အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှဂန္တဝင်နှုတ်ကပတ်တော်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၁။ သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းနှင့် ပတ်သက်သည့် ဂန္တဝင် နှုတ်ကပတ်တော်များ

(၅) သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို နားလည်ခြင်းနှင့် နတ်ဆိုးများ၏ အလုပ်ကို ပိုင်းခြားသိမြင်ခြင်းတို့နှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ

၄၅။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်၊ အသုံးပြုခြင်းခံရသော လူတို့၏အလုပ်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း၌ရှိသော သူအားလုံးအပေါ်ရှိ အလုပ်ဟူ၍ သုံးပိုင်းခွဲခြားနိုင်ပါသည်။ ဤသုံးခုအတွင်းတွင် ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်သည် ခေတ်တစ်ခုလုံးကို ဦးဆောင်ရန်ဖြစ်သည်။ အသုံးပြုခြင်းခံရသော လူသားတို့အလုပ်သည် ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်ပြီးနောက် တာဝန်ပေး စေခိုင်းချက်များကို ပို့ဆောင်ခြင်း သို့မဟုတ် လက်ခံခြင်းအားဖြင့် ဘုရားသခင်၏ နောက်လိုက်အားလုံးကို ဦးဆောင်ရန်ဖြစ်ပြီး ဤသူတို့သည် ဘုရားသခင်၏အလုပ်နှင့် ပူးပေါင်းဆောင်ရွက်ကြသူများ ဖြစ်ကြသည်။ ဤရေစီးကြောင်းထဲတွင်ရှိသော သူတို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော်ပြုသော အလုပ်မှာ သူ၏ ကိုယ်ပိုင်အလုပ်အားလုံးကို ထိန်းသိမ်းရန်ဖြစ်သည်။ ဆိုလိုသည်မှာ သူ၏ သက်သေခံချက်ကို ထိန်းသိမ်းရန်နှင့် စီမံခန့်ခွဲမှု အလုံးစုံကို ထိန်းသိမ်းရန်ဖြစ်ပြီး တစ်ဖက်တွင် တစ်ချိန်တည်း၌ စုံလင်အောင် ပြုနိုင်သောသူများကို စုံလင်စေခြင်းဖြစ်သည်။ ဤသုံးပိုင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ ပြည့်စုံသော အလုပ်ဖြစ်သော်လည်း ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်မရှိပါက စီမံခန့်ခွဲမှုအလုံးစုံသည် ရပ်တန့်နေလိမ့်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

၄၆။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲမှ အလုပ်သည် ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်ဖြစ်စေ၊ အသုံးပြုခံရသော လူသားများ၏အလုပ်ဖြစ်စေ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင်၏ အနှစ်သာရသည် သန့်ရှင်း သော ဝိညာဉ်တော် သို့မဟုတ် ခုနှစ်ဆပြင်းထန်သော ဝိညာဉ်တော်ဟု ခေါ်ဆိုနိုင်သော ဝိညာဉ်တော်ဖြစ်သည်။ အားလုံးခြုံကြည့်လျှင် ယင်းတို့သည် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည်။ ယင်းတို့မှာ ဘုရားသခင်၏ ဝိညာဉ်တော်ကို မတူညီသော ခေတ်ကာလများအတွင်း မတူညီသည့် ခေါ်ဆိုမှုများသာဖြစ်သည်။ သို့ရာတွင် သူတို့၏ အနှစ်သာရသည် တစ်ခုတည်းသာဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ အလုပ်သည်လည်း သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်နေသောအလုပ်ထက် လျော့နည်းခြင်းမရှိပေ။ အသုံးပြုခြင်း ခံရသော လူသားတို့၏ အလုပ်သည်လည်း သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ပင်ဖြစ်သည်။ ဘုရားသခင်၏ အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပြီးပြည့်စုံသော ဖော်ပြချက်သာဖြစ်ပြီး ကွဲပြားခြားနားမှု မရှိပေ။ တစ်ဖက်တွင် အသုံးပြုခြင်းခံရသော လူသားတို့၏အလုပ်သည် လူ့အမှုအရာများစွာနှင့် ရောနှောနေပြီး ပြီးပြည့်စုံသော ဖော်ပြချက်ကို မဆိုထားနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက်ပင် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

၄၇။ သန့်ရှင်းသော ဝိညာဉ်တော်သည် မတူညီသော နည်းလမ်းများစွာနှင့် နိယာမများစွာအရ အလုပ်လုပ်သော်လည်း၊ အလုပ်ကို မည်သို့လုပ်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်လူအမျိုးအစားတို့အပေါ်တွင် လုပ်ဆောင်သည်ဖြစ်စေ အနှစ်သာရသည် အမြဲတမ်းကွဲပြားနေသည်၊ ပြီးလျှင် မတူညီသော လူများအပေါ်တွင် သူပြုသော အလုပ်အားလုံးသည် နိယာမများရှိပြီး အားလုံးသည် အလုပ်ရည်ရွယ်ချက်၏ အနှစ်သာရကို ကိုယ်စားပြုနိုင်သည်။ ဤသို့ဖြစ်ရခြင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် နယ်ပယ်အားဖြင့် အတော်ပင်တိကျပြီး အတန်ငယ် ဖြည်းဖြည်းနှင့်မှန်မှန် ဖြစ်ခြင်းကြောင့်ဖြစ်သည်။ ခံယူထားသော လူ့ဇာတိထဲတွင် ပြုသောအလုပ်သည် လူတို့အပေါ်တွင် ပြုလုပ်သောအလုပ်နှင့် မတူညီပေ။ အလုပ်သည်လည်း လူတို့၏ မတူညီသော အရည်အချင်းပေါ်တွင် မူတည်ပြီး ကွဲပြားမှုအမျိုးမျိုးရှိသည်။ ခံယူထားသော လူ့ဇာတိထဲတွင် ပြုလုပ်သောအလုပ်ကို လူတို့တွင် မပြုလုပ်ပေ။ လူတို့တွင် ပြုလုပ်သည့် အလုပ်နှင့် တူညီသည့် အလုပ်ကို ခံယူထားသော လူ့ဇာတိထဲတွင် သူမပြုပေ။ စကားတစ်ခွန်းဖြင့်ဆိုရသော် သူသည်မည်သို့ အလုပ်လုပ်သည်ဖြစ်စေ၊ ကွဲပြားခြားနားသော ရည်ရွယ်ချက်များဖြင့် ပြုသောအလုပ်သည် မည်သည့်အခါမျှ တူညီမှုမရှိဘဲ သူလုပ်သည့် နိယာမများသည်လည်း မတူညီသော လူတို့၏အခြေအနေနှင့် သဘာဝတို့နှင့်အညီ ကွဲပြားမှုရှိသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့၏ရှိရင်းစွဲ အနှစ်သာရအပေါ် အခြေခံကာ မတူညီသော လူတို့တွင် အလုပ်လုပ်ပြီး သူတို့၏ရှိရင်းစွဲ အနှစ်သာရထက်ကျော်လွန်၍ တောင်းဆိုမှုများကို မပြု၊ သူတို့၏ အရည်အချင်းအစစ်အမှန်ကို ကျော်လွန်ကာ လုပ်ဆောင်မှုကိုလည်း သူမပြုပေ။ သို့ဖြစ်၍ လူတို့အပေါ်တွင်ပြုသော သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် အလုပ်ရည်ရွယ်ချက်၏ အနှစ်သာရကို လူတို့တွေ့မြင်ရန် ခွင့်ပြုလေသည်။ လူသား၏ ရှိရင်းစွဲအနှစ်သာရသည် ပြောင်းလဲခြင်းမရှိပေ။ လူသား၏ အရည်အချင်းအစစ်အမှန်သည် အကန့်အသတ်ရှိသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့ကို အသုံးပြုသည်ဖြစ်စေ၊ လူတို့အပေါ်တွင် အလုပ်လုပ်သည်ဖြစ်စေ၊ ထိုအလုပ်သည် လူတို့ အရည်အချင်း၏ အကန့်အသတ်များနှင့်အညီ အမြဲဖြစ်လေသည်။ သို့မှသာ သူတို့သည် ယင်းမှတစ်ဆင့် အကျိုးအမြတ် ရရှိနိုင်မည်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် အသုံးပြုခြင်းခံရသော လူတို့အပေါ် အလုပ်လုပ်စဉ်တွင် သူတို့၏ပါရမီများနှင့် သူတို့၏ အရည်အချင်းအစစ်အမှန် နှစ်ခုစလုံးသည် ချန်လှပ်ထားခြင်းမခံရဘဲ ပေါ်လွင်လာသည်။ သူတို့၏ အရည်အချင်း အစစ်အမှန်အားလုံးသည် အလုပ်ကို ထောက်မစိမ့်သောငှာ အသုံးပြုခြင်းခံရသည်။ လက်တွေ့ကျသော ရလဒ်များကိုရရှိရန်အလို့ငှာ လူသားတွင်ရှိသော သုံးနိုင်သည့် အစိတ်အပိုင်းများအားလုံးကို အသုံးပြုခြင်းဖြင့် သူအလုပ်လုပ်သည်ဟုဆိုနိုင်ပါသည်။ ဆန့်ကျင်ဘက်အနေဖြင့် ခံယူထားသော လူ့ဇာတိထဲတွင် ပြုလုပ်သောအလုပ်သည် ဝိညာဉ်တော်၏အလုပ်ကို တိုက်ရိုက်ဖော်ပြရန် ဖြစ်ပြီး၊ ထိုအလုပ်သည် လူသား၏စိတ်၊ အတွေးများနှင့် ရောနှောခြင်းမရှိ၊ လူသား၏ပါရမီများ၊ လူသား၏ အတွေ့အကြုံ သို့မဟုတ် လူသား၏ မွေးရာပါအခြေအနေများဖြင့် လက်လှမ်းမီနိုင်ခြင်း မရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

၄၈။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ရှိနေသူများအားလုံး၌ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော်နှင့် ဆုံးမပဲ့ပြင်ခြင်းတို့ ရှိကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ရှိမနေသူများ၌မူ သန့်ရှင်းသော ဝိညာဉ်တော်၏ မည်သည့်လုပ်ဆောင်မှုမျှမရှိပေ၊ ထိုသူတို့သည် စာတန်၏ ကွပ်ကဲမှုအောက်တွင် ရှိနေကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ရှိနေသူများက ဘုရားသခင်၏ အလုပ်သစ်ကို လက်ခံသူများဖြစ်ပြီး၊ ဘုရားသခင်၏ အလုပ်သစ်တွင် ပူးပေါင်းဆောင်ရွက်သူများဖြစ်သည်။ ဤရေစီးကြောင်းအတွင်း ရှိနေသူများက ပူးပေါင်းဆောင်ရွက်ခြင်းငှာ မတတ်စွမ်းနိုင်ဘဲ၊ ယခုအချိန်တွင် ဘုရားသခင်အလိုရှိသည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိပါက၊ သူတို့သည် ဆုံးမပဲ့ပြင်ခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး၊ အဆိုးဆုံးအနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်ခြင်းကို ခံရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အသစ်ကို လက်ခံသူများသည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်းတွင် နေထိုင်နေမည်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စောင့်ရှောက်ခြင်းနှင့် ကာကွယ်ခြင်းကို ရရှိလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ဖွင့်ပေးခြင်းကို ခံရမည်ဖြစ်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒမရှိသူများကမူ သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်းကိုခံရပြီး၊ အပြစ်ဒဏ်ပေးခြင်းကိုပင် ခံရကောင်းခံရမည်။ သူတို့သည် မည်သို့သောလူမျိုးဖြစ်နေပါစေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း သူတို့ရှိနေပါက၊ သူ၏နာမတော်အလို့ငှာ သူ့အလုပ်ကို လက်ခံသည့်သူများအားလုံးကို ဘုရားသခင်က တာဝန်ယူလိမ့်မည်။ သူ၏နာမတော်ကို ဘုန်းထင်ရှားစေပြီး၊ သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိသူများသည် သူ၏ကောင်းချီးများကို ရရှိလိမ့်မည်။ သူ့ကိုမနာခံဘဲ သူ၏နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်သူများကမူ သူ၏အပြစ်ဒဏ်ပေးခြင်းကို ခံရလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” မှ

