သီချင်းစာသား ချိန်ညှိခြင်းကို ထောက်ပံ့ပေးသည်

အင်တာနက်လိုင်းမဖွင့်ဘဲ နားထောင်ပါ

အသံဆက်တင်မျိုးစုံ

သင်၏အချက်အလက်အားလုံးကို မတူညီသော စက်ပစ္စည်းများဖြင့် တစ်ပြိုင်တည်း ချိန်ညှိပါ

CAG Hymns

နှုတ်ကပတ်တော်များ ဓမ္မသီချင်းများနှင့် အသင်းတော် ဓမ္မတေးသီချင်းများ စုစည်းမှုတစ်ခုသည် တေးဂီတများကို ခံစားနားထောင်စဉ်တွင် သမ္မာတရားကို ပိုမိုသိနားလည်ဖို့ ကျွန်ုပ်တို့ကို ကူညီပေးပါသည်။

iphone-mobile.png

ဓမ္မသီချင်း အယ်လ်ဘမ်များ

အကြောင်းအရာအမျိုးမျိုးက သင် နားထောင်လိုသည့် ဓမ္မသီချင်းကို ရှာတွေ့ဖို့ ကူညီပေးသည်။

iphone-mobile.png

မတူညီသည့် လိုအပ်မှုများအတွက် မတူညီသည့် ဘာသာစကားများ

ဓမ္မတေးသီချင်းများသည် တရုတ်၊ အင်္ဂလိပ်၊ ကိုရီးယား၊ စပိန်၊ ပြင်သစ်၊ ဂျာမန်၊ အီတလီ စသည်တို့အပါအဝင် မတူကွဲပြားသော ဘာသာစကား ၂၃ ခုဖြင့် ရရှိနိုင်ပါသည်။ သင့်အတွက် အသင့်လျော်ဆုံးဖြစ်သော ဘာသာစကားကို ရွေးချယ်ပါ။

အသံသက်ရောက်မှုများ တုပသည့် အမျိုးမျိုးသော ဆက်တင်များ

သင်အနှစ်သက်ဆုံး အသံသက်ရောက်မှုများကို ရှာတွေ့ဖို့ ဆက်တင်အမျိုးမျိုးမှ ရွေးချယ်ပါ။

သင်၏ ကိုယ်ပိုင် အသံဖမ်းယူမှုများ ပြုလုပ်ပါ

သီချင်းစာသားများနှင့် တေးဂီတ အတွဲအဖက်နှင့်အတူ၊ သင် လိုက်ပါသီဆိုနိုင်ပြီး တစ်ချက်နှိပ်နှိပ်ရုံမျှဖြင့် အသံဖမ်းခြင်းများကို သိမ်းထားနိုင်ပါသည်။

iphone-mobile.png
iphone-mobile.png

သင်၏ တေးဂီတကို မျှဝေပါ

သင်ပြုလုပ်ထားသည့် အသံဖမ်းယူမှုတစ်ခုကို နှစ်သက်သည့်အခါ၊ သီချင်းကို မိတ်ဆွေသူငယ်ချင်းများ၊ မိသားစုနှင့်အတူ အလွယ်တကူ မျှဝေပါ။

ဗီဒီယိုများ

ဓမ္မတေးသံစုံကျူး ဗီဒီယိုများ၊ ဓမ္မသီချင်း တေးဂီတဗီဒီယိုများ၊ ဂီတဆိုင်ရာများ ကဲ့သို့သော ထူးခြားကောင်းမွန်သော တင်ဆက်မှုများအပြင်၊ သီချင်းများနှင့် အကများ။

ဖွင့်ရန် စာရင်းများ ဖန်တီးပါ

သင်နှစ်သက်သည့် သီချင်းများကို ထည့်ပြီး အချိန်မရွေး မျှဝေနိုင်ဖို့အလို့ငှာ သင်၏ ကိုယ်ပိုင် ဖွင့်စရာ စာရင်းများ ဖန်တီးပါ။

iphone-mobile.png
ချီးမွမ်းခြင်း သီချင်းများ သီချင်း ၃၈ ပုဒ်

သီချင်းများကို သွင်းပါ

အလျင်အမြန် စကင်န်ပြုလုပ်ပြီး သင်၏ မိုဘိုင်းကိရိယာမှ တေးဂီတကို သွင်းပါ။

iphone-mobile.png
https://my.kingdomsalvation.org/special-topic/cag-hymns-app/sources/images/section4/musical-note_green.png

