၅။ သခင်ယေရှု၏ ရွေးနှုတ်ခြင်း အမှုတော်သည် ခေတ်ကို အဆုံးသတ်ခြင်း အမှုတော် အမှန်ပင်ဟုတ်ပါသလား။

၁။ ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ

၂။ ထိုအချိန်က ယေရှု၏ အမှုမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနှုတ်ရန် ဖြစ်သည်။ သူ့ကို ယုံကြည်သူအားလုံးတို့၏ အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသည်၊ သူ့ကို ယုံကြည်နေသရွေ့ သူက သင့်ကို ရွေးနှုတ်မည်၊ သင်သည် သူ့ကို ယုံကြည်ပါက သင်သည် အပြစ်သားတစ်ယောက် မဟုတ်တော့ဘဲ၊ သင်၏အပြစ်များ အားလုံး ဖြေလွှတ်ခြင်းခံရသည်။ ဤသည်မှာ ကယ်တင်ခံရခြင်းနှင့် ယုံကြည်ခြင်းအားဖြင့် လျော်ကန်စေခြင်းဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ သို့သော် ယုံကြည်ခဲ့ကြသည့် သူများအတွင်း၌ ဘုရားသခင်ကို ပုန်ကန်၍ ဆန့်ကျင်သည့်အရာ ကျန်နေသေးပြီး၊ ၎င်းကို တဖြည်းဖြည်းချင်း ဖယ်ရှားပစ်ရန် လိုခဲ့ပါသေးသည်။ ကယ်တင်ခြင်းဟူသည်မှာ လူသားသည် ယေရှု၏ ရယူခြင်းကို အပြည့်အဝ ခံခဲ့ပြီးပြီဟု ဆိုလိုခြင်းမဟုတ်ဘဲ၊ လူသားသည် သူသည်အပြစ်တရားနှင့် မသက်ဆိုင်တော့ဘဲ၊ သူ၏ အပြစ်များခွင့်လွှတ်ခံရခြင်းကို ဆိုလိုသည်။ သင်ယုံကြည်ပြီဆိုပါက အပြစ်တရားနှင့် နောက်တစ်ဖန် မည်သည့်အခါမျှ သက်ဆိုင်တော့မည် မဟုတ်ချေ။ ထိုအချိန်က ယေရှုသည် သူ၏တပည့်များ နားလည်နိုင်စွမ်းမရှိသည့် အမှုများစွာကို လုပ်ဆောင်ခဲ့ပြီး၊ လူများ နားမလည်သည့် အရာများစွာက မိန့်ကြားခဲ့သည်။ ယင်းသည် ထိုစဉ်တုန်းက သူသည် မည်သည့် ရှင်းပြချက်မျှ မပေးခဲ့၍ ထိုသို့ဖြစ်ခဲ့ရခြင်း ဖြစ်သည်။...ယေရှုသည် လူသားကို စုံလင်စေရန်နှင့် ရယူရန် လာခဲ့ခြင်းမဟုတ်ဘဲ၊ အမှု၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်ရန် လာခဲ့ခြင်းဖြစ်သည်- ယင်းသည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ယူဆောင်လာရန်နှင့် လက်ဝါးကပ်တိုင်ပေါ် အသက်စွန်သည့်အမှုကို ပြီးဆုံးအောင်လုပ်ဆောင်ရန် ဖြစ်သည်။ ထို့ကြောင့် ယေရှု ကားစင်တင်သတ်ခြင်းခံခဲ့ရပြီးသည်နှင့် သူ၏အမှုမှာ လုံး၀ အဆုံးသတ်သွားခဲ့သည်။ သို့သော် လက်ရှိအဆင့်ဖြစ်သည့် သိမ်းပိုက်ခြင်းအလုပ်တွင် သာ၍များသော နှုတ်ကပတ်တော်များကို ပြောကြားရပေမည်၊ သာ၍များသော အလုပ်ကို လုပ်ကိုင်ရပေမည်ဖြစ်ပြီး လုပ်ငန်းစဉ်များ မြောက်မြားစွာ ရှိရမည်ဖြစ်သည်။ ယေရှုနှင့် ယေဟောဝါတို့၏ အမှု၏ နက်နဲရာများကိုလည်း ထုတ်ဖော်ရပေမည်၊ သို့မှသာ လူသားအားလုံးတို့သည် သူတို့၏ ယုံကြည်မှုတွင် နားလည်မှုနှင့် ရှင်းလင်းမှု ရှိနိုင်ကြမည်ဖြစ်သည်၊ အကြောင်းမှာ ဤအရာသည် နောက်ဆုံးသောကာလ၏ အလုပ်ဖြစ်ပြီး နောက်ဆုံးသောကာလသည် ဘုရားသခင်၏အလုပ်၏အဆုံး၊ ဤအလုပ်၏ နိဂုံးကာလ ဖြစ်သောကြောင့် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)” မှ

