၆) မကောင်းဆိုးဝါးများ အပူးခံရခြင်း ဆိုသည်မှာ အဘယ်နည်း။ မကောင်းဆိုးဝါးများ အပူးခံရခြင်း၏ သရုပ်သကန်မှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

မျက်မှောက်ခေတ်အတွင်းတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြသနိုင်သကဲ့သို့၊ နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများကိုလည်း အနာငြိမ်းစေနိုင်ကာ နိမိတ်လက္ခဏာများစွာ ဆောင်ရွက်နိုင်သည့် လူတစ်ဦး ထွက်ပေါ်လာပါက၊ ဤလူက ၎င်းသည် ကြွလာပြီဖြစ်သော ယေရှုဖြစ်သည်ဟုဆိုလျှင်၊ ဤသည်မှာ ယေရှုကို အတုခိုးသည့် နတ်ဆိုးများက ဖြစ်ပေါ်စေသည့် အတုတစ်ယောက် ဖြစ်ပေမည်။ ဤအရာကို အမှတ်ရလော့။ ဘုရားသခင်သည် တူညီသော အမှုကို ထပ်မလုပ်ပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးစီးနှင့်ပြီးသားဖြစ်ပြီး၊ ဘုရားသခင်သည် အမှု၏ထိုအဆင့်ကို မည်သည့်အခါတွင်မျှ တစ်ဖန် ဆောင်ရွက်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုသည် လူသား၏ အယူအဆများနှင့် ညှိ၍မရနိုင်ပေ။ ဥပမာအားဖြင့် မေရှိယတစ်ဦး၏ ကြွလာခြင်းကို ဓမ္မဟောင်းကျမ်းက ကြိုတင်ဟောကိန်း ထုတ်ထားပြီး၊ ဤပရောဖက်ပြုချက်၏ အကျိုးဆက်မှာ ယေရှု၏ ကြွလာခြင်းဖြစ်ခဲ့သည်။ ဤအရာဖြစ်ပျက်နှင့်ပြီးဖြစ်လျက်၊ နောက်ထပ် မေရှိယတစ်ဦး ကြွလာရန်မှာ မှားယွင်းပေမည်။ ယေရှုသည် တစ်ကြိမ်ကြွလာနှင့်ပြီး ဖြစ်ကာ ဤအကြိမ်၌ ယေရှုနောက်တစ်ဖန် ကြွလာရန်မှာ မှားယွင်းပေမည်။ ခေတ်တိုင်းအတွက် နာမတစ်ခုရှိပြီး နာမ အသီးသီးသည် ထိုခေတ်၏ ဇာတ်ဆောင်စရိုက်ကို သရုပ်ဖော်ခြင်း ပါရှိလေသည်။ လူသား၏ အယူအဆများတွင်၊ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အမြဲပြသရမည်၊ မကျန်းမာသောသူများကို အမြဲ အနာငြိမ်းစေရမည်ဖြစ်ပြီး နတ်ဆိုးများကို အမြဲ နှင်ထုတ်ရမည်ဖြစ်ကာ၊ ယေရှုကဲ့သို့ အမြဲဖြစ်ရမည် ဖြစ်သည်။ သို့သော်လည်း ဤအကြိမ်တွင်၊ ဘုရားသခင်သည် ထိုသို့ လုံးဝမဟုတ်ပေ။ အကယ်၍ နောက်ဆုံးသော ကာလအတွင်းတွင် ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသနေဆဲဖြစ်ခဲ့ပါက၊ နတ်ဆိုးများကို ဆက်လက် မောင်းထုတ်နေဆဲဖြစ်ပြီး၊ မကျန်းမာသောသူများကို အနာငြိမ်းစေဆဲ ဖြစ်ခဲ့ပါက- သူသည် ယေရှုကဲ့သို့နည်းတူ အတိအကျ လုပ်ဆောင်ခဲ့မည်ဆိုပါက- ဘုရားသခင်သည် တူညီသော အလုပ်တစ်ခုကို ထပ်လုပ်နေခြင်း ဖြစ်မည်ဖြစ်သကဲ့သို့၊ ယေရှု ပြုခဲ့သော အမှုသည် မည်သည့်အရေးပါမှု သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် အမှု၏ အဆင့်တစ်ခုကို ဆောင်ရွက်လေသည်။ သူ့အမှု၏ အဆင့်အသီးသီး ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ မကြာမီ နတ်ဆိုးများက ယင်းကို လိုက်တုကြပြီး၊ စာတန်သည် ဘုရားသခင်နောက် ထပ်ကြပ်မကွာ စတင် လိုက်သည့်နောက်တွင်၊ ဘုရားသခင်သည် မတူကွဲပြားသော နည်းစနစ်တစ်ခုကို ပြောင်းလဲလေသည်။ ဘုရားသခင်သည် သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းကို နတ်ဆိုးများက လိုက်တုကြလေသည်။ ဤအရာနှင့်ပတ်သက်၍ သင်တို့ ရှင်းရှင်းလင်းလင်း ဖြစ်ရမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း” မှ