အင်တာနက်လိုင်း မလိုသည့် ဂီတ

ဓမ္မတေးသီချင်းများကို အခမဲ့ ဒေါင်းလုတ်ပြီး အင်တာနက် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ၎င်းတို့ကို အချိန်မရွေး နားထောင်ပါ။

တိုက်ရိုက် စကားပြောခြင်း

နိုင်ငံတော်၏ အသစ်သော သီချင်းများကို နားထောင်ခြင်းအတွက် ကျေးဇူးတင်ပါသည်။ သင်၏ ယုံကြည်ခြင်းတွင် ပြဿနာတစ်စုံတစ်ရာ ရှိပါက၊ ကျေးဇူးပြုပြီး အချိန်မရွေး ကျွန်ုပ်တို့ကို ဆက်သွယ်ပါ။ သင်နှင့်အတူ မိတ်သဟာယပြုဖို့ ကျွန်ုပ်တို့ မျှော်လင့်စောင့်စားပါသည်။

မကြာခဏမေးတတ်သော မေးခွန်းများ

၁။ CAG Hymnsကို အသုံးပြုခြင်းအတွက် ဝန်ဆောင်ခ တစ်ခုခုရှိပါသလား။

မရှိပါ။ ဘုရားသခင်ကို လူတို့ ချီးမွမ်းနိုင်ဖို့နှင့် သူ့ကို နေရာမရွေး၊ အချိန်မရွေး သာ၍ တိုးဝင်ချဉ်းကပ်နိုင်ဖို့အလို့ငှာ နိုင်ငံတော်၏ အသစ်သော သီချင်းများကို လူတို့ သာ၍ ကြားနိုင်ကြဖို့ မျှော်လင့်ချက်ဖြင့် ဓမ္မတေးသီချင်းများနှင့် ရုပ်ရှင်လက်ရာမျိုးစုံကို ကျွန်ပ်တို့ ထောက်ပံ့ပေးပါသည်။ မည်သည့်ပမာဏမျှ ပေးချေစရာမလိုဘဲ အက်ပလီကေးရှင်း လုပ်ဆောင်ချက်များကို သင် ဝင်ကြည့်နိုင်ပါသည်။

၂။ ရုပ်ရှင်ဇာတ်ကားသစ်များ တောင်းဆို၍ ရပါသလား။

တောင်းဆိုနိုင်ပါသည်။ အက်ပလီကေးရှင်းအတွက် အကြံပြုချက်များတစ်ခုတစ်လေ ရှိပါက၊ ကျွန်ုပ်တို့ ဝဘ်ဆိုက်၏ ညာဖက်အောက်ထောင့်ရှိ ချက်ဘောက်စ်မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်ဖို့၊ သို့မဟုတ် [email protected] သို့ အီးမေးလ်ပို့ရန် သင့်ကို ကြိုဆိုပါသည်။ သင်၏ အကြံပြုချက်များကို ကျွန်ုပ်တို့ အလေးအနက်ထားမည်ဖြစ်ပြီး အသုံးပြုခြင်းနှင့် သုံးစွဲသူ၏ အတွေ့အကြုံကို အချိန်ကာလတစ်လျှောက် တိုးတက်စေပါမည်။

၃။ ပိုမိုဆန်းသစ်သော ဗားရှင်းထွက်လာသည့်အခါ၊ ချက်ချင်း update လုပ်ရန် လိုအပ်ပါသလား။

