စာအုပ်များ

  • နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

    ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်

    သူ၏အမှုတော်ကိုလုပ်ဆောင်ရန် ပေါ်ထွန်းပြီဖြစ်သည့် နောက်ဆုံးသောကာလ၏ ခရစ်တော်၊ အနန္တတန်ခိုးရှင်ဘုရားသခင်သည် လူသားမျိုးနွယ်ကို သန့်စင်စေပြီး ကယ်တင်သည့် သမ္မာတရားအားလုံးကို ဖော်ပြပြီး၊ ထိုသမ္မာတရားအားလုံးသည် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ထဲတွင် ပါရှိလေသည်။ ဤရာက “အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၁:၁) ဟူသည့် သမ္မာကျမ်းစာတွင် ရေးသားထားသောအရာကို ပြည့်စုံစေပြီဖြစ်သည်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ အတွက်မူ၊ ဤသည်မှာ လောကကို ဖန်ဆင်းကတည်းက ဘုရားသခင်သည် လူသားမျိုးနွယ် အားလုံးကို ပထမဆုံးအကြိမ် မိန့်ကြားခဲ့ခြင်း ဖြစ်၏။ ဤမိန့်မြွက်ချက်များသည် လူသားမျိုးနွယ်ကြားတွင် ဘုရားသခင်ဖော်ပြသည့် ပထမဆုံးသော စာသားဖြစ်သည်၊ ထိုစာသားထဲတွင် သူသည် လူတို့ကို ဖော်ထုတ်သည်၊ လမ်းပြသည်၊ တရားစီရင်ပြီး၊ ရင်းနှီးပွင့်လင်းစွာ ပြောဆို၏၊ ထို့ကြောင့် ထိုမိန့်မြွက်ချက်များသည် ဘုရားသခင်က လူတို့ကို သူ၏ ခြေလှမ်းများ၊ သူလျောင်းသည့် နေရာ၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏အတွေးများနှင့် လူသားမျိုးနွယ်အတွက် သူ၏ပူပန်မှုတို့ကို သိခွင့်ပေးသည့် ပထမဆုံး မိန့်မြွက်ချက်များလည်း ဖြစ်သည်။ ဤအရာများသည် ဖန်ဆင်းခြင်းကတည်းက ဘုရားသခင်သည် လူသားမျိုးနွယ်ကို တတိယကောင်းကင်မှ ပြောဆိုသည့် ပထမဆုံးသော မိန့်မြွက်ချက်များဖြစ်ပြီး၊ ဘုရားသခင်သည် နှုတ်ကပတ်တော်များအလယ်တွင် လူသားမျိုးနွယ်ထံသို့ ပေါ်လာစေရန်နှင့် သူ့နှလုံးသား၏အသံကို ဖော်ပြရန် သူ၏ ပင်ကိုယ်လက္ခဏာကို အသုံးပြုသော ပထမဆုံး အကြိမ် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ နောက်ဆုံးသောကာလ ခရစ်တော်ဖြစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်ဖော်ပြသည့် “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” (နှုတ်ကပတ်တော်ဟု အတိုကောက်သုံးသည်) တွင် လက်ရှိ၌ အတွဲခြောက်တွဲပါဝင်သည်- အတွဲ (၁) “ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်”၊ အတွဲ (၂) “ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍”၊ အတွဲ (၃) “နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ”၊ အတွဲ (၄) “အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း”၊ အတွဲ (၅) “ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ”၊ အတွဲ (၆) “သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍” တို့ဖြစ်သည်။
  • ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍

    “ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍” “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” ဒုတိယအတွဲသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်သော နောက်ဆုံးသောကာလ ခရစ်တော်၏ လူသားမျိုးနွယ်အားလုံးအတွက် မိန့်မြွက်ချက်များပါဝင်ပြီး “ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်” တွင်ပါဝင်သောအရာများ၏ နောက်ဆက်တွဲဖြစ်သည်။ ဘုရားသခင်သည် ကမ္ဘာကို ဖန်ဆင်းကတည်းက သူလုပ်ဆောင်ခဲ့သော အမှုကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများကို အသေးစိတ်ရှင်းပြသည်။ ထိုအထဲတွင် လူသားမျိုးနွယ်အပေါ် သူ၏ အလိုတော်နှင့် သူ၏ မျှော်လင့်ချက်များ၊ ဘုရားသခင်၏ အမှုတော်မှ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းမှ ဖွင့်ဟခြင်းနှင့် သူ၏ဖြောင့်မတ်ခြင်း၊ သူ၏ ဩဇာအာဏာ၊ သူ၏ သန့်ရှင်းခြင်း၊ သူသည် အရာအားလုံးအတွက် အသက်အရင်းအမြစ်ဖြစ်သည်ဆိုသည့်အချက်တို့ပါ ပါဝင်သည်။ ဤစာအုပ်ကို ဖတ်ပြီးသည့်နောက်တွင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူတို့သည် ဤအမှုကို ပြုပြီး ဤစိတ်သဘောထားများကို ချပြနိုင်သောသူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိသူဖြစ်သည်ဆိုသည်ကို အတည်ပြုနိုင်မည်ဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်၏ စရိုက်လက္ခဏာ၊ သူ၏ ဂုဏ်အဆင့်အတန်း၊ သူ၏ အနှစ်သာရတို့ကိုလည်း အမှန်တကယ် သိနိုင်ကြသည်။ ဤသို့အားဖြင့် နောက်ဆုံးသောကာလ ခရစ်တော်တည်းဟူသော အနန္တတန်ခိုးရှင်ဘုရားသခင်သည် အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ကြောင်းကို အတည်ပြုနိုင်ကြသည်။
  • နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ

    “နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ” သည် အနန္တတန်ခိုးရှင် ဘုရားသခင်က ဖော်ပြသော“နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” တတိယအတွဲ ဖြစ်သည်။ စာအုပ်၏ ပထမအပိုင်း၌ ဝတ်ပြုစုဝေးပွဲတွင် အနန္တတန်ခိုးရှင် ဘုရားသခင် ပေးသည့် ဒေသနာများနှင့် မိတ်သဟာယ ပါဝင်ပြီး ဒုတိယအပိုင်းတွင် ခေါင်းဆောင်များ၊ အမှုဆောင်များနှင့်အတူ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဟောပြောဆွေးနွေးချက်မျာ ပါဝင်သည်။ တတိယအပိုင်းတွင်မူ အနန္တတန်ခိုးရှင် ဘုရားသခင် ရွေးချယ်ထားသော လူတစ်စုဖြင့် သူ၏ မိတ်သဟာယဖွဲ့ခြင်း ပါဝင်သည်။ ဤဒေသနာများနှင့် မိတ်သဟာယသည် အသင်းတော်တွင် တည်ရှိသော ပြဿနာများကို ကိုင်တွယ်ပြီး ဘုရားသခင် ရွေးချယ်ထားသောသူများ၏ အသက်ဝင်ရောက်မှုနှင့်သက်ဆိုင်သော လက်တွေ့အခက်အခဲများကိုလည်း ကိုင်တွယ်သည်။ ၎င်းတို့သည် လူတို့၏ အနှစ်သာရများနှင့် လက်ရှိအခြေအနေများကို ထောက်ပြရုံမကဘဲ လူတို့လိုက်စားသင့်သည့် ပန်းတိုင်များကိုလည်း လူတို့အတွက် အလင်းပေးသည်။ ၎င်းတို့သည် သမ္မာတရားအပေါ် လူတို့၏ နားလည်မှုနှင့် အသက်ဝင်ရောက်မှုအား ရယူခြင်းအတွက် အလွန့်အလွန် အကျိုးပြုသည်။
  • သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁

    သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သည် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ၏ခြောက်တွဲမြောက်ဖြစ်သည်။ ဤစာအုပ်တွင် အနန္တတန်ခိုးရှင်ဘုရားသခင်တည်းဟူသော နောက်ဆုံးသောကာလခရစ်တော်၏ အသင်းတော်များထံသို့ အထူးပြုမိတ်သဟာယနှင့် တရားဟောခြင်းပါဝင်သည်။ ဤတရားဒေသနာများနှင့် မိတ်သဟာယတွင် သမ္မာတရားအားလိုက်စားခြင်း၏ အဓိပ္ပာယ်၊ သမ္မာတရားအား လိုက်စားခြင်း၏ အရေးပါမှုတို့ကို ရှင်းလင်းစွာ၊ ပွင့်လင်းမြင်သာစွာ ရှင်းပြထားပြီး သမ္မာတရားအား လိုက်စားခြင်းနှင့်ပတ်သက်၍ လူ၏ အမျိုးမျိုးသော မှားယွင်းသော အယူအဆများနှင့် မူမမှန်သောနားလည်မှုများအပြင် လူ၏ မတူညီသော လွဲမှားသော အတွေးအမြင်များ၊ အပျက်သဘောဆောင်သော စိတ်ခံစားချက်များကိုပါ ထုတ်ဖော်ပြကာ တစ်ချိန်တည်းတွင်ပင် ထိုအရာများကို စိစစ်ပြီး ပိုင်းခြားသိမြင်စေသည်။ ထို့အပြင် ဤတရားဒေသနာများနှင့် မိတ်သဟာယသည် လူအား သမ္မာတရားကို လိုက်စားခြင်းနှင့် စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ခြင်းလမ်းကြောင်းကို ညွှန်ပြသည်။ ဤသမ္မာတရားများသည် လူတို့ ကယ်တင်ခြင်းရရှိရန် သမ္မာတရားအား လိုက်စားခြင်းအတွက် အလွန်အရေးကြီးလေသည်။
  • တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည်

    တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည်

    ဤစာအုပ်ထဲက ရွေးချယ်မှုများသည် “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်” မှ အဓိက ယူထားသည့်၊ နောက်ဆုံးသောကာလ၌ သူ၏ တရားစီရင်ခြင်းအမှုအတွက် အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြထားသည့် နှုတ်ကပတ်တော်များသာ ဖြစ်သည်။ ယင်းတို့သည် နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ အမှုကို ရှာဖွေပြီး လေ့လာစုံစမ်းသည့် လူတိုင်း ရရှိခြင်းငှာ အရေးတကြီး လိုအပ်သည့် သမ္မာတရားများ ဖြစ်သည်။ ဤစာအုပ်ထဲမှ ဘုရားသခင်၏ ဖော်ပြချက်များသည် ဗျာဒိတ်ကျမ်းတွင် ပရောဖက်ပြုထားသည့်အတိုင်း သန့်ရှင်းသော ဝိညာဉ်တော်မှ အသင်းတော်တို့အား မြွက်ဆိုသောအရာများ ဖြစ်သည်။ ဘုရားသခင်၏ ဤလတ်တလော နှုတ်ကပတ်တော်များသည် သူ၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်အဖို့ အကောင်းဆုံး သက်သေခံချက် ဖြစ်သည့်အပြင် ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ကြောင်း အကောင်းဆုံး သက်သေခံချက် ဖြစ်သည်။ ဤစာအုပ်သည် ဘုရားသခင်၏ပေါ်ထွန်းခြင်းကို တောင့်တသောသူအားလုံးကို ဘုရားသခင်၏ အသံတော်အား အမြန်ဆုံးကြားရစေရန်အတွက် ရည်ရွယ်သည်။ သခင်၏ ကြွလာခြင်းကို စောင့်ဆိုင်းပြီး ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို မျှော်လင့်စောင့်စားကြသူ အားလုံးက ဤစာအုပ်အား ဖတ်နိုင်ကြလိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။
  • နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ

    နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ

    ဤစာအုပ်တွင် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ထဲက၊ နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဖော်ပြသည့် ဂန္ထဝင် နှုတ်ကပတ်တော်များမှ ကောက်နုတ်ချက်များ ပါရှိသည်။ ဤဂန္ထဝင်နှုတ်ကပတ်တော်များက သမ္မာတရားကို တိုက်ရိုက်ရှင်းပြပြီး၊ လူတို့ကို ဘုရားသခင်၏ အလိုတော်အား တိုက်ရိုက်နားလည်နိုင်စေသည်၊ သူ၏ အမှုတော်ကို သိရှိလာနိုင်စေကာ သူ၏ စိတ်သဘောထား၊ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့နှင့်ဆိုင်သော အသိပညာကို ရရှိနိုင်စေသည်။ ထိုနှုတ်ကပတ်တော်များသည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တောင့်တကြသူအားလုံးအတွက် သူ၏ခြေရာတော်များကို ရှာဖွေဖို့ လမ်းညွှန်တစ်ခု ဖြစ်ပါသည်။ ယင်းတို့က ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ရာလမ်းကို ရှာတွေ့ဖို့ သင့်ကို ဦးဆောင်နိုင်ပါသည်။
  • ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ

    ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ

    ဤစာအုပ်သည် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ ရွေးချယ်ထားသော စာပိုဒ်များကို အသားပေးဖော်ပြပါသည်။ ဘုရားသခင် ရွေးကောက်သော သူတို့အနေဖြင့် ကိုယ်တော်၏ နှုတ်ကပတ်တော်များမှ သမ္မာတရားနှင့် အသက်တာအတွက် နေ့စဉ်ထောက်ပံ့မှုတို့ကို ရရှိနိုင်ဖို့အလို့ငှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပဓာနကျပြီး လူတို့၏ အသက်တာထဲသို့ ဝင်ရောက်ခြင်းအတွက် တည်ဆောက်စရာ အဖြစ်ဆုံးသော ဤနှုတ်ကပတ်တော်များကို လူတို့၏ မွေ့လျော်မှုအတွက် ဤနေရာတွင် အထူးရွေးချယ်ထားပါသည်။ ဤသို့ဖြင့် သမ္မာတရားကို ချစ်သောသူတို့ကို သိနားလည်ခွင့်ပေးပြီး၊ ဘုရားသခင်၏ရှေ့မှောက်တွင် အသက်ရှင်ခွင့်ပေးကာ ဘုရားသခင်အားဖြင့် ကယ်တင်ခံရပြီး စုံလင်စေခြင်း ခံရခွင့်ပေးထားပါသည်။ ဤပဓာနကျသော ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားနှင့်ဆိုင်သော ဖော်ပြချက်များဖြစ်သည်။ ထို့အပြင်၊ ၎င်းတို့သည် ဘဝ၏ဆိုရိုးများထဲမှ ပဓာနအကျဆုံးဖြစ်ပြီး၊ လူတို့အဖို့ မည်သည့် စကားမျှ သာ၍ တည်ဆောက်စရာ မဖြစ်သလို သာ၍ အကျိုးမပြုပေ။ ဤနှုတ်ကပတ်တော်များ၏ စာတစ်ပိုဒ်ကို သင် နေ့စဉ် အမှန်တကယ် မွေ့လျော်နိုင်ပါက၊ ဤသည်မှာ သင်၏ အကြီးမားဆုံးသော အခွင့်အလမ်းဖြစ်ပြီး၊ သင်သည် ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံရပေသည်။
  • သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

    သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

    ဤဓမ္မသီချင်းစာအုပ်ကို အဓိက အပိုင်းနှစ်ပိုင်းခွဲထားပါသည်- ပထမပိုင်းတွင် အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ ဂန္ထဝင် မိန့်မြွက်ချက်များ ဖြင့်ပြုလုပ်ထားသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်ဆိုင်သော ဓမ္မသီချင်းများပါဝင်ပြီး၊ ဒုတိယပိုင်းတွင် ဘုရားသခင်ရွေးချယ်ထားသောသူများက သူ့နောက်ကို လိုက်စဉ်တွင် သူ၏ တရားစီရင်ခြင်း၊ အခက်အခဲများနှင့် ဆင်းရဲဒုက္ခများကို ကြုံရပြီးနောက် ပေးထားသည့် သက်သေခံချက် အစစ်အမှန်များဖြစ်သည့် အသင်းတော် အသက်တာ ဓမ္မသီချင်းများ ပါဝင်လေသည်။ ဤဓမ္မသီချင်းများသည် လူတို့အဖို့ ၎င်းတို့၏ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းများကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ခြင်း၊ သူ၏ နှုတ်ကပတ်တော်များကို တွေးဆခြင်းနှင့် သမ္မာတရားကို သိနားလည်ခြင်းတို့တွင် ကြီးမားသည့် အကျိုးကျေးဇူး ရှိလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ကြသည့် လူတို့အဖို့ သာ၍ပင် အကျိုးရှိလေသည်။
  • နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ

    နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ

    ဤစာအုပ်တွင် မှန်သော လမ်းခရီးကို ရှာဖွေပြီး လေ့လာစုံစမ်းသော လူများ၏ တူညီသော မေးခွန်းများနှင့် အယူအဆများကို အတူတကွ စုစည်းထားပြီး၊ ထို့အတွက် အဖြေများကို ထောက်ပံ့ပေးထားသည့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုပါ တစ်ပါတည်း ပေါင်းစည်းထားပါသည်။ ဤမေးခွန်းများနှင့် အဖြေများသည် သမ္မာတရားကို သိနားလည်ခြင်းနှင့် မှန်သော လမ်းခရီးကို လေ့လာစုံစမ်းခြင်းတို့တွင် လူတို့အဖို့ ကြီးမားသည့် အကျိုးကျေးဇူးရှိပြီး၊ ဘုရားသခင် ရွေးချယ်ထားသည့် လူတို့က သူ၏ နှုတ်ကပတ်တော်များကို ဖြန့်ဝေပြီး သူ၏ အမှုကို သက်သေခံကြသည့်အခါှ ၎င်းတို့အတွက် မရှိမဖြစ် ကျမ်းကိုးတစ်ခုလည်း ဖြစ်သည်။ ဘုရားသခင်၏ သိုးများသည် သူ၏ အသံတော်ကို ကြားကြပြီး၊ ဤစာအုပ်ကို ဖတ်ရှုလျက်၊ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေတွေ့ရှိနိုင်ကာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဘုရားသခင်၏ အသံတော်ဖြစ်သည်ကို ်သတိပြုမိနိုင်ကြပါက၊ ၎င်းတို့သည် သခင့်ကို ကြိုဆိုကြပြီးဖြစ်သည့် ပညာရှ သတို့သမီးများ ဖြစ်ကြပေသည်။
  • ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ

    ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏

    ဤစာအုပ်ထဲတွင် စုစည်းထားသည်များမှာ နောက်ဆုံးသော ကာလမှ ဘုရားသခင်၏ အလုပ်ကို မကြာသေးခင်တွင်ပင် လက်ခံခဲ့သော သူများမှ ဖတ်ရှုပြီး ယူတင်ဝတ်ဆင်ရမည့် ဘုရားသခင် အလုပ်၏ အဆင့်သုံးဆင့်၏ ရူပါရုံဆိုင်ရာ သမ္မာတရားများ၊ သူ၏ အမည်နာမများ၊ သူလူ့ဇာတိခံယူခြင်း၏ နက်နဲဆန်းကြယ်မှု၊ မှန်ကန်သောလမ်းခရီးနှင့် မှားယွင်းသော လမ်းခရီးများ အကြားတွင် မည်ကဲ့သို့ ခွဲခြားသိမြင်ရမည် စသည်တို့ဖြစ်ပြီး၊ ထိုသို့အားဖြင့် သူတို့သည် ဘုရားသခင် အလုပ်၏ ရူပါရုံဆိုင်ရာ သမ္မာတရားများ အပေါ်တွင် မြန်နိုင်သမျှ မြန်မြန် အုတ်မြစ်များ ချနိုင်ကြစေရန် ဖြစ်သည်။
  • ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့

    ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့

    ပညာရှိသတို့သမီးများသည် ဘုရားသခင်၏ အသံတော်ကို သတိပြုမိကာ သူ၏ မိန့်မြွက်ချက်များမှ သူ၏ပေါ်ထွန်းခြင်းကို မြင်ကြလိမ့်မည်ဖြစ်ပြီး၊ သခင်၏ ပြန်ကြွလာခြင်းကို ကြိုဆိုကြပါလိမ့်မည်။ ဤစာအုပ်သည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့် ကယ်တင်ခြင်းနှင့်ဆိုင်သည့် သူ၏အမှုတော် အဆင့်သုံးဆင့်တို့နှင့်ဆက်နွှယ်သော သမ္မာတရားများ စုစည်းမှုတစ်ခုဖြစ်သည်။ ဤသမ္မာတရားများက နောက်ဆုံးသော ကာလ ခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကို သက်သေခံကြသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှုဖြစ်ပြီး၊ သူသည် သမ္မာတရားကို ဖော်ပြပြီးဖြစ်ကာ နောက်ဆုံးသော ကာလတွင် “ဘုရားသခင်၏ အိမ်တော်မှအစပြုသော တရားစီရင်ခြင်း” အမှုတော်ကို လုပ်ဆောင်နေသည်၊ ထိုသို့ဖြင့် လူသားမျိုးနွယ်ကို ဘုရားသခင်၏ ပလ္လင်တော်ဆီသို့ လှည့်ပြန်ရန် လမ်းပြလေသည်။
  • Classic Questions and Answers on the Gospel of the Kingdom (Selections)

    နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ

    ဤစာအုပ်သည် သမ္မာတရားကို ထည့်သွင်းစဉ်းစားသည့် အဓိက အမေး၊ အဖြေများနှင့်ဆိုင်သော ရုပ်ရှင်ဇာတ်ညွှန်းများမှ ကောက်နုတ်ချက်များကို ယူထားပါသည်။ ဤစံပြုလောက်သော အဖြေများသည် ဘုရားသခင် ရွေးချယ်ထားသူများ၏ ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ သမ္မာတရားနှင့်ဆိုင်သော အတွေ့အကြုံများနှင့် သိနားလည်မှုတို့ ဖွဲ့စည်းပါဝင်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့မှ လာပါသည်။ ဤစာအုပ်သည် သမ္မာတရားကို ရှာဖွေကာ မှန်သောလမ်းခရီးကို လေ့လာဆန်းစစ်သော သူတို့၌ ရှိနိုင်သည့် မည်သည့် ပြဿနာများနှင့် အယူအဆများကိုမဆို ဖြေရှင်းနိုင်ရုံသာမက၊ ဘုရားသခင်ရွေးချယ်သည့် လူများက သမ္မာတရားဖြင့် မိမိတို့ကိုယ်ကိုယ် ပြင်ဆင်ကာ ဘုရားသခင်၏အမှုတော်ကို သက်သေခံနိုင်သည့် အံ့ဖွယ်ရာ ကိုးကားချက်စာပေတစ်ခုလည်း ဖြစ်ပါသည်။
  • ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

    ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

    နောက်ဆုံးသော ကာလ၏ ကြီးမြတ်သော ပလ္လင်ဖြူရှေ့မှောက် တရားစီရင်ခြင်း စတင်လေပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသော ကာလ ခရစ်တော်သည် လူသားမျိုးနွယ်ကို တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းနှင့်ဆိုင်သော သူ၏အမှုတော်ကို ဆောင်ရွက်ဖို့ သမ္မာတရားကို ဖော်ပြပေပြီ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ထုတ်ဖော်ပြခြင်းများနှင့် တရားစီရင်ခြင်းတို့မှတစ်ဆင့်၊ သူရွေးချယ်ထားသော လူတို့သည် မိမိတို့၏ စာတန်ဆန်သော ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သည့် အမှန်တရားကို တဖြည်းဖြည်း နားလည်နေကြပြီး စာတန်၏ လွှမ်းမိုးမှုမှ လွတ်မြောက်ပြီး ကယ်တင်ခြင်း ရရှိဖို့ လမ်းကြောင်းကို ရှာတွေ့လျက်ရှိကာ ၎င်းတို့၏ အသက်တာ စိတ်သဘောထားများတွင် ပြောင်းလဲမှုကို တဖြည်းဖြည်း မြင်နေကြလေသည်။ ဤအတွေ့အကြုံ အစစ်အမှန်များက အနန္တတန်ခိုးရှင် ဘုရားသခင် ဆောင်ရွက်သော တရားစီရင်ခြင်း အမှုသည် လူသားမျိုးနွယ်ကို လုံးလုံးလျားလျား သန့်စင်စေခြင်းနှင့် ကယ်တင်ခြင်းနှင့်ဆိုင်သော အမှုတော်ဖြစ်ကြောင်းကို သက်သေခံကြပါသည်။
  • အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

    အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

    ဘုရားသခင်၌ ယုံကြည်သူအသီးသီး၌ ကိုယ်တော့်ထံသို့ ပြန်လှည့်ကြသည့် ကိုယ်ရေးကိုယ်တာ ခရီးအကြောင်း အထူး ဇာတ်လမ်းတစ်ပုဒ် ရှိကြပါသည်။ ဤစာအုပ်သည် ဘုရားသခင်၏ ရွေးချယ်ခံလူများက မှန်သော လမ်းခရီးနှင့် ပတ်သက်၍ သေချာလာရင်းနှင့် သူ၏ ပလ္လင်တော်ရှေ့သို့ ပြန်လာကြရင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏နှုတ်ကပတ်တော်များမှ လမ်းပြမှုကို ရရှိခြင်း၌ စစ်မှန်သော အတွေ့အကြုံများကို ဝေငှထားသည်။ အချို့သည် မိမိတို့ ဘာသာရေးအယူအဆများ၏ အချုပ်အနှောင်များနှင့် ချုပ်ချယ်မှုများမှ ထွက်ပြေးလွတ်မြောက်ကြသည်၊ အချို့မှာ ဘာသာရေး အသိုင်းအဝိုင်းများထဲက အန္တိခရစ် အင်အားစုများနှင့် တရုတ် ကွန်မြူနစ်ပါတီ၏ ဆိုးယုတ်သောအင်အားစုများ၏ နှောင့်ယှက်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ ရှောင်ရှားကြပြီး၊ အခြားသူတို့သည် လောက၏ ဆိုးယုတ်သော ရေပန်းစားမှုများနှင့် စပ်လျဉ်း၍ ခွဲခြားသိမြင်နိုင်စွမ်းကို ရရှိခဲ့ကြသည်။ နောက်ဆုံးတွင်၊ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ ရှေ့မှောက်သို့ ပြန်လာကြလေသည်။

    Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။