၄၉။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် လက်ဦးမှုရယူသောလမ်းညွှန်ခြင်းနှင့် အပြုသဘော ဉာဏ်အလင်းဖွင့်ပြခြင်း ပုံစံဖြစ်သည်။ ယင်းက လူတို့ကို အပြုခံရသောဖက်သို့ ရောက်စေရန် ခွင့်မပြုပေ။ ယင်းက လူတို့ကို စိတ်သက်သာမှုကို ဆောင်ကျဥ်းပေးကာ ယုံကြည်မှုနှင့် သန္နိဋ္ဌာန်ကို ပေးလျက် ဘုရားသခင်၏ စုံလင်အောင်ပြုလုပ်ခံရခြင်းကို မီအောင်လိုက်ရန် သူတို့အား တတ်နိုင်စေသည်။ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သောအခါ၊ လူတို့သည် တက်တက်ကြွကြွဖြင့် ၀င်ရောက်လာနိုင်သည်၊ မတုန်မလှုပ် သို့မဟုတ် အတင်းအကျပ်ပြုမခံရဘဲ၊ လက်ဦးမှုရယူလာကြသည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သောအခါ လူတို့သည် ၀မ်းမြောက်၍ လိုလိုလားလား ရှိလာကြသည်၊ သူတို့သည် နာခံရန် အလိုရှိလာ၍ မိမိကိုယ်ကို ၀မ်းမြောက်စွာ နှိမ့်ချတတ်လာကြသည်၊ သူတို့သည် အတွင်း၌ နာကျင်၍ ကြေကွဲလွယ်သော်လည်း ပူးပေါင်းလုပ်ဆောင်ရန် သန္နိဋ္ဌာန်ထားပြီး၊ ဝမ်းမြောက်စွာပင် ဝေဒနာ ခံစားကြသည်၊ သူတို့သည် နာခံနိုင်၍၊ သူတို့သည် လူ့အလိုအားဖြင့် စွန်းထင်းခံရခြင်း မရှိ၊ လူ့စိတ်ကူးအားဖြင့် စွန်းထင်းခံရခြင်း မရှိ၊ အမှန်ပင် လူ့ဆန္ဒများနှင့် လှုံဆော်တိုက်တွန်းမှုများ၏ စွန်းထင်းခံရခြင်းလည်း မရှိပေ။ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို တွေ့ကြုံရသောအခါ အထူးသဖြင့် သူတို့အတွင်း၌ သန့်ရှင်းလာကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ပိုင်ဆိုင်ရသော သူတို့သည် ဘုရားသခင်အားချစ်ခြင်း၊ သူတို့၏ ညီအစ်ကို မောင်နှမများအား ချစ်ခြင်း၊ ဘုရားသခင်အား ပျော်ရွှင်စေသည့် အရာများ၌ ဝမ်းမြောက်ပျော်ရွှင်ခြင်းနှင့် ဘုရားသခင် ရွံရှာသည့်အရာများကိုလည်း ရွံရှာခြင်းအားဖြင့် အသက်ရှင်နေထိုင်တတ်ကြ၏။ သန့်ရှင်းသောဝိညာဉ်တော်အမှု၏ ထိတွေ့ခြင်းခံရသောလူတို့၌ သာမန်လူ့သဘာဝရှိကြ၏၊ ထို့ပြင် သူတို့သည် သမ္မာတရားကို အဆက်မပြတ် လေ့လာလိုက်စားကြပြီး လူ့သဘာဝလည်း ပိုင်ဆိုင်ထားကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့အတွင်း၌ အလုပ်လုပ်သောအခါ သူတို့၏ အခြေအနေများသည် သာ၍သာ၍ ကောင်းလာကြပြီးလျှင် သူတို့၏ လူ့သဘာ၀သည် ပို၍ပို၍ ပုံမှန်ဖြစ်လာကြ၏။ သူတို့၏ ပူးပေါင်းလုပ်ဆောင်မှုအချို့သည် မိုက်မဲကောင်း မိုက်မဲနိုင်သော်လည်း သူတို့၏ စိတ်အားထက်သန်မှုသည် မှန်ကန်၏၊ သူတို့၏၀င်ရောက်မှုသည် အပြုသဘောဆောင်၏၊ သူတို့သည် ကြား၀င်မနှောင့်ယှက်တတ်၊ သူတို့အထဲ၌ ယုတ်မာမှုလည်း မရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အမှု” မှ

၅၀။ တစ်စုံတစ်ရာ သင့် အပေါ် ဖြစ်ပွားလာပါက ယင်းအရာသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာခြင်းလော၊ သင်သည် ထို အရာကို နာခံသင့်သလော၊ ငြင်းပယ်သင့်သလော။ လူတို့၏ အမှန် လက်တွေ့ကျင့်ဆောာင်မှုသည် လူသား၏ အလိုဆန္ဒကို သာ ထွက်ပေါ်စေပြီး ယင်းအရာသည် သန့်ရှင်းသော ဝိညာဥ်တော်ထံမှ လာသည်ဟု လူများမှ အမြဲပင် ယုံကြည် ကြသည်။ တစ်ချို့မှာ နတ်ဆိုးဝိညာဉ်များမှ လာသော်လည်း၊ လူများက ၎င်းတို့ကို သန့်ရှင်းသော ဝိညာဉ်တော်မှ အစပြုသည်ဟု ယခုတိုင် ထင်တတ်ကြ၏၊ တစ်ခါတစ်ရံတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့၏ အတွင်း တွင် လမ်းညွှန်မှုပေးသည့်တိုင် လူတို့မှာ ၎င်းလမ်းညွှန်ချက်က စာတန်ထံမှ လာခြင်းဟု ကြောက်တတ်ကြ၍ နာခံရန် မ၀ံ့ရဲကြပေ။ အမှန်တွင်တော့ ထိုအရာများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း ဖြစ်နေ၏။ ဤသို့ဖြင့် ကွဲခြားခြင်းမရှိလျှင် ထိုကဲ့သို့သော အတွေ့အကြုံများ သင့်ထံ၌ အမှန် ဖြစ်ပျက်လာသော အခါ တွေ့ကြုံခံစားနိုင်ရန် နည်းလမ်းမရှိတော့ပေ၊ ကွဲခြားခြင်း မရှိလျှင် အသက်ရရန်လည်း နည်းလမ်း မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်ကဲ့သို့ အမှုကို ပြုသနည်း။ နတ်ဆိုးဝိညာဉ်များက မည်ကဲ့သို့ အလုပ်လုပ် ကြသနည်း။ လူဆန္ဒမှ မည်သည့်အရာ လာတတ်သနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းညွှန်မှုနှင့် ဉာဏ် အလင်းဖွင့်ပြခြင်းမှ မည်သည့်အရာ ထွက်ပေါ်လာသနည်း။ အကယ်၍ သင်သည် လူ၏အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်ပြသော အမှု၏ စည်းမျဥ်းများကို နားလည်လျှင် သင်၏ နေ့စဥ် အသက်တာထဲနှင့် သင်၏ အမှန် တကယ် အတွေ့အကြုံများ အတောအတွင်း သင်၏ အသိပညာနှင့် ကွဲခြားမှုကို သင်သည် ကြီးထွားအောင် လုပ်ဆောင် နိုင်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို သိရှိလာကာ၊ စာတန်ကို နားလည်ပြီး ထိုးထွင်းသိမြင်နိုင်လာလိမ့်မည်၊ သင်၏ လိုက်ခြင်း သို့မဟုတ် နာခံမှု၌ သင်သည် စိတ်ရှုပ်ထွေးမှု လိမ့်မည်မဟုတ်၊ သင်သည် အတွေးများ ရှင်းလင်းသောသူ ဖြစ်လာပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို နာခံသောသူလည်း ဖြစ်လာပေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အမှု” မှ

၅၁။ ဘုရားသခင်သည် လူတို့အထဲတွင် များစွာသောအရာများကို အမှန်ပင် လုပ်ဆောင်ပေးသည်၊ တစ်ခါတစ်ရံ သူတို့အား စုံစမ်းခြင်း၊ တစ်ခါတစ်ရံ သူတို့အား စုံစမ်းနှောင့်ယှက်သည့် ပတ်ဝန်းကျင်များကို ဖန်တီးခြင်းနှင့် တစ်ခါတစ်ရံ သူတို့ကို လမ်းပြရန်နှင့် သူတို့၏ အားနည်းချက်များကို ပြုပြင်ပေးရန် နှုတ်ကပတ်တော်များ ပြောကြားခြင်း စသဖြင့်တို့ကို လုပ်ဆောင်သည်။ တစ်ခါတစ်ရံ သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင် ပြင်ဆင်ထားပေးသော ပတ်ဝန်းကျင်များသို့ လူများကို ဦးဆောင်ခေါ်သွားပြီး သူတို့တွင် မရှိသေးသည့် အရာများကို သတိမထားလိုက်မိဘဲ ရှာဖွေတွေ့ရှိစေသည်။ လူတို့၏ ပြောဆိုခြင်းနှင့် လုပ်ဆောင်ခြင်းအားဖြင့်၊ လူတို့က အခြားသူတို့အား ဆက်ဆံသည့်ပုံနှင့် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းပုံများအားဖြင့်၊ ယင်းကို သူတို့မသိဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်က သူတို့အား ဉာဏ်အလင်းပေးခြင်းဖြင့် ယခင်က သူတို့ နားမလည်ခဲ့သည့်အရာများစွာကို နားလည်လာစေကာ၊ များစွာသောအရာများနှင့် လူများကို ပိုမိုရှင်းရှင်းလင်းလင်း နားလည်စေပြီး၊ ယခင်က သူတို့ ဂရုမပြုမိခဲ့သည့် များစွာသော အရာများကို တွေ့မြင်လာစေရန် အခွင့်ပေးသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတွေ့အကြုံအားဖြင့်” မှ

၅၂။ သင်၏ အတွင်းမှဝမ်းမြောက်မှုကို သင်ဆုံးရှုံးရခြင်းနှင့် ဘုရားသခင်၏ မျက်မှောက်တော်ကို သင်ဆုံးရှုံးရခြင်းနှင့် သင်သည် မှောင်မိုက်ထဲ၌ ရှိနေခြင်း စသဖြင့် တစ်ခါတစ်ရံ ဘုရားသခင်သည် သင့်ကို အချို့သော ခံစားချက်အမျိုးအစားကို ပေးသည်။ ဤသည်မှာ စစ်ဆေးခြင်းအမျိုးအစားတစ်ခု ဖြစ်သည်။ တစ်စုံတစ်ရာကို သင်လုပ်ဆောင်သည့်အခါ အလွဲလွဲအချော်ချော် ဖြစ်ခြင်း သို့မဟုတ် ဆက်မလုပ်နိုင်အောင် ရပ်တန့်သွားခြင်း ဖြစ်နေမည်။ ဤသည်မှာ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်း ဖြစ်သည်။ တစ်စုံတစ်ရာကို သင်လုပ်ကောင်းလုပ်နေပြီး လုပ်နေသည့်အရာအတွက် အထူးတလည် ခံစားချက်မရှိသည့်အပြင် အခြားသူများ မသိသော်လည်း ဘုရားသခင် သိသည်။ သူသည် သင့်ကို အလွတ်မပေး၊ သင့်ကို သူဆုံးမပဲ့ပြင်လိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော် ပြုသောအမှုသည် အလွန်အသေးစိတ်ကျသည်။ သူသည် လူတို့၏ စကားနှင့် အပြုအမူတစ်ခုချင်းစီ၊ ၎င်းတို့၏ လုပ်ဆောင်မှုနှင့် ရွေ့လျားမှုတစ်ခုချင်းစီကိုသာမက ၎င်းတို့၏ အကြံအစည်နှင့် အတွေးအခေါ် တစ်ခုချင်းစီကို အလွန်တိတိကျကျလေ့လာကာ လူတို့အား ထိုအရာများကို အတွင်းထဲမှ သတိပြုမိစေသည်။ တစ်စုံတစ်ရာကို သင်တစ်ကြိမ်လုပ်သောအခါ အလွဲလွဲအချော်ချော် ဖြစ်နေသည်၊ ၎င်းကို နောက်တစ်ကြိမ် သင်လုပ်သောအခါတွင်လည်း အလွဲလွဲအချော်ချော် ဆက်ဖြစ်နေသည့်အခါ သန့်ရှင်းသောဝိညာဉ်တော် ပြုသောအမှုကို သင်တဖြည်းဖြည်း နားလည်လာမည်။ အကြိမ်များစွာ ဆုံးမပဲ့ပြင်ခံခြင်းအားဖြင့် သင်သည် ဘုရားသခင်၏အလိုအတော်နှင့်အညီ မည်သည်တို့ကို လုပ်ရမည်ကိုသာမက သူ၏အလိုတော်နှင့်မညီသောအရာမှာ မည်သည့်အရာ ဖြစ်ကြောင်း သင်သိလာမည်။ အဆုံးတွင် သင့်အထဲမှ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို မှန်ကန်တိကျစွာ တုံ့ပြန်မှုများ ရှိလာမည်။ တစ်ခါတစ်ရံ သင်ဆန့်ကျင်ပုန်ကန်တတ်ပြီး ဘုရားသခင်၏ ပြစ်တင်ကြိမ်းမောင်းခြင်းကို အတွင်းထဲမှ ခံရလိမ့်မည်။ ဤအရာအားလုံးမှာ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းမှ လာသည်။ အကယ်၍ ဘုရားသခင်ကို သင်တန်ဖိုးမထားပါက၊ အကယ်၍ သူ၏အမှုကို သင်စော်ကားပါက၊ သူသည် သင့်ကို ဂရုစိုက်မည်မဟုတ်။ ဘုရားသခင်၏နှုတ်ကပတ်တော်များအပေါ် ပို၍ သင်အလေးထားလေ၊ သင့်ကို ပို၍ သူအလင်းဖွင့်ပြလေဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” မှ

