၄) ဝိညာဉ်ဆိုးများ၏ အလုပ်မှာ အဘယ်နည်း။ ဝိညာဉ်ဆိုးများ၏ လုပ်ဆောင်ချက်၏ သရုပ်သကန်များမှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

စာတန်ထံမှ လာသည့် အလုပ်မှာ မည်သည့်အရာနည်း။ စာတန်ထံမှလာသော အလုပ်၌ လူတို့အတွင်းရှိ ရူပါရုံများသည် ဝေဝါးနေလေသည်။ လူတို့၌ ပုံမှန်လူ့သဘာဝ မရှိကြပေ၊ ၎င်းတို့ လုပ်ရပ်များ၏နောက်ကွယ်ရှိ ကြံရွယ်ချက်များမှာ မှားယွင်းနေပြီး၊ ၎င်းတို့သည် ဘုရားသခင်ကို ချစ်ရန်ဆန္ဒရှိသော်လည်း၊ ၎င်းတို့အတွင်းတွင် စွပ်စွဲချက်များ အမြဲရှိနေကာ၊ ဤစွပ်စွဲချက်များနှင့် အတွေးများသည် ၎င်းတို့ အသက်တာ၏ ကြီးထွားမှုကို ဘောင်ခတ်ထားရင်းနှင့် ပုံမှန်အခြေအနေတွင် ဘုရားသခင်၏ ရှေ့မှောက်သို့ လာခြင်းမှ ၎င်းတို့ကို တားဆီးရင်း ၎င်းတို့အတွင်းတွင် စဉ်ဆက်မပြတ်သော အနှောင့်အယှက်များ ဖြစ်စေလေသည်။ ဆိုလိုသည်မှာ၊ လူတို့အတွင်းတွင် စာတန်၏အလုပ် ရှိသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်၏ရှေ့တွင် ငြိမ်သက်ခြင်း မရှိနိုင်ကြပေ။ ထိုသို့သော လူတို့သည် မိမိတို့ကိုယ်ကိုယ် မည်သည့်အရာ လုပ်ရမည်ကို မသိကြ- လူများ အတူတကွ စုဝေးကြသည်ကို ၎င်းတို့ မြင်ကြသည့်အခါ၊ အဝေးသို့ ထွက်ပြေးချင်ကြပြီး၊ အခြားသူများ ဆုတောင်းသည့်အခါ ၎င်းတို့၏မျက်စိများကို မမှိတ်နိုင်ကြပေ။ နတ်ဆိုးများ၏ လုပ်ဆောင်ချက်သည် လူသားနှင့် ဘုရားသခင်ကြားက ပုံမှန်ဆက်ဆံရေးကို ဖျက်ဆီးပြီး၊ လူတို့၏ ယခင်ရူပါရုံများ သို့မဟုတ် ၎င်းတို့၏ ယခင် အသက်တာဝင်ရောက်မှု လမ်းကြောင်းကို ကမောက်ကမဖြစ်စေ၏။ ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်ထံ လုံးဝ တိုးဝင်ချဉ်းကပ်ခြင်း မရှိနိုင်ကြသကဲ့သို့၊ ၎င်းတို့ကို အနှောင့်အယှက်ဖြစ်စေပြီး ချုပ်နှောင်သည့်အရာများ အမြဲ ဖြစ်ပျက်လေသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ငြိမ်သက်ခြင်းကို ရှာမတွေ့နိုင်ကြသကဲ့သို့၊ ဘုရားသခင်ကို ချစ်ရန် ခွန်အားမဲ့လျက်နှင့် ၎င်းတို့၏ စိတ်ဝိညာဉ်များ ဆုတ်ယုတ်လျက် ကျန်ရစ်ကြလေသည်။ ယင်းတို့သည် စာတန်၏အလုပ်၏ သရုပ်သကန်များ ဖြစ်ကြ၏။ စာတန်၏လုပ်ဆောင်ချက်၏ သရုပ်သကန်များမှာ- ကြံ့ကြံ့မခံနိုင်ခြင်းနှင့် သက်သေ မခံနိုင်ခြင်း၊ သင့်ကို ဘုရားသခင် ရှေ့တွင် အပြစ်ရှိသောသူတစ်ဦးနှင့် ဘုရားသခင်အပေါ် သစ္စာမရှိသောသူတစ်ဦး ဖြစ်လာစေခြင်းတို့ ဖြစ်သည်။ စာတန် ကြားဝင်နှောင့်ယှက်သောအခါ၊ သင့်အတွင်းရှိ ဘုရားသခင်အပေါ် ချစ်ခြင်းနှင့် သစ္စာစောင့်သိခြင်းတို့ကို သင် ဆုံးရှုံး၏၊ သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးမှ ဖယ်ရှားပစ်ခံရ၏။ သင်သည် သမ္မာတရား သို့မဟုတ် သင်ကိုယ်တိုင်၏တိုးတက်မှုကို ရရှိအောင် အားထုတ်ခြင်းမရှိပေ။ သင်သည် ဆုတ်ယုတ်ကာ မတုန်မလှုပ် ဖြစ်လာ၏၊ သင်သည် ကိုယ့်ကိုယ်ကိုယ် အလိုလိုက်၏၊ အပြစ်တရား၏ ပျံ့နှံ့မှုကို သင် ဇက်ပုံပေးပြီး အပြစ်တရားကို မမုန်းတီးပေ။ ထို့ပြင် စာတန်၏ ကြားဝင်နှောင့်ယှက်မှုသည် သင့်ကို အကျင့်ပျက်ပြားစေသည်။ ယင်းသည် သင့်အတွင်း၌ ဘုရားသခင်၏ တို့ထိမှုကို ပျောက်ကွယ်စေပြီး သင့်အား ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ်ပြောစေကာ ဘုရားသခင်ကို မေးခွန်းထုတ်ရန် ဦးတည်စေလျက် သူ့ကို ဆန့်ကျင်စေသည်။ ဘုရားသခင်ကို သင် စွန့်ပစ်မည့် အန္တရာယ်ပင် ရှိလေသည်။ ဤအရာအားလုံးသည် စာတန်ထံမှ လာပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အလုပ်” မှ

ယနေ့တွင် လူသားကို သဘာဝလွန်သည့် အမှုအရာများဖြင့် လှည့်ဖြားသည့် ဆိုးညစ်သော ဝိညာဉ်အချို့ ရှိပေသည်။ ယင်းမှာ သန့်ရှင်းသောဝိညာဉ်တော်က လက်ရှိ လုပ်ဆောင်ခြင်းမရှိသည့် အလုပ်မှတစ်ဆင့် လူကို လှည့်ဖြားဖို့ သူတို့အပိုင်းမှ တုပခြင်းသာ ဖြစ်သည်။ လူများစွာတို့သည် နိမိတ်လက္ခဏာများကို ဆောင်ရွက်ကြပြီး နာမကျန်းဖြစ်သူများကို အနာရောဂါပျောက်ကင်းစေကာ နတ်ဆိုးများကို နှင်ထုတ်ကြသည်။ မျက်မှောက်ခေတ်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသို့သောအလုပ်ကို မလုပ်ဆောင်တော့သည့်အတွက်၊ ဤအရာများသည် နတ်ဆိုးများ၏ လုပ်ဆောင်ချက်သာ ဖြစ်သည်၊ ပြီးလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ထိုအချိန်မှစ၍ လိုက်လံတုပကြသူများ အားလုံးသည် ဧကန်စင်စစ် ဆိုးညစ်သော ဝိညာဉ်များဖြစ်ကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်က ထိုသို့သော ပုံစံဖြင့် မလုပ်ဆောင်သော်လည်း ထိုအချိန်က ဣသရေလတွင် လုပ်ဆောင်သည့် အလုပ်အားလုံးမှာ သဘာဝလွန်သည့် သဘာဝတစ်ခု၏ လုပ်ဆောင်ချက်ဖြစ်ပြီး၊ ယခုတွင် ထိုသို့သော လုပ်ဆောင်ချက် တစ်ခုသည် စာတန်၏ တုပခြင်းနှင့် အယောင်ဆောင်ခြင်းဖြစ်ကာ သူ၏ နှောင့်ယှက်မှုဖြစ်သည်။ သို့ရာတွင်၊ သင့်အနေဖြင့် သဘာဝလွန်ဖြစ်ရပ် ဟူသမျှက ဆိုးညစ်သော ဝိညာဉ်များထံမှ လာသည်ဟု ပြော၍မရနိုင်ပေ- ဤကား ဘုရားသခင်၏အမှု၏ ခေတ်အပေါ်တွင် မူတည်ပေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” မှ