၃။ ယေရှုသည် သူ၏အလုပ်ကို လုပ်ခဲ့သည့်အခါ လူ၏သူ့အပေါ် သိနားလည်မှုသည် ဝေဝါးပြီး မရှင်းမလင်း ဖြစ်နေခဲ့သည်။ လူသားအနေဖြင့် သူ့ကို ဒါဝိဒ်၏သားတော်အဖြစ် ယုံကြည်ခဲ့ကြပြီး၊ သူ့ကို ကြီးမြတ်သော ပရောဖက်အဖြစ်၊ လူသား၏ အပြစ်များကို ရွေးနှုတ်ခဲ့သော ကောင်းမြတ်သည့် အရှင်သခင်အဖြစ် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ အချို့သည် သူတို့၏ ယုံကြည်ခြင်းခွန်အားအပေါ် အခြေခံလျက် သူ့ဝတ်ရုံ၏ ပန်းပွားကို ထိတွေ့ရုံဖြင့် ရောဂါဝေဒနာ ပျောက်ကင်းခဲ့ကြသည်၊ မျက်စိမမြင်သူ မြင်နိုင်ခဲ့ပြီး သေဆုံးသူပင် အသက်ပြန်ရှင်နိုင်ခဲ့သည်။ သို့ရာတွင် လူသည် သူ့အတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော ဖောက်ပြန်ပျက်စီးနေသည့် စာတန် စိတ်သဘောထားကို ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိသကဲ့သို့၊ ယင်းကို မည်သို့ဖယ်ထုတ်ရမည်ကိုလည်း သူမသိခဲ့ပေ။ လူသည် ကျေးဇူးတော် အများအပြားကို ရရှိခဲ့သည်၊ ငြိမ်သက်ခြင်းနှင့် ဇာတိပကတိ၏ ပျော်ရွှင်မှုများ၊ တစ်ဦး၏ ယုံကြည်ခြင်းအပေါ် မိသားစု တစ်ခုလုံး ကောင်းချီးမင်္ဂလာရရှိခြင်း၊ နာမကျန်းမှုများကို ပျောက်ကင်းစေခြင်း စသဖြင့်ဖြစ်သည်။ ကျန်သည့်အရာများမှာ လူ၏ကောင်းမှုများဖြစ်ပြီး သူတို့၏ ဘုရားတရား ကိုင်းရှိုင်းသော အသွင်အပြင်ဖြစ်သည်။ အကယ်၍ လူသည် ယင်းကို အခြေခံပြီး နေထိုင်နိုင်ပါက သူ့ကို လက်သင့်ခံနိုင်သော ယုံကြည်သူအဖြစ် သတ်မှတ်ခဲ့ကြသည်။ ယင်းသို့သော ယုံကြည်သူများ သာလျှင် သေဆုံးပြီးနောက်တွင် ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်မည်၊ သူတို့ ကယ်တင်ခြင်းခံရသည်ဟု ဆိုလိုသည်။ သို့ရာတွင် သူတို့ဘဝတစ်သက်တာတွင် သူတို့သည် အသက်၏လမ်းခရီးကို နားလည်ခြင်း လုံးဝမရှိခဲ့ပေ။ သူတို့ပြုခဲ့သမျှမှာ အပြစ်များကို ကျူးလွန်ခဲ့ပြီးနောက်တွင် စိတ်သဘောထား ပြောင်းစေရန် မည်သည့်လမ်းကြောင်းမျှ မရှိဘဲ အပြစ်ဝန်ခံခြင်းကို အစဉ်တစိုက် စက်ဝန်းကဲ့သို့ ပြုလုပ်ခဲ့ကြခြင်းသာဖြစ်သည်။ ယင်းသည် ကျေးဇူးတော်ခေတ်တွင်ရှိသော လူ၏အခြေအနေဖြစ်သည်။ လူသည် ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိခဲ့ပြီလော။ မရပါ။ ထို့ကြောင့် ထိုအဆင့် ပြီးဆုံးပြီးနောက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အလုပ်များ ကျန်ရှိနေသေးသည်။ ဤအဆင့်သည် လူကို နှုတ်ကပတ်တော်မှတစ်ဆင့် သန့်ရှင်းအောင် လုပ်ခြင်းဖြင့် လိုက်လျှောက်ရမည့် လမ်းကြောင်းကို လူအား ပေးအပ်သည်။ အကယ်၍ နတ်ဆိုးများကို ဆက်လက် နှင်ထုတ်နေဆဲဖြစ်ပါက ဤအဆင့်သည် အသီးအပွင့်များ ဖြစ်ထွန်းမည် မဟုတ်၊ သို့မဟုတ် အဓိပ္ပာယ်ရှိမည် မဟုတ်ပေ၊ အကြောင်းမှာ လူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို ဖယ်ရှားခြင်း ရှိလိမ့်မည် မဟုတ်ဘဲ လူသည် သူ့အပြစ်များ ခွင့်လွှတ်ခံရခြင်းတွင်သာ လုံးဝဥဿုံရပ်တန့် နေလိမ့်မည် ဖြစ်သောကြောင့်ဖြစ်သည်။ အပြစ်ဖြေရာယဇ်မှတစ်ဆင့် လူသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခြင်း ခံခဲ့ရသည်၊ အကြောင်းမှာ လက်ဝါးကပ်တိုင်တွင် အသေခံသော အလုပ်သည် အဆုံးသို့ ရောက်ခဲ့ပြီဖြစ်ပြီး ဘုရားသခင်သည် စာတန်ကို အနိုင်ရခဲ့သည် ဖြစ်သောကြောင့်ဖြစ်သည်။ သို့ရာတွင် လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သူတို့အတွင်းတွင် ဆက်လက်ရှိနေ၏၊ လူသည် အပြစ်ပြုနိုင်ပြီး ဘုရားသခင်ကို ဆန့်ကျင်နိုင်သေးသည်၊ ထို့ပြင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို မရသေးပေ။ သို့ဖြစ်ရာ ဤအဆင့်၏ အလုပ်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြု၍ လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်ပြီး လူသားကို မှန်ကန်သော လမ်းကြောင်းနှင့်အညီ လက်တွေ့ကျင့်သုံး စေခြင်းဖြစ်သည်။ ဤအဆင့်သည် ယခင်အဆင့်ထက် ပိုမိုအဓိပ္ပာယ်ရှိပြီး အသီးအပွင့်လည်း ပိုမိုဖြစ်ထွန်းသည်၊ အကြောင်းမှာ ယခုတွင် လူ၏အသက်တာကို တိုက်ရိုက်ပံ့ပိုးသည့်အရာနှင့် လူ၏ စိတ်သဘောထားကို လုံးဝအသစ်ပြုပြင်စေရန် လုပ်နိုင်စွမ်း ရှိသောအရာမှာ နှုတ်ကပတ်တော်ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသည် သာ၍ နှံ့နှံ့စပ်စပ်ရှိသော အလုပ်အဆင့်တစ်ခု ဖြစ်သည်။ သို့ဖြစ်ရာ နောက်ဆုံးသောကာလတွင် လူ့ဇာတိကိုခံယူခြင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေခဲ့ပြီး ဘုရားသခင်၏ လူသားကို ကယ်တင်ခြင်းနှင့်ဆိုင်သော စီမံခန့်ခွဲမှု အစီအစဉ်ကို လုံးဝပြီးဆုံးစေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