၅၃။ တစ်စုံတစ်ရာကို နားလည်စေဖို့ သင့်ကို ဉာဏ်အလင်းပေးနေချိန်တွင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် တစ်ခါတစ်ရံ အလွန်လျင်မြန်စွာ အလုပ်လုပ်တတ်ပြီး၊ အခြားအချိန်များတွင်မူ သင်သဘောပေါက်ဖို့ရန် တဖြည်းဖြည်း သင့်ကို ခွင့်မပြုမီ အတွေ့အကြုံတစ်ခုကို အချိန်တစ်ခုကြာ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို ဖြတ်သန်းစေတတ်ပေသည်။ ယင်းမှာ သူသည် သင့်အား မည်သည့်အရာကိုမျှ တွေ့ကြုံရန် အခွင့်မပေးဘဲ ခြောက်သွေ့သော စကားလုံးအနည်းငယ်ကို နားလည်ခွင့်ပေးသည် မဟုတ်ပါပေ။ သန့်ရှင်းသောဝိညာဉ်တော်သည် မည်သည့် အခြေခံသဘောတရားများအားဖြင့် အလုပ်လုပ်ပါသနည်း။ ယင်းတို့အကြားတွင် ကြီးထွားရင့်ကျက်ဖို့ သင့်ကိုအခွင့်ပေးရန်နှင့် ယင်းတို့ကို တွေ့ကြုံစဥ်ကာလ၌ သမ္မာတရားကို နားလည်ရန်အတွက် သင်၏ ပတ်ဝန်းကျင်အား စီစဥ်ခြင်းနှင့် လူများ၊ ပတ်ဝန်းကျင်များနှင့်အမှုအရာများအား စီစဥ်ခြင်းဟူသော အခြေခံသဘောတရားအားဖြင့် သန့်ရှင်းသောဝိညာဥ်တော် အမှုလုပ်ဆောင်၏။ သူသည် သင့်ကို လှုံ့ဆော်သည့် သို့မဟုတ် သင့်ကို အလင်းပေးသည့် သို့မဟုတ် သေးငယ်သောအလင်းနှင့် သင့်ကို ဖြည့်ဆည်းပေးသည့် ရိုးစင်းသော စကားလုံးအနည်းငယ်ကို သင့်အားမပေးသကဲ့သို့၊ သူသည် ခြောက်သွေ့သော စကားလုံးအနည်းငယ်နှင့် သြဝါဒများကိုလည်း သင့်အား အလွယ်တကူ မပေးပါ။ ထို့ထက်၊ သူသည် ခြားနားသောဖြစ်ရပ်များ၊ ပတ်ဝန်းကျင်များနှင့် ခြားနားသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှတစ်ဆင့် သူသည် သင့်ကို လေ့လာသင်ယူစေရန်နှင့် တဖြည်းဖြည်းတိုးတက်ကြီးထွားစေရန် အခွင့်ပေးလေသည်။ သူသည် ဤတိုးတက်မှုဖြစ်စဥ်အားဖြင့် သမ္မာတရားကို တဖြည်းဖြည်း နားလည်စေပါသည်။ ထို့ကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် တကယ့်ကို သဘာဝကျသည့် အခြေခံသဘောတရားတစ်ခုဖြင့် အလုပ်လုပ်သည်၊ မလုပ်လုပ်အောင် မည်သည့် တွင်တွင်စေ့ဆော်မှု တစ်ခုမျှအသုံးမပြုဘဲ၊ လူသား၏ တိုးတက်မှုပုံစံနှင့် လုံးဝအညီ သူ အလုပ်လုပ်လေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သောစိတ်နှလုံးကို ဘုရားသခင်ထံလှည့်ပြီးသည့်အခါမှ သမ္မာတရားကို သင်ရနိုင်မည်” မှ

၅၄။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတစ်ဦးတစ်ယောက်ချင်းစီ၏ အသက်တာတွင် လျှောက်လှမ်း ရမည့် လမ်းကြောင်းရှိပြီး အယောက်စီတိုင်းကို ပြီးပြည့်စုံမှုကို ခံရနိုင်သည့် အခွင့်အရေးများကို ပေးသည်။ သင်၌ရှိသည့် အပျက်သဘောထားမှတစ်ဆင့် သင့်ကို မိမိကိုယ်တိုင်၏ ယိုယွင်းပျက်စီးခြင်းကို သိလာစေပြီး၊ ထိုအပျက်သဘောထားကို စွန့်လွှတ်လိုက်ခြင်းအားဖြင့် လိုက်လျှောက်ရမည့် လမ်းကို ရှာတွေ့နိုင်မည် ဖြစ်သည်။ ထိုအရာသည် သင်၏ပြီးပြည့်စုံမှုပေတည်း။ ဆက်လက်ကာ သင်၌ရှိသည့် ကောင်းသောအရာများ ၏ လမ်းပြပို့ဆောင်မှုနှင့် အလင်းပေးခြင်းအားဖြင့် သင်သည် သင်၏ လုပ်ငန်းတာဝန်ကို တက်ကြွစွာ ဖြည့်ဆည်းလာမည် ဖြစ်ပြီး၊ ဉာဏ်ပညာနှင့် အမြော်အမြင်ရှိမှုတို့ ကြီးထွား လာမည် ဖြစ်သည်။ သင်သည် အဆင်ပြေနေသည့် အချိန်မျိုးတွင်၊ ဘုရားသခင်၏ သမ္မာတရားကို အထူးသဖြင့် ဖတ်ရှုလိုစိတ်ရှိသည်။ အထူး သဖြင့် ဆုတောင်းလိုစိတ်လည်း ရှိသည်။ ကြားနာရသည့် ဒေသနာများကိုလည်း မိမိ၏အသက်တာနှင့် ဆက်စပ်ယူ၍ရသည်။ ထိုကဲ့သို့သော အချိန်များတွင် ဘုရားသခင်သည် သင်၏အတွင်း၌ တစ်စုံတစ်ခုကို အသိဉာဏ်ပွင့်လင်းစေကာ၊ ကောင်းသည့် အပေါင်းလက္ခဏာ တစ်ခုခုကို နားလည်သဘောပေါက်စေသည်။ ဤအရာသည် ကောင်းသည့်အပေါင်းလက္ခဏာဖက်မှ သင်၏ ပြီးပြည့်စုံခြင်းဖြစ်သည်။ အဆိုးလက္ခဏာ ဖက်တွင်မူ သင်သည် အားနည်းကာ အနုတ်လက္ခဏာဆောင်သည်။ ဘုရားသခင်သည် သင့်ကိုအလင်းပေးကာ လိုက်လျှောက်ကျင့်သုံးဖို့ရာ လမ်းကို ပြနေသော်လည်း သင်သည် သင်၏နှလုံးသားထဲတွင် ဘုရားသခင် မရှိသကဲ့သို့ ခံစားနေရသည်။ ဤအခြေအနေမျိုးမှ ထွက်လာခြင်းသည် အဆိုးလက္ခဏာထဲမှ ပြီးပြည့်စုံခြင်းကို ရရှိခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လိုက်လျှောက်အသက်ရှင်မှုကို အာရုံစူးစိုက်မှုရှိသူများသာ ပြီးပြည့်စုံမှုရရှိနိုင်မည်” မှ

၅၅။ သန့်ရှင်းသောဝိညာဉ်တော်သည် ဤအခြေခံသဘောတရားအားဖြင့် အမှုတော်များကို ဆောင်ရွက်သည်- လူတို့၏ ပူးပေါင်းဆောင်ရွက်မှုအားဖြင့်၊ ၎င်းတို့ တက်ကြွစွာ ဆုတောင်းခြင်း၊ ဘုရားသခင်ကိုရှာဖွေခြင်းနှင့် ဘုရားသခင်နှင့် နီးရာသို့လာခြင်းတို့အားဖြင့် ရလဒ်များ ရရှိနိုင်ပြီး သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အသိဉာဏ်ပွင့်လင်း၍ ဉာဏ်အလင်းရစေနိုင်သည်။ ဤအကြောင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်က တစ်ဖက်သတ်လုပ်ဆောင်ခြင်း သို့မဟုတ် လူသားက တစ်ဖက်သတ် လုပ်ဆောင်ခြင်း မဟုတ်ပေ။ နှစ်ဖက်လုံးက မရှိမဖြစ်ဖြစ်ပြီး၊ လူတို့က ပူးပေါင်းဆောင်ရွက်လေလေ၊ ၎င်းတို့သည် ဘုရားသခင်သတ်မှတ်သည့် စံချိန်စံနှုန်းများကို ပိုမိုရရှိရန် ကြိုစားအားထုတ်ကြလေလေ၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်က ပိုကြီးမြတ်လေလေ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်မြတ်၌ ထပ်ပေါင်းထားသော လူတို့၏ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုသည်သာ၊ လက်တွေ့ကျသော အတွေ့အကြုံများနှင့် ဘုရားသခင်နှုတ်ကပတ်တော်များအား ထိရောက်စွာသိကျွမ်းမှုကို ရရှိနိုင်မည် ဖြစ်သည်။ တဖြည်းဖြည်းနှင့်၊ ဤနည်းလမ်းနှင့် အတွေ့အကြုံအားဖြင့်၊ နောက်ဆုံးတွင် စုံလင်သည့်လူ ဖြစ်လာသည်။ ဘုရားသခင်သည် သဘာဝထက် လွန်ကဲသည့်အရာများကို မပြုလုပ်ပေ၊ လူတို့၏စိတ်ကူးများထဲတွင် ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်ပြီး၊ အရာအားလုံးကို ဘုရားသခင်ပြုလုပ်သည်— ရလဒ်အနေဖြင့် လူတို့က မလှုပ်မယှက်ဘဲ စောင့်မျှော်ကြသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ခြင်း သို့မဟုတ် ဆုတောင်းခြင်းမရှိကြဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ထိတွေ့မှုကို စောင့်နေရုံမျှသာ စောင့်နေကြသည်။ သို့သော် မှန်ကန်သောနားလည်မှုရှိသည့် သူများက- ဘုရားသခင်၏ လုပ်ဆောင်မှုများသည် ကျွန်ုပ်ပူးပေါင်းဆောင်ရွက်သလောက်အထိသာ ကန့်သတ်ထားပြီး ဘုရားသခင် အမှုတော်၏ သက်ရောက်မှုသည် ကျွန်ုပ်မည်သို့ပူးပေါင်းဆောင်ရွက်သည် ဆိုသည့်အပေါ် တည်မှီသည်။ ဘုရားသခင်က ပြောဆိုသည့်အခါ ဘုရား၏နှုတ်ကပတ်တော်ကို ကျွန်ုပ်သည်တတ်နိုင်သမျှ ရှာဖွေရန် နှင့် ကြိုးပမ်းရန် ဆောင်ရွက်ရမည်၊ ဤသည်ကား ကျွန်ုပ်ရရှိအောင်မြင်သင့်သည့်အရာဖြစ်သည်ဟု ယုံကြည်ကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့ကျခြင်းကို မည်သို့သိမည်နည်း” မှ

