အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၂၈။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နှင့် နတ်ဆိုးများ၏ လုပ်ဆောင်ချက်တို့ကြား ခြားနားချက်များမှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

မည်သည့်အရာတို့သည် ဘုရားသခင်ထံမှ အရင်းခံပြီး၊ မည်သည့်အရာတို့သည် စာတန်ထံမှ အရင်းခံဖြစ်ပေါ်သည်ကို သင်သည် နားလည်ရမည်။ ဘုရားသခင်ထံမှ အရင်းခံသောအရာများသည် သင့်အား ရူပါရုံများအပေါ် ပို၍ပင် ရှင်းလင်းလာစေပြီး၊ ညီအစ်ကိုမောင်နှမတို့နှင့်အတူ ချစ်ခြင်းမေတ္တာကို ထက်သန်စွာမျှဝေလျက်၊ ဘုရားသခင်နှင့် ပို၍ပို၍ နီးကပ်ခြင်းကို ဖြစ်စေ၏။ သင်သည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အရေးထားကြောင်း ပြသနိုင်ပြီး၊ ဘုရားသခင်ကို ချစ်သော သင်၏နှလုံးသားသည် မလျော့နည်းသွားပေ၊ သင်လျှောက်လှမ်းရန် လမ်းတစ်ခုက ရှေ့တွင်ရှိနေသည်။ စာတန်ထံမှ အရင်းခံသောအရာများမှာမူ သင့်အား ရူပါရုံများကို ဆုံးရှုံးစေပြီး၊ သင့်ထံတွင် ယခင်က ရှိခဲ့သည်များအားလုံးမှာ ပျောက်ဆုံးကုန်၏။ သင်သည် ဘုရားသခင်နှင့် ခပ်တန်းတန်းဖြစ်လာကာ၊ သင့်ထံတွင် ညီအစ်ကိုမောင်နှမများအပေါ် ချစ်ခြင်းမေတ္တာလည်း မရှိတော့ဘဲ၊ မနှစ်သက်ဖွယ်ရာ နှလုံးသားတစ်ခုသာ ရှိနေ၏။ သင်သည် လုံးဝမျှောင်လင့်ချက်မဲ့လာကာ၊ အသင်းတော်အသက်တာ၌ ဆက်၍ မရှင်သန်ချင်တော့ဘဲ၊ ဘုရားသခင်ကို ချစ်သော သင်၏နှလုံးသားသည်လည်း မရှိတော့ပေ။ ဤသည်မှာ စာတန်၏ လုပ်ဆောင်မှုဖြစ်ပြီး၊ ဆိုးယုတ်သောဝိညာဉ်များကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်လည်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၂” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ဘုရားသခင်သည် သူ၏အမှုတော်ကို အဖန်ဖန်မပြုလုပ်ပေ၊ လက်တွေ့မကျသောအလုပ်ကို ဘုရားသခင်မလုပ်ဆောင်ပေ၊ သူသည် လူသားကို အလွန်အကျွံ တောင်းဆိုမှုများ မပြုလုပ်သလို လူသား၏အသိစိတ်ကို ကျော်လွန်သောအလုပ်ကိုလည်း သူမလုပ်ဆောင်ပေ။ သူလုပ်သော အမှုဟူသမျှသည် လူသား၏ သာမန်အသိစိတ် အတိုင်းအတာအတွင်း၌ရှိပြီး သာမန်လူ့သဘာဝ၏ အသိစိတ်ကို မကျော်လွန်သည့်အပြင် သူ၏အမှုသည် လူသားမျိုးနွယ်၏ သာမန်လိုအပ်ချက်များနှင့်အညီ ဖြစ်သည်။ ထိုအရာက သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်လျှင်၊ လူသားသည် ပို၍ပို၍ ပုံမှန်ဖြစ်လာပြီး သူ၏လူ့သဘာဝမှာ ပို၍ပို၍ ပုံမှန်ဖြစ်လာသည်။ လူသားသည် သူ၏ဆိုးယုတ်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားနှင့် လူသား၏အနှစ်သာရတို့အပေါ် အသိပညာတိုးပွားနေပြီး သမ္မာတရားကို ပို၍ပို၍ ကြီးမားစွာ တောင့်တမှုတစ်ခု သူ၌ရှိလေသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် လူသား၏အသက်တာ ပိုမိုကြီးထွားလေလေ၊ လူသား၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပိုမိုပြောင်းလဲနိုင်စွမ်း ရှိလာလေလေဖြစ်သည်— ယင်းအရာအားလုံးသည် ဘုရားသခင်က လူ့အသက်ဖြစ်လာခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ အကယ်၍ လမ်းတစ်ခုက လူသား၏အနှစ်သာရဖြစ်သော ထိုအရာများကို ထုတ်ဖော်နိုင်စွမ်းမရှိလျှင်၊ လူသား၏ စိတ်သဘောထားကို ပြောင်းလဲနိုင်စွမ်းမရှိလျှင်၊ ထို့အပြင်၊ ဘုရားသခင်ရှေ့မှောက်သို့ သူ့ကို ခေါ်ဆောင်လာနိုင်စွမ်းမရှိလျှင်၊ သို့မဟုတ် ဘုရားသခင်နှင့်ပတ်သက်၍ စစ်မှန်သော သဘောပေါက်နားလည်မှုကို သူ့အား မပေးနိုင်လျှင်၊ ထို့အပြင် သူ၏လူ့သဘာဝကို ပို၍ပင် နိမ့်ကျစေပြီး သူ၏အသိစိတ်ကို ပို၍ဖောက်ပြန်စေလျှင်၊ ဤလမ်းမှာ စစ်မှန်သောလမ်း မဟုတ်ပေ၊ ယင်းမှာ နတ်ဆိုးတစ်ကောင်၏ အလုပ်၊ သို့မဟုတ် လမ်းဟောင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ တိုတိုပြောရလျှင်၊ ယင်းမှာ သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်အလုပ်မဖြစ်နိုင်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏” မှ

သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် လက်ဦးမှုရယူသောလမ်းညွှန်ခြင်းနှင့် အပြုသဘော ဉာဏ်အလင်းဖွင့်ပြခြင်း ပုံစံဖြစ်သည်။ ယင်းက လူတို့ကို အပြုခံရသောဖက်သို့ ရောက်စေရန် ခွင့်မပြုပေ။ ယင်းက လူတို့ကို စိတ်သက်သာမှုကို ဆောင်ကျဥ်းပေးကာ ယုံကြည်မှုနှင့် သန္နိဋ္ဌာန်ကို ပေးလျက် ဘုရားသခင်၏ စုံလင်အောင်ပြုလုပ်ခံရခြင်းကို မီအောင်လိုက်ရန် သူတို့အား တတ်နိုင်စေသည်။ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သောအခါ၊ လူတို့သည် တက်တက်ကြွကြွဖြင့် ၀င်ရောက်လာနိုင်သည်၊ မတုန်မလှုပ် သို့မဟုတ် အတင်းအကျပ်ပြုမခံရဘဲ၊ လက်ဦးမှုရယူလာကြသည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သောအခါ လူတို့သည် ၀မ်းမြောက်၍ လိုလိုလားလား ရှိလာကြသည်၊ သူတို့သည် နာခံရန် အလိုရှိလာ၍ မိမိကိုယ်ကို ၀မ်းမြောက်စွာ နှိမ့်ချတတ်လာကြသည်၊ သူတို့သည် အတွင်း၌ နာကျင်၍ ကြေကွဲလွယ်သော်လည်း ပူးပေါင်းလုပ်ဆောင်ရန် သန္နိဋ္ဌာန်ထားပြီး၊ ဝမ်းမြောက်စွာပင် ဝေဒနာ ခံစားကြသည်၊ သူတို့သည် နာခံနိုင်၍၊ သူတို့သည် လူ့အလိုအားဖြင့် စွန်းထင်းခံရခြင်း မရှိ၊ လူ့စိတ်ကူးအားဖြင့် စွန်းထင်းခံရခြင်း မရှိ၊ အမှန်ပင် လူ့ဆန္ဒများနှင့် လှုံဆော်တိုက်တွန်းမှုများ၏ စွန်းထင်းခံရခြင်းလည်း မရှိပေ။ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို တွေ့ကြုံရသောအခါ အထူးသဖြင့် သူတို့အတွင်း၌ သန့်ရှင်းလာကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ပိုင်ဆိုင်ရသော သူတို့သည် ဘုရားသခင်အားချစ်ခြင်း၊ သူတို့၏ ညီအစ်ကို မောင်နှမများအား ချစ်ခြင်း၊ ဘုရားသခင်အား ပျော်ရွှင်စေသည့် အရာများ၌ ဝမ်းမြောက်ပျော်ရွှင်ခြင်းနှင့် ဘုရားသခင် ရွံရှာသည့်အရာများကိုလည်း ရွံရှာခြင်းအားဖြင့် အသက်ရှင်နေထိုင်တတ်ကြ၏။ သန့်ရှင်းသောဝိညာဉ်တော်အမှု၏ ထိတွေ့ခြင်းခံရသောလူတို့၌ သာမန်လူ့သဘာဝရှိကြ၏၊ ထို့ပြင် သူတို့သည် သမ္မာတရားကို အဆက်မပြတ် လေ့လာလိုက်စားကြပြီး လူ့သဘာဝလည်း ပိုင်ဆိုင်ထားကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့အတွင်း၌ အလုပ်လုပ်သောအခါ သူတို့၏ အခြေအနေများသည် သာ၍သာ၍ ကောင်းလာကြပြီးလျှင် သူတို့၏ လူ့သဘာ၀သည် ပို၍ပို၍ ပုံမှန်ဖြစ်လာကြ၏။ သူတို့၏ ပူးပေါင်းလုပ်ဆောင်မှုအချို့သည် မိုက်မဲကောင်း မိုက်မဲနိုင်သော်လည်း သူတို့၏ စိတ်အားထက်သန်မှုသည် မှန်ကန်၏၊ သူတို့၏၀င်ရောက်မှုသည် အပြုသဘောဆောင်၏၊ သူတို့သည် ကြား၀င်မနှောင့်ယှက်တတ်၊ သူတို့အထဲ၌ ယုတ်မာမှုလည်း မရှိပေ။ သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်သည် ပုံမှန်ဖြစ်ပြီး အမှန်တကယ်ဖြစ်သည်။ သန့်ရှင်းသောဝိညာဥ်တော်သည် သာမန်လူသားဘ၀၏ စည်းမျဥ်းများနှင့်အညီ လူ့အတွင်း၌ အလုပ်လုပ်သည်။ ထို့ပြင် သူသည် သာမန်လူတို့၏ အမှန်တကယ်ရှာဖွေလိုက်စားခြင်းအတိုင်း လူတို့အထဲတွင် ဉာဏ်အလင်းပေးလျက် လမ်းပြလျက်ရှိပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့ အထဲတွင် အလုပ်လုပ်သောအခါ သူသည် သာမန်လူတို့၏ လိုအပ်ချက်နှင့်အညီ လမ်းညွှန်ပြီး ဉာဏ်အလင်းပေး၏။ သူသည် သူတို့၏ လိုအပ်ချက်များအပေါ်အခြေခံ၍ ထောက်ပံ့ပေး၏။ သူသည် သူတို့အား သူတို့လိုအပ်သည့်အရာနှင့် သူတို့၏ချို့တဲ့မှုများအပေါ်အခြေခံ၍ အပြုသဘောဖြင့် လမ်းပြလျက် ဉာဏ်အလင်းပေး၏။ သန့်ရှင်းသော ဝိညာဉ်တော် အမပြုသောအခါ၊ ဤအမှုသည် သာမန်လူသားဘ၀၏ စည်းမျဥ်းများနှင့် ကိုက်ညီသောအရာပင်ဖြစ်သည်။ ထို့ပြင် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို လူသားတို့သည် မြင်တွေ့ ကြရသည်မှာ လက်တွေ့ဘဝထဲမှာပင် ဖြစ်လေသည်။ သူတို့၏ နေ့စဥ်ဘ၀ထဲတွင် အကယ်၍ လူတို့သည် အပြုဆောင်သော အခြေအနေနှင့် သာမန်ဝိညာဉ်ရေး အသက်တာပိုင်ဆိုင်လျှင် သူတိုတွင် သန့်ရှင်းသောဝိညာဉ်တော်အလုပ်၏ စရိုက်လက္ခဏာ ရှိကြသည်ဖြစ်၏။ ထိုအခြေအနေမျိုးတွင် သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို စားသောက်သုံးကြသောအခါ သူတို့ ယုံကြည်ခြင်းရှိကြ၏၊ သူတို့ ဆုတောင်းကြသောအခါ လှုံ့ဆော်ခံကြရ၏၊ သူတို့အပေါ် တစ်စုံတစ်ရာဖြစ်ပျက်လာသောအခါ သူတို့သည် တုံဏှိဘာဝေ မနေကြတော့ဘဲ၊ ထိုအရာ သူတို့၌ ဖြစ်ပျက်နေသည်နှင့် သူတို့သည် ဘုရားသခင်မှ သူတို့ကို သင်ယူစေလိုသော သင်ခန်းစာများကို မြင်တွေ့လာနိုင်ကြ၏။ သူတို့သည် တုံဏှိဘာဝေနေသောသူများ၊ သို့မဟုတ် အားနည်းသောသူများ မဟုတ်တော့ဘဲ၊ သူတို့၌ တကယ့်အခက်အခဲများ ရှိကြသော်လည်း ဘုရားသခင်၏ စီစဥ်ပေးမှုများအားလုံးကို နာခံရန် ဆန္ဒရှိကြပါသည်။

............

စာတန်ထံမှ မည်သည့်အမှု ရောက်လာသနည်း။ စာတန်ထံမှလာသော အမှု၌ လူတို့၏စိတ်ကူးအမြင်တို့သည် မသဲကွဲ၊ စိတ်ကူးသက်သက်ဖြစ်ကာ သာမန်လူ့သဘာ၀ မရှိပါ။ ထို့ပြင် သူတို့၏ အပြုအမူများနောက်ကွယ်ရှိ အကြောင်းရင်းများမှာ မှားယွင်း၏။ သူတို့သည် ဘုရားသခင်ကို ချစ်လိုသော်လည်း သူတို့အထဲတွင် စွပ်စွဲချက်များ အမြဲရှိနေ၏။ ပြီးလျှင် ဤစွပ်စွဲချက်များနှင့် အတွေးများသည် သူတို့အထဲ၌ အမြဲတမ်း နှောင့်ယှက်နေတတ်ပြီး သူတို့၏ ဘ၀တိုးတက်မှုကို ကန့်သတ်နေကာ ဘုရားသခင်ရှေ့၌ ပုံမှန်အခြေအနေမျိုး မရရှိရန် သူတို့ကို ဟန့်တားနေကြ၏။ တစ်နည်းအားဖြင့်ဆိုလျှင်၊ လူတို့၏အထဲတွင် စာတန်၏အမှု ရှိသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ရှေ့တွင် သူတို့၏ စိတ်နှလုံးတို့သည် ငြိမ်သက်ခြင်းမရှိနိုင်တော့ဘဲ ကိုယ့်ကိုယ်ကို မည်သို့ပြုရမည်ကိုလည်းမသိ၊ လူအစုအ၀ေးမြင်ရလျှင် သူတို့မှာ အ၀ေးသို့ထွက်ပြေးချင်ကြပြီး အခြားသူများ ဆုတောင်းစဥ် သူတို့၏မျက်လုံးများကို ပိတ်ထားရန် မတတ်နိုင်ဘဲ ရှိကြ၏။ နတ်ဆိုးများ၏အလုပ်သည်ကား လူသားနှင့် ဘုရားသခင်ကြားကပုံမှန်ဆက်ဆံရေးကို ဖျက်ဆီးပစ်တတ်ပြီး လူတို့၏ ယခင်ရူပါရုံများ သို့မဟုတ် သူတို့၏ ယခင် အသက်တာဝင်ရောက်မှုလမ်းကြောင်းကို ကမောက်မကဖြစ်စေတတ်၏။ သူတို့၏ စိတ်နှလုံးများသည် ဘုရားသခင်နှင့် ဘယ်သောခါမျှ မနီးစပ်နိုင်၊ သူတို့အပေါ် နှောင့်ယှက်မှုကိုဖြစ်ပွားစေပြီး သံခြေကျင်းခတ်သလို ချုပ်နှောင်သည့် အမှုအရာတို့သည် အစဥ်အမြဲ ဖြစ်ပျက်တတ်၏။ ထို့ပြင် သူတို့၏ နှလုံးသားများသည် ငြိမ်သက်အေးချမ်းမှုကို ရှာမတွေ့နိုင်ဘဲ သူတို့၏ ဘုရားသခင်အားချစ်ခြင်းအတွက် အင်အားမဲ့စေပြီး သူတို့၏ စိတ်ဝိညာဉ်တို့လည်း ယုတ်လျော့ကျဆင်းစေကြ၏။ ယင်းတို့သည် စာတန်အလုပ်၏ သရုပ်သကန်များ ဖြစ်ကြ၏။ စာတန်၏အမှုသည် အောက်ပါအတိုင်း ပေါ်လွင်၏၊ သင့်ရပ်တည်ချက်နှင့် သက်သေအဖြစ် မရပ်တည်နိုင်ခြင်း၊ ဘုရားသခင်ရှေ့တွင် သင်သည် အမှားရှိသောသူနှင့် ဘုရားသခင်အပေါ် သစ္စာမရှိသောသူ ဖြစ်လာစေခြင်းတို့ ဖြစ်သည်။ စာတန်၏ ကြား၀င်နှောင့်ယှက်မှု၌ ဘုရားသခင်အား ချစ်ခြင်းနှင့် သစ္စာစောင့်သိခြင်းတို့သည် သင့်အထဲ၌ ပျောက်ဆုံးရ၏။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးမှ ဖယ်ရှားပစ်ခံရ၏။ သမ္မာတရား သို့မဟုတ် သင်ကိုယ်တိုင်၏တိုးတက်ကောင်းမွန်မှုကို မီအောင်မလိုက်တော့ဘဲ သင်သည် ဆုတ်ယုတ်လာကာ မလှုပ်မယှက် ဖြစ်လာ၏။ သင်သည် ကိုယ့်ကိုယ်ကိုအလိုလိုက်၍ အပြစ်တရား တိုးချဲ့ပြန့်ပွားရေးအလို့ငှာ အထိန်းအကွပ်ဇက်ကြိုးများကို ဖြည်ချလိုက်ပြီး အပြစ်ကို မမုန်းတော့၊ ထို့ပြင် စာတန်၏ ကြား၀င်နှောင့်ယှက်မှုသည် သင့်ကို အပျော်အပါး၌ မွေ့လျော်လာစေ၏။ ယင်းသည် သင့်အတွင်း၌ ဘုရားသခင်၏ ထိတွေ့မှုကို ပျောက်ကွယ်စေပြီးလျှင် သင့်အား ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ်ဖြစ်စေပြီး ဆန့်ကျင်စေကာ၊ ဘုရားသခင်အား မေးခွန်းထုတ်ရန် သွေးဆောင်သည်၊ သင် ဘုရားသခင်ကို စွန့်ပစ်နိုင်မည့် အလားအလာပင် ရှိ၏။ ဤသည်တို့ကား စာတန်၏အမှုပင် ဖြစ်သတည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အမှု” မှ

ဘုရားသခင်က သိမ်မွေ့သည့်နည်း၊ ချစ်ခင်နူးညံ့ပြီး ဂရုတစိုက်ရှိသည့်နည်းဖြင့် အမှုပြု၏၊ အထူးသဖြင့် ချင့်ချင့်ချိန်ချိန်ရှိပြီး သင့်လျော်သည့် နည်းဖြင့်ဖြစ်သည်။ “ဘုရားသခင်သည် ငါ့ကို ဤအရာလုပ်ခွင့်ပေးရမည်”၊ သို့မဟုတ် “ဘုရားသခင်သည် ငါ့ကို ထိုအရာလုပ်ခွင့်ပေးရမည်” ဟူသည့် ပြင်းထန်သော စိတ်ခံစားမှုများကို သူ့နည်းလမ်းက သင့်ကို မခံစားစေပါ။ မခံနိုင်လောက်အောင် ဖြစ်စေသည့် ထိုကဲ့သို့သော ပြင်းထန်သည့် စိတ်နေစိတ်ထားမျိုး၊ သို့မဟုတ် ပြင်းထန်သည့် ခံစားချက်မျိုးကို ဘုရားသခင်က သင့်ကို ဘယ်သောအခါမျှ မပေးပါ။ ဟုတ်သည် မဟုတ်လော။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း နှုတ်ကပတ်တော်များကို သင်လက်ခံသည့်အခါတွင်ပင် သင်မည်သို့ခံစားရသနည်း။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကို သင်ခံစားမိသည့်အခါ သင်မည်ကဲ့သို့ ခံစားရသနည်း။ ဘုရားသခင်က ဘုရားသဘောသဘာဝနှင့် ပြည့်စုံပြီး အစဉ်လေးစားလိုက်နာအပ်သည်ဟု ခံစားရသလော။ (ခံစားရပါသည်။) ဤအချိန်များတွင် ဘုရားသခင်ထံမှ ဝေးကွာနေသည်ဟု သင်ခံစားရသလော။ ဘုရားသခင်ကို သင်အထိတ်တလန့် ဖြစ်သလော။ (မဖြစ်ပါ။) မဖြစ်ပေ၊ ယင်းအစား ဘုရားသခင်ကို ကြောက်ရွံ့သည့် ရိုသေလေးမြတ်မှုကို သင်ခံစားရ၏။ ဤအရာများအားလုံးကို ဘုရားသခင်၏ အမှုကြောင့် လူများက ခံစားရသည် မဟုတ်လော။...

