အမြဲတမ်း ဖော်မပြနိုင်သော ခံစားချက်တစ်ခုကို ကြုံတွေ့ရသည်။ ပို၍လေးနက်သော အတွေ့အကြုံနှင့်လူများသည် အထူးသဖြင့် ဘုရားသခင်ကို ချစ်ကြသည်။ သူတို့သည် ဘုရားသခင်၏ နှစ်လိုဖွယ်ကောင်းမှုကို အမြဲတမ်းခံစားရပြီး ဘုရားသခင်၏အလုပ်သည် အလွန်ပင် ဉာဏ်ပညာရှိသည်၊ အလွန်ပင် အံ့ဖွယ်ဖြစ်သည်ဟု ခံစားမိကာ၊ ထို့ကြောင့် ယင်းသည် သူတို့ကြားတွင် အဆုံးမရှိသောစွမ်းအင်ကို ထုတ်ပေးသည်ဟု ခံစားမိကြသည်။ ယင်းသည် ကြောက်ရွံ့ခြင်း သို့မဟုတ် ရံဖန်ရံခါ ချစ်ခြင်းမေတ္တာနှင့် လေးစားမှုမဟုတ်ဘဲ ဘုရားသခင်၏ လူသားအပေါ်ချစ်ခြင်းမေတ္တာနှင့် သည်းခံမှုကို နက်နဲစွာခံစားခြင်းဖြစ်သည်။ သို့ရာတွင် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို တွေ့ကြုံခဲ့ရသောသူများက ဘုရားသခင်သည် ဘုန်းအာနုဘော်ကြီးပြီး လွန်ကျူးစော်ကား၍မရဟု ခံစားကြရသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

အကယ်၍ လူသားက ဤအမှုကို ဆောင်ရွက်ရမည်ဆိုပါက၊ အကန့်အသတ်များလွန်းပါမည်၊ လူသားကို အဆင့်တစ်ဆင့်အထိ ခေါ်ဆောင်သွားနိုင်သော်လည်း လူသားကို ထာဝရ ခရီးပန်းတိုင်သို့ ခေါ်ဆောင်လာနိုင်မည် မဟုတ်ပေ။ လူသားသည် လူသား၏ကံကြမ္မာကို ဆုံးဖြတ်နိုင်စွမ်း မရှိပေ၊ ထို့အပြင် လူသားသည် မိမိ၏ အလားအလာများနှင့် အနာဂတ် ခရီးပန်းတိုင်ကိုလည်း ဆုံးဖြတ်နိုင်စွမ်းမရှိပေ။ သို့ရာတွင် ဘုရားသခင်က ဆောင်ရွက်သည့်အမှုသည် ကွဲပြားခြားနား၏။ သူသည် လူသားကိုဖန်ဆင်းခဲ့သဖြင့် လူသားကို သူလမ်းပြ၏။ လူသားကို သူကယ်တင်သဖြင့် လူသားကို လုံးလုံးလျားလျား သူကယ်တင်၍ လုံးဝရယူလိမ့်မည်။ သူသည် လူသားကိုလမ်းပြသဖြင့် လူသားကို သင့်လျော်သည့် ခရီးပန်းတိုင်သို့ ခေါ်ဆောင်ပေးလိမ့်မည်။ ထို့အပြင် သူသည် လူသားကိုဖန်ဆင်းခဲ့၍ စီမံခန့်ခွဲသဖြင့် လူသား၏ကံကြမ္မာနှင့် အလားအလာများအတွက် တာဝန်ယူရမည် ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင် ဆောင်ရွက်သည့်အမှုဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” မှ

ယခင်က:တစ်စုံတစ်ဦးသည် ကျေးဇူးတော်ကာလထဲက နောင်တလမ်းစဉ်နှင့် နောက်ဆုံးသောကာလထဲက ထာဝရအသက်လမ်းတို့အကြား ခြားနားမှုကို သတိပြုရမည်။

နောက်တစ်ခုသို့:ဘုရားသခင်မှ အသုံးပြုသောသူတို့၏အလုပ်နှင့် ဘာသာရေး ခေါင်းဆောင်များ၏ အလုပ်ကြားတွင် မည်သည့်ကွဲပြားမှု ရှိသနည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