အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၃၁၀ ဘုရားကို တမ်းတခြင်း

အို ဘုရားသခင်၊ ကျွန်ုပ်တို့ ကိုယ်တော်ကို သတိရပါ၏။

ကိုယ်တော့်ကြောင့် ကျွန်ုပ်တို့ နေ့ရက်တိုင်း အလွန်ကြည်နူးဖွယ်ကောင်း။

အသင်းတော်များသို့ ကိုယ်တော်ရောက်လာကာ၊

ကိုယ်တော့်အသံနှင့် ကိုယ်တော်ပြောသော စကားကို ကျွန်ုပ်တို့ ကြားရ၏။

ကျွန်ုပ်တို့ကို ကိုယ်တော် ရေလောင်း၊ ပြုစုကျွေးမွေး၍ ဦးဆောင်လမ်းပြသောကြောင့်

ကျွန်ုပ်တို့ သမ္မာတရားကို မြင်ရ၊

ကျွန်ုပ်တို့ အသက်တာ ရင့်ကျက်လာကာ

လူသားတစ်ဦးသဏ္ဌာန်ကျွန်ုပ်တို့ အသက်ရှင်နိုင်သည်။

အို ဘုရားသခင်၊ ကိုယ်တော်၏မေတ္တာ၊ ကျွန်ုပ်တို့အပေါ်ထားသော ကိုယ်တော်၏ နက်ရှိုင်းသော အချစ်ကို ကျွန်ုပ်တို့ မမေ့နိုင်ပါ။

အို ဘုရားသခင်၊ ကျွန်ုပ်တို့ ကိုယ်တော်ကို သတိရပါ၏။

ကိုယ်တော်၏နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပြီး ကျွန်ုပ်တို့ထဲ၌ အမြစ်တွယ်သည်။

ကျွန်ုပ်တို့ကို ကိုယ်တော် အပြစ်စီရင်၊ သန့်ရှင်းစေ၍

စာတန်၏အုပ်စိုးမှုမှ ကျွန်ုပ်တို့ လွတ်မြောက်ခဲ့ပြီ။

ကျွန်ုပ်တို့ ကိုယ်တော့်ရှေ့၌ အသက်ရှင်နေထိုင်၊ ကိုယ်တော်၏ကယ်တင်ခြင်း ရရှိလို့ ဝမ်းမြောက်ရ၏။

ကိုယ်တော်၏နှုတ်ကပတ်တော်ဖြင့် ကျွန်ုပ်တို့ အသက်ရှင်၊

ဘဝသည် ချိုမြိန်လွန်း၊ ဝမ်းမြောက်ခြင်းပြည့်လျှံလွန်းနေ။

ကိုယ်တော်၏အပြစ်စီရင်ခြင်းနှင့်သန့်ရှင်းစေခြင်းအတွက် ကိုယ်တော့်ကို ကျေးဇူးတင်သည်။

အို ဘုရားသခင်၊ ကိုယ်တော့်ကို အစဉ် အောက်မေ့ပါမည်၊

ကျွန်ုပ်တို့ ကိုယ်တော့်ကို အောက်မေ့ပါမည်။

အို ဘုရားသခင်၊ ကျွန်ုပ်တို့ ကိုယ်တော်ကို သတိရပါ၏။

ကိုယ်တော် ကျွန်ုပ်တို့ကို စာတန်၏ညဉ်းပမ်းနှိပ်စက်မှုကြားတွင် ကာကွယ်စောင့်ရှောက်သည်။

စုံစမ်းခြင်းနှင့် ဆင်းရဲဒုက္ခကို ကျွန်ုပ်တို့ ခံစားရလည်း

ကျွန်ုပ်တို့အသက်တာများ ကြီးထွားရင့်ရက်သွားခဲ့။

ကိုယ်တော်၏အမှုတော်သည် အံ့ဖွယ်ဖြစ်ပုံနှင့် ဉာဏ်အမြော်အမြင်ပါပုံနှင့်

ကိုယ်တော်၏အမှုတော် နားလည်မရနိုင်၊ လက်တွေ့ကျလွန်းသည်ကို မြင်ရသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်၏။

ကိုယ်တော်၏လူမျိုးတို့ကို စုံလင်စေဖို့ စာတန်၏အားအင်ကို ကိုယ်တော် အသုံးပြု။

အို ဘုရားသခင်၊ ကိုယ်တော်၏ ဖြောင့်မတ်ခြင်း အလွန်မြတ်နိုးဖွယ်ဖြစ်၏၊

အလွန်ချီးမွမ်းထိုက်ပေ။

အို ဘုရားသခင်၊ ကျွန်ုပ်တို့ ကိုယ်တော်ကို သတိရပါ၏။

ကိုယ်တော်၏နှုတ်ကပတ်သည် ကျွန်ုပ်တို့ကို ဘဝလမ်းမှန်သို့ ဦးဆောင်လမ်းပြ။

ကိုယ်တော်သည် ကျွန်ုပ်တို့ကို အပြစ်စီရင် ဆုံးမ။

ကျွန်ုပ်တို့ ကယ်တင်ခြင်းခံရပြီ၊ အလင်း၌ ကျွန်ုပ်တို့ အသက်ရှင်။

မေ့ပျောက်မသွားမည့် ကိုယ်တော်၏ချစ်ခြင်းမေတ္တာကို ရရှိသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်၏။

ကျွန်ုပ်တို့ ဘဝ၌ ကိုယ်တော်၏သွန်သင်ချက်များအတိုင်း လိုက်နာရန် အကောင်းဆုံးလုပ်ဆောင်ကြပါသည်။

စစ်မှန်သောလမ်းကို ကျွန်ုပ်တို့ အမြဲ ထိန်းသိမ်းလိုက်လျှောက်ပါမည်။

အို ဘုရားသခင်

ကျွန်ုပ်တို့ ကိုယ်တော့်ကို အမြဲသက်သေခံပါမည်။

ကိုယ်တော့်ကို အလွန်ကျေးဇူးတင်သည်။

ယခင်က:နေ့တိုင်း ဘုရားသခင်နှင့်အတူ ကျွန်ုပ်ရှိခဲ့ဖို့ ဆန္ဒရှိပေ

နောက်တစ်ခုသို့:ထာဝရ တောင့်တခြင်း

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