ဆိုးညစ်သော ဝိညာဉ်များ၏ ဝင်ပူးခြင်းကို ခံရပြီး “ငါသည် ဘုရားဖြစ်သည်” ဟု အာပေါင်အာရင်းသန်သန် ကြွေးကြော်ကြသူ အချို့ ရှိ၏။ သို့ရာတွင် သူတို့သည် မိမိတို့ကိုယ်စားပြုသည့်အရာတွင် မှားယွင်းကြသည့်အတွက် အဆုံး၌ ထုတ်ဖော်ခြင်းကို ခံကြရသည်။ သူတို့သည် စာတန်ကို ကိုယ်စားပြုပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့ကို အရေးမထားပေ။ သင်သည် မိမိကိုယ်ကိုယ်မည်မျှပင် မြင့်မားစွာ ချီးမြှောက်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှပင် ပြင်းပြင်းထန်ထန် ဟစ်ကြွေးသည်ဖြစ်စေ၊ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်နေဆဲဖြစ်ပြီး၊ စာတန်နှင့် သက်ဆိုင်သောသူ ဖြစ်သည်။ “ငါသည် ဘုရားသခင်ဖြစ်သည်၊ ငါသည် ဘုရားသခင်၏ ချစ်တော်မူသော သားတော်ဖြစ်သည်” ဟု ဘယ်သောအခါမျှ ငါမဟစ်ကြွေးပေ။ သို့သော် ငါပြုသည့်အမှုသည် ဘုရားသခင်၏ အမှုဖြစ်၏။ ငါဟစ်အော်ဖို့ လိုသလော။ ချီးမြှောက်ခြင်း မလိုအပ်ပေ။ ဘုရားသခင်သည် သူ၏အလုပ်ကို သူကိုယ်တိုင်လုပ်ပြီး၊ လူသားက သူ့ကို အဆင့်အတန်းတစ်ခု နှင်းအပ်ပေးရန်၊ သို့မဟုတ် ချီးမြှောက်သည့် ဂုဏ်ပုဒ်တစ်ခုပေးရန် မလိုအပ်ပေ။ သူ၏ အမှုက သူ၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းကို ကိုယ်စားပြုပေသည်။ ဗတ္တိဇံမခံမီတွင် ယေရှုသည် ဘုရားသခင်ကိုယ်တော်တိုင် မဟုတ်ခဲ့လေသလော။ သူသည် လူ့ဇာတိခံယူထားသည့် ဘုရားသခင် မဟုတ်ခဲ့လေသလော။ သူသည် သက်သေကို ရရှိပြီးနောက်မှသာ ဘုရားသခင်၏ တစ်ပါးတည်းသောသားတော် ဖြစ်လာခဲ့သည်ဟု ပြော၍မရနိုင်သည်ကား ဧကန်မုချ ဖြစ်၏။ သူသည် မိမိ၏အမှုကို မစတင်မီ အချိန်ကြာမြင့်စွာကတည်းက၊ ယေရှုဟု အမည်တွင်သည့် လူတစ်ဦး ရှိခဲ့သည် မဟုတ်လော။ သင်သည် အသစ်သော လမ်းကြောင်းများကို မဆောင်ကြဉ်းနိုင် သို့မဟုတ် ဝိညာဉ်တော်ကို ကိုယ်စားမပြုနိုင်ပေ။ သင်သည် ဝိညာဉ်တော်၏ အလုပ် သို့မဟုတ် သူပြောသည့် နှုတ်ကပတ်တော်များကို သင်မဖော်ပြနိုင်။ ဘုရားသခင် ကိုယ်တော်တိုင်၏အမှုကို သင် မလုပ်ဆောင်နိုင်သကဲ့သို့ ဝိညာဉ်တော်၏ အလုပ်ကို သင်မလုပ်နိုင်ပေ။ ဘုရားသခင်၏ ဉာဏ်ပညာ၊ အံ့ဖွယ်ရာနှင့် ဉာဏ်မမီနိုင်မှုများ၊ ပြီးလျှင် လူသားကို ဘုရားသခင် ပြစ်တင်ဆုံးမသည့် စိတ်သဘောထား အလုံးစုံ- ဤအရာအားလုံးသည် သင်၏ ဖော်ပြနိုင်စွမ်းကို ကျော်လွန်သည်။ သို့ဖြစ်ရာ ဘုရားသခင်ဖြစ်သည်ဟု အခိုင်အမာဆိုရန် ကြိုးစားခြင်းသည် အချည်းနှီး ဖြစ်လိမ့်မည်၊ သင်သည် နာမည်သာရှိပြီး မည်သည့် အနှစ်သာရမျှ ရှိလိမ့်မည်မဟုတ်။ ဘုရားသခင် ကိုယ်တော်တိုင် လာပြီးဖြစ်သော်လည်း၊ မည်သူမျှ သူ့ကိုမမှတ်မိပေ၊ သို့သော် သူသည် သူ၏အလုပ်ကို ဆက်လက်လုပ်ဆောင်ပြီး၊ ဝိညာဉ်တော်ကို ကိုယ်စားပြုခြင်းကိုလည်း ဆက်လက် လုပ်ဆောင်သည်။ သင့်အနေဖြင့် သူ့ကို လူသားဟုခေါ်သည်ဖြစ်စေ ဘုရားသခင်ဟု ခေါ်သည်ဖြစ်စေ၊ သခင်ဟုခေါ်သည်ဖြစ်စေ ခရစ်တော်ဟု ခေါ်သည်ဖြစ်စေ၊ သို့မဟုတ် သူ့ကို အစ်မဟု ခေါ်သည်ဖြစ်စေ၊ အရေးမကြီးပေ။ သို့သော်လည်း သူပြုသည့်အမှုမှာ ဝိညာဉ်တော်၏ အလုပ်ဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ကို ကိုယ်စားပြုသည်။ လူသားက သူ့ကို ခေါ်ဆိုသည့် အမည်နာမကို သူဂရုမစိုက်ပေ။ ထိုအမည်နာမသည် သူ၏အလုပ်ကို အဆုံးအဖြတ်ပေးနိုင်သလော။ သင်သူ့ကို မည်သို့ခေါ်သည်ဖြစ်စေ၊ ဘုရားသခင်နှင့် ပတ်သက်သရွေ့ သူသည် ဘုရားသခင်၏ဝိညာဉ်တော်၏ လူ့ဇာတိခံ ကိုယ်ခန္ဓာ ဖြစ်သည်။ သူသည် ဝိညာဉ်တော်ကို ကိုယ်စားပြုပြီး ဝိညာဉ်တော်၏ထောက်ခံမှုကို ရသည်။ အကယ်၍ သင်သည် ခေတ်သစ်တစ်ခုအတွက် လမ်းခရီး မဖန်တီးနိုင်ပါက၊ ခေတ်ဟောင်းကို အဆုံးမသတ်နိုင်ပါက၊ ခေတ်သစ်ကို မဖွင့်လှစ်ပေးနိုင်ပါက၊ အသစ်သော အလုပ်ကို မလုပ်ဆောင်နိုင်ပါက၊ သင့်ကို ဘုရားသခင်ဟု ခေါ်၍မရပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” မှ

