အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၈။ ဘုရားသခင်၏အမှုတော်နှင့် လူသား၏လုပ်ဆောင်မှုကြား ကွဲပြားမှုများ

၄) ယုံကြည်သူများသည် ဘာသာရေးမှ ခွဲထွက်ဖို့နှင့် ဘုရားသခင်ထံသို့ ပြန်လာဖို့ရန်အတွက် သိုးထိန်း အယောင်ဆောင်သောသူများနှင့် အန္တိခရစ်များကို ခွဲခြားသိမြင်ရမည်

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

သိုးထိန်းတို့အား အရှင်ထာဝရဘုရား မိန့်တော်မူသော စကားကိုဆင့်ဆိုရမည်မှာ၊ ကိုယ်ကိုသာ ကျွေးမွေးသော ဣသရေလအမျိုး သိုးထိန်းတို့သည် အမင်္ဂလာရှိကြ၏။ သိုထိန်းသည် သိုးတို့ကိုမကျွေးမွေးရသလော။ သင်တို့သည် သိုးနို့ကို စားကြ၏။ သိုးမွေးကို ဝတ်ကြ၏။ ဆူဖြိုးသော သိုးတို့ကိုလည်း သတ်ကြ၏။ သို့ရာတွင်၊ သိုးတို့ကို မကျွေးမွေးပါတကား။ အားနည်းသောသိုးကိုမ မစကြ၊ နာသော သိုးတို့ကိုဆေးမကုကြ၊ အရိုးကျိုးသောသိုးကို အဝတ်နှင့် မစည်းကြ၊ သူတပါးနှင့်သော သိုးကိုလိုက် ၍မဆောင်ခဲ့ ကြ၊ ပျောက်သောသိုးကို မရှာကြ၊ အနိုင်အထက်ပြု၍ ကြမ်းတမ်းစွာ စီရင်ကြပြီ။” (ယေဇ ၃၄:၂-၄)

အတွင်း၌ကြမ်းတမ်းသော တောခွေးဖြစ်လျက် သိုးရေကိုခြုံ၍သင်တို့ရှိရာသို့လာသော မိစ္ဆာပရောဖက် တို့ကို သတိနှင့် ရှောင်ကြလော့။” (မ ၇:၁၅)

သူတို့သည်လူကန်းတို့အား လမ်းပြသောလူကန်းဖြစ်၏။ လူကန်းချင်းတဦးကို တဦးလမ်းပြလျှင်၊ နှစ်ဦးတို့သည် တွင်းထဲသို့ကျကြလိမ့်မည်။” (မ ၁၅:၁၄)

“လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ငြင်းပယ်လျက်၊ လှည့်ဖြားသော သူအများ တို့သည် လောကထဲသို့ဝင်ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ်၏။ အန္တိခရစ်လည်းဖြစ်၏။” (၂ ယော ၁:၇)

ဘုရားသခင်ကို ယုံကြည်သည့် တစ်စုံတစ်ဦးသည် ဘာသာရေးကို ပစ်ပယ်ဖို့ နှင့် ဘုရားသခင်ထံသို့ ပြန်လာဖို့ရန်အတွက် သိုးထိန်း၏ အယောင်ကို ဆောင်သောသူများနှင့် အန္တိခရစ်များကို ခွဲခြားသိမြင်ရမည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အရည်အချင်းမရှိသော လုပ်သား၏အလုပ်သည် တိုတောင်းပျက်စီးသည်၊ သူ၏အလုပ်သည် မိုက်မဲ၏။ သူ့အနေဖြင့် လူတို့ကို စည်းမျဉ်းစည်းကမ်းများအတွင်းသို့သာ ပို့ဆောင်နိုင်လေသည်၊ လူတို့ကို သူတောင်းဆိုသော အရာသည် လူတစ်ဦးနှင့်တစ်ဦး မကွာခြားပေ၊ သူသည် လူတို့အမှန်တကယ် လိုအပ်နေသော အရာများနှင့်အညီ အလုပ်မလုပ်ပေ။ ဤသို့သောအလုပ်အမျိုးအစားတွင် စည်းမျဉ်းစည်းကမ်းများစွာနှင့် အယူအဆများစွာရှိပြီး၊ လူတို့ကို အရှိတရားအတွင်းသို့၊ သို့မဟုတ် အသက်တာတွင် ပုံမှန်ကြီးထွားမှုအတွက် ကျင့်ကြံမှုအတွင်းသို့ မပို့ဆောင်နိုင်ပေ။ ယင်းသည် လူတို့ကို သုံးမရသော စည်းမျဉ်းစည်းကမ်း အနည်းငယ်တို့အပေါ်တွင် ရပ်တည်နိုင်ခွင့်ကိုသာ ပေးသည်။ ဤသို့သော လမ်းညွှန်မှုမျိုးသည် လူတို့ကို လမ်းလွဲသို့သာ ဦးဆောင်သည်။ သူသည် သင့်ကို သူနှင့်တူသည့်အရာ ဖြစ်လာစေရန် ဦးဆောင်သည်၊ သူ၏အရာအားလုံးနှင့် သူ၏ဖြစ်ခြင်းအတွင်းသို့သာ သင့်ကိုပို့ဆောင်ပေးနိုင်သည်။ နောက်လိုက်များအနေဖြင့် ခေါင်းဆောင်များသည် အရည်အချင်းရှိမရှိကို သိနိုင်ရန် အဓိကသော့ချက်မှာ သူတို့ဦးဆောင်သော လမ်းကြောင်းနှင့် သူတို့အလုပ်၏ ရလဒ်များကို ကြည့်ရန်ဖြစ်ပြီး နောက်လိုက်များသည် သမ္မာတရားနှင့်အညီ နိယာမများကို လက်ခံရရှိခြင်း ရှိမရှိနှင့် သူတို့အနေဖြင့် ပုံသဏ္ဌာန်ပြောင်းလဲနိုင်ရန်အတွက် သင့်တော်သော ကျင့်ကြံမှုနည်းလမ်းများကို လက်ခံရရှိမှု ရှိမရှိတို့ကိုကြည့်ရန် ဖြစ်သည်။ သင်သည် မတူညီသောလူအမျိုးအစားတို့၏ မတူညီသည့်အလုပ်များကို ပိုင်းခြားသိမြင်သင့်သည်။ မိုက်မဲသော နောက်လိုက်တစ်ဦး မဖြစ်သင့်ပေ။ ယင်းသည် သင်၏ဝင်ရောက်မှုကိစ္စကို ထိခိုက်စေသည်။ အကယ်၍ မည်သူ့ဦးဆောင်မှုတွင် လမ်းကြောင်းရှိပြီး၊ မည်သူ့ဦးဆောင်မှု၌ မရှိသည်ကို သင်မခွဲခြားမသိမြင်နိုင်ပါက သင်သည် လွယ်ကူစွာ လှည့်စားခြင်းခံရနိုင်သည်။ ဤအရာအားလုံးသည် သင့်ကိုယ်ပိုင်အသက်တာအပေါ်တွင် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