၅၆။ လူတို့အထဲတွင် သန့်ရှင်းသောဝိညာဉ်တော်၏အမှုတော်အတွက် အခြေအနေ တစ်ခု ရှိပါသည်။ ဘုရားသခင့်လုပ်ဆောင်ချက်များကိုသူတို့သည် ငတ်မွတ်ကာ ရှာဖွေသရွေ့၊ စိတ်မပါ့တပါဖြစ်ခြင်း သို့မဟုတ် သံသယရှိခြင်း မရှိသရွေ့ သူတို့၏တာဝန်များကို အမြဲတမ်းထိန်းသိမ်းလုပ်ဆောင်ထားနိုင်သရွေ့ ဤနည်းအားဖြင့် လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုတော်ကို ရရှိနိုင်ကြမည်ဖြစ်သည်။ ဘုရားသခင့်အမှုတော်၏ အဆင့်တစ်ခုစီတွင် လူသားမျိုးနွယ်အတွက်လိုအပ်သည့်အရာမှာ ကြီးမားသော မိမိကိုယ်ကို ယုံကြည်စိတ်ချရမှုနှင့် ဘုရားသခင်၏ရှေ့တော်မှောက်ကိုရှာဖွေခြင်း ဖြစ်ပါသည်။ - အတွေ့အကြုံအားဖြင့်သာ လူတို့သည် ဘုရားသခင်မည်မျှနှစ်လိုဖွယ် ကောင်းသည်နှင့် သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့ထဲတွင် မည်သို့အလုပ်လုပ်ဆောင် သည်ကို ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်သည်။ အကယ်၍သင်သည်မတွေ့ကြုံရပါက၊ အကယ်၍ ထိုအတွေ့အကြုံမှတဆင့်သင့်လမ်းကိုအာရုံခံစားနိုင်ခြင်းမရှိပါက၊ အကယ်၍ သင်ရှာဖွေခြင်း မပြုပါက၊ သင့်အနေဖြင့် မည်သည့်အရာကိုမျှရနိုင်မည်မဟုတ်ပေ။ သင့်အတွေ့အကြုံများမှ တဆင့်သင့်လမ်းခရီးကိုအာရုံခံကြည့်ရမည်ဖြစ်ပြီး၊ သင့်အတွေ့အကြုံများအားဖြင့်သာ ဘုရားသခင့်လုပ်ဆောင်ချက်များကို တွေ့နိုင်ကာ၊ သူ၏ အံဖွယ်ကောင်းမှုနှင့် ဉာဏ်မမှီ လောက်အောင်နက်နဲမှုကို သတိပြုနိုင်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည်ဘုရားသခင်ကိုဝတ်ပြုဆည်းကပ်ခြင်းအစဉ်ပြုသင့်သည်” မှ

၅၇။ သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်သည် ပုံမှန်ဖြစ်ပြီး အမှန်တကယ်ဖြစ်သည်။ သန့်ရှင်းသောဝိညာဥ်တော်သည် သာမန်လူသားဘ၀၏ စည်းမျဉ်းများနှင့်အညီ လူ့အတွင်း၌ အလုပ်လုပ်သည်။ ထို့ပြင် သူသည် သာမန်လူတို့၏ အမှန်တကယ်ရှာဖွေလိုက်စားခြင်းအတိုင်း လူတို့အထဲတွင် ဉာဏ်အလင်းပေးလျက် လမ်းပြလျက်ရှိပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့ အထဲတွင် အလုပ်လုပ်သောအခါ သူသည် သာမန်လူတို့၏ လိုအပ်ချက်နှင့်အညီ လမ်းညွှန်ပြီး ဉာဏ်အလင်းပေး၏။ သူသည် သူတို့၏ လိုအပ်ချက်များအပေါ်အခြေခံ၍ ထောက်ပံ့ပေး၏။ သူသည် သူတို့အား သူတို့လိုအပ်သည့်အရာနှင့် သူတို့၏ချို့တဲ့မှုများအပေါ်အခြေခံ၍ အပြုသဘောဖြင့် လမ်းပြလျက် ဉာဏ်အလင်းပေး၏။ သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုသောအခါ၊ ဤအမှုသည် သာမန်လူသားဘ၀၏ စည်းမျဥ်းများနှင့် ကိုက်ညီသောအရာပင်ဖြစ်သည်။ ထို့ပြင် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို လူသားတို့သည် မြင်တွေ့ ကြရသည်မှာ လက်တွေ့ဘဝထဲမှာပင် ဖြစ်လေသည်။ သူတို့၏ နေ့စဥ်ဘ၀ထဲတွင် အကယ်၍ လူတို့သည် အပြုဆောင်သော အခြေအနေနှင့် သာမန်ဝိညာဉ်ရေး အသက်တာပိုင်ဆိုင်လျှင် သူတိုတွင် သန့်ရှင်းသောဝိညာဉ်တော်အလုပ်၏ စရိုက်လက္ခဏာ ရှိကြသည်ဖြစ်၏။ ထိုအခြေအနေမျိုးတွင် သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို စားသောက်သုံးကြသောအခါ သူတို့ ယုံကြည်ခြင်းရှိကြ၏၊ သူတို့ ဆုတောင်းကြသောအခါ လှုံ့ဆော်ခံကြရ၏၊ သူတို့အပေါ် တစ်စုံတစ်ရာဖြစ်ပျက်လာသောအခါ သူတို့သည် တုံဏှိဘာဝေ မနေကြတော့ဘဲ၊ ထိုအရာ သူတို့၌ ဖြစ်ပျက်နေသည်နှင့် သူတို့သည် ဘုရားသခင်မှ သူတို့ကို သင်ယူစေလိုသော သင်ခန်းစာများကို မြင်တွေ့လာနိုင်ကြ၏။ သူတို့သည် တုံဏှိဘာဝေနေသောသူများ၊ သို့မဟုတ် အားနည်းသောသူများ မဟုတ်တော့ဘဲ၊ သူတို့၌ တကယ့်အခက်အခဲများ ရှိကြသော်လည်း ဘုရားသခင်၏ စီစဥ်ပေးမှုများအားလုံးကို နာခံရန် ဆန္ဒရှိကြပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အမှု” မှ

၅၈။ ဘုရားသခင်ကို နားလည်ရန် မရှာဖွေမကြိုးစားလျှင် သန့်ရှင်းသောဝိညာဉ်တော်သည် သင်၌ အလုပ်မလုပ်နိုင်ပါ။ သူ့အား ရှာဖွေသူနှင့် သူ့စကားကို တန်ဖိုးထားသူများတွင်သာ ဘုရားသခင် အလုပ်လုပ်သည်။ ဘုရားသခင်၏ စကားများကို တန်ဖိုးထားသောသူ ဖြစ်လေလေ ဘုရားသခင် စုံလင်စေသောသူဖြစ်ဖို့ အခွင့်အရေးများလေလေ ဖြစ်ပါသည်။ ဘုရားသခင်သည် သူ့အား အမှန်တကယ် ချစ်မြတ်နိုးသူကိုသာ ပြည့်ဝစုံလင်စေမည်။ သူ၏ရှေ့မှောက်တွင် အမှန်တကယ်ငြိမ်းချမ်းသော နှလုံးသားရှိသူ ကိုသာ ပြည့်ဝစုံလင်စေပါမည်။ ဘုရားသခင်၏လုပ်ဆောင်မှုများကို တန်ဖိုးထားလျှင်၊ ဉာဏ်အလင်းပြမှုများကို တန်ဖိုးထားလျှင်၊ ဘုရားသခင်တည်ရှိနေမှုကို တန်ဖိုးထားလျှင်၊ ဘုရားသခင်၏ ဖေးမမှုနှင့် ကွယ်ကာစောင့်ရှောက်မှုကို တန်ဖိုးထားလျှင်၊ ဘုရားသခင်၏နူတ်ထွက်စကားသည် သင်၏အသက်အတွက် စစ်မှန်မှု နှင့် ထောက်ပံ့ပေးခြင်း မည်ကဲ့သို့ဖြစ်လာသည်ကို တန်ဖိုးထားလျှင် သင်သည် ဘုရားသခင်၏စိတ်တော်နှင့် အများဆုံးတွေ့သောသူပင် ဖြစ်သည်။ သင့်အတွက် ဘုရား သခင် လုပ်ဆောင်ပေးခဲ့သမျှကို တန်ဖိုးထားလျှင် သူသည် သင့်အား ကောင်းချီးပေး၍ သင်၌ ရှိသမျှ ကိုလည်း ဆထက်တန်ဖိုး တိုးပွားစေပါလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် စိတ်တော်နှင့် ထိတွေ့သူကို စုံလင်စေသည်” မှ

၅၉။ သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့ကို အသိဉာဏ်ပွင့်လင်းစေရန် ပြုသောအခါ သူသည် ယေဘုယျအားဖြင့် ၎င်းတို့ကို ဘုရားသခင်၏အမှုအကြောင်း၊ ၎င်းတို့၏ စစ်မှန်သောဝင်ရောက်မှု နှင့် စစ်မှန်သောအခြေအနေအကြောင်း အသိပညာတစ်ခုကို ပေးပြီး ၎င်းတို့အား စိတ်ဆုံးဖြတ်ချက်ကိုလည်း ပေး၍ ၎င်းတို့အား ဘုရားသခင်၏ စိတ်ထက်သန်သော ရည်ရွယ်ချက်နှင့် လူတို့အတွက် ယနေ့ သူ၏သတ်မှတ်ချက်များကို နားလည်စေသည်၊ သူသည် ၎င်းတို့အား လမ်းအားလုံးကို ဖွင့်ရန် စိတ်ဆုံးဖြတ်ချက်ကို ပေးသည်။ လူတို့သည် သွေးထွက်သံယိုမှုနှင့် အနစ်နာခံမှုကို ကြုံရသည့်အခါတွင်လည်း ၎င်းတို့သည် ဘုရားသခင်အတွက် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ ၎င်းတို့သည် နှိပ်စက်ညှဉ်းပန်းမှုနှင့် အခက်အခဲဘေးဒုက္ခကို ရင်ဆိုင်ရသည့်အခါတွင်လည်း ဘုရားသခင်ကို ဆက်၍ ချစ်ပြီး ဝမ်းနည်းမှုများ မရှိဘဲ ဘုရားသခင်အတွက် သက်သေခံရမည်။ ယင်းကဲ့သို့ စိတ်ဆုံးဖြတ်ချက်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ အစပျိုးပေးခြင်း ဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အမှုဖြစ်သည်၊ သို့သော်လည်း ကုန်လွန်သော အခိုက်အတန့်တိုင်းတွင် သင်၌ ယင်းကဲ့သို့ အစပျိုးပေးခြင်း မရှိသည်ကို သိလော့။ တစ်ခါတစ်ရံ အစည်းအဝေးများ၌ သင်သည် အလွန်အမင်း စေ့ဆော်ခြင်းနှင့် လှုံ့ဆော်ခြင်းကို ခံရကြောင်း ခံစားရပြီး သင်သည် အကြီးအကျယ် ချီးမွမ်းပြီး ကခုန်လေသည်။ အခြားသူများ မိတ်သဟာယဖွဲ့နေသည့်အရာအကြောင်းကို သင်၌ မယုံကြည်နိုင်လောက်သော အသိအမြင်တစ်ခု ရှိကြောင်း သင်ခံစားရသည်၊ သင်သည် အတွင်း၌ အသစ်စက်စက် ဖြစ်သကဲ့သို့ ခံစားရပြီး သင်၏စိတ်နှလုံးသည် ဗလာနတ္တိဖြစ်သော ခံစားချက်တစ်စုံတစ်ရာ မရှိဘဲ ရာနှုန်းပြည့် ရှင်းလင်းနေကြောင်းကို ခံစားရမည်ဖြစ်သည်၊ ဤအရာအားလုံးမှာ သန့်ရှင်းသောဝိညာဉ်တော်၏အမှုနှင့်သက်ဆိုင်သည်။ အကယ်၍ သင်သည် ဦးဆောင်သောသူတစ်စုံတစ်ဦး ဖြစ်ပြီး အမှုပြုရန် အသင်းတော်သို့ သင်သွားသောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို ထူးခြားသော အသိဉာဏ်ပွင့်စေခြင်းနှင့် အလင်းပေးခြင်းကို ပေးပြီး သင်၏အမှု၌ အလွန့်အလွန် စိတ်အားထက်သန်စေခြင်း၊ တာဝန်သိတတ်ခြင်းနှင့် အလေးအနက်ထားခြင်းကို ဖြစ်စေပါက ဤအရာမှာ သန့်ရှင်းသောဝိညာဉ်တော်၏အမှုနှင့် သက်ဆိုင်ခြင်းပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၁)” မှ