မည်သည့် ပြဿနာမျှ မပေါ်ပေါက်ချိန်တွင် အတော်အတန် ပုံမှန်ဖြစ်ကာ၊ အတော်အတန် ပုံမှန်အားဖြင့် စကားပြောဆိုပြီး ဆွေးနွေးသည့်၊ ပုံမှန်ဟု ထင်ရပြီး၊ ဆိုးရွားသောအရာ တစ်စုံတစ်ခုမျှ မလုပ်ဆောင်သည့် လူအချို့ ရှိသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဝတ်ပြုစည်းဝေးပွဲတွင် ဖတ်ရှုသည့်အခါ၊ သမ္မာတရားကို မိတ်သဟာယပြုသည့်အခါ၊ ၎င်းတို့သည် ရုတ်ခြည်း ထူးထူးကဲကဲ စတင် ပြုမူလာသည်။ အချို့သည် နားထောင်ဖို့ သည်းမခံနိုင်ပေ၊ အချို့သည် ငိုက်မျဉ်းလာပြီး အချို့က ၎င်းတို့သည် စိတ်ညစ်ပြီး နောက်ထပ် နားထောင်ဖို့ ဆန္ဒမရှိဟု ပြောလျက်၊ ပျို့အန်ချင်သလိုဖြစ်ကြသည်။ ၎င်းတို့သည် နားလည်သဘောပေါက်မှု လုံးလုံးမရှိပေ၊ ဤနေရာတွင် မည်သည့်အရာ အမှန်တကယ် ဖြစ်ပျက်နေသနည်း။ ၎င်းတို့သည် နတ်ဆိုးစွဲခံရပြီးဖြစ်သည်။ ၎င်းတို့ နတ်ဆိုးစွဲခံပြီးသည့်အချိန်တွင်၊ “ယင်းကို ကျွန်ုပ် မကြားလိုပါ။” ဟု ၎င်းတို့က အဘယ့်ကြောင့် ဆက်ပြောနေကြသနည်း။ တစ်ခါတစ်ရံတွင် လူများသည် ဤနေရာတွင် မည်သည့်အရာ ဖြစ်နေသည်ကို နားမလည်နိုင်ကြဘဲ၊ နတ်ဆိုးအတွက်မူ ယင်းမှာ သိသာရှင်းလင်းလှပေသည်။ ဤသည်မှာ အန္တိခရစ်များအတွင်းရှိ ဝိညာဉ်ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားအပေါ် အဘယ်ကြောင့် အလွန်ရန်လိုသည်ကို သင်က ၎င်းတို့အား မေးပြီး ၎င်းတို့က ရန်မလိုပါဟု ပြောသည်၊ ပြီးလျှင် ၎င်းတို့သည် ဤအရာကို အသိအမှတ်ပြုဖို့ စွဲစွဲမြဲမြဲ ငြင်းဆန်ကြသည်။ သို့ရာတွင် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် သမ္မာတရားအား မချစ်သည်ကို ၎င်းတို့ သိကြပေသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို မဖတ်သည့်အခါ၊ ၎င်းတို့သည် အခြားသူများနှင့် ထိတွေ့ဆက်ဆံလျှင် ပုံမှန်ဖြစ်ပုံရသည်။ ၎င်းတို့အတွင်း၌ မည်သည့်အရာရှိသည်ကို သင်သိမည် မဟုတ်ပေ။ ၎င်းတို့က ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကြိုးစားပြီး ဖတ်ရှုသည့်အခါ၊ “ယင်းကို ကျွန်ုပ် မကြားလိုပါ။” ဆိုသည့် စကားများ ထွက်လာသည်။ ၎င်းတို့၏ သဘာဝသည် ဖော်ထုတ်ခြင်းခံရပြီးဖြစ်ကာ၊ ဤသည်မှာ ၎င်းတို့ဖြစ်သည့်အရာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ၎င်းတို့အား ဆွပေးလိုက်သလော၊ သို့မဟုတ် ၎င်းတို့အား ထုတ်ဖော်လိုက်သလော သို့မဟုတ် ၎င်းတို့၏ အရှိုက်ကို ထိုးနှက်လိုက်သလော။ အထက်မှ အရာထဲမှ တစ်ခုမျှ မဟုတ်ပေ။ ဖြစ်လိုက်သည့်အရာမှာ လူတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုနေသည့်အခါတွင်၊ ၎င်းတို့က ယင်းကို ၎င်းတို့ မကြားလိုဟု ပြောကြသည်။ ၎င်းတို့သည် မဆိုးညစ်သလော။ (ဆိုးညစ်ပါသည်။) ဆိုးညစ်သည်ဆိုသည်မှာ အဘယ်ကို ဆိုလိုသနည်း။ ယင်းမှာ သိသာမြင်သာသော အကြောင်းပြချက် လုံးဝမရှိဘဲ၊ အကြောင်းအရင်းကိုပင် မသိဘဲ တစ်စုံတစ်ခုအပေါ်နှင့် အပြုသဘောဆောင်သည့် အမှုအရာများအပေါ် အလွန်ရန်လိုခြင်းကို ဆိုလိုသည်။ ၎င်းတို့က “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် ကြားသည်နှင့် တစ်ပြိုင်နက်၊ ထိုစကားများ ထွက်ပေါ်လာသည်။ ဘုရားသခင်ကို သက်သေခံချက်ကို ကျွန်ုပ် ကြားလျှင်ကြားချင်း၊ ကျွန်ုပ်သည် မနှစ်သက်ခြင်းကို ခံစားရပြီး၊ အဘယ်ကြောင့်ဟူသည်ကိုပင် ကျွန်ုပ် မသိပေ။ သမ္မာတရားကို ရှာဖွေသည့်သူ သို့မဟုတ် သမ္မာတရားကို ချစ်သည့်သူ တစ်စုံတစ်ယောက်ကို ကျွန်ုပ် တွေ့သည့်အခါ၊ ၎င်းတို့အား ကျွန်ုပ် စိန်ခေါ်လိုသည်၊ ၎င်းတို့အား ကျွန်ုပ် အမြဲ ဆူလိုသည်၊ ၎င်းတို့၏ နောက်ကွယ်တွင် ၎င်းတို့ကို ထိခိုက်စေမည့် အရာတစ်ခု လုပ်ဆောင်လိုသည်၊ ကျွန်ုပ်သည် ၎င်းတို့ကို သတ်ဖြတ်လိုသည်။” ဟု အမှန်တကယ် ပြောလိုကြသည်။ ဤသည်ကို ပြောခြင်းအားဖြင့် ၎င်းတို့သည် ဆိုးညစ်ကြသည်။ အမှန်တွင် ကနဦးအစကတည်းက အန္တိခရစ်များသည် ပုံမှန်လူတစ်ယောက်၏ ဝိညာဉ် မည်သည့်အခါမျှ မရှိဖူးသကဲ့သို့၊ သာမန်လူ့သဘာဝလည်း မည်သည့်အခါမျှ မရှိဖူးပေ၊ ဤသည်မှာ အမှန်တကယ် ဖြစ်ပျက်နေသည့်အရာဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၅)” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