လူသား၏စိတ်ထဲရှိအလုပ်ကို လူသားက အလွန်လွယ်ကူစွာ စွမ်းဆောင်ရရှိနိုင်ပေသည်။ ဥပမာအားဖြင့် ဘာသာရေး လောကအတွင်းရှိ သင်းအုပ်များနှင့် ခေါင်းဆောင်များသည် သူတို့၏ အလုပ်ကိုလုပ်ရန် သူတို့၏ ပါရမီများနှင့် အဆင့်အတန်းများအပေါ် အမှီပြုသည်။ အချိန်ကြာမြင့်စွာ သူတို့နောက်သို့လိုက်သောသူများသည် သူတို့ပါရမီများ၏ ဓာတ်ကူးခြင်းကိုခံရကာ သူတို့ဖြစ်တည်မှုအချို့တို့၏ လွှမ်းမိုးမှုကို ခံရလိမ့်မည်။ သူတို့သည် လူသား၏ ပါရမီများ၊ စွမ်းရည်များနှင့် အသိပညာတို့အပေါ်တွင် အာရုံထား၍ သဘာဝလွန်သည့်အရာ အချို့တို့နှင့် အလွန်နက်ရှိုင်းပြီး မစစ်မှန်သော အယူဝါဒများ (ဤနက်ရှိုင်းသော အယူဝါဒများကို မရယူနိုင်သည်မှာ သေချာပါသည်) အပေါ်တွင် သူတို့အာရုံစိုက်ကြသည်။ သူတို့သည် လူသား၏ စိတ်သဘောထားကို ပြောင်းလဲခြင်းများအပေါ်တွင် အာရုံမထားဘဲ လူတို့၏ တရားဟောကြားခြင်းနှင့် လုပ်ဆောင်မှု စွမ်းရည်များကို လေ့ကျင့်ပေးခြင်း၊ လူသား၏အသိပညာနှင့် ကြွယ်ဝသော ဘာသာရေး အယူဝါဒများကို တိုးတက်စေခြင်းတို့ကိုသာ အာရုံထားလေသည်။ သူတို့သည် လူတို့၏ စိတ်သဘောထားများ မည်မျှပြောင်းလဲသည်၊ သို့မဟုတ် လူသားသည် သမ္မာတရားကို မည်မျှနားလည်သည်တို့အပေါ်တွင် အာရုံမထားပေ။ သူတို့သည် လူတို့၏သာမန်နှင့် သာမန်မဟုတ်သော အခြေအနေတို့ကို သိအောင် ကြိုးစားရန် မဆိုထားနှင့်၊ လူတို့၏အနှစ်သာရနှင့် ပတ်သက်၍ စိတ်ပင်မဝင်စားပေ။ သူတို့သည် လူသား၏ အားနည်းချက်များ၊ သို့မဟုတ် ဖောက်ပြန်မှုများကို ပြုပြင်ရန်မဆိုထားနှင့်၊ လူသား၏ အယူအဆများကို တွေ့ကြုံခြင်း၊ သို့မဟုတ် သူတို့၏အယူအဆများကို ဖော်ပြခြင်းပင်မရှိပေ။ သူတို့နောက်သို့လိုက်သော သူအများစုသည် သူတို့၏ ပင်ကိုပါရမီများဖြင့် အစေခံပြီး၊ သူတို့ဖော်ပြသောအရာသည် အသိပညာနှင့် ဝေဝါးသော ဘာသာရေး အမှန်တရားဖြစ်သည်။ ယင်းသည် လက်တွေ့အရှိတရားနှင့် ကင်းကွာပြီး လူတို့အား အသက်အပ်နှင်းနိုင်ခြင်း လုံးဝမရှိပေ။ အမှန်တွင်မူ သူတို့အလုပ်၏ အနှစ်သာရသည် ပါရမီကို ပျိုးထောင်ခြင်း၊ ဘာမျှမရှိသော သူတစ်ဦးကို နောက်ပိုင်းတွင် အလုပ်လုပ်၍ ဦးဆောင်မည့် ပါရမီရှိသော ကျမ်းစာသင်ကျောင်း ဘွဲ့ရတစ်ဦးဖြစ်ရန် ပျိုးထောင်ခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

