အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

စာအုပ်များ

  • နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

    နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

    ဘုရားသခင်သည် လူသားမျိုးနွယ် အားလုံးကို မိန့်ကြားသည်မှာ ဖန်ဆင်းခြင်းပြီး ကတည်းက ဤအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်၏။ ဤဖွင့်ဆိုချက်များမှာ လူသားမျိုးနွယ် အကြားတွင် ဘုရားသခင်မှ ဖော်ပြခဲ့သည့် ပထမဆုံးသော စာသားများပင် ဖြစ်သည်၊ ထိုအထဲတွင် သူသည် လူများကို ထင်သာအောင် ပြသခဲ့သည်၊ လူများကို လမ်းပြခဲ့သည်၊ လူများကို တရားစီရင်ခဲ့ကာ၊ လူများကို ရင်းနှီးပွင့်လင်းစွာ ပြောကြားခဲ့ပြီး၊ ယင်းအရာထဲတွင် ဘုရားသခင်မှ လူများအား သူ၏ ခြေရာများ၊ သူလျောင်းသည့် နေရာ၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏ အတွေးများနှင့် လူသားမျိုးနွယ် အတွက် သူ၏ ပူပန်မှု စသည်တို့ကို သိစေခဲ့သော ပထမဆုံး ဖွင့်ဆိုချက်များလည်း ဖြစ်သည်။ ဤအရာများသည် ဖန်ဆင်းခြင်း ကတည်းက ဘုရားသခင်သည် လူသားမျိုးနွယ်ကို တတိယ ကောင်းကင်ဘုံမှ ပြောဆိုသည့် ပထမဆုံးသော ဖွင့်ဆိုချက်များ ဖြစ်သည်ဟု ပြောနိုင်ပြီး၊ ဘုရားသခင်သည် နှုတ်ကပတ်တော်များ အလယ်တွင် လူသားမျိုးနွယ်ထံသို့ သူ့နှလုံးသား၏ အသံကို ဖော်ပြရန်နှင့် ပေါ်လာရန် သူ၏ ပင်ကိုယ် ကိုယ်ပိုင်လက္ခဏာကို အသုံးပြုခဲ့သော ပထမဆုံး အကြိမ်လည်း ဖြစ်ပေသည်။

    နောက်ထပ် ဖတ်ရန်
  • နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

    နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ)

    အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည် လူများအား သန့်စင်ရန်နှင့် တရားစီရင်ရန် နှုတ်ကပတ်တော်များကို ဖော်ပြပြီး၊ ခေတ်သစ်ဖြစ်သည့် နိုင်ငံတော်ခေတ်ထဲသို့ ဝင်ရောက်ရန် ၎င်းတို့ကို ဦးဆောင်သည်။ ခရစ်တော်၏ အုပ်စိုးမှုအောက်တွင် နာခံမှုရှိသော ထိုသူများ အားလုံးတို့သည် သာ၍မြင့်သော သမ္မာတရားကို ပျော်မွေ့နိုင်လိမ့်မည် ဖြစ်ပြီး၊ သာ၍ ကြီးမြတ်သော ကောင်းချီးများကို ရရှိကာ အလင်းအတွင်း ဧကန်အမှန် နေထိုင်၍ သမ္မာတရား၊ လမ်းခရီးနှင့် အသက် တို့ကိုလည်း ရယူနိုင်ပေလိမ့်မည်။