နတ်ဆိုးများ ဝင်ပူးခံရသော လူတို့သည် ဝိညာဉ်ဆိုးများ၏ ကျူးကျော်ဝင်ရောက်ခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံထားရသူများ ဖြစ်သည်။ အဓိကသရုပ်သကန်မှာ စိတ်ပိုင်းဆိုင်ရာ ကစဉ့်ကလျားဖြစ်ခြင်း၊ သို့မဟုတ် တစ်ခါတစ်ရံ မကျန်းမာသောစိတ်ရှိခြင်း၊ ပုံမှန်အသိစိတ် လုံးဝဆုံးရှုံးခြင်း ဖြစ်သည်။ ဘုရားသခင်ကို ၎င်းတို့ယုံကြည်ကြသော်လည်း သမ္မာတရားကို လက်မခံနိုင်ကြသလို ဖျက်လိုဖျက်ဆီးလုပ်သော အခန်းကဏ္ဍ၌သာ ပါဝင်ကြသည်။ ဤသည်မှာ ဘုရားသခင်ကို ၎င်းတို့ယုံကြည်သော်လည်း ကယ်တင်မခံရနိုင်ဘဲ နှင်ထုတ်ခြင်းခံရမည့် အကြောင်းရင်းဖြစ်သည်။ ဝိညာဉ်ဆိုးများ ဝင်ပူးခြင်းခံရသော လူအများစုသည် စာတန်၏ လက်ပါးစေများအဖြစ် ပြုမူကြပြီး ဘုရားသခင်၏အမှုတော်ကို နှောင့်ယှက်ကြလေသည်။ အဓိကသရုပ်သကန်ဆယ်ခုမှာ အောက်ပါအတိုင်းဖြစ်သည်-