ငါ့အနောက်တွင် လူအများအပြားသည် ရာထူးအဆင့်အတန်းဂုဏ်ကောင်းချီးကို တပ်မက်ကြသည်။ သူတို့သည် အစားအသောက်ကို တဝတပြဲစားသောက်ကြပြီး နှစ်ခြိုက်စွာ အိပ်လိုကြကာ ကိုယ်ခန္ဓာအသွေးအသား၏ တောင့်တမှုကို အလေးပေးကာ ဖြည့်ဆည်းကြပြီး၊ ကိုယ်ခန္ဓာအသွေးအသား၏တောင့်တမှုကို ရှောင်လွှဲပါက ဆောက်တည်ရာမရဖြစ်မည်ကို အစဉ်မပြတ် စိုးရိမ်ပူပန်ကြသည်။ သူတို့သည် အသင်းတော်တွင် မိမိတို့၏ ပုံမှန်အလုပ်ကို မဆောင်ရွက်ဘဲ အစားအစာကို အခမဲ့စားကြသည်။ ၎င်းတို့၏ ညီအစ်ကိုမောင်နှမများကို ငါ့နှုတ်ကပတ်တော်အားဖြင့် ပဲ့ပြင်ပေးခြင်းများ မပြုလုပ်ပေ။ သူတို့သည် အထက်စီးမှနေကာ အခြားသူများအပေါ် မောက်မာစွာ ပြုမူဆက်ဆံကြသည်။ ထိုသူတို့သည် မိမိတို့မှာ ဘုရားသခင်၏အလိုတော်ကို ထမ်းရွက်နေကြသည်ဟု ဆိုမြဲဆိုနေပြီး၊ ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများဟု အစဉ်အမြဲ ဆိုနေသည်မှာ သဘာဝမကျဖြစ်သည် မဟုတ်လော။ အကယ်၍ သင်၌ မှန်ကန်သော ရည်ရွယ်ချက်များရှိသော်လည်း ဘုရားသခင်၏အလိုတော်နှင့်အညီ အစေမခံနိုင်ပါက သင်သည် မိုက်မဲနေသည်သာ ဖြစ်သည်။ အကယ်၍ သင်၏ရည်ရွယ်ချက်များသည် မမှန်ကန်ဘဲ၊ သင်သည် ဘုရားသခင်ကို အစေခံသည်ဟု ဆိုနေသေးပါက သင်သည် ဘုရားသခင်ကို ဆန့်ကျင်သောသူဖြစ်ပြီး၊ ဘုရားသခင်၏ အပြစ်ပေးခြင်းကို ခံထိုက်ပေသည်။ ငါ၌ ထိုကဲ့သို့သောလူများအပေါ် စာနာထောက်ထားမှု မရှိပေ။ ဘုရားသခင်၏အိမ်တော်တွင် သူတို့သည် အခမဲ့စားကြကာ ဇာတိပကတိ၏သာယာမှုကို အစဉ်တပ်မက်ကြပြီး၊ ဘုရားသခင်၏အကျိုးအတွက် ထည့်သွင်းစဉ်းစားမှုမရှိကြပေ။ သူတို့သည် မိမိတို့အတွက် ကောင်းကျိုးကို အစဉ်ရှေးရှုပြီး၊ ဘုရားသခင်၏အလိုတော်ကို အလေးမပေးကြ။ သူတို့ပြုသမျှတို့ကို ဘုရားသခင်၏ ဝိညာဉ်တော်က မမြတ်နိုးချေ။ သူတို့သည် မိမိတို့၏ ညီအစ်ကိုမောင်နှမများအပေါ် အစဉ်လျှို့ဝှက်ကြံစည်ပြီး၊ မကောင်းကြံကြသည်။ စပျစ်သီးများကို အစဉ်ခိုးကာ စပျစ်ခြံကို ဖြတ်နင်းသွားသော စပျစ်ခြံတစ်ခြံထဲရှိ မြေခွေးကဲ့သို့ သူတို့တွင် မျက်နှာနှစ်ဘက်ရှိကြသည်။ ထိုသူတို့သည် ဘုရားသခင်၏ရင်းနှီးသူများ ဖြစ်နိုင်သလော။ သင်သည် ဘုရားသခင်၏ကောင်းချီးများကို လက်ခံရရှိရန် သင့်လျော်သလော။ သင်သည် သင်၏ဘဝအသက်တာနှင့် အသင်းတော်အတွက် တာဝန်ယူမှုမရှိပေ။ သင်သည် ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို လက်ခံရရှိရန် သင့်လျော်ပါ၏လော။ သင်ကဲ့သို့သောသူကို မည်သူက ယုံကြည်ဝံ့မည်နည်း။ သင်သည် ထိုကဲ့သို့ အစေခံသောအခါ ဘုရားသခင်သည် သင့်အား ပို၍ကြီးမားသောတာဝန်ကို တာဝန်ပေးစေခိုင်းရန် မည်ကဲ့သို့ ယုံကြည်စိတ်ချနိုင်မည်နည်း။ သင်သည် အမှုအရာများကို နှောင့်နှေးကြန့်ကြာစေသည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုတော်နှင့် လိုက်လျောညီထွေစွာ အစေခံနည်း” မှ

သင်သည် သင့်သဘာဝ ပင်ကိုစရိုက်နှင့် သင့်ပုဂ္ဂိုလ်ရေး အကြိုက်များအရသာ ဘုရားသခင်အား အစေခံခြင်း ဖြစ်သည်၊ ထို့အပြင် သင်လုပ်ချင်သည့် အရာတိုင်း၌ ဘုရားသခင် ကျေနပ်ပြီး သင်လုပ်ချင်စိတ် မရှိသည့် အရာတိုင်းကို မုန်းသည်ဟု တွေးထင်လျက်ရှိနေသည်၊ ထို့အပြင် သင်၏ လုပ်ဆောင်မှုထဲတွင် သင်သည် မိမိကိုယ်ပိုင် ကြိုက်နှစ်သက်မှုများ၏ လုံးလုံးလျားလျား လမ်းညွှန်ခြင်းကို ခံနေရသည်။ ထိုအရာကို ဘုရားသခင်အား အစေခံခြင်းဟု ခေါ်နိုင်မည်လော။ နောက်ဆုံး၌ သင့်အသက်တာ၏ စိတ်သဘောထားသည် ဆံခြည်တစ်မျှင်မျှပင် ပြောင်းလဲလိမ့်မည် မဟုတ်၊ ယင်းအစား သင်သည် ဘုရားသခင်ကို အစေခံနေပြီ ဖြစ်သည့်အတွက် ပို၍ပင် ခေါင်းမာလာလိမ့်မည် ဖြစ်ပြီး ထိုအရာက သင်၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို နက်ရှိုင်းစွာ အရိုးစွဲသွားစေလိမ့်မည်။ ထိုနည်းအားဖြင့် သင်၏ ကိုယ်ပိုင် ပင်ကိုစရိုက်အပေါ်နှင့် မိမိကိုယ်တိုင်၏ စိတ်သဘောထားနှင့်အညီ အစေခံခြင်းမှ ရရှိလာသည့် အတွေ့အကြုံအပေါ် အဓိကအားဖြင့် အခြေခံထားသည့် ဘုရားသခင်အား အစေခံခြင်းနှင့် ပတ်သက်၍ စည်းမျဉ်းများကို အတွင်းကျိတ် ချမှတ်လိမ့်မည်။ ထိုအရာသည် လူ့အတွေ့အကြုံအားဖြင့် ရလာသော သင်ခန်းစာဖြစ်ပေသည်။ ယင်းသည် လူသား၏ ဘဝဒဿန ဖြစ်ပေသည်။ ထိုသို့သောသူတို့သည် ဖာရိရှဲနှင့် ဘာသာရေး အမှုဆောင်တို့နှင့် သက်ဆိုင်ကြသည်။ သူတို့သည် မည်သည့်အခါမျှ နိုးထ၍ နောင်တမရလျှင်မူ အဆုံး၌ နောက်ဆုံးသော ကာလတွင် ပေါ်လာမည့် ခရစ်တော်အတုအယောင်များ ဖြစ်သွားကြပြီး၊ လူသားများကို လှည့်ဖြားသောသူများ ဖြစ်သွားကြမည်။ ပြောခဲ့ပြီးသည့် ခရစ်တော်အတုအယောင်များနှင့် လှည့်ဖြားသောသူတို့သည် ထိုသို့သော ပုဂ္ဂိုလ်မျိုးကြားမှ ပေါ်လာမည် ဖြစ်သည်။ ဘုရားသခင်ကို အစေခံသော ထိုသူတို့သည် မိမိတို့၏ပင်ကိုစရိုက်နောက်ကိုလိုက်ပြီး ကိုယ့်ဆန္ဒအရ ပြုမူကြမည်ဆိုပါက အချိန်မရွေး မောင်းထုတ်ခြင်း ခံရနိုင်သည့် အန္တရာယ်ရှိသည်။ အခြားသောသူများ၏ နှလုံးသားကို သိမ်းသွင်းရန်၊ ၎င်းတို့ကို သွန်သင်ရန်နှင့် ချုပ်ထိန်းရန်၊ ထို့အပြင် အထက်စီး၌နေရန် ဘုရားသခင်အား အစေခံခြင်းဆိုင်ရာ နှစ်များစွာသော အတွေ့အကြုံကို အသုံးချလျက် မည်သည့်အခါမျှ နောင်တမရသောသူများ၊ အပြစ်များကို ဝန်ချမတောင်းပန်သောသူများနှင့် သူတို့ရာထူးနေရာ၏အကျိုးကို မည်သည့်အခါမျှ မစွန့်လွှတ်သောသူများသည် ဘုရားသခင်ရှေ့မှောက်တွင် ကျရှုံးကြလိမ့်မည် ဖြစ်သည်။ ထိုသူတို့သည် ပေါလုကဲ့သို့ ပုံစံမျိုးဖြစ်ကြပြီး ၎င်းတို့၏ဝါရင့်မှုကို ရောင့်တက်သောသူနှင့် ၎င်းတို့၏ အရည်အချင်းများကို ဝါကြွားသော သူကဲ့သို့ ဖြစ်ပေသည်။ ဘုရားသခင်သည် ထိုသို့သောသူများကို စုံလင်စေလိမ့်မည် မဟုတ်ပေ။ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်၏ အလုပ်ကို တားဆီးနှောင့်ယှက်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘာသာရေးအမှုဆောင်ခြင်းကို သန့်စင်ရမည်” မှ

လူအများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ခြင်းတွင် များစွာအားစိုက်ကြသော်လည်း၊ အသိပညာသာရှိပြီး၊ နောက်ပိုင်းတွင် စစ်မှန်သောလမ်းကြောင်းနှင့် ပတ်သတ်၍ ပြောစရာမရှိကြခြင်းမှာ အဘယ်ကြောင့်နည်း။ အသိပညာရှိခြင်းသည် သမ္မာတရားရှိခြင်းနှင့် တူညီသည်ဟု သင်ထင်ပါသလား။ ယင်းသည် ရှုပ်ထွေးသည့် အမြင်ဖြစ်သည်မဟုတ်ပါလား။ သင်သည် အသိပညာနှင့်ပတ်သတ်လျှင် ကမ်းခြေ၌ သဲပေါများသကဲ့သို့ အတောမသတ်ပြောနိုင်သည်၊ သို့ရာတွင် ထိုအထဲ၌ စစ်မှန်သောလမ်းကြောင်း တစ်ခုမျှ မပါဝင်ပေ။ ဤသို့ပြုခြင်းသည် လူတို့ကို အရူးလုပ်ခြင်းမဟုတ်ပါလား။ သင်သည် ယင်းကို ကျောထောက်နောက်ခံဖို့အတွက် အကောင်အထည်မရှိဘဲ ဗလာသက်သက် ဟန်ပြနေသည် မဟုတ်ပါလား။ ထိုကဲ့သို့သော ပြုမူပုံအားလုံးသည် လူတို့အတွက် အန္တရာယ်ရှိသည်။ အယူအဆပိုမြင့်ပြီး စစ်မှန်မှု ပို၍ ကင်းမဲ့လေလေ၊ လူတို့ကို အရှိတရားသို့ ပို့ဆောင်နိုင်စွမ်း မရှိလေဖြစ်သည်။ အယူအဆမြင့်လေလေ သင်သည် ဘုရားသခင်ကို ပို၍ဖီဆန်ကာ ဆန့်ကျင်မိလေလေဖြစ်သည်။ မြင့်မားသော အယူအဆများကို တန်ဖိုးရှိသည့် ရတနာများသဖွယ် မဆက်ဆံပါနှင့်။ ယင်းတို့သည် မသိမသာနှင့် ပျက်စီးစေပြီး၊ မည်သည့်အသုံးဝင်မှုကိုမျှ မပေးပေ။ အချို့သောသူများသည် အမြင့်ဆုံးအယူအဆများကို ပြောကောင်းပြောနိုင်ပေလိမ့်မည်၊ သို့ရာတွင် ထိုအယူအဆများထဲတွင် အရှိတရားလုံးဝမပါဝင်ပေ၊ အကြောင်းမှာ ထိုသူများသည် ထိုအရာတို့ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရခြင်းမရှိသဖြင့် သူတို့ထံတွင် လက်တွေ့ကျင့်ဆောင်ရန်လမ်းကြောင်း မရှိပေ။ ထိုသို့သောသူများသည် လူတို့ကို မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခေါ်သွားနိုင်စွမ်း မရှိကြဘဲ၊ လူတို့ကို လမ်းလွဲစေခြင်းသာ ပြုကြလိမ့်မည်။ ဤသည်မှာ လူတို့အတွက် အန္တရာယ်ရှိသည် မဟုတ်ပါလား။ အနည်းဆုံးအနေဖြင့် သင်သည် လူတို့၏ လက်ရှိပြဿနာများကို ဖြေရှင်းကာ လူတို့ကို ဝင်ခွင့်ရအောင် ဆောင်ရွက်ပေးနိုင်ရပါမည်။ ဤအရာကိုသာလျှင် ဆပ်ကပ်အပ်နှံခြင်းဟုဆိုနိုင်ပြီး၊ သို့မှသာလျှင် သင်သည် ဘုရားသခင်အတွက် အမှုပြုရန် အရည်အချင်းပြည့်မီမည် ဖြစ်ပါသည်။ ဟိတ်ဟန်များသော၊ စိတ်ကူးယဉ်ဆန်သော စကားလုံးများကို အမြဲတမ်းမပြောပါနှင့်။ လူတို့ကို အတင်းအကျပ် နာခံလာအောင်ပြုရန် မသင့်လျော်သည့် ကျင့်ထုံးများစွာကို အသုံးမပြုပါနှင့်။ ထိုသို့ပြုလုပ်ခြင်းသည် အကျိုးမရှိဘဲ လူတို့၏ စိတ်ရှုပ်ထွေးခြင်းကိုသာ တိုးလာစေနိုင်ပါသည်။ လူတို့ကို ဤနည်းဖြင့် ဦးဆောင်ခြင်းသည် လူသားတို့ သင့်ကိုရွံရှာလာစေနိုင်သည့် စည်းမျဉ်းများစွာကိုသာ ထွက်ပေါ်လာစေပါလိမ့်မည်။ ဤသည်မှာ လူသားတို့၏ ချို့ယွင်းချက်ဖြစ်ပြီး အမှန်တကယ်ပင် အရှက်ရစရာ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်မှန်မှု အပေါ်တွင် ပို၍အာရုံစိုက်ပါ” မှ