    နောက်ထပ် ဖတ်ရန်
  • သိုးသငယ် ဖွင့်သည့် စာစောင်

    သိုးသငယ် ဖွင့်သည့် စာစောင်

    နောက်ဆုံးသောကာလ၏ ခရစ်တော်၊ အနန္တတန်ခိုးရှင်ဘုရားသခင်သည် နှုတ်ကပတ်တော်များကို ဖော်ပြခဲ့ပြီး ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” ဖြင့် ကြာမြင့်စွာ ကတည်းက ပြန်ကြွလာခဲ့ကြောင်းနှင့် လူသားမျိုးနွယ်ကို တရားစီရင်ရန်၊ စင်ကြယ်စေရန်နှင့် ကယ်တင်ရန်အတွက် ဘုရားသခင်၏ အိမ်တော်သားများအား ရှေ့ဦးစွာ တရားစီရင်ခြင်း အမှုကို ပြုခဲ့ပြီးကြောင်း သက်သေခံလျက်ရှိသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ဗျာဒိတ်ကျမ်းက ပရောဖက်ပြုထားသည့် စာစောင်နှင့် တံဆိပ်ခုနှစ်ချက်တို့ကို ဖွင့်သော သိုးသငယ် ဖြစ်သည်။

    နောက်ထပ် ဖတ်ရန်
  • တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည်

    တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည်

    အနန္တတန်ခိုးရှင်ဘုရားသခင်၊ နောက်ဆုံးသောကာလ၏ ခရစ်တော်သည် လူတို့ကို တရားစီရင်ရန်၊ စင်ကြယ်စေရန်နှင့် ကယ်တင်ရန်အတွက် နှုတ်ကပတ်တော်များကို ဖော်ပြခဲ့ပြီး သူသည် ဘုရားသခင်၏ အိမ်တော်သားများအား ရှေ့ဦးစွာ တရားစီရင်ခြင်း အမှုကို ပြုခဲ့ပြီးဖြစ်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်တော်နှင့် ပြစ်တင်ဆုံးမခြင်းဖြင့် ကမ္ဘာ၏ အရှေ့ဘက်ခြမ်းတွင် ပေါ်လာခဲ့ပြီး အသင်္ချေများလှသော အိမ်ရှင်နိုင်ငံမှ လူတို့အား သူ့ကိုယ်သူ ကိုယ်ထင်ပြခဲ့သည်။ ဤသည်မှာ ၁ ပေတရု ၄:၁၇ ထဲမှ နှုတ်ကပတ်တော် ဖြစ်သော၊ “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ” ပြည့်စုံခြင်း ဖြစ်သည်။

    နောက်ထပ် ဖတ်ရန်
  • နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ

    နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ

    နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဖော်ပြသည့် နှုတ်ကပတ်တော်များမှ ဂန္တဝင်လက်ရွေးစင်များကို ဤစာအုပ်ထဲတွင် စုစည်းထားပါသည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သူ၏ ခြေရာတော်များ ရှာဖွေဖို့ရန် တောင့်တကြသူတို့အတွက် ဤနှုတ်ကပတ်တော်များသည် လမ်းညွှန်တစ်ခု ဖြစ်ပါသည်။ ယင်းတို့က ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ရာလမ်းကို ရှာတွေ့ဖို့ သင့်ကို ဦးဆောင်နိုင်ပါသည်။

    နောက်ထပ် ဖတ်ရန်
  • ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ

    ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ

    ဤစာအုပ်ထဲတွင် စုစည်းထားသည်များမှာ နောက်ဆုံးသော ကာလမှ ဘုရားသခင်၏ အလုပ်ကို မကြာသေးခင်တွင်ပင် လက်ခံခဲ့သော သူများမှ ဖတ်ရှုပြီး ယူတင်ဝတ်ဆင်ရမည့် ဘုရားသခင် အလုပ်၏ အဆင့်သုံးဆင့်၏ ရူပါရုံဆိုင်ရာ သမ္မာတရားများ၊ သူ၏ အမည်နာမများ၊ သူလူ့ဇာတိခံယူခြင်း၏ နက်နဲဆန်းကြယ်မှု၊ မှန်ကန်သောလမ်းခရီးနှင့် မှားယွင်းသော လမ်းခရီးများ အကြားတွင် မည်ကဲ့သို့ ခွဲခြားသိမြင်ရမည် စသည်တို့ဖြစ်ပြီး၊ ထိုသို့အားဖြင့် သူတို့သည် ဘုရားသခင် အလုပ်၏ ရူပါရုံဆိုင်ရာ သမ္မာတရားများ အပေါ်တွင် မြန်နိုင်သမျှ မြန်မြန် အုတ်မြစ်များ ချနိုင်ကြစေရန် ဖြစ်သည်။