၆၀။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအားဖြင့် မည်သည့်အကျိုးသက်ရောက်မှုများကို ရရှိသနည်း။ သင်သည် မိုက်မဲသောသူ ဖြစ်နိုင်ပြီး သင်၏အတွင်းတွင် ကွဲခြားခြင်း မရှိဘဲ ဖြစ်နေနိုင်သည်၊ သို့သော် သင့်အတွင်းတွင် ယုံကြည်မှုရှိလာရန်၊ ဘုရားသခင်ကို လုံလောက်အောင် မချစ်နိုင်ဟူ၍ သင်အစဉ်အမြဲခံစားရရန်၊ သင်၌ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိရန်၊ ရှေ့တွင် အခက်အခဲများသည် မည်မျှပင်ကြီးမားသည်ဖြစ်စေ သင်၌ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိရန် သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်လုပ်ရန်သာရှိသည်။ အကြောင်းကိစ္စတို့သည် သင်၌ ဖြစ်ပျက်လာလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်ထံမှ လာသလော၊ သို့မဟုတ် စာတန်ထံမှ လာသလောဆိုသည်မှာ သင့်အတွက် ရှင်းလင်းလိမ့်မည် မဟုတ်ပေ၊ သို့သော် သင်သည် စောင့်ဆိုင်းနိုင်လိမ့်မည်၊ ထို့ပြင် သင်သည် တုံဏှိဘာဝေဖြစ်ခြင်း၊ သို့မဟုတ် ပေါ့လျော့ခြင်း ဖြစ်လိမ့်မည်မဟုတ်။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပုံမှန်အမှုဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့အထဲတွင် အလုပ်လုပ်သောအခါ၌ပင် လူတို့သည် ခက်ခဲမှုများကို ကြုံတွေ့ကြရဆဲဖြစ်သဖြင့် တစ်ခါတစ်ရံ သူတို့ငိုကြွေးကြပြီး၊ တစ်ခါတစ်ရံ သူတို့ မကျော်လွှားနိုင်သော ကိစ္စရပ်များနှင့်လည်း ကြုံတွေ့ရသည်၊ သို့သော် ဤအရာအားလုံးမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ သာမန်အမှုနှင့်ဆိုင်သော အဆင့်တစ်ဆင့်ပင်ဖြစ်၏။ သူတို့သည် ထိုကိစ္စများကို မအောင်မြင်သော်လည်း၊ ထို့ပြင် ထိုအချိန်၌ သူတို့သည် အားနည်းပြီး မကျေမနပ် ဖြစ်ကြသော်ငြားလည်း ယင်းနောက်တွင် သူတို့သည် အကြွင်းမဲ့သော ယုံကြည်ခြင်းဖြင့် ဘုရားသခင်ကို ချစ်နိုင်ကြဆဲဖြစ်၏။ သူတို့၏ တုံဏှိဘာဝေဖြစ်ခြင်းသည် ပုံမှန်အတွေ့အကြုံများကို သူတို့မရအောင် မဟန့်တားနိုင်ပေ၊ ထို့အပြင် အခြားသူများ မည်သို့ပင်ပြောသည်ဖြစ်စေ၊ မည်သို့ပင် တိုက်ခိုက်သည်ဖြစ်စေ သူတို့သည် ဘုရားသခင်ကို ချစ်နိုင်ဆဲရှိကြ၏။ ဆုတောင်းနေစဉ်အတွင်းတွင် သူတို့အနေဖြင့် ဘုရားသခင်ထံ၌ ကျေးဇူးကြွေးများစွာ တင်ဖူးသည်ကို အမြဲပင် ခံစားကြရပြီး ဘုရားသခင်ကျေနပ်စေရန် သူတို့သည် စိတ်ပိုင်းဖြတ်ကြကာ ယင်းအရာများကို ထပ်မံကြုံရချိန်တွင် ဇာတိပကတိကို ပစ်ပယ်ကြတော့၏။ ထိုအင်အားသည် သူတို့အတွင်း၌ ရှိနေသော သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ဖော်ပြနေပြီး ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သော ပုံမှန်အခြေအနေပင် ဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အမှု” မှ

၆၁။ ဘုရားသခင်သည် သူ၏အမှုတော်ကို အဖန်ဖန်မပြုလုပ်ပေ၊ လက်တွေ့မကျသောအလုပ်ကို ဘုရားသခင်မလုပ်ဆောင်ပေ၊ သူသည် လူသားကို အလွန်အကျွံ တောင်းဆိုမှုများ မပြုလုပ်သလို လူသား၏အသိစိတ်ကို ကျော်လွန်သောအလုပ်ကိုလည်း သူမလုပ်ဆောင်ပေ။ သူလုပ်သော အမှုဟူသမျှသည် လူသား၏ သာမန်အသိစိတ် အတိုင်းအတာအတွင်း၌ရှိပြီး သာမန်လူ့သဘာဝ၏ အသိစိတ်ကို မကျော်လွန်သည့်အပြင် သူ၏အမှုသည် လူသားမျိုးနွယ်၏ သာမန်လိုအပ်ချက်များနှင့်အညီ ဖြစ်သည်။ ထိုအရာက သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်လျှင်၊ လူသားသည် ပို၍ပို၍ ပုံမှန်ဖြစ်လာပြီး သူ၏လူ့သဘာဝမှာ ပို၍ပို၍ ပုံမှန်ဖြစ်လာသည်။ လူသားသည် သူ၏ဆိုးယုတ်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားနှင့် လူသား၏အနှစ်သာရတို့အပေါ် အသိပညာတိုးပွားနေပြီး သမ္မာတရားကို ပို၍ပို၍ ကြီးမားစွာ တောင့်တမှုတစ်ခု သူ၌ရှိလေသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် လူသား၏အသက်တာ ပိုမိုကြီးထွားလေလေ၊ လူသား၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပိုမိုပြောင်းလဲနိုင်စွမ်း ရှိလာလေလေဖြစ်သည်— ယင်းအရာအားလုံးသည် ဘုရားသခင်က လူ့အသက်ဖြစ်လာခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏” မှ

၆၂။ စာတန်ထံမှ မည်သည့်အမှု ရောက်လာသနည်း။ စာတန်ထံမှလာသော အမှု၌ လူတို့၏စိတ်ကူးအမြင်တို့သည် မသဲကွဲ၊ စိတ်ကူးသက်သက်ဖြစ်ကာ သာမန်လူ့သဘာ၀ မရှိပါ။ ထို့ပြင် သူတို့၏ အပြုအမူများနောက်ကွယ်ရှိ အကြောင်းရင်းများမှာ မှားယွင်း၏။ သူတို့သည် ဘုရားသခင်ကို ချစ်လိုသော်လည်း သူတို့အထဲတွင် စွပ်စွဲချက်များ အမြဲရှိနေ၏။ ပြီးလျှင် ဤစွပ်စွဲချက်များနှင့် အတွေးများသည် သူတို့အထဲ၌ အမြဲတမ်း နှောင့်ယှက်နေတတ်ပြီး သူတို့၏ ဘ၀တိုးတက်မှုကို ကန့်သတ်နေကာ ဘုရားသခင်ရှေ့၌ ပုံမှန်အခြေအနေမျိုး မရရှိရန် သူတို့ကို ဟန့်တားနေကြ၏။ တစ်နည်းအားဖြင့်ဆိုလျှင်၊ လူတို့၏အထဲတွင် စာတန်၏အမှု ရှိသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ရှေ့တွင် သူတို့၏ စိတ်နှလုံးတို့သည် ငြိမ်သက်ခြင်းမရှိနိုင်တော့ဘဲ ကိုယ့်ကိုယ်ကို မည်သို့ပြုရမည်ကိုလည်းမသိ၊ လူအစုအ၀ေးမြင်ရလျှင် သူတို့မှာ အ၀ေးသို့ထွက်ပြေးချင်ကြပြီး အခြားသူများ ဆုတောင်းစဥ် သူတို့၏မျက်လုံးများကို ပိတ်ထားရန် မတတ်နိုင်ဘဲ ရှိကြ၏။ နတ်ဆိုးများ၏အလုပ်သည်ကား လူသားနှင့် ဘုရားသခင်ကြားကပုံမှန်ဆက်ဆံရေးကို ဖျက်ဆီးပစ်တတ်ပြီး လူတို့၏ ယခင်ရူပါရုံများ သို့မဟုတ် သူတို့၏ ယခင် အသက်တာဝင်ရောက်မှုလမ်းကြောင်းကို ကမောက်မကဖြစ်စေတတ်၏။ သူတို့၏ စိတ်နှလုံးများသည် ဘုရားသခင်နှင့် ဘယ်သောခါမျှ မနီးစပ်နိုင်၊ သူတို့အပေါ် နှောင့်ယှက်မှုကိုဖြစ်ပွားစေပြီး သံခြေကျင်းခတ်သလို ချုပ်နှောင်သည့် အမှုအရာတို့သည် အစဥ်အမြဲ ဖြစ်ပျက်တတ်၏။ ထို့ပြင် သူတို့၏ နှလုံးသားများသည် ငြိမ်သက်အေးချမ်းမှုကို ရှာမတွေ့နိုင်ဘဲ သူတို့၏ ဘုရားသခင်အားချစ်ခြင်းအတွက် အင်အားမဲ့စေပြီး သူတို့၏ စိတ်ဝိညာဉ်တို့လည်း ယုတ်လျော့ကျဆင်းစေကြ၏။ ယင်းတို့သည် စာတန်အလုပ်၏ သရုပ်သကန်များ ဖြစ်ကြ၏။ စာတန်၏အမှုသည် အောက်ပါအတိုင်း ပေါ်လွင်၏၊ သင့်ရပ်တည်ချက်နှင့် သက်သေအဖြစ် မရပ်တည်နိုင်ခြင်း၊ ဘုရားသခင်ရှေ့တွင် သင်သည် အမှားရှိသောသူနှင့် ဘုရားသခင်အပေါ် သစ္စာမရှိသောသူ ဖြစ်လာစေခြင်းတို့ ဖြစ်သည်။ စာတန်၏ ကြား၀င်နှောင့်ယှက်မှု၌ ဘုရားသခင်အား ချစ်ခြင်းနှင့် သစ္စာစောင့်သိခြင်းတို့သည် သင့်အထဲ၌ ပျောက်ဆုံးရ၏။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးမှ ဖယ်ရှားပစ်ခံရ၏။ သမ္မာတရား သို့မဟုတ် သင်ကိုယ်တိုင်၏တိုးတက်ကောင်းမွန်မှုကို မီအောင်မလိုက်တော့ဘဲ သင်သည် ဆုတ်ယုတ်လာကာ မလှုပ်မယှက် ဖြစ်လာ၏။ သင်သည် ကိုယ့်ကိုယ်ကိုအလိုလိုက်၍ အပြစ်တရား တိုးချဲ့ပြန့်ပွားရေးအလို့ငှာ အထိန်းအကွပ်ဇက်ကြိုးများကို ဖြည်ချလိုက်ပြီး အပြစ်ကို မမုန်းတော့၊ ထို့ပြင် စာတန်၏ ကြား၀င်နှောင့်ယှက်မှုသည် သင့်ကို အပျော်အပါး၌ မွေ့လျော်လာစေ၏။ ယင်းသည် သင့်အတွင်း၌ ဘုရားသခင်၏ ထိတွေ့မှုကို ပျောက်ကွယ်စေပြီးလျှင် သင့်အား ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ်ဖြစ်စေပြီး ဆန့်ကျင်စေကာ၊ ဘုရားသခင်အား မေးခွန်းထုတ်ရန် သွေးဆောင်သည်၊ သင် ဘုရားသခင်ကို စွန့်ပစ်နိုင်မည့် အလားအလာပင် ရှိ၏။ ဤသည်တို့ကား စာတန်၏အမှုပင် ဖြစ်သတည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အမှု” မှ