ခေါင်းဆောင်ဖြစ်သော သင်တို့အကြောင်း သာမန်လူတို့က ထင်မြင်ချက်ပေးသောအခါ သင်တို့က “ဟင်း၊ ကျွန်ုပ်အကြောင်း ထင်မြင်ချက်ပေးဖို့ သင့်ကို မည်သည့်အရာက အရည်အချင်းမီစေသနည်း။ သင့်အနေဖြင့် တရားဒေသနာမည်မျှကို ပေးနိုင်သနည်း။ လူဘယ်နှစ်ဦးကို သင်ဦးဆောင်နိုင်သနည်း။ သင်မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း” ဟုဆိုကြ၏။ ဤသည်မှာ သင်တို့သည် အရည်အချင်းမီသည့်အလား ဖြစ်၏။ သင်တို့ ဤအတိုင်း ဆက်လက်ပြုလုပ်ပါက ဒုက္ခရောက်လိမ့်မည်၊ သင်သည် ခဏတာ အစေခံကောင်း အစေခံမည်ဖြစ်သော်လည်း ၎င်းနောက်တွင် သင်မှားယွင်းလိမ့်မည်။ သင်တို့အားလုံးနှင့်စပ်လျဉ်း၍ ပြောရလျှင်မူ အရပ်ဒေသတစ်ခုရှိ အသင်းတော်များကို သင်တို့၏လက်ထဲအပ်နှံ၍ ခြောက်လကြာ သင်တို့ကို မည်သူတစ်ဦးမျှ ကြီးကြပ်နေခြင်းမရှိပါက သင်တို့သည် စတင်၍ လမ်းလွဲကြလိမ့်မည်။ သင့်ကို တစ်နှစ်ကြာ မည်သူမျှ ကြီးကြပ်ခဲ့ခြင်း မရှိပါက သင်သည် ထိုသူတို့ကို လမ်းမှားသို့ ဦးဆောင်သွားလိမ့်မည်။ နှစ်နှစ်ကျော်သွားပြီး မည်သူမျှ သင့်ကို ကြီးကြပ်နေခြင်း မရှိသေးပါက သင်သည် ၎င်းတို့အား ဝေးရာသို့ ဦးဆောင်သွားကာ သင့်ရှေ့မှောက်သို့ ခေါ်ဆောင်လာလိမ့်မည်။ ဤသို့ အဘယ်ကြောင့် ဖြစ်သနည်း။ သင်တို့ ဤမေးခွန်းကို ယခင်က စဉ်းစားခဲ့ဖူးသလော။ သင်တို့ ဤသို့များ ဖြစ်နေနိုင်သလော။ သင်တို့၏ အသိပညာသည် လူတို့ကို ကာလတစ်ခုအထိသာ ပံ့ပိုးပေးနိုင်သည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ အကယ်၍ သင်သည် တူညီသောအရာတစ်ခုကိုသာ ဆက်၍ပြောနေပါက လူအချို့တို့သည် သတိပြုမိကြလိမ့်မည်၊ ၎င်းတို့က သင်သည် အပေါ်ယံဆန်လွန်းကြောင်း၊ နက်နဲစေ့စပ်မှု ကင်းမဲ့လွန်းကြောင်း ဆိုကြလိမ့်မည်။ သင်၌ ရွေးချယ်စရာမရှိဘဲ အယူဝါဒများကို ပြောခြင်းဖြင့် လူများကို ကြိုးစားပြီး လှည့်ဖြားရလိမ့်မည်။ အကယ်၍ ဤကဲ့သို့ သင်ဆက်လုပ်နေပါက သင့်အောက်မှ လူများသည် သင်၏ နည်းစနစ်များ၊ ခြေလှမ်းများ၊ ယုံကြည်ခြင်းနမူနာနှင့် လက်တွေ့ခံစားရခြင်း နမူနာနောက်သို့ လိုက်ကြလိမ့်မည် ဖြစ်၍ ၎င်းတို့သည် ထိုစကားများနှင့် အယူဝါဒများကို လက်တွေ့ကျင့်ဆောင်ကြလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် သင်ဆက်လက်ဟောပြောသောကြောင့် ၎င်းတို့သည် အဆုံးတွင် သင့်ကို စံပြတစ်ဦးအဖြစ် အသုံးပြုလာကြလိမ့်မည်။ အခြားသူများကို သင်ဦးဆောင်ရာတွင် အယူဝါဒများကို သင်ပြောသောကြောင့် သင့်အောက်မှ လူများသည် သင့်ထံမှ အယူဝါဒများကို လေ့လာသင်ယူကြလိမ့်မည်၊ ထို့နောက် အခြေအနေများ တိုးတက်လာသည်နှင့်အမျှ သင်သည် လမ်းမှားနောက်သို့ လိုက်လျှောက်နေပြီးဖြစ်လိမ့်မည် ဖြစ်သည်။ သင့်အောက်မှ လူများသည် သင်ဖောက်သည့် မည်သည့်လမ်းကိုမဆို လိုက်လျှောက်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့အားလုံးသည် သင့်ထံမှ သင်ယူလေ့လာကာ သင့်နောက်သို့ လိုက်ကြသဖြင့် “ငါသည် ယခုသြဇာတိက္ကမကြီးမားပေ၏၊ လူများစွာသည် ငါ့စကားကို နားထောင်ကြပြီး အသင်းတော်သည် ငါ၏စေလိုရာစေဖြစ်သည်” ဟု သင်ခံစားရလိမ့်မည်။ လူသားအတွင်းမှ ဤကဲ့သို့ သစ္စာမဲ့သော သဘာဝဗီဇသည် သင့်အား ဘုရားသခင်ကို ပြယုဂ်တစ်ခုမျှအဖြစ်သို့ မရည်ရွယ်ဘဲ အသွင်ပြောင်းမိအောင် ပြုစေသည်၊ ထို့နောက် သင်ကိုယ်တိုင် ဂိုဏ်းဂဏတစ်မျိုးမျိုးကို တည်ထောင်တော့သည်။ ဤသို့ဖြင့် အမျိုးမျိုးသော ဂိုဏ်းဂဏများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဂိုဏ်းဂဏတိုင်း၏ ခေါင်းဆောင်များကို ကြည့်လော့။ သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသူများဖြစ်ပြီး သမ္မာကျမ်းစာကို လိုချင်သည့်စကားလုံးများသာ ကောက်ယူ၍ မိမိတို့ကိုယ်ပိုင် စိတ်ကူးနှင့်အညီ အနက်ဖွင့်ကြသည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် စာပေကျမ်းဂန်နှံ့စပ်ခြင်းကို အားထားကြသည်။ အကယ်၍ သူတို့သည် မည်သည့်အရာကိုမျှ ဟောပြောခြင်းငှာ မတတ်စွမ်းနိုင်ခဲ့ပါက ထိုလူများသည် သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်နှင့် လှည့်ဖြားမှုအချို့ကို မည်ကဲ့သို့ အသုံးပြုရမည်ကိုလည်း သိကြသည်။ ထိုအရာများကို အသုံးပြုလျက် သူတို့သည် လူများကို မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ကြပြီး၊ လှည့်ဖြားကြသည်။ အမည်ခံသဘောအရ ထိုလူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း လက်တွေ့သဘောတွင်မူ သူတို့သည် သူတို့၏ခေါင်းဆောင်များနောက်သို့ လိုက်ကြသည်။ သူတို့သည် စစ်မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရလျှင် သူတို့ထဲမှ အချို့တို့သည် “ငါတို့၏ ယုံကြည်မှုနှင့် ပတ်သက်၍ ငါတို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်” ဟု ဆိုကြသည်။ သူတို့၏ယုံကြည်ခြင်းသည် လူတစ်ယောက်၏ အတည်ပြုခြင်းကို လိုအပ်နေလေသည်၊ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များကကော အဘယ်အရာများ ဖြစ်လာကြသနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် စစ်မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ တိုက်မိ၍ လဲစရာများ ဖြစ်လာကြသည် မဟုတ်လော။ ထိုကဲ့သို့သောသူတို့သည် ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်ကြ၏။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းသည်သာ ဘုရားသခင်အား စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်” မှ