    နောက်ထပ် ဖတ်ရန်
  • နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ

    နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ

    အနန္တတန်ခိုးရှင် ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များမှ လက်ရွေးစင်များသည် ဤစာအုပ်ထဲတွင် ပါဝင်ပြီး၊ ကြာမြင့်စွာကတည်းက ကယ်တင်ရှင် ဘုရားသခင် ၏ ဖြူသော မိုးတိမ်ကိုစီးလျက် ပြန်ကြွလာခြင်း၏ ပေါ်ပေါက်လာမှုကို ဆုတောင်းလျက် မျှော်လင့်နေကြသူများ အားလုံးအတွက် သက်သေခံကာ၊ နိုင်ငံတော်ခေတ်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အလုပ်နှင့် ပေါ်ပေါက်လာမှုကို သက်သေခံသည်။ ဤအရာသည် လူသားမျိုးနွယ်အား အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် သခင်ယေရှုမှာ တူညီသော ဘုရားသခင်ပင် ဖြစ်ကြောင်းကို နားလည် သဘောပေါက်စေသည်—သူသည် ဗျာဒိတ်ကျမ်းထဲတွင် ပရောဖက်ပြုထားသော စာစောင်နှင့် တံဆိပ် ခုနှစ်ချက်ကို ဖွင့်သည့် သိုးသူငယ်ပင် ဖြစ်သည်။

    နောက်ထပ် ဖတ်ရန်
  • နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

    နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

    နောက်ဆုံးသောကာလ၏ ခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် အမျိုးမျိုးသော သမ္မာတရားများကို ဖော်ပြနေခဲ့သည်၊ သမ္မာကျမ်းစာထဲမှ သမ္မာတရား အားလုံးနှင့် နက်နဲမှုကို ဖွင့်ပြခဲ့ပြီး၊ ဘုရားသခင် အလုပ်အဆင့် သုံးဆင့်ထဲမှ အတွင်းပိုင်း ဇာတ်ကြောင်း၊ ဘုရားသခင် လူ့ဇာတိခံယူသည့် နက်နဲမှုနှင့် နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်းအမှု၊ စသည်တို့ကို လူသားမျိုးနွယ်ထံသို့ ထုတ်ဖော်ပေးခဲ့သည်။ ဤအရာက အနန္တတန်ခိုးရှင် ဘုရားသခင်သည် သခင်ယေရှု၏ တဖန်ပြန်ကြွလာခြင်းနှင့် နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းဖြစ်ကြောင်းကို သက်သေခံပါသည်။

    နောက်ထပ် ဖတ်ရန်
  • သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

    သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

    ဘုရားသခင်အား ချီးမွမ်းသည့် အသစ်သော သီချင်းများကို ကျွန်ုပ်တို့ သီဆိုကြသည့်ခါ ကျွန်ုပ်တို့သည် ဗျာဒိတ်ကျမ်းထဲတွင် ပရောဖက်ပြုထားသည်နှင့်အညီ သိုးသငယ် နောက်သို့ လိုက်ကာ အသစ်သော သီချင်းများကို သီဆိုကြသော လူစု ဖြစ်ကြောင်း ကျွန်ုပ်တို့ ခံစားနိုင်မည် ဖြစ်သည်။ ကျွန်ုပ်တို့သည် အလွန် ကောင်းချီးမင်္ဂလာ ခံစားရ၍ ဘုရားသခင်၏ ပလ္လင်တော်ပေါ်သို့ ချီဆောင်ခြင်းခံရပြီး သိုးသငယ်၏ မင်္ဂလာဆောင်ပွဲကို တက်ရောက်သည့် အတွေ့အကြုံကို စစ်မှန်စွာ ခံစားကြရပါသည်။