...လူသားများအပေါ် စာတန်၏ လုပ်ဆောင်မှုနှင့် ပတ်သက်လာလျှင် စာတန်၏ မလိုတမာစိတ်နှင့် ဆိုးယုတ်သည့် သဘာဝကို ကုံလုံစွာ ဖော်ပြနိုင်ပြီး၊ စာတန်၏ မုန်းတီးခြင်းကို သင်တို့အား အမှန်တကယ် သိခွင့်ပေးနိုင်သည့် စကားရပ်နှစ်ခု ဤနေရာတွင် ငါ့မှာရှိ၏။ စာတန်၏ လူသားကို ချဉ်းကပ်မှုမှာ သူသည် အမြဲတမ်း လူသားကို အတင်းအကျပ် နေရာယူခြင်းပြုပြီး ပိုင်ဆိုင်ချင်သည်၊ အယောက်ချင်းစီတိုင်းကိုဖြစ်သည်။ ထိုသို့ဖြင့် လူသားကို သူအပြည့်အဝ ထိန်းချုပ်နိုင်သည့် အတိုင်းအတာအထိ ရောက်နိုင်ရန်၊ လူသားကို ဘေးပြုရင်း ဤရည်ရွယ်ချက်နှင့် ပြင်းထန်သည့် ရည်မှန်းချက်ကို သူရနိုင်ရန်ဖြစ်သည်။ “အတင်းအကျပ် နေရာယူ” သည် ဆိုသည်မှာ မည်သည့်အရာကိုဆိုလိုသနည်း။ သင်၏သဘောတူညီချက်နှင့် ဖြစ်သလော၊ သို့မဟုတ် သဘောတူညီချက် မပါဘဲနှင့်လော။ သင်သိပြီး ဖြစ်သလော၊ သို့မဟုတ် သင်မသိဘဲနှင့် ဖြစ်သလော။ သင်လုံးဝမသိဘဲနှင့် ဖြစ်ခြင်းဖြစ်သည်။ သင်သတိမမူမိသည့် အခြေအနေများတွင် သူသည် မည်သည့်အရာကိုမျှ မပြောသေးသည့်အခါ၊ သို့မဟုတ် ဘာကိုမျှ သူမလုပ်သေးသည့်အခါ၊ အကြောင်းပြချက်များ၊ ဆက်စပ်စဉ်းစားရမည့် အခြေအနေများ မရှိသည့်အခါ၊ သင့်ဘေးတွင်၊ သင့်ပတ်လည်တွင် သူရှိနေနိုင်သည်။ ခေါင်းပုံဖြတ်ရန် အခွင့်အရေးကို သူရှာနေသည်၊ ပြီးလျှင် သင့်ကို အပြည့်အဝ ထိန်းချုပ်ပြီး ဘေးပြုမည့် ရည်ရွယ်ချက်ကို ရယူရင်း သင့်ကို အတင်းအကျပ် နေရာယူပြီး ပိုင်ဆိုင်တော့သည်။ ဤသည်မှာ လူသားတို့အတွက် ဘုရားသခင်ကို စာတန်ဆန့်ကျင်တိုက်ခိုက်သည့် ထုံးစံအကျဆုံး ရည်ရွယ်ချက်နှင့် အပြုအမူပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)” မှ

သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အထဲ၌ အချိန်တိုင်းတွင် အလုပ်လုပ်နေသည်ဟု အချို့သော လူများက ပြောကြသည်။ ဤသည်မှာ မဖြစ်နိုင်ပေ။ အကယ်၍ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်မှာ ၎င်းတို့နှင့်အတူ အစဉ်အမြဲ ရှိနေသည်ဟု ပြောမည်ဆိုပါက၊ ယင်းသည် လက်တွေ့ကျပေလိမ့်မည်။ အကယ်၍ ၎င်းတို့သည် ၎င်းတို့၏ တွေးခေါ်ခြင်းနှင့် အသိစိတ်တို့သည် အချိန်တိုင်း ပုံမှန်ဖြစ်နေသည်ဟု ပြောမည်ဆိုပါက၊ ယင်းသည်လည်း လက်တွေ့ကျနေမည်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ ရှိနေကြောင်းကို ပြသနေပေလိမ့်မည်။ အကယ်၍ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့အတွင်း၌ အစဉ်အမြဲ အလုပ်လုပ်နေသည်ဟု သူတို့ပြောပြီး၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို တစ်ချိန်လုံး ခံစားနေရသည်ဟု သူတို့ပြောကာ၊ အချိန်တိုင်းတွင် အသစ်သော အသိပညာရရှိသည်ဟု ပြောမည်ဆိုပါက၊ ဤသည်မှာ ပုံမှန်မဟုတ်ချေ။ ဤသည်မှာ အလွန့်အလွန် သဘာဝလွန်သောအရာဖြစ်သည်။ ယင်းသို့သောလူများသည် ဆိုးညစ်သော ဝိညာဉ်များ ဖြစ်ကြသည်မှာ သံသယဖြစ်စရာ မလိုချေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည်ပင်လျှင် လူ့ဇာတိထဲသို့ ဆင်းကြွလာသောအခါတွင် သူစားသောက်ရမည့် အချိန်များနှင့် အနားယူရမည့် အချိန်များ ရှိပေသည်၊ လူသားကို