၄။ လူသားတို့ အမြင်အရ၊ ဘုရားသခင်၏ ကားစင်တင်ခံရခြင်းသည် သူ၏ လူ့ဇာတိခံယူခြင်းအမှုကို အဆုံးသတ်နှင့်ပြီးဖြစ်သည်၊ လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်နှင့်ပြီးဖြစ်ကာ၊ မရဏနိုင်ငံ၏ သော့ကို သိမ်းပိုက်ရန် သူ့ကို အခွင့်ပေးနှင့်ပြီးဖြစ်သည်။ အယောက်တိုင်းက ဘုရားသခင်၏ အမှုသည် အပြည့်အဝ ပြီးမြောက်ပြီးဖြစ်သည်ဟု တွေးထင်ကြသည်။ အမှန်တွင် ဘုရားသခင်၏ ရှုထောင့်မှ၊ သူ့အမှု၏ အနည်းငယ်သော အစိတ်အပိုင်းသာ ပြီးမြောက်ခဲ့ပြီး ဖြစ်သည်။ သူလုပ်ဆောင်ခဲ့ပြီးသမျှအားလုံးမှာ လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့ ဖြစ်ခဲ့သည်။ လူသား၏ ဆိုးယုတ်သော မျက်နှာကို ပြောင်းလဲရန် မဆိုထားနှင့်၊ သူသည် လူသားကို သိမ်းပိုက်ခဲ့ခြင်း မရှိသေးပေ။ ယင်းမှာ ဘုရားသခင်က၊ “ငါ၏ လူ့ဇာတိခံ ခန္ဓာသည် သေဆုံးခြင်း၏ နာကျင်မှုကို ဖြတ်သန်းခဲ့ရသော်လည်း၊ ယင်းမှာ ငါ၏ လူ့ဇာတိခံခြင်း ပန်းတိုင်တစ်ခုလုံး မဟုတ်ပေ။ ယေရှုသည် ငါ၏ ချစ သားဖြစ်ကာ ကားတိုင်တွင် ငါ့အတွက် သံမှိုရိုက်နှက် ခံခဲ့ရသော်လည်း၊ သူသည် ငါ၏ အမှုကို ပြည့်စုံစေ့စပ်စွာ အဆုံးမသတ်ခဲ့ပေ။ သူသည် ယင်း၏ အစိတ်အပိုင်းတစ်ခုကိုသာ လုပ်ဆောင်ခဲ့သည်။” ဟု ပြောရသည့်အကြောင်းရင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူ့ဇာတိခံခြင်း အမှုကို ဆက်လက် လုပ်ဆောင်ရန် အစီအစဉ်များ၏ ဒုတိယအချီကို စတင်ခဲ့သည်။ ဘုရားသခင်၏ အဆုံးစွန် ရည်ရွယ်ချက်မှာ စာတန်၏လက်တွင်းမှ ကယ်တင်ခဲ့သော လူအားလုံးကို စုံလင်စေရန်နှင့် ရရှိရန်ဖြစ်ခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၆)” မှ