၆၃။ မျက်မှောက်ကာလတွင် လူသားကို လှည့်ဖြားရန်အတွက် သဘာဝလွန်ဖြစ်ရပ်များအားဖြင့် လုပ်ဆောင်နေသည့် နတ်ဆိုးအချို့ ရှိသည် ၊ ယင်းသည် သူတို့အပိုင်းမှ အတုခိုးခြင်းသာဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော် လက်ရှိလုပ်ဆောင်ခြင်းမရှိသည့် အလုပ်အားဖြင့် လူသားကို လှည့်ဖြားရန်ဖြစ်သည်။ နတ်ဆိုးများစွာသည် နိမိတ်လက္ခဏာများ လုပ်ဆောင်ပြခြင်းနှင့် အနာရောဂါငြိမ်းစေခြင်းတို့ကို အတုခိုးကြသည်၊ လက်ရှိနေ့ရက်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုကဲ့သို့သောအလုပ်ကို မလုပ်ဆောင်တော့သည့်အတွက်၊ ယင်းတို့သည် နတ်ဆိုးများ၏ လုပ်ရပ်သာ ဖြစ်ကြသည်၊ ထို့ပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ထိုအချိန်မှစ၍ လိုက်လံအတုခိုးကြသူများ အားလုံးသည် ဧကန်စင်စစ် နတ်ဆိုးများ ဖြစ်ကြသည်။ ထိုအချိန်က ဣသရေလ တွင် လုပ်ဆောင်သည့် အလုပ်အားလုံးမှာ သဘာဝလွန်ဖြစ်ရပ်မှ ဖြစ်သည်။ သို့သော်၊ ယခုအချိန်တွင် သန့်ရှင်းသော ဝိညာဉ်တော်က ထိုကဲ့သို့သောနည်းဖြင့် လုပ်ဆောင်မှု မရှိတော့ဘဲ၊ ထိုကဲ့သို့သော လုပ်ဆောင်မှု ကို လိုက်လံ လုပ်ဆောင်နေသည်မှာ စာတန်နှင့် မကောင်းဆိုးဝါး ဝိညာဉ်များ၏ နှောင့်ယှက်မှုပင်ဖြစ်သည်။ သို့ရာတွင်၊ သင့်အနေဖြင့် သဘာဝလွန်ဖြစ်ရပ်များ အားလုံးသည် မကောင်းဆိုးဝါး ဝိညာဉ်များ၏ လုပ်ဆောင်မှုများ ဖြစ်သည်ဟု မပြောနိုင်ပါ။ ဤကား ဘုရားသခင် လုပ်ဆောင်မှု၏ ခေတ်အပေါ်တွင် မူတည်နေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” မှ

၆၄။ မျက်မှောက်ကာလတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြနိုင်သည့်အပြင် နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများကိုလည်း ကျန်းမာစေနိုင်ကာ၊ တန်ခိုးများကို များစွာပြနိုင်သော လူတစ်ယောက်ပေါ်လာပြီး ထိုလူက သူသည် ကြွလာခဲ့သော ယေရှုဖြစ်သည်ဟုဆိုပါလျှင် ဤသည်မှာ နတ်ဆိုးများ၏ ဟန်ဆောင်တုပမှုနှင့် ယေရှုကို လိုက်လံအတုခိုးခြင်းသာ ဖြစ်လိမ့်မည်။ ဤအချက်ကို အမှတ်ရလော့။ ဘုရားသခင်သည် ပြုပြီးသား အမှုကို ပြန်မပြုပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးမြောက်ပြီးသားဖြစ်၍ ဘုရားသခင်သည် ထိုအဆင့်ကို နောက်တစ်ကြိမ် လုံးဝထပ်လုပ်မည်မဟုတ်ပေ။...အကယ်၍ နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်အမှုများကို ဆက်ပြနေမည်၊ နတ်ဆိုးများကို ဆက်လက်နှင်ထုတ်နေမည်၊ မကျန်းမာသောသူများကို ဆက်ကျန်းမာစေမည်၊ ယေရှုလုပ်ခဲ့သမျှအတိုင်း တစ်ပုံစံတည်း ထပ်လုပ်မည်ဆိုလျှင် ဘုရားသခင်သည် တူညီသော အလုပ်တစ်ခုကို နောက်တစ်ကြိမ် ထပ်လုပ်နေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ ထိုသို့ဖြစ်လျှင် ယေရှုလုပ်ခဲ့သော အမှုသည်လည်း မည်သည့်အရေးပါမှု၊ သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် သူ့အမှု၏ အဆင့်တစ်ခုချင်းစီကို လုပ်ဆောင်လေ့ရှိသည်။ သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးသွားပြီဆိုလျှင် မကြာမီမှာပင် နတ်ဆိုးများက လိုက်တုကြသည်။ စာတန်က ဘုရားသခင် လုပ်ဆောင်သည့်အတိုင်း စလုပ်ပြီဆိုလျှင် ဘုရားသခင်သည် အခြားနည်းလမ်းကို ပြောင်းလိုက်သည်။ ဘုရားသခင်က သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးသွားသည်နှင့် နတ်ဆိုးများက လိုက်တုလေ့ရှိသည်။ ဤအရာကို သင်တို့ ရှင်းရှင်းလင်းလင်း သိဖို့လိုသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ ယနေ့ကာလ အမှုကို သိခြင်း” မှ

၆၅။ အချို့သောလူတို့သည် နတ်ဆိုးများ၏ စိုးမိုးမှုကို ခံရပြီး “ငါသည် ဘုရားဖြစ်သည်” ဟု အာပေါင်အာရင်းသန်သန် ကြွေးကြော်ကြသည်။ သို့ရာတွင် သူတို့သည် သူတို့ကိုယ်စားပြုသည့်အရာ၌ မှားယွင်းကြသည့်အတွက် အဆုံး၌ ထုတ်ဖော်ခြင်းကို ခံကြရသည်။ သူတို့သည် စာတန်ကို ကိုယ်စားပြုပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်က သူတို့ကို အလေးမထားပါ။ သင့်ကိုယ်သင် မည်မျှပင် မြင့်မားစွာ ချီးမြှောက်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှပင် စွဲစွဲမြဲမြဲ ဟစ်ကြွေးသည်ဖြစ်စေ၊ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်ဆဲဖြစ်ပြီး၊ စာတန်၏ ပိုင်ဆိုင်ခြင်းခံရသူ တစ်ဦးဖြစ်သည်။...သင်သည် အသစ်သော လမ်းကြောင်းများကို မထုတ်ဆောင်နိုင်ပါ၊ သို့မဟုတ် ဝိညာဉ်တော်ကို ကိုယ်စားမပြုနိုင်ပါ။ ဝိညာဉ်တော်၏ အလုပ်ကို၊ သို့မဟုတ် သူပြောသည့် နှုတ်ကပတ်တော်များကို သင်မဖော်ပြနိုင်ပါ။ ဘုရားသခင် ကိုယ်တော်တိုင်၏အလုပ်ကို၊ သို့မဟုတ် ဝိညာဉ်တော်၏ အလုပ်ကို သင်မလုပ်နိုင်ပါ။ ဘုရားသခင်၏ ဉာဏ်ပညာ၊ အံ့သြဖွယ်နှင့် ဉာဏ်မမီနိုင်မှုများ၊ ထို့အပြင် ဘုရားသခင်က လူသားကို ပြစ်တင်ဆုံးမသည့် စိတ်သဘောထား အလုံးစုံ စသည့်အရာအားလုံးမှာ သင်၏ ဖော်ပြနိုင်စွမ်းထက် ကျော်လွန်သည်။ သို့ဖြစ်ရာ ဘုရားသခင်ဖြစ်သည်ဟု အခိုင်အမာဆိုခြင်းက အချည်းနှီးပင် ဖြစ်လိမ့်မည်၊ သင့်တွင် နာမည်သာရှိပြီး အနှစ်သာရတစ်ခုမျှ ရှိလိမ့်မည်မဟုတ်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” မှ

၆၆။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အထဲ၌ အချိန်တိုင်းတွင် အလုပ်လုပ်နေသည်ဟု အချို့သော လူများက ပြောကြသည်။ ဤသည်မှာ မဖြစ်နိုင်ပေ။ အကယ်၍ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်မှာ ၎င်းတို့နှင့်အတူ အစဉ်အမြဲ ရှိနေသည်ဟု ပြောမည်ဆိုပါက၊ ယင်းသည် လက်တွေ့ကျပေလိမ့်မည်။ အကယ်၍ ၎င်းတို့သည် ၎င်းတို့၏ တွေးခေါ်ခြင်းနှင့် အသိစိတ်တို့သည် အချိန်တိုင်း ပုံမှန်ဖြစ်နေသည်ဟု ပြောမည်ဆိုပါက၊ ယင်းသည်လည်း လက်တွေ့ကျနေမည်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ ရှိနေကြောင်းကို ပြသနေပေလိမ့်မည်။ အကယ်၍ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့အတွင်း၌ အစဉ်အမြဲ အလုပ်လုပ်နေသည်ဟု သူတို့ပြောပြီး၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို တစ်ချိန်လုံး ခံစားနေရသည်ဟု သူတို့ပြောကာ၊ အချိန်တိုင်းတွင် အသစ်သော အသိပညာရရှိသည်ဟု ပြောမည်ဆိုပါက၊ ဤသည်မှာ ပုံမှန်မဟုတ်ချေ။ ဤသည်မှာ အလွန့်အလွန် သဘာဝလွန်သောအရာဖြစ်သည်။ ယင်းသို့သောလူများသည် ဆိုးညစ်သော ဝိညာဉ်များ ဖြစ်ကြသည်မှာ သံသယဖြစ်စရာ မလိုချေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည်ပင်လျှင် လူ့ဇာတိထဲသို့ ဆင်းကြွလာသောအခါတွင် သူစားသောက်ရမည့် အချိန်များနှင့် အနားယူရမည့် အချိန်များ ရှိပေသည်၊ လူသားကို မဆိုနှင့်ဦးတော့။ နတ်ဆိုးစွဲသောသူများသည် စိတ်ခံစားမှုနှင့် ဇာတိပကတိ၏ အားနည်းချက်တို့ မရှိသည့်ပုံပေါက်လေသည်။ ၎င်းတို့သည် အရာခပ်သိမ်းကို စွန့်ပစ်ရန် တတ်စွမ်းနိုင်ပြီး၊ ၎င်းတို့သည် ညှဉ်းဆဲခြင်းကို ကြံ့ကြံ့ခံခြင်းငှာ တတ်စွမ်းနိုင်ပြီးလျှင်၊ မောပန်းနွမ်းနယ်ခြင်းကို စိုးစဉ်းမျှပင် မခံစားရဘဲရှိသည်မှာ ၎င်းတို့သည် ဇာတိပကတိကို လွန်မြောက်သွားသည့်အလားပင် ဖြစ်သည်။ ဤသည်မှာ အလွန့်အလွန်မှပင် သဘာဝလွန်သောအရာ ဖြစ်သည်မဟုတ်လော။ နတ်ဆိုး၏ အလုပ်သည် သဘာဝလွန်ဖြစ်ပြီး ဤအရာများကို လူသားမှ ကြိုးပမ်းရရှိနိုင်ခြင်း မရှိချေ။ ထိုးထွင်းသိမြင်မှုကင်းမဲ့သောသူများကမူ ယင်းသို့သောလူများကို မြင်သည့်အခါ အားကျကြကာ၊ ထိုသူတို့သည် ဘုရားသခင်အား ယုံကြည်ခြင်း၌ ထိုသို့သောအားမာန်ရှိပြီး သူတို့တွင် ကြီးမားသောယုံကြည်မှုရှိသဖြင့် သူတို့သည် မည်သည့်အခါမျှ အားနည်းခြင်းမရှိကြပါဟု ပြောဆိုကြသည်။ စင်စစ်တွင်မူ ဤသည်မှာ နတ်ဆိုးအလုပ်၏ သရုပ်သကန်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သာမန်လူတို့တွင် မလွဲဧကန်ပင် လူသား၏ အားနည်းချက်များ ရှိကြသောကြောင့် ဖြစ်သည်၊ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် ရှိသောသူများ၏ ပုံမှန်အခြေအနေ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၄)” မှ