မျက်မှောက်ခေတ်အတွင်းတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြသနိုင်သကဲ့သို့၊ နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများကိုလည်း အနာငြိမ်းစေနိုင်ကာ နိမိတ်လက္ခဏာများစွာ ဆောင်ရွက်နိုင်သည့် လူတစ်ဦး ထွက်ပေါ်လာပါက၊ ဤလူက ၎င်းသည် ကြွလာပြီဖြစ်သော ယေရှုဖြစ်သည်ဟုဆိုလျှင်၊ ဤသည်မှာ ယေရှုကို အတုခိုးသည့် နတ်ဆိုးများက ဖြစ်ပေါ်စေသည့် အတုတစ်ယောက် ဖြစ်ပေမည်။ ဤအရာကို အမှတ်ရလော့။ ဘုရားသခင်သည် တူညီသော အမှုကို ထပ်မလုပ်ပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးစီးနှင့်ပြီးသားဖြစ်ပြီး၊ ဘုရားသခင်သည် အမှု၏ထိုအဆင့်ကို မည်သည့်အခါတွင်မျှ တစ်ဖန် ဆောင်ရွက်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုသည် လူသား၏ အယူအဆများနှင့် ညှိ၍မရနိုင်ပေ။ ဥပမာအားဖြင့် မေရှိယတစ်ဦး၏ ကြွလာခြင်းကို ဓမ္မဟောင်းကျမ်းက ကြိုတင်ဟောကိန်း ထုတ်ထားပြီး၊ ဤပရောဖက်ပြုချက်၏ အကျိုးဆက်မှာ ယေရှု၏ ကြွလာခြင်းဖြစ်ခဲ့သည်။ ဤအရာဖြစ်ပျက်နှင့်ပြီးဖြစ်လျက်၊ နောက်ထပ် မေရှိယတစ်ဦး ကြွလာရန်မှာ မှားယွင်းပေမည်။ ယေရှုသည် တစ်ကြိမ်ကြွလာနှင့်ပြီး ဖြစ်ကာ ဤအကြိမ်၌ ယေရှုနောက်တစ်ဖန် ကြွလာရန်မှာ မှားယွင်းပေမည်။ ခေတ်တိုင်းအတွက် နာမတစ်ခုရှိပြီး နာမ အသီးသီးသည် ထိုခေတ်၏ ဇာတ်ဆောင်စရိုက်ကို သရုပ်ဖော်ခြင်း ပါရှိလေသည်။ လူသား၏ အယူအဆများတွင်၊ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အမြဲပြသရမည်၊ မကျန်းမာသောသူများကို အမြဲ အနာငြိမ်းစေရမည်ဖြစ်ပြီး နတ်ဆိုးများကို အမြဲ နှင်ထုတ်ရမည်ဖြစ်ကာ၊ ယေရှုကဲ့သို့ အမြဲဖြစ်ရမည် ဖြစ်သည်။ သို့သော်လည်း ဤအကြိမ်တွင်၊ ဘုရားသခင်သည် ထိုသို့ လုံးဝမဟုတ်ပေ။ အကယ်၍ နောက်ဆုံးသော ကာလအတွင်းတွင် ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသနေဆဲဖြစ်ခဲ့ပါက၊ နတ်ဆိုးများကို ဆက်လက် မောင်းထုတ်နေဆဲဖြစ်ပြီး၊ မကျန်းမာသောသူများကို အနာငြိမ်းစေဆဲ ဖြစ်ခဲ့ပါက- သူသည် ယေရှုကဲ့သို့နည်းတူ အတိအကျ လုပ်ဆောင်ခဲ့မည်ဆိုပါက- ဘုရားသခင်သည် တူညီသော အလုပ်တစ်ခုကို ထပ်လုပ်နေခြင်း ဖြစ်မည်ဖြစ်သကဲ့သို့၊ ယေရှု ပြုခဲ့သော အမှုသည် မည်သည့်အရေးပါမှု သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် အမှု၏ အဆင့်တစ်ခုကို ဆောင်ရွက်လေသည်။ သူ့အမှု၏ အဆင့်အသီးသီး ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ မကြာမီ နတ်ဆိုးများက ယင်းကို လိုက်တုကြပြီး၊ စာတန်သည် ဘုရားသခင်နောက် ထပ်ကြပ်မကွာ စတင် လိုက်သည့်နောက်တွင်၊ ဘုရားသခင်သည် မတူကွဲပြားသော နည်းစနစ်တစ်ခုကို ပြောင်းလဲလေသည်။ ဘုရားသခင်သည် သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းကို နတ်ဆိုးများက လိုက်တုကြလေသည်။ ဤအရာနှင့်ပတ်သက်၍ သင်တို့ ရှင်းရှင်းလင်းလင်း ဖြစ်ရမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း” မှ

သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အထဲ၌ တစ်ချိန်လုံး အလုပ်လုပ်နေသည်ဟု အချို့သော လူများက ပြောကြသည်။ ဤသည်မှာ မဖြစ်နိုင်ပေ။ အကယ်၍ ၎င်းတို့က သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ အစဉ်အမြဲ ရှိနေသည်ဟု ပြောမည်ဆိုပါက၊ ယင်းသည် လက်တွေ့ကျပေလိမ့်မည်။ အကယ်၍ ၎င်းတို့က ၎င်းတို့၏ တွေးခေါ်ခြင်းနှင့် အသိစိတ်တို့သည် အချိန်တိုင်း ပုံမှန်ဖြစ်နေသည်ဟု ပြောမည်ဆိုပါက ယင်းသည်လည်း လက်တွေ့ကျနေမည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ ရှိနေကြောင်းကို ယင်းက ပြသပေလိမ့်မည်။ အကယ်၍ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့အတွင်း၌ အစဉ်အမြဲ အလုပ်လုပ်နေကာ၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်းကို တစ်ချိန်လုံး ခံစားနေရပြီး၊ အချိန်တိုင်းတွင် အသစ်သော အသိပညာရရှိသည်ဟု ပြောပါက၊ ဤသည်မှာ မည်သည့်နည်းနှင့်မျှ ပုံမှန်မဟုတ်ချေ။ ဤသည်မှာ လုံးလုံးလျားလျား သဘာဝလွန်အရာ ဖြစ်သည်။ ယင်းသို့သော လူများသည် နတ်ဆိုးများ ဖြစ်ကြသည်မှာ သံသယ စိုးစဉ်းမျှ ဖြစ်စရာမလိုချေ။ ဘုရားသခင်၏ဝိညာဉ်တော် လူ့ဇာတိထဲသို့ ကြွလာသောအခါတွင်ပင်၊ သူစားရမည့် အချိန်များနှင့် အနားယူရမည့် အချိန်များ ရှိပေသည်၊ လူသားများဆိုလျှင် ဆိုဖွယ်ရာ မရှိပြီ။ နတ်ဆိုးများ၏ စွဲကပ်ခြင်းခံရပြီးသူများသည် ဇာတိပကတိ၏အားနည်းချက် မရှိသည့်ပုံ ပေါက်လေသည်။ ၎င်းတို့သည် အရာခပ်သိမ်းကို စွန့်လွှတ်ရန်နှင့် စွန့်ပစ်ရန် တတ်စွမ်းနိုင်ပြီး၊ ၎င်းတို့သည် စိတ်ခံစားချက်များ ကင်းမဲ့ကြကာ ညှဉ်းဆဲခြင်းကို ကြံ့ကြံ့ခံခြင်းငှာ တတ်နိုင်စွမ်းရှိပြီးလျှင် စိုးစဉ်းမျှ မောပန်းနွမ်းနယ်ခြင်းကို မခံစားရဘဲရှိသည်မှာ ၎င်းတို့သည် ဇာတိပကတိကို လွန်မြောက် သွားသည့်အလားပင် ဖြစ်သည်။ ဤသည်မှာ အလွန်အမင်း သဘာဝလွန်သည် မဟုတ်သလော။ နတ်ဆိုးများ၏ အလုပ်သည် သဘာဝလွန် ဖြစ်၏၊ ထိုသို့သောအရာများကို မည်သည့်လူသားမျှ ရရှိအောင် မစွမ်းဆောင်နိုင်ချေ။ ထိုးထွင်းသိမြင်မှု ကင်းမဲ့သောသူများက ယင်းသို့သောလူများကို မြင်သည့်အခါ အားကျကြ၏- ထိုသူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ အလွန့်အလွန် အားမာန်ရှိပြီး ကြီးမားသော ယုံကြည်ခြင်းရှိကာ အားနည်းချက်၏လက္ခဏာ စိုးစဉ်းမျှကို မည်သည့်အခါမှ မပြကြဟု ၎င်းတို့က ပြောဆိုကြသည်။ စင်စစ်တွင်မူ ယင်းတို့သည် နတ်ဆိုးအလုပ်၏ သရုပ်သကန်များချည်းသာ ဖြစ်ကြ၏။ အဘယ်ကြောင့်ဆိုသော် သာမန်လူတို့တွင် မလွဲဧကန်ပင် လူသား၏ အားနည်းချက်များ ရှိကြသောကြောင့် ဖြစ်သည်၊ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် ရှိသောသူများ၏ ပုံမှန်အခြေအနေ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၄)” မှ

သင်၏ဝိညာဉ်ကို သင်ခံစားနိုင်သလော။ သင်၏ဝိညာဉ်ကို သင်တို့ထိနိုင်သလော။ သင်၏ဝိညာဉ်က မည်သည့်အရာ ပြုနေသည်ကို သင်အာရုံခံနိုင်သလော။ သင်မသိပေ၊ မဟုတ်သလော။ အကယ်၍ သင်သည် ယင်းကဲ့သို့သော အရာတစ်ခုကို ခံစားနိုင်ပါက၊ သို့မဟုတ် တို့ထိနိုင်ပါက ၎င်းမှာ သင့်အထဲမှ အခြားဝိညာဉ်က တစ်စုံတစ်ခုကို အတင်းအဓမ္မလုပ်နေခြင်းဖြစ်သည်၊ သင့်အား အမှုအရာများကို လုပ်ကိုင်ပြောဆိုစေခြင်းဖြစ်သည်။ ၎င်းမှာ သင်နှင့်မသက်ဆိုင်သော အရာတစ်စုံတစ်ခု ဖြစ်သည်၊ သင့်အထဲမှ ရှိရင်းစွဲအရာ မဟုတ်ပေ။ နတ်ဆိုးတစ်ကောင် ရှိသောသူများသည် ဤအရာကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ကြလိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ လူ့ဇာတိနှင့် ဝိညာဉ်တို့ကြား ဆက်နွယ်မှုကို နားလည်ရန် နည်းလမ်း” မှ

လူတို့သည် ဘုရားသခင်နှင့်သက်ဆိုင်သော သိနားလည်မှုအချို့ ရှိသောအခါ သူ့အတွက် လိုလိုလားလား ဆင်းရဲဒုက္ခခံနိုင်ကြပြီး၊ သူ့အဖို့ မိမိတို့၏ အသက်တာများကို ဆက်ကပ်နိုင်ကြသည်။ သို့သော်၊ စာတန်သည် ၎င်းတို့အတွင်းရှိ အားနည်းချက်များကို ထိန်းချုပ်နေဆဲဖြစ်ပြီး၊ သူတို့အား ဒုက္ခခံစားစေနိုင်ဆဲ ဖြစ်၏။ နတ်ဆိုးတို့သည် လူတို့ကို နှောင့်ယှက်ရင်းနှင့် ၎င်းတို့ကို စိတ်ဇဝေဇဝါ ဖြစ်စေ၍ အသိစိတ်ကင်းမဲ့သွားစေပြီး အနေရခက်စေပြီး ကဏ္ဍအားလုံးတွင် နှောင့်ယှက်မှုခံရရန် သူတို့အတွင်း၌ အလုပ်လုပ်နိုင်ဆဲဖြစ်၏။ လူတို့အတွင်း၌ စာတန်က ထိန်းချုပ်နိုင်ပြီး ကြိုးကိုင်ခြယ်လှယ်နိုင်သော စိတ် သို့မဟုတ် ဝိညာဉ်နှင့်ဆိုင်သည့် အရာများ ရှိနေသေး၏။ ဤသည်မှာ သင်သည် နာမကျန်းဖြစ်ပြီး သောကရောက်ရသည့် အကြောင်းရင်း ဖြစ်ပြီး၊ မိမိကိုယ်ကိုယ် သေကြောင်းကြံရန် သင့်အတွက် ဖြစ်နိုင်ကာ ရံဖန်ရံခါ လောကကြီးသည် တိတ်ဆိတ်ခြောက်ကပ်သည် သို့မဟုတ် ဘဝက အဓိပ္ပာယ်ကင်းမဲ့သည်ဟု သင် ခံစားရလေသည်။ တစ်နည်းအားဖြင့်ဆိုသော်၊ ဤလူသား ဆင်းရဲဒုက္ခများသည် စာတန်၏ ထိန်းချုပ်မှုအောက်၌ ရှိနေသေး၏၊ ၎င်းတို့သည် လူသား၏ သေနိုင်လောက်သော အားနည်းချက်များထဲမှ တစ်ခုအဖြစ် ပါဝင်သည်။ စာတန်သည် သူဖျက်ဆီး၍ နင်းခြေခဲ့ပြီးသော ထိုအရာများကို အသုံးပြုနိုင်ဆဲဖြစ်၏၊ ယင်းတို့မှာ လူသားမျိုးနွယ်ကိုဆန့်ကျင်၍ စာတန်အသုံးပြုနိုင်သော လက်နက်များပင်ဖြစ်၏။...နတ်ဆိုးများသည် သူတို့၏အလုပ်ကို လုပ်ကိုင်နိုင်ရန် အခွင့်အရေးတိုင်းကို တွယ်ကပ်ကြ၏။ ၎င်းတို့သည် အတွင်းမှ သင့်ကို စကားပြောနိုင်ကြ၏၊ သို့မဟုတ် သင်၏နားထဲသို့ တီးတိုးပြောနိုင်ကြသည်၊ သို့မဟုတ်ပါက ၎င်းတို့သည် သင်၏အတွေးများနှင့် စိတ်ကို ကစဉ့်ကလျား ဖြစ်စေနိုင်သည်။ ထို့ပြင် သင် မခံစားနိုင်ဖို့အလို့ငှာ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏တို့ထိမှုကို ဖုံးဖိထားနိုင်သည်။ ထို့နောက် သူတို့သည် သင့်ကို ဂနာမငြိမ် ဖြစ်စေပြီး စိတ်ထိခိုက်ခြင်းတို့ ဖြစ်စေလျက်၊ သင်၏အတွေးအခေါ်ကို ရှုပ်ထွေးစေခြင်း၊ သင်၏ဦးနှောက်ကို ကြောင်တောင်တောင် ဖြစ်စေခြင်းတို့အားဖြင့် သင့်အား စတင်နှောင့်ယှက်လေသည်။ ယင်းမှာ လူတို့အပေါ် နတ်ဆိုးများပြုသော အလုပ်ပင်ဖြစ်၏။ ထိုအရာကို ၎င်းတို့ မသိမြင်နိုင်ပါက၊ ၎င်းတို့ကိုယ်တိုင် ကြီးမားသောအန္တရာယ်ထဲ ရောက်စေလိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လောကီ ဆင်းရဲဒုက္ခကို ဘုရားသခင် မြည်းစမ်းခြင်း၏ အရေးပါမှု” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