၅။ နောက်ဆုံးသောကာလ၏ အလုပ်မှာ နှုတ်ကပတ်တော်များပြောရန် ဖြစ်သည်။ နှုတ်ကပတ်တော်များမှတစ်ဆင့် လူတွင် ကြီးမားသော အပြောင်းအလဲများ သက်ရောက်နိုင်သည်။ ဤနှုတ်ကပတ်တော်များကို လက်ခံခြင်းဖြင့် ဤလူများတွင် ယခု၌ သက်ရောက်သော အပြောင်းအလဲများသည် ကျေးဇူးတော်ခေတ်တွင် နိမိတ်လက္ခဏာများ နှင့် အံ့သြဖွယ်ရာများကို လက်ခံသောသူများပေါ် သက်ရောက်သော အပြောင်းအလဲများထက် ပိုမိုကြီးမားလှသည်။ အကြောင်းမှာ ကျေးဇူးတော်ခေတ်တွင် နတ်ဆိုးများသည် လက်တင်ခြင်းနှင့် ဆုတောင်းခြင်းများဖြင့် လူမှအဝေးသို့ နှင်ထုတ်ခြင်းခံခဲ့ရသော်လည်း၊ လူအတွင်းရှိ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှာ ဆက်လက်ရှိရစ်နေသောကြောင့် ဖြစ်သည်။ လူသည် သူ၏ဖျားနာမှုမှ သက်သာ ပျောက်ကင်းပြီး သူ၏အပြစ်များမှ ခွင့်လွှတ်ခြင်း ခံရသော်လည်း လူအတွင်းတွင် ရှိနေသည့် ဖောက်ပြန်ပျက်စီးနေသော စာတန် စိတ်သဘောထားများကို ဖယ်ရှားရန်အတွက် လုပ်ဆောင်မှုမှာ သူ့တွင် မလုပ်ဆောင်ရသေးဘဲ ရှိသည်။ လူသည် သူ၏ယုံကြည်ခြင်းကြောင့် ကယ်တင်ခံရပြီး သူ့အပြစ်များ ခွင့်လွှတ်ခြင်း ခံရရုံသာ ရှိသည်၊ သို့သော်လည်း လူ၏အပြစ်နှင့်ပြည့်သော သဘာဝကို ဖယ်ရှားခြင်း မရှိသောကြောင့် ထိုသဘာဝမှာ သူ့အထဲတွင် ကျန်ရှိနေဆဲဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဆောင်ကြဉ်းပေးမှုအားဖြင့် လူ၏အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသော်လည်း ယင်းမှာ လူသည် သူ့အတွင်းတွင် အပြစ်မရှိတော့ဟု ဆိုလိုခြင်း မဟုတ်ပေ။ လူ၏အပြစ်များသည် အပြစ်ဖြေရာယဇ်မှတစ်ဆင့် ခွင့်လွှတ်ခြင်း ခံရနိုင်သော်လည်း၊ လူသည် သူ့အနေဖြင့် အပြစ်မကျူးလွန်တော့ရန်နှင့် သူ၏အပြစ်နှင့်ပြည့်သော သဘာဝကို အပြည့်အဝ ဖယ်ရှားပြီး အသွင်သဏ္ဌာန်ပြောင်းလဲပစ်ရန်ဟူသည့် ပြဿနာကိုမူ ဖြေရှင်းနိုင်ခြင်း မရှိပေ။ ဘုရားသခင်၏ လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအလုပ်ကြောင့် လူ၏အပြစ်များသည် ခွင့်လွှတ်ခြင်းခံခဲ့ရသော်လည်း လူသည် ဖောက်ပြန် ပျက်စီးသော စာတန်စိတ်သဘောထား အဟောင်းတွင် ဆက်လက် နေထိုင်ခဲ့သည်။ သို့ဖြစ်ရာ လူ၏အပြစ်နှင့်ပြည့်သော သဘာဝကို လုံးဝစွန့်ပစ်ရန်နှင့် မည်သည့်အခါမျှ ပြန်လည်မပေါ်ပေါက်စေရန်အတွက် လူကို ဖောက်ပြန်ပျက်စီးသော စာတန်စိတ်သဘောထားမှ လုံးဝ ကယ်တင်ရမည်ဖြစ်သည်၊ ထိုသို့အားဖြင့် လူ၏စိတ်သဘောထားကို ပြောင်းလဲရန် အခွင့်ပြုရမည်။ ယင်းအတွက် လူသည် အသက်တာတွင် ကြီးထွားမှု လမ်းကြောင်း၊ အသက်၏ လမ်းခရီးနှင့် သူ၏ စိတ်သဘောထားကို ပြောင်းလဲရန် လမ်းကြောင်းတို့ကို နားလည်ရန် လိုအပ်သည်။ လူ၏စိတ်သဘောထားကို တဖြည်းဖြည်း ပြောင်းလဲ စေရန်နှင့် သူသည် အလင်း၏ ထွန်းလင်းမှုအောက်တွင် နေထိုင်နိုင်ရန်အတွက် လူသည် ယင်းလမ်းကြောင်းနှင့်အညီ လုပ်ဆောင်ရန်လည်း လိုအပ်ပြီး၊ သူပြုသမျှသည် ဘုရားသခင်၏ အလိုတော်နှင့်အညီ ဖြစ်စေရန်၊ သူ၏ဖောက်ပြန်ပျက်စီးသော စာတန်စိတ်သဘောထားကို ဖယ်ရှားပစ်ရန်နှင့် စာတန်၏ မှောင်မိုက်သော လွှမ်းမိုးမှုမှ ချိုးဖောက်လွန်မြောက်ရန်လည်း ယင်းလမ်းကြောင်းနှင့်အညီ လုပ်ဆောင်ရန် လိုအပ်သည်၊ ထိုသို့ဖြင့် အပြစ်မှ အပြည့်အဝ လွတ်မြောက်လာမည်ဖြစ်သည်။ ထိုအခါမှသာလျှင် လူသည် ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