မဆိုနှင့်ဦးတော့။ နတ်ဆိုးစွဲသောသူများသည် စိတ်ခံစားမှုနှင့် ဇာတိပကတိ၏ အားနည်းချက်တို့ မရှိသည့်ပုံပေါက်လေသည်။ ၎င်းတို့သည် အရာခပ်သိမ်းကို စွန့်ပစ်ရန် တတ်စွမ်းနိုင်ပြီး၊ ၎င်းတို့သည် ညှဉ်းဆဲခြင်းကို ကြံ့ကြံ့ခံခြင်းငှာ တတ်စွမ်းနိုင်ပြီးလျှင်၊ မောပန်းနွမ်းနယ်ခြင်းကို စိုးစဉ်းမျှပင် မခံစားရဘဲရှိသည်မှာ ၎င်းတို့သည် ဇာတိပကတိကို လွန်မြောက်သွားသည့်အလားပင် ဖြစ်သည်။ ဤသည်မှာ အလွန့်အလွန်မှပင် သဘာဝလွန်သောအရာ ဖြစ်သည်မဟုတ်လော။ နတ်ဆိုး၏ အလုပ်သည် သဘာဝလွန်ဖြစ်ပြီး ဤအရာများကို လူသားမှ ကြိုးပမ်းရရှိနိုင်ခြင်း မရှိချေ။ ထိုးထွင်းသိမြင်မှုကင်းမဲ့သောသူများကမူ ယင်းသို့သောလူများကို မြင်သည့်အခါ အားကျကြကာ၊ ထိုသူတို့သည် ဘုရားသခင်အား ယုံကြည်ခြင်း၌ ထိုသို့သောအားမာန်ရှိပြီး သူတို့တွင် ကြီးမားသောယုံကြည်မှုရှိသဖြင့် သူတို့သည် မည်သည့်အခါမျှ အားနည်းခြင်းမရှိကြပါဟု ပြောဆိုကြသည်။ စင်စစ်တွင်မူ ဤသည်မှာ နတ်ဆိုးအလုပ်၏ သရုပ်သကန်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သာမန်လူတို့တွင် မလွဲဧကန်ပင် လူသား၏ အားနည်းချက်များ ရှိကြသောကြောင့် ဖြစ်သည်၊ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် ရှိသောသူများ၏ ပုံမှန်အခြေအနေ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၄)” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

နတ်ဆိုးများ၏ အမျိုးမျိုးသော အလုပ်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတို့အကြား ရှင်းလင်းသော ခြားနားချက်များသည် အထူးသဖြင့် အောက်ပါရှုထောင့်များတွင် ထင်ရှားပေါ်လွင်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သမ္မာတရားကို လေ့လာလိုက်စားသည့် ဖြောင့်မတ်သောသူများ၊ အသိတရားနှင့် အသိစိတ် ရှိသူများကို ရွေးချယ်သည်။ ဤကဲ့သို့ လူအမျိုးအစားများထဲ၌ သူအမှုပြုသည်။ နတ်ဆိုးများသည် ဉာဏ်များသော၊ အကျိုးသင့်အကြောင်းသင့် မရှိသော၊ သမ္မာတရားအပေါ် ချစ်ခြင်းမေတ္တာ မရှိသော၊ အသိတရား၊ သို့မဟုတ် အသိစိတ် မရှိသူသောများကို ရွေးချယ်သည်။ ထိုကဲ့သို့ လူအမျိုးအစားများထဲ၌ နတ်ဆိုးများ အလုပ်လုပ်ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုအတွက် ရွေးချယ်ခြင်း ခံထားရသောသူများနှင့် နတ်ဆိုးများ၏ အလုပ်အတွက် ရွေးချယ်ခြင်း ခံထားရသောသူများကို ကျွန်ုပ်တို့နှိုင်းယှဉ်သည့်အခါ၊ ဘုရားသခင်သည် သန့်ရှင်းပြီး ဖြောင့်မတ်ကြောင်း၊ ဘုရားသခင်၏ ရွေးချယ်ခြင်း ခံထားရသော သူတို့သည် သမ္မာတရားကို လေ့လာလိုက်စားပြီး အသိတရားနှင့် အသိစိတ်တို့ကို ပိုင်ဆိုင်ကြောင်း၊ ၎င်းတို့သည် အတော်အတန် ဖြောင့်မတ်ပြီး တရားမျှတမှုကို မြတ်နိုးကြောင်း ကျွန်ုပ်တို့တွေ့နိုင်သည်။ နတ်ဆိုးများ၏ ရွေးချယ်ခြင်း ခံထားရသော သူတို့သည် ဉာဏ်များပြီး တစ်ကိုယ်ကောင်းဆန်ကာ စက်ဆုပ်ဖွယ်ဖြစ်ကြသည်၊ ၎င်းတို့တွင် သမ္မာတရားအပေါ် ခုံမင်နှစ်သက်ခြင်း မရှိ၊ ၎င်းတို့တွင် အသိတရားနှင့် အသိစိတ် မရှိကြဘဲ၊ သမ္မာတရားကို လေ့လာလိုက်စားခြင်း မရှိကြပေ၊ ထို့အပြင် ၎င်းတို့သည် စစ်မှန်သော