နတ်ဆိုးများ၏ အလုပ်နှင့်ဆိုင်သည့် အသိသာဆုံး သွင်ပြင်လက္ခဏာမှာ သဘာဝလွန်ဖြစ်ခြင်း၊ နတ်ဆိုးများပြောသော စကားလုံးများ၊ သို့မဟုတ် လူများကိုလုပ်ရန်စေခိုင်းသော အရာများသည် ပုံမှန်မဟုတ်၊ ယုတ္တိမရှိသည့်အပြင် သာမန်လူ့သဘာဝနှင့် လူသားဆက်ဆံရေး၏ အခြေခံ ကိုယ်ကျင့်တရားများကိုပင် အယုံအကြည်မဲ့စေခြင်းဖြစ်သည်၊ ထို့ပြင် ၎င်းတို့သည် လူများကို လှည့်ဖြားခြင်း၊ နှောင့်ယှက်ခြင်းနှင့် ဖျက်ဆီးခြင်းမှလွဲ၍ အခြားမည်သည့်အရာကိုမျှ ပြုရန်ရည်ရွယ်ချက် မရှိခြင်းဖြစ်သည်။ နတ်ဆိုးများ လူတို့ကို ပိုင်ဆိုင်သည့်အခါ အချို့သည် အလွန်ကြောက်ရွံ့ကြသည်၊ အချို့မှာ ပုံမှန်မဟုတ်ဘဲ ဖြစ်လာသည်၊ အခြားသူများမှာမူ မိန်းမောတွေဝေကြပြီး၊ အခြားသောသူများမှာ ၎င်းတို့ကို အလွန်စိုးရိမ်ကြောင့်ကြနေပြီး ငြိမ်ငြိမ်ထိုင်၍မရဖြစ်သည်ကို တွေ့ကြရသည်။ မည်သည့်နှုန်းဖြင့်မဆို နတ်ဆိုးများသည် လူများကို ပိုင်ဆိုင်သည့်အခါ ၎င်းတို့ပြောင်းလဲသွားသည်၊ လူသားလည်းမဟုတ် မကောင်းဆိုးဝါးလည်း မဟုတ်သော အနေအထား ဖြစ်လာပြီး ၎င်းတို့၏ သာမန်လူ့သဘာဝ ပျောက်ဆုံးသွားသည်။ ဤသည်မှာ နတ်ဆိုးများ၏ အနှစ်သာရသည် ဆိုးယုတ်ပြီး အကျည်းတန်ကြောင်း၊ ယင်းသည် စာတန်၏ အနှစ်သာရ အတိအကျပင်ဖြစ်ကြောင်း သက်သေပြရန် လုံလောက်သည်။ နတ်ဆိုးများသည် လူများကို ၎င်းတို့အား စက်ဆုပ်ရွံ့ရှာစေပြီး အထင်အမြင်သေးစေသည်၊ ထို့အပြင် လူများအတွက် မည်သည့်အကျိုးကျေးဇူး၊ သို့မဟုတ် မည်သည့်အကူအညီမျှ လုံးဝမရှိပါ။ စာတန်နှင့် နတ်ဆိုးအမျိုးအစားအားလုံးတို့ လုပ်နိုင်စွမ်းရှိသည့် တစ်ခုတည်းသောအရာမှာ လူများကို ဖျက်ဆီးခြင်း၊ ထိခိုက်နစ်နာစေခြင်းနှင့် မျိုချခြင်းပင် ဖြစ်သည်။

နတ်ဆိုးများ၏အလုပ် ရှိထားသောသူများ၏ (မကောင်းဆိုးဝါးများ ပူးသောသူများ) အဓိက သရုပ်သကန်များမှာ-

ပထမတစ်မျိုးမှာ နတ်ဆိုးများသည် လူများကို ဤအရာ ထိုအရာများ လုပ်ရန်ပြောခြင်း၊ သို့မဟုတ် တစ်စုံတစ်ယောက်ကို တစ်စုံတစ်ခုပြောခြင်း၊ သို့မဟုတ် မမှန်ကန်သော ပရောဖက်ပြုချက်များကိုပြောရန် လူများကို ညွှန်ကြားခြင်းတို့ ဖြစ်သည်။

ဒုတိယတစ်မျိုးမှာ လူများသည် ဆုတောင်းရာတွင် မည်သူမျှ နားမလည်သော၊ ပြောသောသူများ ကိုယ်တိုင်ပင်လျှင် နားမလည်သော “အခြားသော ဘာသာစကားများ” ပြောဆိုခြင်းဖြစ်သည်။ ထိုသို့ပြောဆိုသောသူအချို့သည် ၎င်းတို့ကိုယ်တိုင် “အခြားသော ဘာသာစကားများကို ဘာသာပင်ပြန်” နိုင်ကြသည်။

တတိယတစ်မျိုးမှာ ဤအခိုက်အတန့်တွင် ဤလမ်းကို နတ်ဆိုးများ၏ လမ်းညွှန်မှုကို ခံနေရပြီး၊ နောက်အခိုက်အတန့်တွင် ထိုလမ်း၏ လမ်းညွှန်မှုကို ခံရကာ အတောမသတ်သည့် စိုးရိမ်ပူပန်မှုပုံစံဖြင့် ကြီးမားသည့် ဗျာဒိတ်တော်များကို မကြာခဏ၊ ကြိမ်ဖန်များစွာ ရရှိသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

စတုတ္ထတစ်မျိုးမှာ နတ်ဆိုးများ၏အလုပ် ရှိထားသောသူများသည် ဤအရာ၊ သို့မဟုတ် ထိုအရာကို အရေးတကြီး လုပ်လိုကြခြင်း၊ စောင့်စားရန် နည်းနည်းမျှ စိတ်မရှည်ဖြစ်ကြခြင်းဖြစ်သည်၊ ၎င်းတို့သည် အခြေအနေက ခွင့်ပြုမပြုကို မစဉ်းစားကြပေ၊ ညသန်းခေါင်တွင်ပင် အပြင်သို့ ထွက်ပြေးကြပြီး ၎င်းတို့၏ အပြုအမူသည် အထူးသဖြင့် ပုံမှန်မဟုတ်ကြပေ။