ဘုရားသခင်သည် လူ့ဇာတိကို ခံယူပြီး၊ လူသားတို့အကြား အမှုပြုရန် ကြွလာသောအခါ လူအားလုံးသည် ဘုရားသခင်ကို မြင်ကြရပြီး၊ သူ၏ နှုတ်ကပတ်တော်ကို ကြားကြရကာ၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ ပြုမူလုပ်ဆောင်ချက်များကိုလည်း မြင်ကြရ၏။ ထိုအချိန်တွင် လူသား၏ အယူအဆအားလုံးတို့သည် အမြှုပ်ကဲ့သို့ပင် အရည်ပျော် ပျောက်ကွယ်သွားကြ၏။ ဘုရားသခင် လူ့ဇာတိထဲ၌ ပေါ်လာသည်ကိုမြင်၍ စိတ်နှလုံးသားထဲ၌ နာခံမှုရှိသူဟူသမျှသည် အပြစ်စီရင်ခြင်း ခံရလိမ့်မည် မဟုတ်ဘဲ သူ့တစ်ဖက် ရည်ရွယ်ချက်ရှိရှိ ဆန့်ကျင်ရပ်တည်သော သူတို့သည်ကား ဘုရားသခင်၏ အတိုက်အခံအဖြစ် သတ်မှတ်ခြင်း ခံကြရပေမည်။ ထိုသူတို့သည် အန္တိခရစ်များဖြစ်ကြပြီး ဘုရားသခင်တစ်ဖက် စိတ်ဆန္ဒပြင်းစွာ ထကြွသော ရန်သူများပင်ဖြစ်၏။ ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ ရှိသော်လည်း ဝမ်းမြောက်စွာ နာခံတတ်သော သူတို့မှာမူ စီရင်ခြင်းကို ခံကြရလိမ့် မည်မဟုတ်။ ဘုရားသခင်သည် လူသားကို စီရင်ရာတွင် လူသား၏ ရည်ရွယ်ချက်များနှင့် လူသား၏ အပြုအမူများ အပေါ်သာ အခြေခံ၍ စီရင်ခြင်းဖြစ်ပြီး၊ လူသား၏ အတွေးများနှင့် အကြံအစည်များကြောင့် မည်သည့်အခါမျှ မစီရင်ပေ။ အကယ်၍သာ စီရင်ခြင်းကို ထိုအပေါ်တွင်သာ အခြေခံမည်ဆိုလျှင် မည်သူမျှ ဘုရားသခင်၏ ဒေါသလက်မှ လွတ်နိုင်ဖွယ်မမြင်။ မိမိစိတ်ဆန္ဒဖြင့် လူဇာတိခံယူသည့် ဘုရားသခင်ကို ဆန့်ကျင်ရပ်တည်သော သူတို့သည် သူတို့၏ မနာခံမှုများအတွက် အပြစ်ဒဏ်ပေးမှုကို ခံကြရမည်ဖြစ်သည်။ သူတို့၏ ဘုရားသခင်ကို ဆန့်ကျင်လိုသော ဆန္ဒမှာ ဘုရားသခင်နှင့်ပတ်သက်သော သူတို့၏အယူအဆတို့မှ ပေါက်ဖွားလာပြီး ဘုရားသခင်၏ အမှု၌ သူတို့၏ နှောက်ယှက်မှုကို ဖြစ်ပေါ်စေသည်။ ထိုသူတို့သည် သိလျက်နှင့်ပင် ဘုရားသခင်၏အမှုကို ဖျက်ဆီး၊ ဟန့်တားတတ်ကြ၏။ သူတို့၌ ဘုရားသခင်နှင့်ဆိုင်သော အယူအဆများ ရှိရုံမျှသာ မကဘဲ ဘုရားသခင်၏ အမှုကို အနှောင့်အယှက် ပေးသည့်အရာများကို ပြုတတ်ကြသေး၏၊ ဤအကြောင်းကြောင့်ပင် လူတို့၏ ထိုအပြုအမူသည် စီရင်ခြင်းကို ခံကြရလိမ့်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်” မှ

သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ကြာသည်အထိ ယုံကြည်ခဲ့သော်လည်း ဘုရားသခင်ကို တစ်ခါမျှ မနာခံဖူးလျှင် (သို့မဟုတ်) သူ၏ နှုတ်ကပတ်တော် အားလုံးကို လက်မခံဖူးဘူးဆိုလျှင်၊ ထိုအစား ဘုရားသခင်အား သင်၏ အကြံအစည်များအတိုင်း ပြုမှုရန်နှင့် သင့်ကို လိုက်လျောရန် တောင်းဆိုမည်ဆိုလျှင် သင်သည် လူများ အားလုံးထဲတွင် အပုန်ကန်ဆုံးသူ ဖြစ်သည်၊ သင်သည် မယုံကြည်သူ တစ်ဦးပင်ဖြစ်သည်။ ထိုသို့သော သူတစ်ဦးက လူတို့၏ အယူအဆနှင့် ကိုက်ညီမှုမရှိသော ဘုရားသခင်၏ အလုပ်နှင့် နှုတ်ကပတ်တော်များကို မည်သို့ နာခံနိုင်သနည်း။ အပုန်ကန်ဆုံး သူသည် ဘုရားသခင်ကို တမင်သက်သက် ဖီဆန်၊ အာခံသူ ဖြစ်သည်။ သူသည် ဘုရားသခင်၏ ရန်သူ၊ အန္တိခရစ် ဖြစ်သည်။ ထိုသို့သောသူသည် ဘုရားသခင်၏အမှုသစ်အပေါ် ရန်လိုသော သဘောထားကို အစဉ်တစိုက် ကိုင်စွဲထားပြီး နာခံလိုသည့်သဘော နည်းနည်းလေးမျှမရှိ၊ နာခံလိုစိတ်ကို လိုလိုလားလား တစ်ခါမျှ မပြဖူး၊ သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် တစ်ခါမျှ မနှိမ့်ချဖူးပေ။ သူသည် အခြားလူများရှေ့၌ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်လေ့ရှိပြီး မည်သူ့ကိုမျှ မနာခံဖူးပေ။ ဘုရားသခင်၏ရှေ့၌ သူသည် သူ့ကိုယ်သူ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောကြားရာ၌ အကျွမ်းကျင်ဆုံးသူ၊ အခြားသူများကို ပြုပြင်ရာတွင် အကျွမ်းကျင်ဆုံးသူအဖြစ် သတ်မှတ်လေ့ရှိသည်။ သူသည် လက်ဝယ်ပိုင်ဆိုင်ထားပြီးသော “အဖိုးတန်ရတနာများ” ကို ဘယ်တော့မျှ မစွန့်ပစ်ဘဲ ဝတ်ပြုကိုးကွယ်ရန်၊ အခြားသူများကို တရားဟောရန်နှင့် သူ့ကို ဘုရားကဲ့သို့ ကိုးကွယ်ကြသော အရူးများကို သင်ကြားပို့ချရန်အတွက် ထိုပစ္စည်းများကို ဘိုးစဉ်ဘောင်ဆက်အမွေပစ္စည်းများအဖြစ် သတ်မှတ်အသုံးပြုသည်။ အသင်းတော်ထဲ၌ ထိုသို့သောသူများမှာ အရေအတွက် အတိုင်းအတာ တစ်ခုအထိရှိသည်။ သူတို့ကို ဘုရားသခင်၏အိမ်တော်၌ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ယာယီနေထိုင်သော “နှိမ်နင်း၍မရသည့် သူရဲကောင်းကြီးများ” ဟုခေါ်နိုင်သည်။ သူတို့သည် နှုတ်ကပတ်တော်များအား (အယူဝါဒ) ဟောပြောခြင်းကို ၎င်းတို့၏ အမြင့်မားဆုံးသော တာဝန်အဖြစ် မှတ်ယူကြသည်။ တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သူတို့၏ “အလေးအမြတ်ထားပြီး မချိုးဖောက်အပ်သော” တာဝန်ကို အခြားသူများ လိုက်နာလုပ်ဆောင်အောင် သူတို့သည် အားသွန်ခွန်စိုက် လုပ်နေကြသည်။ မည်သူကမျှ သူတို့ကို မထိရဲ၊ တစ်ယောက်တလေကမျှ သူတို့ကို ပေါ်ပေါ်ထင်ထင် အပြစ်မတင်ရဲပေ။ သူတို့သည် တစ်ခေတ်ပြီးတစ်ခေတ် အခြားသူများကို အာဏာရှင်တစ်ဦးကဲ့သို့ ဆက်ဆံပြီး ပွားများနေကြလျက် ဘုရားသခင်၏အိမ်တော်၌ “ဘုရင်များ” ဖြစ်လာကြသည်။ ထိုနတ်မိစ္ဆာအဖွဲ့သည် အချင်းချင်းလက်တွဲပြီး ငါ့အမှုကို ဖျက်ဆီးရန် ကြိုးစားကြသည်၊ အသက်ရှင်နေသော ထိုနတ်မိစ္ဆာများကို အဘယ်သို့ ငါ့မျက်စိရှေ့၌ ဆက်လက်နေထိုင်ခွင့် ပေးနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည်” မှ