၆။ သင်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အလုပ်ကိုရော ဘုရားသခင်၏ ယနေ့ အလုပ်ကိုပါ နားလည်လာလိမ့်မည်ဖြစ်သည်၊ သင်သည် သမ္မာတရား၊ အသက်နှင့် လမ်းခရီး အားလုံးတို့ကို သိနားလည်လျက် မြင်လိမ့်မည် ဖြစ်သည်။ ယေရှု လုပ်ဆောင်ခဲ့သည့် အလုပ်အဆင့်တွင် ယေရှုသည် အဘယ်ကြောင့် အဆုံးသတ်သည့် အလုပ်ကို မလုပ်ဘဲ ထွက်ခွာသွားခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ယေရှုအလုပ်၏အဆင့်သည် အဆုံးသတ်ခြင်းအလုပ် မဟုတ်ခဲ့၍ ဖြစ်သည်။ သူသည် ကားတိုင်ပေါ် သံမှိုစွဲနှက်ခံရသည့်အချိန်တွင် သူ၏ နှုတ်ကပတ်တော်များသည်လည်း အဆုံးသတ်ခဲ့သည်၊ ကားတိုင်ပေါ် အသက်စွန့်ခဲ့ပြီးသည့်နောက် သူ၏ အလုပ်မှာ လုံးလုံးလျားလျား ပြီးဆုံးသွားခဲ့သည်။ လက်ရှိအဆင့်မှာ ကွဲပြားခြားနားသည်- နှုတ်ကပတ်တော်များကို အဆုံးတိုင်အောင် မိန့်ကြားပြီးသွားလျက် ဘုရားသခင်၏ လုပ်ဆောင်ချက် တစ်ရပ်လုံး ပြီးဆုံးသွားမှသာ သူ၏အလုပ်သည် ပြီးဆုံးလိမ့်မည်ဖြစ်သည်။ ယေရှု၏ လုပ်ဆောင်ချက်အဆင့်တွင် ထုတ်မပြောခဲ့သည့် သို့မဟုတ် အပြည့်အဝ မမိန့်ကြားခဲ့ဘဲ ကျန်ရစ်ခဲ့သည့် နှုတ်ကပတ်တော်များ မြောက်မြားစွာ ရှိခဲ့သည်။ သို့သော် ယေရှု၏ သာသနာမှာ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့်သာသနာ မဟုတ်သည့်အတွက် သူသည် မိန့်ကြားပြီးခဲ့သည့်အရာများ သို့မဟုတ် မမိန့်ကြားခဲ့သည့်အရာများကို အမှုမထားဘဲ၊ ကားတိုင်ပေါ် သံမှိုစွဲနှက်ခံရပြီးနောက်တွင် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ အမှု၏ ထိုအဆင့်မှာ အဓိကအားဖြင့် ကားတိုင်ပေါ် အသက်စွန့်ဖို့ရန်အတွက်ဖြစ်ပြီး ယနေ့အဆင့်နှင့် မတူချေ။ အလုပ်၏ လက်ရှိဤအဆင့်မှာ အဓိကအားဖြင့် ပြီးဆုံးစေရန်၊ အားလုံး ဖြေရှင်းရန်နှင့် အလုပ်အားလုံးကို နိဂုံးချုပ်ရန် ဖြစ်သည်။ အမှု၏ ဤအဆင့်မှာ အလုပ်အားလုံးကို အဆုံးသတ်ပြီး နှုတ်ကပတ်တော်များကို အသုံးပြုခြင်းဖြင့် အထမြောက်ပြီး ဖြစ်သည့်အတွက်၊ နှုတ်ကပတ်တော်များကို ၎င်းတို့၏အဆုံးထိ မြွက်ကြားမပေးလျှင် ဤအမှုနိဂုံးချုပ်ရန် ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။ ထိုအချိန်က ယေရှုသည် လူသားနားလည်နိုင်စွမ်းမရှိသည့် အမှုများစွာကို ဆောင်ရွက်ခဲ့သည်။ သူသည် တိတ်တဆိတ် ထွက်ခွာသွားခဲ့ပြီး ယနေ့တွင် သူ၏ နှုတ်ကပတ်တော်များကို နားမလည်ကြသူ၊ သူတို့၏ နားလည်ခြင်းသည် မှားနေသော်ငြားလည်း သူတို့က မှန်ကန်သည်ဟု ယုံကြည်နေကြပြီး သူတို့ မှားနေကြောင်းကို မသိရှိကြသောသူ အများအပြား ရှိနေကြဆဲပင် ဖြစ်သည်။ နောက်ဆုံးတွင် ဤလက်ရှိအဆင့်သည် ဘုရားသခင်၏ အလုပ်ကို လုံး၀ အဆုံးသတ်၍ ၎င်း၏နိဂုံးကို စီစဥ်ပေးလိမ့်မည်ဖြစ်သည်။ အားလုံးက ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို နားလည်လျက် သိရှိလာလိမ့်မည်ဖြစ်သည်။ လူသားအတွင်းရှိ အယူအဆများ၊ သူ၏ ရည်မှန်းချက်များ၊ သူ၏ လွဲမှားနေသည့် နားလည်မှု၊ ယေဟောဝါနှင့် ယေရှုတို့၏ အမှုအပေါ် သူ၏အယူအဆများ၊ တစ်ပါးအမျိုးသားများအပေါ် သူ၏ အမြင်များနှင့် သူ၏ အခြားလွဲချော်မှုများနှင့် အမှားများမှာ အမှားပြင်ပေးခြင်း ခံရလိမ့်မည်ဖြစ်သည်။ ထို့နောက် လူသားသည် အသက်တာ၏ မှန်ကန်သောလမ်းကြောင်းများအားလုံး၊ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအားလုံးနှင့် သမ္မာတရားတစ်ခုလုံးကို နားလည်လာလိမ့်မည်။ ထို့သို့ဖြစ်သည့်အခါ အမှု၏ လက်ရှိအဆင့်မှာ အဆုံးသတ်လိမ့်မည်။ ယေဟောဝါ၏အမှုမှာ ကမ္ဘာကို ဖန်ဆင်းခြင်းဖြစ်ပြီး ယင်းမှာ အစအဦး ဖြစ်သည်၊ အမှု၏ ယခုအဆင့်မှာမူ အမှု၏ အဆုံးဖြစ်ပြီး နိဂုံးဖြစ်သည်။ အစပိုင်းမှာ ဘုရားသခင်၏အမှုကို ဣသရေလ၏ ရွေးချယ်ခံရသည့် သူများကြားတွင် ဆောင်ရွက်ခဲ့ပြီး ထိုအရာမှာ နေရာအားလုံးထဲက အသန့်ရှင်းဆုံးနေရာ၌ ခေတ်သစ်တစ်ခု၏အစ ဖြစ်ခဲ့သည်။ အမှု၏ နောက်ဆုံးအဆင့်ကို နိုင်ငံများအားလုံးထဲမှ မသန့်ရှင်းဆုံးနိုင်ငံတွင် ဆောင်ရွက်ပြီး လောကကို တရားစီရင်လျက် ခေတ်ကြီးကို အဆုံးသတ်ရန် ဖြစ်သည်။ ပထမအဆင့်တွင် ဘုရားသခင်၏အမှုကို နေရာအားလုံးထဲမှ အတောက်ပဆုံးနေရာတွင် ဆောင်ရွက်ခဲ့ပြီး၊ နောက်ဆုံးအဆင့်ကိုမူ နေရာအားလုံးထဲမှ အမှောင်မိုက်ဆုံးနေရာတွင် ဆောင်ရွက်ခြင်းဖြစ်လျက် ဤအမှောင်ထုကို မောင်းထုတ်ပစ်ကာ အလင်းရောင်ကို ယူဆောင်ပေးပြီး လူအားလုံးကို သိမ်းပိုက်မည်ဖြစ်သည်။ နေရာအားလုံးထဲမှ မသန့်ရှင်းဆုံးနှင့် အမည်းမိုက်ဆုံးဖြစ်သော ဤနေရာမှ လူတို့ကို သိမ်းပိုက်ပြီး၍၊ လူထုတစ်ရပ်လုံးက စစ်မှန်သောဘုရားဖြစ်သည့် ဘုရားသခင်ရှိသည်ကို အသိအမှတ်ပြုပြီး လူတိုင်းသည် အကြွင်းမဲ့ လက်ခံယုံကြည်လာပြီးသောအခါ စကြဝဠာတစ်ခုလုံး၌ သိမ်းပိုက်ခြင်းအလုပ်ကို ဆောင်ရွက်ရန် ဤအချက်ကို အသုံးပြုမည်ဖြစ်သည်။ အမှု၏ ဤအဆင့်မှာ သင်္ကေတသဘောဆောင်သည်- ဤခေတ်၏အမှုကို ဆောင်ရွက်ပြီးသည်နှင့်၊ နှစ်ပေါင်း ၆၀ဝ၀ ကြာခဲ့သည့် စီမံခန့်ခွဲမှုအလုပ်သည် လုံး၀ အဆုံးသတ်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)” မှ