ပဉ္စမတစ်မျိုးမှာ နတ်ဆိုးများ၏အလုပ် ရှိထားသောလူများသည် လွန်ကဲစွာ မာနထောင်လွှားကြသည်၊ ၎င်းတို့သည် ဆင်ခြင်တုံတရားမဲ့ကြပြီး ၎င်းတို့ပြောသမျှသည် အထက်စီးဆန်ကာ အမိန့်ပေးသည့် အနေအထားမှ လာကြသည်။ ၎င်းတို့သည် လူများကို ဆုံးရှုံးစေသည်၊ မကောင်းဆိုးဝါးများကဲ့သို့ လူများကို အတင်းအကြပ် စေခိုင်းတတ်သည်။

ဆဌမတစ်မျိုးမှာ နတ်ဆိုးများ၏အလုပ် ရှိထားသောသူများသည် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့၍ မရနိုင်ကြပေ၊ ဘုရားသခင်၏ အမှုကို အာရုံထားရန်မှာ ပို၍ပင် မတတ်နိုင်ကြချေ။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး ထင်ရာစိုင်း ပြုမူကြသည်၊ အသင်းတော်၏ ပုံမှန်စနစ်ကျနမှုကို ဖျက်ဆီးရန် ရမ်းကားမှုအမျိုးအစားအားလုံးကို ကျူးလွန်သောသူများ ဖြစ်ကြသည်။

သတ္တမတစ်မျိုးမှာ နတ်ဆိုးများ၏အလုပ် ရှိထားသောသူတစ်ဦးသည် သူ့ကိုယ်သူ အကြောင်းမရှိဘဲ အခြားသူတစ်ယောက်အဖြစ် ဟန်ဆောင်သည်၊ သို့မဟုတ် သူ့ကို တစ်စုံတစ်ယောက်က စေလွှတ်သည်ဟု ပြောဆိုတတ်ပြီး သူ့ကို နားထောင်ရမည်ဟု လူတို့အားဆိုသည့် လူစားမျိုးဖြစ်သည်။ မည်သည့်နေရာက သူလာသည်ကို မည်သူကမျှ မဖော်ထုတ်နိုင်။

အဌမတစ်မျိုးမှာ နတ်ဆိုးများ၏အလုပ် ရှိထားသောသူများသည် အများအားဖြင့် သာမန်အသိစိတ် မရှိ၊ သို့မဟုတ် မည်သည့်သမ္မာတရားကိုမျှ ၎င်းတို့နားမလည်ကြချေ။ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ခံယူရန် မည်သည့်အရည်အသွေးကိုမျှ ပိုင်ဆိုင်ခြင်းမရှိဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းကိုလည်း မရရှိသည့်အပြင်၊ လူအများမြင်သည်မှာ ထိုလူများသည် အမှုအရာများကို လက်ခံရာတွင် ထူးခြားစွာ အဓိပ္ပာယ်မဲ့ပြီး အနိမ့်ဆုံး မှန်ကန်မှုမျှပင် မရှိသောသူများဖြစ်သည်။

နဝမတစ်မျိုးမှာ နတ်ဆိုးများ၏အလုပ် ရှိထားသောသူများအနေဖြင့် အလုပ်လုပ်နေစဉ် အခြားသူများကို တရားဟောရန် အထူးသဖြင့် အာရုံစိုက်ကြသည်၊ ၎င်းတို့သည် လွန်ကဲစွာ အစဉ်အမြဲ ပြုမူတတ်ပြီး ပျက်စီးခြင်းနှင့် နှောင့်ယှက်ခြင်းများကို အစဉ်အမြဲ ဖြစ်စေသော လူများဖြစ်သည်။ ၎င်းတို့လုပ်သမျှ၊ ပြောသမျှသည် အခြားသူများကို တိုက်ခိုက်ခြင်း၊ ချည်နှောင်ခြင်းနှင့် ဖျက်ဆီးခြင်းတို့ဖြစ်ပြီး ၎င်းတို့သည် လူများအနေဖြင့် မိမိတို့ကိုယ်မိမိ ပြန်လည်မတင်ခြင်းငှာ မတတ်နိုင်တော့စေရန် လူတို့၏ဆုံးဖြတ်ချက်ကို ချိုးဖျက်ပြီး အပျက်သဘောဆောင်စေသည့်အထိ ပြုတတ်ကြသည်။ ၎င်းတို့သည် မကောင်းဆိုးဝါးများသက်သက်သာ ဖြစ်ကြသည်၊ အခြားသူများကို ထိခိုက်စေသည်၊ အခြားသူများကို ကစားပြီး ဝါးမျိုကြသည်၊ ထို့အပြင် ၎င်းတို့သည် ၎င်းတို့၏ ပုံစံကိုရလျှင် တိတ်တဆိတ် ပျော်ရွှင်ကြသည်။ ဤသည်မှာ နတ်ဆိုးများ၏ အလုပ်နှင့်ဆိုင်သော ပင်မရည်ရွယ်ချက် ဖြစ်သည်။

ဒဿမတစ်မျိုးမှာ နတ်ဆိုးများ၏အလုပ် ရှိထားသောသူများသည် လုံးဝ ပုံမှန်မဟုတ်သော အသက်တာဖြင့် နေထိုင်ကြသည်။ ၎င်းတို့၏ မျက်လုံးသည် လူသတ်လိုသော အရိပ်အရောင်များ စိမ့်ထွက်နေပြီး ၎င်းတို့ပြောသော စကားများသည်လည်း မကောင်းဆိုးဝါးတစ်ကောင် ကမ္ဘာမြေပေါ် ဆင်းသက်လာသကဲ့သို့ အလွန်အမင်း ထိတ်လန့်စက်ဆုပ်ဖွယ်ဖြစ်သည်။ ဤသို့သော လူပုဂ္ဂိုလ်၏ ဘဝထဲတွင် ငြိမ်ဝပ်ခြင်းမရှိ၊ ၎င်းတို့သည် အလွန်မတည်မငြိမ်ဖြစ်ကာ လေ့ကျင့်သင်ကြားပေးထားခြင်း မရှိသေးသော တောရိုင်းတိရစ္ဆာန်တစ်ကောင်ကဲ့သို့ ခန့်မှန်းရခက်ခဲသည်။ ၎င်းတို့သည် အခြားသူများကို အလွန်အမင်းရွံ့ရှာပြီး မုန်းတီးသည်။ ဤသည်မှာ မကောင်းဆိုးဝါများ၏ ချည်နှောင်ခြင်းကို ခံထားရသောသူ၏ ပုံစံအတိအကျ ဖြစ်သည်။

အထက်ပါဆယ်မျိုးမှာ နတ်ဆိုးများ၏ အလုပ်နှင့်ဆိုင်သော အဓိကဖော်ပြချက်များဖြစ်သည်။ ဤဖော်ပြချက်ဆယ်မျိုးထဲမှ တစ်ခုခုကို ဖော်ပြသည့် ပုဂ္ဂိုလ်တစ်စုံတစ်ဦးထံ၌ နတ်ဆိုးများ၏အလုပ် သေချာပေါက် ရှိသည်။ တိတိကျကျဆိုရလျှင်၊ အထက်ဖော်ပြပါ နတ်ဆိုးများ၏ အလုပ်ဖော်ပြချက်များ ရှိသောသူအားလုံးသည် ၎င်းတို့၌ မည်သည့်အမျိုးအစား ရှိသည်ဖြစ်စေ နတ်ဆိုးများ၏ အလုပ်ရှိသောလူများ ဖြစ်သည်။ နတ်ဆိုးများ၏ အလုပ်ရှိသော လူပုဂ္ဂိုလ်တစ်ဦးသည် သန့်ရှင်းသောဝိညာဉ်တော် အမှုပြုလျက်ရှိပြီး သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့နိုင်သော လူများကို မုန်းတီးကာ ထိုသူများနှင့် ဝေးဝေးနေလေ့ရှိသည်။ မကြာခဏပင် တစ်ဦးတစ်ယောက်သည် ပိုကောင်းလေ၊ သူသည် ထိုသူများကို ပိုမို၍ တိုက်ခိုက်၊ ရှုတ်ချလိုလေ ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ပို၍ မိုက်မဲလေ၊ သူသည် မျက်နှာလိုမျက်နှာရလုပ်ကာ မြှောက်ပင့်ရန် ကြိုးပမ်းလေဖြစ်ပြီး အထူးသဖြင့် ၎င်းတို့နှင့် အဆက်အသွယ်ရလိုကြသည်။ နတ်ဆိုးများ အလုပ်လုပ်သောအခါ၊ ၎င်းတို့အနေဖြင့် အပြုသဘောဆောင်သောအရာသည် အပျက်သဘောဆောင်ပြီး၊ အပျက်သဘောဆောင်သောအရာသည် အပြုသဘောဆောင်သည်ဟု ပြောကြကာ၊ သမ္မာတရားကို အစဉ်အမြဲ မမှန်ကန်မှုဖြင့် ရှုပ်ထွေးစေသည်။ ဤသည်မှာ နတ်ဆိုးများ၏ လုပ်ရပ်များ ဧကန်အမှန်ပင် ဖြစ်သည်။