ဘုရားသခင်အပေါ် သင်တို့၏ဆန့်ကျင်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအပေါ် သင်တို့၏ ဟန့်တားပိတ်ဆို့ခြင်းသည် သင်တို့၏ အယူအဆများနှင့် ပင်ကိုအားဖြင့် မာနထောင်လွှားမှုကြောင့်ဖြစ်သည်ကို သိထားလော့။ ဤသည်မှာ ဘုရားသခင်၏ အမှုသည် မှားယွင်းသောကြောင့် မဟုတ်ဘဲ သင်တို့သည် သဘာဝအားဖြင့် နာခံမှုမရှိလွန်းသောကြောင့်သာ ဖြစ်သည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ယုံကြည်မှုကို တွေ့ရှိပြီးနောက် အချို့သူများသည် လူသားအနေနှင့် မည်သည့်နေရာမှ လာသည်ကိုပင် သေချာစွာ ပြောဆိုနိုင်ခြင်း မရှိသော်လည်း ထိုသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော့်အမှု၏ အမှန်များနှင့် အမှားများကို သုံးသပ်သည့် လူသိရှင်ကြား ဟောပြောမှုများကို လုပ်ဝံ့ကြသည်။ ထို့အပြင် ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသစ်ရှိသော တမန်တော်များကို ဆုံးမခြင်းပင်ပြုကြလျက် ဝေဖန်ခြင်းများ၊ မိမိအလှည့်မရောက်မီ ပြောဆိုခြင်းများ ပြုကြ၏။ ၎င်းတို့၏ လူ့သဘာဝသည် နိမ့်ကျလွန်း၍ ထိုသူတို့တွင် အသိစိတ်အနည်းငယ်မျှပင် မရှိပေ။ ထိုကဲ့သို့သောသူတို့ကို သန့်ရှင်းသော ဝိညာဉ်တော်၏အမှုက ငြင်းပယ်၍ ငရဲ၏မီးများနှင့် လောင်ကျွမ်းခံရမည့်နေ့ ရောက်လာလိမ့်မည် မဟုတ်လော။ ထိုသူတို့သည် ဘုရားသခင်၏အမှုကို မသိသော်လည်း သူ၏အမှုကို ဝေဖန်ကာ မည်သို့အမှုဆောင်ရမည်ကို ဘုရားသခင်အား ညွှန်ကြားရန်လည်း ကြိုးပမ်းကြ၏။ ထိုသို့သော ဆင်ခြင်တုံတရားမရှိသည့် လူတို့သည် ဘုရားသခင်ကို မည်သို့သိနိုင်မည်နည်း။ လူသားသည် ဘုရားသခင်ကို ရှာဖွေ၍ တွေ့ကြုံခံစားသည့် လုပ်ငန်းစဉ်အတွင်း သူ့ကိုသိလာခြင်းဖြစ်၏။ စိတ်ကူးပေါက်သည့်အတိုင်း သူ့ကို ဝေဖန်ခြင်းအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုမှတစ်ဆင့် ဘုရားသခင်ကို သိလာခြင်း မဟုတ်ပေ။ ဘုရားသခင်အပေါ် လူတို့၏သိခြင်းသည် တိကျမှန်ကန်လေလေ၊ သူ့အပေါ်ဆန့်ကျင်မှု နည်းလေလေဖြစ်၏။ ၎င်းနှင့်ဆန့်ကျင်ဘက်မှာ ဘုရားသခင်အပေါ် လူတို့အသိနည်းလေလေ၊ သူ့ကိုဆန့်ကျင်ရန် အလားအလာများလေလေဖြစ်၏။ သင့်အယူအဆများ၊ သင်၏ဗီဇသဘာဝဟောင်းနှင့် သင်၏လူ့သဘာဝ၊ စရိုက်လက္ခဏာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ သဘောထားအမြင်တို့သည် သင့်အနေနှင့် ဘုရားသခင်အပေါ် ခုခံရာတွင် အသုံးပြုသည့် “ငွေလုံးငွေရင်း” ဖြစ်၍ သင်သည် ဖောက်ပြန်၍ သိက္ခာကျကာ အောက်တန်းကျလေလေ၊ ဘုရားသခင်၏ ရန်သူဖြစ်လေလေ ဖြစ်၏။ အလွန်ဆိုးရွားသော အယူအဆများရှိ၍ မိမိကိုယ်ကို မှန်ကန်သည်ဟုယူမှတ်သော စိတ်နေသဘောထား ရှိသူများသည် လူ့ဇာတိခံယူသော ဘုရားသခင်၏ ရန်လိုမှုကို ပိုခံရလေဖြစ်၍၊ ထိုကဲ့သို့သောသူများသည် အန္တိခရစ်များဖြစ်ကြ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” မှ

ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်ကို နားမလည်သောသူတို့သည် ဘုရားသခင်တစ်ဖက် ဆန့်ကျင်ရပ်တည်သောသူများဖြစ်ကြပြီး၊ ထို့ထက်မက ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်ကို ဂရုပြုမိသော်ငြားလည်း ဘုရားသခင်ကို ကျေနပ်စေခြင်းအလို့ငှာ မကြိုးစားသော သူတို့သည် ဘုရားသခင်တစ်ဖက် သာ၍ပင် ဆန့်ကျင်ရပ်တည်သောသူများဖြစ်ကြ၏။ ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုတတ်သော ထိုသူများသည် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရွတ်နေသည့်တိုင် ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်ကို မည်သူမျှ နားမလည်။ ဘုရားသခင်ကို မည်သူမျှ မသိကျွမ်းနိုင်ကြသည့်အပြင်၊ ဘုရားသခင်၏ စိတ်နှလုံးနှင့်လည်း မည်သူမျှ တစ်ထပ်တည်းမကျပေ။ သူတို့သည် အသုံးမကျသောသူများဖြစ်၍ ဆိုးရွားသောသူများဖြစ်ကာ ဘုရားသခင်ကိုပင် သွန်သင်ရန် အမြင့်တွင် ကိုယ်စီရပ်တည်နေကြ၏။ သူတို့သည် ဘုရားသခင်၏နာမကို ကိုင်ဆောင်ပြတတ်သော်လည်း ဘုရားသခင်ကို တမင်ဆန့်ကျင်တတ်ကြ၏။ သူတို့သည် ဘုရားသခင်ကို ယုံကြည်သူများအဖြစ် ကိုယ့်ကိုယ်ကိုယ် တံဆိပ်ကပ်ထားကြသော်လည်း သူတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်သောသူများပင် ဖြစ်ကြ၏။ ထိုကဲ့သို့သောသူအားလုံးသည် လူ့ဝိညာဉ်ကို ဝါးမျိုတတ်သည့် မာရ်နတ်များ ဖြစ်ကြပြီး၊ မှန်ကန်သောလမ်းသို့ ခြေလှမ်းရန် ကြိုးစားသူတို့ကို ရည်ရွယ်ချက်ရှိစွာဖြင့် အနှောင့်အယှက်ပေးတတ်သော နတ်ဆိုးများဖြစ်ကြကာ၊ ဘုရားသခင်ကို ရှာဖွေသောသူတို့၏လမ်းကို ဟန့်တားကြန့်ကြာစေမည့် ခလုတ်တံသင်းများဖြစ်ကြ၏။ သူတို့သည် “အကြမ်းပတမ်းဇာတိခန္ဓာ” များ ဖြစ်ကြသော်လည်း၊ သူတို့သည် အန္တိခရစ်များဖြစ်ကြကာ လူများအား ဘုရားသခင်တစ်ဘက် ဆန့်ကျင်ဘက်ပြုရန် ဦးဆောင်သောသူများဖြစ်ကြောင်း သူတို့၏ နောက်လိုက်များက မည်သို့သိနိုင်မည်နည်း။ ဤသူများမှာ ဝိညာဉ်များကို ဝါးမျိုရန် အထူးသဖြင့် ရှာဖွေနေကြသည့် ရှင်သန်နေသော နတ်ဆိုးများဖြစ်သည်ကို သူတို့သည် မည်ကဲ့သို့သိနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်” မှ

ယခင်က:လူ့ဇာတိခံယူသည့် ခရစ်တော်နှင့် ခရစ်တော်အယောင်ဆောင်များနှင့် ပရောဖက်အယောင်ဆောင်များ အကြား ကွဲပြားမှုများကို သတိပြုကြလော့

နောက်တစ်ခုသို့:တစ်စုံတစ်ဦးသည် ခရစ်တော်၏ ဘုရားသဘာဝအနှစ်သာရကို မည်သို့သိနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