၁။ ဘုရားသခင်၊ သို့မဟုတ် ခရစ်တော်အဖြစ် ဟန်ဆောင်သောသူအားလုံးသည် ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားရသူများဖြစ်သည်။

၂။ ကောင်းကင်တမန်တို့၏ ဝိညာဉ်များကို ပိုင်ဆိုင်သည်ဟု ဟန်ဆောင်ကြသောသူအားလုံးသည် ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားရသူများဖြစ်သည်။

၃။ အခြားသော လူ့ဇာတိခံ ဘုရားသခင်အဖြစ် ဟန်ဆောင်သောသူအားလုံးသည် ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားရသူများဖြစ်သည်။

၄။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ ၎င်းတို့၏ ကိုယ်ပိုင်ဖြစ်သည်ဟု ပြောသောသူများ၊ သို့မဟုတ် အခြားသူများအား ၎င်းတို့၏စကားများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအဖြစ် သဘောထားစေသောသူအားလုံးသည် ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားရသူများဖြစ်သည်။

၅။ အခြားသူများက ၎င်းတို့နောက်လိုက်ပြီး ၎င်းတို့ကို နာခံကြစေဖို့အတွက် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသကဲ့သို့ ဟန်ဆောင်သောသူအားလုံးသည် ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားရသူများဖြစ်သည်။

၆။ အခြားသော ဘာသာစကားဖြင့် မကြာခဏ ပြောဆိုပြီး အခြားသော ဘာသာစကားများကို အနက်ပြန်ကြသူများနှင့် သဘာဝလွန် ရူပါရုံမျိုးစုံကို မြင်နိုင်သောသူများ၊ သို့မဟုတ် အခြားသူများ၏ အပြစ်များကို မကြာခဏ ထောက်ပြကြသောသူအားလုံးသည် ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားရသူများဖြစ်သည်။

၇။ ဝိညာဉ်များ၏ သဘာဝလွန်အသံများကို မကြာခဏ ကြားရသူများ၊ သို့မဟုတ် သရဲတစ္ဆေများကို မကြာခဏ မြင်ရသူများနှင့် သိသာထင်ရှားစွာပင် ခေါင်းသိပ်မမှန်သောသူများအားလုံးသည် ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားကြရပြီးဖြစ်သည်။

၈။ ပုံမှန်လူသား တွေးခေါ်မြော်မြင်မှုကို ဆုံးရှုံးသွားကြသူများ၊ စိတ်မနှံ့သော အသုံးအနှုန်းများဖြင့် မကြာခဏ စကားပြောကြသူများ၊ မိမိကိုယ်ကို မကြာခဏ စကားပြောကြသူများ၊ အဓိပ္ပာယ်မရှိသော စကားများကို ပြောကြသူများ၊ သို့မဟုတ် ဘုရားသခင်က ၎င်းတို့ကို သွန်သင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့ကို တို့ထိသည်ဟု မကြာခဏ ပြောကြသောသူအားလုံးသည်လည်း ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားကြရပြီး ဖြစ်သည်။

၉။ တစ်ခါတစ်ခါ မူမမှန်သော အပြုအမူရှိကြသူများ၊ မိုက်မိုက်မဲမဲ ပြုမူကြသူများနှင့် တစ်ခါတစ်ရံ ရူးသွပ်ကြသူများ၊ ထို့အပြင် အခြားသူများနှင့် ပုံမှန်စကားစမြည် မပြောနိုင်သောသူများအားလုံးသည် ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားကြရသောသူများ ဖြစ်ပေသည်။ လိင်တူဆက်ဆံသူများအဖြစ် အမျိုးအစား သတ်မှတ်ခံထားရသူများအားလုံးသည် နတ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားရသည့် လူအမျိုးအစားများဖြစ်ကြပြီး နှင်ထုတ်ခံကြရမည့်သူများကြားတွင် ရှိကြသည်။