၇။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှု၏ အနှစ်သာရသည် လူသားတို့ကို သန့်ရှင်းစေရန်ဖြစ်ပြီး ယင်းသည် နောက်ဆုံးသော အနားယူရာနေ့အတွက်ဖြစ်သည်။ သို့မဟုတ်ပါက လူသားမျိုးနွယ် တစ်ရပ်လုံးသည် သူတို့၏ ကိုယ်ပိုင်အမျိုးအစားနောက်သို့ လိုက်နိုင် ကြမည်မဟုတ်ပေ၊ သို့မဟုတ် အနားယူခြင်းထဲသို့ ဝင်ရောက်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ဤအမှုသည် လူသားအတွက် အနားယူခြင်းထဲသို့ ဝင်ရောက်ရန် တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်၏ သန့်စင်စေခြင်းအမှုသည်သာ လူသားမျိုးနွယ်ကို သူတို့၏ မဖြောင့်မတ်ခြင်းမှ သန့်စင် စေလိမ့်မည်ဖြစ်ပြီး သူ၏ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုသည်သာလျှင် လူသားမျိုးနွယ်အကြားမှ မနာခံသော ထိုအရာများကို ဖော်ထုတ်လိမ့်မည်။ ထိုသို့ဖြင့် ကယ်တင်ခြင်း ခံရနိုင်သူတို့ကို မခံရနိုင်သူတို့နှင့် ခွဲခြားပြီး ကျန်ရှိမည့်သူများကို မကျန်ရှိမည့်သူများနှင့် ခွဲခြားထားလိမ့်မည်။ ဤအမှုပြီးဆုံးသောအခါ ကျန်ရှိရန် ခွင့်ပြုထားသောသူများ အားလုံးသည် သန့်စင်စေခြင်း ခံကြရပြီး၊ လူ့သဘာဝ၏ ပိုမိုမြင့်မားသော အခြေအနေထဲသို့ ဝင်ရောက် ရမည်ဖြစ်ကာ ယင်းတွင် ပိုမိုပျော်ရွှင်ဖွယ်ကောင်းသော ဒုတိယ လူသားဘဝကို ကမ္ဘာမြေပေါ်တွင် ခံစားကြရမည်။ တစ်နည်းအားဖြင့် ဆိုသော် သူတို့သည် သူတို့၏ လူသား အနားယူရာနေ့ကို စတင်ကြပြီး ဘုရားသခင်နှင့်အတူ ယှဉ်တွဲနေထိုင်ကြလိမ့်မည်။ မကျန်ရှိနိုင်သော သူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ခံကြရ ပြီးနောက်တွင် သူတို့၏ မူလရုပ်ဆင်းသဏ္ဌာန်မှာ လုံးဝဥဿုံ ထုတ်ဖော်ခြင်းခံရလိမ့်မည်။ ထို့နောက်တွင် သူတို့အားလုံးသည် စာတန်ကဲ့သို့ပင် ဖျက်ဆီးခြင်းကိုခံကြရမည်ဖြစ်ပြီး ကမ္ဘာမြေကြီး ပေါ်တွင် ဆက်လက်ရှင်သန်ခွင့်ရှိတော့မည် မဟုတ်ပေ။ အနာဂတ် လူသားတို့တွင် ဤကဲ့သို့သောလူများ ဆက်လက်ပါဝင်တော့မည် မဟုတ်ပေ၊ ထိုလူများသည် လုံးဝအနားယူရာပြည်အတွင်းသို့ ဝင်ရောက်ရန် မထိုက်တန်ကြသကဲ့သို့ ဘုရားသခင်နှင့် လူသားတို့ မျှဝေခံစားကြမည့် အနားယူရာနေ့ရက်ကို ဝင်ရောက်ရန်လည်း မထိုက်တန်ကြပေ။ အကြောင်းမှာ ထိုသူတို့သည် အပြစ်ဒဏ်ပေးခြင်းကို ခံရမည့် ပစ်မှတ်များဖြစ်ကြပြီး ကောက်ကျစ်စဉ်းလဲသူများဖြစ်ကာ သူတို့သည် မဖြောင့်မတ်သောလူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။...မကောင်းသောသူများကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းဟူသည့် သူ၏ နောက်ဆုံးအမှုသည် လူသားအားလုံးကို လုံးဝသန့်စင်စေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ထိုသို့အားဖြင့် သူသည် သန့်ရှင်းသော လူသားအားလုံးကို ထာဝရအနားယူခြင်းထဲသို့ ဆောင်ယူသွားရန် ဖြစ်သည်။ သူ့အမှု၏ ဤအဆင့်သည် အရေးကြီးဆုံးအလုပ်ဖြစ်သည်။ ယင်းမှာ သူ့စီမံခန့်ခွဲမှု အလုပ်တစ်ခုလုံး၏ နောက်ဆုံးအဆင့်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