၆၇။ လူသားသည် ဘုရားသခင်အကြောင်း နားလည်မှုအချို့ ရှိသောအခါ သူ့အတွက် ဒုက္ခခံရန်နှင့် သူ့အတွက် အသက်ရှင်ရန် ဆန္ဒရှိလာသည်။ သို့သော်လည်း စာတန်သည် လူသားအတွင်းရှိ အားနည်းချက်များကို ချုပ်ကိုင်ထားနေဆဲဖြစ်၍ သူတို့အား ဒုက္ခခံစားစေနိုင်ဆဲ ဖြစ်၏။ နတ်ဆိုးတို့သည် လူတို့ကို နှောင့်ယှက်ရန်၊ စိတ်ဇဝေဇဝါ ဖြစ်စေ၍ အသိစိတ်ကင်းမဲ့သွားစေပြီး စိတ်ဝေဒနာခံစားကာ အရာခပ်သိမ်း၌ နှောင့်ယှက်မှုခံရရန် သူတို့အတွင်း၌ လုပ်ကိုင်နိုင်ဆဲဖြစ်၏။ လူသား၏အတွင်း၌ စာတန်က ချုပ်ကိုင်နိုင်သော၊ သို့မဟုတ် ကြိုးကိုင်ညွှန်ကြားနိုင်သော စိတ်ပိုင်းဆိုင်ရာ၊ သို့မဟုတ် စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ အရာတချို့ ရှိနေသေး၏။ ဤအကြောင်းကြောင့် သင်၌ ရောဂါဘယများ၊ ဒုက္ခများရှိနိုင်၍ မိမိကိုယ်ကို သေကြောင်းကြံလိုစိတ်ရှိကာ ရံဖန်ရံခါ လောက၏ အနိဋ္ဌာရုံကိုလည်း ခံစားခြင်း၊ သို့မဟုတ် ဘဝ၌ အဓိပ္ပာယ်ကင်းမဲ့သည်ဟု ခံစားခြင်းတို့ ရှိနိုင်ခြင်းဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် ဤဒုက္ခခံစားမှုသည် စာတန်၏ ထိန်းချုပ်အုပ်စိုးမှုအောက်၌ ရှိနေသေး၏၊ ယင်းသည် လူသား၏ သေနိုင်လောက်သော အားနည်းချက်များထဲမှ တစ်ခုဖြစ်၏။ စာတန်သည် သူဖျက်ဆီး၍ နင်းခြေခဲ့ပြီးသော ထိုအရာများကို အသုံးပြုနိုင်ဆဲဖြစ်၏၊ ယင်းတို့မှာ လူသားများကိုဆန့်ကျင်၍ စာတန်အသုံးပြုနိုင်သော လက်နက်များပင်ဖြစ်၏။...နတ်ဆိုးများသည် သူတို့၏အလုပ်ကို လုပ်ကိုင်နိုင်ရန် အခွင့်အရေးမှန်သမျှကို လက်မလွှတ်တမ်း အသုံးချကြသည်။ သူတို့သည် သင်၏အတွင်းထဲမှ ပြောနိုင်ကြ၏၊ သို့မဟုတ် သင်၏နားထဲသို့ တီးတိုးပြောနိုင်ကြသည်၊ သို့မဟုတ်ပါက သူတို့သည် သင်၏အတွေးများနှင့် သင်၏စိတ်ကို ကစဉ့်ကလျား ဖြစ်စေနိုင်သည်၊ ထို့ပြင် သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လှုပ်ရှားခြင်းကို မခံစားနိုင်စေရန်အလို့ငှာ သူတို့က ယင်းကို ဖုံးဖိထားနိုင်သည်၊ ထို့နောက် သူတို့သည် သင့်ကို စတင်နှောင့်ယှက်ကာ၊ သင်၏အတွေးအခေါ်ကို ရှုပ်ထွေးစေခြင်း၊ သင်၏ဦးနှောက်ကို ကြောင်တောင်တောင် ဖြစ်စေခြင်း၊ သင့်ကို ဂနာမငြိမ် ဖြစ်စေပြီး စိတ်ထိခိုက်ခြင်းတို့ ဖြစ်စေသည်။ ယင်းမှာ လူသားအပေါ် နတ်ဆိုးများပြုသော အလုပ်ပင်ဖြစ်ပြီး ယင်းကို သင်ထိုးထွင်းသိမြင်မှု မရှိပါက သင့်ကိုသင် ကြီးမားသောအန္တရာယ်ထဲ ရောက်စေလိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လောကကြီး၏ နာကျင်မှုကို ဘုရားသခင် တွေ့ကြုံခြင်း၏ အဓိပ္ပါယ်” မှ

၆၈။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်သည် လက်ဦးမှုရယူသော တိုးတက်မှုပင်ဖြစ်၏။ ထိုအတောအတွင်း စာတန်၏အလုပ်မှာ ယခင်ဘ၀သို့ပြန်ရောက်စေခြင်းနှင့် အပြုခံရခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဘုရားသခင်ကို မနာခံခြင်း၊ ဘုရားသခင်ကိုဆန့်ကျင်ခြင်း၊ ဘုရားသခင်အပေါ် ယုံကြည်မှုပျက်ပြားခြင်းနှင့် ဓမ္မတေးများပင်မဆိုချင်၊ မထချင်၊ မကချင်တို့အထိ ဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုမှ ရောက်လာသောအရာ တို့မှာမူကား သင့်ကို အတင်းအကျပ် စေခိုင်းလိမ့်မည်မဟုတ်ပဲ အထူးသဖြင့် သဘာ၀အတိုင်းသာဖြစ်ပေ၏။ အကယ်၍သင်သည် လိုက်လျှောက်မည်ဆိုလျှင် သမ္မာတရားကို ရနိုင်ပါလိမ့်မည်။ အကယ်၍ မလိုက်လျှောက် နိုင်လျှင် ပြစ်တင်ရှုတ်ချမှုကို ခံရပေလိမ့်မည်။ အကယ်၍ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းပေးမှု ဆိုပါက နှောက်ယှက်ခံရခြင်း (သို့) အတင်းအဓမ္မ အပြုခံရခြင်းတို့ ဖြစ်လာလိမ့်မည်မဟုတ်။ သင်သည် လွတ်ငြိမ်းမှု၊ လွတ်မြောက်မှုကို တည်ဆောက်နိုင်လိမ့်မည်။ သင့်အပြုအမူကို ကျင့်သုံးရန် လမ်းတစ်လမ်း ရှိလိမ့်မည်။ နောက်ပြီး တစ်စုံတရာသောအတားအဆီးများကို သင်သည်ပမာဏပြုလိမ့်မည်မဟုတ်။ ပြီးနောက် ဘုရားသခင်၏ အလိုတော်အတိုင်း ပြုမူနိုင်ပေလိမ့်မည်။ စာတန်၏အလုပ်တွင် သင့်ကို အနှောက်အယှက်ပေးမည့် အရာများစွာ ပါသည်။ ယင်းတို့က သင့်ကို ဆုမတောင်းချင်အောင် လုပ်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှု စားသောက်ခြင်း မပြုနိုင်ရန် အလွန်ပျင်းရိစေလိမ့်မည်။ အသင်းတော်နှင့် ရှင်သန်သောဘ၀ကို မလိုလားစေတော့ပဲ သင့်ဝိညာဉ်ရေးရာအသက်တာကိုလည်း မသိကျိုးကျွန်ပြုလာစေပါသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်သည် သင့်နေ့စဥ်ဘ၀ကို ၀င်ရောက်နှောက်ယှက်မှုမရှိပေ။ ယုံကြည်မှုဝိညာဉ်သို့ ၀င်ရောက်ခြင်း ကိုလည်း ဟန့်တားနှောက်ယှက်မှုမရှိ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အမှု” မှ

၆၉။ သင့်နေ့စဥ်ဘ၀တွင် တစ်စုံတစ်ရာ ဖြစ်ပျက်လာသောအခါတွင် မည်သည်က သန့်ရှင်းသော ဝိညာဉ်တော် ၏ အမှု၊ မည်သည်က စာတန်၏ အမှုအဖြစ် ရောက်လာကြောင်းကို သင်သည် မည်ကဲ့သို့ ခွဲခြား၍ သိမှတ်မည် နည်း။ လူတို့၏ အခြေအနေများသည် ပုံမှန်ဖြစ်နေစဥ်၊ ဇာတိပကတိထဲရှိ သူတို့၏ ဝိညာဉ်ရေးရာ အသက်တာ များသည် ပုံမှန်ဖြစ်နေပြီး၊ သူတို့၏ ကျိုးကြောင်း ဆင်ခြင်တုံတရား သည်လည်း ပုံမှန်၊ အစီစဥ်တကျဖြစ်နေသည်။ ယေဘုယျပြောရလျှင် ထိုအချိန်တွင် သူတို့အတွင်း၌ တွေ့ကြုံခံစားနေရသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ထိတွေ့လျက်ရှိခြင်း ဖြစ်လာကြောင်းကို (ဘုရားသခင်၏ နှုတ်ကပတ်များကို သူတို့စားသောက်စဥ်တွင် ထိုးထွင်း သိမြင်သော ဉာဏ်ရှိခြင်း သို့မဟုတ် တိမ်သော အသိပညာကို ပိုင်ဆိုင်ခြင်း၊ သို့မဟုတ် သူတို့၌ကိစ္စရပ်များ ဖြစ်လာ သောအခါ သစ္စာရှိခြင်း၊ သို့မဟုတ် ကိစ္စရပ်များ ဖြစ်လာသောအခါ ဘုရားသခင်ကို ချစ်ရန် ခွန်အားရှိခြင်း— ဤအရာ အားလုံးသည် သန့်ရှင်းသော ဝိညာဥ်တော်ထံမှ ဖြစ်သည်) တွေ့ကြုံလျက် သူတို့ဘာသာသိလာ၍ ပြော လာနိုင်ပါသည်။ လူအတွင်းရှိ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်လုပ်ခြင်းမှာ အထူးသဖြင့် ပုံမှန်ပင်ဖြစ်၏။ လူသည် ယင်းကို ခံစားနိုင်မှုမရှိပဲ လူကိုယ်တိုင်အားဖြင့် ဖြစ်လာသည်ဟုထင်ရ၏၊ သို့သော် အမှန်မှာ ယင်းကပင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းပင် ဖြစ်ချေ၏။ နေ့စဥ်ဘ၀တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် လူတိုင်းအပေါ်တွင် အမှုအကြီးကော၊ အသေးပါ လုပ်ဆောင်လျက် ရှိနေချေ၏။ အမှုတော်၏ အတိုင်းအတာ၊ အနိမ့်အမြင့်သာ ကွာခြားသွားခြင်း ဖြစ်သည်။ တစ်ချို့လူတွေသည် အစွမ်းအစကောင်းတွေ ရှိကြ၏။ သူတို့သည် အကြောင်းကိစ္စများကို လျှင်မြန်စွာ နားလည်တတ်ကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း သည် ထိုသူတို့အထဲ အထူးသဖြင့် ကြီးစွာ အလုပ်လုပ်၏။ တစ်ချို့လူတို့မှာ အစွမ်းအစအားနည်းကြ၏။ ထိုကြောင့် အကြောင်းကိစ္စများကို နားလည်ရန် သာ၍ ကြာတတ်ကြ၏။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့၏ အတွင်းတွင်လည်း ထိတွေ့သဖြင့် သူတို့သည် ဘုရားသခင်အပေါ် သစ္စာရှိမှု၌ အောင်မြင်မှုကို ရနိုင်ကြပေ၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်၏နောက်သို့ လိုက်လျှောက်သူတိုင်းတို့ အပေါ်တွင် အလုပ်လုပ် လျက်ရှိ၏။ နေ့စဥ် အသက်တာ အချိန်များတွင် လူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်း သို့မဟုတ် ပုန်ကန်ခြင်း များ မပြုကြလျှင်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအောက်တွင် ထူးခြားမှုရှိသော ကိစ္စများကို မပြုကြလျှင်၊ ဘုရားသခင် ၏ အမှုကိုလည်း ၀င်ရောက်၍ မနှောင့်ယှက်ကြလျှင်၊ သူတို့တစ်ယောက်စီအတွင်း၌ ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် ပမာဏ အနည်းနှင့်အများ၊ ရှိနေ၍ သူတို့ကို တို့ထိလျက်၊ ဉာဏ်အလင်းပေးလျက်၊ ယုံကြည်ခြင်းနှင့် ခွန်အားကိုပေးလျက် ရှိနေပါသည်။ ပြီးလျှင် သူတို့အား လက်ဦးမှုရယူကာ ဝင်ရောက်လာစေရန် လုပ်ဆောင်ခွင့် ပေး၏။ သူတို့၌ ဇာတိပကတိ၏ ပျော်ပါးမှုများကို တပ်မက်ခြင်း သို့မဟုတ် ပျင်းရိခြင်းမရှိပဲ၊ သမ္မာတရားကို လက်တွေ့ကျင့်သုံးရန် ဆန္ဒရှိကြကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆာငတ်ကြ၏။ ဤအမှုအရာများ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ထံမှ ရောက်ရှိလာကြ၏။