လူသားမျိုးနွယ် မဟုတ်ပေ။ နတ်ဆိုးများသည် အပျက်သဘောဆောင်သော အရာများကိုသာ ရွေးချယ်ကြသည်၊ ထိုအချက်မှ နတ်ဆိုးများသည် ဒုစရိုက်အပြစ်များနှင့် အမိုက်မှောင်ကိုသာ ချစ်မြတ်နိုးကြပြီး၊ သမ္မာတရားကို လေ့လာလိုက်စားသူများထံမှ တစ်ကြိုးတည်း ပြေးကြကြောင်း၊ လိမ်လည်ပြီး ကောက်ကျစ်သောသူများ၊ မတရားမှုကို နှစ်သက်ပြီး အလွယ်တကူ ညှို့ယူဖမ်းစား ခံရသောသူများကို အလျင်အမြန် ပိုင်ဆိုင်တတ်ကြကြောင်း ကျွန်ုပ်တို့တွေ့ရသည်။ နတ်ဆိုးများ အလုပ်လုပ်ရန် ရွေးချယ်ခံရသူများကို ကယ်တင်၍ မရနိုင်ဘဲ၊ ဘုရားသခင်၏ သုတ်သင်ဖယ်ရှင်းခြင်းကို ခံကြရမည်ဖြစ်သည်။ နတ်ဆိုးများသည် မည်သည့်အချိန်နှင့် မည်သည့်နောက်ခံအခြေအနေကို မူတည်၍ အလုပ်လုပ်ကြသနည်း။ ၎င်းတို့သည် လူအများ ဘုရားသခင်ထံမှ လမ်းလွဲပြီး ဘုရားသခင်ကို ပုန်ကန်သည့်အခါ အလုပ်လုပ်ကြသည်။ နတ်ဆိုးများ၏ အလုပ်မှာ လူများကို ညှို့ယူဖမ်းစားခြင်းဖြစ်သည်။ လူများ အပြစ်ပြုသည့်အခါ၊ ခွန်အားအနည်းဆုံး ဖြစ်သည့်အခါ၊ အထူးသဖြင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ပြင်းထန်စွာ နာကျင်သည့်အခါ၊ ၎င်းတို့စိတ်ရှုပ်ထွေးပြီး ဇဝေဇဝါဖြစ်ခြင်းကို ခံစားရသည့်အခါများတွင် နတ်ဆိုးများသည် တိတ်တဆိတ်ဝင်ရောက်ကာ ၎င်းတို့ကို ညှို့ယူဖမ်းစားရန်နှင့် ဖျက်ဆီးရန်၊ ၎င်းတို့နှင့် ဘုရားသခင်ကြား စိတ်ဝမ်းကွဲစေသော မျိုးစေ့ချရန် ဤအခွင့်အလမ်းကို ရယူကြသည်။ လူများသည် ဘုရားသခင်ကို တိုးလျှိုးတောင်းပန်ကြသည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးများကို ဘုရားသခင်ထံ လှည့်သည့်အခါ၊ ဘုရားသခင်ကို လိုအပ်သည့်အခါ၊ ဘုရားသခင်ထံတွင် နောင်တရသောအခါ၊ သို့မဟုတ် သမ္မာတရားကို ရှာဖွေသည့်အခါများတွင်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့ထဲ၌ စတင်၍အမှုပြုသည်။ သန့်ရှင်းသောဝိညာဉ်တော် ပြုသောအမှုများ အားလုံးသည် လူသားကို ကယ်တင်ရန်ဖြစ်ပြီး၊ လူများကို ကယ်တင်နိုင်မည့် အခွင့်အလမ်းများကို သူရှာဖွေသည်၊ အခြားတစ်ဖက်တွင်မူ နတ်ဆိုးများသည် လူကိုဖျက်ဆီးရန်နှင့် လှည့်ဖြားရန် အခွင့်အလမ်းများအတွက် ရှာဖွေကြသည်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်ပြီး နတ်ဆိုးများသည် လူများကို မုန်းတီးသည်။ နတ်ဆိုးများသည် စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းပြီး ကောက်ကျစ်စဉ်းလဲသည်၊ ၎င်းတို့သည် စဉ်းလဲကြပြီး အန္တရာယ်ပြုသော လက္ခဏာရှိကြသည်။ နတ်ဆိုးများ လုပ်ဆောင်သမျှသည် လူသားကို ဝါးမျိုရန်၊ ဖျက်ဆီးရန်နှင့် ထိခိုက်နစ်နာစေရန်ဖြစ်ပြီး၊ သန့်ရှင်းသောဝိညာဉ်တော် ပြုသမျှမှာ လူသားကို ချစ်မြတ်နိုးခြင်းနှင့် ကယ်တင်ခြင်းအကြောင်း ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်အမှု၏ သက်ရောက်မှုများမှာ လူများကို သန့်ရှင်းစေရန်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်းမှ ၎င်းတို့ကို ကယ်တင်ရန်၊ ၎င်းတို့ကိုယ်ကိုနှင့် စာတန်ကို ၎င်းတို့အနေဖြင့် သိစေရန်၊ စာတန်ကို တွန်းလှန်နိုင်ရန်၊ သမ္မာတရားကို