    နောက်ထပ် ဖတ်ရန်
  • အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

    အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

    ဘုရားသခင်၌ ယုံကြည်သူတိုင်းတွင် ကိုယ်တော့်ထံသို့ ပြန်သွားသည့် သူတို့၏ ကိုယ်ပိုင် ခရီးစဉ်အကြောင်း အထူး ဇတ်လမ်းတစ်ပုဒ် ရှိကြပါသည်။ ဤစာအုပ်တွင် ဘုရားသခင်၏ ရွေးချယ်ခံလူများက အနန္တတန်ခိုးရှင် ဘုရားသခင့် နှုတ်ကပတ်တော်၏ လမ်းပြမှုကို လက်ခံခြင်းဆိုင်ရာ အတွေ့အကြုံများကို ဝေငှထားသည်။ အချို့က ၎င်းတို့၏ ဘာသာရေးအယူအဆများ၏ အချုပ်အနှောင်များနှင့် ချုပ်ချယ်မှုများမှ လွတ်မြောက်ပြီး၊ အချို့က ဘာသာရေး အသိုင်းအဝိုင်းများဖြစ်သည့် အန္တိခရစ် အင်အားစုများနှင့် တရုတ် ကွန်မြူနစ်ပါတီ၏ ဆိုးညစ်သောအင်အားစုများတို့၏ နှောင့်ယှက်ခြင်း နှင့် ညှင်းပန်းနှိပ်စက်ခြင်းများမှ ရုန်းထွက်လွတ်မြောက်ကြသည့်အပြင်၊ အချို့မှာမူ လောက၏ ဆိုးယုတ်သည့် ရေပန်းစားမှု များကို ခွဲခြင်းသိမြင်နိုင်စွမ်းများ ရရှိလာကြသည်။ ၎င်းတို့အားလုံးသည် အဆုံးတွင် စစ်မှန်သည့်လမ်းခရီးမှာ မည်သည့်အရာဖြစ်သည်ကို စိတ်ပိုင်းဖြတ်ကာ၊ ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှောက်သို့ လာရောက်ကြသည်၊ ဤသည်မှာ ၎င်းတို့၏ စိတ်ထိခိုက်စရာ ဇတ်လမ်းများဖြစ်ပါသည်။ ဤတမူထူးခြားသည့် အတွေ့အကြုံများ တစ်ခုချင်းစီသည် စာတန်က လူသားမျိုးနွယ်ကို မည်သို့ ချည်နှောင်ပြီး၊ အန္တရာယ်ပြုနေသည်ကို ထုတ်ဖော်ပြီး၊ ဘုရားသခင့်နှုတ်ကပတ်တော်၏ သြဇာအာဏာ နှင့် တန်ခိုးတို့ကို ပို၍ပင် ပြသည့်အပြင်၊ ဘုရားသခင် တစ်ပါးတည်းသာလျှင် လူအတွက် ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းဖြစ်ကြောင်းကို ပြနေပါသည်။

    နောက်ထပ် ဖတ်ရန်
  • Classic Questions and Answers on the Gospel of the Kingdom (Selections)

    နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ

    အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ ဧဝံဂေလိ ရုပ်ရှင်များမှ သမ္မာတရားနှင့် ဆက်နွှယ်သည့် အရေးကြီးသော မေးခွန်းများနှင့် အဖြေများကို ဤစာအုပ်ထဲတွင် ကောက်နုတ်ထားပါသည်။ ဤဂန္တဝင် မေးခွန်းများနှင့် အဖြေများအားလုံးသည် ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားနှင့်ဆိုင်သော ၎င်းတို့၏ အတွေ့အကြုံများနှင့် စပ်လျဉ်းသည့် ဘုရားသခင် ရွေးချယ်သည့် လူတို့၏ သိနားလည်မှုဖြစ်ပြီး အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းပြခြင်းနှင့် အလင်းပေးခြင်းတို့မှ လာသည်။ ၎င်းတို့အားလုံးသည် သမ္မာတရားနှင့် ကိုက်ညီပြီး၊ သမ္မာတရားကို ရှာဖွေကာ မှန်သောလမ်းခရီးကို လေ့လာဆန်းစစ်သောသူတို့၏ မေးခွန်းများနှင့် အယူအဆများကို ၎င်းတို့က ဖြေရှင်းနိုင်ရုံသာမက၊ ဘုရားသခင်ရွေးချယ်သည့် လူများအတွက် သမ္မာတရားဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်ဖို့နှင့် ဘုရားသခင်၏ အမှုတော်ကို သက်သေခံဖို့ရန် အံ့ဖွယ်ရာ ကိုးကားချက်စာပေများလည်း ဖြစ်ပါသည်။