လိုအပ်ပါသည်။ သုံးစွဲသူ၏ အတွေးအကြုံများကို တိုးတက်စေရင်း၊ ပရိုဂရမ် အမှားအယွင်းအချို့ကို ပြုပြင်ရန်နှင့် လုပ်ဆောင်ချက်အသစ်များကို အဆင့်ဆင့် ဖြန့်ကျက်ရန်အလို့ငှာ ဗားရှင်းအသစ်များကို အခါအားလျော်စွာ ကျွန်ုပ်တို့ ထုတ်ပြန်ပေးပါမည်။

၄။ ကျွန်ုပ်၏ ဘာသာစကား ကြားခံဆက်သွယ်ပေးသည့် စနစ်ကို အဘယ်သို့ ပြောင်းလဲနိုင်သနည်း။

iOS- အက်ပလီကေးရှင်းထဲတွင်၊ “နောက်ထပ်” ကိုသွားပါ၊ ပြီးနောက် “ဘာသာစကား” ကို ရွေးချယ်ပါ။ ဤတွင် သင် နှစ်သက်သည့် ဘာသာစကားကို သင် ရွေးချယ်နိုင်ပါသည်။ Android- အက်ပလီကေးရှင်း၏ ပင်မဖန်ပြင် ပေါ်တွင်၊ ဖန်ပြင်၏ ဘယ်ဘက်ထိပ်ရှိ အစင်းအကြောင်း သုံးခုကို နှိပ်ပါ၊ ပြီးနောက် “ဘာသာစကား”ကို ရွေးချယ်ပါ။ ဤတွင် သင်နှစ်သက်သည့် ဘာသာစကားကို ရွေးချယ်နိုင်ပါသည်။

၅။ ပါဝင်နှင့်ပြီးဖြစ်သည့် ဓမ္မတေးသီချင်းများအပြင် အခြားသီချင်းများကို အက်ပလီကေးရှင်းထဲသို့ ကျွန်ုပ် ထည့်သွင်းနိုင်ပါသလား။

ထည့်သွင်းနိုင်ပါသည်။ သင်၏ “သီချင်းစုစည်းရာ” သို့သာ သွားပြီး အနီးအနား သိမ်းဆည်းထားသည့် သီချင်းများကို ထည့်သွင်းဖို့ “မူရင်း ဖိုင်များ”ကို ရွေးပါ။

၆။ အခြား စက်ပစ္စည်းပေါ်ရှိ ကျွန်ုပ်၏ “အနှစ်သက်ဆုံး” နှင့် “ဖွင့်ရန် စာရင်း” ထဲက တေးဂီတကို ကျွန်ုပ် မည်သို့ ချိန်ညှိနိုင်သနည်း။

လွယ်ပါသည်။ သင်၏ ချိန်ညှိထားသည့် အချက်အလက်များအားလုံးဆီ ဝင်ရောက်ဖို့ အခြား စက်ပစ္စည်းပေါ်တွင် သင်၏ အကောင့်ထဲသို့သာ ဝင်လိုက်ပါ။

၇။ သီချင်းစားသားများကို မည်သို့ ပြသရမည်နည်း။

သီချင်းဖွင့်ထားသည့် ဖန်သားပြင်ပေါ်က ဓါတ်ပြား၏ ပုံကို ဖွဖွနှိပ်ရုံဖြင့် သီချင်းစာသားများ ပြပါလိမ့်မည်။

၈။ CAG Hymnsကို အသုံးပြုနေစဉ် ကျွန်ုပ် အခက်အခဲတစ်ခုရှိပါက၊ သင့်ကို အသိပေး၍ ရပါသလား။ ယင်းကို ဖြေရှင်းဖို့ သင် ကူညီနိုင်ပါသလား။

ကူညီနိုင်ပါသည်။ ကျွန်ုပ်တို့နှင့် ဆက်သွယ်ဖို့ သင့်ကို ကြိုဆိုပါသည်။ သင်၏ မေးခွန်းကို အချိန်မရွေး ဖြေကြားပေးဖို့ရန် ကျွန်ုပ်တို့သည် တစ်ရက် ၂၄ နာရီ၊ တစ်ပတ် ၇ ရက် ရှိနေပါသည်။