၈။ ဘုရားသခင်၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲခြင်း အမှုကို အဆင့်သုံးဆင့် ခွဲခြားထား၏- ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်ဟူ၍ ဖြစ်သည်။ အမှု၏ ဤအဆင့်သုံးဆင့်အားလုံးသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် ဖြစ်၏၊ ဆိုလိုသည်မှာ ၎င်းတို့သည် စာတန်၏ ပြင်းထန်စွာ ဖောက်ပြန်ပျက်စီးစေခြင်းခံခဲ့ရသည့် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက်ဖြစ်သည်။ သို့ရာတွင် တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဘုရားသခင်အနေဖြင့် စာတန်နှင့် တိုက်ပွဲဝင်နိုင်ရန်အလို့ငှာလည်း ဖြစ်၏။ ထို့ကြောင့်၊ ကယ်တင်ခြင်း အမှုသည် အဆင့်သုံးဆင့်ခွဲခြားထားသကဲ့သို့ပင်၊ စာတန်နှင့် တိုက်ပွဲသည်လည်း အဆင့်သုံးဆင့် ခွဲခြားထားသောကြောင့် ဘုရားသခင်၏အမှုနှင့်သက်ဆိုင်သည့် ဤကဏ္ဍနှစ်ရပ်ကို တစ်ပြိုင်နက် ဆောင်ရွက်လေသည်။ စာတန်နှင့် တိုက်ပွဲသည် အမှန်တကယ်တွင် လူသားမျိုးနွယ်၏ကယ်တင်ခြင်းအတွက် ဖြစ်ကာ၊ လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအမှုသည် အဆင့်တစ်ဆင့်တည်းဖြင့် အောင်မြင်စွာ ပြီးဆုံး နိုင်သည့်အရာတစ်ခု မဟုတ်သောကြောင့်၊ စာတန်နှင့်တိုက်ပွဲသည်လည်း အဆင့်များနှင့် ကာလများအဖြစ် ပိုင်းခြားထားပြီး၊ လူသား၏လိုအပ်ချက်များနှင့် ၎င်းအပေါ် စာတန်၏ဖောက်ပြန်ပျက်စီးစေခြင်း အတိုင်းအတာတို့နှင့်အညီ စာတန်အပေါ် စစ်ပွဲဆင်နွှဲရလေသည်။...လူသား၏ကယ်တင်ခြင်းအမှုအဖို့ အဆင့်သုံးဆင့်ရှိ၏၊ ဆိုလိုသည်မှာ စာတန်ကို တစ်ကြိမ်တည်းနှင့် လုံးဝရှုံးနိမ့်စေဖို့အလို့ငှာ စာတန်နှင့်တိုက်ပွဲကို အဆင့်သုံးဆင့် ခွဲထားပေသည်။ သို့ရာတွင် စာတန်နှင့်တိုက်ပွဲ အမှုတစ်ခုလုံး၏ အတွင်းသမ္မာတရားမှာ အမှု၏ လူသားအပေါ် ကျေးဇူးတော် အပ်နှင်းခြင်း၊ လူသား၏ အပြစ်ဖြေရာယဇ် ဖြစ်လာခြင်း၊ လူသား၏ အပြစ်များကို ခွင့်လွှတ်ခြင်း၊ လူသားကို သိမ်းပိုက်ခြင်းနှင့် လူသားကို စုံလင်စေခြင်း ဟူသော အချို့သောအဆင့်တို့မှတစ်ဆင့် ၎င်း၏ အကျိုးတရားများကို ရရှိပေသည်။ အမှန်စင်စစ်ဆိုရလျှင်၊ စာတန်နှင့်တိုက်ပွဲသည် စာတန်ကိုဆန့်ကျင်၍ လက်နက်ကိုင် တိုက်ခိုက်ခြင်းမဟုတ်ဘဲ၊ လူသားသည် ဘုရားသခင်အဖို့ သက်သေခံနိုင်ရန်အလို့ငှာ လူသားကို ကယ်တင်ခြင်း၊ လူသား၏အသက်တာအပေါ် အမှုပြုခြင်းနှင့် လူသား၏စိတ်သဘောထားကို ပြောင်းလဲခြင်းတို့ ဖြစ်၏။ ဤသည်မှာ စာတန် ရှုံးနိမ့်သည့်ပုံဖြစ်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲခြင်းမှတစ်ဆင့် စာတန်သည် ရှုံးနိမ့်လေ၏။ စာတန် ရှုံးနိမ့်ပြီးသည့်အခါတွင်၊ ဆိုလိုသည်မှာ၊ လူသည် လုံးဝ ကယ်တင်ခံရပြီးသည့်အခါ၊ အရှက်ရသည့်စာတန်သည် လုံးဝချည်နှောင်ခံရလိမ့်မည်ဖြစ်ပြီး၊ ဤနည်းဖြင့် လူသားသည် လုံးဝ ကယ်တင်ခြင်းခံရပြီးဖြစ်လိမ့်မည်။ ထို့ကြောင့် လူသား၏ ကယ်တင်ခြင်း အနှစ်သာရသည် စာတန်နှင့်စစ်ပွဲဖြစ်ပြီး၊ ဤစစ်ပွဲသည် အဓိကအားဖြင့် လူသား၏ကယ်တင်ခြင်းတွင် ထင်ဟပ်လေသည်။ လူသားကို သိမ်းပိုက်ရမည့် နောက်ဆုံးသောကာလ အဆင့်သည် စာတန်နှင့်တိုက်ပွဲတွင် နောက်ဆုံးအဆင့် ဖြစ်ပြီး၊ ယင်းသည် စာတန်၏ အုပ်စိုးမှုမှ လူသား၏ ပြည့်စုံသော ကယ်တင်ခြင်း အမှုလည်းဖြစ်၏။ လူသားကို သိမ်းပိုက်ခြင်း၏ အတွင်းအဓိပ္ပာယ်မှာ စာတန်၏ပြယုဂ်ဖြစ်သည့် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံထားရသည့် လူသားကို ၎င်း၏ သိမ်းပိုက်ခံရခြင်းနောက်တွင် ဖန်ဆင်းရှင်ထံ ပြန်ပို့ခြင်းဖြစ်၏၊ ဤမှတစ်ဆင့် သူသည် စာတန်ကိုစွန့်လွှတ်ပြီး ဘုရားသခင်ထံ လုံးဝ ပြန်သွားလိမ့်မည်ဖြစ်၏။ ဤနည်းဖြင့်၊ လူသားသည် လုံးဝကယ်တင်ခံရပြီး ဖြစ်လိမ့်မည်။ ထို့ကြောင့် သိမ်းပိုက်ခြင်းအမှုသည် စာတန်နှင့် တိုက်ပွဲဝင်ရာတွင် နောက်ဆုံးအမှု ဖြစ်ပြီး၊ စာတန်၏ရှုံးနိမ့်မှုအတွက် ဘုရားသခင်၏စီမံခန့်ခွဲမှု နောက်ဆုံးအဆင့်ဖြစ်၏။ ဤအမှုမရှိပါက၊ လူသား၏‌ ပြည့်ဝသော ကယ်တင်ခြင်းသည် နောက်ဆုံးတွင် ဖြစ်နိုင်မည် မဟုတ်ပေ၊ စာတန်၏ လုံးဝရှုံးနိမ့်ခြင်းသည်လည်း ဖြစ်နိုင်မည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်သည် အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်မည် မဟုတ်ပေ၊ သို့မဟုတ် စာတန်၏ လွှမ်းမိုးမှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ အကျိုးဆက်အနေဖြင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှု၏ အချက်အချာသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအလို့ငှာ ဖြစ်သည့်အတွက်၊ စာတန်နှင့် တိုက်ပွဲ အဆုံးမသတ်မီတွင် လူသားကို ကယ်တင်ခြင်းအမှုသည် အဆုံးသတ်၍ မရနိုင်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” မှ