၁၀။ အချို့သော လူတို့သည် များသောအားဖြင့် အတော်အတန် ပုံမှန်ဖြစ်ကြသော်လည်း လအနည်းငယ်တစ်လျှောက်တွင်၊ သို့မဟုတ် တစ်နှစ်နှစ်နှစ်အတောအတွင်းတွင် နှိုးဆွခြင်းကို ခံရနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှု ဖြစ်ပေါ်နိုင်ပေသည်။ စိတ်ဖောက်ပြန်ချိန်တွင် ၎င်းတို့သည် နတ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားရသော လူတို့နှင့် အတူတူပင်ဖြစ်လေသည်။ ဤလူတို့သည် တစ်ခါတစ်ရံတွင် ပုံမှန်ဖြစ်တတ်ကြသော်ငြား ၎င်းတို့ကိုလည်း ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားရသော သူများအဖြစ် အမျိုးအစား သတ်မှတ်ထားသည်။ (အကယ်၍ တစ်စုံတစ်ဦးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုရှိခဲ့သော်လည်း ထိုအရာပြီးနောက် နှစ်ပေါင်းများစွာ ကောင်းမွန်နေခဲ့လျှင်၊ ၎င်းတို့သည် ၎င်းတို့၏ယုံကြည်မှု၌ သမ္မာတရားကို နားလည်ပြီး လက်ခံနိုင်ကာ ပြောင်းလဲမှုအချို့ကို ကြုံထားရလျှင် ၎င်းတို့သည် ဝိညာဉ်များဆိုး၏ ဝင်ပူးခြင်းကို ခံထားရသူများအဖြစ် အမျိုးအစားသတ်မှတ်ခံရလိမ့်မည် မဟုတ်ပါ)။

နတ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံရသောလူတစ်ဦးသည် စာတန်၏ လုံးဝနေရာယူပြီး ထိန်းချုပ်ခြင်းကို ခံရ၍ စာတန်နှင့် သက်ဆိုင်ပြီး ကျိန်ခြင်းခံရလေသည်။

အလုပ်အစီအစဉ်များ မှ

အရှေ့သို့- သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နှင့် ဝိညာဉ်ဆိုးများ၏ အလုပ်တို့ကြား အဓိက ကွဲပြားခြားနားချက်များမှာ အဘယ်နည်း။

နောက်တစ်ခုသို့- ၎င်းတို့ထဲတွင် ဝိညာဉ်ဆိုးများ၏ အလုပ် ရှိကြသူများ သို့မဟုတ် မကောင်းဆိုးဝါးများ အပူးခံရသူများကို ဘုရားသခင် အဘယ်ကြောင့် မကယ်တင်သနည်း။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နာမတော်အသစ်ကို လက်မခံခြင်း ပြဿနာ၏ သဘောသဘာဝ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- လူသည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ သူသည် ဘုရားသခင်၏ ခြေလှမ်းများကို နီးကပ်စွာ တစ်လှမ်းပြီး...

ဘုရားသခင်သည် စကြဝဠာ လောကတစ်ခုလုံးကို အုပ်စိုးပြီး စီမံခန့်ခွဲသည့်နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- စကြဝဠာနှင့် အာကာသ၏ ကျယ်ပြောမှုထဲတွင်၊ မရေမတွက်နိုင်သော သတ္တဝါများ နေထိုင်ပြီး မျိုးပွားကြသည်၊...

လူ့ဇာတိခံဘုရားသခင်၏ အမှုတော်နှင့် ဝိညာဉ်တော်၏ အမှုတော်တို့ကြားရှိ ကွဲပြားခြားနားမှုများ

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ပြီးလျှင် သူက၊ ကိုယ်တော်ကို အကျွန်ုပ် အသနားခံပါ၏၊ ကိုယ်တော်၏ ဘုန်းအသရေကို ကျွန်ုပ်အား ပြတော်မူပါဟု ဆို၏။...

နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်ကို လက်မခံခြင်း၏ အကျိုးဆက်များနှင့် ရလဒ်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး၊ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်