လူတို့၏ အခြေအနေသည် ပုံမှန်မဟုတ်သည့်အခါ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်မှုကို ခံကြရပြီတည်း၊ သူတို့အတွင်း၌ စိတ်တိုညည်းတွားခြင်းနှင့် သူတို့၏ စေ့ဆော်မှုများက မှားယွင်းလာသည်၊ ပျင်းရိ လာသည်၊ ဇာတိပကတိကို သူတို့ အလိုလိုက်လာကြသည်၊ ပြီးလျှင် သူတို့၏ နှလုံးသားများက သမ္မာတရားကို ပုန်ကန်လာကြ၏။ ထိုအရာများ အားလုံးသည် စာတန်ထံမှ လာကြ၏။ လူတို့၏ အခြေအနေမှာ ပုံမှန် မဟုတ်သော အခါတွင်၊ သူတို့၏ အတွင်း၌ အ၀ိဇ္ဇာအမှောင်ဖုံးလျက် သူတို့၏ ပုံမှန်ဆင်ခြင်တုံတရားတို့ ပျောက်ဆုံးသွားသည့် အခါ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်မှုကိုခံကြရပြီး၊ သူတို့အတွင်း၌ ဘုရားသခင်ကို အာရုံခံစားနိုင်မှု မရှိတော့ ချေ။ ယင်းသည်ကား သူတို့အတွင်း၌ စာတန် အလုပ်လုပ်သောအခါတွင် ဖြစ်သတည်း။ အကယ်၍ လူတို့သည် အစဥ်သဖြင့် ဘုရားသခင်ကို ချစ်ပြီး အတွင်း၌ ခွန်အားရှိကြလျှင်၊ ယေဘုဘျအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော် ထံမှလာသော အကြောင်းကိစ္စများသည် သူတို့၌ ဖြစ်နေသောအခါ သူတို့တွေ့ကြုံနေရသော အရာများမှာ ဘုရားသခင်၏ စီစဥ်ပေးမှု အကျိုးရလဒ်တို့ပင် ဖြစ်ပေ၏။ ယင်းကိုပြောရလျှင် သင်၏ အခြေအနေများသည် ပုံမှန်ဖြစ်နေသောအခါ၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ကြီးမြတ်သော အမှုထဲတွင် ရှိနေသောအခါတွင် သင့်ကို စာတန်က ယိမ်းယိုင်အောင် ပြုလုပ်ရန်မှာ မဖြစ်နိုင်ပါ။ သန့်ရှင်းသော ဝိညာဉ်တော်တည်းဟူသော အခြေခံ အုတ်မြစ်ပေါ်မှ အရာရာတိုင်း ရောက်လာသည်ဟု ပြောနိုင်ပါသည်။ သင်၌ မမှန်သောအတွေးများ ရှိနိုင်သော် လည်း သင်သည် ယင်းတို့ကို စွန့်ပစ်နိုင်ပါသည်၊ ယင်းတို့နောက်ကိုမလိုက်ပဲ နေနိုင်ပါသည်။ ဤအရာအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုမှလာသည်။ မည်သည့်အခြေအနေတွင် စာတန်သည် ၀င်ရောက်၍ နှောင့်ယှက် နိုင်သနည်း။ သင်၏ အခြေအနေသည် ပုံမှန်မဟုတ်သောအခါ၊ ဘုရားသခင်၏ ထိတွေ့မှု မရရှိသောအခါနှင့် ဘုရားသခင်၏ အလုပ် သင့်၌ မရှိသောအခါတွင် သင့်အတွင်း၌ ခြောက်သွေ့၍ အသီးမသီးသောအခါ၊ ဘုရားသခင် ထံ ဆုတောင်းသော်လည်း လက်ဆုပ်လက်ကိုင် ဘာမှမရသောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်သော အခါတွင်လည်း ဉာဏ်အလင်းရခြင်း သို့မဟုတ် အလင်းပေးခံရခြင်းများ မရှိသော အချိန်အခါ မျိုးတို့တွင် သင့်အတွင်း၌ စာတန်သည် ၀င်ရောက်၍ အလုပ်လုပ်ရန် လွယ်ကူပေ၏။ တစ်နည်းဆိုရသော် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပယ်ခြင်းခံရပြီး ဘုရားသခင်ကိုလည်း သင်အာရုံမခံစားနိုင်တော့သော အခါတွင် စာတန်၏ အပြစ်သွေးဆောင်ခြင်းမှ ကိစ္စများမြောင်တို့သည် သင်၌ ဖြစ်ပျက်လာပေမည်။ စာတန်သည် သန့်ရှင်းသော ဝိညာဉ်တော်က အမှုဆောင်နေသည်နှင့် တစ်ချိန်တည်းတွင် အလုပ်လုပ်နေပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်က လူ၏အတွင်းကို တို့ထိနေသည်နှင့် တစ်ချိန်တည်းတွင် ၀င်ရောက်နှောင့်ယှက်သည်။ သို့သော် ထိုအချိန်တို့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုက ဦးဆောင်နေသည့် အနေအထားဖြစ်ပါ၏။ ပြီးနောက် မိမိတို့၏ အခြေအနေများ ပုံမှန်ဖြစ်နေသော သူတို့မှာ အောင်နိုင်မှုရနိုင်ပါသည်။ ယင်းသည်ကား သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုက စာတန်၏အမှုကို အောင်နိုင်မှုပြုခြင်းပင်တည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် အမှုပြု နေသည့်အခါ စာတန်က အမှု အနည်းငယ်သာ ပြုနိုင်ပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်က အမှုပြုနေစဥ် လူတို့ အတွင်း၌ မနာခံတတ်သော စိတ်သဘောထားများ ရှိနေကြဆဲဖြစ်၏။ ယင်းတို့သည် သူတို့၌ မူလကတည်းက ရှိနေခြင်းဖြစ်ပြီး သူတို့၌ ရှိနေဆဲဖြစ်၏။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအားဖြင့် လူတို့သည် သူတို့ အတွက် မရှိမဖြစ် အရေးပါသော အရာများနှင့် သူတို့၏ ဘုရားသခင်ကို ပုန်ကန်တတ်သော စိတ်သဘာထားကို လွယ်ကူစွာ သိရှိလာနိုင်ပါသည်။ ထိုအရာမှ လွတ်မြောက်ရန်မူ မိမိကိုယ်တိုင် ဖြည်းဖြည်းချင်း လုပ်ယူမှ ရပါမည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် အထူးသဖြင့် ပုံမှန်ဖြစ်၏။ သူက လူတို့အတွင်း၌ အမှုပြုနေသည့်တိုင် သူတို့သည် ဒုက္ခများ ရှိနေကြဆဲပင်။ သူတို့သည် ငိုနေရဆဲ၊ ဒုက္ခခံနေရဆဲ၊ အားနည်းနေကြဆဲပင် ဖြစ်၏။ သူတို့၌ မရှင်းလင်းသောအရာ များစွာရှိနေကြဆဲပင်။ ထိုအခြေအနေ ဖြစ်နေသည့်တိုင် သူတို့သည် နောက်ပြန် လဲကျမှုမရှိရန် ရန်တန့်နိုင်ကြပေသည်။ ဘုရားသခင်ကို ချစ်နိုင်ကြ ပေသည်။ သူတို့အတွင်းတွင် ဆင်းရဲ ဒုက္ခဖြင့် ငိုကြွေးနေရသော်လည်း သူတို့သည် ဘုရားသခင်အား ချီးမွမ်းနိုင်ကြဆဲပင် ဖြစ်၏။ သန့်ရှင်းသော ဝိညာဥ်တော်၏ အမှုကား အထူးသဖြင့် ပုံမှန်ပင်ဖြစ်၏။ သဘာ၀လွန်မှုမျိုး စိုးစဥ်းမျှပင် မရှိပါချေ။ လူအများ ယုံကြည်သည်မှာ သန့်ရှင်းသော ဝိညာဉ်တော်က အလုပ်စတင်လုပ်သည်နှင့် လူတို့၏အခြေအနေသည် ပြောင်းလဲမှု ဖြစ်ပွားကာ သူတို့၏ အခြေခံအရာများ အဖယ်ခံရမည် ဟူ၍ဖြစ်၏။ ထိုယုံကြည်မှုသည် ယုတ္တိအမှား ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်က လူ၏အထဲတွင် အလုပ်လုပ်သောအခါ လူကို ဖိစီးနေသော အရာများသည် ဆက်လက် ရှိနေမည် ဖြစ်ပြီး လူ၏ ဝိညာဥ်အသက်တာသည် တူညီစွာရှိနေဦးမည်။ သို့သော် သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းရခြင်းနှင့် အလင်းပေးခြင်းများ ရရှိနေလေပြီ။ ထို့ကြောင့်ပင် သူ၏အခြေအနေသည် ပို၍ လက်ဦးမှုရယူတတ်လာပြီး၊ သူ့အတွင်းရှိ အခြေအနေတို့မှာမူ ပုံမှန်ပင်ဖြစ်၍ သူသည် လျှင်မြန်စွာဖြင့် ပြောင်းလဲနေ၏။ လူတို့၏ စစ်မှန်သော အတွေ့အကြုံများထဲတွင် အခြေခံအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော် သို့မဟုတ် စာတန်၏ အမှုများ ကို ခံစားကြရ၏။ သူတို့သည် ထိုအခြေအနေများကို ထိန်းမထားနိုင်ခဲ့လျှင်၊ ကွဲခြားခြင်းမရှိခဲ့ ပါလျှင် သူတို့အတွက် စစ်မှန်သော အတွေ့အကြုံများ မဖြစ်နိုင်တော့ပေ။ သူတို့၏ စိတ်သဘာထားမှာ ဘာမှ ပြောင်းလဲမှု ရှိလာမည် မဟုတ်ဟု ပြောရပေမည်။ ဤသို့ဖြင့် ဘုရားသခင်၏အမှုကို တွေ့ကြုံခံစားခြင်း၏ သော့ချက်မှာ ယင်းအရာများကို ဖောက်ထွင်း၍ မြင်နိုင်ခြင်းဖြစ်သည်။ ထိုနည်းအားဖြင့် ၎င်းသည် သူတို့အတွက် တွေ့ကြုံခံစားရရန် သာ၍ လွယ်ကူစေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အမှု” မှ

ယခင်က:(၄) ဘုရားသခင်၏အမှုတော်နှင့် လူ၏အလုပ်ကြား ခြားနားချက်နှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ

နောက်တစ်ခုသို့:(၆) သင်ကိုယ်တိုင်၏ စာတန်ဆန်သော စိတ်သဘောထားနှင့် သဘာဝတို့ကို မည်သို့မည်ပုံနားလည်ရန်နှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