အလုပ်အစီအစဉ်များ မှ

နတ်ဆိုးများ၏ အလုပ်က သဘာဝလွန်ဖြစ်သည့်အချိန်တွင် လူအများစုက ယင်းတို့ကို ခွဲခြားနိုင်ကြပြီး သဘာဝလွန် မဖြစ်သည့်အချိန်တွင် ထိုသို့ခွဲခြားရန် ရုန်းကန်ကြရသည်။ ဤအရာက လူတို့အနေဖြင့် မိမိတို့ကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်ထားဖို့နှင့် နတ်ဆိုးများမှ ပေါက်ဖွားသည့် အတွေးမှားများ အမြောက်အမြားကို ခွဲခြားဖို့ သမ္မာတရားကို အသုံးပြုရန် လိုအပ်ပေသည်။ ထို့နောက်တွင် နတ်ဆိုးများ၏ အလုပ်ဆိုင်ရာ စစ်မှန်သော မျက်နှာကို ခွဲခြားဖို့ လွယ်ကူပေသည်။ စင်စစ်အားဖြင့် အတွေးမှားများနှင့် မိစ္ဆာအယူဝါဒများအားလုံးသည် နတ်ဆိုးများထံမှ ပေါ်ပေါက်လာပြီး စာတန်၏ မာရ်နတ်ဘုရင်မင်းများအားလုံးမှာ နတ်ဆိုးတို့၏ ဝင်စားထားခြင်းများ ဖြစ်၏။ သို့သော် ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များသည် သဘာလွန်ဖြစ်ကြသလော။ လုံးဝ မဖြစ်ပေ။ အပြင်ပန်းအားဖြင့်၊ လူအချို့သည် အလွန်စဉ်းစားချင့်ချိန်နိုင်ပုံပင် ရကြသည်- ယင်းမှာ စာတန်အား အလွန်ကောက်ကျစ်စေသည့်အရာ အတိအကျ ဖြစ်သည်။ ထို့ကြောင့်၊ မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားရွေးထုတ်ခြင်းအတွက် အခြေခံအကျဆုံးသော နိယာမမှာ အယူအဆဆိုင်ရာ ဆိုလိုရင်းများအားလုံးကို တိုင်းတာဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အသုံးပြုခြင်း ဖြစ်သည်။ သမ္မာတရားနှင့် မကိုက်ညီသော အရာအားလုံးသည် မိစ္ဆာအယူနှင့် အတွေးမှားဖြစ်ပြီး၊ အားလုံးသည် နတ်ဆိုးများထံမှ ပေါ်ပေါက်လာ၏။ လူတို့ကို လှည့်စားပြီး ဘုရားသခင်၏အမှုကို ဝင်ရောက်စွက်ဖက်သူအားလုံးသည် နတ်ဆိုးများ ဖြစ်ကြပြီး၊ စစ်မှန်သော ဘုရားသခင်ကို သက်သေမခံသောသူ၊ စစ်မှန်သော ဘုရားသခင်ကို မချီးမြှောက်သောသူ၊ စစ်မှန်သော ဘုရားသခင်ကို မကိုးကွယ်သောသူ၊ စစ်မှန်သော ဘုရားသခင်ကို မနာခံဘဲ ထိုအစား ၎င်းတို့သည် ဘုရားသခင်ဖြစ်သည်ဟု သက်သေခံသောသူ၊ သို့မဟုတ် ဘုရားသခင်အဖြစ်သို့ ရောက်ချင်သောသူများအားလုံး- ၎င်းတို့ဆောင်ရွက်သည့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများသည် မည်မျှကြီးမားသည်ဖြစ်စေ၊ ၎င်းတို့သည် နတ်ဆိုးများသာဖြစ်ကြ၏။ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများအား ဆောင်ရွက်ခြင်းသည် စစ်မှန်သောတန်ခိုး မဟုတ်သည်ကို ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသော လူများက သိနားလည်သင့်ကြ၏။ သမ္မာတရားကို ဖော်ပြနိုင်ခြင်းနှင့် လူတို့ကို စုံလင်စေကာ အားလုံးကို ပြီးမြောက်စေဖို့ နှုတ်ကပတ်တော်များကို အသုံးပြုခြင်းသည်သာ စစ်မှန်သောတန်ခိုး ဖြစ်သည်။ ထို့ကြောင့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကို အစွဲအလမ်းကြီးပြီး ဝိညာဉ်များ၏ သဘာဝလွန်အလုပ်ကို လိုက်စားသောသူအားလုံးသည် အဓိပ္ပာယ်မရှိကြသကဲ့သို့ သမ္မာတရားကို မပိုင်ဆိုင်ကြချေ။ သမ္မာတရားကို လက်မခံနိုင်သကဲ့သို့ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကို ဆောင်ရွက်နိုင်ပြီး ၎င်းတို့၏အလုပ်က သဘာဝလွန်ဖြစ်သော နတ်ဆိုးများကို အစဉ်သဖြင့် လက်ခံကြသူအားလုံး- ဤလူများသည် နတ်ဆိုးများသာ ဖြစ်ကြသည်။ စိတ်နှလုံးများ၌ အတွေးမှားနှင့် မိစ္ဆာအယူမျိုးစုံဖြင့် ပြည့်လျှံနေသူအားလုံး- ၎င်းတို့သည် နတ်ဆိုးများသာ ဖြစ်ကြ၏။ အတွေးမှားနှင့် မိစ္ဆာအယူမျိုးစုံကို အစဉ်သဖြင့် လက်ခံယုံကြည်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူအားလုံး- ၎င်းတို့သည် နတ်ဆိုးများသာ ဖြစ်ကြ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် စင်ကြယ်သော သိနားလည်မှုကို အစဉ်ထာဝရ ရရှိနိုင်စွမ်းမရှိသူ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အစဉ်ထာဝရ မှားယွင်းစွာ အနက်ပြန်ပြီး အတွေးမှားများကို ထောက်ခံသောသူအားလုံး- ၎င်းတို့သည် မလွဲမသွေ နတ်ဆိုးများသာ ဖြစ်ကြ၏။ ထို့အပြင် အထူးသဖြင့် အဓိပ္ပာယ်မဲ့ပြီး ရယ်ဖွယ်ကောင်းသူများအားလုံးမှာ နတ်ဆိုးများ ဖြစ်ကြ၏။ ဤသည်မှာ အကြွင်းမဲ့ ဖြစ်သည်။ အမှန်တွင်၊ အယောက်တိုင်း၌ အတိတ်တစ်ခု ရှိကြ၏၊ ၎င်းတို့အားလုံးသည် ၎င်းတို့အတွင်းတွင် ၎င်းတို့ပြောသည့်အရာနှင့် လုပ်သည့်အရာတို့ကို ညွှန်ကြားသည့် စိတ်ဝိညာဉ်တစ်ခု ရှိကြ၏- ဤသည်မှာ သေချာပေါက်ဖြစ်သည်။ စာတန်၏ ဝိညာဉ်သည် ရှေးဟောင်းမြွေထဲတွင် ရှိခဲ့ပြီး၊ အဆင်းနီသော နဂါးကြီးထဲတွင်လည်း ရှိသည်။ ထို့အပြင် နတ်ဆိုးများသည် ဘုရားသခင်ကို ဆန့်ကျင်သည့် မာရ်နတ်ဘုရင်မင်းများအားလုံးအတွင်းတွင် ရှိကြ၏။ ၎င်းတို့ကို ဘုရားသခင်၏နှုတ်ကပတ်တော် သမ္မာတရားနှင့် နှိုင်းယှဉ်ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ စရိုက်မှန်များ ဖော်ထုတ်ခံရ၏။ အချို့လူတို့၏ သိနားလည်မှုသည် အမှုအရာများအပေါ် ၎င်းတို့၏ ရှုထောင့်များကဲ့သို့ အထူးသဖြင့် အဓိပ္ပာယ်မရှိပေ။ ၎င်းတို့၏ စိတ်ဝိညာဉ်များသည် ပြဿနာမရှိဟု သင် အခိုင်အမာ ဆိုနိုင်သလော။ အချို့သော လူတို့သည် အမျိုးမျိုးသော မိစ္ဆာအယူများနှင့် အတွေးမှားများကို အထူးသဖြင့် နှစ်ခြိုက်ကြပြီး သမ္မာတရားကို လက်မခံကြချေ။ ၎င်းတို့၏ စိတ်ဝိညာဉ်များသည် ပြဿနာမရှိဟု သင် အခိုင်အမာ ဆိုနိုင်သလော။ အချို့သော လူတို့သည် သဘာဝလွန်အရာများကို လိုက်စားခြင်းအား အထူးသဖြင့် အစွဲအလမ်းကြီးပြီး နှစ်သက်ကြသည်။ နတ်ဆိုးတို့၏ သဘာဝလွန် အလုပ်သည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုဖြစ်ကြောင်း ၎င်းတို့ အစဉ်သဖြင့် အခိုင်အမာဆိုကြပြီး လှည့်စားခံရပြီးသည့်နောက်တွင် ၎င်းတို့သည် နောက်ပြန်၍ပင် မလှည့်ကြပေ။ ၎င်းတို့၏ စိတ်ဝိညာဉ်များသည် ပြဿနာမရှိဟု သင် အခိုင်အမာ ဆိုနိုင်သလော။ လူအချို့သည် မှန်သောလမ်းခရီးကို အနှစ်အချို့ကြာ လက်ခံကြပြီးဖြစ်ကာ တရားဒေသနာများနှင့် မိတ်သဟာယများစွာကို နာယူခဲ့ရပြီး ကျမ်းဟောင်းတရားများနှင့် အယူဝါဒများစွာကို အသေးစိတ်ပြန်ပြောပြနိုင်စွမ်းရှိကြသော်လည်း၊ သမ္မာတရား၏ အနှစ်သာရကို ၎င်းတို့ နားလည်နိုင်စွမ်း မရှိကြသကဲ့သို့၊ ၎င်းတို့၏ အသက်စိတ်သဘောထားတွင် ပြောင်းလဲမှု အနည်းငယ်မျှ မရှိချေ။ ၎င်းတို့၏ စိတ်ဝိညာဉ်များသည် ပြဿနာမရှိဟု သင် ပြောနိုင်သလော။ အမှန်တွင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသို့သော လူတို့၌ ကင်းမဲ့ပြီး၊ ၎င်းတို့၌ သမ္မာတရားကို သိနားလည်ခြင်းနှင့် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်းနှင့်ဆိုင်သော နည်းလမ်းတစ်ခုတလေ မရှိကြချေ။ ဤအရာနှင့် သက်ဆိုင်၍ သေချာပေ၏။ သို့ဆိုလျှင် နတ်ဆိုးများ၏ အလုပ်အမျိုးမျိုးကို မည်သို့သာ ခွဲခြား၍ရနိုင်သနည်း။ အဓိကအရေးကြီးသည်မှာ လူတို့၏ အနှစ်သာရကို ခွဲခြားခြင်းဖြစ်သည်။ အကြောင်းမှာ ၎င်းတို့၏ အနှစ်သာရကို သင်ခွဲခြားနိုင်သည့်အချိန်တွင်သာ ယင်းတို့က မည်သည့်ဝိညာဉ်မျိုး၏ အလုပ်ဖြစ်သည်ကို သင်ပြောနိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် အထူးသဖြင့် ဆိုးယုတ်ပါက၊ ကောက်ကျစ်ပြီး အငြိုးထားတတ်ပါက၊ ၎င်းတို့၌ လူသားဝိညာဉ်တစ်ခု မလွဲမသွေ ကင်းမဲ့ကြ၏။ ၎င်းတို့၌ ဝိညာဉ်တစ်ခု ရှိသည်ဆိုပါလျှင် ယင်းသည် ဆိုးယုတ်သော ဝိညာဉ်တစ်ခု ဖြစ်၏။ လူတို့သည် အတွေးမှားမျိုးစုံကို တစ်သမတ်တည်း လက်ခံပြီး ထောက်ခံပါက၊ ၎င်းတို့အတွင်းတွင် အဓိပ္ပာယ်မရှိသကဲ့သို့ ဆိုးယုတ်သည့် ဝိညာဉ်အချို့ မလွဲမသွေ ရှိပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပိုင်ဆိုင်သောသူတို့၏ သိနားလည်မှုသည် အတော်ဖြူစင်သည်၊ ၎င်းတို့၏ လူ့သဘာဝသည် အတော်အစွန်းအထင်းမရှိသကဲ့သို့ ရိုးသား၏။ ထို့ကြောင့် ၎င်းတို့မိတ်သဟာယပြုသည့် အသိပညာသည် အတော်ဖြူစင်ပြီး လူတို့အဖို့ အကျိုးရှိပေသည်။ ထိုသို့သော လူတို့သာလျှင် ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသူများဖြစ်ပြီး ဘုရားသခင် ရွေးချယ်ခြင်းခံရသူများ၏ ချစ်ခင်ရသူများဖြစ်ကာ လူတို့ ပါဝင်ပတ်သက်ရန် လိုလားခြင်းရှိပြီး စိတ်နှလုံးတစ်လုံးတစ်ဝတည်း ဖြစ်နိုင်စွမ်းရှိသူများ ဖြစ်သည်။ အကယ်၍ လူတို့သည် အထူးသဖြင့် လှည့်ဖြားတတ်ပါက၊ ကောက်ကျစ်ပြီး အငြိုးထားတတ်ပါက၊ ဘုရားသခင်သည် ဆိုးယုတ်သောသူတို့ကို မကယ်တင်သည့်အတွက်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လုံးဝ မပိုင်ဆိုင်ကြပေ။ ဘုရားသခင်၏ ခွဲခန့်မှတ်သားခြင်းခံရပြီး ရွေးချယ်ခြင်းခံရသူများသည် သမ္မာတရားကို ချစ်ကာ လိုက်စားသော လူများ ဖြစ်သည်။ ၎င်းတို့အနေဖြင့် အစေခံသူများ ဖြစ်ကြလျှင်ပင်၊ ၎င်းတို့သည် သေချာပေါက် အတော်ကောင်းမွန်သော လူ့သဘာဝ ပိုင်ဆိုင်ကြပေသည်။ အတော်ကောင်းမွန်သော လူ့သဘာဝရှိသည့် လူတို့သာ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာရှိကြပြီး တာဝန်သိတတ်ကာ အခြားသူများနှင့် ၎င်းတို့၏ အပြန်အလှန် ဆက်ဆံမှုများတွင် ယုတ္တိတန်ကြလေသည်။ အသင်းတော်များတွင်၊ သမ္မာတရားကို ချစ်သောသူများ အတူစုဝေးသည့်အခါတွင်သာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် အသင်းတော်၏ စစ်မှန်သော အသက်ရှိ၏။ လူတို့၏ စကားများနှင့် မိတ်သဟာယဖွဲ့မှုများက အထူးသဖြင့် အဓိပ္ပာယ်မဲ့ပါက၊ တရားဒေသနာများနှင့် မိတ်သဟာယဖွဲ့မှုများမည်မျှကို ၎င်းတို့ နာယူသည်ဖြစ်စေ ၎င်းတို့၌ စင်ကြယ်သော သိနားလည်မှု ကင်းမဲ့ပြီး မည်သည့်တိုးတက်မှု လက္ခဏာမျှ မပြသကဲ့သို့ ၎င်းတို့၏ လူ့သဘာဝသည် အထူးသဖြင့် ယုတ်ညံ့ပါက၊ အထူးသဖြင့် ဆိုးရွားပြီး ၎င်းတို့သည် လုံးဝမပြောင်းလဲကြသေးသကဲ့သို့၊ အခြားသူများ၏ ရွံ့မုန်းမှုနှင့် စက်ဆုပ်မှုကို ခံရကြပါက၊ ၎င်းတို့သည် သန်ရှင်းသော ဝိညာဉ်တော်၏ ဖယ်ရှားသုတ်သင်ခြင်းခံရမည်မှာ သေချာပေသည်။ ထိုသို့သော လူများနှင့် အသက်ရှင်ခြင်းနှင့် အပြန်အလှန်ဆက်ဆံခြင်းတွင် အကျိုးမရှိပေ။ ၎င်းတို့သည် သင့်အပေါ် မကောင်းသည့် သက်ရောက်မှုသာ ရှိလိမ့်မည်ဖြစ်ပြီး သင့်ကို နှောင့်ယှက်ကြလိမ့်မည်။ သမ္မာတရားကို မချစ်သောသူအားလုံး၏ လူ့သဘာဝသည် အတော်လှည့်ဖြားတတ်သည်၊ အငြိုးထားတတ်သည်၊ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့သည်ဟု ပြော၍ရနိုင်ပေသည်။ ၎င်းတို့သည် ကောင်းချီးခံစားရဖို့အလို့ငှာသာ ဘုရားသခင်ကို ယုံကြည်ကြပြီး ဘုရားသခင်၏ အလိုကို အလေးဂရုပြုဖို့နှင့် သူ၏ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့၊ ပြီးလျှင် ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ မည်သည့်အခါတွင်မျှ မသိဖူးကြပေ။ ၎င်းတို့၌ အသိတရား၊ သို့မဟုတ် ဆင်ခြင်တုံတရား တစ်ခုတလေမျှ မရှိပေ။ ထိုသို့သော လူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိဖို့ ဖြစ်နိုင်ဖွယ်မရှိ။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ကင်းမဲ့သောသူအားလုံးထဲတွင် အများစုသည် နတ်ဆိုးတို့အလုပ်၏ စွက်ဖက်ခြင်းအား ခံစားရသည်ကို ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသည့် လူများအဖို့ ရှင်းလင်းနေသင့်ပေသည်။ အချိန်ကြာမြင့်စွာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိလေပြီးသော လူတို့သည် အလွန်အန္တရာယ်ရှိကြပြီး သတိထားသင့်ပေသည်။ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်ခြင်းခံကြရပါက၊ နတ်ဆိုးမျိုးစုံတို့သည် ၎င်းတို့ထဲသို့ ဝင်ရောက်ဖို့ အခွင့်အရေးကို ယူကြ၏၊ ထိုအချိန်တွင် ဤလူတို့၏ အခြေအနေများသည် ၎င်းတို့၏ လမ်းဟောင်းများထဲသို့ ၎င်းတို့ လဲကျသွားကြသည့်အတိုင်းအတာထိ ယခင်ထက် သာ၍ ကြောက်မက်ဖွယ်ဖြစ်လာပြီး၊ ယခင်ထက် မယုံကြည်သူများနှင့် သာ၍ မကွဲမပြား ဖြစ်လာကြသည်။ ဤသည်မှာ နတ်ဆိုး စာတန်က မိမိကိုယ်ကို ပြသခြင်းဖြစ်သည်။ မတူကွဲပြားသော လူအမျိုးအစားများကို ခွဲခြားနိုင်ခြင်းသည် အဆုံးစွန် အရေးကြီးကြောင်း သိသာထင်ရှားပေ၏။ လူတို့ကို သင် ခွဲခြားနိုင်သည့်အခါမှသာ၊ ဝိညာဉ်များကို သင် ခွဲခြားနိုင်သည်။ လူတို့ကို သင် မခွဲခြားနိုင်ပါက၊ နတ်ဆိုးများ၏ အလုပ်အမျိုးမျိုးကို သင် ဧကန်မုချ ခွဲခြားနိုင်လိမ့်မည်မဟုတ်ပေ။