အရှေ့သို့- ၄။ ကျေးဇူးတော်ခေတ်၌ ကယ်တင်ခြင်းနှင့် နိုင်ငံတော်ခေတ်၌ ကယ်တင်ခြင်းတို့နှင့် ပတ်သက်သော သမ္မာတရား အကြောင်း

နောက်တစ်ခုသို့- ၆။ ကျေးဇူးတော်ခေတ် အမှုတော်နှင့် နိုင်ငံတော်ခေတ် အမှုတော်တို့ကြား ဆက်နွယ်မှု

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်

ငါသည် လူတို့အကြားတွင် များစွာသောအမှုကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ကာ၊ ၎င်းကာလအတွင်း ငါသည် နှုတ်ကပတ်တော်များစွာကိုလည်း ဖော်ပြခဲ့ပြီးဖြစ်သည်။...

နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်

နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအမှုပြုသည့် နည်းလမ်းကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံး၏ အမှုကို...

ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်

တပါးအမျိုးသား နိုင်ငံများအကြား ငါသည် ငါ၏အမှုကို ပျံ့နှံ့အောင် လုပ်ဆောင်နေသည်။ ငါ၏ဘုန်းအသရေသည် စကြဝဠာတစ်ခွင်လုံး တောက်ပလျက်ရှိသည်။...

ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော

ဘုရားသခင်ကို ယုံကြည်သောသူများအနေဖြင့်၊ သင်တို့အသီးသီးသည် နောက်ဆုံးသော ကာလ၌ ဘုရားသခင်၏ အမှုနှင့် ယနေ့ သင့်အထဲတွင် သူ ပြုသည့် သူ၏...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်