အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

多少个搜索结果

 多少个搜索结果

ရလဒ်များမတွေ့ရှိပါ။!

“ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ” မြေကြီးပေါ် ဘုရားသခင်၏ နိုင်ငံတော် ရောက်ရှိခြင်းကို အောင်ပွဲခံပါ

အလွန်စိတ်လှုပ်ရှားစရာကောင်းသော နိုင်ငံတော် သီချင်းသည် လူတို့ကြား ဘုရားသခင် ကြွရောက်ခြင်းကို စကြဝဠာတစ်ခွင်လုံးဆီ ကြေငြာရင်း ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ ဘုရားသခင်၏ နိုင်ငံတော် တည်လေပြီ။ လူအားလုံး ရွှင်မြူးကြသည်။ အရာခပ်သိမ်း ဝမ်းမြောက်ကြသည်။ ကောင်းကင်တစ်ခုလုံးက အရာရာတိုင်းသည် ပျော်ရွှင်မြူးထူးသံဖြင့် ပြည့်နှက်လေသည်။ အဘယ်မျှ ညို့ယူဖမ်းစားသော ဝင့်ကြွားခြင်း မြင်ကွင်းများ ဖြစ်လိုက်ပါသနည်း။ နာကျင်မှုတွင် အသက်ရှင်ပြီး စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းကို နှစ်ထောင်ပေါင်းများစွာ ကြံ့ကြံ့ခံခဲ့သူ လူကြားတွင်၊ အဘယ်သူသည် ဘုရားသခင်၏ ကြွရောက်ခြင်းကို မတောင့်တ၊ မတမ်းတဘဲ ရှိသနည်း။ ခေတ်ကာလတစ်လျှောက် ဘုရားသခင်၏ ယုံကြည်သူများနှင့် နောက်လိုက် မည်မျှသည် စာတန်၏ လွှမ်းမိုးမှုအောက်တွင်၊ ဆင်းရဲဒုက္ခ၊ အခက်အခဲ၊ နှိပ်စက်ညှင်းပန်းမှုနှင့် ဖယ်ကြဉ်ခြင်းကို ခံခဲ့ရပါသနည်း။ ကောင်းကင်နိုင်ငံတော် မကြာခင် ကြွလာတော့မည်ကို မည်သူ မမျှော်လင့်ဘဲနေသနည်း။ လူသားမျိုးနွယ်၏ ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းခြင်းတို့ကို မြည်းစမ်းရင်းဖြင့်၊ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းက လူကြားတွင် တန်ခိုးအာဏာကိုင်စွဲသည်ကို လူသားမျိုးနွယ်ထဲက မည်သူက ဆန္ဒမရှိဖြစ်ပါသနည်း။ နိုင်ငံတော် ကြွရောက်လာသည့်အခါ၊ တိုင်းနိုင်ငံများနှင့် လူများအားလုံးက အလွန်အမင်း စောင့်ဆိုင်းကြသည့် နေ့ရက် နောက်ဆုံးတွင် ရောက်လာမည်။ ထိုအချိန်တွင် ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာခပ်သိမ်းတို့ကြားတွင် မည်သည့် မြင်ကွင်းများ ဖြစ်လိမ့်မည်နည်း။ နိုင်ငံတော်ထဲက အသက်တာသည် မည်မျှ လှပလိမ့်မည်နည်း။ “ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ” နှင့်အတူ နှစ်ထောင်ပေါင်းများစွာ ဆုတောင်းချက်များ အမှန်ဖြစ်လာမည်။

ရှောင်ကျန်းရဲ့ ပုံပြင်

ရှောင်ကျန်းသည် သူမ၏ သူငယ်ချင်းများကို အမြဲတမ်း ရိုးရိုးသားသားနှင့် ဆက်ဆံသည့် ဖြူစင်ပြီး ကြင်နာတတ်သော ခရစ်ယာန်တစ်ယောက် ဖြစ်ခဲ့သည်။ သို့ရာတွင် သူတို့၏ အကျိုးအတွက် ဖြစ်သောအခါ သူမ၏ သူငယ်ချင်းဟောင်းများသည် သူမနှင့် ရန်သူတွေ ဖြစ်ခဲ့ကြသည်။ ဤဖြစ်ရပ်ဆိုးကို ခံစားရပြီးနောက်တွင် ရှောင်ကျန်းသည် သူမ၏ စစ်မှန်သော နှလုံးသားနှင့် သူမ၏ ကိုယ်ကျင့်တရားဟောင်းများကို စွန့်ခွာဖို့ ဖြစ်လာခဲ့ရသည်။ သူမသည် သူမ၏ ကောင်းမွန်သော ကိုယ်ပိုင်အသိစိတ်နှင့် ကောင်းမွန်သော ဝိညာဉ်ကို သစ္စာဖောက်ဖို့ စတင်ပြုလုပ်လာခဲ့ပြီး ဆိုးယုတ်သောကမ္ဘာ၏ နွံထဲတွင် လူးလှိမ့် ပျော်မြူးနေခဲ့သည်။ သူမသည် ကျေးဇူးတော်ထံမှ ကျဆင်းလာပြီး ဆိုးယုတ်ခြင်းလမ်းကို လျှောက်သောအခါတွင် သူမသည် လောကကြီး၏ ဖိနှိပ်ခြင်းခံခဲ့ရပြီး ပွန်းပဲ့ဒဏ်ရာနှင့် အမာရွတ်တို့နှင့် အရာများ ဖြစ်ကျန်ခဲ့၏။ သူမသည် ရှေ့ဆက်စရာ လမ်းမရှိတော့သည့် နေရာကို ရောက်သွားခဲ့ပြီး မျှော်လင့်ချက် အားလုံးကို သူမ စွန့်ပစ်ပြီးသည့်အခါ အရာအားလုံး ဆုံးရှုံးနေသည့် အချိန်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဟန်ဆောင်မှုကင်းမဲ့သည့် ခေါ်သံသည် နောက်ဆုံးတွင် ရှောင်ကျန်း၏ နှလုံးသားနှင့် ဝိညာဉ်ကို နှိုးထစေခဲ့သည်။

အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ

ခရစ်ယာန် ဂီတကိုအခြေခံသော မှတ်တမ်းရုပ်ရှင် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူသည် ဘုရားသခင်မှ အရာခပ်သိမ်းကို ဖန်ဆင်းပုံနှင့် အုပ်စိုးပုံ၊ အရာခပ်သိမ်းကို စီမံခန့်ခွဲကာ ပံ့ပိုးပေးပုံနှင့် သူ၏ဉာဏ်အမြော်အမြင်၊ အနန္တတန်ခိုးရှိခြင်းနှင့် အံ့သြဖွယ်ရာကောင်းသည့် လုပ်ဆောင်ချက်တို့ကို သင်နားလည်ရေးအတွက် လမ်းပြလျက် စကြဝဠာကိုအုပ်စိုးသူအပေါ် လုံးဝသစ်သော ရှုထောင့်အမြင်မှ သက်သေခံတော်မူသည်။

အခြားအခန်းဆက်များရှိ အသစ်ဆုံး ဗွီဒီယိုများ