အလုပ်အစီအစဉ်များ မှ

အရှေ့သို့- သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဆောင်ချက်ကို မည်သို့ ရရှိနိုင်ပါသနည်း။

နောက်တစ်ခုသို့- သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နှင့် ဝိညာဉ်ဆိုးများ၏ အလုပ်တို့ကြား အဓိက ကွဲပြားခြားနားချက်များမှာ အဘယ်နည်း။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ အမှုတော် အဆင့်သစ်တိုင်းသည် ဘာသာရေးလောက၏ ပြင်းထန်သည့် ဆန့်ကျင်မှုနှင့် ပြစ်တင်ရှုတ်ချခြင်းကို ရင်ဆိုင်ရသည့်အကြောင်းအရင်းနှင့် ဤအရာ၏ အရင်းအမြစ်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘာသာရေး လောက၌ ရှိသူများသည် ဘုရားသခင်၌ ယုံကြည်သူများ မဟုတ်ဘဲ၊ မတရားသဖြင့်ပြုသောသူများ၊ နတ်ဆိုးနှင့်...

ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် သူ၏တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ရန် လူသားကို အသုံးမပြုဘဲ၊ လူ့ဇာတိခံယူပြီး ကိုယ်တော်တိုင် လုပ်ဆောင်ရသည့်အကြောင်းအရင်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- တရားစီရင်ခြင်းအမှုသည် ဘုရားသခင်ကိုယ်တိုင်၏အမှု ဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင်ကိုယ်တော်တိုင်...

ဘုရားသခင်၏အမှုတော်နှင့် လူသား၏ အလုပ်တို့အကြား ပဓာနကျသည့် ကွဲပြားခြားနားမှုများ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင် ကိုယ်တိုင်၏ အမှုတွင် လူသားမျိုးနွယ် အားလုံး၏အလုပ် ပါဝင်ပြီး ယင်းသည် ခေတ်တစ်ခုလုံး၏...

နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်ဖော်ပြသော သမ္မာတရားများသည် ထာဝရအသက်လမ်းခရီး ဖြစ်သည်

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်