    နောက်ထပ် ဖတ်ရန်
  • ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

    ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

    နောက်ဆုံးသော ကာလ၏ ကြီးမြတ်သော ပလ္လင်ဖြူရှေ့မှောက် တရားစီရင်ခြင်း စတင်လေပြီ။ နောက်ဆုံးခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းနှင့်ဆိုင်သော သူ၏အမှုတော်ကို ဆောင်ရွက်ဖို့ သမ္မာတရားကို ဖော်ပြပေပြီ။ ဘုရားနှုတ်ကပတ်တော်၏ ထုတ်ဖော်ပြခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်ရွေးချယ်ထားသော လူတို့သည် စာတန်အားဖြင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သော အမှန်တရားကို တဖြည်းဖြည်း နားလည်နေကြပြီး မိမိတို့၏ အသက်တာ စိတ်သဘောထားက တဖြည်းဖြည်း ပြောင်းလဲမှုကို ရရှိဖို့ ကူညီရင်း၊ စာတန်၏ လွမ်းမိုးမှုကို လွတ်မြောက်ရန် လမ်းကြောင်းကို ရှာတွေ့နေကြပေသည်။ ဤစစ်မှန်သော အတွေ့အကြုံများက အနန္တတန်ခိုးရှင် ဘုရားသခင် ဆောင်ရွက်သော တရားစီရင်ခြင်း အမှုသည် လူသားမျိုးနွယ်ကို လုံးလုံးလျားလျား ကယ်တင်ခြင်းနှင့်ဆိုင်သော အမှုတော်ဖြစ်ကြောင်းကို သက်သေခံပါသည်။

    နောက်ထပ် ဖတ်ရန်
  • အောင်မြင်သောသူများ၏ သက်သေခံချက်များ

    အနန္တတန်ခိုးရှင် ဘုရားသခင်က သူ၏တရားစီရင်ခြင်း အမှုတော်ကို တရုတ်ပြည်မတွင် ဖြစ်ပေါ်စေခဲ့ကတည်းက၊ ဘုရားသခင်၏ ရွေးချယ်ခံလူတို့က တရုတ်အစိုးရ၏ ရက်စက်ကာ၊ လူမဆန်သော နှိပ်စက်ညှင်းပန်းမှုကို ကြုံရပြီးသော်လည်း၊ စာတန်အပေါ် အောင်မြင်ခြင်းနှင့်ဆိုင်သော ထူးကဲသည့် သက်သေတစ်ခုကို ရှေ့ဆက်လုပ်ဆောင်ရင်းဖြင့်၊ သူတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုအောက်တွင် အနိုင်မခံ အရှုံးမပေးကြသကဲ့သို့ မယိမ်းမယိုင် သစ္စာရှိကြလေသည်။ ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို စွမ်းဆောင်လျက် အနန္တတန်ခိုးရှင် ဘုရားသခင်သည် နိုင်ငံတော်ခေတ်တွင် အောင်မြင်သောသူများ အုပ်စုတစ်စုကို အမှန်တကယ် လုပ်ဆောင်ပြီးဖြစ်သည်ကို အချက်အလက်များက အပြည့်အဝ ထင်ရှားစေပေသည်။

    နောက်ထပ် ဖတ်ရန်

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ)

သိုးသငယ် ဖွင့်သည့် စာစောင်

တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည်

နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ

ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

အောင်မြင်သောသူများ၏ သက်သေခံချက်များ

မျှဝေရန်
ဒေါင်းလုဒ် လုပ်ရန်