လေ့လာလိုက်စားနိုင်ရန်နှင့် အဆုံးတွင် လူသား၏ပုံသဏ္ဌာန်ဖြင့် အသက်ရှင်နေထိုင်နိုင်ရန် ဖြစ်သည်။ နတ်ဆိုးများသည် လူတို့ကို ဖျက်ဆီးခြင်း၊ ညစ်ညမ်းစေခြင်း၊ ချည်နှောင်ခြင်း ပြုကြသည်၊ ၎င်းတို့သည် လူများကို အပြစ်တရားအတွင်း ပိုမိုနစ်မြုပ်စေသည်၊ ထို့အပြင် ၎င်းတို့၏ အသက်တာများထဲတွင် ပိုမိုကြီးမားသော နာကျင်မှုဝေဒနာကိုပင် ကျရောက်စေသည်၊ သို့ဖြစ်ရာ နတ်ဆိုးများသည် လူတို့ထဲတွင် အလုပ်လုပ်သောအခါ ၎င်းတို့သည် အဆုံးသို့ ရောက်ကြသည်။ နောက်ဆုံးတွင်၊ ၎င်းတို့သည် စာတန်၏ ဝါးမျိုခြင်းကို ခံကြရသည်၊ ယင်းမှာ နတ်ဆိုးများ၏ အလုပ်ဆိုင်ရာ ရလဒ်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုဆိုင်ရာ သက်ရောက်မှုမှာ နောက်ဆုံးတွင် လူများကို ကယ်တင်ရန်၊ စစ်မှန်သောဘဝဖြင့် အသက်ရှင်နေထိုင်စေရန်၊ အပြည့်အဝ လွတ်လပ်ပြီး လွတ်မြောက်စေရန်နှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိစေရန် ဖြစ်သည်။ နတ်ဆိုးများသည် လူကို အမှောင်သို့ ခေါ်ဆောင်သည်၊ ၎င်းတို့သည် သူ့ကို အသူတစ်ရာနက်သော ချောက်အတွင်းသို့ ယူဆောင်ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် လူကို အမှောင်ထဲမှ အလင်းထဲသို့၊ လွတ်မြောက်ခြင်းထဲသို့ ယူဆောင်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုသည် လူတို့ကို ဉာဏ်အလင်းရစေပြီး လမ်းပြသည်၊ သူသည် ၎င်းတို့ကို အခွင့်အရေးများပေးပြီး၊ ၎င်းတို့အားနည်းသည့်အချိန်နှင့် ပြစ်မှားခြင်းများ ရှိသည့်အချိန်များတွင်၊ သူသည် ၎င်းတို့ကို စိတ်သက်သာမှုကို ပေးသည်။ ကိုယ်တော်သည် လူများကို ၎င်းတို့ကိုယ်ကို သိစေသည်၊ ၎င်းတို့အား သမ္မာတရားကို လေ့လာလိုက်စားခွင့်ပေးပြီး အတင်းအဓမ္မ လုပ်ဆောင်စေခြင်း မရှိပါ၊ သို့သော်လည်း ၎င်းတို့၏လမ်းကို ၎င်းတို့ကိုယ်တိုင် ရွေးချယ်စေပြီး၊ နောက်ဆုံးတွင် ၎င်းတို့ကို အလင်းထဲသို့ ခေါ်ဆောင်သည်။ နတ်ဆိုးများသည် လူများကို အတင်းအဓမ္မ လုပ်ဆောင်စေပြီး ဟိုဟိုသည်သည် အမိန့်ပေးကြသည်။ ၎င်းတို့ပြောသမျှသည် မှားယွင်းပြီး လူများကို ညှို့ယူဖမ်းစားခြင်း၊ လှည့်ဖြားခြင်းနှင့် ချည်နှောင်ခြင်းတို့ကို ပြုကြသည်။ နတ်ဆိုးများသည် လူတို့ကို လွတ်လပ်ခွင့် မပေးချေ၊ ၎င်းတို့သည် လူများကို ရွေးချယ်ခွင့် မပေးချေ၊ ၎င်းတို့သည် လူတို့ကို ပျက်စီးခြင်းလမ်းပေါ်သို့ အတင်းအဓမ္မ တင်ပေးပြီး၊ နောက်ဆုံးတွင် ၎င်းတို့ကို အပြစ်အတွင်း၌ နက်သည်ထက် နက်အောင် နစ်မြုပ်စေကာ သေခြင်းထံ ဦးဆောင်သွားသည်။

အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၂) တွင်ပါဝင်သော “သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ကို သိခြင်းသည် လူ၏ကယ်တင်ခြင်းတရားတွင် အရေးအကြီးဆုံးဖြစ်သည်” မှ

ယခင်က:နတ်ဆိုးများ၏ လုပ်ဆောင်ချက်မှာ အဘယ်နည်း။ ဝိညာဉ်ဆိုးများ၏ လုပ်ဆောင်ချက်ကို မည်သို့ ပြသပါသနည်း။

နောက်တစ်ခုသို့:မကောင်းဆိုးဝါးများ အပူးခံရခြင်း ဆိုသည်မှာ အဘယ်နည်း။ မကောင်းဆိုးဝါးများ အပူးခံရခြင်းကို မည်သို့ ပြပါသနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